Thursday, April 2, 2009

ငါကရခိုင်


ငါကရခိုင်
-----------

မနှင်းဇီ

နင်ကမြန်မာ

ငါကရခိုင်

မျဉ်းပြိုင်နှစ်ကြောင်း

မဆုံကောင်းပါ

ခွင့်လွှတ်လိုက်ပါ မနှင်းဇီ --။

ဤကဗျာမှာ မနှင်းဇီအား ကိုသာကျော် နောက်ဆုံးပီးခသော ကဗျာဖြစ်သည်။ ဤကဗျာကို ပီးပြီးနောက် ကိုသာကျော်သည် သူချစ်သော မနှင်းဇီအားကြောခိုင်းပြီး ရန်ကုန်မှ သူ့မွီးရပ်မြီ ရခိုင်ပြည်သို့ အပြီးအပိုင်ထွက်ခွာလာခသည်။ ဘ၀နှင့်ပုံ၍ ချစ်ခရစွာဖြစ်လို့ ကိုသာကျော် မနှင်းဇီနှင့်ခွဲရစဉ်မှာ ရင်ဆို့အောင်ခံစားရသည်။

အပိုင်း (၁)

ရန်ကုန်တက္ကသိုလ် နောက်ဆုံးနှစ် မြန်မာစာကျောင်းသားတဦးဖြစ်သော ရခိုင်သားကိုသာကျော်သည် သူနှင့်အတန်းတူ အချိန်တူ မြန်မာမချေ “မနှင်းဇီ” နှင့် ချစ်ရည်မျှခသည်။ သူရို့ချစ်ကျွမ်းဝင်ပုံကလည်း ဆန်းဆန်းချေဖြစ်သည်။ တယောက်နှင့်တယောက် နတ်ယင်းသွမ်းယင်း ရည်းစားဖြစ်လားခကတ်သည်။ မနှင်းဇီရို့ကျောင်းသူအုပ်စုက အတန်းထဲတွင် ကိုသာကျော်အပါအ၀င် ရခိုင်ကျောင်းသားများကို နာမည်ထုတ်မခေါ်ဘဲ “ခုနစ်ခိုင်” ဟုခေါ်သည်။ ရခိုင်မှ “ရကောက်” ကို “ခုနစ်ဂဏန်း” ဖြင့်အစားထိုးပြီး နတ်သည့်သွမ်းသည့်သဘော “ခုနစ်ခိုင်” ဟု ခေါ်ခြင်းဖြစ်သည်။

မနှင်းဇီသည် သူရို့အုပ်စုထဲတွင် အလှဆုံး၊ အသားမဖြူမညို နှာတံပေါ်လွင်ပြီး ရယ်လိုက်လျှင် ပါးချိုင့်ပေါ်သည်။ သူ့ပိုင် အချောအလှမချေက “ကိုသာကျော်” လို့ ခေါ်ဖို့အစား “ကိုခုနစ်ခိုင်” လို့ ခေါ်နီခါ ကိုသာကျော်က အောင့်သက်သက် ခံနီရသည်။ ထို့ကြောင့် ကိုသာကျော်လည်း “ခုနစ်ခိုင်” လို့ခေါ်စွာတုန့်ပြန်ဖို့ စကားလုံးလိုက်ရှာရပါတော့သည်။ ထိုအခါ စကားတလုံးကို ကိုသာကျော်လားတွေးမိသည်။

ထိုနိမှစ၍ မနှင်းဇီက “ကိုခုနစ်ခိုင်” လို့ခေါ်တိုင်း ကိုသာကျော်ငြိမ်ခံမနီ။ “ဟေ့ ကိုခုနစ်ခိုင် နီကောင်းလား” ဟု မနှင်းဇီးကမီးလာလျှင် ကိုသာကျော်က “မနှင်းဇီ” ကျွန်တော့်နာမည်က “ကိုခုနစ်ခိုင်” မဟုတ်ပါ။ ကိုချစ်ခိုင်ပါ။ ချစ်ကေခိုင်လွန်းလို့ “ကိုချစ်ခိုင်” လို့ခေါ်စွာပါ။ “ခုနစ်ခိုင်” လို့ မခေါ်ပါကဲ့။ “ကိုချစ်ခိုင်” လို့ နာမည်ပြောင်းခေါ်ပီးလို့ရပါဖို့လားစသဖြင့် ပြန်လှန်ရပါသည်။ ထိုအခါ မနှင်းးဇီမှာ မျက်လွှာချပြီး ဂေါင်းငုံ့လားတတ်သည်။ ထိုသို့ တဦးနှင့်တဦး နတ်ယင်းသွမ်းယင်းနှင့် ကိုသာကျော်နှင့် မနှင်းဇီရို့နှစ်ဦး နောက်ပိုင်းတွင် သမီးရည်းစားဖြစ်လားသည်။

အပိုင်း (၂)

ရည်းစားဘ၀ဖြစ်လားသောအခါ သူရို့နှစ်ဦး မိုးမမြင်လီမမြင် ပျော်သည်။ ကျောင်းပြီးလျှင် မနှင်းဇီကို လက်ထပ်ယူရန် ကိုသာကျော်က ဆုံးဖြတ်လိုက်သည်။ နောက်ပိုင်းတွင် ကိုသာကျော်က ကျောက်ဖြူမှ အမိအဖထံသို့ အကြောင်းကြားသည်။ မိခင်ဖြစ်သူ မိဒေါ်ညွန့် ရန်ကုန်ထိလိုက်လာပြီး မနှင်းဇီနှင့်တွိသည်။ စကားပြောသည်။ ချွေးမလောင်းကို အကဲခတ်သည်။ နောက်ပိုင်းတွင် စမ်းချောင်းသျှမ်းလမ်းမှ မနှင်းဇီရို့အိမ်ထိ လိုက်လည်သည်။ မနှင်းဇီမိဘများနှင့်လည်း တွိဆုံသည်။ အားလုံးအိုကေ အဆင်ပြေသည်။ ကိုသာကျော်ရို့ မိသားစုသည်လည်း ကျောက်ဖြူတွင် ထိပ်ထိပ်ကြဲဖြစ်သည်။ အသောက်အစားကင်းပြီး လူတဘက်သားကိုကူညီတတ်သော မိသားစုဖြစ်သဖြင့် လူချစ်လူခင်များသည်။

၎င်းအပြင် လူမျိုးရေးအစွဲကင်းသည်။ (ရခိုင်-မြန်မာ) ခွဲခြားမှုမဟိ။ အားလုံးမိသားစုတခုကဲ့သို့ သဘောထားသည်။ ကိုသာကျော်သည် ရခိုင်သားဖြစ်သော်လည်း ကျဉ်းမြောင်းသော အမျိုးသားအတွေးအခေါ်အယူအဆမဟိ။ သို့ဖြင့် မနှင်းဇီကို ရာသက်ပန်အိမ်ထောင်ဖက်အဖြစ် ကိုသာကျော် ရွီးချယ်လိုက်သည်။ ကိုသာကျော်နှင့် မနှင်းဇီအကြား မည်သည့်အဟန့်အတားမှမဟိ။ ချစ်သူများလျှောက်သောလမ်းသည်ကား ခရောင်လမ်းမဟုတ်၊ ပန်းခင်းသောလမ်းအတိဖြစ်သည်။

အပိုင်း (၃)

ထိုတနိ။ ထိုတနိကို ကြမ္မာငင်သောနိဟု ဆိုရဖို့လားမသိ။ ထိုနိတွင် ကိုသာကျော်နှင့် မနှင်းဇီရို့ လမ်းခွဲခရပါသည်။ ကိုသာကျော်နှင့်မနှင်းဇီရို့နှစ်ဦး ရွှေတိဂုံမြောက်ဘက်မုခ်မှ ဘုရားပေါ်သို့တက်လာလတ်သည်။ လမ်းဘေးပန်းသည်တဦးက ပန်းတိလန်းလန်းဆတ်ဆတ် ယူပါအုံးပြောလို့ ပန်းစည်း တယောက်တစည်းယူပြီး ဘုရားပေါ်တက်လာသည်။ မနှင်းဇီက င်္အဂါသမီးဖြစ်၍ င်္အဂါထောင့်တွင်ပန်းတင်ပြီး ရွှေတိဂုံစေတီကို လက်ညာရစ်ပတ်ယင်း အနောက်ဘက်စေတီရင်ပြင်တော်အနီး အနောက်ပြည်ရခိုင်ကုန်သည်ကြီးများတန်းဆောင်တွင် နှစ်ယောက်သားထိုင်သည်။

နီမညှိုးသိမ့်သဖြင့် ဘုရားပေါ်တွင် လူကြဲနီသည်။ အချေနှစ်ယောက်က မိခင်ဖြစ်သူနှင့်အတူ တန်းဆောင်အရိပ်ခိုပြီး ခွာစာကျွေးနီသည်။ ခွာချေတိကလည်း အချေလက်ထက်တက်ပြီး အစာစားလိုက် ပျံလိုက်နားလိုက် မြင်ရသောမြင်ကွင်းသည် ချစ်ဖို့အလွန်ကောင်းသည်။ ကိုသာကျော်နှင့် မနှင်းဇီရို့နှစ်ယောက်စလုံး အချေတိ ခွာစာကျွေးနီရာသို့ မျက်စိရောက်လားသည်။ မနှင်းဇီက ကိုသာကျော်ကို စပြောသည်။ “ကိုကို အချေတိ ကကောင်းချစ်ဖို့ကောင်းရေ” ကိုသာကျော်ကလည်း သဘောတူ ဂေါင်းညှိတ်ယင်း “ဟုတ်တေ မနှင်းဇီ အချေတိ ကကောင်းချစ်ဖို့ကောင်းရေနှန်း” ဟုဆိုသည်။

ထိုမှတဆင့် သားသမီးမွီးလာပါက ယောက်ျားချေနှင့် မမချေ “ပဇာကို ပိုကြိုက်တေလဲ” ဟု မနှင်းဇီက မီးသည်။ ကိုသာကျော်က ယောက်ျားချေဘဲမွီးမွီး သမီးချေဘဲမွီးမွီး သားသမီးဖြစ်သဖြင့် ချစ်ရမည်ဖြစ်ကြောင်းပြောသည်။ ထိုမှတဆင့် သားသမီးများမွီးလာပါက။ သားသမီးများ၏နာမည်ကိစ္စသို့ ရောက်လာသည်။ ထိုအခါ ကိုသာကျော်က “ကိုယ့်သားတိကို ရခိုင်နာမည်စစ်စစ် “သာထွန်းဦး“ ၊ “ကျော်လှဦး” စသည်ဖြင့် နာမည်ထားချင်ကြောင်းပြောသည်။ မနှင်းဇီမျက်နှာ ကိုသာကျော်စကားကြောင့် အနည်းငယ်ပျက်လားသည်။ “ဇာဖြစ်စွာလဲ မနှင်းဇီ” ဟု မီးသောအခါ မနှင်းဇီက “အေနာမည်တိ မဖြစ်နိုင်ထင်ရေ ကိုကို” ဟုဆိုသည်။

ကိုသာကျော်က “ဇာဖြစ်လို့လဲ မနှင်းဇီ” ဟု မီးသောအခါ မနှင်းဇီက “စိတ်မဟိပါကဲ့ ကိုကို မနှင်းဇီက သားချေတိနာမည်ကို မြန်မာနာမည်ဖြစ်တေ “ကျော်စွာမြင့်” ၊ “ဇော်လွင်မြင့်” ယင်းပိုင် နာမည်တိရာထားချင်စွာပါ။ ဇာဖြစ်လို့လဲဆို ကိုကို့သားတိနာမည်ကို ရခိုင်ပိုင်ထားကေ ကိုကိုသားတိ ဇာခါလည်း ရာထူးကြီး၊ အစိုးရထိပ်ပိုင်းရာထူးတိကို ရလီဖို့မဟုတ်ယာ။ မနှင်းဇီက သားချေတိကို စစ်ဗိုလ်ချုပ်ကြီးတိ၊ နိုင်ငံတော်အကြီးအကဲတိ ဖြစ်ချင်စွာ။ နာမည်တခုကြောင့် မနှင်းဇီသားချေတိ အနာဂါတ်တက်လမ်း ပိတ်မလားစီချင်ပါ ကိုကို”။ ကိုသာကျော်၏နှလုံးသား ဆားနှင့်အတို့ခံရပိုင် ခံစားလားရသည်။

ဖနောင့်ကသွီး ငယ်ထိပ်တက်လားသည်။ “ဟုတ်လား မနှင်းဇီ၊ အေတိုင်းပြည်မှာ ရခိုင်နာမည်ထားစွာနှင့် အစိုးရထိပ်ပိုင်းရာထူးကို မရနိုင်ပျာလား။ စစ်ဗိုလ်ချုပ်ကြီးတိ မဖြစ်နိုင်ပျာလား။ နိုင်ငံတော်အကြီးအကဲ မဖြစ်နိုင်ပျာလား” ကိုသာကျော်က ရင်ဆို့ဆို့ပြောသည်။ မနှင်းဇီသည် အ၀ီးတနီရာသို့ကြည့်ယင်း ပြောလာသည်။ “ဟုတ်တေ ကိုကို ။ အေချင့် အမှန်ပါ။ မနှင်းဇီ ကိုကို့ကို စမချစ်ခင်ကပင် အေကိစ္စကို အယင်စိုင်းစားပြီးသားပါ။ အထူးသဖြင့် သားသမီးတိ အနာဂါတ်ခရီး။ ရခိုင်သားတယောက်နှင့်ရရေ မနှင်းဇီသားသမီးတိ အေတိုင်းပြည်မှာ ဇာပိုင်လူရာဝင်လဲဆိုစွာကိုပါ”။ ကိုသာကျော် နားလည်လိုက်ပါပျာ။

မနှင်းဇီ၏စကားလုံးများသည် ကိုသာကျော်၏နှလုံးသားကို မျှားချွန်းချွန်းနှင့် တချက်ချင်းထိုးနီရေပိုင် ခံစားမိသည်။ ကိုသာကျော် ဇာလည်းဆက်ပြောချင်ပျာ။ ထိုနိက မနှင်းဇီကို သူ့အိမ်သျှမ်းလမ်းထိ ကိုသာကျော်လိုက်ပို့သည်။ သို့သော် စကားတခွန်းမပြောဖြစ်။ ချစ်သူနှစ်ဦး၏အိမ်အပြန်လမ်းရီးသည် ဆိတ်ငြိမ်လွန်းလှ၏။ မနှင်းဇီရို့အိမ်သို့ရောက်သော်လည်း စကားတခွန်းမျှမပြောမဆိုဘဲ လှည်းတန်းအခန်းသို့ ကိုသာကျော် လှည့်ပြန်လာလတ်သည်။ လာလမ်းတလျှောက် ကိုသာကျော်၏အတွေးအာရုံကို မနှင်းဇီ၏စကားလုံးများက ကြီးစိုးထားသည်။ နှလုံးသားဖြင့်ရင်း၍ချစ်ရပါသော်လည်း ဘ၀ကား မနှင်းဇီကို လက်ထပ်ရန်မဖြစ်နိုင်တော့။ ကိုသာကျော် နားလည်သဘောပေါက်လိုက်သည်။

(နိဂုံး)

မိုးလင်းသောအခါ ကိုသာကျော် မနှင်းဇီရို့အိမ်သို့လားပါသည်။ မနှင်းဇီက အိမ်တန်းခါးဖွင့်ပီးသည်။ ကိုသာကျော်အိမ်ထဲဝင်ရန် စိတ်မဟိတော့ပါ။ အသင့်ရွီးယူလာသောကဗျာနှင့် မနှင်းဇီ အမှတ်တရပီးထားခသောပစ္စည်းများကို မနှင်းဇီလက်ထဲ ပီးအပ်ယင်း ကိုသာကျော် မနှင်းဇီကို ကြောခိုင်းလိုက်ပါသည်။

မနှင်းဇီ

နင်ကမြန်မာ

ငါကရခိုင်

မျဉ်းပြိုင်နှစ်ကြောင်း

မဆုံကောင်းပါ

ခွင့်လွှတ်လိုက်ပါ မနှင်းဇီ --။


(ကွန်ချုပ်ကေ)

No comments:

Post a Comment