Thursday, June 18, 2009

လူ


လူ
----

နွားကို
သနားစွာလည်းလူ
စားစွာလည်းလူ --။

လူ
သူများကို တရားပြပျာယ်
ကိုယ်တိုင်ကျ
ဘုရားတသူ --။

လူ
အညမညတရားကို လက်ကိုင်ထားပျာယ်
ပဋိပက္ခနှင့် မိတ်ဖွဲ့သူ --။

လူ
တရားသူကြီးလုပ်ပျာယ်
လာဘ်စားသူ --။

လူ
ဘုရားတကာရာထူးနှင့်
မယားတဏှာရူးသူ --။

လူ
အေဆူ
အမှန်လူရာမနား --။

(သာလှဦး)

Wednesday, June 17, 2009

ခြံစည်းရိုးကြားက ရင်ကွဲနာ


ခြံစည်းရိုးကြားက ရင်ကွဲနာ (ဖြစ်ရပ်မှန် ၀တ္ထုတို)

ဆူဆူသည် ခမီးမချေတယောက်ဖြစ်သည်။ အသက် (၁၇) နှစ်အရွယ် တရွာလုံးတွင် အလှဆုံးကွမ်းတောင်ကိုင်ဖြစ်သည်။ အသက်ကလည်းငယ် အသားကလည်းဖွေး ချစ်ဖို့ကောင်းလွန်းလို့ သူမကို တရွာလုံးလူပျိုများက ၀ိုင်းပိုးကတ်သည်။ သူမရို့ရန်အောင်မြင်ရွာမှာ မောင်တောမြို့နယ်မြောက်ပိုင်း တိုက်နယ်ကျွန်းရွာဖြစ်သော ကြိမ်ချောင်းနှင့် မလှမ်းမကမ်းတွင်ဟိသည်။ ယင်းရွာတွင် ရခိုင်၊ ခမီး၊ ဒိုင်းနက်၊ သက်လူမျိုးအားလုံး ရောပြွမ်းနီထိုင်ပြီး အိမ်ခေါင်ပေါ် (၁၂၀) ကျော်ဟိသည်။ ရွာသားအားလုံး အဓိက လယ်လုပ်ကိုင်စားသောက်သည်။ ဆူဆူမိဖများလည်း တောင်ယာလုပ်သည်။ ဆူဆူတွင် သူ့အထက်က အေးမတယောက်၊ မောင်တယောက်ဟိသည်။ သူမ လေးတန်းအထိ စာသင်ခပြီး မူလတန်းပြီးသည်နှင့် စာဆက်မသင်နိုင်ဘဲ ကျောင်းထွက်လျှက် အိမ်မှုလုပ်ငန်းများကို ကူညီလုပ်ကိုင်နီသူဖြစ်သည်။

ဆူဆူရို့ရန်အောင်မြင်ရွာသည် အင်တန်လောက်ချောင်ကျလို့ ဖက်ခွက်စစ်သားတိ တခါတရီရောက်လာစွာကလွဲလို့ ရက်ကြာကြာ တည်းခိုနီထိုင်လေ့မဟိပါ။ ယင်းပိုင် ဖက်ခွက်တိ အရောက်အပေါက်နည်းလို့ တရွာလုံးမှာ အလှဆုံးဆူဆူစွာ အပျိုဖော်ဝင်စမှာ မြန်မာစက်ကွင်းထဲက လွတ်ကင်းနီခပါသည်။ သို့သော် နောက်ပိုင်းမှာ ရမ္မက်သားဖက်ခွက်စက်ကွင်းကို ကောင်းကောင်းကြာကြာ မယှောင်နိုင်လိုက်ပါ။

---------------
တနိ

၂၀၀၉ ခုနှစ် မတ်လ နောက်ဆုံးပါတ်ထဲက တနိဖြစ်သည်။ ယင်းနိမှာ ဘီအီးလို့ခေါ်သော စစ်မြီပြင်အင်ဂျင်နီယာတပ်ရင်းက တပ်စုတစု ခြံစည်းရိုးစီမံကိန်းအတွက် ဆူဆူရို့ရန်အောင်မြင်ရွာသို့ ရောက်ပါလတ်သည်။ မြန်မာစစ်သားများ၏ "အိမ်ကြီးကြီး၊ ရီတွင်းနီးနီး၊ ဖင်ကြီးကြီး" ဆိုသောဆောင်ပုဒ်အတိုင်း အချက်သုံးချက်နှင့်ပြည့်စုံသော ဆူဆူရို့အိမ်ဘေးနားက အိမ်ကြီးတဆောင်ကို သိမ်း၍စခန်းချသည်။ စခန်းချလို့ ကောင်းကောင်းမကြာလိုက် မြန်မာနည်းမြန်မာ့ဟန်အတိုင်း "အမေတို့
အဖေတို့ နေကောင်းကြပါသလား" ဆိုပြီးသနာ စစ်သားအုပ်စုတစု ဆူဆူရို့အိမ်သို့ ပေါက်ချလာလတ်သည်။ ဆူဆူကိုမြင်သည်နှင့် စစ်သားတိစွာ အကြောင်းမဟိအကြောင်းရှာပြီး ဆူဆူအမိနှင့်အဖကို ရရေနည်းဖြင့် ၀င်ရောသည်။ ဆူဆူအမိအဖများကလည်း တောသူတောင်သားတိဖြစ်လို့ စေတနာကောင်းစွာကတဖက်၊ ဖက်ခွက်တိကိုကြောက်သည်ကတဖက် အိမ်မှာဟိရေ ပြောင်းဖူးအစ နပျိုးသီးအဆုံး ဟိဟိသမျှကို ဖက်ခွက်တိကို ဧည့်ခံခွမ့်ကျွေးရသည်။ ဖက်ခွက်တိကလည်း ပြန်ဖို့မိပျာ ဆူဆူအိမ်မှာ နှာမွှမ်ပြီးသနာ တပျင်းတီးကတ်ပါသည်။ ကျွေးသမျှကို မြန်မာ့ပရိယာယ်ဖြင့် "အားနာစရာကြီး မလုပ်ပါနဲ့၊ မလုပ်ပါနဲ့" ဆိုပျာ မျိုဆို့ကတ်သည်မှာ အငတ်တိုင်းပြည်ကလာသောလူများ အတိုင်းဖြစ်သည်။ ဆူဆူတယောက် ထမင်းချက်ခန်းနှင့် အိမ်ရှိဒန်ခံ ၀င်လိုက်ထွက်လိုက် အစာခွမ့်ကျွေးနီရခါ တဏှာစိတ်ဖြင့် သူ့မနောက်ဖက်ကို ရှုစားတော်မူနီသော မြန်မာစစ်သားတယောက်နှင့် မျက်လုံးချင်းဆုံမိပါသည်။ ယင်းမြန်မာစစ်သား၏တဏှာအကြည့်ကို အတွိအကြုံမဟိသော ဆူဆူအဖို့ ဇာခံနိုင်ဖို့လဲ။ စစ်သားတိပြန်လားသောခါ လက်ယားရေပိုင် ခံစားရသည်။

----------------------
နောက်နိမိုးလင်းသောအခါ ရွာထဲက မင်းကျွန်ပျိုနှစ်ယောက် ဆူဆူဘက်သို့ပေါက်ချလာပြီး စာတစောင်လာပီးသည်။ "နင်ရို့အိမ်ကို ညကလာလည်ခရေ "တပ်ကြပ်ကျော်သက်" ဘားကစာ။ ညကလာခရေ စစ်သားတိထဲက ဆရာချေကျော်သက်ကို နင်မှတ်မိရေမလား" ဆိုပြီးလျှင် စာပီးပြီး ထွက်လားခကတ်သည်။ စာကိုဖတ်ကြည့်လိုက်သောအခါ "သိပ်ချစ်မိသွားပြီ ညီမလေးရယ်" ဆိုသည့်စကားနှင့် ဆူဆူကို မြင်မြင်ချင်း ချစ်မိရင်ခုန်မိကြောင်း၊ ဆူဆူပိုင်လှရေ မမချေမျိုး ရခိုင်မှာတာဝန်ထမ်းဆောင်နီရေ (၅) နှစ်တာကာလအတွင်းမှာ မတွိဖူး၊ မမြင်ဖူးကြောင်း၊ စာမျက်နာ (၂) မျက်နာကျော် ငါးသလောက်ချွဲ ချွဲထားသည်။ စာကိုဖတ်ပြီးသည်နှင့် ဆူဆူစိတ်တိ ငါးသလောက်မြှုံးမိလားခရပါသည်။

------------------
နောက်တနိ ဆူဆူရို့အိမ်ကို ကျော်သက်က သေနတ်ချေလွယ်ပြီးသနာ ရောက်လာသည်။ ဆူဆူကို ညကပီးခရေစာကိုရရေလားဟုမီးပြီး အဖြေတောင်းသည်။ ဆူဆူကလည်း မြင်မြင်ချင်း ရင်ခုန်ရသူဖြစ်လို့ ခေါင်းညိတ်ပြလိုက်သည်။ ယင်းနိကပင် ကျော်သက်စွာ လုပ်ငန်းခွင်ကပြန်လာတိုင်း သူ့အချစ်ကိုသက်သီပြဖို့ ဆူဆူဘားသို့ တန်းရောက်ပါလတ်သည်။

------------------------------
ကောင်းကောင်းမကြာလိုက် နယ်စပ်ခြံစည်းရိုးစီမံကိန်းအတွက် ရောက်လာသောစစ်သားများ ရွာထဲကနီ ခြံစည်းရိုးကာရံနီသောယာယီစခန်းသို့ ပြောင်းရွှိလားခကတ်သည်။ ယင်းအထဲမှာ တပ်ကြပ်ကျော်သက်လည်းပါသည်။ သို့သော် တပ်ကြပ်ကျော်သက်သည် အားလပ်ရက်တိုင်း ဆူဆူရို့ရွာသို့လာရောက်ပြီး ဆူဆူနှင့်ချိန်းတွိသည်။ ယင်းပိုင် ချိန်းတွိနီသည်ကို ဆူဆူ၏မောင်က တနိမြင်လားရေခါ ဆူဆူကို ဆူဆဲသည်။ ယင်းပိုင် ဆူဆဲစွာကို တရွာလုံးသားသိလားရေခါ ဆူဆူလည်းရှက်ပြီး ကျော်သက်ဘားသို့ ခိုးရွာလိုက်ပြီးသည်။ ဆူဆူ၏အပျိုစင်ညသည် မြန်မာစစ်သားတယောက်နှင့် နယ်စပ်တနီရာက ယာယီတဲချေတလုံး ကြယ်ရောင်မတောက်တေ ညဥ့်အမှောင်အောက်မှာ ပျောက်ကုန်ဆုံးလားခရပါသည်။

-----------------
နောက်နိ မိုးလင်းသည်နှင့် သူမဘေးနားတွင် ချစ်သူကျော်သက်မဟိသည်ကို ဆူဆူ သတိထားမိသည်။ ထထိုင်လိုက်သည်နှင့် ဆူဆူအဖသယ်နှင့် အမိသယ်အသံကို တဲအပြင်ဖက်က ကြားရသည်။

"သမီးချေ ထွက်လာလတ်။ အိမ်ပြန်ကတ်မည်"

ဆူဆူလည်း အသံကြားသည်နှင့် တဲအပြင်သို့ထွက်လာလတ်သည်။

"ဘာဘာ အခု အကျွန် ကိုကျော်သက်မယားဖြစ်နီပါယာ။ အပျိုလည်းပြန်မဖြစ်ပါယာ။ သမီးရို့ကို မခွဲပါကဲ့"

ဆူဆူသည် သူ့အဖခြီရင်းကို ဦးတိုက်တောင်းပန်သည်။

ဆူဆူအဖက ဆူဆူကို ရင်ကွဲပြီး "ဘုချေရို့ကို ဘာဘာမခွဲပါဝေ။ ယေကေလည်း အဘုချေ သူ့ကို လက်ထပ်လို့မရ။ တပ်က ခွင့်မပြုလတ်။၊ “ကိုယ့်သမီးကို ကိုယ်ပြန်ခေါ်ပါ” ဆိုလို့ ဘာဘာရို့ ပြန်လာခေါ်စွာ။ ကျော်သက်မှာ မယားနှင့် အချေနှစ်ယောက်ဟိလို့ တပ်ကခွင့်မပြုနိုင်လတ်"

--------------
သူမအဖ စကားအဆုံးမှာ ဆူဆူနှလုံးသား တောင်ပြိုယှောင် ပြိုကျလားရပါသည်။ ဆူဆူက ကိုကျော်သက်နှင့် နောက်ဆုံးတအောင့်ချေတွိချင်ကြောင်းပြောသော်လည်း တပ်အရာဟိက ကျော်သက်ကိုဖမ်းလို့ ကြိမ်ချောင်းသို့ပို့လိုက်ပြီးဖြစ်ကြောင်း ဆိုသည်။ ဆူဆူရို့ သားမိသားဖသုံးယောက် အရှက်တကွဲအကျိုးနည်း ရွာသို့ပြန်လာကတ်ရသည်။ သို့သော် တခြားတဲတလုံးက ချောင်းကြည့်နီသော ကျော်သက်ကိုကား သူရို့မတွိမြင်နိုင်ခပါ။

ဘုန်းစည်သူ
(6/15/2009)

(ဖြစ်ရပ်မှန် ဇာတ်လမ်း ဖြစ်ပါသည်။ လွန်ခရေ မေလအတွင်းက ရန်အောင်မြင်ကျွန်းရွာတွင် အဂယင့်ဖြစ်ပျက်ခသောအဖြစ်အပျက်ကို " ဘုန်းစည်သူ" က နရဉ္စရာဝပ်ဆိုက်၌ ရွီးဖွဲ့ထားခြင်းဖြစ်သည်။ မြန်မာပိုင်ယှောင်ရွီးထားသည်ကို ရခိုင်ဘာသာသို့ ပြန်ဆိုထားသည်။)

ခြံစည်းရိုးကြားက ရင်ကွဲနာ (Version 2)


ခြံစည်းရိုးကြားက ရင်ကွဲနာ (ဖြစ်ရပ်မှန် ၀တ္ထုတို)(Version 2) (စကားပြောပုံစံ)

ဆူဆူဆိုစွာက ခမီးမချေတယောက်ဖြစ်ပါရေ။ အသက် (၁၇) နှစ်အရွယ် တရွာလုံးမှာ အလှဆုံးကွမ်းတောင်ကိုင်မချေပါ။ အသက်ကလည်းငယ် အသားကလည်းဖွေး ချစ်ဖို့ကောင်းလွန်းလို့ သူမကို တရွာလုံးလူပျိုချေတိ ၀ိုင်းပိုးကတ်ပါရေ။ သူမရို့ရန်အောင်မြင်ရွာစွာ မောင်တောမြို့နယ်မြောက်ပိုင်း တိုက်နယ်ကျွန်းရွာဖြစ်တေ ကြိမ်ချောင်းနန့် မလှမ်းမကမ်းမှာဟိပါရေ။ ယင်းရွာမှာ ရခိုင်၊ ခမီး၊ ဒိုင်းနက်၊ သက်လူမျိုးတိ ရောပြွမ်းနီထိုင်ကတ်ပြီးကေ အိမ်ခေါင်ပေါ် (၁၂၀) ကျော်ဟိပါရေ။ ရွာသားတိအားလုံး အဓိက လယ်လုပ်ကိုင်စားသောက်ကတ်ပါရေ။ ဆူဆူမိဖတိကလည်း တောင်ယာလုပ်ပါရေ။ ဆူဆူမှာ သူ့အထက်က အေးမတယောက်၊ မောင်တယောက်ဟိပါရေ။ သူမ စာလေးတန်းအထိ စာသင်ခပြီးကေ မူလတန်းပြီးစွာနန့် စာဆက်မသင်နိုင်ဘဲ ကျောင်းထွက်လို့ အိမ်မှုလုပ်ငန်းတိကို ကူညီလုပ်ကိုင်နီသူဖြစ်ပါရေ။

ဆူဆူရို့ရန်အောင်မြင်ရွာရေ အင်တန်လောက်ချောင်ကျလို့ ဖက်ခွက်စစ်သားတိ တခါတရီရောက်လာစွာကလွဲလို့ ရက်ကြာကြာ တည်းခိုနီထိုင်လေ့မဟိပါ။ ယင်းပိုင် ဖက်ခွက်တိ အရောက်အပေါက်နည်းလို့ တရွာလုံးမှာအလှဆုံးဆူဆူစွာ အပျိုဖော်ဝင်စမှာ မြန်မာစက်ကွင်းထဲက လွတ်နီခပါရေ။ ယေကေလည်း နောက်ပိုင်းမှာ ရမ္မက်သားဖက်ခွက်စက်ကွင်းကို ကောင်းကောင်းကြာကြာ မယှောင်နိုင်လိုက်ပါ။

---------------
တနိ

၂၀၀၉ ခုနှစ် မတ်လ နောက်ဆုံးပါတ်ထဲက တနိဖြစ်ပါရေ။ ယင်းနိမှာ ဘီအီးလို့ခေါ်ရေ စစ်မြီပြင်အင်ဂျင်နီယာတပ်ရင်းက တပ်စုတစု ခြံစည်းရိုးစီမံကိန်းအတွက် ဆူဆူရို့ရန်အောင်မြင်ရွာကို ရောက်လာပါရေ။ မြန်မာစစ်သားများ၏ "အိမ်ကြီးကြီး၊ ရီတွင်းနီးနီး၊ ဖင်ကြီးကြီး" ဆိုရေ ဆောင်ပုဒ်အတိုင်း အချက်သုံးချက်နန့်ပြည့်စုံရေ ဆူဆူရို့အိမ်ဘေးနားက အိမ်ကြီးတဆောင်ကို သိမ်းလို့စခန်းချကတ်ပါရေ။ စခန်းချလို့ ကောင်းကောင်းမကြာလိုက် မြန်မာနည်းမြန်မာ့ဟန်အတိုင်း "အမေတို့
အဖေတို့ နေကောင်းကြပါသလား" ဆိုပြီးသနာ စစ်သားအုပ်စုတစု ဆူဆူရို့အိမ်သို့ ပေါက်ချလာလတ်ပါရေ။ ဆူဆူကိုမြင်စွာနန့် စစ်သားတိစွာ အကြောင်းမဟိအကြောင်းရှာပြီးကေ ဆူဆူအမိနန့်အဖကို ရရေနည်းနန့် ၀င်ရောကတ်ပါရေ။ ဆူဆူအမိအဖတိကလည်း တောသူတောင်သားတိဖြစ်လို့ စေတနာကောင်းစွာကတဖက်၊ ဖက်ခွက်တိကိုကြောက်သည်ကတဖက် အိမ်မှာဟိရေ ပြောင်းဖူးအစ နပျိုးသီးအဆုံး ဟိဟိသမျှကို ဖက်ခွက်တိကို ဧည့်ခံခွမ့်ကျွေးရပါရေ။ စစ်သားတိကလည်း ပြန်ဖို့မိပျာ ဆူဆူအိမ်မှာ နှာမွှမ်ပြီးသနာ တပျင်းတီးကတ်ပါရေ။ ကျွေးသမျှကို မြန်မာ့ပရိယာယ်နန့် "အားနာစရာကြီး မလုပ်ပါနဲ့၊ မလုပ်ပါနဲ့" ဆိုပျာ ဆို့ကတ်စွာ အငတ်တိုင်းပြည်ကလာရေလူတိ အတိုင်းပါ။ ဆူဆူတယောက် ထမင်းချက်ခန်းနန့် အိမ်ရှိဒန်ခံ ၀င်လိုက်ထွက်လိုက် အစာခွမ့်ကျွေးနီရခါ တဏှာစိတ်ဖြင့် သူ့မနောက်ဖက်ကို ရှုစားတော်မူနီသော မြန်မာစစ်သားတယောက်နန့် မျက်လုံးချင်းဆုံမိပါရေ။ ယင်းမြန်မာစစ်သား၏တဏှာအကြည့်ကို အတွိအကြုံမဟိရေ ဆူဆူအဖို့ ဇာပိုင်ခံနိုင်ဖို့လဲ။ စစ်သားတိပြန်လားရေခါ လက်ယားပိုင်တွိရေ။

----------------------
နောက်နိမိုးလင်းခါ ရွာထဲက မင်းကျွန်ပျိုနှစ်ယောက် ဆူဆူဘက်သို့ပေါက်ချလာပြီးကေ စာတစောင်လာပီးပါရေ။ "နင်ရို့အိမ်ကို ညကလာလည်ခရေ "တပ်ကြပ်ကျော်သက်" ဘားကစာ။ ညကလာခရေ စစ်သားတိထဲက ဆရာချေကျော်သက်ကို နင်မှတ်မိရေမလား" ဆိုပြီးကေ စာပီးပြီးသနာ ထွက်လားခကတ်တေ။ စာကိုဖတ်ကြည့်လိုက်ခါ "သိပ်ချစ်မိသွားပြီ ညီမလေးရယ်" ဆိုရေစကားနန့် ဆူဆူကို မြင်မြင်ချင်း ချစ်မိရင်ခုန်မိကြောင်း၊ ဆူဆူပိုင်လှရေ မမချေမျိုး ရခိုင်မှာတာဝန်ထမ်းဆောင်နီရေ (၅) နှစ်တာကာလအတွင်းမှာ မတွိဖူး မမြင်ဖူးကြောင်း၊ စာမျက်နာ (၂) မျက်နာကျော် ငါးသလောက်ချွဲ ချွဲထားပါရေ။ စာကိုဖတ်ပြီးစွာနန့် ဆူဆူစိတ်တိ ငါးသလောက်မြှုံးမိလားခရပါရေ။

------------------
နောက်တနိ ဆူဆူရို့အိမ်ကို ကျော်သက်က သေနတ်ချေလွယ်ပြီးသနာ ရောက်လာပါရေ။ ဆူဆူကို ညကပီးခရေစာကိုရလားလို့မီးပြီး အဖြေတောင်းပါရေ။ ဆူဆူကလည်း မြင်မြင်ချင်း ရင်ခုန်ရသူဖြစ်လို့ ခေါင်းညိတ်ပြလိုက်တေ။ ယင်းနိကပင် ကျော်သက်စွာ လုပ်ငန်းခွင်ကပြန်လာတိုင်း သူ့အချစ်ကိုသက်သီပြဖို့ ဆူဆူဘားသို့ တန်းရောက်ပါလတ်တေ။

------------------------------
ကောင်းကောင်းမကြာလိုက် နယ်စပ်ခြံစည်းရိုးစီမံကိန်းအတွက် ရောက်လာကတ်တေစစ်သားတိစွာ ရွာထဲကနီ ခြံစည်းရိုးကာရေ ယာယီစခန်းသို့ ပြောင်းရွှိလားခကတ်ပါရေ။ ယင်းအထဲမှာ တပ်ကြပ်ကျော်သက်လည်းပါရေ။ ယေကေလည်း တပ်ကြပ်ကျော်သက်စွာ အားလပ်ရက်တိုင်း ဆူဆူရို့ရွာသို့လာရောက်ပြီး ဆူဆူနန့် ချိန်းတွိပါရေ။ ယင်းပိုင် ချိန်းတွိနီစွာကို ဆူဆူ့မောင်က တနိမြင်လားရေခါ ဆူဆူကို ဆူဆဲပါရေ။ ယင်းပိုင် ဆူဆဲစွာကို တရွာလုံးကသိလားရေခါ ဆူဆူလည်းရှက်ပြီး ကျော်သက်ဘားသို့ ခိုးရွာလိုက်ပြီးပါရေ။ ဆူဆူ၏အပျိုစင်ညစွာ မြန်မာစစ်သားတယောက်နန့် နယ်စပ်တနီရာက ယာယီတဲချေတလုံး ကြယ်ရောင်မတောက်တေ ညဥ့်အမှောင်အောက်မှာ ပျောက်ကုန်ဆုံးလားခပါရေ။

-----------------
နောက်နိ မိုးလင်းစွာနန့် သူမဘေးနားမှာ ချစ်သူကျော်သက်မဟိစွာကို သတိထားမိပါရေ။ ထထိုင်လိုက်စွာနန့် ဆူဆူအဖသယ်နန့် အမိသယ်အသံကို တဲအပြင်ဖက်က ကြားရပါရေ။

"သမီးချေ ထွက်လာလတ်။ အိမ်ပြန်ကတ်မည်"

ဆူဆူလည်း အသံကိုကြားစွာနန့် တဲအပြင်သို့ထွက်လာလတ်တေ။

"ဘာဘာ အခု အကျွန် ကိုကျော်သက်မယားဖြစ်နီပါယာ။ အပျိုလည်းပြန်မဖြစ်ပါယာ။ သမီးရို့ကို မခွဲပါကဲ့"

ဆူဆူရေ သူ့အဖခြီကို ဦးတိုက်တောင်းပန်ပါရေ။

ဆူဆူအဖက ဆူဆူကို ရင်ကွဲပြီးကေ "ဘုချေရို့ကို ဘာဘာမခွဲပါဝေ။ ယေကေလည်း ဘုချေ သူ့ကို လက်ထပ်လို့မရ။ တပ်က ခွင့်မပြုလတ်။၊ “ကိုယ့်သမီးကို ကိုယ်ပြန်ခေါ်ပါ” ဆိုလို့ ဘာဘာရို့ ပြန်လာခေါ်စွာပါ။ ကျော်သက်မှာ မယားနန့် အချေနှစ်ယောက်ဟိလို့ တပ်ကခွင့်မပြုနိုင်လတ်"

--------------
သူမအဖ စကားအဆုံးမှာ ဆူဆူနှလုံးသား တောင်ပြိုယှောင် ပြိုကျလားပါရေ။ ဆူဆူက ကိုကျော်သက်နန့် နောက်ဆုံးတအောင့်ချေတွိချင်ကြောင်းပြောသော်လည်း တပ်အရာဟိက ကျော်သက်ကိုဖမ်းလို့ ကြိမ်ချောင်းသို့ပို့လိုက်ပြီးဖြစ်ကြောင်း ဆိုပါရေ။ ဆူဆူရို့ သားမိသားဖသုံးယောက် အရှက်တကွဲအကျိုးနည်း ရွာပြန်လာလတ်ကတ်ရပါရေ။ သို့သော် တခြားတဲတလုံးက ချောင်းကြည့်နီရေကျော်သက်ကိုကား သူရို့မတွိမြင်နိုင်ခပါ။

ဘုန်းစည်သူ
(6/15/2009)

(ဖြစ်ရပ်မှန် ဇာတ်လမ်း ဖြစ်ပါသည်။ လွန်ခရေ မေလအတွင်းက ရန်အောင်မြင်ကျွန်းရွာတွင် အဂယင့်ဖြစ်ပျက်ခသောအဖြစ်အပျက်ကို " ဘုန်းစည်သူ" က နရဉ္စရာဝပ်ဆိုက်၌ ရွီးဖွဲ့ထားခြင်းဖြစ်ပါသည်။ မြန်မာပိုင်ယှောင်ရွီးထားသည်ကို ရခိုင်ဘာသာသို့ ပြန်ဆိုထားပါသည်။)

Friday, June 12, 2009

မှန် (နန့်) မှားခြင်း


မှန် (နန့်) မှားခြင်း
----------------
မိုးသောက် စောစောစီးစီး
ရီမိုးချိုးအပြီးမှာ
စိတ်သန့်လူသန့်
ခန့်ခန့် ငြားငြား
ဟန်ပန်သသောနန့်
လူများဆင်ထားရေ
“ မှန် ” တချပ်ကို
ယုံကြည်မှု ပုံအပ်လို့
ကောက်ကြည့်လိုက်တေခါ --။

ငါ့ရုပ်သွင်ပြင် ငါမြင်
မှတ်လို့ပင်မရ
တောက်ချီးကျပနာ
စိတ်ညစ်လားခရရေ --။

ဟား ဟား ဟား … ဟော
လောဂျိတ် ပုံသဏ္ဍာန်
“ မှန် ” ….
မညီညာရေ ပြင်ညီတခု
အဖုအထစ်တိနန့်
ကထစ်ကရစ်ဖြစ်နီလို့
ငါ၏ပကတိရုပ်သွင်
သိမြင်ရစွာက….
“ မှား ” နီရေ အရိပ်ထင်းလို့
မင်း “ မှန် ” စွာ
ဧကန် “ မှား ” နီ စွာရာ မနားယေ --။

မှတ်ချက် ။ ။ (လောဂျိတ်ကို Logic ဟု ဖတ်ပါ)

(မောင်ကျော်လှ)

Wednesday, June 10, 2009

မိုးထက်မင်္ဂလာ


မိုးထက်မင်္ဂလာ
---------------
အိုလူရို့
ထကတ်ဖိ
မိုးလင်းပျာ --။

ရှောက်ပနီငှက်ချေ
နီဆာလှုံလို့
အကိုင်းဖျားမှာ
နားနီပျာ --။

စာချေတရွီ
ညီညီညွတ်ညွတ်
တသုတ်ပြီး တသုတ်
တအုပ်ပြီး တအုပ်
လှည့်ပျံလားခပျာ --။

အလယ်တရိုး
ဝက်မတိုးရအောင်
ခြံထိုးလို့ ကာကွယ်ရဖို့ --။

ကျီးကျလို့ မပျက်ရအောင်
မီးထလို့ ဖော်ကတ်ရဖို့ --။

ရွာဦးကျောင်းက
ခတက်ခေါက်ပျာ
မချေလားလို့ ဆွမ်းပို့ခီ --။

မောင်ချေ ပျိုးကြဲ
အကိုကြီး လယ်ထွန်
အကိုလတ် ငါးရှာလားကတ်လီ --။

မကြီးဆန်ဖွတ်
အမိဆန်ပြာ
အဘာ တောသို့လားပတ်စီ --။

တက်ညီလက်ညီ
ရီကြိုင်မြမြ
ဂစ္ဆပနဒီ
နှင်းဝီ၀ီမှာ --။

(သာလှဦး)

Monday, June 8, 2009

ခွီးချီးနတ်


ခွီးချီးနတ်ရာဇဝင်
-----------
လွန်ခရေ နှစ်ပေါင်းခုနှစ်ဆယ်လောက်က ရခိုင်ပြည်ကလူတိ ဗမာပြည်ကိုခရီးလားရေခါ ရိုးတောင်ကို ခြီကျင်လားကတ်ပါရေလတ်။ ယင်းခါက ကားလမ်းမဟိပါသိမ့်။ ခရီးလားဖို့ လူသုံးယောက်လေးယောက်စုပြီးကေ စီလားကတ်ပါရေ။ ရိုးတောင်မှာလည်း ကျားက
ကကောင်းပေါရေဆိုပါကားယင်းခါ။ ယေခါ ခရီးလားလူတိစွာ ကျားရန်ကိုကြောက်ရစွာတကြောင်း၊ အရောင်းအဝယ်ကောင်းဖို့တကြောင်း ခရီးမလားခင် ရွာဦးကနတ်၊ လမ်းမှာတွိရေ တွိသမျှနတ်တိအားလုံးကို ပသကတ်ပါရေလတ်။ နတ်အနှောင့်အယှက်ပီးကေ မအောင်မြင်လို့ယူဆထားကတ်ပါရေ။

တရက်ခါ ခရီးလားရေလူတစုမှာ ခွီးတကောင်ပါလာပါရေဆိုကား။ ရိုးတောင်ထက်မှာ အမောပြေအနားယူပြီးကေ ပါလာရေအစားအသောက်ချေတိကိုစား၊ ရီချေသောက်ကတ်တေခါ ခွီးကလူအနားမှာပင် ချီးစိုက်ပါရေလတ်။ ယေခါ ခွီးသျှင်က ထမင်းဆုပ်ကိုစားနီးယင်းကနီ ခွီးကို ဟိုင်းခွီးဆိုပြီးကေ ယောင်လို့လက်ထဲကထမင်းဆုပ်နန့် ပစ်မိပါရေ။ ထမင်းဆုပ်က ခွီးကိုမကျဘဲနန့် ခွီးချီးထက်မှာ လားတင်နီပါရေလတ်။ ယေပြီးကေ အေသူရို့တိလားခကတ်ပြီးကေ နောက်တဖွဲ့ခရီးလားလို့လာကတ်ပါရေလတ်။ အေအဖွဲ့တော့ခါ တခါလည်းသင့် အေလမ်းမှာလားဖူးရေလူတိမပါ။ ရှိကလူတိလားခရေလမ်းကိုကြည့်ပြီးကေ နောက်ကနီမျှောင်လိုက်လာရေ။

ယေခါ လားယင်းလာယင်းနန့် ခွီးချီးထက်မှာ ထမင်းဆုပ်တခုကိုလားတွိပါရေလတ်။ ယေခါ တယောက်ကပြောရေ “အဝေရို့ အေမှာ အသျှင်မကို ပသရဖို့သိမ့်တေ” လို့ပြောပါဆိုကား။ တယောက်ကပြောကေ နောက်လူတိကလည်း ပါလာရေမုန့်ပဲသရေစာတိနန့် ခွီးချီးမှာတင်ပြီးကေ “ဖီးကင်းပါစီ၊ အောင်မြင်ပါစီ၊ လားရေလမ်းမှာ ခလုတ်မတိုက်၊ စူးမထိအောင်စောင့်ယှောက်ပါ” ဆိုပနာဆုတောင်းကတ်ရာမဟုတ်လားယေ။

သူရို့ခရီးလားခါနီးမှာ အယင်လားဖူးရေလူက မှာလိုက်စွာကို “လမ်းမှာနတ်တင်ထားစွာတွိကေ နတ်ရာတင်လီ။ မဟုတ်ကေ ကျားကိုက်လိမ့်မယ်" ဆိုခါ ရှိကလူတိလုပ်လားခစွာကိုကြည့်ပြီးကေ နောက်ကလာရေလူတိက လုပ်ကတ်စွာပါယေ။
ယင်းပိုင်နန့် အရာတဖွဲ့လာပြန်ခါလည်း ခွီးချီးနားကိုရောက်ပြန်ကေ “အဝေးပါစော်ကိုတင်ဖိတေ” လို့ဆိုကေ တဖြည်းဖြည်းနန့် လားသမျှလူတိနတ်တင်ယင်း ရိုးတောင်မှာ “ခွီးချီးနတ်” ဆိုပနာ နာမည်ကြီးပါလတ်တေ။ တရက်ခါ ကြက်ရောင်းဖို့လားရေလူတယောက် လမ်းမှာနီမကောင်းဖြစ်လို့ ခွီးချီးနတ်မှာ ကြက်တကောင်လိုင်လှီးပြီး ပ,သကေ ကောင်းလားခလို့ ယင်းနိကစပနာ နတ်ကအဆင့်မြင့်ပြီးကေ ယင်းလမ်းကဖြတ်စွာနန့် မုန်ချေပဲချေနန့်မရဘဲ ကြတ်တစ်ကောင် လိုင်လှီးပီးရပါသိမ့်ရေလတ်။ အေပိုင်နန့် အရာနောက်ဆုံးမှာ “ခွီးချီးနတ်” ဆိုကေ အားလုံးသီအောင်ကြောက်ကတ်ပါဆိုဝါး။

အခုလည်း ရှိကလူကိုအကြောင်းပြုလို့ တင်မှန်းမသိ တင်ပ,လာကတ်စွာ (AMP) လည်းသင့် “ခွီးချီးနတ်” ဖြစ်လားယာထင်ပါရေကား။

(ငစည်မောင်)