Wednesday, June 4, 2014

ဗဟိုရ်စည်တီးလို့ မောင်းထုတ်ကတ်မေ

 ဗဟိုရ်စည်တီးလို့ မောင်းထုတ်ကတ်မေ
=========================

အလင်းမဟိ သုညကမ္ဘာထဲက
မောဟလမ်းမတိထက်မှာ
ကိုယ့်သွီးကို ဖောက်ထုတ်စားသုံးယင်း
ကြီးပြင်းလာခရေ လူပါ...။

စမ်းတဝါးဝါး ၀ထ္ထုတိကြားမှာ
ယုံမှားသံသယတိနန့်
ဘဝ၏ဖြစ်တန်ရာစွမ်းတိကို
လက်ချိုးရွီတွက်မနီဘဲ
မျိုးဆက်သစ်ရို့အဖို့ အသက်ပီးဆပ်ခရေလူပါ..။

မိစ္ဆာတိ ပူးဝင်စီးထားခြင်းခံရရေ
ဒေ-ဒွိ-ဟ(အမှောင်ကမ္ဘာ)ထဲမှာ
ဖွင့်ရခက်နီရေ အမှောင်တန်းခါးတိ
အချိန်တန်နီပျာယ်ဖြစ်ကေလည်း
သော့ခတ်ခံထားရတုန်း...။

ဒဏ္ဍာရီ သွီးရို့စီးဆင်းရာ
ဒေ-နဒီကြောထဲမှာ
ငါ၏ရဲရင့်နီ သွီးတိနန့်ရွီးဆွဲ
လွတ်လပ်စွာ မျောပါခွင့်မရရေ
မျိုးဆက်ရို့၏အားတိ...။

မြစ်ကြောနဒီထဲမှာ အလားတူ
သွီးရို့ နှန့်တတူစိမ့်ဝင်လို့
အနာဂါတ် ရွှီရောင်လွှမ်းဖို့ရာ
ငါ့..နှလုံးသွီးပေါင်းများစွာကို
သောက်သုံးယင်း ... ခရီးဆက်ကတ်ပါ..။

နိုင်ငံအနှံ့ "လ” ကတော့ မိုက်နီတုန်း
ကြယ်ကြွီအချို့၏တိမ်မြုပ်မူတိနန့်
လမ်းတိဖောက်သမျှလည်း
လမ်းတိပျောက်နီရရေ…။

သူရို့က..
အစွမ်းဟိသလောက် "က" ကတ်ဖို့…
မိုးခါးရီသောက်သူရို့ကတော့
ပွဲကောင်းနီရေလေ…။

တ၀ါးဝါး တဟားဟားရယ်ဟီးသံတိနှန့်…
ကမ္ဘာပျက်တေပိုင်
သွီးညှီနံ့တိထပ်လောင်းလို့ 
မကောင်းဆိုးဝါးတိ
တွန်နီကတ်တေ ဒေမြီကြီးကို..
မျိုးဆက်ရို့အားး(သွီး)တိ စည်းလုံးပျာယ်
ရက္ခ-ဗဟိုရ်စည်ကြီးတီးလို့..
မောင်း ထုတ်လိုက်ကတ်မေ.. သတ္တိဟိလား..။ ။

(လင်းဆက်ဝတီ)

(ကျဆုံးလီပြီးဖြစ်သော အာဇာနည်ဥက္ကဌကြီးခိုင်မိုးလင်းအား ဤကဗျာဖြင့် ကမ္မည်းမော်ကွန်းတင်၍ လေးစားစွာအလေးပြုအပ်သည်။)

Tuesday, June 3, 2014

"တာပြတ်လဲမည်"

 "တာပြတ်လဲမည်"
==========

လက်မောင်းလက်ဖန် ပြောက်တန်လောက်နန့်
ရထားဆွဲဖို့ လာလတ်တေ
ဗေဒင်ဝှရား မီးခယင့်လား။

ဂြိုလ်လားဂြိုလ်လာ ဇာတာစောင်းလို့
ရထားယှုံးဖို့ မြင်လတ်တေ
အရှက်ရမည် မလာကတ်ကဲ့ --။

ဒေါက်ဖနတ်ကြီး စီးလို့လာ
လမ်းလျှောက်တေခါ ယိုင်ပီယိုင်ပါး
ရထားဆွဲဖို့ လာလတ်ခါ
ကြိုးကိုပါအောင် ဆွဲနိုင်ယင့်လား
ကြိုးကိုကိုင်လို့ လက်ပေါက်ကေ
ပုဝါချေနန့် ပတ်လို့ထားလိုက် --။

အို မရီးရို့ မရီးရို့
မမဂေါင်းဆောင် ထိုအရီးက
ခါးကြိုးဆွဲလို့ ထွက်လတ်တေ
ကုလေလူချေ ကျွန်တော်ရို့နန့်
ရထားပြိုင်လို့ ဆွဲရေခါ
လဲပါလားမည် သတိထားကတ် --။

ယောက်ျားဖက်က မောင်ရို့မှာ
နိုင်ဖို့ဆိုစွာ ကျိန်းသီသိလို့
ဆွဲရဖို့တောင် အားနာရေ --။

ဆိတ်နန့်ဆင်ပုံ ပမာပြလို့
အားချင်းမမျှ ယုံကတ်ပါ
ဘုရားသတ်စီ နိုင်ဖို့ဖက်သား --။

စေတနာနန့်ပြောခမည်
ယှုံးဖို့လာရေ အိုမရီးရို့
လဲပြိုကျလို့ ဒူးပွန်းကေ
အယှုံးပီးပျာယ် ပြန်ကတ်ပါလင့်
ဆွဲနီလို့လည်း အပိုရာ
ကမ္ဘာဆုံးတောင် နိုင်ဖို့မဟုတ် --။

ခါချိုင်ကောင်ပိုင် မာန်ဟုန်ကြီးလို့
ထိုတောင်ကြီးကို ဖြိုဖို့ကြံ
ခါးကမသန် မာန်ကိုလျှော့ကတ်
မာန်ကိုလျှော့လို့ ပြန်ကတ်လီ
ပြန်ရာပြန်လီ အိုမရီးရို့ --။ ။

လက်မောင်းလက်ဖန် အကြီးသန်နန့်
ရထားဆွဲဖို့ လာလတ်တေ
နိုင်ဖို့ထင်ရေ အိုမောင်းမောင်ရို့
နားထောင်ကတ်ဖို့ ပြောပြမည်
လောကအလယ် အကျွန်ရို့မှာ
မောင်းထောင်းရီခတ် တတ်မျိုးစုံ
လက်ရုံးအစုံ အောင်တိုင်းမြောက်လို့
ရထားချေလောက် ဆွဲရာမှာ
မနိုင်စရာ အကြောင်းမဟိ --။

ညီညီညာညာ ခွန်အားစိုက်လို့
အကျွန်ရို့က ဆွဲလိုက်ကေ
တာပြတ်လဲမည် သတိထားကတ် --။

မမတိရာ ဆိုပြီးကေ
ခွန်အားနည်းရေ ထင်မိမှားလို့
ရထားပွဲမှာ ဆွဲရေခါ
အံ့သြစရာ မောင်ရို့ယှုံးလို့
ယူကြုံးမရ ဖြစ်လိမ့်မည် --။

လွန်လီခရေ ရထားပွဲမှာ
အကျွန်ရို့ကို နိုင်ဖူးယင့်လား
စကားလုံးက ကြီးကြီးကျယ်
အလံယူရေ နောက်ဆုံးနိမှာ
ကော့ကော့လန်လို့ ယှုံးလိမ့်မည်
သေသေချာချာ ကြည့်လို့ဆွဲကတ် --။

ရပ်စောက်ထလို့ အားကိုပျင်
ကြိုးကိုဒေါင်တင် ညီအောင်ဆွဲလို့
ရထားပွဲကြီး အပြီးမှာ
ယှုံးရေမျက်နှာ ဖုံပြာပြာနန့်
အမောင်ရို့ရာ ပြန်ကတ်လီ
ဇာမထီ မမဖက်သား--။

လဆုတ်နိရက် နောက်ဆုံးမှာ
အောင်ပွဲခံကာ အလံယူဖို့
ရထားမီးတိုက် ကျိန်းသီပါ
ယှဉ်ပြိုင်လာလို့ ရဖို့မဟုတ် --။ ။

(ကွယ်လွန်သူ ဆရာကြီးဓညစံ စုဆောင်းဖော်ပြပီးခသည့် ရခိုင်ဂန္ဓ၀င်ကဗျာကောင်းတပုဒ်ဖြစ်ပါသည်။ ကွယ်လွန်သူဆရာကြီးဦးရွှေဇံအောင်၏ရခိုင်အလင်းပြကျမ်းမှ ကောက်နှုတ်ဖော်ပြပါသည်။)