Thursday, July 30, 2009

သောင်ရင်းမြစ် (သို့မဟုတ်) ရက္ခရိုးမ ငိုသံ


သောင်ရင်းမြစ် (သို့မဟုတ်) ရက္ခရိုးမ ငိုသံ
------------------------

သောင်းရင်းမြစ် တဖက်ကမ်း
အင်းဖက်နန့် တဲစခန်းချေမှာ
တခါက ရယ်သံချေတိညံလို့
ထမင်းလက်ဆုံစားခဖူးရေ --။

(AK) ကို မောင်းတင်ပနာ
မျက်လုံးကိုဖွင့် နားကိုစွင့်လို့
စခန်းနံဘေးမှာ ကင်းစောင့်နီရေ
ရဲဘော် မောင်ချေကို
ကမ္ဘာလောက် လေးစားမိခယင့် --။

ရခိုင်သမကို မမြင်ဖူးစွာကြာလို့
တချက်ချေလောက် ငေးကြည့်မိခကေ
ခွင့်လွတ်နိုင်ပါဖို့လား “မမ” လတ် --။

ယဉ်ကျေးရေ မောင်ချေစကား ကြားရစွာ
အမျိုးစောင့်ရေ ရခိုင်သားဂုဏ်ကို
တဆင့်တိုးလို့ မြင့်လားစီပါရေ --။

ရခိုင်ပြည်လွတ်လပ်ရေးရဖို့
အရေးကြီးနီရေ အချိန်မှာ
မတော်တဆ အကြောင်းမလှလို့
တချက် သီကျလားခကေ
မျက်ရည်ချောင်း မစီးစီချင်လို့
ရခိုင်သမကို ရည်းစားမထားချင်ပါလတ် --။

အော်...မျိုးချစ်ရဲဘော် မောင်ချေ
မင်းပြောရေ စကားတိက
အတိတ်နမိတ်နန့် ပြောခစွာလားယေ
အခုဆိုကေ မင်းအရိပ်နန့် မင်းအသံ
ပဲ့တင်သံတိ ညံလို့
တရုန်းရုန်းစီးနီရေ သောင်းရင်းမြစ်လည်း
မင်းကိုလွမ်းလို့ ငိုနီပျာယ်
ထို...အ၀ီးကြီးမှာ ကျန်ခရေ
ရက္ခရိုးမကြီးလည်း...ငိုနီပျာယ်..မောင်ချေ --။

ကျဆုံးလားခရေ ရဲဘော်ချေကို ဂုဏ်ပြုယင်းနန့်...။

(မမချေ)