Showing posts with label stories. Show all posts
Showing posts with label stories. Show all posts

Sunday, May 3, 2015

သာလှဦး

သာလှဦး
=====

သာလှဦးဆိုသည်မှာ နာမည်နှင့်လိုက်အောင် သာလည်းသာ လှလည်းလှ ဦးလည်းဦးသူဖြစ်သည်။ သူသည် သူ့ကိုသူ ရခိုင်စာပီသုတေသီကြီးအဖြစ် အလှပလှ ဘ၀င်မြင့်လျှက်ဟိသည်။ ရခိုင်စာပီနှင့်ပါတ်သက်၍ ဆောင်းပါးများစွာ စာအုပ်များစွာ ရွီးသားထုတ်ဝီပြီးဖြစ်သဖြင့် ပရိသာတ်ထောက်ခံမှုအား အပြည့်အ၀ရဟိထားသူဖြင့်သဖြင့် မိမိကိုယ်ကို ကောင်းကောင်း ကြေနပ်အားရဖြစ်လျှက်ဟိသည်။ သို့သော် သူ၏စိတ်ထဲမှာ တခုခု ဘ၀င်မကျဖြစ်လျှက်ဟိသည်။ တခြားသော ရခိုင်စာပီပညာသျှင်များမှာက သတ်ပုံတယောက်တလုံးကျစီ ပိုင်ပိုင်နိုင်နိုင်ဖျက်ဆီးနိုင်လိုက်ပြီးဖြစ်သည်။ ဖျက်ဆီးဖို့ သတ်ပုံမကျန်လိုက်ပျာဖြစ်လို့ သူ့ခမျာ အကြံမရအကျပ်ရိုက်နီသည်။ တခါတရီ (ဤ) ကို (ကျွဲ) ပြောင်းကေကောင်းဖို့လား စဉ်းစားကြည့်သည်။ ပြောင်းခါနီးဆဲဆဲ နာမည်ကြီးစကားပုံကို လားပြောင်းခီကေ လူသိပြီးသား နာမည်မရ ကော်နှက်ခံရဖို့ ဆိုပျာ နောက်ဆုတ်လိုက်သည်။ (၏) လည်း မကျန်လိုက်ပျာ။ (မှာ) လည်း မကျန်လိုက်ပျာ။ ပြောင်းဖို့ကျန်ရေအလုံးက (ဤ) နှင့် (၍) (၌) အေသုံးလုံးရာကျန်ပျာ။ တခါတခါ (ဤ) ကို (ဣေ) ပြောင်းကြည့်ကေ ကောင်းဖို့လား စိတ်ကူးရသည်။ ဖြစ်တန်ခြေဟိသည်။ (၌) ကို (နှိုက်) လို့ ပြောင်းခီပြန်ကေလည်း အယင်ခေတ်က ခေတ်ဟောင်းစာပီတိမှာ ဟိခပြီးသား။ မသိနားမလည်ရေ အချေတိပါးမှာ မျက်နှာရကေလည်း စာပီဗဟုသုတ အနည်းအကျဉ်းဟိရေ လူတိပါးမှာ အဆဲကျဖို့ နောက်ဆုတ်လိုက်သည်။ (၍) ကို ကျခါ ငါးဂဏန်းကို ပွတ်တင်လိုက်ကေ (၅ိ) ဖြစ်တေ။ အရာတယောက်လည်း မလုပ်သိမ့်။ လူမလုပ်သိမ့်ရေ အလုပ်ကို လုပ်မှ ပါရဂူဖြစ်ဖို့ မဟုတ်ကေ နောက်လိုက်ကျည်း ရက်ပြတ်ဖြစ်နီဖို့။ ရခိုင်စာပီလောကမှာ သတ်ပုံမဖျက်ရ မချင်း ပါရဂူမဖြစ်နိုင်။ ထို့ကြောင့် သာလှဦးမှာ (၅ိ) သားသတ်ပုံကို စီမံကိန်းချလျှက်ဟိသည်။ (ဆက်ရန်)

သာလှဦး၏စာကြည့်ခန်းသည်ကား ဖုံတက်ကြပ်လိုက်လျှက်ဟိသည်။ ပင့်ခူအိမ်ကြက်လျှက် စာအုပ်အင်တန်များများမှာ ခြကိုက်စားလျှက်ဟိသည်။ သူ့သူငယ်ချင်းများက ဆရာကြီးစာကြည့်ခန်းက အဂယင့် ရှိဟောင်းသုတေသနပြတိုက်နှင့်တူရေဟုဆိုလျှင် သာလှဦးမှာ ဘ၀င်ခွေ့လျှက် ငါးသလောက်ပြုံး ပြုံးနီတတ်သည်။ သာလှဦးသည် အချေကပင် မျက်စိအားကောင်းသူဖြစ်သည်။ စာဇာလောက်ဖတ်ဖတ် မျက်စိမှုန်သည်မဟိ။ ယင်း မျက်စိကောင်းသည်ကိုပင် သူက စိတ်ပျက်လျှက်ဟိသည်။ သူ မျက်မှန်တပ်ချင်သည်။ မျက်မှန်တပ်မှ ပညာဟိနှင့်တူသည်။ ထို့ကြောင့် မျက်စိကောင်းသော်လည်း ပါဝါပါသည့်မျက်မှန်ကို စတပ်ကြည့်သည်။ အစပိုင်းတွင် တစိချေ အခက်အခဲဟိသည်။ သုံးမိနိလောက် တပ်ကြည့်သည်နှင့် ခေါင်းနည်းနည်းကိုက်လာသည်။ ကြာလာသောအခါ ကျင့်သားရလာသည်။ သို့ဖြင့် မျက်မှန်တပ်လျှက် လမ်းလျှောက်ကြည့်သည်။ မိမိ အခန်းထဲတွင် ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ကြည့်သည်။ အဆင်ပြေသည်။ ထို့ကြောင့် ပါဝါမျက်မှန်ဝယ်ပြီး သုံးရက်မြောက်သောနိတွင် စပွဲထုတ်သည်။ စစ်တွေကောလိပ်သို့ စတက်သောနိလည်းဖြစ်သည်။ စာသင်ခန်းက ဒုတိယထပ်တွင်ဖြစ်နီသည်။ လှီကားထစ်ဖြင့်တက်ရသည်ကို အစတွင် စိုးရိမ်စိတ်ဟိသည်။ သတိထားပြီးတက်ကြည့်သောအခါ အားလုံးအဆင်ပြေသည်။ အထစ်အငေါ့မဟိ။ ကောလိပ်သည်ကား ဆယ်တန်းနှင့်မတူ။ ကျောင်းသားများမှာ အခန်းအတည်မဟိ။ ဘာသာရပ်လိုက် အခန်းပြောင်းပြောင်းသင်ရသည်။ နောက်တဘာသာမှာ အောက်ထပ်ဖြစ်နီသည်။ သာလှဦးကား စာသင်ခန်းတွင်လည်း ရှိဆုံးက ထိုင်ရမှ ကြေနပ်သည်။ ထို့ကြောင့် အယင်ထိုင်ခုံနီရာဦးဖို့ စာအုပ်ကို လက်ဆွဲလျှက် ကမန်းကတန်း ပြီးဆင်းပါလတ်သည်။ ပါဝါမျက်မှန်တပ်ထားသည်ကို သူက မိနီသည်။ အတက်တွင် အဆင်ပြေသော်လည်း အဆင်းတွင် ပါဝါမျက်မှန်ကြောင့် လှီကားထစ်ကို အနီးချေထင်၍ ချနင်းလိုက်သည်တွင် ခြီခေါက်လျှက် သာလှဦးမှာ သမံတလင်းကြမ်းပြင်တွင် ဒုန်းပေါက်ဆောက်၍ကျသည်။ ကံကောင်းထောက်မ၍ မျက်မှန်ကားမကွဲ။ လက်ခေါက်ကျသဖြင့် တစိချေနာလားသည်။ မမချေတိရှိမှာ အရှက်မရအောင် ဒယွားကိုဖုန်ခါလျှက် စာသင်ခန်းမထဲသို့ အယင်အယင် လှမ်းဝင်လိုက်သည်။ အစပိုင်းတွင် သွီးပူနီ၍ ခြီထောက်မနာ။ နောက် တဖြည်းဖြည်းကိုက်လာသည်။ စာသင်ခန်းထဲက ပြန်ထွက်သောအခါ ဣနြေ္ဒမပျက်အောင် မနည်းကြိုးစားအားထုတ်ပြီး မိမိ၏ဗိမာန် ဝေသာလီဆောင် အခန်းနံပါတ် (ရ) သို့ အယင်အရောက် လမ်းလျှောက်လာလတ်ရသည်။ တော်ပါသိမ့်ယင့်။ မျက်မှန်ကြောင့် လှီကားထစ်က လူးကျသည်ကို တယောက်ချေလည်း မရိပ်မိ။ (ဆက်ရန်)

သတ်ပုံတလုံးပြောင်းသည်မှာ အလွယ်ချေမဟုတ်။ ကျိုးကြောင်းဆီလျှော်မှု ယုတ္တိဟိဖို့လိုသည်။ ထို့ကြောင့် သူ့မှာ အကျိုးအကြောင်းကို လိုက်ရှာရသည်။ (၍) ဆိုသည်မှာ (ငါရို့) က ဆင်းသက်လာခြင်းဖြစ်သည်။ ရှိအယင်က (လည်းကောင်း) ကို (၄င်း) ဟူ၍ ဂဏန်းနှင့် အက္ခရာပေါင်းပြီးရွီးသားခကတ်သည်။ အခုလည်း (၅) ဂဏန်းနှင့် ပွတ်လုံးပေါင်းစပ်လိုက်ခြင်းသည် မူရင်းအဓိပ္ပါယ်နှင့် မူလအရွီးအသား (ငါရို့) ကို အနီးစပ်ဆုံးဖေါ်ဆောင်ခြင်းဖြစ်သည်။ မြန်မာနှင့် မတူကွဲပြားသည်။ သို့ဖြင့် များမကြာ သာလှဦးသည် သူတပည့်တယောက်၏ Facebook Account ကို အသုံးပြုလျှက် ပေါင်းကူးအိန်တာနတ်ထက်တွင် (၅ိ) သား သတ်ပုံကို စတင်မိတ်ဆက်ပီးလိုက်သည်။ တခဏနှင့်ချက်ချင်း တောမီးလောင်သကဲ့သို့ ကမ္ဘာတ၀ှမ်း ပျံ့နှံ့လားသည်။ ထောက်ခံမှု မဲအများဆုံးရဟိသည်မှာ မလေးသျှားနိုင်ငံရောက် ရခိုင်စာပီအုပ်စုဖြစ်သည်။ လက်ခုပ်လက်ဝါးဖြောက်ဖြောက်တီး၍ ကြိုဆိုလက်ခံကတ်သည်။ အမေရိကသို့ ရောက်ဟိနီသော သူများကလည်း လိုက်ရွီးကတ်သည်။ ဘင်္ဂလားသို့ ရခိုင်ပြည်သီးခြားလွတ်လပ်ရီးအတွက် ရောက်ဟိနီသူများကလည်း လက်ခံလာကတ်သည်။ တချို့မဂ္ဂဇင်းများတွင် ပုံနှိပ်စာလုံးအဖြစ်မိတ်ဆက်ပီးလာသောအခါ သာလှဦး၏(၅ိ) သား သတ်ပုံမှာ နောင်းနောင်းနင်းနင်း အောက်ခြီခိုင်လာသည်။ ဦးသန်းစိန်လက်ထက် ဒီမိုကရေစီရခါစ ရခိုင်သားများကို ရခိုင်စာပီသင်ကြားပိုင်ခွင့်ပီးလာသောအခါ မူလတန်းရခိုင်စာသင်ရိုးညွှန်းတမ်းတွင်ပါ ပါလာသောကြောင့် သာလှဦး၏ (၅ိ) သားသတ်ပုံ အတည်ဖြစ်လားလီပါသည်တည်း။ သာလှဦးမှာ မိမိရည်မှန်းချက် ပြီးပြည့်စုံလားပြီးဖြစ်သည်အတွက် ကောင်းကောင်းကြီးကြေနပ်အားရဖြစ်ကာ ရခိုင်စာပီလောက ထာဝရအနားယူလိုက်ပါသည်။ (ဆက်ရန်)

သို့သော် လူ့အလိုကို နတ်မလိုက်နိုင်ဆိုသောစကားအတိုင်း တခုပြည့်စုံလျှင် တခုလိုလာသည်။ သာလှဦးသည် တဘ၀လုံး စာအုပ်ပုံကြား၌ သူ့ဘ၀ကို မြှုပ်နှံခရသဖြင့် အစားဆင်းရဲ အ၀တ်ဆင်းရဲ အနီဆင်းရဲ နီခရသည်။ ထို့ကြောင့် မယားလည်း အသက်လေးဆယ်ကျော်မှ ရသည်။ မယားမရခင် သူ ရခိုင်သမတယောက်ရဖို့ Facebook ထက်တွင် အသဲအသန်လိုက်ရှာခပါသည်။ Facebook ထက်တွင် ရခိုင်သမအလှပချေတိကို တွိသည်။ ယေကေလည်း အားလုံးသူက မြန်မာစကားဖြင့်ရွီးနီကတ်သည်ကို ရခိုင်စာပီသမားပီပီ ဘ၀င်မကျ။ တခါတခါ မချေရခိုင်သမ မဟုတ်လား၊ ရခိုင်ပိုင် ရွီးပါပလင် ပြောပါပလင်ထောက်ပြခီကေ အများနားလည်အောင် မြန်မာပိုင်ရွီးရစွာပါဆိုပြီးကေ သာလှဦးကို Block လုပ်လိုက်ကတ်တေ။ ရခိုင်အခြင်းနှင့် ရွီးကတ်တေ မမချေတိကို တွိခီပြန်ကေလည်း အရုပ်ကမလှ အသက်ကကြီး သာလှဦးမှာ မျောက်သစ်ကိုင်းလက်လွတ်ဖြစ်ပြီးသနာ နောက်ဘိတ်ဆုံးမှာ ချင်းမနှင့်ရာ ယူဖို့ကျသည်။ (ဆက်ရန်)

သာလှဦးမှာ တဘ၀လုံးဆင်းရဲခရသဖြင့် ဘ၀၌လူရတတ်ကြီးဖြစ်ဖူးချင်ပါသည်။ ထို့ကြောင့် နိမအား ညအား အလုပ်နှစိခုလုပ်သည်။ မကြာခင် ဒေါ်လာမြောက်များစွာ စုဆောင်းရဟိလာသည်။ ထို့ကြောင့် ရန်ကုန်တွင် တိုက်ခန်း (၂) ခန်း စစ်တွေတွင် အိမ်တအိမ်၊ မြောက်ဦးတွင် ခြံနှစ်ခြံလှမ်းဝယ်လိုက်သည်။ သို့သော် သူ့အလိုကား မပြည့်စုံသိမ့်။ ၀မ်းမပူသိမ့်။ ၀မ်းမပူဘဲ ဇာပိုင် သူဌီးဖြစ်ဖို့လဲ။ ၀မ်းပူအောင် လေ့ကျင့်ရသည်။ ရီများများသောက်ပြီး လီမျာများလျှူရသည်။ အဆီပါသော ၀က်သားကို ညိတိုင်းချက်စားသည်။ မကြာခင် ၀မ်းဗိုက်ထွက်လာသည်။ သူငယ်ချင်းများက ယာ သာလှဦးမှာ မယားဝမ်းမပူဘဲ လင်ကရာ ၀မ်းပူလာရေကားဆိုလျှင် သာလှဦးက ကောင်းကောင်း ပျော်သည်။

ဦးသိန်းစိန်လက်ထက် လွတ်ငြိမ်းချင်းသာခွင့်ပီးသဖြင့် သာလှဦး ကိုယ့်တိုင်းပြည်ကို အဖမ်းအဆီးမဟိပြန်လာရသည်။ နိုင်ငံခြားပြန် ဒေါ်လာသူဌီးကြီးဖြစ်နီသဖြင့် သာလှဦးမှာ လားလီရာရာ မျက်နှာပန်းလှ စန်းပွင့်လှပါသည်။ လူတိုင်းလူတိုင်းက ထမင်းခေါ်ကျွေးဖိတ်ကြားခြင်းခံရသည်။ ရခိုင်စာပီဟောပြောပွဲတိုင်း မနားတမ်းလိုက်ဟောရသည်။ နားချိန်မဟိ။ သို့သော် သာလှဦးကား မပျော်။ သူ့မှာ နှလုံးရောဂါမဟိ။ သွီးတိုးရောဂါမဟိ။ နှလုံးရောဂါ သွီးတိုးရောဂါမဟိဘဲ မြန်မာပြည်မှာ ဇာပိုင် သူဌီးစာရင်းဝင်ဖို့လဲ။ သွီးတိုးရောဂါဖြစ်ဖို့ ညိတိုင်းဆားအများကြီးစားပီးရသည်။ သွီးတိုးဖြစ်မဖြစ် ဆီးခန်းညိတိုင်းလားစစ်သည်။ သူငယ်ချင်းဆရာဝန်က သူငယ်ချင်းမှာ သွီးတိုးမဟိ စာဖတ်များလို့ လိုင်ကြောတက်စွာရာပြောကေ လုံးဝသဘောမကျ။ တရက်နိ သူငယ်ချင်းဆရာဝန်က အမြင်ကပ်ကပ်နှင့် ဂိုးချေမှာ သွီးတိုးဟိနီယာ နှလုံးရောဂါလည်း ဟိနီယာမြှောက်ပြောလိုက်သောအခါ သာလှဦးမှာ ကောင်းကောင်းပျော်ပါသည်။

များမကြာ (၅ိ) သားဆရာကြီး သာလှဦးတယောက် မိမိမွီးရပ်ဇာတိ မြောက်ဦးမြို့တွင် မရဏနှင့်ဈာန်ကြွပါသည်။ လူအများက အထူးကြည်ညိုလေးစားခြင်းခံရသော ရခိုင်စာပီသုတေသီကြီးတဦးဖြစ်သဖြင့် ဆရာကြီးဦးသာထွန်းနှင့် တတန်းတည်းထားကာ သာလှဦး၏အရိုးပြာကို ဂူသပ်လျှက် သျှစ်သောင်းဘုရား၌ မြှုပ်နှံခြင်းခံရသည်။

သာလှဦး၏အရိုးပြာအုပ်ဂူ၌စာတမ်းထိုးထားသည်မှာကား

အမျိုးသီလ နှစ်ဌာနကို
ပြည့်ဝမဏ္ဍိုင် စောင့်စွမ်းနိုင်၅ိ (အသံထွက် (၅ိ) သား)
ရက္ခိုင်နာမ ဘွဲ့မည်လှဖြင့်
အနွတ္တသညာ ခေါ်အပ်စွာတည်း --။
ဟူ၅ိ (အသံထွက် (၅ိ) သား) ဖြစ်ပါလီသည်တည်း။

(ရခိုင်ပေါင်းကူး သာလှဦး)
မေလ (၃) ရက် ၂၀၁၅ ခု တလဂုင်္နီနိ မိုးထ (၄) ချက်တီး အချိန်တိတိတွင် ရွီးပြီးဆုံးပါသည်။

Friday, June 1, 2012

ဖက်ခွက်လက်ချက် သဇင်တခက် ရာဇဝင်


Download

”အမိ ကျောင်းမှာအာစရိယပူဇော်ပွဲလုပ်ဖို့ ဖေသာ ၃၀၀ စီထည့်ရဖို့”

လေးတန်းကျောင်းသားချေ အောင်မြတ်ထွန်း ကျောင်းကအပြန်အိမ်ကို ရောက်ရောက်ချင်း လွယ်အိတ်ကို ဝေးချပနာ အမိနားကပ်ပြောလိုက်တေ။ မိစောနု သက်ပြင်းတချက် ချလိုက်မိရေ။ လင်ယောင်္ကျားသီလားစွာ ၄ နှစ်ပြည့်ဖို့ဗျာယ်။ လင်သည်သက်ဟိထင်ရှားဟိနီခါ ဒေကိစ္စတိကို မပူခရ။ ချစ်လင် မြတ်ထွန်းဦးက မြန်မာ့ဆိပ်ကမ်းက အစိုးရဝန်ထမ်းတယောက်ပါ။ တတောက်ပပြောင်မဟိကေလည်း ဒေကိစ္စချေတိကိုမပူခရ။ သူမအလုပ်က အိမ်တွင်းရီးကိစ္စ။ အချေတိကိုအိမ်တွင်းကနီ လိုအပ်စွာတိ အားလုံးလုပ်ပီးရေ။ သူမမှာ သမီးနှစ်ယောက်။ သားတယောက်။ အကြီးဆုံးသမီး ဦးသိန်းနုက လွန်ခရေနှစ်က ဆယ်တန်းအောင်လားပြီးဗျာယ်။ သားချေအောင်မြတ်ထွန်းက ဒေနှစ်လေးတန်း။ သမီးထွီး နုသဲဖြူက သုံးတန်း။ သမီးကြီးက ဆယ်တန်းအောင်ဗျာယ်ဆိုခါ အိမ်တွင်းရီးကိစ္စ စိတ်မပူရ။ သူမ ဈီးထွက်ရောင်းတိုင်း အစစအရာရာကို သမီးကြီးက ဒိုင်ခံလုပ်ပီးရေ။ အဖမဟိရေနောက်ပိုင်း မောင်ချေနန့် နှမချေကို အစရာရာပြုစု ဂရုစိုက်ပီးရေ။ ဖေသာမတတ်နိုင်လို့ အချေတိညကျောင်း မထားနိုင်ကေလည်း သမီးကြီးက သူရို့နှစ်ယောက်ကို စာပြပီးရေ။ လိမ္မာရီးခြားဟိရေသမီး၊ သမီးကြီးအမိအရာဆိုရေအတိုင်း၊ အမိနန့် လောင်းကူလှော်ဖက်ရရေ။

”အမိ မေကြီး အမိကိုကူညီနိုင်ဗျာယ်”

မိစောနု အတွေးစတိပျက်လားရေ။ အိမ်ထဲကိုပြီးဝင်လာရေ သမီးကြီဦးသိန်းနု အမိသည်လိုင်ပင်းကိုဖက်ပနာ ပြောလိုက်စွာဖြစ်တေ။

”ဇာဖြစ်လာစွာလဲ မေကြီး၊ ပျော်လုံးကြီးဆို့လို့ကာ”

”အမိ မေကြီးအလုပ်ရဗျာယ်။ ထိုတလောက ရန်ကုန်ကလာလို့ အသစ်ဖွင့်ရေ ဆီးကုမ္ပဏီမှာ”

”ဟိန့်…. မကြီးအလုပ်ရကေ မောင်မောင်ကို အာစရိယပူဇော်ပွဲအတွက် ဖေချာနန့် ဘောင်းဘီအသစ်တလုံးဝယ်ပီးနန်း”

မောင်ချေ အောင်မြတ်ထွန်းက အေးမကြီး အလုပ်ရစွာကိုကြားစွာနန့် သူလိုချင်စွာကို ချက်ချင်း တောင်းဆိုလိုက်တေ။

”မကြီးအလုပ်ရှာစွာ မင်းရို့အတွက်၊ မောင်မောင် စာရာကြိုးစားနန်း၊ မကြီးအားလုံးပီးမေ။”

မောင်မောင်တယောက် သူတောင်းစွာတိရဖို့ဆိုလို့ အပျော်ကြီးပျော်နီရေ။ မိစောနုက မျက်ရည်တိပင်ဝဲလို့ ပီတိဖြာနီရေ။ မိထွီးချေက အိမ်မှာမဟိ။ ထုံးစံအတိုင် အပြင်မှာ တခြားအချေတိနန့် ကဇတ်နီကတ်တေ။

ယင်းနိညဇာ မိသားစုထမင်းပွဲ စစည်ကကား။ ခါတိုင်းပိုင် အပေါစား ဟင်းငါးတိမဟုတ်။ မေကြီးအလုပ်ရရေ အထိမ်းအမှတ်နန့် မိစောနု ကြက်ရင်အုံတအုံဝယ်လာရေ။ ကြက်သားဆိုစွာ သူရို့ပိုင်လက်လုပ်လက်စားတိအတွက် နတ်သုဒ္ဓါ။ ယင်းနိ ထမင်းဝိုင်းမှာ ကြက်သားဆီပြန်၊ ငရုတ်ကြိတ်နန့် တို့စား၊၊ ကြာဆံနန့်ဘူးသီးဟင်းရည်သောက်၊ ကော်ဖီပွင့်ကျော်ရို့နန့် စစုံလလင် စားကတ်ရရေ။ မောင်မောင်နန့် မိထွီးက ထမင်းအလုပ်ပြတ်နန့် သူရို့လိုချင်ရေ လိုအပ်တေ ဘောလ်ပန်၊ ခဲတန်၊ ပေတံတိကို လစာထွက်တေနိ ဝယ်ပီးဖို့အတွက် တခုချင်းစီချပြနီကတ်တေ။ ပုံမှန်ဆို မကုန်တတ်တေ ထမင်းအိုးကြီး တတက်ပြောင်လားရေ။ မိစောနုတယောက် သားသမီးချေတိ ပျော်နီကတ်စွာကို ကြည့်လို့ပီတိဖြာပနာ သူမမျက်လုံးအိမ်ချေမှာ တမ်းတခြင်း၊ အောက်မိသတိရခြင်းတိ တရိပ်ရိပ်တက်လာရေ။ အော်…ကိုမြတ်ထွန်းဦး…..သူရာ ဒေထမင်းဝိုင်းမှာဟိကေ ဇာလောက်ပျော်ဖို့ကောင်းဖို့နန်း…….

အလုပ်ရလို့ နှစ်ပတ်ကြာရေခါ မေကြီးတယောက် အလုပ်ကိစ္စနန့် ခရီးထွက်ဖို့ကျရေ။ အရောင်းစာရေးမဆိုရေအတိုင်း မြို့ထဲက ဆီးခန်း၊ ဆီးဆိုင်တိမှာ တဆိုင်ဝင်တဆိုင်ထွက် ဆီးလားဖြန့်ရရေပိုင် နှစ်ပတ်တခါစီ တခြားမြို့တိကိုလားလို့ ဖြန့်ဝီရရေ။ သူမဖြန့်ချီရီး တာဝန်ကျရေမြို့က ဘူးသီးတောင်နန့် မောင်တောပါ။ သူမဘဝမှာ ဘူးသီးတောင်ဆိုရေမြို့ ပထမဆုံးခရီး။ ဒေတခေါက် မောင်တောထိတက်စရာမလို။ ဘူးသီးတောင်က ဆိုင်တချို့မှာဖြန့်ရဖို့။ ကိစ္စမဟိ။ သူမမှာ ဘူသီးတောင်မှာ အဝီးသင်တက်ဖက် သူငယ်ချင်း ကျန်သဲဖြူ အိမ်ဟိရေ။

တလင်္လာနိ မိုးထစစော အိမ်ဘေးက အခင်ဖြူသီး ဆိုက္ကားနန့် သင်္ဘောဆိပ်ကို ဆင်းကတ်တေ။ ဆိုက္ကားနောက်မှာ ဆီးကာတွန်းဗူးကြီးကို တင်လိုက်တေ။ မောင်ချေကို ရင်ခွင်ထက်မှာတင်လိုက်တေ။ ညကပင် မောင်ချေက မကြီးကိုသင်္ဘောဆိပ်ထိ လိုက်ပို့ပီးမေလတ်။ အမိက စစောကပင် ဈီးကြီးက ဟင်းချွတ်ဖို့ ထလားခဗျာယ်။ မောင်ချေကို မလိုက်ကဲ့ မကြီးတယောက်တည်းလားမေဆိုလို့မရ။ အေးမကိုစိတ်မချ။ ဇာစိတ်ချဖို့လဲ။ အချေဆိုကေလည်း သိရေ။ တခါတရီ မောင်နှမတတော လမ်းလျှောက်ထွက်ကတ်ကေ ယောင်္ကျားတိမြင်တိုင်း သူ မလွတ်တမ်း မျက်စိနောက်လို့ ကြည့်ထားရေ။ ကြည့်ဖို့နင်းရာ။ မြင်ရေယောကျာင်္းတိုင်း သူ့အေးမ ခန္ဓာကိုယ်က မျက်စိလုံးဝမခွါ။ မျက်စိထွက်ကျဖို့ပိုင် ကြည့်နီကတ်တေ။ ဦးသိန်းနုက အမိတူသမီး။ အသားကဖြူစွာလည်းမဟုတ် ညိုစွာလည်းမဟုတ်ပါ။ နီစပ်စပ်၊ နှာတံစစင်း၊ မျက်နှာသသွယ်၊ ဆံပင်က မတိုမရှည်၊ တင်းကား၊ ရင်စွင့်၊ မြင်ရေပုရိသယောင်္ကျားတိုင်း အကြည့်မခွါ သက်ပြင်းရှည်ချရစီရေ အလှပိုင်သျှင်မ။

စစ်တွေ၊ ပြည်တွင်းရီကြောင်း၊ သင်္ဘောဆိပ်ကိုရောက်ဗျာယ်။ ဇာချိန်ကပင်ရောက်နီကတ်တေ ခရီးသည်တိလည်းမသိ၊ ဖောင်တော်တန်းခါးဝမှာ ကျိတ်ကျတိုးနီကတ်တေ။ တန်းခါးဖွင့်ဖို့စွာကို စောင့်နီကတ်စွာ ထင်ယင့်။ သူမ ဘူးသီးတောင်၊ မောင်တောကို ခရီးမထွက်ဖူးကေလည်း သူငယ်ချင်း ကျန်သဲဖြူပါးက အသေးစိတ်မီးထားရေ။ ယင်းတန်းခါးဘေးမှာ ရိုးရိုးလက်မှတ် အရောင်းဌါနဟိရေ။ သူမအတွက် ရိုးရိုးလက်မှတ်ဝယ်လိုက်ကေ အဆင်ပြေဖို့မထင်။ ဆီးဘူးတန်းလန်းနန့် ဒုက္ခကျဖို့မနား။ ရိုးရိုးလက်မှတ်က သဘောင်္ကုန်းပတ်ထက်မှာ ထိုင်လိုက်ရစွာမနား။ ကုမ္ပဏီကလည်း အထက်တန်းလက်မှတ်အတွက် ခရီးစရိတ်ပီးထားရေ။ ဖောင်တော်တန်းခါးမကြီးဘေးမှာ လူတကိုယ်စာ အပေါက်တပေါက်ဟိရေ။ ကိုဖြူသီးက အထက်တန်းလက်မှတ်ဝယ်ချင်ကေ ယင်းအပေါက်က ဝယ်ရရေလတ်။

တန်းခါးပေါက်ကို လှမ်းကြည့်လိုက်တေခါ မြန်မာစစ်သားတိ ဝင်လိုက်ထွက်လိုက်လုပ်နီကတ်တေ။ မြန်မာစစ်သားဆိုလို့ ဘာဘာပြောရေစကားကိုသတိရလားရေ။ ”ဒေလင်းပြန်မသား မြန်မာစစ်သားတိ ကိုယ်ချင်းစာတရားမဟိရေ အကောင်တိ” လတ်။ ဘာဘာ ဇာဖြစ်လို့ဒေပိုင်ပြောရေ သူမနားမလည်ပါ။ ဘာဘာ စာဖတ်ကောင်းဝါသနာပါရေပိုင် လူပေါင်းဆန့်ရေ လူတယောက်လည်းဖြစ်တေ။ ယေလည်း မြန်မာတိနန့် ပေါင်းသင်းဆက်ဆံခါ မယုံသင်္ခါမျက်စိတိနန့် ရက်ပြတ်ကြည့်တတ်တေ။ ဇာဖြစ်လို့လည်းမေကြီးမသိ။ သိဖို့လည်းမကြိုးစားခပါ။ ဒေဂုဆီးကုမ္ပဏီက Supervisor မြန်မာကို ဘာဘာရာမြင်ခကေ ကြိုက်ချင်ဖို့မဟုတ်။ အင်တာဗျူးရေနိက မေကြီးပိုင် အင်တာဗျူးလာဖြေရေ မမချေတိမကန်။ ခန့်ဖို့စွာက ၃ ယောက်ရာ။ အင်တာဗျူးမှာ ထထွေထထူး တခုလည်းမမီးခ။ အလုပ်နန့်မဆိုင်စွာတိမီးပြီးကေ ”ညီမလေးကသိပ်ချောတာဘဲ” လတ်။ ရဖို့မထင်ခ။ Result ထွက်ခါ ဦးသိန်းနု နာမည် ထိပ်ဆုံးကပါရေ။ အံ့သြဖို့ကောင်းရေ။ အလုပ်ရှာရစွာ ယင်းလောက်လွယ်ဖို့မထင်ခ။

ဦးသိန်းနု တန်းခါးအပေါက်နားကို မရဲတရဲ ကပ်လိုက်တေ။ အပေါက်နားမှာ မြန်မာစစ်သားတယောက် အငမ်းမရ မျက်စိနန့်

” ညီမလေး ဘာရှာတာလဲ? ” (မြန်မာဘာသာ)

”အထက်တန်းလက်မှတ်ဝယ်မလို့ပါ၊” (မြန်မာဘာသာ)

”ဦးလှမောင်သိန်းရယ် လက်မှတ်ဝယ်မလို့တဲ့။” (မြန်မာဘာသာ)


ယင်းစစ်သား မဆီမဆိုင် အရောတဝင် ပြောလာရေ။ အခန်းထဲကို ဦးသိန်းနု မဝံ့မရဲဝင်လားလိုက်တေ။ ဆိပ်ကမ်းမှူး ဦးလှမောင်သိန်းဆိုစွာ အခင်ကြီးထင်ရေ။ ရခိုင်သား၊ အသက်အကြီးပိုင်း၊ လေးထောင့်စားပွဲအလယ် ကုလားထိုင်တလုံးမှာ ထိုင်နီရေ။ သူ့ဘေးပတ်လယ်မှာ အားလုံးစစ်သားတိပါ။ ဇာလုပ်နီကတ်တေမသိ။ ဝေါ်ကီတော်ကီ ခါးမှာချိတ်ထားရေ အရပ်ဝတ်နန့် မြန်မာတိလည်းမြင်ရေ။ ထောက်လှမ်းရီးဆိုစွာ လူတိထင်ရေ။ ဦးသိန်းနု ဆိပ်ကမ်းမှူးနားကို ကပ်ပြီးကေ ပြောလိုက်တေ။

” အခင်… Upper တန်း တနီရာချေ ရပါဖို့လား?”

” မချေ ညက.. Booking လုပ်ထားလာ?”

”Booking လုပ်ဖို့ရောက်လာပါသိမ့်ရေ။ လက်မှတ်စာရီးက Upper တန်းဆိုကေ မိုးထစောစောမှ လာဝယ်ရဖို့ပြောလိုက်ပါရေ။”


ဆိပ်ကမ်းမှူးကြီးတခုလည်းမပြောပါ။ မကြားလား၊ မကြားကွန်ဆောင်နီစွာလား မသိ။ မျက်နှာကလည်း ဂေါင်းချုပ်နီရေမျက်နှာမျိုး၊ စရင်းစာအုပ်ကို ရှိတခေါက် နောက်တလှန်ကြည့်နီရေ။

”မချေ အခန်းရဖို့က မသေချာကာ။ တနားလောက်စောင့်ကြည့်လိုက်နန်း”

”ဒေမှာ လူကြီးတိနန့်ပြည့်နီရေ။ သူရို့မလိုက်ဆိုကေတော့ ရလိမ့်မေ။”

လူကြီးဆိုစွာ အသက်ကြီးရေလူထက်၊ မြန်မာစစ်သား အရာဟိတိကို ခေါ်စွာလို့ သူမသဘောပေါက်လိုက်တေ။ သူ့မသူငယ်ချင်းပြောစွာ မှန်ရေထင်ယင့်။ အထက်တန်းလက်မှတ် ဆိုစွာက အမြဲတမ်းပြည့်နီရေလတ်။ မြန်မာစစ်တပ်အတွက်ရာလတ်။ စစ်သားတိမလားကေလည်း သူရို့နန့်နီးစပ်တေ လူတိရာ ရရေလတ်။ ဦးသိန်းနု ထထွေထထူးမစိုင်းစားစဗျာယ်။ ရိုးရိုးလက်မှတ်ရောင်းရေ အပေါက်နားကိုပြီးလားရေ။ ရှိက ဟိနီရေလူတိကို တိုးပြီးကေ လက်မှတ်တစောင်ဝယ်လိုက်တေ။ ပြီးကေ ဆီးဗူးအတွက် တန်ဆာ (ကုန်ခွန်ခ) ဆောင်လိုက်တေ။ အပြင်မှာ မောင်ချေနန့် ကိုဖြူသီး ရပ်စောင့်နီတုန်းသိမ့်ပါ။

”မောင်ချေ မမလက်မှတ်ရဗျာယ်။ ကိုဖြူးသီးနန့်ပြန်လီနန်း။ ကိုဖြူသီးကျေးဇူးတင်ပါရေနန်း။”

လို့ပြောယင်း ဆိုက္ကားခထုတ်ပီးပြီးကေ ဖောင်တော်အပေါက်ကတဆင့်ဖြတ်ယင်း သင်္ဘောထက်ကို တက်လိုက်ပါရေ။

ကုန်းဘတ်ထက်အရောက် ရှိက ဆီးကာတွန်းဗူးကို ထမ်းလာရေ အထမ်းသမားကို တနားစောင့်ခိုင်းယင်း သင်္ဘောသားတယောက်ပါးက ဝန်ထမ်းသက်သာ ကုလားထိုင်တလုံးကို ဖေသာ ၃၀၀ ပီးလို့ ငှါးလိုက်တေ။ အားလုံးချချောမမောပါ။ သူမ ရလိုက်တေ ကုလားထိုင်နီရာက နီရာကောင်း။ သင်္ဘောဘေးဘောင်တန်းနန့် မနီးမဝီး။ လီသသွတ်ချေနန့် ပပိုက်နနှိုက်ကျရေ။ ယေလည်း တခုမကောင်းစွာက ညှာဖက်ဒေါင့် လူငါးယောက်လောက်အခြားမှာ စစ်သားတအုပ်စုပါလာရေ။ သူရို့တိကိုကြည့်ရစွာ ဒေသင်္ဘောထက်မှာ သူရို့အုပ်စုကအပ ကျန်လူတယောက်လည်း မပါလို့ထင်နီပုံရရေ။ အော်ကျယ်ဟစ်ကျယ်နန့် ရရောင်သတ်ပြီးကေ ဖိုသံပီးနီကတ်တေ။ သူ့ရို့မျက်လုံးတိက အပြစ်ဒဏ်အပီးခံထားရရေ မျက်လုံးတိပိုင် သူမကို မျက်လုံးကျွတ်ထွက်အောင်ကြည့်နီကတ်တေ။ သူမဂရုမစိုက်ပါ။ တခါတရီ သူမကိုယ်သူမ မုန်းချင်ရေ။ ဇာဖြစ်လို့ ငါ့ခန္ဓာကိုမှ ယောင်္ကျားတိ စိတ်ဝင်စားကတ်တေလဲ။ သက်ပြင်းတချက်ချလိုက်ပြီးကေ မျက်နှာကို တခြားတဖက်ကို လွှဲထားလိုက်တေ။

သင်္ဘောစထွက်လာဗျာယ်။ သင်္ဘောနာမည် ”ဓညဝတီ (၁)” ပါ။ ဆတ်ရိုးကျချောင်းက သင်္ဘောတရွိရွိနန့် လိပ်ချေတကောင်ပိုင် ထွက်လာရေ။ မလိခဆိပ်နားလောက်ကိုရောက်စွာနန့် သဘောင်္တဖက်တချက်ကို ဆန်အိတ်တိတင်ထားရေ သန်ဗာန်တိ သူ့ထက်ငါအယင် ကပ်လာလတ်တေ။ ဘူးသီးတောင်ကို မှောင်ခိုခိုးတင်နီကတ်စွာတိဆိုစွာ မပြောလည်းသိရေ။ မိန်းမ၊ ယောင်္ကျားမကျန် အားလုံးသူ တက်ညီလက်ညီ သူထက်ငါယင် လုတင်နီကတ်တေ။ လူတိ တဝမ်းတခါးအတွက် အမျိုးမျိုးလုပ်ကတ်ရစွာမနား။ ဘာဘာ ရက်ပြတ်ပြောနီကျစကားတခွန်းကို နားထဲကြားယောင်လာရေ။ ငါရို့ရခိုင်ပြည်ရေ ရီခံမြီခံကောင်းရေ၊ သယံဇာတ၊ ဆန်ရီစပါးတိပွါးရေ။ ယေလည်း ဒေစနစ်ဆိုးကြောင့် ငါရို့ ထမင်းနပ်မှန်ဖို့အတွက် ကကောင်းကြိုးစားနီကတ်ရရေလတ်။ ဇာစနစ်ဆိုးလဲ သူမ မတွေးတတ်။

သင်္ဘောတရွိရွိနန့် ဆတ်ရိုးကျချောင်းကအထွက် ဘယ်ဖက်ကိုလှည့်ပြီးကေ ဂစ္စပနဒီ မြစ်ကြောင်းအတိုင်း စုန်ဆင်းလိုက်လာရေ။ သင်္ဘောကုန်းဘတ်က ကမ်းဖက်ကိုငေးကြည့်နီယင်းနန့် ကျီကရောင်ဘာကရောင်မြည်ပြီးကေ လိုက်လာလတ်တေ စိုင်းဒြားမင်းခွါငှက်တရွီကို မြင်လိုက်တေ။ အော်….ဝင်းကိုခိုင်တေးခြင်းထဲက စိုင်းဒြားငှက်ဆိုစွာ ဒေငှက်တိကိုပြောစွာမနားယေ။ သူမ ဝင်းကိုခိုင်တေးခြင်းဆိုကေ ကကောင်းကြိုက်တေ။ သူကရခိုင်ပြည်မှာ နာမည်ကြီးအဆိုတော်မနား။ သူမသူငယ်ချင်းတိလည်း အားလုံးသူ့ကိုကြိုက်ကတ်တေ။ ကုလားထိုင် နောက်မှီမှာ ဂေါင်းတင်ဗျာယ် တောင်မြောက်တွေးယင်း မျက်လုံးချေ စင်းပါလတ်တေ……………

ပူး….ပူး…..ပူး………….

သင်္ဘောဥသြသံကြောင့် သူမလန့်နိုးလားရေ။ ယာ…..ရသေ့တောင်မြို့ကိုတောင် ဆိုက်ဖို့ပျင်နီဗျာယ်။ ရသေ့တောင်ချောင်းကိုဝင်ယင်း သင်္ဘောဦးကို လှည့်နီရေ။ ဖောင်တော် အရင်းဖက်မှာ နည်းရေလူအုပ်ကြီးမဟုတ်။ ဖောင်တော်ထက်မှာတော့ခါ စစ်ယူနီဖောင်းဝတ်လို့ မြန်မာစစ်သားတိလည်းအများကြီးမြင်ရရေ။ တခုထူးဆန်းစွာက ထမင်းထုပ်၊ ဒေသထွက် အစားအစာတိ လာရောင်းကတ်တေ ဈီးသည်တိက သင်္ဘောမှာပါလာရေ ခရီးသည်တိ သာသာလောက်ဟိဖို့ထင်ရေ။ တရက်နီမှ ရသေ့တောင်မြို့ကို သင်္ဘောအစုံတစီး၊ အဆန်တစီးရာကပ်တေ။ ဒေဈီးသည်တိဘဝက သနားဖို့ကောင်းရေ။ သူမအရွယ် ဈီးသည်မချေတိကို အစောင့်ရဲတိက သင်္ဘောမကပ်ဘဲနန့် မတက်ရလို့တားနီရေကြားက ထဗိန်တတိုတိုချေဝတ်ပနာ လက်တဖက်က ဗန်းချေတိကိုင်လို့ အလုအယက် တက်ဖို့ကြိုးစားနီကတ်တေ။ အော်…အမိ..အဖ..ကျေးဇူးကြောင့်သူမ ဆယ်တန်းချေ အောင်ပြီးကေ အလုပ်ချေတခု ရရေမနား။

သင်္ဘောရသေ့တောင်ဆိပ်မှာ နာရီဝက်လောက်နားပြီးကေ မယူမြစ်အတိုင်း စုန်ဆင်းလာရေ။ ဂုနားက သင်္ဘောသားတယောက် ပြောစွာကြားလိုက်တေ။ ဒေနိ ဖြားသင့်ရေ သင်္ဘော ဘူးသီးတောင်ကို စစောရောက်ဖို့လတ်။

ဘူးသီးတောင်ရောက်ကေ ယုံးကပီးလိုက်တေ ဆီးဆိုင်လိပ်စာအတိုင်း လားရောင်းဖို့။ ယင်းအပြင် ဆိုင်အသစ်တိရှာပြီးကေ အများကြီးထွက်အောင်ရောင်းခဖို့။ အများထွက်လီ သူမအတွက် ကော်မသျှင် ပိုရလီမနား။ ဒေအတိုင်းဆိုကေ ခရီးစရိတ်ကလည်း စိကေတဗွေထွက်ဖို့။ ယုံးက အထက်တန်းလက်မှတ်ခ ပီးရေ။ သူမရိုးရိုးတန်းနန့် လာရေ။ ထမင်းစရိတ်လည်းသက်သာရေ အိမ်ကထမင်းဗူးချေ ယူလာရေ။ ပိုစွာဖေသာချေတိကို မောင်ချေ၊ ညမချေတိ အတွက်လိုအပ်စွာချေတိ ဝယ်ပီးလို့ရရေ။ အမိလည်း အယင်ပိုင် ပပင်ပပန်းလုပ်စရာမလို။ သူမတဖက်တလမ်းက ဖေသာထောက်ပံ့ပီးကေ အမိအယင်ပိုင် ပင်ပန်းစရာမလို။ သူမလည်း ရရေ ဖေသာချေတိစုပြီးကေ အဝီးသင်ကျောင်းစရိတ်အတွက် အမိပါးက တောင်းစရာမလိုဗျာယ်။ အချိန်ရကေ သူမကောင်းတက်ချင်ရေ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်းတိ တက်လို့ရရေ။ သူမကိုယ့်စိတ်ကူးနန့်ကိုယ် တက်ကြွနီရေ။သူမမိသားစုကိုလည်း ကူညီနိုင်ဗျာယ်ဆိုရေ ခံစားမူတိနန့် လန်းဆန်းပျော်မြူးနီရေ။ ဖူးပွင့်စ သဇင်ပန်းချေတပွင့်၊ ယုံကြည်မူအပြည့်နန့်။

ယေလည်း ဒေလောကကြီးမှာ မထင်ထားစွာတိဖြစ်တတ်ပါရေ။ ဘဝပီးကံကြောင်းလား? စနစ်ဆိုးကြောင်းလား? လူပုဂ္ဂိုလ်ကြောင့်လား? သူမပါးကို ဒေပိုင်ဆိုးဝါးရေ အဖြစ်ဆိုးကြီးကျလာဖို့စွာ မသိစွာအမှန်ပင်။

ခရီးသည်တိ ရွစိရွစိ ဖြစ်နီကတ်တေ။ သင်္ဘောဆိုက်ဖို့ ဦးလှည့်နီဗျာယ်။ ထူးဆန်းစွာက ရသေ့တောင်ဆိပ်ကမ်းမှာထက် များရေလူအုပ်ကြီးပင်ဖြစ်တေ။ ကူလီသမားတိက တဝက်လောက်ဟိဖို့ထင်ယင့်။ ကျန်တဝက်က မြန်မာစစ်သားတိနန့် လာကြိုရေလူတိပင်ဖြစ်တေ။ နောက်တခုက ဘူးသီးတောင်မှာ ဒေလောက်ကုလားများဖို့မထင်ခ။ ဒေမြို့လူဦးရေ ၈၀ ရာခိုင်နှုန်းစွာ ကုလားတိလတ်။

သူမနားကို အထမ်းသမား တရွီရောက်လာရေ။ စက္ကူဗူးချေတဗူးကို သူထမ်းဖို့ ငါထမ်းဖို့ လုနီကတ်တေ။ သူမမျက်နှာတတင်းနန့် သူမနားကို အယင်ရောက်လာရေ အထမ်းသမား ထမ်းဖို့ပီးလိုက်တေ။ ဆီးကာတွန်းကို မျက်စိချယင်း ရှိကခရီးသည်တိနောက်က မျှောင်လိုက်လာလတ်တေ။ မြန်မာစစ်သားတိနန့် ယင်းသူရို့မိသားစုတိ အယင်တက်ပြီးမှ ကျန်ခရီးသည်တိကို တက်ခွင့်ပြုရေ။ သူမရှိက ခရီးသည်တိကို ရဲ၊ လဝက၊ ကာစတင်၊ တဖွဲ့ပြီးတဖွဲ့စစ်ဆေးနီရေ။ ထူးဆန်းစွာက ကာစတင်ဆိုရေ လူတိကလည်း စစ်ယူနီဖောင်းဝတ်ထားရေ။

သူမအလှည့်ကျလာရေ။ ယင်းတပ်ဖွဲ့က နှာဘူးတိ သူမခန္ဓာက မျက်စိလုံးဝမခွါ။ အဆိုးဆုံးက ကာစတင်ဆိုရေ စစ်ယူနီဖောင်းဝတ်ထားရေ မြန်မာစစ်သားနှစ်ယောက်။ ကိုယ့်နှမ သူ့နှမ မစာနာ၊ ဒေလောက်ပင် ရရိုင်းစစိုင်းကြည့်ရလာ။ လဝကခုံရှိကိုအရောက် အလုပ်မဟိအလုပ်ရှာလို့ မှတ်ပုံတင်ပြခိုင်းရေ။ အော်….ရခိုင်က ရခိုင်ပြည်မှာ မှတ်ပုံတင်ပြရရေဘဝ။ လဝက ကပြုံးစိစိနန့် မှတ်ပုံတင်ပြန်ပီးရေ။ ဒုတိယ ခုံတန်းကိုရောက်လာရေ။ အရှက်မဟိရေ တဏှာရူးတိခုံတန်း။ ထိုလူနှစ်ယောက်နားကို ရောက်စွာနန့် သူမ ဖော်မပြတတ်တေ အန္တရာယ်အငွိအသက်တခု ရလိုက်တေပိုင်။

”ညီမလေးက ဆေးကုမ္ပဏီကလား?” (မြန်မာဘာသာ)

”ဟုတ်ကဲ့” (မြန်မာဘာသာ)

”ဒီကိုမရောက်ဖူးဘူးထင်တယ်” (မြန်မာဘာသာ)

တယောက်မျက်နှာ တယောက်ကြည့်လို့ ပြုံးစိစိနန့် ကြည့်လိုက်ကတ်တေ။ သူရို့မျက်နှာတိက စားနီကျကြောင်ဖားတိပိုင်။ ငါရို့အတွက် ဂွင်တဂွင်မိဗျာယ်ဆိုရေအတိုင်း။ သူမတခု စိုင်းစားမိလိုက်တေ။ ဒေတဏှာရူးတိ ငါဆီးကုမ္ပဏီကဆိုစွာ ဇာပိုင်သိလဲဂု? အော်…. သိဗျာယ် ငါ့ဆီးကာတွန်းဘူးကိုမြင်လို့ထင်ရေ။ ယင်းပိုင်စိုင်းစားနီယင်း……..

”ညီမလေးမှာ ဆီးသယ်ယူခွင့် စာရွက်ပါရဲ့လား?” (မြန်မာဘာသာ)

သူမမှာ ပါလာရေခါ ဆီးစရင်းကိုထုတ်ပီးလိုက်တေ။ ကုမ္ပဏီက သယ်ယူခွင့်ဆိုရေစာကို မပီးလိုက်။ တခြားကိုယ်စားလှယ်တိလည်း လိုရေလို့ တခါလည်းမပြောဖူး။ အော်…တခုခုဖြစ်လို့ကမလွယ်။ Supervisor က ဒေဆီးကာတွန်းကို ဂရုစိုက်ဖို့နန့် မပျောက်ချဖို့ သူမကို အတန်တန်မှာလိုက်တေ။ ပစ္စည်းပျက်စီးဆုံးယှုံးကေ သူမအပြစ်လတ်။ ဆီးတန်ဖိုးက လွယ်စွာမဟုတ်။

”မပါဘူး” (မြန်မာဘာသာ)

သူမပစက ပြုတ်နန့်ပင် ထွက်လာရေစကားလုံးပါ။ သူရို့နှစ်ယောက် ဒုတိယအကြိမ်တယောက်မျက်နှာကိုတယောက် ထပ်ပနာ ကြည့်ယင်း ပြုံးလိုက်ကတ်စွာ သူမမြင်လိုက်တေ။ သူရို့လိုချင်ရေ အဖြေရလားရေပုံမျိုး။

”ဒါဆို ညီမဆေးကာတွန်းကို အကိုကြီးတို့ ခဏသိမ်းထားလိုက်မယ်။ စိတ်ချ ညီမဆေးတွေ မပျောက်စေရဘူး။ ညနေ ၉ နာရီမှာ ဒီလိပ်စာအတိုင်း လာယူလိုက်နော်။” (မြန်မာဘာသာ)

သူမစိတ်မှာ စိုးရိမ်မူနန့်အတူ အားငယ်စိတ်ပါဖြစ်လာလတ်တေ။ တခြားသူတိလည်း ဒေအတိုင်း လာနီကတ်စွာဗျာယ်မနား။ ငါ့ခါကျမှ ဇာတွက် သိမ်းထားလိုက်စွာလဲ။ ဇာပင်ဖြစ်ဖြစ် ညဇာ ၉ ချက်တီး လားယူခီရဖို့။ အားလုံးအဆင်ပြေလိမ့်မေလို့ သူမကိုယ်သူမ အားတင်းလိုက်တေ။ သင်္ဘောဆိပ်တတည့်မှာ တည်းခိုခန်းတခုတွိစွာနန့် ယင်းတည်းခိုခန်းကို တန်းဝင်လိုက်တေ။ မှတ်ပုံတင်နန့် ကျသင့်ရေ ဖေသာာကို ယှင်းပြီးနာ သူမအတွက် ပီးရေအခန်းထဲကို ဝင်လိုက်တေ။ ဂုမှ ၆ ချက်တီးရေသိမ့်။ ၉ ချက်မတီးခင် ရီမိုးချိုးပြီးနာ ထမင်းစားပြီးကေ အသင့်လုပ်ထားရဖို့မနား။ သူမရီချိုးပြီးကေ ဝမ်းဆာလာစွာနန့် တည်းခိုခန်းဘေးက ထမင်းဆိုင်ကို ဝင်စားလိုက်တေ။ ထမင်းစားရစွာရာတခု ထမင်းမခြီ။ ထမင်းဆိုင်မှာ ထိုင်ယင်းနန့် ထိုဒေတွေးနီလိုက်ယင်း ၈ ချက်တီးခွဲလားရေ။ ဘူးသီးတောင်မြို့မှာ နီဝင်စွာနန့် လူတိ အလားအလာ နည်းပါလတ်တေ။ သူမ ကုလားဆိုက်ကားတစီး ငှါးပနာ လိပ်စာအတိုင်း မောင်းခိုင်းလိုက်တေ။ ဘူသီးတောင်မြို့ထဲမှာ ဒေအချိန်ဆိုကေ လမ်းမှာ လူအလားအလာ ကောင်းနည်းလားဗျာယ်။ ဆိုက်က္ကားသမား မြို့ပြင်ဖက်ကို ဦးတည်နင်းနီရေ။ သူမကြောက်စိတ်တိဝင်လာရေ။ တလမ်းလုံးမှောင်နီရေ။ ယေပင်လည်း သူမကိုသူမ အားတင်းလိုက်တေ။ ကောင်းမကြာခင် လိပ်စာကအိမ်ရှိကို ရောက်လာရေ။ ဆိုက္ကားသမားကို ဖေသာပီးပနာ အိမ်တန်းခါးဝကို လျှောက်လိုက်တေ။ ဘေးပတ်ဝန်းကျင်တခုလုံး မှောင်ပနာ တိတ်ဆိတ်နီရေ။ အိမ်တန်းခါးနားကိုရောက်စွာနန့် အိမ်ထက်က လူတယောက်ဆင်းလာရေ။

”ဝင်လာခဲ့ညီမ” (မြန်မာဘာသာ)

သူမပါးက အထုပ်သိမ်းယူထားလိုက်တေလူဆိုစွာ သူမချက်ချင်းမှတ်မိလိုက်တေ။ ယင်းလူက အိမ်ထက်ကို ဦးဆောင်ခေါ်လားရေ။ ယောင်ပြင်ခန်းကို ရောက်စွာနန့် နောက်တယောက်ကို တွိလိုက်တေ။ ယင်းလူလည်း သင်္ဘောဆိပ်မှာ သူမပါးက အထုပ်သိမ်းထားရေလူထဲကတယောက်ပါ။ သူရို့နှစ်ယောက်လုံးကို ကြည့်ရစွာ မျက်စိတိ ဂနာမငြိမ်ဖြစ်နီကတ်တေ။ ဆတ်တီခုံထက် အရက်ပုလင်းထောင်ထားကတ်တေ။ ဒေလူတိ အရက်သောက်နီကတ်တေ။ ဇာတွက်ငါ့ကို ဒေအချိန်မှ ခေါ်စွာလဲ။ ဒေလူတိ ရိုးကရိုးယင့်လား။ သူမကြောက်စိတ်ဝင်လာရေ။ ယေလည်း အားတင်းပြီးကေ ခုံဝိုင်းမှာ ဝင်ထိုင်လိုက်ယင်း စိုးရိမ်တကြီးမီးလိုက်တေ။

”ကျမ ဆေးတွေ ….” (မြန်မာဘာသာ)

”ဘာမှမစိုးရိမ်နဲ့ အကိုတို့ အဆင်ပြေအောင်လုပ်ထားတယ်” (မြန်မာဘာသာ)

လို့ သူမစကားမဆုံးခင် ထိုင်နီရေလူက ဝင်ပြောလိုက်တယ်။

”အဲလိုဆိုရင် ကျမဆေးယူပြီး ပြန်တော့မယ်၊ အပြင်မှာ မှောင်နေပြီ။” (မြန်မာဘာသာ)

”ဖြည်းဖြည်းပေါ့ ငါတို့က နင်ကိုမြင်ကတည်းက အယမ်းခင်ချင်နေတာ” ”ရခိုင်မလေးတွေက အယမ်းခင်ဖို့ ကောင်းတာ” (မြန်မာဘာသာ)

လို့ပြောယင်း အရက်တခွက်မော့သောက်လိုက်တေ။ ယင်းလူထိုင်နီရေ ခုံဘေးနားမှာ ဆီးကာတွန်း ချထားစွာကို သူမမြင်လိုက်တေ။

”မှောင်နေလို့ ကျမပြန်တောမယ်နော်….” (မြန်မာဘာသာ)

လို့ပြောပြီးကေ ဆီးကာတွန်းကို ထယူဖို့ အပျင်……

သူမပက်ခုံးးထက်ကို နောက်ကရပ်နီရေလူ လက်နှစ်ချောင်းတင်ယင်း သိုင်းဖက်ဖို့ကြိုးစားလာရေ။ သူမ ရှက်ခြင်း၊ ဒေါသထွက်ခြင်း၊ ကြောက်ခြင်းတိ တပြိုင်တည်းဖြစ်လားရေ။ သူမခန္ဓာ တဆတ်ဆတ်တုန်နီရေ။ ငါဇာလုပ်ကေ ကောင်းဖို့လဲ။ အော်လိုက်ကေ ကောင်းဖို့လား။ မဖြစ်သိမ့် အော်လို့ လူတိသိလားကေ ရှက်ကောင်းထမန်း။ ငါဒေက အယင်ထွက်ပြီးရဖို့လို့ ဆုံးဖြတ်ယင်း ယင်းလူလက်ကို ပုတ်ခါပြီးကေ တန်းခါးဝကို ထွက်ပြီးရေ။ လှီကားထစ်ကို ဆင်းဖို့အပျင်မှာ ယင်းလူ သူမလက်ကိုဆွဲဖို့ကြိုးစားရေ။ ကြောက်စိတ်နန့် ဇကုန်လက်ပြန်တုတ်ပနာ ခြံပြင်ကိုထွက်ပြီးရေ။ ယင်းလူယုတ်မာနှစ်ကောင် နောက်က ထက်ကြပ်လိုက်တေ။ ခြီလှမ်း အလှမ်းလေးငါးဆယ်လောက်ရာပြီးလိုက်ရရေ။ နောက်ကလိုက်လာရေလူ သူမကို မှီလာရေ။ သူမအင်္ကျီကိုအားနန့်ဆွဲပြီးနာ ရှိကိုဆောင့်တိုးလိုက်တေ။ ယောင်္ကျားနန့် မမအား ဇာပိုင်နိုင်ဖို့လဲ။ သူမ ရှိကို အားလွန်ကျပနာ ဘေးကမြောင်းကို လူးကျလားရေ။ နောက်ကလိုက်လာရေ လူယုတ်မာ သူမကိုခွပြီးကေ လက်နှစ်ဖက်ကို ချုပ်ဖို့ကြိုးစားနီရေ။ ဒေတခါတော့ မထူးဗျာယ်။ ငါအော်လိုက်ဖို့ဗျာယ်။ ဒေခွီးသား လူယုတ်မာတိလက်ထဲမှာတော့ ငါအရောက်မခံနိုင်။ သူမ ဟိသမျှအားကို ညှစ်ထုတ်ပနာ အသံကုန်အော်ချလိုက်တေ။ ဇာအသံလည်းမထွက်လာ။ နောက်ကထပ်လိုက်လာရေ နောက်တယောက်လူယုတ်မာက သူမပစကိုဖိထားလိုက်တေ။ တယောက်က ပစပိတ်ယင်း နောက်တယောက်က သူမပေါင်နှစ်ဖက်ကို လှမ်းချုပ်လိုက်တေ။ သူမဟိသမျှအားနန့် အစွမ်းကုန်ရုန်းယင်း ကြောက်လန့်ခြင်း၊ ဒေါသထွက်ခြင်း၊ ရှက်ခြင်း၊ မွန်းကျပ်ခြင်းတိနန့်အတူ အမှောင်ထဲမှာ အမှောင်ကို ထပ်ဆင့်လူးကျလားရေ။

”တေး….တေး….တေး……”

ကားဟွန်းသံကြောင့် သူမ လန့်နိုးးသတိရလာရေ။ ငါဇာကိုရောက်နီစွာလဲ။ အော်..သိဗျာယ် ထိုလင်းပြန်မသား လူယုတ်မှာတိ ငါ့ကို အဓမ္မကျင့်လားခဗျာယ်။ သူမအင်္ကျီသီးတိကို ပြန်တပ်ပနာအထ ဆီးဗူးကို လက်နန့်တိုက်မိလိုက်တေ။ ယင်းလူယုတ်မာတိ သူရို့ဆန္ဒကိုဖြည့်ပြီးကေ ဆီးဗူးကို ထားပစ်ခကတ်တေ။ သူမ ဝမ်းနည်းပက်လက် ငိုချလိုက်တေ။ အော်…မဖြစ်သိမ့်။ လူတိမြင်လို့မဖြစ်။ ဆီးကာတွန်းဗူးကို ကိုင်ထလိုက်တေ။ ဘူးသီးတောင် ဆောင်းရာသီ အအီးဒဏ်ကလည်း သူမကို တစိချေလည်းမညှာတာ။ နှင်းထုတိကြောင့် အားလုံးကို ဝဝါးချေရာမြင်ရရေ။

”ကလိမ်….ကလိမ်….ကလိမ်….” ဆိုက္ကားသမားတယောက် သူမအနားမှာ လာရပ်လိုက်တေ။

”မမ ဆိုက္ကားစီးပါဖို့လား?”

သူမ ဆိုက္ကားသမားနားကို ကပ်လိုက်တေ။ ဆိုက္ကားသမားသူမကို အနီးကပ်မြင်လိုက်စွာနန့် ပြဿနာတခုတက်ထားဗျာယ်ဆိုစွာ သူနားလည်လိုက်တေ။ သူမခန္ဓာမှာ ကျုပ်တိလူးလို့၊ ပြီးကေ ငိုထားရေ။

”မမ ဇာဖြစ်စွာပါလဲ?” ”ကျွန်တော် ဇာကူညီပီးရပါဖို့လဲ?”

သူမ မပြောလို့မဖြစ်ပါ။ သူကတဆင့် လူတိကိုပြောလိုက်ကေ ဒုက္ခကျဖို့ဆိုစွာသူမ သဘောပေါက်တေ။ ယင်းခမီးအမျိုးသားကို အကျဉ်းချုပ်ပြောပြလိုက်တေ။

”တောက်….ခွီးသမီးသား အောက်သားတိ…….တခါမဟုတ်…….” ရင်ထဲကခံပြင်းသံနန့် ပြောလိုက်တေ။

သင်္ဘောဆိပ်ကိုအရောက်မှာ သူမပါးက ငါးရာတန် သုံးရွက်ထုတ်ပီးရေ။ သူအတန်တန်ငြင်းရေကြားက သူမအတင်းပီးပြီးကေ ကတိတခုတောင်းလိုက်တေ။

”အခင် ကျေးဇူးပြုလို့ တယောက်ကိုလည်းမပြောပါကဲ့နန်း။”

သူမအပြန်သင်္ဘောထက်မှာ မငိုအောင်းတတ်နိုင်သရွိထိမ်းချုပ်ထားရေ။ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း၊ မုန်းတီးနာကျီးခြင်း အားငယ်ခြင်းတိနန့်အတူ……. ဘာဘာ ပြောခရေစကားချေကို သတိရလိုက်တေ။

”ဒေလင်းပြန်မသား မြန်မာစစ်သားတိ ကိုယ်ချင်းစာတရားမဟိရေ အကောင်တိ”


မျိုးသာဂီ (ရခိုင်ပြည်)
မှတ်ချက်။ ။ ခမီးအမျိုးသားသူငယ်ချင်းက ပြောပြရေ အဖြစ်မှန်ကို အခြီခံရွီးသားထားပါရေ။

Wednesday, September 15, 2010

(ရခိုင်ရာဇ၀င် ဗွီဒီယိုဇတ်လမ်း)


မဟာပညာကျော်



Download

ဤဇတ်လမ်းကို အနာဂါတ် ရခိုင်ရင်သွီးငယ်ချေရို့ သင်္ခန်းစာရစီဖို့ တစုံတယောက်သောသူက အနုပညာလက်ရာမြောက်စွာ ဗွီဒီယိုဇတ်လမ်းတခွေ ဖန်တီးသင့်သည်။ သို့သော် ရခိုင်ဘုရင်သည် မြန်မာဘုရင်ပုဏ္ဏားဂေါင်းပေါင်း မဆောင်းသင့်ပေ။ ရခိုင်ဘုရင် မကိုက်သရဖူကိုရာ ဆောင်းသင့်ပါသည်။

တနိသောအခါ ပြည့်သျှင်မင်းဖလောင်းကြီးသည် မဟာမုနိဘုရားကို ဖူးမြော်ကြည်ညိုရန်ထွက်တော်မူသည်။ မင်းကြီးဝတ်ဆင်တော်မူသော ပတ္တမြားလက်စွပ်သည်ကျွတ်၍ ရီထဲသို့ကျလတ်သည်။ လက်စွပ်ကို ငါးတကောင်ရ၍မျိုသည်။ တလမျှဟိလတ်သောအခါ ထိုငါးကို တံငါတယောက်ရသည်။ ငါးဝမ်းမှလက်စွပ်ကို တံငါရသည်။ တံငါယောက်ျားသည် ကြောက်လန့်ခြင်းကြောင့် လက်စွပ်နှင့်အတူ ငါးကိုပါဆောင်ယူလာပြီးမင်းကြီးထံဆက်သည်။ မင်းကြီးက အမတ်ပညာကျော်ကိုမီးတော်မူရာ အမတ်ကြီးလျှောက်ထုံးမူကား-

အသျှင်မင်းမြတ်။ လက်စွပ်တော်ရီသို့ကျသောအခါ၌ ငါးသည်မျိုယူသိမ်းထားသည်။ ထိုငါးသည် မိမိအသက်ကို အသီခံလျှက် တံငါထံဝင်ရောက်သည်။ ထိုငါးမှ လက်စွပ်ကို တံငါရ၍ ဆက်သလာရသည်။ ဤအရာကိုထောက်၍ မှန်တိုင်းလျှောက်ရပါသော် ဥာဏ်နည်းသူရို့ ငြိုငြင်ရာသောအကြောင်းဟိပါသည်။

အသျှင်မင်းကြီး။ ဘုန်းကျက်သရေကြီးကျယ်ကြောင်းကို ပြည်သူအများသိထင်စီပြီးမှ ခုနှစ်လနှင့်ပြီးအောင် စီစဉ်ပါမည်- လျှောက်လတ်သော် ပတ္တမြားကိုယူလျှက် သားတစ်အတွင်း၌မြှုပ်သည်။ ထိုပတ္တမြားသားတစ်ကို အရွယ်သင့်တော်အောင်လှီးပြီး အခြားသားတတုံးများနှင့်အတူရော၍ ကြဲထားလတ်သည်။ ထိုသားတများကို ကျီးစွန်များချီယူကြလီရာ ပတ္တမြားဟိသောသားတစ်လည်းပါလားသည်။ ဆယ်ရက်ခန့်ကြာသောအခါ ထိုစွန်ငှက်ကို ငှက်ခတ်သားရို့ရဟိသည်။ စွန်ဝမ်းမှပတ္တမြားကိုရ၍ ငှက်ခတ်သားသည် စွန်ကောင်နှင့်အတူတကွ ပတ္တမြားကို မင်းထံဆက်သရောက်လာပြန်သည်။ ယင်းသို့နောက်မှ မထင်ရှားသူတယောက်အား ပတ္တမြားကိုအပ်၍ ရောင်းစီသည်။ ကုလားတယောက်သည် အသပြာတရာပီးပြီး ထိုပတ္တမြားကိုဝယ်ယူသည်။ ထိုကုလားသည် ပတ္တမြားကိုရွှေနှင့်ကွင်းရန် ပန်းတိမ်သည်တဦးထံအပ်သည်။ ထိုလက်စွပ်ကွင်း၍ပြီးလျှင် ပန်းထိမ်အိမ်၌ ကုလားသို့မအပ်မှီ သူခိုးခိုး၍ပါလားသည်။ ကုလားသည် လက်စွပ်ကိုရလိုမှုနှင့် မင်းထံလျှောက်ထားလာသည်။ မင်းကြီးက အမှုကိုအမတ်ကြီးသို့အပ်သည်။ အမတ်ကြီးလည်း အမှုကိုစစ်ဆီးရာ လက်စွပ်အကြောင်းကိုသိရသည်။ အမတ်ကြီးလည်း ပြီးအောင်စီရင်မည်ဟုဆိုလျှက် ဆိုင်းငံ့၍နီလတ်သည်။

ပန်းထိမ်အိမ်မှ လက်စွပ်ခိုးယူသောသူသည် မြစ်ဆိပ်၌ရီချိုးသောအခါ လက်စွပ်ကိုချွတ်၍ တနီရာ၌ထားလတ်သည်။ ထိုလက်စွပ်ထားရာအပါး၌ ကြွက်တွင်းတခုဟိသည်။ ကြွက်သည် တွင်းမှထွက်လာပြီးအစာရှာရာ လက်စွပ်ကိုတွိပြီး ယူလားလျှက် တွင်းသို့ဝင်လားသည်။ တရားသူကြီးကျွန်တယောက်သည် ကြွက်သားစားလို၍ ကြွက်ရှာရန်လားသည်။ ထိုသူသည် အဆိုပါကြွက်တွင်းကိုတွိ၍ တူးလတ်သည်။ ကြွက်တွင်းဟိ ပတ္တမြားလက်စွပ်ကို ရလတ်သည်။ ထိုသူသည် ပတ္တမြားလက်စွပ်ကိုမထားဝံ့သဖြင့် မိမိသခင်ဖြစ်သူ တရားသူကြီးထံ အပ်နှံထားလတ်သည်။ တရားသူကြီးသည် လက်စွပ်ကိုမြင်လျှင် ပြည့်သျှင်မင်းကြီးလက်စွပ်ဖြစ်သည်ကိုသိပြီး အကြံဖြင့် ၀မ်းသာအားရသည်။ အမတ်မဟာပညာကျော်သည် ခုနှစ်လနှင့် တံငါမှု၊ ဌက်ခတ်မှု၊ ကုလား ပန်းတိမ်မှုများကို စီရင်မည်ဟု မင်းထံလျှောက်ထားသူဖြစ်သည်။ အထက်အမွီမှုတွင်လည်း ဓမ္မသတ်ကိုပယ်၍ ငါရို့စီရင်သောအမှုကိုဖျက်ခသည်။ တရားသူကြီးသည် မဟာပညာကျော်ကို အငြိုးဖြင့်အရှက်ခွဲရန် အကြံဖြစ်လတ်သည်။ သို့နှင့်လက်စွပ်ကို ခုနှစ်လလွန်ပြီးမှ မင်းထံဆက်မည်ကြံလျှက် လုံခြုံစွာ ထုပ်သိမ်းထားလတ်သည်။ တရားသူကြီး အခြားအိမ်သို့ထွက်လားခိုက် မယားဖြစ်သူသည် လက်စွပ်ကို ထုတ်ယူကြည့်သည်။ အိပ်ချင်သည်ဖြစ်၍ လက်စွပ်ကိုအနီးတွင်ထား၍ အိပ်ပျော်လားသည်။ ထိုအခိုက်
ကျီးတကောင်ရောက်လာပြီး လက်စွပ်ကိုချီယူလားကာ အသိုက်၌ထားသည်။ တရားသူကြီးသည် အိမ်သို့ပြန်ဝင်လာပြီးလက်စွပ်ကို ကြည့်ရှုစစ်ဆေးရာ မိမိထားရာတွင်မတွိ၍ မယားကိုမီးသည်။ မယားလည်း ကွယ်၍သာဆိုသဖြင့် လင်မယားရန်ရှက်တင်ဖြစ်ကြသည်။ သို့ကြောင့် လင်မယားကွာယှင်းလိုကြောင်း မင်းကြီးထံလျှောက်ထားသည်။ မင်းကြီးလည်းအမှုကို အမတ်ကြီးသို့အပ်၍စီရင်စီသည်။ အမတ်ကြီးသည် တရားသူကြီးမယားအား အမှုရင်းကို စုံစိအောင်စစ်ဆေးမီးမြန်းသည်။ လက်စွပ်ပျောက်လီသော အကြောင်းဖြစ်သည်ကိုသိရသည်။

ထိုအခါအမတ်ကြီးက အမှုကိုစီရင်ပီးပါမည်။ ဆိုင်းငံ့ပါဦးဆို၍နီလတ်သည်။ ထိုသောကာလ တနိတွင် ကျောင်းသားသူငယ်တဦးသည် ကျီးသိုက်ကိုမြင်သဖြင့်တက်ပြီး၊ ကျီးသိုက်ကိုနှိုက်ရာ လက်စွပ်ကိုရသည်။ ကျောင်းသားငယ်သည် လက်စွပ်ကို ဆရာဘုန်းကြီးသို့ပီးအပ်သည်။ ထိုဘုန်းကြီးလည်း ရတနာဖြစ်သည်၊ မင်းနှင့်ထိုက်သောဥစ္စာရာဖြစ်သည်။ မင်းအားဆက်မည်ဟူ၍ ပြည့်သျှင်မင်းကြီးထံဆက်သသည်။ မင်းကြီးလည်း အမတ်ပညာကျော်ကိုခေါ်၍ လက်စွပ်ရကြောင်းပြသည်။ အမတ်ကြီးသည် လက်စွပ်ကို သားတစ်၌ထည့်၍ ငှက်စာကျွေးသော လက်စွပ်ရက်ကစ၍ တွက်စစ်သော်ရက်ပေါင်း (၁၉၀) ဟိပြီဖြစ်ကြောင်း သိလတ်သည်။ စီရင်ရန် ရက် (၂၀) သာလိုတော့သည်။ အမှုကိုစီရင်တော့မည့်အကြောင်း မင်းကြီးအားလျှောက်ထားသည်။

အမတ်ကြီးသည် ဘုန်းကြီးအား လက်စွပ်မည်သို့ရကြောင်းမီးလျှောက်လီသည်။ ဘုန်းကြီးက တပည့်သူငယ်ရကြောင်းပြောပြသည်။ သူငယ်ကိုမီးရာ ကျီးသိုက်မှရကြောင်း အမတ်ကြီးထံလျှောက်ဆိုသည်။ ကျီးသိုက်ကို သူငယ်ပြ၍သိလတ်လျှင် ညအခါ ကျီးဖိုကျီးမစုံကိုရအောင်ဖမ်း၍ လက်စွပ်တော်နှင့်တူသော လက်စွပ်တကွင်း လုပ်ဆောင်စီသည်။ ထိုလက်စွပ်ကို ကျီးနှုတ်သီး၌ မြဲစွာချဉ်လျှက် နံနက်သောအခါလွှတ်သည်။ ကျီးဖိုကျီးမပျံလားရာသို့ မင်းစေလုလင်များကိုကြည့်စီသည်။ ကျီးဖိုကျီးမရို့သည် စားနီကျဖြစ်သော တရားသူကြီး အိမ်တွင်နားသည်။ တရားသူကြီးမယားသည် ပျောက်လားသောလက်စွပ်ကို ကျီးနှုတ်သီးတွင်ပါလာသည်ဟူလျှက် အုတ်အုတ်ကျက်ကျက်လိုက်ကြ၍ ကျီးကိုဖမ်းကြောင်း အမတ်ကြီးထံ မင်းစေရို့လျှောက်လာသည်။ အမတ်ကြီးသည် တရားသူကြီးလင်မယားကိုခေါ်ယူပြီး မီးမြန်းလတ်သည်။ ကျီးနှုတ်သီး၌ပါလာသောလက်စွပ်ကို သင်ရို့ဇာမှာက ရသနည်းမီးရာ အိမ်မှာစေသောကျွန်ကပီးအပ်၍ ရကြောင်းပြောသည်။ ထိုကျွန်ကိုအပ်စီ၍မီးစစ်ရာ ကြွက်တွင်း တူးရာကရကြောင်းလျှောက်ထားသည်။ ထိုကြွက်တွင်းကိုပြစီ၍သိလတ်သော် ထိုအရပ်၌ လူမပြတ်ချထားစောင့်နီစီပြီး ကြည့်ရှုရန်အခိုင်းထားသည်။

ထိုအခါ အထက်ခိုးသားသည် အဖော်များနှင့်ရီချိုးရန်လာပြန်သည်တွင် သည်အရပ်၌ မိမိလက်စွပ်ချထားရာမှ ပျောက်လားကြောင်း အဖော်များသို့ပြောဆိုသည်။ ထိုစကားကို မင်းစေကြားသိသော် ထိုသူအားခေါ်ယူလားပြီး၊ အမတ်ကြီးထံပီးအပ်သည်။ အမတ်ကြီးက ထိုသူကိုစစ်မီးသည်။ ပျောက်လားသောလက်စွပ်ကို ဇာကရသနည်း။ မှန်ကန်စွာထွက်ဆိုရမည်ပြောလတ်သော် ပန်းတိမ်အိမ်တွင် ခိုးရာမှရသော လက်စွပ်ဖြစ်ကြောင်းလျှောက်ထားသည်။ ထိုပန်းတိမ်ကို ခေါ်ယူ၍မီးရာ သင်္ဘောသားကုလားအပ်သောပစ္စည်းဖြစ်ကြောင်း၊ ကုလားကိုမီးရာ- အသပြာတရာပီး၍၀ယ်ရကြောင်းများကို လျှောက်ထားကြသည်။ အမတ်ကြီးလည်း အကြောင်းစုံသိပြီးဖြစ်သောအခါ ထိုအကြောင်းများကို မင်းကြီးအားလျှောက်ထားလီပြီးမှ အမှုကိုစီရင်ထုံးသော်ကား- လက်စွပ်တော်ရီသို့အကျတွင် မြီလက်မခံ၍ ငါးသိမ်းထားသည်။ ထိုငါးကိုတံငါရသည်။ ထိုတံငါလက်စွပ်ကိုမြင်လျှင် မထားဝံ့၍ မင်းထံဆက်သလာသည်များမှာ မြီပိုင်ရီပိုင်တိုင်းနိုင်ငံအတွင်း၌ဟိသောသူရို့သည် အစိုးရအသျှင့် ကျွန်တစေသာဖြစ်ကြသည်။ လက်စွပ်တော်ကို တံငါဆက်၍ရသည့်နောက်ပိုင်း ထိုလက်စွပ် မင်းလက်သို့မရောက် ပျောက်လတ်သော် တံငါကပီး၍ရသောကြောင့် လက်စွပ်တန်ဘိုးကို တံငါသို့ မင်းကပီးသင့်သည်။ တံငါဆက်လာသည့်နောက် ထိုလက်စွပ်သည် သတ္တ၀ါမျိုးစုံထံရောက်မှ မပျောက်မဆုံး ဆက်သလာရောက်ပြန်ရသည်။ တရားကျမ်းဂန်၌ သူတော်ကောင်းရို့ဥစ္စာကို ရီမှာပစ်လည်းမနစ်။ မီးမှာပစ်လည်းမချစ်- ဟူ၍ဆိုသော ရှိဟောင်းပညာဟိရို့ဆိုသောစကားဟိသည်။ အသျှင်မင်းတရားကြီး ဘိသိက်ခံတော်မူရာ အင်္ဂါပြည့်စုံ တရားစောင့်ထိန်းတော်မူသည်ဖြစ်၍ လူနတ်ကြည်ညိုသောကြောင့် သုံးကြိမ်တိုင်အောင် လက်စွပ်တော်ကို နတ်ရို့ညွှန်ရာ လူလာ၍ပို့ဆက်လာရသည်။

ရဟန်းသော်ကား တရားနှင့်လျှော်သည်ဖြစ်၍ ပစ္စည်းလေးပါးမြဲစီသင့်ပါသည်။ တံငါနှင့်ငှက်ခတ်သမားမှာ ကိုယ်နှင့်မထိုက်သောအရာကို သိတတ်သောသဘောဟိသူဖြစ်၍ မင်းဘဏ္ဍာထိန်းအပ်သော ကျွန်ကောင်းလက္ခဏာဝင်သည်။ တရားသူကြီးမှာ ကြွက်နှင့်တူသည်။ ပန်းတိမ်မှာ စွန်နှင့်တူသည်။ ကုလားမှာ ငါးနှင့်တူသည်။ ခိုးသူမှာ ကျီးနှင့်တူသည်။ ထိုငါးစသောသတ္တ၀ါလေးကောင်ရို့ ဒဏ်ရောက်သည့်နည်းတူ ကုလားစသော လူလေးဦးရို့ မင်းပြစ်သင့်ရာသည်ဟူ၍ စီရင်လတ်သော် နွီကာလစင်ဖြစ်လျှက် မိုးကြီးသည်းထန်စွာ ရွာလီသောကြောင့် မင်းကြီးလည်းအားရတော်မူ၍ ဆင်တော်မူသောလက်ကောက်ကို မဟာပညာကျော်အမတ်သို့ တရားဆုပီးတော်မူ၏။

(မဟာပညာကျော်လျှောက်ထုံး)


Wednesday, September 16, 2009

လင်းဋ (သို့မဟုတ်) လဒ


လင်းဋ (သို့မဟုတ်) လဒ
=================
အခါတပါးတွင် အလွန်သန်မာဖြတ်လတ်သော ၀ံလက်ငှက်တကောင်သည် ပင်လယ်ကမ်းစပ်နား ကျောက်ဆောင်များကို မင်းမူကျက်စားလျှက်ဟိသည်။ သူသည်မျက်စိအမြင်လည်း အလွန်ကောင်းသည်။ ပင်လယ်ရီပြင်အောက် (၁၂) တောင်အနက်ကို ဖောက်ထွင်းမြင်နိုင်စွမ်းဟိသည်။ ငါးကြီးငါးငယ် ငါးလိပ်ကျောက် ငါးလက်ခွာ တကောင်မကျန် သူ၏စူးချွန်သော ခြီလက်သဲဖြင့် ကုတ်ယူဖမ်းယူနိုင်စွမ်းဟိသည်။ ထို့ကြောင့် သူအား ရီပြင်၊ မြီပြင်၊ လီပြင် သုံးခွင်ပိုင်စိုး ၀ံလက်မျိုးဟု တင်စားခေါ်ဝေါ်သည်။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ အလွန်မြောက်ကြွဂုဏ်ယူသည်။ ငါ့ပိုင်လူ အေကမ္ဘာမှာ မဟိ။

အခါတပါး သူသည် ဈာန်ဝင်၍ လီပြင်အာကာကောင်းခင်၌ လီဟုန်စီးဝဲပျံနီဆိုက် သူမင်းမူကျက်စားရာ ကျောက်ဆောင်အနီးအနားပတ်ဝန်းကျင် တောနက်ထဲတွင် အလွန်လှပသော ဥဒေါင်းတကောင်ကို မမျှော်လင့်ဘဲ ဖူးတွိရလိုက်သည်။ ဥဒေါင်းမင်းသည် နီခြည်အောက်တွင် သူ၏အမွှီးအတောင်များကို ဖြန့်ကားလျှက် ကမြူးနီဆိုက်ဖြစ်သည်။ ပြိုးပြက်သောရောင်ခြည် နီဝါသောရွှီအဆင်းဖြင့် ကတ္တီပါကော်ဇောဖြန့်ကြက်ထားသကဲ့သို့ တောက်ပသောဇာခြည်ဇာကွက်များဖြင့် အလွန်လှပတင့်တယ်သည်ဖြစ်၍ သူ့စိတ်ကူးထဲတွင် ဥဒေါင်းမင်းကဲ့သို့ လှပသောအမွှီးအတောင်များပိုင်ဆိုင်လိုစိတ် တဖွားဖွားဖြစ်ပေါ်လာသည်။

(ငါ့မှာ သံလျှက်ကဲ့သို့ ထက်မြက်သော ခြီသဲလက်သဲတိလည်းဟိဗျာ။ ပတ္တမြားကဲ့သို့ စူးရှတောက်ပသော မျက်လုံးအစုံလည်းဟိဗျာ။ ကမ္ဘာမြီပြင် တော်ငလျှင် သိမ့်သိမ့်တုန်စီလောက်သော ပြင်းပြသော တောင်ဖံတစုံလည်းဟိဗျာ။ ငါ့အမွှီးအမျှင်များသည်ရာ ဥဒေါင်းမင်းကဲ့သို့ ရောင်စုံဇာကွက်များဖြင့် ပြိုးပြက်တောက်ပ လှပသည်ဟိသော် အစာလောက်ကောင်းလိုက်မည်နည်း။ အေကမ္ဘာမှာ ငါ့ပိုင်ယှောင် သတ္တ၀ါဟိခန့်သိမ့်လား။)


သို့သော် ၀ံလက်မင်းသည် သူ့အမွှီးအမျှင်များ အရောင်တောက်ပလာအောင် ပဇောင်လုပ်ရခန့်နည်း အကြံအိုက်လျှက်ဟိသည်။ ငါးသတ္တ၀ါများထဲတွင် ၀မ်းဖောင်းဖောင်းဖြင့် ပကျင်းသတ္တ၀ါများသည် အလွန်ပညာဟိသည်ဟုကြားဖူးသည်။ သူ့အားမီးမြန်းစုံစမ်းကြည့်မှဖြစ်မည်ဟု အကြံရသည်။ သို့ဖြင့် သူသည် သျှစ်မိုင်အကွာ ဖြားရီတက်တွင် ပေါလောမျိုးနီသော ပကျင်းတကောင်အား တဟုန်တည်းဖြင့်ချီကုတ်လိုက်သည်။

(ဟေ ပကျင်း သင်သည် အသက်ရှင်သည်ကို အလိုဟိခန့်၏လော။ သင်သည် အသင်ရှင်ခြင်းကို အလိုဟိခန့်ဖြစ်သည်ဆိုပါက ငါ့အားမှန်ရာကို သံတော်ဦးမြတ်လျှောက်တင်လော့။ ငါ့အမွှီးအမျှင်များ အရောင်တောက်ပလာအောင် ပဇာလုပ်ရခန့်နည်း။)

(အို ကျေးဇူးကြီးလှစွာသော အသက်သခင်ဝံလက်မင်းဘုရား။ အသျှင့်၏အမွှီးအမျှင်များ ရောင်စုံပြိုးပြက်တောက်ပသည်ကို အလိုဟိတော်မူပါက ပင်လယ်ထဲသို့ မိုးထက်တကြိမ်၊ နိခြင်းတကြိမ် ညဇာတကြိမ် တနိသုံးကြိမ် ဒိုင်ပင်ထိုးတော်မူပါဘုရား။ ရက်များမကြာ အသျှင်၏အမွှီးအမျှင်များသည် ပင်လယ်ငွေဇာခြည်လွှာများကဲ့သို့ ပြိုးပြက်တောက်ပလာမည်မှာ အမှန်ဖြစ်ပါသည်ဘုရား။)

(ပညာဟိ ပီသပါပေ၏ အိုအသင်ပကျင်း။ သင်သည် သင်၏ဥပဓိရုပ်ရည်ရူပက ကြန်အင်လက္ခဏာနှင့်အညီ သူတော်သူမြတ်ဖြစ်ပေ၏။ သင့်အသက်ကို ငါချမ်းသာပီးမည်။ ဤနိဤရက်မှစ၍ သင့်အသားစားခြင်းကို ငါယှောင်ကြည်မည်။ ထိုအချိန်မှစ၍ ၀ံလက်ငှက်သည် ပကျင်းသားကို မစားခြင်းဖြစ်သည်။)

ပညာဟိပကျင်း၏အကြံကိုရယူပြီးနောက် ၀ံလက်မင်းသည် တနိသုံးကြိမ် ပင်လယ်ထဲသို့ မပျက်မကွက်ဒိုင်ပင်ထိုးသည်။ အာကာတိမ်စွန်ဖျားသို့ တောင်ဖံကို တဟုန်ချင်းရိုက်ခတ်ပျံတက်ပြီး ပင်လယ်ပြင်သို့ မိုးကြိုးပစ်သကဲ့သို့ ဒိုင်ပင်ထိုးချလိုက်သည်။ အသျှိန်အဟုန်သည် ပြင်းထန်လှသည်ဖြစ်၍ လှိုင်းလုံးကြီးများကျောက်ဆောင်သဲသောင်ပြင်သို့ တဘုန်းဘုန်းတအုံးအုံး ရိုက်ခတ်မြည်ဟီးလားသည်။ ရက်များမကြာ ၀ံလက်မင်း၏နဖူးလိုင်ဖင်းက အမွှီးမျှင်များအားလုံး ကျွတ်ထွက်ကုန်သည်။ အအီးပက်၍ နှာစီးခြောင်းဆိုးသနပတ်လိုက်သည်။ အင်အားများလည်း ချိနည်းလာသည်။ မျက်စိလည်းမှုန်လာသည်။ ငါးအစာများကိုလည်း အယင်ပိုင်ယှောင် ထိုးကုတ်ဖမ်းယူနိုင်ခြင်းမဟိတော့။ ကုတ်ရာတခြား ခြစ်ရာတခြားဖြစ်ကုန်သည်။ အစာဖမ်းမရသောအခါ သောင်ပြင်ကမ်းစပ်က ခွီးသီပုတ်ကောင်များကိုရာ စားကိန်းကြုံသည်။ ခွီးပုတ်နွားပုတ်များကိုစားယင်းသောက်ယင်း အများမကြာ ၀ံလက်မင်းသည် ဥဒေါင်းမင်းဖြစ်မလာဘဲ (လဒမျိုး) ဖြစ်လားရလီပါတော့သည်။

လူအများက လဒများလည်း မိုးထိအောင်ပျံနိုင်သဖြင့် ၀ံလက်ငှက်နှင့်ထင်မှတ်မှားတတ်ပါသည်။ သို့သော် လဒများမှာ လဒအကျင့်ကိုကျင့်၍ လဒစိတ်ဟိသူများဖြစ်သည်။

(သာလှဦး)

ပိတကာသီးခေတ်နှင့် ပညာဟိမောင်ပန်းသီး


ပိတကာသီးခေတ်နှင့် ပညာဟိမောင်ပန်းသီး
===========================
အခါတပါးတွင် ရခိုင်ပြည်တွင် အလွန်နာမည်ကျော်ကြားသော ပညာဟိတဦးဟိသည်။ သူ၏ကလောင်နာမည်မှာ (မောင်ပန်းသီး) ဖြစ်သည်။ သူသည်မျိုးရိုးစိုင်ဆက်ချမ်းသာသော အသိုင်းအ၀ိုင်းမှ မွှီးဖွားလူသူတဦးဖြစ်သည်။ လက်မွှီးမီးမလောင် ခြီမွှီးမီးမလောင်ပြုစုကြီးပြင်းလာသူတဦးလည်းဖြစ်သည်။ အရပ်လည်း (၆) ပေကျော်ရှည်သော အာဃယောက်ကျားလည်းဖြစ်သည်။ ယောက်ကျားပီသသည်ကတကြောင်း၊ မိဘမျိုးရိုးစိုင်ဆက်ချမ်းသာသည်ကတကြောင်း၊ ဥပတိရုပ်ကောင်းပြီး ခန့်ငြားထည်ဝါကျက်သရေဟိသည်ကတကြောင်း၊ ဘက်ပေါင်းစုံပြည့်စုံသောကြောင့် သူ့အားမိမ္မများ အလွန်ကြိုက်နှစ်သက်သည်။

သို့သော်သူသည် အလွန်စာရိတ္တကောင်းမွန်သူတဦးဖြစ်သည်။ မိမ္မလုံးဝမလိုက်စား။ အသောက်စကားကင်းသည်။ သူတပါးအားကူညီရိုင်းပင်းတတ်သည်။ ကြင်နာသနားတတ်သည်။ အငယ်ကပင် သူ့ကျောင်းနီဖက်သူငယ်ချင်းများ ကျောင်းသုံးစာအုပ်မ၀ယ်နိုင်၊ လွယ်အိပ်ကျောက်သင်ပုန်းမ၀ယ်နိုင် ထိုအခါများတွင် သူက မုန့်ဖိုးထဲကငွေကို ပီးကမ်းစွန့်ကြဲလေ့ဟိသည်။ ထို့ကြောင့်သူအားသူငယ်ချင်းများက အချေကပင် (သူတော်ချေ) ဟု ချစ်၍တော့၍ခေါ်ကြသည်။ သို့သော် အကျင့်စာရိတ္တနှင့်ပတ်သက်လာလျှင်ကား ခိုင်မာပြတ်သားသည်။ နှမ်းတစိသားလည်းအလျှော့မပီးတတ်။ နှစ်သစ်ကူးသင်္ကြန်ရက်များတွင်လည်း သူငယ်ချင်းများသောက်စားပျော်ပါးရန်ဖိတ်ခေါ်သောအခါ သူကခါးခါးသီးသီးငြင်းဆန်တတ်တသည်။ ထို့ကြောင့် သူ့သူငယ်ချင်းများက သူအားချစ်လည်းချစ်သည် မုန်းလည်းမုန်းသည်။ ချစ်ရသည့်အကြောင်းရင်းက သူရို့ဒုက္ခရောက်သောအခါ သူက နိမဆိုင်းညမဆိုင်း ကူညီတတ်သောကြောင့်ဖြစ်သည်။ မုန်းရသည့်အကြောင်းက သောက်စားပျော်ပါးအကြံများကို လက်မခံသောကြောင့်ဖြစ်သည်။ သူသည် ၀ါတွင်းဝါဆို အခါကြီးရက်ကြီးသင်္ကြန်ရက်များတွင်လျှင်မဟုတ် ၀ါတွင်းကာလ လပြည့်လကွယ်တရက်မပျက်ဥပုသ်စောင့်သည်။ ၀ါကျွတ်လွန်သော်လည်း ဘုရားကျောင်းကန်လားမြဲလားကာ ဆရာသမားများအား ၀တ်ကြီးဝတ်ငယ်ပူဇော်ကန်တော့လေ့ဟိသည်။ ထို့ကြောင့်သူသည် အချေကပင် (ဘုရားတကာကျောင်းတကာ) ဟူသောဘွဲ့နာမကို ပါရမီဘ၀ကံအကြောင်းအားလျှော်စွာ ပိုင်ဆိုင်ထားသူတဦးလည်းဖြစ်သည်။

သူသည်စာအလွန်တော်သူတဦးလည်းဖြစ်သည်။ စာလည်းအလွန်ကြိုးစားသည်။ ထို့ကြောင့် အတန်းတိုင်းတွင်ပထမအမြဲတမ်းရသည်။ အားကစားလည်းအလွန်ထူးချွန်သည်။ စွယ်စုံရပါရမီသျှင်ဖြစ်သည်။ ထို့ကြောင့် ဆရာဆရာမများက သူ့အားအလွန်ချစ်ခင်အားကိုးသည်။ မြို့မျက်နှာပန်းအဖြစ်တင်စားကြသည်။ နှစ်စဉ်နှစ်တိုင်းလူရည်ချွန်အရွီးခံရပြီး ငပလီ၊ ရွှေဝါကျိုင်စသဖြင့် မြန်မာပြည်အနှမ့် လူရည်ချွန်စခန်းများကိုလည်းရောက်ဖူးသည်။ ဆယ်တန်းတွင်နှစ်ချင်းပေါက် ဂုဏ်ထူး (၄) ဘာသာဖြင့် ထူးထူးချွန်ချွန်အောင်မြင်သည်။ ဆယ်တန်းကို (၄) ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူမှာ သူရို့မြို့သမိုင်းတွင် သူသာလျှင်ပထမဆုံးအကြိမ်ဖြစ်သည်။ ကျန်နှစ်များတွင် ဂုဏ်ထူး (၁) ဘာသာ (၂) ဘာသာဖြင့်အောင်မြင်သူ မဟိသလောက်ဖြစ်သည်။ ဆီးတက္ကသိုလ်ဝင်ခွင့်ရသော်လည်း ဆရာဝန်ဘ၀ကိုစွန့်ပြီး သူဝါသနာပါရာ မြန်မာစာအဓိကဖြင့် တန်းမြင့်မဟာဝိဇ္ဇာဘွဲ့ကို ထူးချွန်စွာဆွတ်ခူးအောင်မြင်ခသည်။ တက္ကသိုလ်နောက်ဆုံးနှစ်တွင် သူ၏ဖူးစာပါရမီသျှင်နှင့်တွိဆုံပြီး အိမ်ထောင်ကျသည်။ ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနတွင် နည်းပြဆရာအဖြစ်စတင်အမှုထမ်း၍ သူ၏ထူးကဲသောအရည်အချင်းကြောင့် နှစ်များမကြာသူသည် မြန်မာစာဌာနတွင် ဂုဏ်ထူးဆောင်ပါမောက္ခတဦးဖြစ်လာသည်။ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ပါမောက္ခဖြစ်လာသူဟူ၍ ရန်ကုန်တက္ကသိုလ်သမိုင်းတွင် ပညာဟိမောင်ပန်းသီးတဦးတည်းသာလျှင်ဟိသည်။ ထို့ကြောင့် ရခိုင်ကျောင်းသားကျောင်းသူများ ရန်ကုန်တက္ကသိုလ်စာပီလောကတွင် မောင်ပန်းသီး၏နာမအသျှိန်အ၀ါကြောင့် မျက်နှာပန်းအလွန်ပွင့်လန်းကြသည်။ ဂုဏ်ယူမြောက်ကြွကြသည်။

ပညာဟိမောင်ပန်းသီးသည် အလွန်မျိုးချစ်စိတ်ထက်သန်သူလည်းဖြစ်သည်။ သူ့တပည့်သားသမီးများအား (အမျိုးသီလ၊ နှစ်ဌာနကို၊ ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်၍၊ ရက္ခိုင်ဝံသ၊ ဘွဲ့မည်လှဖြင့်၊ အနွတ္တသညာ၊ ခေါ်အပ်စွာတည့်။) ဟူသော သူ၏လက်သုံးအသျှင်နာဂိန္ဒမော်ကွန်းလင်္ကာဖြင့် ဆိုဆုံးမလေ့ဟိသည်။ သို့သော် လင်္ကာတပုဒ်လုံးကိုကား သူတခါမှမဖတ်ဖူးပေ။ မြင်လည်းမမြင်ဖူးပေ။ အသျှင်နာဂိန္ဒကား လေးမြို့ခေတ်စာဆိုလား၊ မြောက်ဦးခေတ်စာဆိုလား အတိအကျမသိ။ တခါတွင် လေးမြို့ခေတ်က၊ တခါတွင်၊ မြောက်ဦးခေတ်က၊ တခါတွင် ဝေသလီခေတ်ကစသည်ဖြင့် ယောင်သျွှီးလုပ်တတ်သည်။ သို့သော်သူသည် နဖူးပြောင်ပြောင်ဖြင့် မှင်အလွန်ကောင်းသဖြင့် တပည့်သားသမီးများက သူပြောတိုင်း အားကိုးယုံကြည်သည်။ ဆရာကြီးဖေမောင်တင်ရွီးသောမြန်မာစာပီသမိုင်းကို အစအဆုံးမကြည့်ဘဲ နှုတ်ကျက်ရွတ်ပြနိုင်သူအဖြစ် လေးစားဂုဏ်ယူသည်။

မောင်ပန်းသီးမှာ ယခုအခါအသက်အရွယ်ကြီးရင့်ပြီး ပညာရေးလောကမှ အနားယူလားပြီးဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းဟိ သူ၏သမီးကြီးအိမ်တွင်ချမ်းသားစွာနီထိုင်လျှက်ဟိသည်။ သမီးကြီးတွင် သားကြီးတယောက်၊ သမီးတယောက်ထွန်းကားသည်။ သူ၏မြီးများက သူ့အား (အဖိုးသျှင်၊ အဖိုးသျှင်) ဟုခေါ်လျှင် သူသည်အလွန်ဝမ်းမြောက်ပီတိဖြစ်ရသည်။ သူ့မြီးများအား ပညာအမွှီလက်ဆင့်ကမ်းပီးရသည်ကို ၀မ်းသာမဆုံးဖြစ်သည်။ (၅) နှစ်အရွယ်မြီးထွီးချေမှာ သူငယ်တန်းဖတ်စာသစ်ကို တလုံးမကျန်အဖိုးသျှင်ရှိတွင် အလွတ်ရွတ်ပြနိုင်သည်။ မပီတွတ်တွတ်ပီတွတ်တွတ် အဖိုးသျှင်အား နားမလည်သည်များကိုလည်း မိန်းမြန်းလေ့ဟိသည်။ တခါတရီတွင် လုံးဝအဓိပ္ပါယ်မဟိသောမိန်းခွန်းများဖြစ်သော်လည်း အဖိုးသျှင်က စိတ်ရှည်လက်ရှည်ယှင်းပြတတ်သည်။ ဥပမာအားဖြင့် (အဖိုးသျှင် ဘော်လုံးဇာဖြစ်လုံးရေလဲ) စသည်ဖြင့်ဖြစ်သည်။ ထိုအခါ (ဘော်လုံးဖြစ်လို့ လုံးရေပုချေ) ဟု အသင်္ခတဥာဏ်ဖြင့် မဆိုင်းမတွက်ချက်ချင်း ပြန်ဖြေနိုင်သည်။

မြီးအကြီးသူမှာ လေးတန်းအောင်ပြီးဖြစ်သည်။ အဖိုးသျှင်အိမ်တွင် ရခိုင်ပညာဟိများလာရောက်၍ စာအကြောင်းပီအကြောင်း၊ သမိုင်းကြောင်း၊ ဓည၀တီအကြောင်း၊ ဝေသာလီအကြောင်း၊ သုဝဏ္ဏဒေ၀ီအကြောင်း၊ မင်းထီးမင်းဘာအကြောင်း၊ စသည့်အကြောင်းကြောင်းများကို အာဘောင်အာရင်းသံများဖြင့် ဆွေးနွေးတိုင်ပင်သည်များကို စိတ်ဝင်တစားနားထောင်လေ့ဟိသည်။ ထို့ကြောင့် သူသည်အသက်ငယ်ပင်ငယ်သော်ငြားလည်း ရခိုင်သမိုင်းကြောင်းကို ရင်းနှီးအကျွမ်းဝင်သည်။ (ရခိုင်အစ မာရယုက၊ ဘီစီ (၃၃၂၅) တွင် ရခိုင်သမိုင်းစတင်သည်။ ရခိုင်သားသည် (အာရီယံနွယ်မျိုးဖြစ်သည်၊) အစဟိသည်ဖြင့် သူ၏ကျောင်းနီဖက်သူငယ်ချင်းများအား ဖောက်သည်ချပြောပြနိုင်သည်။

တရက်နိတွင် သူသည်အဖိုးသျှင်အား မိန်းခွန်းတခုမိန်းလတ်သည်။ (အဖိုးသျှင် (ရခိုင်မှာစာမဟိ) ဆိုစွာဟုတ်တေလား။ ကျောင်းကဆရာမက ယင်းပိုင်ယှောင်ပြောပါရေ)။ ထိုအခါ ပညာဟိမောင်ပန်းသီးက သူ့မြီးအား မာန်ပါပါဖြင့် (အဝေး အခုမင်းဖတ်နီရေ မြန်မာစာက ရခိုင်စာချင့်။ မင်းအစာကိုပြောရေလဲ) ဟု အော်ငေါက်လိုက်သည်။ ယေခါ သူ့မြီးက (ယေကေအဖိုးသျှင် (သင်္ဘောသီး) ကို (ပိတကားသီး) လို့ မောင်မောင်ရို့ ရခိုင်မှာခေါ်ပါရေမနား၊ အေမှာက (သင်္ဘောသီး) လို့ရာ ရွီးထားပါရေ။) ဟုဆိုသည်။ ထိုအခါ အဖိုးသျှင်က (အဝေး ယင်းသူရို့တိ ခိုးထားစွာ ခိုးထားစွာ) ဟုအော်သည်။

တရက်နိတွင် မြီးအကြီးသူ မြန်မာစကားပုံများကို အလွတ်ကျက်မှတ်နီသည်။ ထိုတွင် (ပညာဟိ သတိဖြစ်ခဲ) ဟူသောစကားပုံကို နားမလည်နိုင်ဖြစ်နီသည်။ ထို့ကြောင့် အဖိုးသျှင်အား (အဖိုးသျှင် ပညာဟိ သတိဖြစ်ဖြစ်ခဲ) ဆိုစွာ ပဇာကိုပြောစွာပါလဲ။) ဟုမိန်းလိုက်သည်။ ထိုအခါ အဖိုးသျှင်က သူ့ကိုယ်သူလက်ညှိုးထိုးလျှက် (အဝေးမြီးချေ ငါ့ကိုကြည့် ငါ့ကိုကြည့်၊ ပညာဟိဆိုစွာ (အိုပင်အိုကေလည်း သတိမမိ) ဆိုစွာကိုပြောစွာ) ဟု ဖြေသည်။ ယင်းကာလ ငါးနှစ်အရွယ်မြီးထွီးအပုချေက (ဟ ဟာဟ ရယ်လိုက်ရ) ဟု စာဖတ်သံနှင့်လားတိုက်ဆိုင်နီသည်။ ထိုအခါ ပညာဟိမောင်ပန်းသီးက သူ့အားအယွဲ့တိုက်သည်အထင်ဖြင့် (ဟေးကောင်မချေ မဖတ်ကဲ့၊ တန့်တန့်) ဟု ဟန့်တားလိုက်သည်။ ပြီးလျှင် သူသည်ရှက်ရှက်ဖြင့် (အေခုခေတ် အဂယင့် ပိတကာသီးခေတ်အမှန်။ အကြီးကအောက်က အငယ်ကအထက်က) ဟု ဘုပြောပြီးလျှင် ဘုရားခန်းထဲသို့ ပုတီးစိတ်ရန်လှမ်းဝင်လိုက်သည်။

ဤတွင် အကျွန့်ဝတ္ထုလည်းဆုံးပါလီ၏။ မဆုံးသိမ့်ကေ ကျန်ရေလူတိဆက်ပြောပါလီ။

(သာလှဦး)

Sunday, September 13, 2009

စောင့်လီမျိုးနွယ်


စောင့်လီမျိုးနွယ်
-----------
အော် ငါ့၏ချစ်သွီး ရခိုင်သူ ရခိုင်သားရို့ နှလုံးသားမှာ စာတင်မှတ်လို့ အတုယူဖို့ ငါ့သွီးငါ့သားရို့ကို အဖိုးပုံပြင်တပုဒ် ထုတ်ကာပြလို့ ပြောပြမယ်ဝေ နားစိုက်ထောင်ကတ် ငါ့ချစ်သွီးရို့။

ထိုးလွန်လီခကာ ပြည်ဗာရာမှာ ဗြဟ္မာဒတ်မင်း မင်းပြုစိုးစံအုပ်ချုပ်လို့ နီရေလတ်ဝေ ငါ့ချစ်သွီးရို့။ ယင်းအချိန်မှာ စိန္တာမယံ ဘုရားလောင်းလည်း တောတောင်အုပ်စိုး ခြင်္သေ့ဖြစ်၍ ဟိမ၀န္တာ ရွှီဂူသာမှာ နီရေလတ်။ ထိုခြင်္သေ့မှာ နှမတကောင် ညီခြောက်ကောင်ဟု သွီးရင်းချစ်လည်း ဟိရေလတ်။ ခြင်္သေ့အုပ်စိုး ရွှီဂူနားဝယ် ငွေတောင်ထွဋ်သာ ဖန်ဂူမှာကား တိရိစ္ဆန်ဖြစ်ငြား မျိုးမစစ်သား ခဲဝါယုတ်လည်း နီရေလတ်ဝေ။ မျိုးမြတ်သခင်ခြင်္သေ့ရို့ကား သဲချစ်နှမ ညီမချေအား ဂူဝယ်ထားကာ အစာရှာထွက်၍ ပြန်လာသောခါ ညီမငယ်အတွက် ၀မ်းစာဖြည့်ဖို့ စားကောင်းမျိုးစုံ ယူဆောင်လာခါ ကျွေးကတ်တေလတ်။

တနိသောခါ မျိုးမစစ်သား ခဲဝါယုတ်သည်ကား ခြင်္သေ့မကို မြင်သောခါဝယ် ချစ်ခင်နှစ်သက် ဖြစ်မိရေလတ်။ ထိုကြောင့်သာပင် အစ်ကို ခုနှစ်ကောင် ခြင်္သေ့မင်းရို့ အစာရှာထွက်ချိန် အခွင့်သာကို စောင့်ယူလတ်၍ မျိုးမြတ်ကိန်းရာ ရွှီဂူသာသို့ လားလတ်ပြီးကေ ခြင်္သေ့မအား...

“အသဲနက်နဲ ဘ၀အပ်၍ ချစ်ခင်ရသော အော်နှမငယ်။ အသျှင်မလည်း ခြီလေးချောင်ဟိ သတ္တ၀ါမျိုး ဖြစ်ဘိလတ်၏။ အကျွန်သည်လည်း သျှင်မပိုင်ယာ ခြီလေးချောင်းဟိ သတ္တ၀ါမျိုး ဖြစ်ဘိလတ်၏ ။ သို့အတွက်ကြောင့် နတ်မျှမက ရုပ်သွင်တင့်ဘိ သျှင်မသည်ကား အကျွန်ုပ်အား ကြိုက်တော်မူခါ ချစ်ခွင့်သာပန်း ပီးလတ်ပါ သျှင်မ။ အကျွန် တူနှစ်ကိုယ် ရွှီရည်ဆင်း၍ အကြင်လင်မယား အဖြစ်ဆောင်ကာ နီကတ်ပါအံ့ အို ချစ်သောနှမ ဘ၀သျှင်။ တူနှစ်ကိုယ်ပေါင်း သာယာအိမ်ထောင် တည်ဆောက်ကတ်မေ အို ချစ်နှမချေ အိမ်မက်သျှင်" လို့ ချစ်ခွင့်ပန်ခါ ပြောရေလတ်ဝေ အော် ချစ်သွီးရို့။

အော် ငါ့ချစ်သွီးရို့

ခြင်္သေ့မကား မျိုးမစစ်သား ခဲဝါစကား ကြားလတ်တေခါ နှလုံးမသာ ကိုယ့်ကိုယ်ကိုပင် ရှက်ကြောက်လတ်၍ ဤကဲ့သို့ပင် ကြံမိရေလတ်။ "ဒေခဲဝါကား ခြီလေးချောင်းဟိ သားကောင်ရို့တွင် အယုတ်ညံ့ဆုံး မျိုးမစစ်၍ စက်ဆုပ်ဖွယ်ပင် ဟိချေ၏တည်း။ ငါ့ရို့သည်ကား မျိုးမြတ်သားနွယ် မင်းမျိုးသျှင်ဟု လောကသားတိုင်း သမုတ်အပ်သော စံဝင်သူများ ဖြစ်ချေဘိ၏ ။ ဒေခဲဝါကား ငါနန့်မထိုက် စကားကိုရာ ဆိုလာဘိ၏။ ငါသည်သာကား မျိုးမစစ်သား ခဲဝါစကား ကြားခါမျှပင် ရှက်လှချေ၏။ အသက်ရှင်လျှက် ငါမနီယာ ကိုယ့်ကိုယ်စတေး သတ်သီလတ်၍ ငါ့အမျိုးအား ငါစောင့်မည်ဟု ကြံစည်ရေလတ်ဝေ ငါ့ချစ်သွီးရို့"

ထိုနောက်မှာကား ကိုယ့်ကိုကိုယ်ထိမ်း တခါဆင်ခြင် စိုင်းစားပြန်ကေ ယုတ်ညံ့စကား ခဲဝါယုတ်ကြောင့် ဒေအကြံကား မသင့်လှပေ။ ငါ၏အစ်ကို မောင်ရို့လာမှ ဖြစ်အင်သနစ် အစုံလှစ်၍ ပြောပြပြီးမှ ငါသီမယ်ဟု ဆုံးဖြတ်ပြီးခါ အစ်ကိုအလာ စောင့်နီရေလတ်။ ခဲဝါယုတ်လည်း ခြင်္သေ့မငယ် နှုတ်ခမ်းလွှာမှ တုံ့ပြန်စကား မကြားသောခါ နှလုံးမသာ စိတ်မရွှင်ပဲ ဖန်ဂူသို့ယာ ပြန်လားပြီးခါ အိပ်နီရေလတ် အို ချစ်သွီးရို့။

ထိုချိန်ခါဝယ် အစ်ကိုငယ်ကား နှမအတွက် အစာချီလျှက် တောမှပြန်လာ ၀မ်းသာစွာဖြင့် အစာကောင်းအား ၀မ်းစာဖြည့်ဖို့ ပီးရေလတ်ဝေ။ ထိုသောခါဝယ် နှမငယ်က "အော် အစ်ကိုငယ် ငါသည်မူကား ဇာအစာမျှ မစားလိုပါ။ ကိုယ့်ကိုကိုယ်ရာ သတ်သီဖို့ယာ အော် အစ်ကိုငယ်" ဟုပြောရေလတ်ဝေ။ အစ်ကိုငယ်ကား နှမစကား ကြားသောခါဝယ် "အော် ငါ့၏ချစ်သွီး ငါ့နှမငယ် စွာအကြောင်းကြောင့် သီချင်လဲဝေ။ ငါ့ကိုပြောပြ ယှင်းပြအုံးဝေ နှမချေ" လို့ ပြန်မီးလိုက်တေလတ်ဝေ။ ယင်းချိန်ခါဝယ် ခြင်္သေ့ညီမ နှမချေလည်း ခဲဝါဆိုလာ စကားဖြာကို ပြန်ပြောင်းပြောပြ သိစီရေလတ်။ ညီမစကား ကြားသောခါဝယ် ခြင်္သေ့ငယ်မှာ ပြင်းစွာဒေါသ ခြောင်းခြောင်းထွက်၍ မစူးစမ်းဘဲ ခဲဝါဟိရာ အရပ်သို့ယာ ပြီးလားရေလတ်။ ဖန်ဂူထဲမှ အိပ်နီသောသူ ခဲဝါယုတ်ကို မြင်သောခါကား ဟင်းလင်းပြင်ထဲ တလင်းထဲဝယ် အိပ်နီရေဟု ထင်မှားမှတ်၍ ကိုက်သတ်မေဟု အချိန်ပြင်းပြင်း တဟုန်ထိုးဖြင့် ပြီးဝင်သောခါ ဖန်ဂူမှာဆောင့် ရင်ကိုထိ၍ ရင်ကွဲခါပင် တောင်ခြီရင်းသို့ လွင့်စိုင်မျောပါး ကျလတ်၍သာ သီရလီ၏ အို ချစ်သွီးရို့။

ကျန်ရစ်ငါးကောင် အစ်ကိုငယ်ရို့ ထိုအတိုင်းပင် ဖန်ဂူနှင့်ဆောင့် ရင်ကိုထိ၍ ရင်ကွဲကာပင် တောင်ခြီသို့ကျ လွင့်စိုင်မျောလို့ သီကတ်ရရေ ငါ့ချစ်သွီးရို့။ နောက်ဆုံးမှာကား အကြီးဖြစ်သူ ရာဇာခြင်္သေ့ ပြန်လာသောခါ နှမငယ်လည်း ခဲဝါစကား ယင်းအတိုင်းသာ အကြောင်းစုံလျှောက် ပြောပြလတ်၏။ ခြင်္သေ့မင်းကား ညီမငယ်အား "အော် ချစ်နှမငယ် မျိုးမစစ်သား ယင်းခဲဝါကား စွာမှာနီလဲ" လို့ မီးလိုက်တေလတ်။ နှမချေလည်း "အော် အစ်ကိုရာဇာ ငွေတောင်ထိပ်သာ ဟင်းလင်းပြင်မှာ အိပ်နီစွာကို မမြင်လား" လို့ လက်ညှိုးညွှန်ထိုး ပြရေလတ်။

ထိုသောခါဝယ် ခြင်္သေ့မင်းကား "ဤ ခဲဝါသည် ဟင်းလင်းပြင်ထဲ အိပ်ဖို့မထင်။ ဖန်ဂူမှာယာ အိပ်နီစွာပင် ဖြစ်ရမည်" ဟု စိတ်မှာစွဲထင် ကြံစည်ပြီး၍ တောင်ခြီရင်းသို့ ဆင်းရေလတ်ဝေ။ တောင်ခြီရင်းသို့ ရောက်သောခါဝယ် ဇီဝိန်ကင်းချုပ် အသက်ပျောက်၍ သီပွဲဝင်လတ် ညီငယ်ရို့ကို တွိလီသော်ကား "ငါ့၏ချစ်သွီး ညီငယ်ရို့ကား စူးစမ်းဆင်ခြင် ပညာညာဏ်မဲ့ မိုက်မဲကြောင့်သာ ဖန်ဂူကိုမမြင် မသိလီဘဲ ရင်ဖြင့်တိုက်ကာ သီကုန်ကတ်” ဟု ဆင်ခြင်ပြီးကာ “ပါးစတွင်းသို့ ထိုးသွင်းအပ်ရေ ပူသောအစာ အာဟာရကား ပါးစကိုရာ ပူလောင်စီသို့ ယင်းကဲ့သို့ပင် ညာဏ်ပညာကင်း မစူးစမ်းပဲ ဆင်ခြင်နည်းမှု ပြုလုပ်လတ်တေ ကိစ္စသည်ကား ပြုလုပ်သူအား ပူလောင်စီသည် မှန်စွာမလွဲ မုချသာတည်း" ဟု ပြောဆိုပြီးကာ ငါ့ညီရို့ကား လိမ္မာမှုကင်း ဆင်ခြင်နည်း၍ သီကတ်ရ၏။ ငါသည်မူကား ငါ့ညီရို့ပိုင် မပြုလီပဲ မျိုးမစစ်သား ခဲဝါယုတ်အား ဖန်ဂူထဲဝယ် အိပ်လျှက်ပင် နှလုံးကွဲကာ သီဆုံးစီအံ့" ကြုံးဝါးရေလတ် ငါ့ချစ်သွီးရို့။ ထိုသို့ပြီးခါ ခဲဝါတက်ရာ ဆင်းသက်ရာဟု လမ်းကိုမှတ်၍ ထိုလမ်းသို့ရာ ရှိရှုပြီး၍ သုံးကြိမ်စွက်စွက် ဟောက်ရေလတ်။ ခြင်္သေ့ဟောက်သံ မိုးကောင်းခင်ထိ ပဲ့တင်ထပ်လို့ မြိုင်လီသောကြောင့် ဖန်ဂူမှာအောင်း ခဲဝါစုတ်လည်း အိပ်လျှက်ပင် နှလုံးကွဲအက် သီလီရေလတ် အော် ချစ်သွီးရို့။

ရာဇာခြင်င်္သေ့ မင်းမဟာလည်း ခဲဝါသီမှန်း သိသောခါဝယ် ညီငယ်သွီးချစ် ခြောက်ကောင်ရို့အား စုကာပေါင်းလို့ တောအုပ်မြိုင်သာ နန်းရိပ်သာဝယ် မြီမြှုပ်သဂြိုဟ် ပြုလီရေလတ်ဝေ။ ထိုပြီးသောခါ နှမဟိရာ ရွှီဂူသာသို့ ပြန်ကာနှင်း၍ နှမချေအား ခဲဝါနှင့်ညီ ခြောက်ကောင်ရို့မှာ သီဆုံးလားကြောင်းပြောပြရေလတ်။ ခြင်္သေ့နှမ ညီမချေလည်း ခဲဝါသီမှန်း သိသောခါဝယ် စိတ်မှာရွှင်လန်း သက်သာရ၍ ရွှီဂူ၌ပင် အသက်ထက်ဆုံးနီလားရေလတ် ချစ်သွီးရို့။

အော်ချစ်သွီးရို့ အဖိုးပြောလတ် ပုံပြင်ဟောင်းလည်း ဒေနီရာမှာပင် ဆုံးယာဝေ။(တဒုကနိပတ် သိင်္ဂါလဇာတ်)

(သျှင်အရိယာဝံသ)

Saturday, August 29, 2009

စင်းပြွန်းသီး


စင်းပြွန်းသီး
---------

စင်းပြွန်းသီးဆိုသည်မှာ ဓပြုတ်သီးအငယ်စားမျိုးဖြစ်သည်။ အရွယ်အစားမှာ များစွာကွာခြားသော်ငြားလည်း ပုံသဏ္ဍန်မှာ အတူတူပင်ဖြစ်သည်။ အရသာမှာလည်း အတူတူပင်ဖြစ်သည်။ ဓပြုတ်သီးကို တချို့ရခိုင်များက သပြုသီးဟုခေါ်သည်။ ဓပြုတ်သီးကို များသောအားဖြင့် သျှင်ပြုပွဲအလှုပွဲများတွင် ဟင်းရည်အဖြစ်ချက်ပြုတ်လေ့ဟိသည်။ ဓပြုတ်သီးကို နှစ်ခြမ်းသုံးခြမ်းခြမ်းပြီး ၀က်သားနှင့်ဟင်းရည်ကြိုလျှင် အလွန်အရသာကောင်းမွန်သည်။ ဓပြုတ်သီးဟင်းရည်ကို မကြိုက်မနှစ်သက်သောရခိုင်သားများဟိမည်မထင်။ အရသာမှာ ချဉ်ပြီးရှားနီသဖြင့် တခွက်သောက်လျှင် နှစ်ခွက်သောက်ချင်စိတ်ပေါက်သည်။ ဓပြုတ်သီးဖတ်ကိုဝါးရသည်မှာလည်း အရသာတမျိုးဖြစ်သည်။ စင်းပြွန်းသီးကို အိမ်များတွင် ဟင်းရည်သောက်သော်၎င်းကောင်း ဟင်းအဖြစ်သော်၎င်း ငပိနိုင်နိုင်နှင့် သို့မဟုတ် ငပိကြူကြူနှင့် ချက်စားလေ့ဟိသည်။ စင်းပြွန်းသီးဟင်းရည်မှာ ဓပြုတ်သီးဟင်းရည်အရသာအတိုင်း အတူတူပင်ဖြစ်သည်။ သို့သော် စင်းပြွန်းသီးကို သျှင်ပြုပွဲများတွင် ဟင်းရည်သောက်ချက်လေ့မဟိ။ အရွယ်အစားငယ်သဖြင့် သျှင်ပြုပွဲတပွဲလောက်ငမှုမဟိသောကြောင့်လည်းဖြစ်နိုင်သည်။ ထို့ကြောင့် ဟင်းအဖြစ် ငပိကြူကြူနှင့် လိုက်ပွဲလောင်းပွဲ အရံဟင်းအဖြစ်ချက်ပြုတ်လေ့ဟိသည်။ ရခိုင်သျှင်ပြုပွဲများတွင် သင်္ဘောထိုးခြောက်နှင့် ခရမ်းသီးချက်၊ ငရုပ်သီးစပ်စပ် သျှင်ပြုပွဲသည် ၀က်သားသျှင်ပြုပွဲထက် မျက်နှာပန်းလှသည်။ အခုအခါ သင်္ဘောထိုးခြောက်မှာ ယှားပါးပစ္စည်းဖြစ်လားပြီးဖြစ်သည်။ ရခိုင်မှုန့်တီများမှာလည်း သင်္ဘောထိုးခြောက်နှင့်မချက်နိုင်ဘဲ ငါးရံ့ငါးခြောက်များနှင့် ချက်ပြုတ်ရသဖြင့် အရသာမှာ ရခိုင်မှုန့်တီစစ်စစ်အရသာကို မမှီပါ။ ပဒကောမပါသော ရခိုင်မှုန့်တီကိုသောက်ရရေပိုင် သင်္ဘောထိုးမပါသော ရခိုင်မှုန့်တီမှာလည်း စံမမှီသောရခိုင်မှုန့်တီရာဖြစ်ပါသည်။ ရခိုင်ပင်လယ်ပြင်၌ ငါးယှားပါးလာရခြင်းမှာ ဖက်ခွက်များက ရသလောက်ခြစ်ယူနီခြင်းကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ စင်းပြွန်းသီး၊ ဓပြုတ်သီးဟင်းရည်၊ ပဒကော၊ သင်္ဘောထိုးစသော ငါး၊ ဟင်းများမှာ ရခိုင်သားများ၏သျှာတွိအာတွိနာမည်ကြီးအစားအစာများဖြစ်ပါသည်။ တောတွင်းတွင် ပဒကောရှာလျှင် တို့စားစားသော ဖာလာဖူးအပင်နှင့်မှားတတ်ပါသည်။ ဖာလာပင်နှင့် ပဒကောပင်မှာ သဏ္ဍန်အားဖြင့်တူသော်လည်း ဖာလာပင်မှာ အရွက်အနည်းငယ်ကြမ်းပြီး ပဒကောပင်မှာ အရောင်အနည်းငယ်စိမ်းရင့်ပြီး ထူထူချောချောဖြစ်သည်။ ဖာလာဖူးသည်လည်း အလွန့်တို့စား၍ကောင်းသော တို့စားတမျိုးဖြစ်သည်။ ငရုပ်သီးငပိပေါက်ပေါက်ချေနှင့် တို့စားစားရလျှင် နဖူးက ချွေးပေါက်ပေါက်ကျအောင်အထိစား၍ ကောင်းပါသည်။

အကျွန်ုပ်ရို့နီသော စခန်းကို ၀ါးခတ်ချောင်း (၀ံလက်စခန်း) ဟုခေါ်ပါသည်။ ဗိုလ်ရာဇာပထမဆုံးကမ်းတက်သောစခန်းမှာ ၀ါးခတ်ချောင်း ၀ံလက်စခန်းမှဖြစ်ပါသည်။ ဗိုလ်ရာဇာနှင့်အတူ ဗိုလ်ကျော်နု၊ (ဗိုလ်စောဒက္ခ) နာမည်မိလားသည်မှ ပြန်အတွက်ပေါ်၍ ဖြည့်စွက်ထားခြင်းဖြစ်သည်။ နာမည်မှာ အထူးအဆန်းဖြစ်၍ မှတ်ရခက်သည်။ အခုအခါ နလန္ဒာ၌ဘုန်းကြီးဝတ်လားပြီးဖြစ်ပါသည်။ ဗိုလ်ရာဇာနှင့်အတူပါလာစဉ်၌ပင် အသက်အရွယ်မှာ ငါးဆယ်နီးပါးခန့်ဟိနီပြီးဖြစ်သည်။ ကရင်ရှိတန်းစစ်မျက်နှာ၌ တောက်လျှောက်တိုက်ပွဲဝင်လာသော ၀ါရင့်တော်လှန်ရေးသမားတဦးဖြစ်သည်။ ပိန်ပိန်ပါးပါး စကားများများမပြော၊ စကားပြောလျှင်လည်း ညင်ညင်သာသာပြောတတ်သည်။ ပထမဆုံး ဘင်္ဂလားကမ်းတက်စဉ်တွင် ဗိုလ်ရာဇာမပါ။ ဗိုလ်ရာဇာက နောက်မှ စပီးဘုတ်နှင့်ရောက်လာခြင်းဖြစ်သည်။ ဗိုလ်ရာဇာရို့ ပထမဆုံးကမ်းတက်သည်မှာ ဖရုံကာကျွန်းသုံးကျွန်းထဲက အင်္ဂရားချိုင်ကျွန်းဖြစ်သည်။ သူရို့ဦးတည်လာသည်မှာ ၀ါးခတ်ချောင်းစခန်းဖြစ်သည်။ သို့သော်လမ်းမသိသဖြင့် ဖရုံကာကျွန်းကို ၀ါးခတ်ချောင်းစခန်းချရာကျွန်းအထင်ဖြင့် ကမ်းတက်မိခြင်းဖြစ်သည်။ ဗိုလ်ရာဇာက ရဲဘော်များအားကမ်းတင်ထားခပြီး ထိုင်းဌာနချုပ်သို့ပြန်လားသည်။ ရဲဘော်အင်အား (၆၀) ခန့်မှာ ချောင်းအလီလီ မြောင်းအလီလီကိုကိုဖြတ်ပြီးမှ ဘင်္ဂလားနယ်စပ်သို့ခြီချမိခြင်းဖြစ်သည်။ ထိုအချိန်တွင် ဖက်ခွက်များရခိုင်ပြည်ထဲ၌ ယင်းလောက်ထိမဟိပါသိမ့်။ အနည်းအကျန်းရာဟိသိမ့်သောကြောင့်၎င်း၊ ဖက်ခွက်များမထင်မှတ်ဘဲ ရုတ်တရက်ဘွင်းဘွင်းကြီးပေါ်လာသဖြင့် ဖက်ခွက်များမှာ ခြီမကိုင်လက်မကိုင်မိဖြစ်သည်ကတကြောင်း၊ ဗိုလ်ရာဇာတပ်ကိုင်ဆောင်ထားသော်သနတ်များမှာလည်း နောက်ဆုံးပေါ်စက်သနတ်များဖြစ်သည်တကြောင်း ဖက်ခွက်များနောက်ယောင်ခံလိုက်သည်ကလွဲလို့ အနားသို့မကပ်ဝံ။ သို့သော် ဖက်ခွက်များမှာ လူအုပ်စုကောင်းသဖြင့် ဖက်ခွက်များဝိုင်းဝန်းခြင်းမခံရအောင် ဗိုလ်ရာဇာတပ်ကို အုပ်စုနှစ်အုပ်စုခွဲရန်ဆုံးဖြတ်လိုက်ကတ်သည်။ ဗိုလ်မှုးကြာဖြူအောင်ဦးဆောင်သောအုပ်စုမှာ ဖက်ခွက်များဝိုင်းဝန်းခံရခြင်းမှ လွတ်မြောက်လာသည်။ ကျန်အုပ်စုမှာ ဖက်ခွက်များဝိုင်းဝန်းခံရပြီး လက်နက်ချလားသည်။ ယင်းလောက် ကောင်းပေရ လက်နက်များဖြင့် လက်နက်ချသည်ဆိုသည်မှာ မယုံနိုင်စရာဖြစ်သည်။ ထိုအချိန်မှစ၍ ရခိုင်သားသတ္တိကို အနည်းငယ်သံသယဖြစ်မိသည်က အမှန်ဖြစ်ပါသည်။ ဗိုလ်မှုးကြာဖြူအောင်ဦးဆောင်သောအဖွဲ့ထဲက သက်ရှိထင်ရှားဟိနီသူများမှာ ခိုင်သန်းမောင် (ကနေဒါ)၊ အချေနှစ်ယောက်။ မမချေတယောက်၊ ယောက်ကျားချေတယောက်။ ဇနီးမယာသည်က လှနုဖြူ၊ ဆရာမဲမယား၏ညီမ၊ မြောက်ဦးဇာတိဖြစ်သည်။ နောက်တယောက်က အောင်ရွှေသိန်း (ခေါ်) မောင်စက်ဖြစ်သည်။ ဗိုလ်ရာဇာကမ်းတက်စဉ်က ဗိုလ်အောင်ရွှေသိန်းအဖြစ်နာမည်ကြီးသည်။ အခု နယူးဒေလီ၌ နိုင်ငံရေးအပူလှိုင်းကိုမခံနိုင်ဘဲ ရူးလားပြီးဖြစ်သည်။ နောက်တယောက်ရူးပြီးသီလားသူတဦးလည်းဟိသည်။ ဘုန်းကြီးလူထွက်ဖြစ်၍ အကျွန်ုပ်ရို့က ကိုယ်တော်ဟုခေါ်သည်။ ထိုသူက ဗိုလ်ရာဇာတပ်နှင့်မဆိုင် (၈၈) အရေးအခင်းတွင် ကျောက်တော်ဖက်မှ ထွက်ပြီးလာသူဖြစ်သည်။ အောင်ရွှေသိန်းမှာ ရမ်းဗြဲဇာတိဖြစ်သည်။ နောက်တယောက်က ကိုယ်တော်ရိုးလင်း။ ဘုန်းကြီးလူထွက်ဖြစ်ပြီး နာမည်မှာ ရိုးလင်းဖြစ်သည်။ အင်္ဂလိပ်စာအသင့်အတင့်ကောင်းမွန်သဖြင့် အိန္ဒိယသို့ ဗိုလ်ရာဇာစီစဉ်မှုဖြင့် (AA) ပထမဆုံးပညာတော်သင်အလွှတ်ခံရသော ပုဂ္ဂိုလ်ဖြစ်သည်။ ယခု အိန္ဒိယ အူရူနာချာ ကချင်ဗုဒ္ဓဘာသာပြည်နယ်မှ ဗုဒ္ဓဘာသာကချင်မတယောက်နှင့် အိမ်ထောင်ကျလားပြီးဖြစ်သည်။ ဗိုလ်မှုးကြာဖြူအောင်ကို ဗိုလ်ရာဇာက ဟာရဘင်းမှ အပျိုကြီးငွေစိန်နှင့်ပီးစပ်သည်။ လွန်ခရေ လေးငါးခြောက်နှစ်အယင်က သွီးတိုးဆီးချိုဖြင့် ကွယ်လွန်လားပြီးဖြစ်သည်။ (၈၈) အရေးအခင်းတွင် အင်းစိန်ထောင်ဖောက်သောအခါ တသက်တကျွန်းကျခံထားရာက ထွက်ပြီးလွတ်မြောက်လာသူဖြစ်သည်။ ကရင်စီမံကိန်းဖြင့် ရန်ကုန်လွှတ်တော်ကိုဖောက်ခွဲဖျက်ဆီးရန်အလာတွင် လက်နက်ခဲယမ်းများဖြင့်အဖမ်းခံထားရပြီး တသက်တကျွန်းကျခံထားရသူဖြစ်သည်။ အဆိုတော်ဖိုးချိုနှင့် အင်းစိန်ထောင်တွင် တခန်းတည်းနီခရသည်ဟုဆိုသည်။ (၈၈) အရေးအခင်းဖြစ်ပြီး ထိုင်းဖက်ကိုထွက်ပြီးယင်း ကရင်တပ်စခန်းတွင် ဗိုလ်ရာဇာနှင့်တွိဆုံပြီး (AA) ကို စတင်ထူထောင်သူဖြစ်သည်။ အရပ်ထောင်ထောင်မောင်းမောင်းဖြစ်သည်။ သူလည်းဘုန်းကြီးလူတွက်ဖြစ်သည်။ ဘုန်းကြီးဘ၀နှင့် သူအိမ်ထောင်ကျရာ ဟာရဘင်းရွာ၌လည်း တော်လှန်ရေးမလုပ်ခင် ကျောင်းထိုင်ဖူးသည်ဟုဆိုသည်။ မည်သည့်ကျောင်းဖြစ်သည်ကိုကား ပြောပြသည်ကို အတိအကျမမှတ်မိပါယာ။

မှတ်မိသည်မှာ ဗိုလ်ရာဇာရို့စခန်းချသည်မှာ ၀ါးခတ်ချောင်းဒိုင်းနက်ရွာ တောင်ဖက် တောင်ကုန်းမြင့်မြင့်တွင်ဖြစ်သည်။ ယခင် ခိုင်နီလင်း (ALP) ဒုဥက္ကဌ (ယခုထိုင်း) ခိုင်မိုးလင်းနှင့် ALP ကို စတင်ရာတွင်ပါဝင်သူ စခန်းချခရာ တောင်ကုန်းတွင်ဖြစ်သည်။ ထိုတောင်ကုန်းတွင် ခိုင်နီလင်းထိုင်းသို့မလားခင် ကိုမိုးသောက် ပုဏ္ဏားကျွန်း၊ စစ်တွေဇာတိနှင့် အတူနီခသည်။ ကုလားထိုင်လုပ်၍ ရပ်တည်ခသည်။ ထိုအချိန်တွင် တီဘီရောဂါခံစားနီခရသည်။ အကျွန်ုပ်ရို့ ဗိုလ်ရာဇာစခန်းသို့လားလည်သည်။ ထိုအချိန်တွင် အကျွန်ရို့လားလည်းသည့်စခန်းအောက် မြောင်ထဲက ဂျီဟောက်သံကိုကြားရသည်။ အဘိုးမောင်ဟန် (ယခင် ACP) ဥက္ကဌဟောင်းက ရဲဘော်တယောက်ဘားက သနတ်တလက်တောင်းပြီး မြောင်ထဲသို့ဆင်းလားသည်။ ငါးမိနိမကြာလိုက် ပေါက်သံတချက်ကြားရသည်။ ညဇာသား အကျွန်ုပ်ရို့ဝံလက်စခန်းအတွက် တ၀ီစာရသည်။ အကျွန်ုပ်စားဖူးသည်ထဲမှာ ၄င်းဂျီသားလောက်စား၍ကောင်းသောအသား တခါလည်းမစားဖူးပါ။ ဟင်းချိုမှုန့်မထည့်ဘဲ ဘဇောင်ချိုရေကားမသိ။ လတ်လတ်ဆတ်ဆတ်ဖြစ်၍လည်းဖြစ်နိုင်သည်။

အကျွန်ုပ်ပြောချင်သည်မှာ အကျွန်ုပ်ရို့စခန်းချသည့် ၀ံလက်စခန်းမှာ ဒိုင်းနက်ရွာအနောက်ဖက်တွင်ဖြစ်သည်။ ပင်လယ်ကမ်းစပ်ဖက်ဖြစ်သည်။ စခန်းချသည့်တောင်ကုန်းအနောက်ဖက်တွင် တောင်တန်းကြီးတခုဟိသည်။ စခန်းအောက်တွင် နွီခါသားဆိုလျှင် ရွာသားများကန်းဘိုင်ဆည်သဖြင့် ရီချိုးရသည်မှာ ကကောင်းပျော်ဖို့ကောင်းသည်။ အကျွန်ုပ်ရို့စခန်းကို ကျွန်းသစ်များဖြင့်ဆောက်လုပ်ပါသည်။ နှစ်နှစ်သား သုံးနှစ်သားကျွန်းပင်များဖြင့်ဆောက်လုပ်ထားခြင်းဖြစ်သည်။ သစ်လုံးများကိုနှစ်ခြမ်းစိတ်ပြီး ထရံကာသည်။ သို့သော် ထရံအားလုံးမပြီး တချို့တ၀က်ရာကာရံနိုင်သည်။ ဘင်္ဂလားတွင်အုန်းယှားသည်။ ထို့ကြောင့် စခန်းကိုအုံးမိုးရန်ခက်သဖြင့် ကန်းကျင်ရွက်ကို အုန်းပျစ်ပျစ်ပြီးမိုးရသည်။ တထွာလောက်ရာရှည်သဖြင့် မိုးရသည်မှာခက်သည်။ မိုးယိုရန်လွယ်သည်။ အကျွန်ုပ်ရို့လည်း ကန်းကျင်ရွက်မပျစ်တတ်၍ ရွာက၀ယ်မိုးရသည်ကများသည်။ BRC က Project ရသဖြင့် ကြက်နှင့်ဘဲမွီးဖြူရေးလုပ်သည်။ အစ်ကိုကြီးမောင်ချစ် (ဘင်္ဂလားဗုဒ္ဓဘာသာရခိုင်အသင်းကြီး) ကို စတင်တည်ထောင်သူဥက္ကဌ၊ အ၀ကျွန်းဇာတိ၊ ဆရာမမြရာဇာလင်း၏လင် (အိမ်သျှင်) ၏ညီဖြစ်သူ (နာမည်မိနီသည်) မွီးမြူရေးတက္ကသိုလ်ကျောင်းဆင်းက ကူညီသဖြင့် Project အောင်မြင်သည်။ ကြက်နှင့်ဘဲ၌ဖြစ်တတ်သော လိုင်လိမ်နှင့်ဆီးဖြူရောဂါကာကွယ်ဆီးကို အလွယ်တကူဝယ်ယူရနိုင်သဖြင့် မွီးမြူရေးအောင်မြင်ရခြင်းဖြစ်သည်။ တပါတ်တပါတ်လျှင် ဘဲနှင့်ကြက်ဥ ခရင်းလိုက်ရသည်။ ဖလောင်းချိတ်သို့တက်၍ရောင်းရသဖြင့် ၀င်ငွေကောင်းသည်။ စခန်းတွင်အယင်က ညိတိုင် ချဉ်ပေါင်နှင့် နပျိုးကြိုးနီရာက ဘဲနှင့်ကြက်ဥကြိုးလာရသဖြင့် တော်လှန်ရေးအဆင့်မြင့်လာသည်။ တချို့က ဘဲဥကို ကျမန့်အုံပြီးမီးဖုတ်စားသည်။ စား၍ကောင်းသည်။ စခန်းတွင်း၌အတူနီခသောရဲဘော်များမှာ ရဲဘော်မောင်ကျော်ယိုင် (မြောက်ဦး)၊ သိန်းမင်း (ပေါက်တော)၊ ထွန်းစံ (စစ်တွေ)၊ စိုင်းခမောက် (ယခုထိုင်း) (စစ်တွေ)။ စိုင်းထီးဆိုင်တေးခြင်းများကို ပိုင်နိုင်ကျွမ်းကျင်သောကြောင့် စိုင်းခမောက်ဟု (NUPA) နာမည်ပီးထားခြင်းဖြစ်သည်။ ကရာတေးသိန်းမောင်မှာ အဖွဲ့ဝင်စစ်စစ်မဟုတ်၊ မှီခိုကပ်ခိုဖြစ်သည်။ ယခု ဗိုလ်မင်းထောင်တွင် ကျောင်းထောင်လျှက် ဒေသခံများအကျိုးကို တဖက်တလမ်းက အထောက်အကူပြုနိုင်သူဖြစ်သည်။ အကျင့်စာရိတ္တကောင်းမွန်သည်။ အသောက်အစားကင်းသည်။ မိမ္မမလိုက်စား။ အားနည်းချက်မှာ မြန်မာရွှေယင်ကျော်မှိုင်းမိခံထားရသူဖြစ်သည်။ စစ်တွေက တယောက်နာမည်မိနီသည်။ အတွက်ပေါ်လျှင်ဖြည့်စွက်ပီးပါသည်။ မကြာခင်က အမေရိကန်သို့ရောက်ဟိလာပြီး အနာမကျန်းမှုကြောင့် ကွယ်လွန်လားသူ သန်းထွန်းဖြစ်သည်။ ရသေ့တောင်မှ ကိုရန်အောင်၊ ဥာဏ်ထွန်းချေ၊ ခိုင်ပြည်သိန်း (နာမည်ရင်း ထွန်းထွန်း) (မွီးမြူရေးတာဝန်ခံ) (မြောက်ဦး)၊ စံသာအောင် (မြောက်ဦး)၊ ခိုင်ဆန်းအောင် (ပေါက်တော)၊ ခိုင်မြတ်ကျော် (စေတီပြင်)၊ မုန်တိုင်း (စစ်တွေ)၊ မြတ်ကျော်က စခန်းမှုး၊ စံသာအောင်က ဒုစခန်းမှုး။ ခိုင်ဆန်းအောင်က ဥက္ကဌ၊ ထိုင်းနှင့်နိုင်ငံခြားသို့အလားများသည်။

ဗိုလ်ရာဇာတပ်များ ပြည်ထဲကဖြတ်၍ ဘင်္ဂလားသို့ရောက်လာသောအခါ ခိုင်မြတ်ကျော်နှင့် ထွန်းစံရို့က အယင်လားကြိုသည်။ ထိုအချိန်တွင် အကျွန်ုပ်ရို့အား ပါတီတခုကပီးသော ဒုတိယကမ္ဘာစစ်သုံးမီးကျိုးမောင်းပျက်သနတ် (၅) လက်ကို လားယူသည်နှင့်ကြုံကြိုက်သဖြင့် သူရို့ကလမ်းပြ၍ အကျွန်ုပ်ရို့စခန်း ၀ါးခတ်ချောင်းသို့တပ်ချရန် ခေါ်ဆောင်လာခခြင်းဖြစ်သည်။ အကျွန်ုပ်ရို့စခန်း တောင်ကုန်းနားတွင် ရွာက ဒိုင်းနက်ရွာသားများတောင်ယာလုပ်သည်။ သစ်ပင်ကြီးများကိုခုတ်လှဲ၍ စပါးစိုက်ခြင်းဖြစ်သည်။ နှမျိုးမိသည်ကအမှန်။ သို့သော် ၀မ်းရေးထက် ဇာအရေးလည်းမခက်။ တောင်ယာခွတ်ဖို့ လူဆယ်ယောက်ဖက် သစ်ပင်ကြီးများကိုခွတ်လှဲပြီး မီးလျှို့ပစ်သည်များကို ကိုယ်တိုင်မြင်ဖူးသည်။ မြိုတောင်သို့ခရီးလားစဉ်ကဖြစ်သည်။ ဆင်တကောင် ကောင်းကောင်းတက်အိပ်နိုင်လောက်အောင်ကြီးသည်။ အကျွန်ုပ်ရို့စခန်းတ၀ိုက်တွင် ကန်းကျင်ပင်များစွာဟိသည်။ အချေခါ ကန်းကျင်သားနှင့် ကန်းကျင်ပျိုင်ကိုကြားဖူးသည်။ မြောက်ဦးသျှစ်သောင်းဘုရားလှိုင်ဂူတွင် ကျောက်တွင်းခွက်ငယ်များမှာ ကန်းကျင်ဆီဖြင့် မီးထွန်းရန် ထွင်းထုထားဖြင်းဖြစ်သည်ဟု လူကြီးသူမများပြောသည် ကြားဖူးသည်။ သို့သော် ကန်းကျင်ပင်ကိုကားမမြင်ဖူး။ တောထဲရောက်မှ မြင်ဖူးသည်။ ပေ (၃၀၀) လောက်မြင့်သည်။ အမေရိကန်က Project Maje က Edit T. Marante လာလည်သောအခါ ရွာက ဒိုင်းနက်လူမျိုးများတောင်ယာစိုက်ထားသည်ကို မိမိရို့စိုက်ပျိုးထားဟန်ပြု၍ ဓါတ်ပုံရိုက်ခံခသည်ကို ပြန်စဉ်းစားလျှင် ရယ်ချင်သည်။ ထိုအချိန်က မိမိ၏အသက်မှာ (၂၃) (၂၄) နှစ်ခန့်ဖြစ်သည်။ ပြောချင်သည်မှာ မိမိရို့စခန်းတောင်ကုန်းအနောက်ဖက်ခြမ်း ချောဇောင်းတွင် စင်းပြွန်းပင်ကြီးတပင်ဟိသည်။ အဖိုးမောင်ဟန် ဂျီပစ်သည့်မြောင်တလျှောက်တွင် ဓပြုတ်ပင် သုံးလေးပင်ဟိသည်။ ဓပြုတ်ပင်နှင့် စင်းပြွန်းပင်မှာ ခွဲမရအောင်တူသည်။ အပင်ကိုမြင်၍ ခွဲခြမ်းရန်ခက်ခဲသည်။ အသီးကိုမြင်မှ သိသည်။ စခန်းဇောင်းနားက စင်းပြွန်းပင်မှာ လူသုံးယောက်ဖက်ခန့်ဟိသည်။ ရာသီကိုက မမှတ်မိလိုက်ပါယာ။ ဆောင်ဦးပေါက်လား နွီဦးပေါက်လားမသိ။ စင်းပြွန်းသီးတိ တပင်လုံး ပန်းပွင့်ရေပိုင် ပွင့်နီပါသည်။ အကျွန်ုပ်ရို့ စခန်းကလူများမှာ စပျစ်သီးကိုမျှော်စပ်သောခွီးပိုင်ဖြစ်နီသည်။ မစားရဘဲလျှာရည်ယိုလျှက်ဟိသည်။ ဇာပိုင်လုပ်ကေကောင်းဖို့လည်းဂု။ ဂေါင်းစားနီသည်။ အပင်မှာ လုံးဝိုင်းရပ်စောက် ပေ (၂၀) ခန့် အကိုင်းအခက်မဟိ။ လက်ခကျည်းတက်၍မရ။ ၀ါးနှင့်လှမ်းဆွတ်ဖို့လည်းမမှီ။ စားချင်သည်မှာလည်း လျှာရည်ယိုနီသည်။ ထို့ကြောင့် မတတ်သာကေ အားလုံးသဘောတူ ပေါက်ဆိန်နှင့်ပေါက်ရန်ဆုံးဖြတ်လိုက်သည်။ နှစ်ရက်နှင့် တမွန်းတည့် ပေါက်ဆိန်နှင့်ပေါက်ရသည်။ အဓိက အားလာကြီးများမှာ ကိုရန်အောင် (ဆီးမှုး) နှင့် သိန်းမင်းဖြစ်သည်။ နှစ်ရက်တမွန်းတည့် ညဇာသားရောက်မှ စင်းပြွန်းပင်ကြီးဘုန်းဘုန်းလဲသည်။ အကိုင်းအခက်များပြိုသံမှာ မိုးကြိုးပစ်သံ၊ တော်ငလျှင်ပြိုကွဲသည်ထက် ကျယ်သည်။ စင်းပြွန်းသီးများကြွီကျသည်မှာ အာကာထက်က မိုးကျောက်ခဲများကျသည်အတိုင်းဖြစ်သည်။ ကြွီကျသည့်အသီးများကို အယင်ကောက်သည်။ တောင်းခရင်းနှင့် လေးငါးတောင်းရသည်။ ကျန်အသီးများကို ဤအတိုင်းအပင်ထက်၌တွဲလောင်ဟိနီစီသည်။ အယင်ညှိုးခြောက်မလားရအောင်ဖြစ်သည်။ တပါတ်နှစ်ပတ်လောက်ညိတိုင်းချဉ်ရည်ကြိုသောက်ရသည်။ ပထမတရက်နှစ်ရက် သောက်၍ ကကောင်းခြီသည်။ ထမင်းစားပြီးတိုင်း မြန်းလားပိုင် လန်းလားပိုင်တွိသည်။ သို့သော် ရက်ထပ်လာသောအခါ ၀မ်းပြည့်ဝမ်းရောင်ဖြစ်လာသည်။ အကိုင်းထက်က တွဲလွဲကျနီသောစင်းပြွန်းသီးများမှာ ဤအတိုင်းမစားဘဲ ပိန်ခြောက်ကြွီကျလားသည်။ ပဇောင် နမျိုးဖို့ကောင်းလိုက်တေမသိ။ အသီးစားချင် အပင်ကိုခွတ်၊ အရိပ်ခို အကိုင်းချိုး၊ စပျစ်သီးချဉ်သော ခဲဝါဘ၀ကိုမြင်မိတိုင်း ရင်ကျိုးမိ၍၄င်း၊ မျက်စိထဲ၌ ၄င်းစင်းပြွန်းပင်ကြီးကို မြင်ယောင်နီသိမ့်၍၄င်း အတွက်ရသောကြောင့် ဤစာအကြောင်းကို ရွီးလိုက်ရခြင်းဖြစ်ပါသည်။ သြော် ရခိုင်ပြည်ကြီးလွတ်လပ်ရေးအတွက် တောအူခဲဝါချေတရွီ ကျေးဇူးကန်းလီစွတကားတည်း။

အကျွန်ုပ်ရို့ရခိုင်သားတိအဖြစ်မှာလည်း စင်းပြွန်းသီးနှင့်တူသည်။ ဘ၀ကငယ်သော်လည်း ဘ၀င်က ဓပြုတ်သီးလောက်ကြီးသည်။ ရခိုင်ဘ၀ အတိတ်က ဓပြုတ်သီးပိုင်ယှောင်ကြီးခသော်ငြားလည်း အခုက စင်းပြွန်းသီးချေလောက်ရာကျန်ပျာ။

(သာလှဦး)

အမှတ်တရကဗျာ
xxxxxxxxxxxxx

အတိတ်နှင့် ပစ္စုပ္ပန် (၂)
------------------------
အယင်ခါ ဓပြုတ်သီး
အခု စင်းပြွန်းသီး --။

xxxxxxxxxxxxxxxxxx

အတိတ်နှင့် ပစ္စုပ္ပန် (၁)
------------------
အယင်ခါ
ဆင်စီးလို့
ရွှီထီးဆောင်းခ --။

အခု လားစီးပျာ
တောက်ကျာဆောင်းရ --။

(သာလှဦး)

Saturday, August 8, 2009

အမှန်တရား အမှားတခု


အမှန်တရား အမှားတခု
---------------
မြို့စွန်မြို့စမှာ ညီကိုယ်နှစ်ယောက် အိမ်ထောင်ကျပနာနီကတ်တေ။ ညီကဆင်းရဲရေ။ အစ်ကိုကချမ်းသာရေ။ တနိမှာ အစ်ကိုကပြောရေ အဝေညီ..မင်းဆင်းရဲရေ ငါ့ပါးကဖေသာယူပနာလုပ်စား...မင်းအဆင်ပြေခါ ငါ့ကိုပြန်ပီး။ ယေခါညီက ကောင်းကောင်းရေအစ်ကို ယင်းပိုင်ဆိုကေ ညီညီစီပွားရေးလုပ်လိုက်မည်။ အဆင်ပြေခါ အစ်ကိုပီးထားရေဖေသာကိုပြန်ပီးမည်။

နောက် (၂) နှစ် (၃) နှစ်ကြာခါ..အစ်ကိုကဆင်းရဲလားရေ။ ညီကအစ်ကိုပီးရေ ဖေသာတိနန့်ရင်းနှီးပျာယ်အလုပ်လုပ်လို့ ချမ်းသာလားခရေ။

ယေခါအစ်ကိုက သားချေတယောက်ကိုလက်မှာဆွဲပျာယ် ညီအိမ်ကိုအလည်လာရေ။
(ညီ)...... “ဇာကိစ္စဟိလို့လာပါလဲ အစ်ကိုကြီး”
(အစ်ကို)..... “အဝေ ငါကောင်းဆင်းရေလားခပျာလ်အဂု ယေဇုနန့်..မင်းငါ့ပါးကယူလားရေဖေသာတိကိုတချက်ပြန်ပီး”
(ညီ).... “အစ်ကိုပါးကငါ....တခါလည်းမယူကား ဖေသာ”
(အစ်ကို).... “အဝေညီ မင်ငါ့ပါးယူလားဖေသာတိနန့်လုပ်စားလို့ အဆင်ပြေနီရေမလားဂု..ငါမှာစားစရာမဟိပျာယ်အဂု တချက်ချေပြန်ပီးဝေ”
(ညီ)....... “အစ်ကိုမှာ ဇာမှာလဲအထောက်ထား၊ သစ်သီပြနိုင်ကေရလိမ့်မည်။ မဟုတ်ကေမပီးနိုင်”
(အစ်ကို).... “အဝေညီ..မင်းနန့်ငါနှစ်ယောက်သိစွာ ငါဇာသူ့ကိုသက်သီထားရဖို့လဲဝေ...အေးဝေကောင်းယင့် ငါမှာသက်သီပြစရာကားမဟိ ငါသစ္စာဆိုယင့်။ ဒေပတ်ဝန်းအတွင်းမှာဟိရေနတ်မင်းရို့ရာ အသိဆုံးပါ။ အမှန်ရာ ငါ့ညီရာ ငါ့ပါးကဖေ့သာချီးလားခစွာမှန်ကေ အကျွန်တော်ဖေသာပြန်ရပါစီ။ (သားချေကိုကောက်ပနာ) မမှန်ဘဲနန့် အကျွန်တော်မုသားစကားဆိုကေ ငါအချစ်ဆုံးသားချေစွာ ကျောက်ရုပ်ဖြစ်ပါစီ”

သူသစ္စာပြုပြီးလို့အဆုံးမှာ သူ့သားချေစွာ ကျောက်ရုပ်ဖြစ်လားခလီရေ။
(သူမှန်နီယင့်နန့် ငါ့သားချေဇာကြောင့်ကျောက်ရုပ်ဖြစ်လားခရလဲ စိတ်မှာတွေးပျာယ် ) “လောကကြီးမတရား..လောကကြီးမတရား”...အော်ပနာ...လူတိကိုရွံရွံနန့် သားချေကျောက်ရုပ်ကိုကိုင်ပျာယ် တောထွက်လီရေ။ စိတ်ညစ်ညစ်နန့် ညောင်ပင်ကြီးအောက်မှာထိုင်နီခါ
သစ်ပင်စောင့်နတ် အနားကပေါ်လာပျာယ်... “အသင်လူသားဇာဖြစ်လဲ..ကောင်းစိတ်ပျက်နီရေကား” လို့မီးရေ။
ယေခါ ယင်းလူက .....“အေး...ဒေပိုင်ဒေပိုင်...အမှန်တရား အမှားတခုဖြစ်လားရေ”..ဆိုပျာယ် အဖြစ်ပျက်စုံကိုပြောပြရေ။

ယေခါ ညောင်ပင်စောင့်နတ်က... လူဆိုးတိနီရေအရပ်မှာ... နတ်ကောင်းမနီနိုင်...နတ်ဆိုးရာနီရေ။ ယင်းပိုင်နီရာမျိုးမှာ သစ္စာဆိုကေ “အမှန်တရား အမှားတခု” ဖြစ်ဖို့စွာသေချာရေ အမောင်လူသား။

ကနိခါ...“အမှန်တရားဖုံးကွယ်မရ” ဆိုရေစကားးလုံးကိုသုံးနီကတ်ကေလည်း တခါတရံ “အမှန်သည်အမှား” .. “အမှားသည်အမှန်” ဖြစ်လားစွာတိကို သတိပြုမိကတ်ပါလိမ့်မည်။

အသျှင် (Ashun)

Wednesday, June 17, 2009

ခြံစည်းရိုးကြားက ရင်ကွဲနာ


ခြံစည်းရိုးကြားက ရင်ကွဲနာ (ဖြစ်ရပ်မှန် ၀တ္ထုတို)

ဆူဆူသည် ခမီးမချေတယောက်ဖြစ်သည်။ အသက် (၁၇) နှစ်အရွယ် တရွာလုံးတွင် အလှဆုံးကွမ်းတောင်ကိုင်ဖြစ်သည်။ အသက်ကလည်းငယ် အသားကလည်းဖွေး ချစ်ဖို့ကောင်းလွန်းလို့ သူမကို တရွာလုံးလူပျိုများက ၀ိုင်းပိုးကတ်သည်။ သူမရို့ရန်အောင်မြင်ရွာမှာ မောင်တောမြို့နယ်မြောက်ပိုင်း တိုက်နယ်ကျွန်းရွာဖြစ်သော ကြိမ်ချောင်းနှင့် မလှမ်းမကမ်းတွင်ဟိသည်။ ယင်းရွာတွင် ရခိုင်၊ ခမီး၊ ဒိုင်းနက်၊ သက်လူမျိုးအားလုံး ရောပြွမ်းနီထိုင်ပြီး အိမ်ခေါင်ပေါ် (၁၂၀) ကျော်ဟိသည်။ ရွာသားအားလုံး အဓိက လယ်လုပ်ကိုင်စားသောက်သည်။ ဆူဆူမိဖများလည်း တောင်ယာလုပ်သည်။ ဆူဆူတွင် သူ့အထက်က အေးမတယောက်၊ မောင်တယောက်ဟိသည်။ သူမ လေးတန်းအထိ စာသင်ခပြီး မူလတန်းပြီးသည်နှင့် စာဆက်မသင်နိုင်ဘဲ ကျောင်းထွက်လျှက် အိမ်မှုလုပ်ငန်းများကို ကူညီလုပ်ကိုင်နီသူဖြစ်သည်။

ဆူဆူရို့ရန်အောင်မြင်ရွာသည် အင်တန်လောက်ချောင်ကျလို့ ဖက်ခွက်စစ်သားတိ တခါတရီရောက်လာစွာကလွဲလို့ ရက်ကြာကြာ တည်းခိုနီထိုင်လေ့မဟိပါ။ ယင်းပိုင် ဖက်ခွက်တိ အရောက်အပေါက်နည်းလို့ တရွာလုံးမှာ အလှဆုံးဆူဆူစွာ အပျိုဖော်ဝင်စမှာ မြန်မာစက်ကွင်းထဲက လွတ်ကင်းနီခပါသည်။ သို့သော် နောက်ပိုင်းမှာ ရမ္မက်သားဖက်ခွက်စက်ကွင်းကို ကောင်းကောင်းကြာကြာ မယှောင်နိုင်လိုက်ပါ။

---------------
တနိ

၂၀၀၉ ခုနှစ် မတ်လ နောက်ဆုံးပါတ်ထဲက တနိဖြစ်သည်။ ယင်းနိမှာ ဘီအီးလို့ခေါ်သော စစ်မြီပြင်အင်ဂျင်နီယာတပ်ရင်းက တပ်စုတစု ခြံစည်းရိုးစီမံကိန်းအတွက် ဆူဆူရို့ရန်အောင်မြင်ရွာသို့ ရောက်ပါလတ်သည်။ မြန်မာစစ်သားများ၏ "အိမ်ကြီးကြီး၊ ရီတွင်းနီးနီး၊ ဖင်ကြီးကြီး" ဆိုသောဆောင်ပုဒ်အတိုင်း အချက်သုံးချက်နှင့်ပြည့်စုံသော ဆူဆူရို့အိမ်ဘေးနားက အိမ်ကြီးတဆောင်ကို သိမ်း၍စခန်းချသည်။ စခန်းချလို့ ကောင်းကောင်းမကြာလိုက် မြန်မာနည်းမြန်မာ့ဟန်အတိုင်း "အမေတို့
အဖေတို့ နေကောင်းကြပါသလား" ဆိုပြီးသနာ စစ်သားအုပ်စုတစု ဆူဆူရို့အိမ်သို့ ပေါက်ချလာလတ်သည်။ ဆူဆူကိုမြင်သည်နှင့် စစ်သားတိစွာ အကြောင်းမဟိအကြောင်းရှာပြီး ဆူဆူအမိနှင့်အဖကို ရရေနည်းဖြင့် ၀င်ရောသည်။ ဆူဆူအမိအဖများကလည်း တောသူတောင်သားတိဖြစ်လို့ စေတနာကောင်းစွာကတဖက်၊ ဖက်ခွက်တိကိုကြောက်သည်ကတဖက် အိမ်မှာဟိရေ ပြောင်းဖူးအစ နပျိုးသီးအဆုံး ဟိဟိသမျှကို ဖက်ခွက်တိကို ဧည့်ခံခွမ့်ကျွေးရသည်။ ဖက်ခွက်တိကလည်း ပြန်ဖို့မိပျာ ဆူဆူအိမ်မှာ နှာမွှမ်ပြီးသနာ တပျင်းတီးကတ်ပါသည်။ ကျွေးသမျှကို မြန်မာ့ပရိယာယ်ဖြင့် "အားနာစရာကြီး မလုပ်ပါနဲ့၊ မလုပ်ပါနဲ့" ဆိုပျာ မျိုဆို့ကတ်သည်မှာ အငတ်တိုင်းပြည်ကလာသောလူများ အတိုင်းဖြစ်သည်။ ဆူဆူတယောက် ထမင်းချက်ခန်းနှင့် အိမ်ရှိဒန်ခံ ၀င်လိုက်ထွက်လိုက် အစာခွမ့်ကျွေးနီရခါ တဏှာစိတ်ဖြင့် သူ့မနောက်ဖက်ကို ရှုစားတော်မူနီသော မြန်မာစစ်သားတယောက်နှင့် မျက်လုံးချင်းဆုံမိပါသည်။ ယင်းမြန်မာစစ်သား၏တဏှာအကြည့်ကို အတွိအကြုံမဟိသော ဆူဆူအဖို့ ဇာခံနိုင်ဖို့လဲ။ စစ်သားတိပြန်လားသောခါ လက်ယားရေပိုင် ခံစားရသည်။

----------------------
နောက်နိမိုးလင်းသောအခါ ရွာထဲက မင်းကျွန်ပျိုနှစ်ယောက် ဆူဆူဘက်သို့ပေါက်ချလာပြီး စာတစောင်လာပီးသည်။ "နင်ရို့အိမ်ကို ညကလာလည်ခရေ "တပ်ကြပ်ကျော်သက်" ဘားကစာ။ ညကလာခရေ စစ်သားတိထဲက ဆရာချေကျော်သက်ကို နင်မှတ်မိရေမလား" ဆိုပြီးလျှင် စာပီးပြီး ထွက်လားခကတ်သည်။ စာကိုဖတ်ကြည့်လိုက်သောအခါ "သိပ်ချစ်မိသွားပြီ ညီမလေးရယ်" ဆိုသည့်စကားနှင့် ဆူဆူကို မြင်မြင်ချင်း ချစ်မိရင်ခုန်မိကြောင်း၊ ဆူဆူပိုင်လှရေ မမချေမျိုး ရခိုင်မှာတာဝန်ထမ်းဆောင်နီရေ (၅) နှစ်တာကာလအတွင်းမှာ မတွိဖူး၊ မမြင်ဖူးကြောင်း၊ စာမျက်နာ (၂) မျက်နာကျော် ငါးသလောက်ချွဲ ချွဲထားသည်။ စာကိုဖတ်ပြီးသည်နှင့် ဆူဆူစိတ်တိ ငါးသလောက်မြှုံးမိလားခရပါသည်။

------------------
နောက်တနိ ဆူဆူရို့အိမ်ကို ကျော်သက်က သေနတ်ချေလွယ်ပြီးသနာ ရောက်လာသည်။ ဆူဆူကို ညကပီးခရေစာကိုရရေလားဟုမီးပြီး အဖြေတောင်းသည်။ ဆူဆူကလည်း မြင်မြင်ချင်း ရင်ခုန်ရသူဖြစ်လို့ ခေါင်းညိတ်ပြလိုက်သည်။ ယင်းနိကပင် ကျော်သက်စွာ လုပ်ငန်းခွင်ကပြန်လာတိုင်း သူ့အချစ်ကိုသက်သီပြဖို့ ဆူဆူဘားသို့ တန်းရောက်ပါလတ်သည်။

------------------------------
ကောင်းကောင်းမကြာလိုက် နယ်စပ်ခြံစည်းရိုးစီမံကိန်းအတွက် ရောက်လာသောစစ်သားများ ရွာထဲကနီ ခြံစည်းရိုးကာရံနီသောယာယီစခန်းသို့ ပြောင်းရွှိလားခကတ်သည်။ ယင်းအထဲမှာ တပ်ကြပ်ကျော်သက်လည်းပါသည်။ သို့သော် တပ်ကြပ်ကျော်သက်သည် အားလပ်ရက်တိုင်း ဆူဆူရို့ရွာသို့လာရောက်ပြီး ဆူဆူနှင့်ချိန်းတွိသည်။ ယင်းပိုင် ချိန်းတွိနီသည်ကို ဆူဆူ၏မောင်က တနိမြင်လားရေခါ ဆူဆူကို ဆူဆဲသည်။ ယင်းပိုင် ဆူဆဲစွာကို တရွာလုံးသားသိလားရေခါ ဆူဆူလည်းရှက်ပြီး ကျော်သက်ဘားသို့ ခိုးရွာလိုက်ပြီးသည်။ ဆူဆူ၏အပျိုစင်ညသည် မြန်မာစစ်သားတယောက်နှင့် နယ်စပ်တနီရာက ယာယီတဲချေတလုံး ကြယ်ရောင်မတောက်တေ ညဥ့်အမှောင်အောက်မှာ ပျောက်ကုန်ဆုံးလားခရပါသည်။

-----------------
နောက်နိ မိုးလင်းသည်နှင့် သူမဘေးနားတွင် ချစ်သူကျော်သက်မဟိသည်ကို ဆူဆူ သတိထားမိသည်။ ထထိုင်လိုက်သည်နှင့် ဆူဆူအဖသယ်နှင့် အမိသယ်အသံကို တဲအပြင်ဖက်က ကြားရသည်။

"သမီးချေ ထွက်လာလတ်။ အိမ်ပြန်ကတ်မည်"

ဆူဆူလည်း အသံကြားသည်နှင့် တဲအပြင်သို့ထွက်လာလတ်သည်။

"ဘာဘာ အခု အကျွန် ကိုကျော်သက်မယားဖြစ်နီပါယာ။ အပျိုလည်းပြန်မဖြစ်ပါယာ။ သမီးရို့ကို မခွဲပါကဲ့"

ဆူဆူသည် သူ့အဖခြီရင်းကို ဦးတိုက်တောင်းပန်သည်။

ဆူဆူအဖက ဆူဆူကို ရင်ကွဲပြီး "ဘုချေရို့ကို ဘာဘာမခွဲပါဝေ။ ယေကေလည်း အဘုချေ သူ့ကို လက်ထပ်လို့မရ။ တပ်က ခွင့်မပြုလတ်။၊ “ကိုယ့်သမီးကို ကိုယ်ပြန်ခေါ်ပါ” ဆိုလို့ ဘာဘာရို့ ပြန်လာခေါ်စွာ။ ကျော်သက်မှာ မယားနှင့် အချေနှစ်ယောက်ဟိလို့ တပ်ကခွင့်မပြုနိုင်လတ်"

--------------
သူမအဖ စကားအဆုံးမှာ ဆူဆူနှလုံးသား တောင်ပြိုယှောင် ပြိုကျလားရပါသည်။ ဆူဆူက ကိုကျော်သက်နှင့် နောက်ဆုံးတအောင့်ချေတွိချင်ကြောင်းပြောသော်လည်း တပ်အရာဟိက ကျော်သက်ကိုဖမ်းလို့ ကြိမ်ချောင်းသို့ပို့လိုက်ပြီးဖြစ်ကြောင်း ဆိုသည်။ ဆူဆူရို့ သားမိသားဖသုံးယောက် အရှက်တကွဲအကျိုးနည်း ရွာသို့ပြန်လာကတ်ရသည်။ သို့သော် တခြားတဲတလုံးက ချောင်းကြည့်နီသော ကျော်သက်ကိုကား သူရို့မတွိမြင်နိုင်ခပါ။

ဘုန်းစည်သူ
(6/15/2009)

(ဖြစ်ရပ်မှန် ဇာတ်လမ်း ဖြစ်ပါသည်။ လွန်ခရေ မေလအတွင်းက ရန်အောင်မြင်ကျွန်းရွာတွင် အဂယင့်ဖြစ်ပျက်ခသောအဖြစ်အပျက်ကို " ဘုန်းစည်သူ" က နရဉ္စရာဝပ်ဆိုက်၌ ရွီးဖွဲ့ထားခြင်းဖြစ်သည်။ မြန်မာပိုင်ယှောင်ရွီးထားသည်ကို ရခိုင်ဘာသာသို့ ပြန်ဆိုထားသည်။)

ခြံစည်းရိုးကြားက ရင်ကွဲနာ (Version 2)


ခြံစည်းရိုးကြားက ရင်ကွဲနာ (ဖြစ်ရပ်မှန် ၀တ္ထုတို)(Version 2) (စကားပြောပုံစံ)

ဆူဆူဆိုစွာက ခမီးမချေတယောက်ဖြစ်ပါရေ။ အသက် (၁၇) နှစ်အရွယ် တရွာလုံးမှာ အလှဆုံးကွမ်းတောင်ကိုင်မချေပါ။ အသက်ကလည်းငယ် အသားကလည်းဖွေး ချစ်ဖို့ကောင်းလွန်းလို့ သူမကို တရွာလုံးလူပျိုချေတိ ၀ိုင်းပိုးကတ်ပါရေ။ သူမရို့ရန်အောင်မြင်ရွာစွာ မောင်တောမြို့နယ်မြောက်ပိုင်း တိုက်နယ်ကျွန်းရွာဖြစ်တေ ကြိမ်ချောင်းနန့် မလှမ်းမကမ်းမှာဟိပါရေ။ ယင်းရွာမှာ ရခိုင်၊ ခမီး၊ ဒိုင်းနက်၊ သက်လူမျိုးတိ ရောပြွမ်းနီထိုင်ကတ်ပြီးကေ အိမ်ခေါင်ပေါ် (၁၂၀) ကျော်ဟိပါရေ။ ရွာသားတိအားလုံး အဓိက လယ်လုပ်ကိုင်စားသောက်ကတ်ပါရေ။ ဆူဆူမိဖတိကလည်း တောင်ယာလုပ်ပါရေ။ ဆူဆူမှာ သူ့အထက်က အေးမတယောက်၊ မောင်တယောက်ဟိပါရေ။ သူမ စာလေးတန်းအထိ စာသင်ခပြီးကေ မူလတန်းပြီးစွာနန့် စာဆက်မသင်နိုင်ဘဲ ကျောင်းထွက်လို့ အိမ်မှုလုပ်ငန်းတိကို ကူညီလုပ်ကိုင်နီသူဖြစ်ပါရေ။

ဆူဆူရို့ရန်အောင်မြင်ရွာရေ အင်တန်လောက်ချောင်ကျလို့ ဖက်ခွက်စစ်သားတိ တခါတရီရောက်လာစွာကလွဲလို့ ရက်ကြာကြာ တည်းခိုနီထိုင်လေ့မဟိပါ။ ယင်းပိုင် ဖက်ခွက်တိ အရောက်အပေါက်နည်းလို့ တရွာလုံးမှာအလှဆုံးဆူဆူစွာ အပျိုဖော်ဝင်စမှာ မြန်မာစက်ကွင်းထဲက လွတ်နီခပါရေ။ ယေကေလည်း နောက်ပိုင်းမှာ ရမ္မက်သားဖက်ခွက်စက်ကွင်းကို ကောင်းကောင်းကြာကြာ မယှောင်နိုင်လိုက်ပါ။

---------------
တနိ

၂၀၀၉ ခုနှစ် မတ်လ နောက်ဆုံးပါတ်ထဲက တနိဖြစ်ပါရေ။ ယင်းနိမှာ ဘီအီးလို့ခေါ်ရေ စစ်မြီပြင်အင်ဂျင်နီယာတပ်ရင်းက တပ်စုတစု ခြံစည်းရိုးစီမံကိန်းအတွက် ဆူဆူရို့ရန်အောင်မြင်ရွာကို ရောက်လာပါရေ။ မြန်မာစစ်သားများ၏ "အိမ်ကြီးကြီး၊ ရီတွင်းနီးနီး၊ ဖင်ကြီးကြီး" ဆိုရေ ဆောင်ပုဒ်အတိုင်း အချက်သုံးချက်နန့်ပြည့်စုံရေ ဆူဆူရို့အိမ်ဘေးနားက အိမ်ကြီးတဆောင်ကို သိမ်းလို့စခန်းချကတ်ပါရေ။ စခန်းချလို့ ကောင်းကောင်းမကြာလိုက် မြန်မာနည်းမြန်မာ့ဟန်အတိုင်း "အမေတို့
အဖေတို့ နေကောင်းကြပါသလား" ဆိုပြီးသနာ စစ်သားအုပ်စုတစု ဆူဆူရို့အိမ်သို့ ပေါက်ချလာလတ်ပါရေ။ ဆူဆူကိုမြင်စွာနန့် စစ်သားတိစွာ အကြောင်းမဟိအကြောင်းရှာပြီးကေ ဆူဆူအမိနန့်အဖကို ရရေနည်းနန့် ၀င်ရောကတ်ပါရေ။ ဆူဆူအမိအဖတိကလည်း တောသူတောင်သားတိဖြစ်လို့ စေတနာကောင်းစွာကတဖက်၊ ဖက်ခွက်တိကိုကြောက်သည်ကတဖက် အိမ်မှာဟိရေ ပြောင်းဖူးအစ နပျိုးသီးအဆုံး ဟိဟိသမျှကို ဖက်ခွက်တိကို ဧည့်ခံခွမ့်ကျွေးရပါရေ။ စစ်သားတိကလည်း ပြန်ဖို့မိပျာ ဆူဆူအိမ်မှာ နှာမွှမ်ပြီးသနာ တပျင်းတီးကတ်ပါရေ။ ကျွေးသမျှကို မြန်မာ့ပရိယာယ်နန့် "အားနာစရာကြီး မလုပ်ပါနဲ့၊ မလုပ်ပါနဲ့" ဆိုပျာ ဆို့ကတ်စွာ အငတ်တိုင်းပြည်ကလာရေလူတိ အတိုင်းပါ။ ဆူဆူတယောက် ထမင်းချက်ခန်းနန့် အိမ်ရှိဒန်ခံ ၀င်လိုက်ထွက်လိုက် အစာခွမ့်ကျွေးနီရခါ တဏှာစိတ်ဖြင့် သူ့မနောက်ဖက်ကို ရှုစားတော်မူနီသော မြန်မာစစ်သားတယောက်နန့် မျက်လုံးချင်းဆုံမိပါရေ။ ယင်းမြန်မာစစ်သား၏တဏှာအကြည့်ကို အတွိအကြုံမဟိရေ ဆူဆူအဖို့ ဇာပိုင်ခံနိုင်ဖို့လဲ။ စစ်သားတိပြန်လားရေခါ လက်ယားပိုင်တွိရေ။

----------------------
နောက်နိမိုးလင်းခါ ရွာထဲက မင်းကျွန်ပျိုနှစ်ယောက် ဆူဆူဘက်သို့ပေါက်ချလာပြီးကေ စာတစောင်လာပီးပါရေ။ "နင်ရို့အိမ်ကို ညကလာလည်ခရေ "တပ်ကြပ်ကျော်သက်" ဘားကစာ။ ညကလာခရေ စစ်သားတိထဲက ဆရာချေကျော်သက်ကို နင်မှတ်မိရေမလား" ဆိုပြီးကေ စာပီးပြီးသနာ ထွက်လားခကတ်တေ။ စာကိုဖတ်ကြည့်လိုက်ခါ "သိပ်ချစ်မိသွားပြီ ညီမလေးရယ်" ဆိုရေစကားနန့် ဆူဆူကို မြင်မြင်ချင်း ချစ်မိရင်ခုန်မိကြောင်း၊ ဆူဆူပိုင်လှရေ မမချေမျိုး ရခိုင်မှာတာဝန်ထမ်းဆောင်နီရေ (၅) နှစ်တာကာလအတွင်းမှာ မတွိဖူး မမြင်ဖူးကြောင်း၊ စာမျက်နာ (၂) မျက်နာကျော် ငါးသလောက်ချွဲ ချွဲထားပါရေ။ စာကိုဖတ်ပြီးစွာနန့် ဆူဆူစိတ်တိ ငါးသလောက်မြှုံးမိလားခရပါရေ။

------------------
နောက်တနိ ဆူဆူရို့အိမ်ကို ကျော်သက်က သေနတ်ချေလွယ်ပြီးသနာ ရောက်လာပါရေ။ ဆူဆူကို ညကပီးခရေစာကိုရလားလို့မီးပြီး အဖြေတောင်းပါရေ။ ဆူဆူကလည်း မြင်မြင်ချင်း ရင်ခုန်ရသူဖြစ်လို့ ခေါင်းညိတ်ပြလိုက်တေ။ ယင်းနိကပင် ကျော်သက်စွာ လုပ်ငန်းခွင်ကပြန်လာတိုင်း သူ့အချစ်ကိုသက်သီပြဖို့ ဆူဆူဘားသို့ တန်းရောက်ပါလတ်တေ။

------------------------------
ကောင်းကောင်းမကြာလိုက် နယ်စပ်ခြံစည်းရိုးစီမံကိန်းအတွက် ရောက်လာကတ်တေစစ်သားတိစွာ ရွာထဲကနီ ခြံစည်းရိုးကာရေ ယာယီစခန်းသို့ ပြောင်းရွှိလားခကတ်ပါရေ။ ယင်းအထဲမှာ တပ်ကြပ်ကျော်သက်လည်းပါရေ။ ယေကေလည်း တပ်ကြပ်ကျော်သက်စွာ အားလပ်ရက်တိုင်း ဆူဆူရို့ရွာသို့လာရောက်ပြီး ဆူဆူနန့် ချိန်းတွိပါရေ။ ယင်းပိုင် ချိန်းတွိနီစွာကို ဆူဆူ့မောင်က တနိမြင်လားရေခါ ဆူဆူကို ဆူဆဲပါရေ။ ယင်းပိုင် ဆူဆဲစွာကို တရွာလုံးကသိလားရေခါ ဆူဆူလည်းရှက်ပြီး ကျော်သက်ဘားသို့ ခိုးရွာလိုက်ပြီးပါရေ။ ဆူဆူ၏အပျိုစင်ညစွာ မြန်မာစစ်သားတယောက်နန့် နယ်စပ်တနီရာက ယာယီတဲချေတလုံး ကြယ်ရောင်မတောက်တေ ညဥ့်အမှောင်အောက်မှာ ပျောက်ကုန်ဆုံးလားခပါရေ။

-----------------
နောက်နိ မိုးလင်းစွာနန့် သူမဘေးနားမှာ ချစ်သူကျော်သက်မဟိစွာကို သတိထားမိပါရေ။ ထထိုင်လိုက်စွာနန့် ဆူဆူအဖသယ်နန့် အမိသယ်အသံကို တဲအပြင်ဖက်က ကြားရပါရေ။

"သမီးချေ ထွက်လာလတ်။ အိမ်ပြန်ကတ်မည်"

ဆူဆူလည်း အသံကိုကြားစွာနန့် တဲအပြင်သို့ထွက်လာလတ်တေ။

"ဘာဘာ အခု အကျွန် ကိုကျော်သက်မယားဖြစ်နီပါယာ။ အပျိုလည်းပြန်မဖြစ်ပါယာ။ သမီးရို့ကို မခွဲပါကဲ့"

ဆူဆူရေ သူ့အဖခြီကို ဦးတိုက်တောင်းပန်ပါရေ။

ဆူဆူအဖက ဆူဆူကို ရင်ကွဲပြီးကေ "ဘုချေရို့ကို ဘာဘာမခွဲပါဝေ။ ယေကေလည်း ဘုချေ သူ့ကို လက်ထပ်လို့မရ။ တပ်က ခွင့်မပြုလတ်။၊ “ကိုယ့်သမီးကို ကိုယ်ပြန်ခေါ်ပါ” ဆိုလို့ ဘာဘာရို့ ပြန်လာခေါ်စွာပါ။ ကျော်သက်မှာ မယားနန့် အချေနှစ်ယောက်ဟိလို့ တပ်ကခွင့်မပြုနိုင်လတ်"

--------------
သူမအဖ စကားအဆုံးမှာ ဆူဆူနှလုံးသား တောင်ပြိုယှောင် ပြိုကျလားပါရေ။ ဆူဆူက ကိုကျော်သက်နန့် နောက်ဆုံးတအောင့်ချေတွိချင်ကြောင်းပြောသော်လည်း တပ်အရာဟိက ကျော်သက်ကိုဖမ်းလို့ ကြိမ်ချောင်းသို့ပို့လိုက်ပြီးဖြစ်ကြောင်း ဆိုပါရေ။ ဆူဆူရို့ သားမိသားဖသုံးယောက် အရှက်တကွဲအကျိုးနည်း ရွာပြန်လာလတ်ကတ်ရပါရေ။ သို့သော် တခြားတဲတလုံးက ချောင်းကြည့်နီရေကျော်သက်ကိုကား သူရို့မတွိမြင်နိုင်ခပါ။

ဘုန်းစည်သူ
(6/15/2009)

(ဖြစ်ရပ်မှန် ဇာတ်လမ်း ဖြစ်ပါသည်။ လွန်ခရေ မေလအတွင်းက ရန်အောင်မြင်ကျွန်းရွာတွင် အဂယင့်ဖြစ်ပျက်ခသောအဖြစ်အပျက်ကို " ဘုန်းစည်သူ" က နရဉ္စရာဝပ်ဆိုက်၌ ရွီးဖွဲ့ထားခြင်းဖြစ်ပါသည်။ မြန်မာပိုင်ယှောင်ရွီးထားသည်ကို ရခိုင်ဘာသာသို့ ပြန်ဆိုထားပါသည်။)

Wednesday, May 13, 2009

ကဇူးကိုင်းပုံပြင်


ကဇူးကိုင်းပုံပြင်
----------------

"သီချင်ကေ စိန်မစားကဲ့၊ ကဇူးကိုင်းကိုလား" ဆိုရေစကားကို အချေခါကြားဖူးနားဝ ဟိခပါယင့်။ စုန်းပေါသည်ဟုသတင်းကြီးသော ကဇူးကိုင်းရွာသို့ ကိုယ်တိုင်ရောက်သောအခါ...။

လက်ငါးချောင်းရာ
------------------
"ဆရာနတ်မောင်၊ ဆရာနတ်မောင်.... ဆရာထွန်းမောင်ချေ ငြမ်းစင်ထက်ကလူးကျရေ ဆရာ" ဟု ညည့် (၁၀) ချက်တီးလောက်တွင် အလုပ်သမားတယောက်လာပြောသောကြောင့် အကျွန်ုပ် ချက်ချင်းထလိုက်လားပါသည်။ တွိလိုက်ရသောအခါ အကျွန်ုပ်၏ ချစ်လှစွာသောသူငယ်ချင်း ထွန်းမောင်ချေမှာ မျက်စိပြူးလျှက်၊ ပါးစမှ အမြှုပ်များထွက်ကာ ဂေါင်းတွင်သွီးလူးလူးဖြင့် သီဆုံးလျှက်ဟိကြောင်းတွိလိုက်ရသည်။ အလုပ်သမားတချို့က ကိုထွန်းမောင်ချေသည် ယင်းနိက အရက်သောက်ထားသည်။ အရက်ကြောင့် အသက်ပါဆုံးယှုံးရသည်ဟု အမျိုးမျိုးဝေဖန်လျှက် အသုဘကိစ္စကို ပျင်ဆင်ကတ်ရသည်။ အကျွန်ုပ်လည်း အလုပ်သမား (၄) ယောက်နှင့်အတူ သူငယ်ချင်း၏အလောင်းမှ အဝတ်များကိုလှယ်ရန် အင်္ကျီချွတ်လိုက်သောအခါ အလောင်း၏နောက်ကုန်းတွင် လက်ငါးချောင်းရာ ညိုပုတ်ပုတ်အကွက်ကြီးတကွက်ကို တွိလိုက်ရသည်။ ထိုအညိုကွက်ကြီးသည် သွီးဥသကဲ့သို့ စိုထိုင်းထိုင်းဖြစ်နီသည်။ ဤသည်မှာ သဆီ (ဝါ) မိစ္ဆာများ၏လက်ချက်ဖြစ်ကြောင်း ချက်ချင်းသိလိုက်ရသည်နှင့် အလုပ်သမားများအားမပြောဘဲ ထားလိုက်မိသည်။ သို့နှင့် အသုဘကိစ္စကြောင့် အလုပ်ချူတ်နီသည်တွင် ကဇူးကိုင်းရွာသို့မလားဖြစ်ဘဲ (၃-၄) ရက်ကြာလားသည်။ ကဇူးကိုင်းရွာမှာ ဆောက်လုပ်ရေးဝင်းမှ (၁) မိုင်ခန့်ဝီးပြီး အုပ်ဆိုင်းဆိုင်းတောလမ်းအတိုင်း လမ်းလျှောက်ရသည်။ ထွန်းမောင်ချေနှင့် ထိုင်နီကျ ရွာလယ်လဖက်ရည်ဆိုင်မှ ကုလိမ္မေချေတိကို သံသယမကင်းသော်လည်း လွမ်းလျှက်ဟိသည်။

ညီအေးမငါးဖော်
------------
လဖက်ရည်ဆိုင်တွင် ညီအေးမငါးယောက်ဟိသည်။ အငယ်ဆုံးဖြစ်သူ မငယ်မှာ အသက် (၂၀) ဝန်းကျင်ခန့်ဟိပြီး ငါးယောက်လုံးမှာ အသက်ကောင်းမကွာဟုထင်ရသည်။ ရုပ်များမှာ တရုတ်မများ၏မျက်နှာပေါက်ဖြစ်ပြီး မျက်လုံးထောင့်မှာ နီစပ်စပ်နှင့် အကြည့်ရဲရင့်သည်။ အသားအရောင် ဝင်းပစိုပြေသည်။ မှန်အိမ်မှိန်မှိန်ချေရာ ထွန်းထားသော်လည်း ကိုယ်ရောင်ကိုယ်ဝါထွက်သော နတ်သမီးများကဲ့သို့လှသည်ဟုပြောခြင်းထက် ဖိုသတ္တဝါများအား ဆွဲအားဟိသောအသွင်ကိုဆောင်သည်။ လဖက်ရည်ဆိုင်ထဲတွင် မွှီးကြိုင်သောရနံ့တမျိုးဟိသည်။ အကျွန်ုပ်အထင် ထိုကုလိမ္မေချေတိနှိမ်းသော သနပ်ခါးမှ မွှီးခြင်းဖြစ်မည်ဟု မှတ်ချက်ချမိသည်။ အခြားသော လဖက်ရည်လာသောက်သူများအား မတွိရ။ အကျွန်ုပ်ရို့ သူငယ်ချင်းနှစ်ယောက်နှင့် ညီအေးမငါးယောက်ရာဟိသည်။ အကျွန်ုပ်၏မူလဗီဇအတိုင်း ကုလိမ္မေချေများနှင့်တွိက ရယ်စရာများကိုဖောက်သည်ချကာ ပွဲကျလျှက်ဟိသည်။ ကြောက်ရွံ့ခြင်း၊ သံသယဖြစ်ခြင်းအလျှင်းမဟိ။ မြို့ပြနှင့်ဝီးလျှက် အမ်းတောင်တန်း၏အစွန်အဖျား တောင်ဂျိုင်များကြားက ဤဒါးလက်ချောင်းတန်းတားဆောက်လုပ်ရေးတွင် အလုပ်သင်အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းလျှက်ဟိသော ထွန်းမောင်ချေနှင့် အကျွန်ုပ်ရို့၏တခုတည်းသော အပန်းဖြေရာလောကနိဗ္ဗာန်သည်ကား ဤလဖက်ရည်ဆိုင်ပင်တည်း။ အချိန်ပို မဆင်းရသောညဥ့်များတွင် လာထိုင်လေ့ဟိသည်။ မကြာသောအချိန်ကာလအတွင်း မငယ်နှင့်ထွန်းမောင်ချေမှာ အကျီဆိုက်လီကတ်သည်။ ထွန်းမောင်ချေ မသီခင်တရက်မှာ ထူးခြားသောအဖြစ်အပျက်တခု ဖြစ်ပျက်ခသည်။

ချစ်၍သတ်ရသည်
------------------
ညဥ့် (၁၀) ချက်တီးခန့်တွင် ထွန်းမောင်ချေနှင့်မငယ်သည် လဖက်ရည်ဆိုင်နောက်ဖက် အိမ်ခန်းထဲသို့ဝင်လားသည်။ အကျွန်ုပ်မှာလည်း တားရန်မတတ်သာ။ မကြီးကလည်းသဘောတူသည့်အမူအယာပြသည်နှင့် လွှတ်ထားသည်။ သူရို့နှစ်ယောက်တည်း ချစ်ရည်လူးလျှက် (၁) နာရီ ခန့်ကြာသောအခါ ပြန်ထွက်လာကတ်သည်။ ထွန်းမောင်ချေမှာ ညှိုးငယ်သောမျက်နှာနှင့် လဖက်ရည်ဆိုင်တွင်ဆက်မထိုင်ပဲ ချက်ချင်းပြန်ရန်ပြောသည်နှင့် နှုတ်ဆက်ပြီးပြန်လာလတ်ကတ်သည်။ လမ်းတွင်အကျိုးအကြောင်းမီးမြန်းရာ ထွန်းမောင်ချေက မငယ်နှင့်ချစ်ရည်လူးနီစဉ်တွင် အပုတ်နံတထောင်းထောင်းထွက်လျှက်ဟိကြောင်း။ အခန်းထဲသို့ဝင်လားစဉ်က အခန်းထဲတွင် နှစ်ယောက်တည်းဖြစ်သော်လည်း ကျန်အေးမ (၄) ယောက်ပါ လာရောက်ပြုစုသည်ဟု ခံစားရကြောင်း။ အချစ်ရည်လူးပြီးသောအခါ မငယ်မှာ အလွန်နှစ်သက်ကျေနပ်သောအမူအရာကိုပြ၍ တသက်လုံးသူရို့ညီအေးမငါးယောက်နှင့်အတူတူနီရန် ပြောသောအခါမှ သံသယစိတ်ဝင်ကာ ကြောက်ရွံ့မိကြောင်း ယှင်းပြသည်။ နောက်နိတွင် ထွန်းမောင်ချေမှာ မှိုင်တိုင်တိုင်ဖြစ်လျှက် ညဇာဖက် အရက်စကေသောက်ဖြစ်သည်တွင် ညဥ့်အချိန်ပိုဆင်းသောအခါ အလုပ်ခွင်၌ ဤသို့ငြမ်းစင်ထက်မှ လူးကျသီဆုံးရခြင်းဖြစ်သည်။ ဤသည်မှာ ညီမငါးဖော်၏လက်ချက်ရာဖြစ်ရမည်ဟု အကျွန်ုပ်စိတ်ထဲ တပ်အပ်သိနီသည်။

စိန်ခေါ်ခြင်း
-----------
ထွန်းမောင်ချေ၏အသုဘကိစ္စများပြီး၍ နောက်ရက်သတ္တတပတ်ခန့်ကြာသောအခါ ယင်းလဖက်ရည်ဆိုင်သို့ အကျွန်ုပ်တယောက်တည်း ရောက်လားသည်။ ညီမငါးဖော်မှာ အလွန်ပျော်ရွှင်ကျေနပ်၍ တက်ကြွသောမျက်နှာအမူအယာများဖြင့် အကျွန်ုပ်အားဆီးကြိုလျှက်ဟိသည်။ ထွန်းမောင်ချေသီဆုံးလားကြောင်းပြောသောအခါ စိတ်မကောင်းယောင်ပြသည်ကို အကျွန်ုပ် ကောင်းကောင်းရိပ်မိသည်။ ဆိုင်နောက်ဖေးက အိမ်ခန်းထဲလို့လှမ်းကြည့်လိုက်သောအခါ အမှောင်ထဲတွင် ထွန်းမောင်ချေတယောက် ငုတ်စုတ်ထိုင်နီသည်ကို ရုတ်တရက်မြင်လိုက်ရပြီး ချက်ချင်းပျောက်လားသည်။ အကျွန်ုပ်မှာ ကြောက်လည်းကြောက် ဒေါသလည်းထွက်လျှက် သူငယ်ချင်းအတွက် လက်စားချေမည်ဟု ဆုံးဖြတ်လိုက်သည်။ "မငယ်... ကျွန်တော့်သူငယ်ချင်း မကောင်းမိစ္ဆာတိလက်ချက်နန့်သီရစွာ။ ယင်းမိစ္ဆာတိ ကျွန်တော်ရအောင် ပြန်သတ်ဖို့။ စောင့်ကြည့်နီကတ်" ဟုဒေါနှင့်ပြောလျှက် ဆိုင်ထဲမှထွက်လာလတ်သည်။ အိမ်သို့ရောက်သောအခါ ဓါးမျှောင်ကို ဘုရားစင်ညောင်ရီအိုးထဲမှ ရီများဖြင့်ဆီးကြောလျှက် ခေါင်းအုံးအောက်တွင်ထားလိုက်သည်။ အိပ်ရာထက်တွင်လှဲနီယင်း သနားဖို့ကောင်းသော သူငယ်ချင်း၏မျက်နှာကိုမြင်ယောင်ကာ တရားခံကို မည်သို့မည်ပုံဖော်ထုတ်ရမည်ကို စိတ်ကူးကြံစည်လျှက်ဟိသည်။

ဘီလူးစီးခြင်း
------------
အကျွန်ုပ်၏ဘဝတွင် ဤတခါလောက် မိမိ၏အသက်ကို သီခြင်းတရားလက်တွင်းထဲသို့ မျှော်လင့်ချက်ကင်းမဲ့စွာအပ်နှံလိုက်ရသော ဆိုးရွားသောအတွိအကြုံမျိုး တခါလည်းမဟိဖူးပါ။ အိပ်ရာထက်တွင်လှဲနီယင်း အိပ်မွိမကျတကျအချိန်တွင် တန်းခါးဖွင့်လျှက် လူလေးယောက်ဝင်လာသည်။ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ဂျပန်နပန်းသမားများကဲ့သို့ကြီးမားသော အရိပ်မဲမဲကြီးလေးခုသည် အကျွန်ုပ်၏ခြီနှင့်လက်များကို လေးဖက်လေးတန် ချုပ်ကိုင်ထားသည်။ အကျွန်ုပ်လည်း ခြီနှင့်လက်များကို ရုန်းထွက်နိုင်ရန် အစွမ်းကုန်ကြိုးစားသည်။ လှုပ်၍ပင်မရ။ ချွေးပြန်လျှက်ဟိသည်။ သတိဝင်လာ၍ ဘေးအိမ်ကိုအကူအညီတောင်းမည်ဟု ခေါင်းထောင်လိုက်သောအခါ နောက်ထပ်အရိပ်မဲမဲကြီးတခုသည် တန်းခါးပေါက်မှဝင်လာပြီး ထွန်းမောင်ချေမှာလည်း သနားစရာမျက်နှာထားနှင့် နောက်မှမျှောင်၍လိုက်ပါလာသည်။ အော်ချိန်ပင်မရ ထိုအရိပ်မဲကြီးသည် အကျွန်ုပ်၏ခါးကိုခွထိုင်လျှက် လိုင်ဖင်းကိုညှစ်သည်တွင် အော်သော်လည်းအသံမထွက်။ လိုင်ဖင်းပျစ်သောကြောင့် မျက်စိပြူးလျှာထွက်လာသည်။ ကြောက်စိတ်မွှမ်ပြီး အသကုန်ရုန်းသော်လည်း တစိချေလည်း မလှုပ်။ ပကတိ အရိပ်မဲကြီးငါးခု၏ ချုပ်ထားသည့်အတိုင်း ငြိမ်လျှက်ဟိသည်။ ထွန်းမောင်ချေမှာလည်း ကူဖော်မရ။ ဘေးနားကထိုင်၍ ကြောင်တောင်တောင်ကြည့်နီသည်။ အကျွန်ုပ် မည်မျှပင်ရုန်းသော်လည်း မထူး။ လိုင်ဖင်းမှာလည်း ပျစ်သထက်ပျစ်လာသည်။ ပါးစက အမြှပ်များထွက်လာရာ စိတ်ကိုလုံးလုံးလျှော့ချလိုက်ပြီး ဤအတိုင်းငြိမ်ခံလိုက်သည်။ အလိုဟိသမျှ လုပ်ကတ်ဖိ။ သီခြင်းကိုရင်ဆိုင်ရသောအခါ ဗုဒ္ဓမြတ်စွာဘုရားကိုအောက်မိလျှက် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ” စိတ်ထဲ တိုးတိုးချေရွတ်ဆိုလိုက်သည်။

တရားခံသိပျာယ်
---------------
ထိုသို့ ရွတ်ဆိုလိုက်သည်နှင့်တပြိုင်နက် အကျွန်ုပ်၏ခန္ဓာကိုယ်မှာ ပေါ့ပါးလားသည်။ အရိပ်နက်များအားလုံးနှင့် ထွန်းမောင်ချေပါ နီးစပ်ရာပြတင်းပေါက်များမှ ခုန်ထွက်ပြီးလားကတ်သည်။ အကျွန်ုပ်လည်း အလွတ်မပီး ညာဖက်လက်ကို ခေါင်းအုံးအောက်သို့ထည့်၍ ဓါးမြှောင်ကိုဆွဲထုတ်လိုက်ပြီး နောက်ဘိတ်ဆုံးမြင်ရသော အရိပ်မဲမဲကြီးကိုလှမ်းပေါက်လိုက်ရာ လက်မောင်းကိုစိုက်ဝင်လားသည်တွင် ဓါးတန်းလန်းနှင့်ထွက်ပြီးလားသည်။ အရိပ်တွင် ဓါးစိုက်ဝင်နိုင်သည်မှာ မှော်ဆရာတဦးပြောဖူးသည့်အတိုင်းပင် ဘုရားညောင်ရီအိုးမှရီများဖြင့် ဆီးထားသောကြောင့်ဖြစ်သည်နိုင်သည်။ အကျွန်ုပ်လည်း တရားခံကို နောက်နိသိရပျာယ်ဟု ကျေနပ်မိသည်။ ယင်းနိက ကြောက်စိတ်ဖြင့်အိပ်မပျော်ပဲ ညဥ့်လုံးပေါက်ထိုင်၍မိုးလင်းသည်။ မိုးလင်းသောအခါ ကဇူးကိုင်းရွာဖက်သို့ ထွက်လာလတ်သည်။ ရွာလယ်သို့ရောက်သောအခါ လဖက်ရည်ဆိုင်ကိုရှာမတွိပဲ ယင်းနီရာတွင် ဗောဓိပင်ကြီးတပင်နှင့် ရီကန်ပျက်တခုကိုရာ တွိရသည်။ ရွာမှာ အိမ်ပေါင်း (၃၀) ခန့်ဟိပြီး လမ်းတလမ်းရာဟိသောကြောင့် မှားနိုင်စရာအကြောင်းမဟိ။ ဝါကြီးအိုကြီးတလုံး ထိုင်၍ဆီးလိပ်ဖွာသောက်နီသည်ကိုတွိသောကြောင့် လား၍မီးကြည့်သည်။

“အဖိုး ... အေနားက လဖက်ရည်ဆိုင် ဇာသို့ရောက်လားပါရေလဲ”
“အဝေး... မောင်ချေ... အေရွာမှာ လဖက်ရည်ဆိုင်က မဟိကာ”
“အဖိုး ... ကျွန်တော် ညကညဥ့်ခါကတောင် ရောက်ခပါသိမ့်ရေ... ညီအေးမငါးယောက်ဟိပါရေ ယင်းဆိုင်မှာ”
“အဝေး.. မောင်ချေ... ညီမငါးဖော်နန့် မင်းတွိခပျာယ်ထင်ရေ.... ယင်းစုန်းမငါးယောက်ကို တွိဖူးလူ.. အသက်ရှင်ရေလို့မဟိဝေး... မင်းသတိနန့်ရာ နီလီဖိ”

ယင်းပိုင်ပြောသောအခါ အကျွန်ုပ်မှာ ကြက်သိမ်းဖြိမ့်ဖြိမ့်ထလားသည်။ ဆောက်လုပ်ရေးသို့ အယင်ပြန်လာလတ်ပြီး ယင်းနိတွင်းချင်းပင် အလုပ်မှနှုတ်ထွက်ကာ ကြုံရာကားဖြင့် မင်းပြားသို့လိုက်ပါလာလတ်သည်။

ကဇူးကိုင်းသို့ ကိုယ်တိုင်ရောက်ဖူးသောအခါ အသင်သိပါလိမ့်မည်။

(နတ်မောင်)

Friday, May 8, 2009

ဂျတ်လူမျိုးများ (၂)


ဂျတ်လူမျိုးများ(၂)
------------------------
ကြာဆိပ်အင်းရွာတရွာလုံး ငြိမ်ဆိတ်လျှက်ဟိသည်။ ပုရစ်ချေ၊ မြွီချေ၊ ဖားချေမြည်သံကလွဲလို့ လူသူတိတ်ဆိတ်နီသည်။ မြောင်ဘက်င်္သချိုင်းတောက ခဲဝါအူသံများ တချက်နှစ်ချက်ကြားနီရသည်။ အဘောင်ကြာဇံသာတယောက် သဘောက်ခင်းအိပ်ဖို့ပျင်နီစဉ်တွင် ခဲဝါအူသံများထွက်ပါလတ်သည်။ ကြားနီကျဖြစ်၍ အဘောင်ကြာဇံသာ ခဲဝါအူသံများကိုဂရုမစိုက်ဘဲ အိပ်ရာတွင် ဂေါင်းချလိုက်သည်။ ကကောင်းမကြာ လူတစု အဘောင်အိမ်ရှိတန်းခါးကို လာခေါက်သည်။ "အသူရို့လဲ ညဥ့်မိုက်သိုင်ခေါင်" ဟု အဘောင်က မီးလိုက်သည်။ “အကျွန်ရို့ ထိုဖက်ရွာကပါ၊ အကျွန့်မယား ကိုယ်ဝန်ကြင်နီလို့။ ကျေးဇူးပြုလို့ ကူညီပါ"

အဘောင်ကြာဇံသာသည် ဗိန္ဓောလက်သည်တယောက်ဖြစ်သည်။ ရွာနီးဝန်းကျင်တွင် သူမ မမွီးပီးခသော လူမဟိ။ အသူပင် ကိုယ်ဝန်ကြင်ကြင် အဘောင်ဘားသို့ အပြီးလာကတ်သည်။ အဘောင်က ဇာချိန်မှာလာခေါ်လာခေါ် ပြီး၍လား၍ ကူညီတတ်သည်။ အခုလည်း အဘောင်တယောက် ပရုန်းနရုန်းထပြီး တန်းခါးလားဖွင့်ပီးလိုက်သည်။ အလွန်လှပခန့်ငြားသော လူလတ်ပိုင်းအရွယ် (၅) ယောက်သည် အဘောင်ကို အပြုံးနှင့်ဆီးကြိုလျှက်ဟိသည်။ "အဘောင် အကျွန်ရို့ အင်္ဂရားချိုင်ရွာကပါ။ အကျွန့်မယား အချေမမွီးနိုင်လို့ အကူအညီလာတောင်းစွာပါ။ အဘောင် လမ်းလျှောက်ကေ ညောင်းဖို့မှန်းသိလို့ အကျွန်ရို့ ထမ်းကုတင်ပါ တခါတည်းယူလာပါရေ" ဟု လူရွယ်တယောက်က ရှိကိုတလှမ်းတိုး၍ပြောသည်။ "အေး ကောင်းယင့်" ဆိုပနာ အဘောင်လည်း ကုတင်ထက် တက်ထိုင်လိုက်သည်။ ထိုရွာသို့ရောက်ဖို့ (၂) ချက်တီးလောက်ကြာသည်။ ထူးဆန်းသည်မှာ ထိုလူရွယ်များသည် တယောက်နှင့်တယောက် စကားလုံးဝမပြော။ အဘောင်စိတ်ထဲတွင် “ကကောင်းစကားနည်းရေ အချေတိရာမလား” ဟု စဉ်းစားနီမိသည်။

(၂) ချက်တီးလောက်အကြာတွင် သူရို့ရွာစကို နင်းမိသည်။ တရွာလုံး တိတ်ဆိတ်နီသည်။ ရွာလယ်ကောင်တည့်တည့် အိမ်တအိမ်မှ မီးရောင်ကိုမြင်ရသည်။ ကျွန်းရွာအတိုင်းအတာအရ ဒေအိမ်သည် လူရတတ်အိမ်ဖြစ်ဖို့များသည်။ လူများသည် အဘောင်ကြာဇံသာအား ထိုအိမ်ထက်သို့ ဆောင်ယူလားကတ်သည်။ အိမ်သည် ပျိုင်စီပျိုင်ထောင် အိမ်ကြီးရခိုင်ဖြစ်သည်။ တန်းပျင်းခန်းကိုဝင်သောအခါ အလွန်တရာမွှီးကြိုင်လန်းဆန်းသော အနံ့တမျိုးကို လျှူလိုက်မိသည်။ အဘောင်ကို အသက် (၅၀) ခန့်အရွယ် အမျိုးသမီးနှစ်ယောက်က ဘယ်လက်ခေါင်အခန်းသို့ ခေါ်ဆောင်လားသည်။ လူရွယ်များကမူ တန်းပျင်းခန်းတွင် ထိုင်လျှက်စောင့်ကြည့်နီသည်။ ဘယ်လက်ခေါင်အခန်းတွင် အသက် (၂၅) ခန့်အရွယ် အလွန်တရာချောမောလှပသော အမျိုးသမီးတယောက် အချေမမွီးနိုင်ဘဲ အော်ညီးလျှက်ဟိသည်။ အများမကြာ "အုံးဝန်၊ အုံးဝန်" ဟု အချေငိုသံထွက်လာသည်။ တန်းပျင်းခန်းတွင်ထိုင်စောင့်နီသော အဖသေလည်း ကောင်းကောင်းပျော်လားသည်။ အချေမှာ တုတ်တုတ်၀၀ချစ်ဖို့ ကကောင်းကောင်းသည်။ တအိမ်လုံးသား အဘောင်ကို ကောင်းကောင်းကျေးဇူးတင်သည်။

မွီးဖွားပြီးသောအခါ အဘောင်က အိမ်ပြန်ပို့ရန် လူရွယ်များကိုပြောသည်။ ထိုအခါ လူရွယ်များက "အဘောင် သန်းခေါင်လည်းကျော်လားပါယာ၊ အိမ်ကို မိုးထခါ ပြန်ပါဖိ၊ အကျွန်ရို့ အဘောင်အတွက် အိပ်ရာခင်းထားပြီးပါယာ၊ အေမှာ တညအိပ်လိုက်ပါ" ဟုဆိုသည်။ အဘောင်လည်း ခရီးညောင်းလာသဖြင့် မိုးထမှပြန်ရန် သဘောတူလိုက်သည်။ ထိုအထဲမှ လူရွယ်တဦးသည် အဘောင်အား အိပ်ခန်းထဲသို့ ခေါ်ဆောင်လားသည်။ အိမ်ကလည်းကြီးရေပိုင် အိပ်ခန်းကလည်း ကျယ်သည်။ အခန်း၏နံရံလေးဖက်တွင် မျိုးစိုင်ဘောင်ဆက်ဟုထင်ရသော ဓာတ်ပုံကြီးများ ချိတ်ဆွဲထားသည်။ အိပ်ကုတင်မွိရာကြီးမှာ အလွန်နုညံ့ညက်ညောလှသည်။ အခန်းထဲမှ စံကားနံ့ကဲ့သို့ မဖော်ပြနိုင်သော အနံ့တမျိုးရသည်။ ထိုအနံ့ကြောင့် အဘောင်သည် အိပ်ရာထက်တွင် လှဲလိုက်သည်နှင့်ချက်ချင်း အိပ်ပျော်လားသည်။

ကြာဆိပ်အင်းရွာမှ အဘိုးသာကျော်ဦးသည် ထုံးစံအတိုင်း မိုးထ (၅) ချက်တီးလောက်တွင် အိပ်ရာမှထလိုက်သည်။ မိုးမလင်းခင် သူများထက် အယင်ထမှ နွားချီးမှိုအများကြီးကောက်လို့ရဖို့။ နွားချီးခြောက်များမှ ဖြူဖြုဆွဆွထွက်နီသောမှိုပွင့်များကို ဆောင်းရာသီတွင် စောစောထ၍ အလုအယက်ကောက်ရသည်။ ယင်းအလုပ်ကို အဘိုးတသက်လုပ်စားပါလတ်စွာ။ ဒေနိလည်း အဘိုးတယောက် ၀မ်းရီးအတွက် ချမ်းချမ်းနှင့် ပုဆိုးကိုခေါင်းကချုံလျှက် မှိုကောက်ထွက်လာသည်။ ရွာတောင်ဖက် နှစ်ခရီးလောက်လျှောက်ပြီးသောအခါ လယ်စွက်အများကြီးဟိသော ချောင်းနားဖက်သို့ရောက်သည်။ အရှိဝါးလေးပြန်လောက်အကွာ လယ်ကန်းသင်းထက်တွင် ထူးထူးဆန်းဆန်း လူတယောက်လဲနီသည်ကို တွိရသည်။ ထိုလူသည် အသက်အားဖြင့် အဘိုးနှင့် ရွယ်တူဟုထင်ရသည်။ အဘိုးသည် ထိုလူနားသို့လားကြည့်သောအခါ သူရို့ရွာက ၀ါကြီးမ အဘောင်ကြာဇံသာဖြစ်နီသည်။ အဘိုးသည် အဘောင်အား သူမလက်မောင်းကိုကိုင်လျှက် "ယော် ၀ါကြီးမ ကန်းသင်းထက်မှာ အိပ်နီရေကာ။ မိုးလင်းယာ ထဖိ" ဟု နှိုးလိုက်သည်။ အဘောင်သည် ဗြုန်းဆို ငေါက်စောက်ထလိုက်သည်။ ပြီးနောက် အဘိုးကိုကြည့်လျှက် "ယော်.. ငါဇာကိုရောက်နီရေလဲ။ ညက မွိရာထက်မှာအိပ်နီစွာ အခု ကန်းသင်းထက်မှာရာ ရောက်နီရေကား" ဟု ယောင်ယမ်းပြီးပြောသည်။ ထိုအခါ အဘိုးသာကျော်ဦးက "ဘလောက်ရယ်ဖို့ကောင်းရေ ၀ါကြီးမလည်းချင့်။ ကန်းသင်းထက်မှာ တုံးစင်းစင်းလို့။ မိုးလင်းကြောင်တောင်ထိ အိပ်နီပြီးကေ" ဟုပြောလျှက် အူဆို့ပါအောင်ရယ်သည်။ ထိုအခါမှ အဘောင်သည် ညကတွိကြုံခရသော အဖြစ်အပျက်ကို အတွက်ရသည်။ ညက ဂျတ်လူမျိုးများခေါ်ဆောင်ခြင်းခံရသည်ကို အဘောင်ကြာဇံသာကလွဲလို့ တခြားမည်သူတယောက်ကလည်း သိနိုင်လိမ့်မည်မဟုတ်။

အေးမောင် (ရင်အုံတော်ဓာတ်)

Thursday, May 7, 2009

ဥစ္စာစောင့်


ဥစ္စာစောင့်
-----------
အကျွန်ုပ်ရို့ရွာတွင် ခန္ဓာကိုယ်ထောင်ထောင်မောင်းမောင်းနှင့် အလွန်သတ္တိကောင်းသော ကိုဝင်းမောင်ဆိုသောလူတယောက်ဟိသည်။ သူသည်မျိုးချစ်စိတ်ထက်သန်သူတဦးလည်းဖြစ်သည်။ မြောက်ဦးမြို့ ဘုရားသမိုင်းအင်တန်များများကို တီးမိခေါက်မိသူတဦးလည်းဖြစ်သည်။ အကျွန်ုပ်ရို့ရွာအရှိဖက်တွင် မြို့ဦးက္ခောင်းတောင်ဟိသည်။ အကျွန်ုပ်ရို့ အငယ်ချေခါကဆိုလျှင် ၄င်မြို့ဦးက္ခောင်းတောင်တခုလုံး ခြုံကြပ်လျှက် မြို့ဦးက္ခောင်းဘုရားမှာ မြင်မကောင်းရှုမကောင်းပျက်စီးလျှက်ဟိသည်။ ကိုဝင်းမောင်အပါအ၀င် ရပ်ကွက်က လူလပ်ပိုင်းအရွယ်များဦးဆောင်လျှက် ခြုံများကို ခွတ်ထုတ်ယှင်းလင်းပြီး ဘုရားကိုပြန်လည်ပြုပျင်မွန်းမံကတ်ပါသည်။ တောရဆရာတော်တပါးအားပင့်ဖိတ်၍ အုံးမိုးဝါးထရံကာ ယာယီတောကျောင်းငယ်တခုဆောက်လုပ်ကာ ကိုးကွယ်ထားဟိသည်။ မြို့ဦးက္ခောင်းတောင်၏သဏ္ဍန်မှာ (ဂ) ငယ်သဏ္ဍန်ဟိသည်။ အလယ်တွင် ယခင်င်္သချိုင်းဟောင်းတခုဟိပြီး င်္သချိုင်းကို မင်းသားကျွန်းသို့ပြောင်းရွှိလိုက်ပြီးဖြစ်သဖြင့် င်္သချိုင်းဟောင်းအရှာ၌ ဥယျာဉ်ခြံစိုက်ပျိုးလျှက်ဟိသည်။ ၀ါကျွတ်လျှင် မြို့ဦးက္ခောင်းတောင်အရောက် ဆီမီးတိုင်များထွန်းညှိပူဇော်လေ့ဟိသည်။ ၀ါကျွတ်တိုင်း မြို့ဦးက္ခောင်းတောင်မှ ၀ါးပြောင်းအမြောက်ဖောက်လေ့ဟိပါသည်။ အသံမှာ အလွန်အောင်သဖြင့် အဂယင့် အမြောက်ဖောက်သည့်အတိုင်းကြားရသည်။ အကျွန်ုပ်ရို့လူငယ်များမှာ ၀ါးပြောင်းအမြောက်ဖောက်တိုင်း မြို့ဦးက္ခောင်းတောင်သို့လားရောက်၍ ၀ိုင်းကြည့်လေ့ဟိသည်။ မြို့ဦးက္ခောင်းတောင်အနောက်ဖက်တွင် အကျွန်ုပ်ရို့ ဘော်လုံးကျောက်လေ့ဟိသော ကွင်းငယ်တခုဟိသည်။ ၄င်းကွင်းငယ်ကို ပန်းနီကွင်းဟုခေါ်သည်။ ထိုကွင်းတွင် နွီရာသီဆိုလျှင် စွန်တင်လေ့ဟိသည်။ အကျွန်ုပ်ရို့စွန်တင်လျှင် ကိုဝင်းမောင်က မြို့ဦးက္ခောင်းတောင်ထက်မှနီ၍ တက်လာသမျှသောစွန်များကို သိမ်းကျုံးဖြတ်လေ့ဟိပါသည်။

ကိုဝင်းမောင်သည် ၄င်းတောကျောင်းဘုန်းကြီးကျောင်းအတွက် ဝေယျာဝစ္စအ၀၀ကို ကူညီပီးလေ့ဟိသည်။ တောင်မြောက်ဖက်တွင် ရီတွင်းတတွင်းဟိသည်။ ကျောက်ထရံဖြင့်ပြုလုပ်ထားသော ရှိဟောင်းရီတွင်းတတွင်းဖြစ်သည်။ ရီမှာ အလွန်အီးပြီးအလွန်ချိုသည်။ ဘုန်းကြီးကျောင်းအတွက် ကိုဝင်းမောင်မှာ အမြဲတမ်းမငြိုမငြင်ဒိုင်ခံ၍ ရီခပ်ပီးလေ့ဟိသည်။ နွီရာသီဆိုလျှင် လီအလွန်တိုက်သဖြင့် ကိုဝင်းမောင်မှာ နွီရာသီရောက်တိုင်း ဘုန်းကြီးကျောင်း၌ သူ၏သူငယ်ချင်းများနှင့်အတူ လားအိပ်လေ့ဟိသည်။ တရက်နိ လပြည့်တညတွင် အလွန်နာသာသော သာခြင်းသံကို ကြားရသည်ဟုဆိုသည်။ အစပထမတွင် လရောင်အောက်တွင် ရီခတ်လာသော အကောင်မချေတိ သခြင်းဆိုသည်ဟုထင်မိသည်။ ၄င်း သာခြင်းသံမှာ ပေါ်လိုက်ပျောက်လိုက်ဖြစ်သည်။ သို့သော် သာခြင်းသံမှာ တခါတရံ ညဥ့်နက်သိုင်ခေါင်တွင်လည်း ပေါ်လာတတ်သဖြင့် တစုံတခုထူးဆန်းနီသည်ကို သတိထားမိသည်။ ဆရာတော်လည်းကြားရသည်ဟုဆိုသည်။ သူ၏သူငယ်ချင်းများကလည်းကြားရသည်။ သို့သော် ဆရာတော်မှာ ညဦးစောစောဘုရားဝတ်ပြုပြီးသည်နှင့် ဘုန်းဘုန်းချအိပ်ပျော်လားသဖြင့် ညဥ့်နက်သိုင်ခေါင်သခြင်းဆိုသံကို သတိမပြုမိ။ ရံဖန်ရံခါ ကြားရဖန်များလာသောအခါ ကိုဝင်းမောင်စိတ်ထဲ၌ စူးစမ်းချင်စိတ်ပေါ်လာသည်။ တရက်နိ သူ၏သူငယ်ချင်းများအိပ်နီဆိုက် တယောက်တည်းအသံကြားရာ လိုက်ပါလားရာ အ၀တ်ဖြူဖြူဖြင့် အမျိုးသမီးတယောက်အား အုတ်ဂူထက်တွင်ထိုင်လျှက် တွိသည်။ မျက်နှာကိုမူကား မမြင်ရ။ မျက်နှာကို လရောင်ဖက်သို့ လှည့်ထားသဖြင့် နောက်ကြောဖက်ကိုရာ မြင်ရသည်။ ဆံဖင်ကို ဖားလျားချထားသည်။ အရွယ်မှာ အသက် (၃၀) အရွယ်ခန့်ဖြစ်သည်။ ကိုဝင်းမောင်မှာ သတ္တိကောင်းသူဖြစ်သဖြင့် တုန်လှုပ်ခြင်းမဖြစ်မိ။ ၄င်းမိမ္မအား မှင်သက်ကြည့်နီယင်း မိမ္မမှာ ရုပ်တရက်ပျောက်ကွယ်လားသည်။ သို့ပြီးမှ ကိုဝင်းမောင်သတိရလာသည်။ သို့သော် ၄င်းအမျိုးသမီးထိုင်နီခသည် အုတ်ဂူသို့တိုင် လားကြည့်ရဲသည်အထိ သတ္တိမဟိ။ အနည်းငယ်တုန်လှုပ်မိသည်ကားအမှန်။ လူကြီးသူမများက ဤနီရာတွင် သိုက်ဟိသည် ဥစ္စာစောင့်ဟိသည်ဟု ပြောဆိုလေ့ဟိသည်။ မိမိမျက်စိနှင့် တပ်အပ်မြင်မှ ယုံသည်။ ဤသို့ ညဥ့်နက်သန်းခေါင်တွင် ဇာအမျိုးသမီးတယောက်ကလည်း ဤနီရာသို့လာ၍ သခြင်းဆိုနိုင်စရာအကြောင်းမဟိ။ ဤကိစ္စကို သူတယောက်တည်းလျှို့ဝှက်ထားသည်။ သူ့သူငယ်ချင်းများကိုလည်း အသိမပီး။ ဆရာတော်အားလည်းမတိုင်ပင်။ သူ့စိတ်ထဲ၌ တဲထားသည်။

အကျွန်ုပ်ရို့ရွာနှင့် မလှမ်းမကမ်းတွင် ကြက်ဈီးရပ်ကွက်ဟိသည်။ ထိုကြက်ဈီးရပ်ကွက်မှာ သျှစ်သောင်းဘုရားသို့ လားရာလမ်းတွင်ဟိသည်။ သျှစ်သောင်းဘုရားသို့မရောက်မှီ ဦးစွာပထမမြင်ရသော စေတီနှင့်တောင်ကို င်္သချီတောင်ဟုခေါ်သည်။ င်္သချီတောင်မှာ သျှင်မြ၀ါတောင်နှင့် နံချင်းပြိုင်ဖြစ်သည်။ ကြားတွင် ဖိုးခေါင်တောင်ဟိသည်။ ထိုဖိုးခေါင်တောင်တလပ်၌သာလျှင် သျှစ်သောင်းဘုရားကို တည်ထားခြင်းဖြစ်သည်။ ၄င်းင်္သချီတောင်မြောက်ဖက်တွင် ဒုက္ကံသိမ်နှင့် လေးမျက်နှာစေတီဟိသည်။ လေးမျှက်နှာစေတီမှာ မြောက်ဦးမြို့တည် ဘုရင်မင်းစောမွန်တည်ခသော စေတီလေးဆူအနက် အထင်ရှားဆုံးစေတီတဆူဖြစ်သည်။ အရပ်လေးမျက်နှာ ဂူလေးပေါက် ဘုရားလေးဆူဖြင့်တည်ထားပြီး ဘုရားပုလ္လင်ခုံနှင့် မုခ်ကနုတ်ပန်းမှာ အလွန်လက်ရာမြောက်သော ကျောက်ဆစ်လက်ရာဖြစ်ပါသည်။ ဒုက္ကံသိမ်နှင့် င်္သချီတောင်အကြား လေးမျက်နှာစေတီသို့လားရာလမ်းအနောက်ဖက်တွင် ရပ်ကွက်ငယ်တခုဟိပါသည်။ ထိုရပ်ကွက်ထဲတွင် ဇီးပင်များစွာဟိသည်။ ထိုနောက် ကြက်ဈီးချောင်းသည် ၄င်းရပ်ကွက်နောက်ဖက်မှနီ၍ ဘားမိဘားကရားဟိရာ ပန်းဈီးမြောင်းဖက်သို့တိုင် စီးဆင်းသည်။ ထိုရပ်ကွက်၏အရှိဖက်တွင်လည်း ကျောက်နံရံဖြင့်ပြုလုပ်ထားသော ရှိဟောင်းရီတွင်းတတွင်းဟိသည်။ ၄င်းရီတွင်းအရှိဖက်ကွင်းတွင် သျှစ်သောင်းဘုရားပွဲကျတိုင်း ကျင်တိုက်သည့်ကွင်းဖြစ်သည်။ ထိုရပ်ကွက်တွင် ဗိန္ဓောဆီးဆရာတဦးဟိသည်။ သူသည် စုန်းမှော်အတတ်ပညာကိုလေ့လာလိုက်စားသည်။ မြန်မာစစ်တပ်အငြိမ်းစားတဦးဖြစ်ပြီး ထိုစုန်းမှော်အတတ်ကို သျှမ်းပြည်မှသင်ယူခသည်ဟုဆိုသည်။ သူသည် ဘိုးတော်ယောင်ယောင် ဗွေတော်ယောင်ယောင်ဖြင့် ယောင်ခြောက်ဆယ်ဖြစ်သည်။ သျှစ်သောင်းဂေါပကအသင်းတွင်လည်း အသင်းဝင်ဖြစ်ဖူးသည်ဟုဆိုသည်။ အသက်မှာ (၆၀) အရွယ်ခန့်ဟိပြီး ဆံပင်ဖြူပြီးဖြစ်သည်။ သမီးတဦးဟိသည်။ သမီးနှင့်အတူနီသည်။ ၄င်းဗွေတော်၏နာမည်မှာ နတ်ကောင်းစံရွှီဖြစ်သည်။ မိုးဦးကျ ချောင်းသျှင်မ ရွာသျှင်မနတ်ပူဇော်သောအခါ သူက ပန်းကျင်းတီးလေ့ဟိသဖြင့် သူ့အားနတ်ကောင်းစံရွှီအဖြစ်အမည်တွင်ခြင်းဖြစ်သည်။ မြောက်ဦးမြို့နန်းရာကုန်းအလယ်တည့်တည့်တွင် နတ်မောင်ရုပ်ထုတခုဟိသည်။ နှစ်စဉ်နှစ်တိုင်း ယင်းရုပ်ထုအား နတ်ပူဇော်လေ့ဟိသည်။ နတ်ကတိုင်း နတ်ကောင်းစံရွှီက ပန်းကျင်းတီးသဖြင့် သူ့အားတမြို့လုံးကသိသည်။

ကိုဝင်းမောင်၏စိတ်တွင် သူနှင့်တိတ်တိတ်ပုန်းတိုင်ပင်မည်ဟု အကြံဟိသည်။ သို့ဖြင့် သူထံလားရောက်၍ အကြံဥာဏ်ရယူသည်။ နတ်ကောင်းစံရွှီက ဥစ္စာစောင့်ဖြစ်ကြောင်းတပ်အပ်ပြောသည်။ ဥစ္စာစောင့်ကိုဖမ်းနိုင်လျှင် ဥစ္စာဟိသည့်နီရာကိုဖော်နိုင်ကြောင်းဆိုသည်။ ထိုသို့ဖမ်းနိုင်ရန် စနီင်္အဂါနိသီဆုံးသူအမျိုးသမီးတဦး၏ဆံကိုရယူပြီး ၄င်းဆံညှော်တိုက်၍ ဖမ်းနိုင်သည်ဟုဆိုသည်။ ထိုဆံညှော်နံ့ရလျှင် ဥစ္စာစောင့်သည် ခေတ္တမူးမိလားပြီးလျှင် ကိုယ်ရောင်မဖျောက်နိုင်ဘဲဟိသည်။ ထိုအချိန်ကို ဂျက်ကောင်းယူပြီး အငိုက်ဖမ်းလျှက် ဥစ္စာဟိရာအရပ်ကိုထုတ်ပြောရန် ခြိမ်းခြောက်တောင်းယူရသည်ဟူ၏။

ကိုဝင်းမောင်တွင် တရပ်ကွက်တည်း အုန်းတပင်စုမှ ကိုသန်းအောင်ဟူသော အရင်းနှီးဆုံးသူငယ်ချင်းတယောက်ဟိသည်။ ကိုသန်းအောင်နှင့် ထိုကိစ္စကိုတိုင်ပင်သည်။ သန်းအောင်ကလည်းသဘောတူသည်။ ထို့ကြောင့် ထိုကိစ္စကို သုံးယောက်သားညှိ၍ စနီင်္အဂါသီဆုံးမည့်အမျိုးသမီးတဦးကိုစောင့်ဆိုင်းရသည်။ ကိုသန်းအောင်၏စကားအရ (၇) လခန့်ကြာသည်ဟုဆိုသည်။ (၇) လကြာပြီးမှ သူရို့စောင့်ဆိုင်းနီသောအခါကြုံသည်။ ရက်လည်ဆွမ်းမသွတ်ခင် ဆံကိုလားဖော်ယူရသည်ဟုဆိုသည်။ ၄င်းဆံကိုရယူပြီးနောက် ၄င်းဥစ္စာစောင့်အမျိုးသမီးထွက်မည့်နိကိုစောင့်ရသည်။ အထူးသဖြင့် လပြည့်လကွယ်ညများတွင်ထွက်လေ့ဟိသဖြင့် လပြည့်လကွယ်ကို စောင့်ဖမ်းရသည်။ ဆရာတော်မရိပ်မိအောင် ၀ါတွင်းကာလ ဥပုသ်စောင့်သည်ကိုအမှည်ပြု၍ ဘုန်းကြီးကျောင်း၌ လားအိပ်ရသည်။ ၀ါခေါင်လပြည့်နိတွင် အခိုက်ကြုံသည်။ သာခြင်းသံကိုကြားရသည်။ သုံးယောက်သားတိတ်တိတ်ပုန်းဆင်းလာလတ်ကတ်သည်။ အုပ်စုကောင်းသဖြင့် ကြောက်စိတ်လုံးဝမဟိ။ သုံးယောက်စလုံး၌ ဒုတ်ဒါးအစုံပါသည်။ ဓါတ်တောင့်အားကောင်းကောင်းတလက်ပါသည်။ ဆံညှော်တိုက်ရန် မီးဆွဲလည်းအဆင့်သင့်။ ၄င်းဥစ္စာစောင့်မအား တွိနီကျအုပ်ဂူထက်တွင် တွိသည်။ အချိန်ဆိုင်း၍မဖြစ်။ ကိုယ်ရောင်မပျောက်ခင် ချက်ချင်းလုပ်ငန်းစရတော့သည်။ နတ်ကောင်းစံရွှီက စ၍ဆံညှော်တိုက်သည်။ လီလည်းလီသင့်ဖြစ်သဖြင့် ဆံညှော်နံ့ရရချင်း ဥစ္စာစောင့်မက သခြင်းဆိုရပ်လိုက်သည်။ ပြီးလျှင် မျက်နှာလှည့်လာသည်။ ထိုအခါမှ ဥစ္စာစောင့်မ၏မျက်နှာကို အသေအချာမြင်ရသည်။ မျက်နှာမှာ ၀၀၀ိုင်းဝိုင်းဖြစ်သည်။ အသက်မှာ ထင်သည်ထက် အနည်းငယ်အိုစာနီသည်။ (၅၀) ကျော်အရွယ်ဖြစ်သည်။ အရုပ်ဆိုးဆိုးဖြစ်သည်။ မျက်နှာတွင် ကြီကွဲဝမ်းနည်းနီသည့်အရိပ်အယောင်မြင်ရသည်။ နီကြန့်ကြန့်ဖြစ်ပြီး ပါးရီများစွာတွန့်လျှက်ဟိသည်။

ဥစ္စာစောင့်မက တလှမ်းချင်းခြီဆောင့်လှမ်းလာပြီး သုံးယောက်သားရှိတွင် ရပ်စောက်ရပ်လိုက်သည်။ ပြီးလျှင် သုံးယောက်စလုံးအား မျက်လုံးနီနီဖြင့် စူးစိုက်ကြည့်သည်။ သူမ၏မျက်လုံးမှာ သပိတ်ရောင်တောက်နီသည်။ မျက်စွန်တွင် သူမ၏ဒေါသကို အထင်းသားမြင်ရသည်။ ပြီးလျှင် ခြီဆောင့်ပြီး တက်သီးတချက် ပြင်းပြင်းခေါက်လိုက်သည်။ တက်သီးခေါက်သံမှာ သံကိုသံချင်းရိုက်သည့်အလား အလွန်စူးပြီး ပြင်းထန်သည်။ အားလုံးလိပ်ပြာလွင့်စိုင်ကုန်သည်။ ပထမဆုံးစပြီးသူမှာ နတ်ကောင်းစံရွှီဖြစ်သည်။ ပြီးလျှင် ကိုသန်းအောင်။ ကိုဝင်းမောင်က မည်သည်လောက်သတ္တိကောင်းသည်ဆိုသော်ငြားလည်း တယောက်တည်းမကျန်ဝံ့။ သူလည်း လိုက်၍ပြီးသည်။ နတ်ကောင်းက နောက်လှည့်မကြည့်ရန် အတန်တန်မှာသည်။ သို့သော် ကိုဝင်းမောင်က အလွန်သတ္တိကောင်းပြီး စူးစမ်းချင်စိတ်လွန်ကဲနီသဖြင့် ရွာအ၀င်တွင် တချက်နောက်လှည့်ကြည့်လိုက်မိသည်။ နောက်လှည့်ကြည့်လိုက်သည်နှင့်ချက်ချင်း ”ဖြောင်း” ဟု လိုင်ရိုးကျိုးသံကြားရသည်။ ပြီးလျှင် မျက်နှာပြန်လှည့်မရဘဲ မျက်နှာနောက်ခိုင်းနှင့် ဆက်ပြီးသည်။ အိမ်ရောက်သည်နှင့် အသက်ကုန်သည်။ မျက်နှာကို လုံးဝတည့်မရ။ မျက်နှာကို သူများမြင်အောင် ခန္ဓာကိုယ်ကိုမှောက်ခုံထားရသည်။ အစိမ်းဖြစ်သဖြင့် နိချင်းညမကူး င်္သဂြိုဟ်လိုက်ရသည်။

ယင်းနိမိုးထက်စောစော ကိုဝင်းမောင်ကောင်ညင်းပေါင်းလာဝယ်သည်ကို မြင်ယောင်နီပါသိမ့်သည်။ ကောက်ညင်းပေါင်းသေမကိုလည်း “နှမ်းစကေချေလောက် အပိုထည့်ပီးပါအရီး“ ဟု နောက်ဆုံးပြောခသံကို ယခုတိုင်အကျွန်ုပ်နားထဲ ကြားယောင်နီတုန်းဖြစ်သည်။

(သာလှဦး)

ဦးက္ခောင်း စာလုံးပေါင်းသတ်ပုံအမှန်မှာ (ဥက္ခောင်း) ဖြစ်ပါသည်။

Wednesday, May 6, 2009

ဂျတ်လူမျိုးများ (၁)


ဂျတ်လူမျိုးများ
------------------
သာဦးဖြူတယောက် မိုးထစောစော ရွာကသျှင်ပြူပွဲမှာ လုပ်အားဒါနပြူဖို့အတွက် အိပ်ရာစောစောဝင်လိုက်သည်။ အိပ်ရာမ၀င်ခင် ညဇာသား (၄) ချက်တီးလောက်က သူငယ်ချင်းတိနှင့် ရွာကသျှင်ပြူပွဲအကြောင်း ပြောဖြစ်ခသိမ့်သည်။ သူငယ်ချင်းမတိက သာဦးဖြူကို မိုးထစောစော (၄) ချက်တီးမှာ လာနှိုးမည်ဟုပြောသည်။ စောစောထရဖို့။ ချက်ရဖို့၊ ပြုတ်ရဖို့။ ယင်းအတွက် သာဦးဖြူတယောက် စောစောအိပ်ရာဝင်လားခြင်းဖြစ်သည်။

မိုးထစောစော အိမ်ရှိခြံဝက သူငယ်ချင်းများခေါ်သံကြားမှ သာဦးဖြူတယောက် အိပ်ရာက လန့်နိုးလာသည်။ ယော် (၄) ချက်တောင်တီးယာမလားဂု။ မျက်နှာပရုန်းနရုန်းသစ်၍ အိမ်အောက်သို့ ဆင်းလတ်သည်။ သူငယ်ချင်းတကျိပ် အပြုံးကိုယ်စီနှင့် သာဦးဖြူကို စောင့်ကြိုလျှက်ဟိသည်။ “ဟေး နင်ကကောင်း အအိပ်ပုတ်စွာမလား ဒေကုလိမ္မေ” ဟုလည်းပြောသည်။

ယင်းပိုင်နှင့် ကောင်းမကြာလိုက် သာဦးဖြူ အလှူလုပ်ရာ ရွာမဏ္ဍပ်သို့ရောက်သည်။ ရွာကလူတိ တရောင်းရောင်းနှင့် ကကောင်းအလုပ်ချုတ်နီကတ်စွာ တွိရသည်။ ကြက်သွန်ဖျင်ရေလူက ဖျင်၊ အားလူသင်ရေလူက သင်၊ ဒိုင်ထိုးရေလူက ထိုး၊ ၀က်သားချက်တေလူက ချက်။ သားဦးဖြုလည်း ကိုယ်တနိုင် သူငယ်ချင်းတိနှင့် လုပ်အားဒါနပြုပါသည်။

အလှူပွဲတွင် သူမကို တဖက်သတ်ကြိုက်နီသော အောင်သိန်းကျော်ဆိုရေ အသားမဲမဲ ထောင်ထောင်မောင်းမောင်း လူပျိုကြီးကလည်း ရစ်သိရစ်ကာလုပ်နီသည်။ သျှင်ပြူပွဲ ကောင်းကောင်းစည်သည်။ လူပေါင်းထောင်ချီ၍ လာသည်။ ဘုန်းကြီးတရားဟောသံ၊ သူငယ်ချင်းများက သာဦးဖြူကို နတ်ကတ်သွမ်းကတ်သံ၊ လူများရယ်သံ၊ ပြောသံဆိုသံ၊ လော်စပီကာက ရခိုင်တေးခြင်းသံများဖြင့် တပွဲလုံးရောင်းရောင်းသတ် ဆူဆူညံနီသည်။ ထိုအသံများကို သာဦးဖြူတယောက် နားဖြင့်အတိုင်းသားကြားနီရသည်။

အလှူပွဲပြီးလို့ နိခြင်း (၃) ချက်တီးလောက်တွင် ကောင်းကောင်းညောင်းပါလတ်သဖြင့် သာဦးဖြူပင်ပန်းပြီးအိပ်ချင်လာသည်။ သူ့သူငယ်ချင်းမများကို အိမ်ပြန်လို့ တရီးတမောအိပ်ချင်ကြောင်းပြောသည်။ သူ့သူငယ်ချင်းမများကလည်း "အေး ယင်းပိုင်ဆိုကေ ပြန်လီ၊ ညဇာသားပွဲသိမ်းဖို့ ငရို့လာခေါ်မည်" ဟုမှာလိုက်သည်။ သာဦးဖြူ အိမ်သို့ရောက်၍ အိပ်ရာတွင်ခေါင်းချသည်နှင့် ချက်ချင်းအိပ်ပျော်လားသည်။

အမှန်အကန် သူမ၏သူငယ်ချင်းများက မိုးထသား (၄) ချက်တီး သျှင်ပြုပွဲကူဖို့ သာဦးဖြူအားလာနှိုးသောအခါ သာဦးဖြူမှာ ပျောက်ခြင်းမလှပျောက်နီသည်။ ရွာလူကြီးနှင့် ရွာသူရွာသားများ ပျောက်ဆုံးနီသော သာဦးဖြူကိုရှာဖို့ အပူတပြင်းစီစဉ်ကတ်ရသည်။ သူမတွင် ရည်စားလည်းမဟိသဖြင့် ခိုးရွာလိုက်စွာလည်း မဖြစ်နိုင်။ ခိုးရွာလိုက်လျှင် ရွာဓလေ့အရ ကြက်ပေါင်တိုက်သံကြားရဖို့။ ယင်းပိုင်လည်း တယောက်မကြား။ မဆမသာဦးဖြူအမိကလည်း တယောက်တည်းသမီးအလိမ္မာအတွက် မျက်ရည်နှင့်မျက်ခွက်ဖြစ်လျှက်ဟိသည်။ သမီးသာဦးဖြူဇာသို့ ပျောက်လားခရေလဲ စဉ်းစားမရဖြစ်နီသည်။ ရွာသားများက သူမလားတတ် ရောက်တတ်သောနီရာတိုင်းသို့ လိုက်ရှာသော်လည်း လုံးဝမတွိ။ သို့အတွက် ရွာသားများ လူစုလေးစုခွဲလိုက်သည်။ အနောက်ဖက်ကို တစု။ အရှိဖက်ကို တစု။ မြောက်ဖက်ကို တစု၊ တောင်ဖက်ကို တစု။ ယင်းပိုင် အရပ်လေးမျက်နှာသို့ လေးစုခွဲလျှက် လိုက်ရှာသည်။

မြောက်ဖက်ကအဖွဲ့သည် သာဦးဖြူကို ရွာမြောက်ဖက်အဆုံး ကျွဲကူးမြစ်ကမ်းနဖူး ပြာပင်ဂွတွင် ဆောင့်ကြင်ထိုင်လျှက်တွိသည်။ သာဦးဖြူမှာ မျက်စိနှစ်လုံးကြောင်တောင်ဖွင့်လျှက် ဖွတ်ကြင့်ကြင့်နီသည်။ အတွိအကြုံဟိသောလူကြီးများက အဖွဲ့သားများအား အသံတစုံတရာမပြုရန် သတိပီးလိုက်သည်။ ယင်းနောက် အားကောင်းမောင်းသန်အောင်သိန်းကျော်ကို ပြာပင်ထက်သို့ တိုးတိုးတိတ်တိတ်တက်စီပြီး သာဦးဖြူအား နောက်မှဆုပ်ကိုင်လှန့်နှိုးရန် မှာလိုက်သည်။

အောင်သိန်းကျော်လည်း မှာလိုက်သည့်အတိုင်း သာဦးဖြူကို နောက်မှဆုပ်ကိုင်လှန့်နိုးလိုက်ရာ သူမသည် အလန့်တကြား ကျွီး၍ငိုသည်။ သိန်းကျော်အောင်မှ နောက်ကအားနှင့်ဖက်ထား၍ သာဦးဖြူမှာ ပြာပင်ထက်က ခုန်ဆင်းမဖြစ်လိုက်။ သာဦးဖြူ ပဇာကြောင်းကြောင့် ပြာပင်ထက်တွင် ဖွတ်ကြင့်ကြင့်နီပါသနည်း။

အကျွန်ရို့ ရခိုင်ကျွန်းရွာများတွင် ဂျတ်လူမျိုးများကိုယုံကြည်သော အယူအဆ အခုထက်တိုင်ဟိပါသည်။ ဂျတ်လူမျိုးများသည် အိမ်၊ လူ၊ တော၊ ပွဲလမ်းသဘင်စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ ဖန်ဆင်းနိုင်စွမ်းဟိကြောင်းယုံကြည်သည်။ သာဦးဖြူသည် ယင်းနိ မိုးထသား (၄) ချက်မတီးခင်ကပင် ဂျတ်လူမျိုးများလာရောက်ခေါ်ဆောင်ခြင်းခံရသည်။ ပြာပင်ထက်တွင်ထိုင်နီစဉ် သူမ၏စိတ်အာရုံထဲ၌ သူမသည် အိပ်ရာ၌ပင် အိပ်လျှက်ဟိကြောင်း အာရုံရောက်နီသည်။ အလှူ၌ သူမတွိကြုံခရသော အဖြစ်အပျက်အားလုံးသည် အမှန်အကန်အဖြစ်အပျက်မဟုတ်။ ဂျတ်လူများက ဖန်ဆင်းထားသော အဖြစ်အပျက်များသာလျှင်ဖြစ်သည်။

မှတ်ချက် ။ ။ အေဇာတ်လမ်းသည် ရခိုင်ကျွန်းရွာတရွာတွင် အဂယင့်ဖြစ်ပျက်ခသော ဇာတ်လမ်းတပုဒ်ဖြစ်ပါသည်။ ဇာတ်ကောင်နာမည်များကို ပြောင်းလဲထားပါသည်။ ဖြစ်ရပ်မှန်။

အေးမောင် (ရင်အုံတော်ဓာတ်)

Monday, May 4, 2009

ရခိုင်စာပီသမိုင်း ပထမဆုံးဝတ္ထု

ပန်းတံမင်းသားနှင့် သံတွဲမင်းသမီးဝတ္ထု
--------------------------------------------------
ရခိုင်ရိုးရာ၊ ဖြစ်ခြင်းရာကို၊ ကျွန်ဆရာမှာ၊ ပြောပြမည်။ ထီးကခရိုင်၊ မင်းထိုင်ပြည့်ဖြိုး၊ ပြည်ပဂိုး။ ပဂိုးမင်းသမီး၊ ပြည်ကိုခွဲခါ၊ နှမကားတောင်၊ မောင်ကားမြောက်ဦး၊ မြစ်မင်းဂဂါင်္၊ သီတာတရိုး၊ နှမနီကေ၊ သံတွဲမြို့၊ မောင်ရို့နီကေ၊ ရခိုင်မြို့။ ရခိုင်မင်းသား၊ နန်းထက်ဖွား၊ လှငြားတင့်တယ်၊ မိခင်ဝမ်းမှာ၊ သန္ဓေတည်။ ကိုးလကပင်၊ ကိုယ်ဝန်ကြင်၊ ခမည်းလွန်းတင်၊ ဖဘုရင်၊ ဘုရင်လွှတ်လွှတ်၊ ရခိုင်မြို့မှာ၊ မကြံတတ်။ ကျွန်မပြည့်ကူ၊ ကိုယ်ယူကိုယ်မ၊ သနားစဖွယ်၊ သျှင်မ၀မ်းကို၊ စမ်းကြည့်ရေခါ၊ ချစ်သျှင်မမှာ၊ မိမ္မမဖြစ်၊ ယောင်္ကျားဖြစ်မည်။ ယောင်္ကျားဖြစ်လည်း၊ အရှင်မမွီး၊ ချစ်သျှင်မမှာ၊ အသီရာမွီးမည်၊ ဇောင်လည်းလေ၊ ဇောင်လည်းအလို၊ ပြည့်ကျွန်မမှာ၊ ဇမ်းတိုက်ဆိုရေ။

ဇောင်စကားကို၊ ကြားရေနိက၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ နန်းတောင်ညာမှာ၊ ကြောင်းကြကြီးရေ။ ငါ့မှာဟိငြား၊ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးမနီ၊ ငါ့အနားတွင်၊ ခုရောက်စီ။ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးကြီးမနီ၊ ငါအနားတွင်၊ ခုရောက်စီ။ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးလေးသွယ်၊ နန်းတောင်ညာမှာ၊ ရောက်လာရေ။ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးကြီးလေးသွယ်၊ နန်းတောင်ညာမှာ၊ ရောက်လာရေ။ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးမနီ၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရခိုင်မြို့မှာ၊ ခုရှာခီ။ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးကြီးမနီ၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရခိုင်မြို့မှာ၊ ခုရှာခီ။

ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးမနီ၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရှာခီရေ။ ငွေကလောင်ကိုင်၊ မှုးကြီးမနီ၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရှာခီရေ။ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးမတ်လေးသွယ်၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရှာခီရေ။ ကံ့ကူသည်နှင့်၊ ၀လံသည်၊ မောင်ဖွားလေးသွယ်၊ နန်းတောင်ညာမှာ၊ ရောက်လာရေ။ ကံ့ကူသည်နှင့်၊ ၀လံသည်၊ တချက်နှစ်ချက်၊ ပျိုင်သင်ပုန်းမှာ၊ ခေါက်လို့တွက်ခါ၊ မိမ္မမဖြစ်၊ ချစ်သျှင်မမှာ၊ ယောက်ကျားဖြစ်မည်။ ယောက်ကျားဖြစ်လည်း၊ အရှင်မမွီး၊ ချစ်သျှင်မမှာ၊ အသီရာမွီးမည်။ ဇောင်လည်းလေ၊ ဇောင်လည်းအလို၊ ကံ့ကူသည်နှင့်၊ ၀လံသည်မှာ၊ တွက်တိုင်းဆိုရေ။ ဇောင်စကားကို၊ ကြားရေနိက၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ နန်းတောင်ညာမှာ၊ ကြောင့်ကြကြီးရေ။ ကြက်ဖကြိမ်သီး၊ မောင်လုံးကြီး၊ ရှောက်ရှောက်လဲဖမ်း၊ စုန်းမင်းလယ်ကို၊ ရီမိုးသန်း။ ဂေါင်းရင်းကနီ၊ မဟာကျီကို၊ မောင်ကိုးရေ။ ခြီရင်းကစောင့်၊ သျှင်မဂေါက်ကို၊ မောင်ကိုးရေ။ ဇောင်ပင်တရီး၊ ရခိုင်မင်းမှာ၊ မကျီသီး၊ ကိုးလကပင်၊ ဆယ်လစိမြောက်၊ သားပန်းပင်ကို၊ ဖွားလာရေခါ၊ သားပန်းပင်ကို၊ နန်းတောင်ညာမှာ၊ အရှင်မမွီး၊ အသီရာမွီးရေ။

ဇောင်စကားကို၊ ကြားရေနိက၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ နန်းတောင်ညာမှာ၊ ကြောင့်ကြကြီးရေ။ နဖူးကိုခတ်၊ ရင်ကိုသတ်၊ ရပ်ပတ်ကြိုကြို၊ ရခိုင်မင်းမှာ၊ နန်းတောင်ညာမှာ၊ လှုးလို့ငိုခါ၊ အထက်ဒေ၀ါ၊ အသျှင်သိကြား၊ ခင်းထားကမ္မလာ၊ နီရာသင်းဖုန်း၊ တင့်ကြော့လုံးစုံ၊ သိကြားဖုံမှာ၊ မနီနိုင်ဘဲ၊ နတ်မျက်တထောင်၊ အဟန်ဆောင်၊ နတ်ပြည်ယာဉ်မှာ၊ ကြည့်လိုက်မူကား၊ မည်သည်မျှပင်၊ နတ်ပြည်ယာဉ်မှာ၊ မမြင်ကျင်။ လူ့မျက်တထောင်၊ အဟန်ဆောင်၊ ကြည့်လိုက်မူကား၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ သားပန်းပင်နှင့်၊ ကြောင့်ကြကြီး။ ငါတာခုဝေ၊ ရခိုင်မင်းကို၊ မခီမည်။ ရွှီကြိုးခုနှစ်ပင်၊ သျှင်သိကြားမှာ၊ စလွယ်တင်။ လက်မှာပြောင်ဝင်း၊ ခရုသင်း။ သျှင်မင်းမနီ၊ ရခိုင်မြို့ကို၊ ဆင်းလီရေ။ သိကြားရီစင်၊ ဖြန်းလီရေခါ၊ သားပန်းပင်မှာ၊ အသက်ကေ၀င်ပြီး၊ ၀ွါးဝွါးဝွါးလို့ ငိုလီရေ။

အသက်ကေ၀င်ပြီး၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ နို့ကောင်းသူကို၊ ကောင်းရာရွီးလို့၊ သားကောင်းသားဖြူ၊ နို့ကောင်းသူ၊ ကောက်ယူစို့ငြား၊ အသားဖြူကေ၊ မိမ္မနို့သယ်၊ ရှိကပယ်၊ အငယ်အကြီး၊ နို့ကောင်းရာမှာ၊ ကောင်းရာရွီးလို့၊ အသားဖြူကေ၊ ပူသယ်နို့ရည်၊ ထိုသည်မိမ္မ၊ ဣထိယ၊ ရာဇပုတ္တ၊ နို့ကောင်းရာမှာ၊ ရွီးကာမသွင်း။ နို့အုန်းသီးလျှင်၊ နို့လာပြင်းလျှက်၊ သူငယ်စို့ကေ၊ ခံတွင်းမကန်၊ မှောက်ကာလန်၊ နို့အံတတ်တေ။ ထိုသည်မိမ္မ၊ ဣထိယ၊ ရာဇပုတ္တ၊ နို့ကောင်းရာမှာ၊ ရွီးကာမသွင်း။ နို့ဖရုံလျှင်၊ သူငယ်စို့လျှက်၊ တအောင့်လောက်မှ၊ တပေါက်ရလို့၊ မ၀ခင်ပင်၊ သူငယ်ရို့မှာ၊ ပျင်းစိတ်ဝင်လို့၊ မစို့ချင်၊ ထိုသည်မိမ္မ၊ ဣထိယ၊ ရာဇပုတ္တ၊ နို့ကောင်းရာမှာ၊ ရွီးကာမသွင်း။ မမဲမဖြူ၊ မဆူမကြုံ၊ နို့အုံညီညွတ်၊ စနီနံ၊ ရွှီရင်ဖတ်မှာ၊ သားမြတ်မကျ၊ ဘေးတဖက်က၊ တနာရီမှာ၊ လေးယောက်ထလို့၊ မင်းသားညီမောင်၊ လှသားမောင်၊ ဘုန်းခေါင်နန်းလယ်၊ မြဧယိုင်မှာ၊ တင်ကာလွှဲကေ၊ မွီးစားရေလေ။

တညဥ့်သားနှင့်၊ တရက်သားမတူ၊ ပန်းတံမောင်မှာ၊ ကြီးတော့မူ။ တရက်သားနှင့်၊ တလသားမတူ၊ ပန်းတံမောင်မှာ၊ လှတော့မူ။ ခုနစ်နှစ်သား၊ ရွယ်ရောက်သောခါ၊ တရပိုဒ်တဆူ၊ ကံ့ကူတခဲ၊ ဒေါ်လွန်းကြင်၊ နို့သျှင်မိနှင့်၊ နို့သျှင်ဖမှာ၊ ဆွမ်းတပွဲနှင့်၊ ကျောင်းခြီတထောင်၊ ပိုင်ရေဘုန်းကြီး၊ မြတ်လေးလွမ်းကြင်၊ ကူတော်တိုက်မှာ၊ ရွှီကျောင်းသျှင်၊ အသျှင်ဘုန်းကြီး၊ သံစည်ကြောင်၊ ညောင်ညောင်တီး။ ဘုန်းကြီးမြတ်မွန်၊ နာမည်ကောင်းကေ၊ ၀ိဟာစံ။ ဆရာတော်၊ သျှင်ဖော်ကျောင်းမှာ၊ သားရင်သွီးကို၊ လက်ထက်အပ်တေ။ ကကြီးခငယ်၊ အရင်းသွယ်၊ သုံးဆယ်သုံးလုံး၊ သုံးသင်ပုန်း၊ တလုံးမကျန်၊ ဆရာတော်၊ သျှင်ဖော်ကျောင်းမှာ၊ ရွီးကာပြန်။ ရွှီကျောင်းသခင်၊ အသျှင်တစ၊ ပန်းတံမင်းသား၊ တပည့်မောင်ကို၊ စာလုံးပြ။ ပန်းဇင်းပျို၊ မောင်တိုတစ၊ ပန်းတံမင်းသား၊ လူလှမောင်ကို၊ စာကြောင်းပြ။ ပန်းတံမင်းသား၊ မောင်တာလွှတ်လွှတ်၊ ရွှီကျောင်းသခင်၊ အသျှင်ဘားမှာ၊ စာမဖတ်။ ရွှီကျောင်းသခင်၊ အသျှင်မာန်ပေါက်၊ နဖူးစမှာ၊ ရွှီရောင်တောက်။ စာကြိုးနှင့်နှောင်၊ စာပေါင်နှင့်သတ်၊ ပန်းတံမောင်ကို၊ ကျောင်းလက်ခင်းမှာ၊ လှုးပျာသတ်တေ။ မျက်ခမ်းထဲမှာ၊ မျက်ရည်ဖျင်ဖျင်၊ စာလုံးကိုပင်၊ ကြည့်မမြင်။ တဆယ့်ငါးနှစ်၊ ပန်းတံမင်းသား၊ လူလှမောင်၊ ဆရာတော်၊ သျှင်ဖော်ကျောင်းမှာ၊ လူသျှင်ဖြစ်တေ။

ကိုးလကပင်၊ သံတွဲသူကို၊ ကိုယ်ဝန်ကြင်။ ကျွန်မပြည့်ကူ၊ ကိုယ်ယူကိုယ်မ၊ သနားစဖွယ်၊ သျှင်မ၀မ်းကို၊ စမ်းကြည့်ရေခါ၊ ယောက်ျားမဖြစ်၊ ချစ်သျှင်မမှာ၊ မိမ္မဖြစ်မည်။ မိမ္မဖြစ်လဲ၊ အရှင်မမွီး၊ ချစ်သျှင်မမှာ၊ အသီမွီးဖို့၊ ဇောင်လဲအလို၊ ပြည့်ကျွန်မမှာ၊ ဇမ်းတိုက်ဆို။ ဇောင်စကားကို၊ ကြားရေနိက၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ နန်းတောင်ယာမှာ၊ ကြောင်းကြကြီး။ ငါ့မှာဟိငြား၊ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးမနီ၊ ငါအနားတွင်၊ ခုရောက်စီ။ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးကြီးမနီ၊ ငါအနားတွင်၊ ခုရောက်စီ။ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးလေးသွယ်၊ နန်းတောင်ညာမှာ၊ ရောက်လာရေ။ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးကြီးလေးသွယ်၊ နန်းတောင်ညာမှာ၊ ရောက်လာရေ။ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးမနီ၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရခိုင်မြို့မှာ၊ ခုရှာခီ။ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးကြီးမနီ၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရခိုင်မြို့မှာ၊ ခုရှာခီ။ ကံ့ကူသည်နှင့်၊ ၀လံသည်၊ မောင်ဖွားလေးသွယ်၊ နန်းတောင်ညာမှာ၊ ရောက်လာရေ။ တချက်နှစ်ချက်၊ ပျိုင်သင်ပုန်းကို၊ ခေါက်၍တွက်သော်၊ ချစ်သျှင်မမှာ၊ ယောင်္ကျားမဖြစ်၊ မိမ္မဖြစ်မည်။ မိမ္မဖြစ်လည်း၊ အရှင်မမွီး၊ ချစ်သျှင်မမှာ၊ အသီရာမွီးမည်။ ဇောင်လဲလေ၊ ဇောင်လဲအလို၊ ကံ့ကူသည်နှင့် ၀လံသည်မှာ၊ တွက်တိုင်းဆိုရေ။

ကိုးလကပင်၊ ဆယ်လစိမြောက်၊ သမီးတော်ကို၊ ဖွားလာရေခါ၊ သမီးတော်ကို၊ အရှင်မမွီး၊ နန်းတောင်ညာမှာ၊ အသီရာမွီးရေ။ ဇောင်စကားကို၊ ကြားရေနိက၊ နဖူးကိုခတ်၊ ရင်ကိုသတ်၊ ရပ်ပတ်ကြိုကြို၊ နို့သျှင်မိနှင့်၊ နို့သျှင်ဖမှာ၊ လှူးလို့ငိုခါ၊ အထက်ဒေ၀ါ၊ အသျှင်သိကြား၊ ခင်းထားကမ္မလာ၊ နီရာသင်းဖုန်း၊ တင့်ကြော့လုံးစုံ၊ သိကြားဖုံမှာ၊ မနီနိုင်ဘဲ၊ နတ်မျက်စိတထောင်၊ အဟန်ဆောင်၊ နတ်ပြည်ယာဉ်ကို၊ ကြည့်လိုက်မူကား၊ မည်သည်မျှပင်၊ မမြင်ကျင်။ လူ့မျက်တထောင်၊ အဟန်ဆောင်၊ ကြည့်လိုက်မူကား၊ ရခိုင်ဘုရင်၊ အသျှင်တရီး၊ သမီးကညာနှင့်၊ ကြောင့်ကြကြီး။ ငါတာခုဝေ၊ ရခိုင်မင်းကို၊ မခီမည်။ ရွှီကြိုးခုနှစ်ပင်၊ သျှင်သိကြားမှာ၊ စလွယ်တင်၊ လက်မှာပြောင်းဝင်း၊ ခရုသင်း၊ သိကြားမနီ၊ သံတွဲသူကို၊ သိကြားရီစင်၊ ဖြန်းလီရေခါ၊ အသက်ကေ၀င်ပြီး၊ ၀ွါးဝွါးဝွါးလို့ ငိုလီရေ။

အသက်ကေ၀င်ပြီး၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ နို့ကောင်းသူကို၊ ကောင်းရာရွီးလို့၊ သားကောင်းသားဖြူ၊ နို့ကောင်းသူကို၊ ကောက်ယူစို့ငြား၊ အသားဖြူကေ၊ မိမ္မနို့သယ်၊ ပူသယ်နို့ရည်၊ ထိုသည်မိမ္မ၊ ဣထိယ၊ ရာဇပုတ္တ၊ နို့ကောင်းရာမှာ၊ ရွီးကာမသွင်း။ နို့အုန်းသီးလျှင်၊ နို့လာပြင်းလျှက်၊ သူငယ်စို့ကေ၊ ခံတွင်းမကန်၊ မှောက်ကာလန်၊ နို့အံတတ်တေ။ ထိုသည်မိမ္မ၊ ဣထိယ၊ ရာဇပုတ္တ၊ နို့ကောင်းရာမှာ၊ ရွီးကာမသွင်း။ နို့ဖရုံလျှင်၊ သူငယ်စို့လျှက်၊ တအောင့်လောက်မှ၊ တပေါက်ရလို့၊ မ၀ခင်ပင်၊ သူငယ်ရို့မှာ၊ ပျင်းစိတ်ဝင်လို့၊ မစို့ချင်။ ထိုသည်မိမ္မ၊ ဣထိယ၊ ရာဇပုတ္တ၊ နို့ကောင်းရာမှာ၊ ရွီးကာမသွင်း၊၊ မမဲမဖြူ၊ မဆူမကြုံ၊ နို့အုံညီညွတ်၊ စနီနံ၊ ရွှီရင်ဖတ်မှာ၊ သားမြတ်မကျ၊ ဘေးတဖက်က၊ တနာရီမှာ၊ လေးယောက်ထလို့၊ သံတွဲသူ၊ ဖြူမယ်လှကို၊ မြဧယိုင်မှာ၊ တင်ကာထားကေ၊ မွီးစားရေလေ။

ခုနစ်နှစ်သမီး၊ အရွယ်ရောက်သောအခါ၊ ဆံထုံးထုံးတတ်၊ ပန်းပန်တတ်၊ ရပ်တတ်ကပင်၊ သံတွဲသူကို၊ ယိုင်ခတ်သင်။ ဦးစံတင်၊ အယင်မွီးကေ၊ မယ်ကြီးတစ၊ သံတွဲသူကို၊ ယိုင်ကြောင်းပြ။ လွမ်းလို့ကြင်၊ နို့သျှင်တစ၊ သံတွဲသူ၊ ချစ်သမီးကို၊ ရွမ်းကြောင်းပြ။ သံတွဲသူ၊ ချစ်ဖြူလွှတ်လွှတ်၊ မြယိုင်စင်မှာ၊ မခတ်တတ်။ လွမ်းလို့ကြင်၊ နို့သျှင်မာန်ပေါက်၊ နဖူးစမှာ၊ ရွှီရောင်တောက်။ ယိုင်ကြိုးနှင့်နှောင်၊ ယိုင်ပေါင်နှင့်သတ်၊ သံတွဲသူကို၊ မြယိုင်စင်မှာ၊ ကြင်းပျာသတ်ခါ၊ မျက်ခမ်းထဲမှာ၊ မျက်ရည်ဖျင်ဖျင်၊ သံတွဲသူမှာ၊ ခြည်လုံးကိုပင်၊ ကြည့်မမြင်။ တဆယ့်ငါးနှစ်၊ သံတွဲသူမှာ၊ မိခင်အိမ်နှင့်၊ ဖခင်အိမ်မှာ၊ လူသျှင်ဖြစ်တေ။ တလင်္ဂုနီ၊ စနီရန်ဖက်၊ သံတွဲသူနှင့်၊ ပန်းတံမောင်မှာ၊ တဂြက်ဂြက်။ ရက်ကမသင့်၊ အရီးကေအသျှင်၊ အခင်ပင် မသနား၊ သံတွဲသူနှင့်၊ ပန်းတံမောင်ကို၊ သံတွဲမြို့နှင့်၊ ရခိုင်မြို့မှာ၊ ခွဲလို့ထားရေ။ တဆယ့်ငါးနှစ်၊ အရွယ်ရောက်ခါ၊ သံတွဲသူမှာ၊ လူသျှင်ဖြစ်တေ။ တဖက်ကေတချက်၊ သံတွဲသူမှာ၊ မြယိုင်စင်မှာ၊ နွှဲပျာရက်တေ။ အဖြူရွန်းကို၊ နှိပ်ပျာထိုးလို့၊ ချောင်းမှာနီရေ၊ ပုဇွန်စိတ်ကေ၊ ငါးချေမကြွင်း၊ မယ်လက်ရာမှာ။ ပေါ်ပျာလတ်ကေ၊ ဆင်မျက်ကွင်း။ အနီရွန်းကို၊ နှိပ်ပျာထိုးလို့၊ တောမှာနီရေ၊ ပုရွက်စိတ်ကေ၊ နှံချေမကြွင်း၊ မယ်လက်ရာမှာ၊ ပေါ်ပျာလတ်ကေ၊ အံကိုးကွင်း။ တဖက်တချက်၊ သံတွဲသူမှာ၊ မြယိုင်စင်မှာ၊ နွဲပျာရက်ခါ၊ ညှိုးညှိုးငယ်ငယ်၊ သံတွဲသူမှာ၊ အိမ်သာယာကို၊ တက်ခရေ။ မိနံဘားနှင့်၊ ဖနံဘားမှာ၊ ထိုင်လာရေ။

လက်ခြီဆယ်ချောင်း၊ စုံစွာပေါင်း၊ လက်ကောက်ရုံ့တုံ၊ ကြာမုံအဆင်၊ လက်ဆယ်ချောင်းကို၊ ဦးထိပ်တင်။ ကိုယ်ပင်ပင်၊ ကိုယ်ပင်ရိုကျိုး၊ မိနှင့်ဖကို၊ ရှိမိုးခိုးရေ၊၊ မြင်းမိုရ်ကြီးခြင်း၊ ငါ့ကိုကြင်ကေ၊ မွီးဖရင်း။ ဖခင်ပဒေ၊ ပီးလိုက်လီ။ မြင်းမိုရ်ကြီးခြင်း၊ ငါ့ကိုကြင်ကေ၊ မွီးမိရင်း။ မိခင်ပဒေ၊ ပီးလိုက်လေ။ အချေကပင်၊ တခါရံထူး၊ ရွှီစလောင်းနှင့်၊ ဆွမ်းကောင်းမယ်ထွီး၊ ပန်းဇင်းပျိုကို၊ မလောင်းဖူး။ ရင်ဝလေးတောင်၊ ဇောက်သျှစ်တောင်၊ ရောင်တော်ညီးညီး၊ ဂူတော်တိုက်မှာ၊ ဘုရားကြီး။ တခါရံပင်၊ မြတ်သျှင်ပင်ကို၊ မဖူးဖူး။ မယ်ဒါဒါ၊ မယ်ဒါခုဝယ်၊ နို့သျှင်မိနှင့်၊ နို့သျှင်ဖယောင်၊ ကူတော်တိုက်မှာ၊ ရွှီကျောင်းသခင်၊ အသျှင်မြတ်ကို၊ ရွှီစလောင်းနှင့်၊ ဆွမ်းကောင်းမယ်ထွီး၊ လောင်းခီမည်။ ငွေစလောင်းနှင့်၊ ဆွမ်းကောင်းမယ်ထွီး၊ လောင်းခီမည်။ ရင်ဝလေးတောင်၊ ဇောက်သျှစ်တောင်၊ ရောင်တော်ညီးညီး၊ ကူတော်တိုက်မှာ၊ ဘုရားကြီး။ ဒေါ်လဲလေ၊ ဒေါ်လဲခုဝယ်၊ မြတ်သျှင်ပင်ကို၊ ဖူးခီမည်။ ဖခင်ပဒေ၊ ပီးလိုက်လီ။ မိခင်ပဒေ၊ ပီးလိုက်လီ။ ပဒေတောင်းလီရေ။

လားကားလားခီ၊ ချစ်သမီးလေ၊ တံဆီးတပေါက်၊ ယင်မသောက်ခင်၊ မိခင်ထံနှင့်၊ ဖခင်ထံမှာ၊ ခုရောက်စီ။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်လည်းဆို၊ သံတွဲသူ၊ ချစ်သူဆွမ်းပန်း၊ ချက်လတ်တေ။ ဆွမ်းပန်းချက်ပြီး၊ မြသပိတ်မှာ၊ ခူးပျာထည့်ခါ၊ လေးတောင်ကျော်၊ ငါးတောင်တိုက်ကို၊ ၀င်ခရေ။ တပင်တပင်၊ မယ့်ဆံပင်ကို၊ ဆီနှင့်ပျင်၊ တပင်ထက်မှာ၊ နှစ်ပင်ပျံ့ပျူး၊ မယ့်ဆံပင်ကို၊ ပန်းဆီလူးရေ၊။ ဆင်စွယ်အဖီး၊ ဆိုင်သာယာမှာ၊ အဖ၀ယ်ကေ၊ ငါးဆယ်ပီး။ မဖြီးစလို၊ မကိုင်စလောက်၊ ၀က်ခေါက်မျှမျှ၊ နဖူးပြင်မှာ၊ တင်ပျာထားကေ၊ မိမျက်တွက်။ မိမ္မဆံထုံး၊ ကျောက်သားလုံး၊ ရွန်းလုံးဆံကျင်၊ စမ်းမမြင်။ သီသီသပ်သပ်၊ သံတွဲသူ၊ မယ်ထွီးဂေါင်းမှာ၊ မြဆံထုံးကို၊ ထုံးပြန်လတ်ကေ၊ ချောမွတ်မွတ်နှင့်၊ ဥဒေါင်းကေအတောင်၊ ကျီးတောင်ဆံဆပ်၊ မယ်ရို့ဂေါင်းမှာ ပန်းမွှီးမွှီးနှင့်။ နားမှာကြည့်လည်း၊ ကလုတ်ကယင်၊ စီရင်တဖက်၊ သံတွဲသူ၊ မယ်ထွီးနားမှာ၊ မြနားဘက်နှင့်။ လက်မှာကြည့်လည်း၊ ဖောက်ဖီးပွင့်နွယ်လိမ်၊ ကျောက်မျက်စီ၊ မှန်စီတဖက်၊ ဘယ်ဖက်လက်နှင့်။ ညာဖက်လက်မှာ၊ ပြောင်ပြောင်လက်တေ။ ကိုယ်မှာကြည့်လည်း၊ သရက်ကေအကျ၊ မယူပန်းခက်၊ ဥဒေါင်းကြိုးကြာ၊ ကိန္နရာ၊ ရုပ်ပုံများစွာ၊ မယ်ဘာဇူမှာ၊ ရုပ်ပုံချလို့၊ သံတွဲသူ၊ ချစ်သမီးမှာ၊ ၀တ်လတ်တေ။ ခါးမှာကြည့်လည်း၊ မှင်းကျိုးပွင့်ထပိန်၊ အခြီသုံးဆင့်၊ မှင်းကျိုးပွင့်ကို၊ ၀တ်လတ်တေ။ ဒွါဒရာ၊ မောက်ကာခါးကြိုး အဖျားစိုင်မှာ၊ ရွှီခြည်ထိုး။ ခါးကြိုးတရပတ်၊ ပန်းပုံချပ်။ မြဲပါစီချင်၊ ခယောက်ငင်။ ဒွါပင်ပင်၊ ဒွါပင်သီသပ်၊ ခါးကြိုးမွှီးကို၊ အောက်ကချပ်တေ။ သံတွဲသူ၊ ချစ်သမီးမှာ၊ ၀တ်လတ်တေ။

ဟော့ဟန်းမရယ်၊ သံတွဲသူ၊ ချစ်သူရယ်ကေ၊ ခပြုံးရယ်။ တခါရယ်၊ ငါးဆယ်တန်ယင့်။ ကုလားမရမာ၊ လူတာတသီး၊ သံတွဲသူကို၊ သတင်းမီးရေ။ ကုလားမရမာ၊ မြင်သမျှလူ၊ သံတွဲသူ၊ မယ်ကိုမြင်ကေ၊ နှလုံးပူ။ ညှိုးညှိုးငယ်ငယ်၊ သံတွဲသူကား၊ သံတွဲမြို့ကို၊ အိမ်သာယာက၊ ထွက်ခရေ။ အိမ်သာယာက၊ ဆင်းခရေ။ မချီချင်၊ ချီချင်ဖ၀ါး၊ ကမ်ဖာမြီမှာ၊ ကင်းနှယ်တွား။ တို့တီတီ၊ တို့တီတို့တွတ်၊ ကြက်တည်ကျင်လေ၊ မြီမှာယက်ယောင်။ အယွေရောက်မ၊ ဘုရားဖူးဇောင်၊ မလားလား။ ရောက်မအယွေ၊ ဘုရားဖူးဇောင်၊ လားကတ်မည်။ လာလဲလေ၊ လာလဲမယ်ယေ၊ ဂူတော်တိုက်ကို၊ လားကတ်မည်။ ရင်ဝလေးတောင်၊ ဇောက်သျှစ်တောင်၊ ရောင်တော်ညီးညီး၊ ဂူတော်တိုက်မှာ၊ မြတ်သျှင်ပင်လေ၊ ဘုရားကြီး။ လာလဲလေ၊ လာလဲမယ်ယေ၊ မြတ်သျှင်ပင်ကို၊ ဖူးကတ်မည်။ သံတွဲသူ၊ ချစ်သူမြူးပျော်၊ သံတွဲမြို့မှာ၊ ကျူးလို့ခေါ်ရေ။ ရှိကကြည့်လည်း၊ ရှိကဗိုလ်ကျိုင်၊ သံတွဲသူမှာ။ ရွီမနိုင်။ နောက်ကကြည့်လည်း၊ နောက်ကဗိုလ်ကျိုင်၊ သံတွဲသူမှာ၊ ရွီမနိုင်။ ဗိုလ်ကျိုင်ကျိုင်၊ ဗိုလ်ကျိုင်အကြား၊ မချီချင်၊ ချီချင်ဖ၀ါး၊ သံတွဲသူ၊ ချစ်သူဖ၀ါး၊ ကမ်ဖာမြီမှာ၊ ကင်းယောင်တွား။ တို့တီတီ၊ တို့တီတို့တွတ်၊ ကြက်တည်ကျင်လေ၊ မြီမှာယက်ယောင်။ ဗိုလ်ကျိုင်ကျိုင်၊ ဗိုလ်ကျိုင်အကြား၊ ဇင်္ကြန်လမ်းကို၊ လျှောက်လှမ်းလားရေ။ လားတုံလားတုံ၊ လားငြားတုံ၊ လားစိုင်လားစိုင်၊ လားငြားစိုင်၊ လားစိုင်တုံမြောက်၊ ဂူတော်တိုက်မှာ၊ ဇီတေ့ရောက်တေ။

ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ကျောင်းခြီတထောင်၊ ပိုင်ရေဘုန်းကြီး၊ မြတ်လေးလွမ်းကြင်၊ ဂူတော်တိုက်မှာ၊ ရွှီကျောင်းသျှင်၊ အသျှင်ဘုန်းကြီး၊ သံစည်ကြောင်၊ ညောင်ညောင်တီး။ ဘုန်းကြီးမြတ်မွန်၊ နာမည်ကောင်းကေ၊ ၀ိဟာစံ။ အသျှင်နောက်က၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ကိုယ်ကြပ်မကွာ၊ ပါလီရေ။ ကျောင်းတလင်းမှာ၊ ပန်းတံမင်းသား၊ လူလှမောင်၊ မောင်တာညှိုးငယ်၊ သူငယ်ချင်းနှင့်၊ ဒိုးတလင်းမှာ၊ ဒိုးထိုးရေ။ ကျောင်းတလင်းမှာ၊ အံလူးရေ။ နှမမယ်၊ မယ်လေလာဆိုက်၊ မောင်လာခိုက်၊ မျက်ရစ်လုံးဆုံ၊ ကျောင်းတလင်းမှာ၊ ဇိတေ့ကြုံ။ မောင်ကိုယ်ကို၊ မောင်ကိုမြင်လို့၊ ကျီးကန်းရွီမှာ၊ ငှက်ဝါတကောင်၊ ကျသို့ယောင်။ ခပြီခပြုံး၊ သံတွဲသူမှာ၊ မြပ၀ါကို၊ သွားမှာဖုံး။ ခပြုံးရယ်သွင်၊ မောင်ကိုမြင်ကေ၊ ရယ်မှုဆင်။

အသူ့ရင်သွီး၊ ပါးတံရင်းမှာ၊ ညှင်းယင်ပြီးကေ၊ မယ့်မောင်ကြီး။ မောင်တာဒါ၊ မောင်ဒါလွှတ်လွှတ်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ ပြောပြလတ်။ ပန်းတံမင်းသား၊ လူလှမောင်က၊ ဇောင်စကားကို၊ ကြားရေနိက၊ ခပြီခပြုံး၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ပုဝါချေကို၊ သွားမှာဖုံး။ ခပြုံးရယ်သွင်၊ သူ့ကိုမြင်ကေ၊ ရယ်မှုဆင်။ ငါတာတာ၊ ငါတာကိုယ်တိုင်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ မပြောနိုင်။ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ သိချင်ကေလေ၊ သိချင်သို့သော်၊ ကျောင်းခြီတထောင်၊ ပိုင်ရေဘုန်းကြီး၊ မြတ်လေးလွမ်းကြင်၊ ဂူတော်တိုက်မှာ၊ ရွှီကျောင်းသျှင်။ အသျှင်ဘုန်းကြီး၊ သံစည်ကြောင်၊ ညောင်ညောင်တီး။ ဘုန်းကြီးမြတ်မွန်၊ နာမည်ကောင်းကေ၊ ၀ိဟာစံ။ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ သိချင်ကေလေ၊ ရွှီကျောင်းသခင်၊ အသျှင်မြတ်ကို၊ မီးကြည့်လီ။ ငါတာတာ၊ ငါတာကိုယ်တိုင်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ မပြောနိုင်။

ရယ်ပြုံးရယ်ပြုံး၊ သံတွဲသူ၊ ငယ်မျောက်သားက၊ ကျောင်းသာယာကို၊ တက်ခရေ။ ရွှီစလောင်းနှင့်၊ အသျှင်မြတ်ကို၊ ဆွမ်းကောင်းမယ်ထွီး၊ လောင်းလီရေ။ ငွေစလောင်းနှင့်၊ ဆွမ်းကောင်းမယ်ထွီး၊ ပန်းဇင်းပျိုကို၊ လောင်းလီရေ။ ရွှီစလောင်းနှင့်၊ ဆွမ်းကောင်းလောင်းပြီး၊ ရင်ဝလေးတောင၊် ဇောက်သျှစ်တောင်၊ ရောင်တော်ညီးညီး၊ ဂူတော်တိုက်မှာ၊ ဘုရားကြီး။ ပန်းမကောင်းလည်း၊ ပန်းကောင်မယ်မှာ၊ တင်လတ်တေ။ ဆုမကောင်းလည်း၊ ဆုကောင်းမယ်မှာ၊ တောင်းလတ်တေ။ ဆုကောင်းတောင်းပြီး၊ ပန်းတင်ပြီးခါ၊ နီလဲခညို၊ ညချမ်းနီမှာ၊ တောင်ရိပ်ခို၊ ဂြိုးညိုအိပ်ဆိုက်၊ ကူတော်တိုက်မှာ၊ ညလည်းမိုက်။ မယ်ထွီးလားချိန်၊ ညချမ်းနီမှာ၊ ပိုးပွင့်ချိန်။ လားချိန်တန်၊ လားစိုင်မယ်ရို့၊ လွမ်းလို့ကြင်၊ နို့သျှင်မိနှင့်၊ နို့သျှင်ဖက၊ ဒေါ်လာပျာလို့၊ တန်းကိုလက်ကိုင်၊ တိုင်ကိုလက်ဆွဲ၊ နွဲ့ကောင်းသာဖွယ်၊ သံတွဲမြို့က၊ မျှော်ယင့်မည်။

လက်ခြီဆယ်ချောင်း၊ သံတွဲသူမှာ၊ ဆုံစွာပေါင်း၊ လက်ကောက်ရုံ့တံ၊ု ကြာမုံအဆင်၊ ဆယ်ချောင်းလက်ကို၊ ဦးထိပ်တင်။ ကိုယ်ပင်ပင်၊ ကိုယ်ပင်ရိုကျိုး၊ ရွှီကျောင်းသခင်၊ အသျှင်မြတ်ကို၊ ရှိမိုးခိုး။ ရွှီကျောင်းသခင်၊ အသျှင်လွှတ်လွှတ်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ ပြောပြလတ်။ ရွှီကျောင်းသခင်၊ အသျှင်ခုဝေ၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ ပြောပြရေ။ အရှိမဏ္ဍိုင်၊ ကိုးမြို့ပိုင်၊ ရခိုင်ခိုင်၊ ရခိုင်မြို့စား၊ နန်းတောင်ညာမှာ၊ စံကာဖွားကေ၊ ဘုရင်သား။ ဆံထုံးကွင်းချွတ်၊ နဘီဝတ်၊ ချောမွတ်ရွှီရောင်။ ရခိုင်ကျွန်းမှာ၊ ပန်းတံမောင်ချင့်၊ နင့်မျောက်သားချင့်၊ နင်မသိလား။ ဇောင်စကားကို၊ ကြားရေနိက၊ သံတွဲသူ၊ မယ်တာ အားပါးရလီရေ။

နှမမယ်၊ မယ်လေလာခိုက်၊ မောင်လာဆိုက်။ မျက်ရစ်လုံးဆုံ၊ ကျောင်းတလင်းမှာ၊ ဇီတေ့ကြုံခါ၊ ပန်းတံမင်းသား၊ လူလှမောင်၊ ကျောင်းတလင်းမှာ၊ ဒိုးထိုးရေ၊၊ ကျောင်းတလင်းမှာ၊ အံလှူးရေ။ သံတွဲသူမှာ၊ မောင်ကိုယ်ကို၊ မောင်ကိုမြင်လို့၊ ကပြီကပြုံး၊ မြပုဝါကို၊ သွားမှာဖုံး။ ကပြုံးရယ်သွင်၊ မောင်ကိုမြင်ကေ၊ ရယ်မှုဆင်။ အရှိမဏ္ဍိုင်၊ ကိုးမြို့ပိုင်၊ ရခိုင်ခိုင်၊ ရခိုင်မြို့စား၊ နန်းတောင်ညာမှာ၊ စံကာဖွားကေ၊ ဘုရင့်သား။ ဆံထုံးကွင်းချွတ်၊ နဘီဝတ်၊ ချောမွတ်ရွှီရောင်၊ ရခိုင်ကျွန်းမှာ၊ မျောက်သားမောင်၊ မယားလျာ၊ သားလျာမောင့်မှာ၊ ဟိရေလား။ မယားလျာ၊ သားလျာစမ်းလည်း၊ သံတွဲမြို့မှာ၊ စမ်းခလေ့။ ဇောင်စကားကို၊ ကြားရေအခါ၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ကပြီကပြုံး၊ ပုဝါချေကို၊ သွားမှာဖုံး။ ကပြုံးရယ်သွင်၊ မယ်ကိုမြင်ကေ၊ ရယ်မှုဆင်။ သံတွဲသူ၊ ငယ်မျောက်သားဝေ၊ ချစ်လိပ်ပြာစင်၊ မောင်စကားကို၊ ရွှီနားတင်၊၊ တလင်္ဂုနီ၊ စနီရန်ဖက်၊ ဒေါ်နှင့်မောင်မှာ၊ တဂြက်ဂြက်။ ရက်ကမသင့်။ အရီးကေအသျှင်၊ အခင်ပင် မသနား၊ ဒေါ်နှင့်မောင်ကို၊ သံတွဲမြို့နှင့်၊ ရခိုင်မြို့မှာ၊ ခွဲလို့ထားရေ။ ဘဇောင်ကြံကေ၊ ၀ါးတလုံးမှာ၊ ကုန်းချင်းနံပြိုင်၊ အတူထိုင်၊ ရွှီလိုင်ကိုဆွဲ၊ သံတွဲမြို့နှင့်၊ ရခိုင်မြို့မှာ၊ ပျော်ရမည်။ ပန်းတံမင်းသား၊ လူလှမောင်၊ မောင်တာစကား၊ ပြောလိုက်တေခါ၊ သံတွဲသူ၊ ငယ်မျောက်သားက၊ အမိမကြိုက်၊ ဟိလီပတ်စီ၊ အဖမကြိုက်၊ ဟိလီပတ်စီ၊ နှစ်ပါးကြိုက်သူ၊ သဘောတူကေ၊ ယူလီဖို့ရာ။ လာရာလာလတ်၊ မောင်တယောက်ကို၊ လက်မလွှတ်။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်ခုဝေ၊ ဇောင်စကားကို၊ သံတွဲသူမှာ၊ ပြောလီရေ။ ယင်းပိုင်ဆိုပြီး၊ သံတွဲသူ၊ ငယ်မျောက်သားကား၊ သံတွဲမြို့ကို၊ ပြန်လီရေ။

အခြီဝင်းဝင်း၊ ကြက်မင်းလည်းတွန်၊ သံတွဲမြို့မှာ၊ မိုးလင်းပြန်ခါ၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ သံတွဲသူ၊ ငယ်မျောက်သားထံ၊ လားလီရေ။ အသီးတိုတောင်း၊ ဗိုင်းဝင့်ရာနှင့်၊ ခြည်ဖြတ်ရာမှာ၊ သံခြည်ခေါင်း၊ နှစ်ပါးစံပါယ်၊ ဒေါ်နှင့်မောင်မှာ၊ ခြည်ခေါင်း မောင်နှင့်မှုတ်ကတ်တေ။ ခနဲစကား၊ ဘားဇီစကား၊ ပြောလီရေ။ ခုနှစ်ကယ်ရက်၊ သျှစ်ရက်စိလို့၊ ဥဒရာဇ်စံပါယ်၊ မြုံပြည်ရပ်က၊ ဇရပ်ကျိုးနှင့်၊ သီကျိုးနာမည်၊ မြုံပြည်ရပ်က၊ ပင့်ဆိုင်းရေ။ ခုနစ်ကယ်ရက်၊ သျှစ်ရက်စိကေ၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ရွှီကျောင်းသခင်၊ အသျှင်နောက်က၊ ကိုယ်ကြပ်မကွာ၊ မြုံပြည်ရပ်ကို၊ လားရမည်။ ဇောင်စကားကို၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ သံတွဲသူ၊ ချစ်မျောက်သားကို၊ ပြောလီရေ။ သံတွဲသူ၊ ချစ်မျောက်သားဝေ၊ ဇရပ်ကျိုးနှင့်၊ သီကျိုးနာမည်၊ ဥဒရာဇ်စံပါယ်၊ မြုံပြည်ရပ်က၊ ပင့်ဆိုင်းရေ။ ကျောက်ဂူဘုရား၊ ခုနှစ်ပါးလည်း၊ တည်လိမ့်မည်။ သဲဇာတီလည်း၊ တည်လိမ့်မည်။ အကောက်တထောင်၊ ၀င်္ကပါလည်း၊ တည်လိမ့်မည်။ ချောင်းကြီးလဟာ၊ မကူးသာ၊ ချောင်းငယ်ပျက်လက်၊ တန်းထားပျက်ကို၊ ဆင်လိမ့်မည်။ အတောင်သုံးဆယ်၊ တင်းခွန်ရှည်ကို၊ လွှင့်လိမ့်မည်။ မြုံပြည်အရပ်က၊ ပင့်ထားရေ။ များများမကြာ၊ မြုံပြည်အရပ်မှာ၊ သုံးနှစ်တာ၊ ငါတာခုဝယ်၊ ရွှီကျောင်းသခင်၊ အသျှင်နောက်က၊ ကိုယ်ကြပ်မကွာ၊ မြုံပြည်အရပ်ကို၊ လားရဖို့ယာ။ ဇောင်စကားကို၊ ကြားရေနိက၊ မယ်တာတရီး၊ သံတွဲသူမှာ၊ ကြောင်းကြကြီးရေ။ ဘဇောင်ကြံကေ၊ မြုံပြည်ရပ်ကိ၊ု လားနိုင်မည်။ လားပြန်ကေလည်း၊ မြုံမင်းသမီး၊ အထွီးလှစွာ၊ နာမည်ထားကေ၊ ပန်းနီလာ။ အသက်သုံးဆယ်၊ အရွယ်တိုင်ပြီး၊ ပန်းနီလာကို၊ လင်မပီး။ သူ့လင်မြင်ကေ၊ ဖျက်တတ်တေ။ သူ့သားမြင်ကေ၊ ဖျက်တတ်တေ။ ဖျက်တေအစစ်၊ ပန်းနီလာမှာ၊ မြုံပြည်ဈီးမှာ၊ ကွမ်းမျက်ချစ်နှင့်၊ မောင်ကိုမြင်လီ၊ ကပြီကပြုံး၊ မြပ၀ါကို၊ သွားမှာဖုံး။ ကပြုံးရယ်သွင်၊ မောင်ကိုမြင်ကေ၊ ရယ်မှုဆင်ဖို့။ ရယ်မှုလည်းဆင်၊ ယင်းခါမချို့၊ မြုံပြည်ရပ်မှာ၊ ပန်းနီလာနှင့်၊ ပျော်လီဖို့။ သူ့ဓါးကိုကိုင်၊ သူ့အပိုင်။ သူရီကိုသောက်၊ သူ့လက်အောက်။ အရာတဖန်၊ သံထန်ပြန်လို့၊ မယ်ထံပါးသို့၊ ရောက်ခဲဖို့။ ဇောင်ပိုင်လည်းဆို၊ သံတွဲသူမှာ၊ ငိုလည်းငို။ သံတွဲသူ၊ ချစ်မျောက်သားဝေ၊ တပြည်ပြည်၊ တပြည်ကားကွဲ၊ မောင်တယောက်ကို၊ မကြောင့်ကြကဲ့။ ထပိန်တိုတောင်း၊ ရိုင်းသူမမှာ၊ ၀ါးနဒေါင်းနှင့်၊ စကားကိုထက်၊ ဘားဇီကိုပင်၊ ပန်းနီလာကို၊ မပြောချင်။ တဖဲ့ကေ၊ တဖဲ့ကိုမျှ၊ သံတွဲသူ၊ ငယ်မျောက်သားဝေ၊ မကြောင့်ကြကဲ့။ များများမကြာ၊ မြုံပြည်ရပ်မှာ၊ သုံးနှစ်တာ။ ဒန်းစိထိုက်ထံ၊ သံတွဲသူ၊ ငယ်မျောက်သားမှာ၊ ရွှီဖျာထက်မှာ၊ ပျိုးထားပြန်။ ဒန်းစိလည်းပေါက်၊ သံတွဲမြို့မှာ၊ မောင်လည်းရောက်ဖို့။ ဇောင်ပင်တရီး၊ သံတွဲသူ၊ ချစ်မျောက်သားမှာ၊ မယုံသီး။ မဟုတ်ကေလဲ့၊ သံတွဲသူ၊ ချစ်မျောက်သားဝေ၊ နှစ်ပါးစံပါယ်၊ ဒေါ်နှင့်မောင်မှာ၊ သစ္စာခွင်ကို၊ တက်ကတ်မည်။ ဒါးရှည်လှံရှည်၊ မညောင်းရှည်၊ ဒါးရှည်စုံမြောက်၊ ဒေါ်နှင့်မောင်၊ သစ္စာခွင်မှာ၊ မိုးကြိုးကျောက်နှင့်၊ ကျောက်ခုံးတိုင်၊ သံတိုင်အကြား၊ ဒေါ်နှင့်မောင်မှာ၊ သစ္စာထား၊ ကျောက်ခုံးတိုင်၊ သံတိုင်ကျိုးလည်း၊ ကျိုးလီပတ်စီ၊ မောင်ထွီးသစ္စာ၊ မြုံပြည်ရပ်မှာ၊ ပန်းနီလာနှင့်၊ မယွင်းပါ။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်လည်းဆို၊ ဒေါ်နှင့်မောင်၊ သစ္စာမောင်နှင့်၊ ထားလီရေ။ ဒန်းစိထိုက်တန်၊ ရွှီကျောက်ဖျာမှာ၊ သံတွဲသူမှာ၊ ပျိုးထားပြန်။ ခုနစ်ကေရက်၊ သျှစ်ရက်စိလို့၊ ရွှီကျောင်းသခင်၊ အသျှင်နောက်က၊ တောင်မွိခြင်းခြင်း၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ယပ်တစင်းနှင့်၊ သပိတ်အိုးလိုင်လွယ်၊ ရွှီကျောင်းသခင်၊ အသျှင်နောက်က၊ မြုံပြည်အရပ်ကို၊ လိုက်ခရေ။ လားစိုင်လားစိုင်၊ လားငြားစိုင်၊ လားစိုင်တုံမြောက်၊ မြုံပြည်ရပ်မှာ၊ ဇီတေ့ရောက်တေ။ မြုံပြည်ရပ်မှာ၊ ဇီတေ့ရောက်ခါ၊ အကောက်တထောင်၊ ၀င်္ကပါ၊ သျှစ်သောင်းလေးထောင်၊ တည်လီရေ။ သဲဇာတီလည်း၊ တည်လီရေ။ ကျောက်ဂူဘုရား။ ခုနစ်ပါးလည်း၊ တည်လီရေ။ ချောင်းကြီးလဟာ၊ မကူးသာ၊ ချောင်းငယ်ပျက်လက်၊ တန်းထားပျက်ကို၊ ဆင်လီရေ။ အတောင်သုံးဆယ်၊ တင်းခွန်ရှည်ကို၊ လွှင့်လီရေ။ များများမကြာ၊ ပန်းတံမင်းသား၊ ရွှီကျောင်းသခင်၊ အသျှင်နောက်က၊ မြုံပြည်ရပ်မှာ၊ သုံးနှစ်ကြာရေ။ သုံးနှစ်ကြာခါ၊ မြုံမင်းသမီး၊ အထွီးလှစွာ၊ နာမည်ထားကေ၊ ပန်းနီလာ။ နှမမယ်၊ မယ်လေလာခိုက်၊ မောင်လာဆိုက်၊ မျက်ရစ်လုံးဆုံ၊ ပန်းနီလာနှင့်၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ မြုံပြည်ဈီးမှာ၊ ဇီတေ့ကြုံ။ မောင်ကိုယ်ကို၊ မောင်ကိုမြင်လို့၊ ကပြီကပြုံး၊ မြပ၀ါကို၊ သွားမှာဖုံး၊ ကပြုံးရယ်သွင်၊ မောင်ကိုမြင်၊ ပန်းနီလာမှာ၊ ရယ်မှုဆင်။ ကျီးကန်းရွီမှာ၊ တုတ်ကျာတကောင်၊ ကျသို့ယောင်၊ အသူ့ရင်သွီး၊ ပါးတံရင်းမှာ၊ ညှင်းယင်ပြီးကေ၊ အသူ့သွီးလဲ။ မောင်တာဒါ၊ မောင်တာလွတ်လွတ်၊ မယ်ကိုချစ်ကေ၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ ပြောပြလတ်။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်လည်းဆို၊ ပန်းနီလာမှာ၊ မီးလီရေ။ ဇောင်စကားကို၊ ကြားရေခါက၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ကပြီကပြုံး၊ မြပ၀ါကို၊ သွားမှာဖုံး။ ကပြုံးရယ်သွင်၊ မယ်ကိုမြင်ကေ၊ ရယ်မှုဆင်။ ငါပင်ကိုယ်တိုင်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ မပြောနိုင်။ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ သိချင်ကေလည်း၊ ကျောင်းခြီတထောင်၊ ပိုင်ရေဘုန်းကြီး၊ မြတ်လေးလွန်းကြင်၊ ဂူတော်တိုက်မှာ၊ ရွှီကျောင်းသျှင်၊ အသျှင်ဘုန်းကြီး၊ သံစည်ကြောင်၊ ညောင်ညောင်တီး။ ဘုန်းကြီးမြတ်မွန်၊ နာမည်ကောင်းကေ၊ ၀ိဟာစံ။ ပန်းနီလာ၊ ချစ်သူမယ်ဝေ၊ ရွှီကျောင်းသခင်၊ အသျှင်မြတ်ကို၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ မီးကြည့်လီ။ ပန်းနီလာ၊ ချစ်သူမနီ၊ ရွှီကျောင်းသခင်၊ အသျှင်ထံကို၊ တက်ခရေ။ လက်ခြီဆယ်ချောင်း၊ ပန်းနီလာမှာ၊ ဆုံစွာပေါင်း။ လက်ကောက်ရုံ့တုံ၊ ကြာမုံအဆင်၊ ဆယ်ချောင်းလက်ကို၊ ဦးထိပ်တင်။ ကိုယ်ပင်ပင်၊ ကိုယ်ပင်ရိုကျိုး၊ ပန်းနီလာမှာ၊ အသျှင်မြတ်ကို၊ ရှိမိုးခိုးရေ။ ရွှီကျောင်းသခင်၊ အသျှင်လွတ်လွတ်၊ တပည့်မောင်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ ပြောပြလတ်။ ရွှီကျောင်းသခင်၊ အသျှင်ခုဝေ၊ တပည့်မောင်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ ပြောလီရေ။ အရှိမဏ္ဍိုင်၊ ကိုးမြို့ပိုင်၊ ရခိုင်ခိုင်၊ ရခိုင်မြို့စား၊ နန်းတောင်ညာမှာ၊ စံကာဖွားကေ၊ ဘုရင်သား။ ဆံထုံးကွင်းချွတ်၊ နဘီဝတ်၊ ချောမွတ်ရွှီရောင်၊ ရခိုင်မြို့မှာ၊ ပန်းတံမောင်ချင့်။ ဇောင်စကားကို၊ ကြားရေခါက၊ ပန်းနီလာကား၊ မောင်ဟိရာကို၊ လားလီရေ။ နဘေးဖြူ၊ ချစ်သူမောင်ဝေ၊ မယားလျာ၊ သားလျာမောင့်မှာ၊ ဟိရေလား။ မယားလျာ၊ သားလျာစမ်းလည်း၊ မြုံပြည်ရပ်မှာ၊ စမ်းခလေ့။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်စကား၊ ပန်းနီလာမှာ၊ ပြောလီရေ။ စကားကိုထား၊ ဘားဇီကိုပင်၊ ပန်းနီလာကို၊ မပြောချင်။ မပြောချင်လည်း၊ သူ့ဒါးကိုကိုင်၊ သူ့အပိုင်။ သူ့ရီကိုသောက်။ သူ့လက်အောက်။ မချစ်ကေလည်း၊ အောင့်ကာနမ်းရေ။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်ဆိုလည်း၊ ယခုတိုင်တိုင်၊ ပန်းနီလာ၊ ချစ်မျောက်သားဝေ။ မြုံပြည်ရပ်မှာ၊ မနီနိုင်။ ငါတာခုဝယ်၊ ရခိုင်မြို့ကို၊ ပြန်ရမည်။ ရခိုင်မြို့ကို၊ ပြန်ပြန်ကေလဲ့၊ နောက်နောင်တခါ၊ မြုံပြည်ရပ်ကို၊ ရောက်သောခါ၊ ပန်းနီလာ၊ ချစ်မျောက်သားကို၊ ထိမ်းမြားမည်ရာ။ ဇောင်စကားကို၊ ကြားရေခါ၊ ဇောင်ပိုင်တရီး၊ ပန်းနီလာမှာ၊ မယုံသီး။ ဥဒေါင်းတကောင်၊ အတောင်သတ်လို့၊ ငါရောက်ပြန်ကေ၊ မြုံပြည်ရပ်မှာ၊ တွန်လိမ့်မည်။ ဥဒေါင်းတကောင်၊ ထိုက်ထံပြီးကေ၊ ပန်းနီလာကို၊ အပ်လီရေ။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်တရီး၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ရွှီကျောင်းသခင်၊ အသျှင်မြတ်နှင့်၊ သုံးနှစ်စိကေ၊ တောင်မွိခြင်းခြင်း၊ ယပ်တစင်းနှင့်၊ သပိတ်လိုင်လွယ်၊ ရခိုင်မြို့ကို၊ ပြန်ခရေ။

သုံးနှစ်စိလည်း၊ သံတွဲသူမှာ၊ တနိတခါ၊ တလတခေါက်၊ ဒန်းစိပေါက်ကို၊ ကြည့်လီရေ။ ဒန်းစိလည်းပေါက်၊ သံတွဲမြို့ကို၊ မောင်လည်းရောက်မည်။ အသူလာရေ၊ သံတွဲမြို့က၊ ခွီးဟောင်ရေ။ ပန်းတံမင်းသား၊ လူလှမောင်၊ မောင်တာလာရေ၊ သံတွဲမြို့မှာ၊ ခွီးဟောင်ရေ။ သံတွဲသူ၊ မယ်တာမျက်စိ၊ ပန်းတံမင်းသား၊ မျောက်သားမောင်ကို၊ မြင်ခီမိ။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်ဆိုလို့၊ နှစ်ပါးစံပါယ်၊ ဒေါ်နှင့်မောင်၊ သံတွဲမြို့နှင့်၊ ရခိုင်မြို့မှာ၊ ၀ါးတလုံးမှာ၊ ကုန်းချင်းနံပြိုင်၊ အတူထိုင်၊ ရွှီလိုင်ကိုဆွဲ၊ ဒေါ်နှင့်မောင်ရို့၊ ပျော်ရမည်။ ပန်းတံမင်းသား၊ လူလှမောင်ဝေ၊ မိသအိုနှင့်၊ ဖသအိုကို၊ ခေါ်ပြီးကေလည်း၊ သံတွဲသူ၊ ချစ်မျောက်သားကို၊ ဆိုခလေ့။

(ပဒေ) = အခွင့်

(အဆက်ဟိပါသိမ့်သည်။ ၀တ္ထုမှာ ၀တ္ထုရှည်ဖြစ်ပါသည်။ ပီစောင်မှတဆင့်ကူးယူခြင်းမဟုတ်ပါ။ နှုတ်တိုက်ရွတ်ဆိုသည်ကို ပြန်ရွီးထားခြင်းဖြစ်ပါသည်။ ပီမူတိုက်ရိုက်မဟုတ်သော်လည်း ပီမူမှတဆင့်ကူးထားသောလက်ရွီးမူကို ထရီပူရတွင် ကိုယ်တိုင်မြင်ဖူးပါသည်။ ယခု လုံးချင်းဝတ္ထုအရွယ်အထူဟိပါသည်။ ပီင်္အဂါဆိုလျှင် အင်တန်များများဟိမည်ဟု ခန့်မှန်းရပါသည်။)