Saturday, August 8, 2009

ဘာသာစကားတိ ပျောက်ကွယ်လားနီရခြင်း


ဘာသာစကားတိ ပျောက်ကွယ်လားနီရခြင်း
------------------------------
ကုလသမဂ္ဂဌါနခွဲတခုဖြစ်တေ ယိုင်ကျေးမှုထိန်းသိမ်းရေ အေဂျင်စီ ယူနက်စကို (UNESCO) အဖွဲ့က ကမ္ဘာမှာ ပြောဆိုသုံးစွဲနီကတ်တေ ဘာသာစကားပေါင်း ခြောက်ထောင်ထဲက သုံးပုံတပုံစွာ မျိုးတုံးဆိတ်သုဉ်း ပျောက်ကွယ်လားဖို့ အန္တရာယ်နန့် ရင်ဆိုင်နီကတ်ရရေလို့ ထုတ်ဖော်ပြောဆိုလိုက်ပါရေ။ ဒေပိုင် အခြိမ်းခြောက်ခံနီရရေ ဘာသာစကားနှစ်ထောင်ကို မပျောက်ပျက်လားအောင် ထိန်းသိမ်းစောင့်ယှောက်ဖို့ အစိုးရပိုင်းဆိုင်ရာ တာဝန်ယူလုပ်ဆောင်မှုတိ ဟိဖို့လိုအပ်တေပိုင် လူတိကလည်း သူရို့ဘာသာစကားတည်တံ့ကျန်နီစီဖို့ “ကိုယ့်ရို့စကားကို ကိုယ်ရို့ပြောကတ်ခြင်း” ကို တန်ဖိုးထားဂုဏ်ယူကတ်ဖို့ အေယူနက်စကိုအဖွဲ့ချူပ်က တိုက်တွန်းလိုက်ပါရေ။

ဘာသာစကားတခုနိဂုံးချူပ်သီဆုံးလားတိုင်း တန်ဖိုးမဖြတ်နိုင်ရေ ဓလေ့ထုံးတမ်းစိုင်လာယိုင်ကျေးမှုအမွီအနှစ်တိ မျိုးဆက်တိနန့်ရင်းပနာ စုဆောင်းထိန်းသိမ်းလာကတ်တေ အသိပညာ၊ ကဗျာစာပီဂီတ၊ သမိုင်းရိုးရာ၊ ဂန္ဓ၀င်အနုပညာ လက်ရာကောင်းတိအားလုံး ဆုံးယှုံးလားကတ်ရရေလို့ ဒေအဖွဲ့ကြီးက ထောက်ပြပြောဆိုပါသိမ့်ရေ။ ၂၀၀၈ ခုနှစ်မှာ အမေရိကန်နိုင်ငံ အလက်စကားပြည်နယ်၏မူရင်းဘာသာစကားကိုပြောတတ်တေ နောက်ဆုံးတယောက်တည်းရာကျန်ရေ အသက် ၈၉ နှစ် ၀ါကြီးမ အီးယာခ် (Eyak) ကွယ်လွန်လားရေခါ ဘာသာစကားလည်း ကပ်ပါလားခရပါရေ။

ဘာသာဗေဒပညာသျှင်အများစုက အခုလက်ဟိ ကမ္ဘာ့ရွာထဲက ဘာသာစကားခြောက်ထောင်မှာ အနည်းဆုံးတ၀က်လောက်က သက္ကရာဇ် ၂၀၅၀ မှာ ပျောက်ကွယ်သီဆုံးလားနိုင်ရေလို့ ခန့်မှန်းထားကတ်ပါရေ။ ဘာသာစကားတိ မျိုးတုံးပျောက်ကွယ်ခြင်းရေ အယင်ခါထက်နှစ်ဆမြင့်ပါလတ်ပနာ အေပုံစံအတိုင်းရှိဆက်ပြီးကေလားနီကေ အနာဂါတ်ကမ္ဘာမှာ တဒါဇင်နှစ်ဒါဇင်လောက်ဘာသာစကားတိကရာ လွှမ်းမိုးချူပ်ကိုင်ထားနီလီဖို့လို့ သုံးသပ်ကတ်ပါရေ။ အေချင့်ထက်ဆိုးရေ ပျက်စီးဆုံးယှုံးမှုနှုန်းမြင့်တက်လာခြင်းတိ ဖြစ်လာနိုင်ပနာ ၉၀ ရာခိုင်နှုန်းလောက် ဘာသာစကားတိ သက္ကရာဇ် ၂၁၀၀ မှာ မျိုးပြုန်းလားခြင်းတိ ဖြစ်လာနိုင်ရေလို့ အကြံပြုထောက်ပြရေ ဘာသာဗေဒပညာသျှင်တိလည်း ဟိပါသိမ့်ရေ။ ဒေပိုင် ကြုံတွိလာနိုင်ရေ ဘာသာစကားတိပျောက်ကွယ်လားနီခြင်း အခြီအနီဆိုးကို တမျိုးတဖုံဖြစ်လားအောင်ပြောင်းလဲလာစီဖို့ လိမ်မာပြီးကေ ဥာဏ်အမြော်အမြင်ကြီးရေ သူရို့ဘာသာစကားပျောက်ပျက်လားဖို့စွာကို စိုးရိမ်ရေ လူမျိုးတိက အခုအချိန်ကပင်စပနာ ကိုယ်ပိုင်ဘာသာစကားကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုသုံးစွဲခြင်းတိ ထိန်းသိမ်းစောင့်ယှောက်ဖွံ့ဖြိုးတိုးတက်လာအောင်လုပ်ခြင်းတိကို ဆောင်ရွက်လားပြီးကေ အကောင်းဆုံးအဖြေရှာလားနိုင်ရေ ကိုယ်ရို့ဘာသာစကားအန္တရာယ်ကျရောက်နီခြင်းက ကာကွယ်လားသင့်ရေလို့ ပညာသျှင်တိက တိုက်တွန်းထားပါရေ။

ခိုင်မာသန်စွမ်းရေ ဘာသာစကားတခုကို အဓိပ္ပါယ်ဖွင့်ဆိုရဖို့ဆိုကေ စကားပြောရေလူသစ်တိ စိုင်ဆက်မပြတ်ဟိနီခြင်းပင်ဖြစ်ပါရေ။ လက်ဟိလူကြီးတိ ဇာလောက်ပင် ယင်းဘာသာစကားကို သုံးနီကတ်ပတ်စီ ဒေဘာသာစကားကို လက်ဆင့်ကမ်းပီးလားဖို့ မျိုးဆက်သစ်တိမဟိကေ ဒေဘာသာစကား၏ကံကြမ္မာစွာ မှေးမှိန်အရောင်နွမ်းလားဖို့စွာ ကျိန်းသီနီပါရေ။ နှစ်ပေါင်းထောင်နန့်ချီပြီးကေ ဘာသာစကားတခုတည်တံ့လာကေလည်း ဒေနိကာလမှာ အချေသူငယ်တိက ဒေဘာသာစကားသင်ယူခြင်းကို ရပ်ပစ်လိုက်စွာနန့် အေဘာသာစကား နိဂုံးချူပ်လားဖို့စွာပါပျာယ်။

လူမျိုးတမျိုးဖြစ်ခြင်း၏ဂုဏ်အင်္ဂါလက္ခဏာရပ်ဖွံ့ဖြိုးတိုးတက်လာခြင်းနန့် ယိုင်ကျေးမှုထွန်းကားလာခြင်းတိကို ဘာသာစကားကရာ ပုံဖော်ပီးနိုင်ပါရေ။ လူမျိုးတမျိုးအဆင့်ဟိခြင်းကို ဘာသာစကားနန့်ရာ တိုင်းတာနိုင်ပါရေ။ ဘာသာစကားပျောက်ကွယ်လားစွာနန့် လူမျိုးတမျိုးဖြစ်ခြင်း၏အနှစ်သာရ တည်တံ့ရှင်သန်ခြင်းတိလည်း နိဂုံးချူပ်လားနိုင်ပါရေ။

ဘာသာစကားတခု လူမျိုးတမျိုး၏ပင်မသုံး ယုံးသုံးအနီအထားက ပျောက်ကွယ်လားပြီးခါမှ ယင်းလူမျိုး၏ကိုယ်ထူကိုယ်ထ ထိန်းသိမ်းမှုနန့် ပြန်ပြီးကေ နိုင်ငံသုံးဘာသာစကားအဖြစ် အသက်ဝင်လာစွာတိလည်း ဟိပါသိမ့်ရေ။ ပြန်ရှင်ပါလတ်တေ ဘာသာစကားတခုက အခုအစ္စရေးနိုင်ငံသား ဂျူးလူမျိုးတိ ပြောဆိုသုံးစွဲနီကတ်တေ ခေတ်သစ် ဟီဘရူး (Hebrew) ဘာသာစကားပင်ဖြစ်ပါရေ။ ဒေဘာသာစကားက ရာစုနန့်ချီပနာ လူမျိုးသုံးနိုင်ငံသုံးဘာသာစကားအဆင့်က ပျောက်ကွယ်လားပြီးကေ ဘာသာရေးနန့် ပညာရပ်ဆိုင်ရာဘာသာစကားအဖြစ် ကျန်ဟိနီခပါရေ။ ယကေလည်း လားရေနီရာ ရောက်တေအရပ်နန့် နီရေတိုင်းပြည်နိုင်ငံတိုင်းမှာ ဂျူးလူမျိုးအသိုင်းအ၀ိုင်းတိက သူရို့ဘာသာစကားကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ယှောက်လားပြီးကေ ၁၉ ရာစုနှောင်းပိုင်းမှာ ဒေ ဟီဘရူးဘာသာကို အယ်လီဇာ ဘမ် ယေဟူဒါ (Eliezer Ben-Yehuda) ၏ ဦးဆောင်မှုနန့် ပါလက်စတိုင်းဒေသမှာ ပြန်ပနာ ဂျူးလူမျိုးတိပြောဆိုရေစကားအဖြစ် မိတ်ဆက်အသက်သွင်းလာနိုင်ပြီးကေ အစ္စရေးနိုင်ငံထူထောင်လာရေခါ ကျောင်းတိမှာသင်ကြားပို့ချပနာ အဓိကပင်မ ဘုံယုံးသုံးဘာသာစကားတခုအဖြစ် ပြဌါန်းနိုင်ခစွာ အေနိထက်ထိပင်ဖြစ်ပါရေ။

ရခိုင်ရို့ဘာသာစကားကလည်းသော့ ဒေနိကာလမှာ မျိုးတုံးပျောက်ကွယ်လားဖို့ စိုးရိမ်ရရေအဆင့်ကို ရောက်ပါလတ်ပါရေ။ နှစ်ပေါင်းထောင်နန့်ချီပနာတည်တံ့လာရေ ဒေရခိုင်ရို့ဘာသာစကား၊ စာပီနိဂုံးချူပ်လားစွာနန့် ရခိုင်လူမျိုးလည်း ကမ္ဘာ့မြီပြင်ထက်က ပျောက်ကွယ်လားဖို့စွာ ကျိန်းသီနီပါရေ။ ကိုယ်ရို့ဘာသာစကားစာပီ မပျောက်ပျက်လားအောင် ထိန်းသိမ်းစောင့်ယှောက်ရဖို့စွာက ရခိုင်သားတိုင်း၏ မွီးရာပါတာဝန်ဝတ္တရားတခု ဖြစ်ပါလတ်ပါရေ။ ရခိုင်စကားကိုပြော ရခိုင်စာကိုရွီးလို့ ရခိုင်ဖြစ်ခြင်းကိုဂုဏ်ယူကတ်ခါမှ အဖိုးအဖီးရို့လက်ဆင့်ကမ်းပီးခရေ အမွီအနှစ်ကို မြတ်မြတ်နိုးနိုးတန်ဖိုးထားရာရောက်ပါဖို့။ နောက်လာနောက်သား မျိုးဆက်သစ်တိကိုလည်း ရခိုင်ရို့ကိုယ်ပိုင်ယိုင်ကျေးမှု အစိုင်အလာကောင်းတိကို မျှဝီပီးလားနိုင်ဖို့ ကိုယ့်ရိုးရာစာပီကို မြှင့်တင်လားပနာ သမိုင်းပီးတာဝန်ကို ထမ်းဆောင်လားကတ်ပါမည်။

ခိုင်အောင်အောင်
(၀၄၊ ၀၇၊ ၂၀၀၉)

5 comments:

  1. စာပိုဒ် 5 ပိုဒ်မြောက် ..လူမျိုးတမျိုးဖြစ်ခြင်း၏ဂုဏ်အင်္ဂါလက္ခဏာရပ်ဖွံ့ဖြိုးတိုးတက်လာခြင်းနန့် (ယိုင်)ကျေးမှုထွန်းကားလာခြင်းတိကို။
    (ယိုင်)နီရာမှာ (ယဉ်)လို့ရွီးလို့ မရပါလာ။
    (ယဉ်) ကို ယိုင်လို့အသက်ထွက်ပါဖို့။
    (ယိုင်) အဓိပ္ပါယ်က (အခြီယိုင်)ယင်းပိုင် အဆိုးအခြီနီ ကို ဖော်ပြရာ ရောက်လားပါဖို့လား
    မတတ်လို့ မီးစွာပါ ကိုခိုင်အောင်အောင်.
    aLLarakan ကပင် အားပီးလာပါရေ။

    ReplyDelete
    Replies
    1. (ယဉ်) လို့ ရွီးစွာက အမှန်ပါ။ ယေကေလည်း ရခိုင်သားတိက (ယဉ်) လို့ ရွီးကေ (ယိန်) ဆိုပနာ ဖတ်နီကတ်လို့ (ယိုင်) လို့ ရွီးရခြင်းဖြစ်ပါရေ။ ရခိုင်တေးခြင်းတချို့မှာလည်း (ယိန်) လို့ အသံထွက်ထားရေး တေးခြင်းတချို့ကိုလည်း သတိထားမိပါလိမ့်မည်။

      Delete
    2. အားလုံးမှန်ပါရေ ဝေဖန်စော်လည်း လက်ခံပါရေ ယေတာလဲ သူတပါးရီးထားရေစော်ကို အပုတ်မချဖို့ မိတ္တာ ရပ်ခံအပ်ပါရေ

      Delete
  2. This comment has been removed by the author.

    ReplyDelete
    Replies
    1. ကျနှော်ရို.လဲ စာလုံးပေါင်းတိပျောက်နီကပ်စွာပါ အခုပိုင်ကျနှော် စကေလေ.လာလို.ရစွာ မလေးသျှားကိုရောက်မှပါ ရခိုင်သတင်းတိဖက် ဟိုအကြောင်းအေအကြောင်းဆိုပိုင်
      မသိလူတိလဲ အများကြီးပါ ကို.နေရာနှင်.၀ီးနီကေမျိုးချစ်စိုက်ကပိုပို ၀င်လာပါယှင်.
      ရှင်း နေရာမှာလဲ ( ယှင်း) ကို သုံးကပ်ပါရေ

      Delete