Showing posts with label articles. Show all posts
Showing posts with label articles. Show all posts
Thursday, April 2, 2009
အသားဖြူချင်ရေ ရခိုင်သမညီမချေတိသို့
အသားဖြူချင်ရေ ရခိုင်သမညီမချေတိသို့
-----------------------------------------
အခုနောက်ပိုင်း Cosmetics (အလှပြင်ပစ္စည်း) တိမှာ Mercury လို့ခေါ်ရေ လူ့အသားအရီမှာ ကင်ဆာဖြစ်နိုင်လောက်တေ ဓာတ်တိပါဝင်ရေ အသားဖြူလိမ်ဆီး (Whitening lotion) တိ ကကောင်းခေတ်စားလာစွာနှင့်ပတ်သက်ပြီးကေ ရင်ထဲမှာ ကျိတ်မနိုင်ခဲမရဖြစ်လာလို့ အေဆောင်းပါးကို ရွီးလိုက်ရခြင်းဖြစ်ပါရေ။
ရခိုင်ပြည်၊ မြန်မာပြည်နှင့် အာသျှပိုင်းဒေသနိုင်ငံတိမှာ “အသားဖြူမှ တော်ဝင်ရေ ထက်မြက်လှပရေ” ဆိုရေအယူအဆ ဇာပိုင်ပေါ်ထွန်းလာရေလဲလို့ ပြန်ကောက်ဖို့ဆိုကေ ထိုးလွန်ခရေနှစ်ပေါင်းရာကျော်က ကိုလိုနီခေတ်ကို ပြန်ပြီးကြည့်ဖို့လိုပါရေ။
အနောက်နိုင်ငံသားတိ (အထူးသဖြင့် ဥရောပသားတိ) စွာ ကိုလိုနီခေတ်တလျှောက်လုံးမှာ အဖြူရောင်အသား၊ ရွှေဝါရောင်ဆံပင်၊ နှာတံချွှန်ရေ ရုပ်ရည်ပိုင်သျှင်တိမှ ထက်မြက်တေ ထူးချွှန်မြင့်မြတ်တေဆိုရေ အတွေးအခေါ်ကို အာသျှ၊ အာဖရိကနှင့် အမေရိကရို့မှာ နောင်းနောင်းရိုက်သွင်းပစ်ခပနာ လူဖြူတိ၏ profile ကိုမြှင့်တင်ရာမှာ ကကောင်းအောင်မြင်ခကတ်တေ။
သမိုင်းနှောင်းပိုင်း (၂၀) ရာစုပိုင်းမှာ ကိုလိုနီတိချန်ပစ်ခရေ လူဖြူလူမဲခွဲခြားရေး လူမျိုရေးပြဿနာတိစွာ စဉ်ဆက်မပြတ်ဖြစ်ခကတ်စွာကို တွိရပါရေ။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံမှာ လူမဲတိစွာ “ကျွန်” အဖြစ်နှင့် ၁၉၆၀ နှောင်းပိုင်အထိ လူဖြူတိ၏ဖိနှိပ်ခြင်းကို ခံခရကတ်တေ။ အလားတူပင် တောင်အာဖရိကနိုင်ငံမှာလည်းသော့ အသားအရောင်ခွဲခြားအုပ်ချုပ်တေ စနစ်ဆိုးစွာ (၁၉၉၆) လောက်ခါမှ အရင်းပြုတ်လားခစွာပါရာ။
ဖော်ပြခရေ သမိုင်းဆိုင်ရာအချက်အလက်တိနှင့် ရှိဦးဖော်ပြခရေ အသားဖြူလိမ်းဆီးတိ ဇာပိုင်ဆက်စပ်ပါရေလဲလို့ တွေးကောင်းတွေးနီကတ်ပါလိမ့်မေ။ ဒေပိုင်ပါ…
ရခိုင့်လူ့အဖွဲ့အစည်းမှာလည်းသော့ အသားအရောင်ခွဲခြားရေ လက္ခဏာတိက အမေရိကန်နိုင်ငံ၊ တောင်အာဖရိကနိုင်ငံရို့လောက်မှာပိုင် မပြင်းထန်တာလည်း ဟိနီပါရေ။ အသားအရောင်ကိုမူတည်ပြီးကေ ခွဲခြားဆက်ဆံစွာရေ ယင်းလူသား၏ ကိုယ့်ကိုယ်ကို ယုံကြည်မူကို ပျက်ပြားစီပါရေ။ ဒေအကြောင်းနှင့်ပတ်သက်လို့ အကျွန့်ကိုယ်ပိုင် အတွိအကြုံကို ဝီမျှချင်ပါရေ။
အကျွန်အငယ်ခါက ကျောက်ဖြူမြို့မှာ ကြီးပြင်းခစွာပါ။ ပင်လယ်နားမှာနီရေအပြင် အမိဖက်အမျိုးတိကလည်း အသားမဲရေအတွက် အကျွန်လည်းသော့ မဲမဲချေပါရာ။ အသားကမဲမဲ ပိန်ကပိန်ပိန် ကုလိမ္မေချေတယောက်အနီနှင့် အကျွန့်ကိုယ်အကျွန် လှပါရေလို့ ယောင်လို့တောင် မတွေးခရေအပြင် တခြားသောသူတိက ဖော်ပြခြင်းလည်း ဘဝမှာ တခါလည်း မကြားဖူးခပါ။ “အသားဖြူဖြူချေနှင့် လှလိုက်တေ” လို့ အပြောခံရရေ ကုလိမ္မေချေတိကိုရာ အားကျစိတ်နှင့် ငေးကြည့်ရုံရာ တတ်နိုင်ခပါရေ။
ကိုယ့်ကိုယ်ကို မယုံကြည်မူ မကြေနပ်မူတိနှင့် အကွန့်မျက်နှာစွာ ရှုံ့သထက်ရှုံ့ပြီးကေ ရုပ်ဆိုးပြီးယင်း ဆိုးပြီးကေ ငယ်ဘဝတလျှောက် “ရုပ်ဆိုးမချေ” နာမည်ရာ တွင်ခရပါရေ။
အင်္ဂလိပ်စာမှာ အမြဲတမ်းထူးချွန်ရေအကျွန်စွာ ယင်းအင်္ဂလိပ်စာကိုပင် အရင်းပြုစာသင်ယင်း ဘဝကိုရပ်တည်နိုင်ခပနာ ကံကောင်းစွာဖြင့် နိုင်ငံတကာနှင့်ရင်ဘောင်တန်းပြီး ရပ်တည်နိုင်ရေအတွိအကြုံတိရလာပြီးကေ ပညာအရည်အခြင်းတိ ပိုတိုးများလာခါ ကိုယ့်ကိုယ်ကို ယုံကြည်လာလတ်တေ။ တီထွင်ကြံဆဥာဏ်တိတိုးပွားလာခါ မျက်နှာမှာ အပြုံးပန်းဆင်ရကောင်မှန်း သိပါလတ်တေ။
အခုအချိန်ခါမှာ အကျွန်အငယ်ခါက အကျွန့်အသားအရီနှင့် ရုပ်ရည်ကိုကြည့်ပနာ ခါးခါးသီးသီးဆက်ဆံခရေလူတိကို အကျွန့်ပညာနှင့် ပြုံးပြီးကေ လှပနီရေအကျွန့်မျက်နှာကို မြင်စီချင်ပါရေ။
ရခိုင်သမညီမချေတိ၊ အသားညိုလို့ အသားမဲလို့ ကိုယ့်ကိုယ်ကို မကြေမနပ်၊ မယုံမရဲဖြစ်နီကတ်တေလား။ အကျွန် အကြံကောင်းတခုပီးပါရစီ။ နိစဉ်နိတိုင်း အိပ်ရာကနိုးတိုင်း ကိုယ့်ကိုယ်ကို မှန်မှာကြည့်၊ ပြုံးပြပြီးကေ “ငါကောင်းလှပါရေကား” လို့ စိတ်ကပြောပါ။
လူတယောက်၏အလှအပစွာ အသားအရီနှင့် ရုပ်ရည်မှာ မူတည်စွာမဟုတ်။ အရေးကြီးစွာက ဥာဏ်ပညာ၊ အတွိအကြုံနှင့် ကိုယ့်ကိုယ်ကို ယုံကြည်မူဖြစ်ပါရေ။ အသားဖြူမှ စိတ်ဖြူစွာမဟုတ်ပါ။ စိတ်ဖြူကေ အသားမဖြူတာလည်း ဖြူစင်ရေအသားအရီပိုင်သျှင်ဖြစ်လာဖို့စွာ ဧကန်မလွဲပါရာ။
(မမပြုံးသူ)
ရခိုင်သမက်တက်
ရခိုင်သမက်တက်
------------------
ရခိုင်အပျိုလူပျိုတိအရွယ်ရောက်လျှင် လူငယ်ချင်းချစ်ကြိုက်၍ လက်ထက်မင်္ဂလာဆောင်ခြင်းများဟိရေပိုင် အများအားဖြင့် မိဘများက အိမ်ထောင်ဘက်ကို ရွီးချယ်ပီးသည်များပါသည်။ ရခိုင်လူမျိုးသည် မိဘစကားကိုနာခံတတ်သူများဖြစ်သဖြင့် မိဘများ၏အစီအမံကိုလက်ခံတတ်လေ့ဟိသည်။ သားသမီးများအချိန်တန်အရွယ်ရောက်လာလျှင် အိမ်ထောင်ဖက်ကို အများအားဖြင့်မိဘများက ရွီးချယ်ပီးသောအလေ့သည် ရခိုင်လူမျိုးတွင် ယခုခေတ်ချိန်ထိခေတ်စားလျှက်ဟိသည်။
ရှိရိုးအစဉ်အဆက်ကျင့်သုံးလာခသော ရခိုင်လူမျိုးရို့၏လက်ထပ်မင်္ဂလာပွဲဓလေ့သည် မြန်မာများနှင့်မတူ ထူးခြားသောဓလေ့ထုံးစံများဖြစ်သည်။
ရခိုင်ရိုးရာသမက်တက်
ရခိုင်ရိုးရာမင်္ဂလာဆောင်မှာ မြန်မာရိုးရာမင်္ဂလာဆောင်နှင့်မတူ တမူထူးခြားသည်။ သမီးသျှင် (သတို့သမီး) နှင့် သမက်သျှင် (သတို့သား) လက်ထက်ထိမ်းမြားသောမင်္ဂလာဆောင်ပွဲကို ရခိုင်စကားတွင် “သမက်တက်ပွဲ” ဟုခေါ်သည်။ ယောက္ခမအိမ်သို့ သမက်ကိုတင်ပို့ရသောကြောင့်လည်းကောင်း၊ လက်ထပ်ရန်လားရသောကြောင့်လည်းကောင်း “သမက်တက်” ဟုခေါ်ရခြင်းဖြစ်သည်။ သံတွဲ၊ ကျောက်ဖြူ၊ မာန်အောင်နှင့် အခြားသောဒေသများတွင် အနည်းငယ်ကွဲလွဲချက်ဟိသည်။
သမီးတောင်းခြင်း
ပထမယောက်ျားချေဘက်မှ မိန်းမပျိုကိုကြိုက်လျှင် အရပ်မှအမျိုးသမီးကြီးမှတဆင့်ပြောကြားပြီး ရက်တည့်မတည့် ဇာတာများယှဉ်ပြီး စီးစစ်ရသည်။ ထို့နောက် ကောင်းသောရက်ကိုရွီးချယ်ပြီး စိစပ်ကြောင်းလမ်းပြုလုပ်သည်။
စိစပ်ကြောင်းလမ်းခြင်းမင်္ဂလာ (အသွင်းနှင်းခြင်း၊ ပန်းဆင်ခြင်း)
စိစပ်ကြောင်းလမ်းမင်္ဂလာပွဲကို သမီးသျှင်အိမ်တွင်ပြုလုပ်သည်။ ရှိဦးစွာ သမီးသျှင်ထိုင်ရန်နီရာ၏လက်ဝဲလက်ယာဘက်တွင် အမျိုးသမီးအိမ်ထောင်သည်နှစ်ဦး ထိုင်ရသည်။ ဆွီမျိုးများနှင့်ဖိတ်ကြားထားသောအဂန္ဓုများက ယင်းရို့၏ရှိတွင် နီရာယူရသည်။ ထိုအချိန်တွင် သမီးသျှင်ထွက်မလာရသိမ့်။ သတ်မှတ်ထားသောမင်္ဂလာအချိန်ရောက်သောအခါ သမက်သျှင် (သတိုးသား) ဘက်မှ ဆွီမျိုးပရိတ်သတ်များလာရောက်သည်။ လာရောက်သောအခါ သမီးသျှင်ကိုဆင်မြန်းပီးရန် ပန်းများနှင့်စားစရာမုန့်အချိုများ၊ ကောက်ညှင်းပေါင်းများကို ငွေဖလားထဲတွင် ထုံးတမ်းစဉ်လာနှင့်အညီထည့်၍ ယူလာရသည်။ ငွေဖလားဦးရေမှာလည်း မဂဏန်းအရွီတွက်တိုင်း ကြိုက်သလိုအသုံးပြုနိုင်သည်။ သမီးသျှင်သည် အမျိုးသမီးအရံတဦးနှင့်အတူထွက်လာပြီး သတ်မှတ်ထားသောနီရာတွင် ထိုင်ရသည်။ ပန်းများ၊မုန့်များနှင့်အတူ သမက်သျှင်မိဘများထံမှ သမီးသျှင်အား စိစပ်ကြောင်းလမ်းခြင်း ရခိုင်အခါ် (ကတိသစ္စာပြုခြင်း) အထိမ်းအမှတ်အဖြစ် သားသျှင်ဘက်မှ အမိ (သို့မဟုတ်) အစ်မက မိမ္မချေကို ပန်းဆင်ပီးရသည်။
ထို့နောက်လက်ဝတ်ရတနာများကို ရွှေကျပ်ချိန်ဖြင့်ပီးပြီး အသွင်းပီးဆောင်ရပါသည်။ ထိုရတနာဆင်မြန်းခြင်း၊ သမီးသျှင်အား ပန်းပန်ပီးခြင်းပြုလုပ်သူကို သမီးသျှင်က အရိုအသေပြုကန်တော့ပြီးလျှင် စိစပ်မင်္ဂလာအောင်မြင်ပါတော့သည်။
မင်္ဂလာလက်ထပ်မည့်နိရက်ကို ယင်းအချိန်မှာပင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆွေးနွေးသတ်မှတ်ရပါသည်။ ဆွီမျိုးပရိသတ်များကို မင်္ဂလာရက်ကြေငြာပီးရသည်။ ထို့နောက် ကြွရောက်လာသော နှစ်ဦးနှစ်ဘက်ဆွီမျိုးပရိသတ်များကို ဧည့်ခံကျွေးမွီးရသည်။ စိစပ်ပွဲပြီး၍ သမက်သျှင်ဘက်မှပြန်ကျသောအခါ သမက်သျှင်ဘက်မှယူလာသော ငွေဖလားထဲမှမုန့်အချိုများကို သမီးသျှင်ဘက်မှလက်ခံယူပြီးနောက် ယင်းဖလားထဲသို့ သမီးသျှင်ဘက်မှလည်း မုန့်များကို ပြန်ထည့်ပီးရသည်။
လက်ထပ်မင်္ဂလာပွဲ
လက်ထပ်မင်္ဂလာပွဲတွက် မင်္ဂလာပွဲတင်ကို တရက်ကြိုတင်ပြုလုပ်ရသည်။ မင်္ဂလာပွဲတင်သည် လက်ထပ်မင်္ဂလာပွဲအတွက် ရှိဦးစွာဆောင်ရွက်ရသော အလုပ်ဖြစ်သည်။ ယင်းပွဲကို သမီးသျှင်အိမ်၌သာပြုလုပ်ရသည်။ မင်္ဂလာပွဲနိရောက်သောအခါ ယင်းနိမိုးထက်အရုဏ်တွင် သမီးသျှင်သမက်သျှင်ရို့အား မိမိအိမ်များမှာပင် မြတ်စွာဘုရားအားဦးထိပ်ထား၍
ဘုန်းကြီးငါးပါးအား မင်္ဂလာဆွမ်းကပ်ပြီး မင်္ဂလာပရိတ်နာရသည်။ အဘိုးအဘောင်လူကြီးမိဘများကိုကန်တော့၊ မင်္ဂလာစကားတတ်ကျွမ်းသူများက နံ့သာရည်များဖြင့်ပတ်ဖြန်းခြင်းများပြုလုပ်ကာ မင်္ဂလာမြှောက်ရသည်။ ပရိတ်နာရာတွင် ပရိတ်ကြီးမှာ လက်ထက်မင်္ဂလာပွဲအတွက် အဓိကအရေးကြီးဆုံးဖြစ်သည်။ ရှိဦးစွာ မင်္ဂလာစားပွဲငယ်ကို ပျင်ဆင်ရသည်။
ယင်းစားပွဲတွင်ပါဝင်ရမည့်အချက်များမှာ-
မင်္ဂလာမြှောက်ခြင်း
မင်္ဂလာထမင်းပွဲပျင်ဆင်ခြင်း
သီးသန့်ပြုလုပ်ထားသော မင်္ဂလာစားပွဲကိုစားပွဲခင်း၍ အပေါ်တွင်စပါးဖြူးထားသည်။ ဖြန့်ကြဲထားသောစပါးပေါ်တွင် ဘဲဥပုံမင်္ဂလာကြွီလောင်ပန်းကြီးတွင် ကောက်ညှင်းနှင့်ထမင်းများထည့်၍ တင်ထားရသည်။ ယင်းထမင်းပေါ်တွင် ချက်ပြီးသားခြီလက်အမွှီးစုံသော ပုစွန်တုပ်ကြီးနှစ်ကောင်၊ အမွှီးစုံအကြီးခွံပါသော ငါးကန်သားနှစ်ကောင်၊ ဘဲဥနှစ်လုံး၊ မြောက်ဥ (ခေါ်) ကင်းစွန်းဥနှစ်ဥနှင့် အခွံနွှာပြီးသောနှပျိုးသီးနှစ်လုံးစီဖြင့် ပျင်ဆင်ထားရသည်။ ငါး၊ ပုစွန်၊ ဥ၊ သီးနှံစပါးပေါကြွယ်စီရန် အတိတ်နမိတ်ယူထားခြင်းဖြစ်သည်။ စပါးများထဲတွင် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများမြှပ်နှံထားရသည်။ ရွှေငွေပွားများအောင် ရည်ရွယ်ခြင်းဖြစ်သည်။
သမီးသျှင်ထိုင်သောနီရာလက်ယာဘက်တွင် ရီစင်အိုးဟုခေါ်သော ကြီးအိုးငယ်နှစ်လုံးတင်ထားရသည်။ ကြီးအိုးအပြင်ဘက်ပတ်လည်ကို မင်္ဂလာပရိတ်ခြည်ဖြင့် ပတ်ထားပီးရသည်။ ကြီးအိုး၌ရီထည့်ထားပြီး သပြီပန်း၊ အချိန်ခါကောင်းသတ်မှတ်သောစာရွက် (အခါစာ) ရို့ကို ထိုးထားရသည်။
ထမင်းလောင်ပွန်း၏လက်ဝဲဘက်တွင် လောင်ပွန်းငယ်များတင်ပြီး ယင်းလောင်ပွန်းငယ်အသီးသီးတွင် ကြက်တကောင်လုံးအူအသဲစုံစွာ ငရုတ်သီးမပါဘဲ ချက်ရသည်။ ပုစွန်တုပ်ကို အကောင်မပျက်ကျော်ရသည်။ ရွှေဖရုံသီးချက်ထည့်ရသည်။ ကျန်လောင်ပွန်းနှစ်ခုတွင် ကြက်နှင့်ပုစွန်ပဲ ထည့်ရသည်။ ကြက်နှစ်လောင်ပွန်း၊ ပုစွန်နှစ်လောင်ပွန်း၊ ရွှေဖရုံသီးနှစ်လောင်ပွန်းဖြစ်သည်။ မင်္ဂလာလက်ဆုံထမင်းပွဲတွင် ငကန်သား (အကြီးဟိသောငါး)၊ ကြက်သား၊ ဘဲဥ၊ ပုစွန်၊ မြောက်ဥ၊ ကင်းစွန်းဥ၊ ချိုင်ပေါင်ဟင်းများထည့်ထားသည့် ဟင်းဇားပန်းကန်ကတဖက် ထားဟိသည်။ ပုစွန်ဆိုလျှင် နှခွမ်းမွှီးမျှင်မပြတ်စီရ။ အကျိုးအပဲ့အနာအဆာများမပါစီရန် အထူးဂရုပြုရသည်။
ဤမင်္ဂလာစားပွဲကို မင်္ဂလာဆောင်မည့်နီရာတွင်ထားဟိပြီး မင်္ဂလာမြှောက်ခြင်းပြုလုပ်ရသည်။ အညွှန့်ဟိသောအမျိုးသမီးက သမက်သျှင်အိမ်မှ ဆန်နို့ဆီဗူးနှစ်ဗူး၊ လေးဗူး၊ ခြောက်ဘူးစသဖြင့် စုံဂဏန်းကို သမီးသျှင်အိမ်သို့လားပို့ကာ သမီးသျှင်အိမ်မှဆန်များနှင့်ရောပြီး အညွှန့်ဟိသောအမျိုးသမီးက မင်္ဂလာလက်ဆုံထမင်းပွဲအတွက် ချက်ရသည်။
အညွှန့်ဟိသောအမျိုးသမီးဆိုသည်မှာ လူပျိုအပျိုလက်ထပ်ပြီး မကွဲမကွာမောင်နှံစုံအတူတကွနီထိုင်၍ သားသမီးတယောက်တလီမှ ပျက်စီးခြင်းမဟိသော “အိမ်ထောင်သျှင်မ” ကိုဆိုလိုသည်။
အထက်ပါ မင်္ဂလာပွဲပျင်ဆင်ခြင်းအလုပ်ကို ဘုန်းကြီးမကြွမှီ ပျင်ဆင်ထားရသည်။ ဘုန်းကြီးကြွလာပြီး ပရိတ်နာသည့်အခါ မင်္ဂလာစားပွဲမှာ ဘုန်းကြီးများရှိတွင် တည်ဟိနီရမည်။ ယင်းမင်္ဂလာစားပွဲရှိတွင် သမီးသျှင်က အမျိုးသမီးနှစ်ဦး လက်ဝဲလက်ယာရံ၍ ထိုင်ရသည်။ ထိုအရံအမျိုးသမီးနှစ်ဦးမှာ သမီးသျှင်မွီးရက်နှင့် နိနံသင့်သူများဖြစ်သည်။ ရှိဦးစွာသီလခံယူပြီးလျှင် ပရိတ်ကြိုးဖြင့် စည်းဝိုင်းချသည်။
သမီးစောင့်ခြင်း
သမက်တက်သည့်နိ မိုးထက်ကိုးချက်တီးခန့်တွင် သမီးသျှင်နှင့်ရင်းနှီးသော မိတ်ဆွီကုလိမ္မေချေများ၊ ဆွီမျိုးများကို ထမင်းကျွေးရသည်။ သမီးသျှင်မှာ အလှပဆုံးဝတ်စားဆင်ယင်ကာ နိသင့်နံသင့်အပျိုရံနှစ်ယောက် လက်ဝဲလက်ယာရံလျှက် မင်္ဂလာဆောင်မည့်နီရာတွင်ထိုင်၍ ဧည့်ခံရသည်။
သမက်တက်ခြင်း
သမက်သျှင်ဘက်မှ သမီးသျှင်ဘက်သို့လားသောအခါ သမက်သျှင်အဖ၊ အဘိုး၊ ဆွီမျိုး သက်ကြိးဝါကြီးများက ရှိမှဦးဆောင်လာလတ်ပြီး အမိ၊ အဘောင်စသောသက်ကြီးဝါကြီးမိမ္မများက နောက်မှလိုက်ရသည်။ ထို့နောက် အုပ်ထမ်းသူအညွန့်မိမ္မများက တယောက်ချင်းတန်းစီ၍ လျှောက်ရသည်။ အုပ်ထမ်းသူများမှာ မိမ္မချောမိန်းမလှများဖြစ်သည်။ ရှိဆုံးမှအညွန့်ပန်းအုပ်ကို သမက်သျှင်၏အစ်မ (သို့မဟုတ်) ဆွီမျိုးရင်းချာထဲက ထမ်းရသည်။ နောက်အုပ်များတွင် မုန့်အမျိုးမျိုး၊ နှပျိုးသီးများထည့်ကာ ထမ်းလာရသည်။ အုပ်ထမ်းသူများအတွက်လက်ဆောင်အဖြစ် ပုဝါပိုင်းများကို အုပ်များတွင်ချိုင်နှောင်ထားဟိသည်။ အုပ်များကို သမက်သျှင်တတ်နိုင်သည့်အလျှောက် (၇) အုပ် (၉) အုပ်ထားဟိသည်။
အုပ်ထမ်းသူများ၏နောက်နားတွင် သမက်သျှင်အဖွဲ့ပါသည်။ သမက်သျှင်၏ဦးသျှောင်နှင့် ရီစင်အိုးကို ရှိကသယ်ယူလာရပြီး သမက်သျှင်မှာ ခေါင်းပေါင်း၊ ပန်းဖော်တောင်ရှည်ပုဆိုး၊ လိုင်ထောင်အင်္ကျီ၊ ရင်ဖုံးပြင်ခံအင်းကျီများကိုဝတ်ဆင်ကာ ဓားရှည်လွယ်သူ၊ ယပ်ရှည်ကိုင်သူများခြံရံလျှက် လိုက်ပါလာရသည်။ ၄င်းရို့၏နောက်တွင် သမက်သျှင်၏အပေါင်းအဖော်များမှာ တေတ္တာနှင့်အိပ်ရာလိပ်များကို သယ်ဆောင်လာလတ်ပြီး ဗုံ၊ လင်ခွင်း၊ ပုလီတီးမှုတ်သူများနှင့် တပျော်တပါးတီးမှုတ်လိုက်ပါလာရသည်။
သမီးသျှင်အိမ်ရောက်သည့်အခါ သမီးသျှင်မိဘဆွီမျိုးများကဆီးကြို၍ဧည့်ခံပြီး နီရာထိုင်ခင်းများပီးသည်။ ရှိဦးစွာအညွန့်အုပ်ထမ်းသူက အညွန့်အုပ်နှင့်အတူပန်းဆင်ပီးရန် သမီးသျှင်အနားနီရာယူရသည်။ ကျန်အုပ်များကို သမီးသျှင်အိမ်မှလက်ခံယူ၍ နီရာချထားသည်။ သမက်သျှင်ဘက်မှသယ်ဆောင်လာသော မင်္ဂလာရီစင်အိုးကိုလည်း မင်္ဂလာစားပွဲပေါ်တွင် သမီးသျှင်၏ရီစင်အိုးနှင့်အတူ ထားရသည်။ အညွန့်အုပ်ထမ်းလာသူ သမက်သျှင်၏အစ်မဆွီမျိုးများက သမီးသျှင်ကို ပန်းဆင်ပီးရသည်။ အညွန့်အုပ်တွင် ရာသီအလိုက်ပန်းများပါလာရသည်။
ဥပမာ-
နှင်းပန်း အီးချမ်းစီရန်
နှင်းဇီပန်း မွှီးကြိုင်လန်းဆန်းစီရန်
သဇင်ပန်း သန့်ယှင်းစင်ကြည်စီရန်
အချစ်တရာ (အချပ်တရာ) ပန်း အချစ်အနှစ်တရာတိုင်စီရန်
စံကားပန်း စံစားရစီရန်
ပန်းများပန်းကုံးများကို တစုံစီအညွန့်အုပ်တွင်ထည့်ယူလာရသည်။ ပန်းဆင်ပီးသူက ပန်းများကို တစုံစီ ငါးစုံဆင်မြန်းပီးရသည်။ ဆံထုံးထဲတွင်လည်း ပန်းကုံးများထိုး၍ ပန်းပန်ပီးရသည်။ ထို့နောက် သမီးသျှင်ကိုသျှောင်ဆောင်းပီးပြီး မျက်နှာကိုဖုံးအုပ်ထားရသည်။ သမီးသျှင်ကိုပန်းပန်ဆင်ပြီးနောက် သမက်သျှင်ကို အိမ်ထဲသို့ဝင်စီသည်။ အ၀င်တွင် သမီးသျှင်၏ညီမအပျိုများက ခြီဆီး၍ငွေတောင်းခံသည်။ လူပျိုရံများက ဈီးဆစ်ခြင်းဖြင့် အချေအတင်ပြောဆိုရသည်။ လူပျိုရံ၊အပျိုရံများ တစိတစောင်းပြောဆိုရသဖြင့် ပျော်စရာကောင်းသည်။ အိမ်ပေါ်သို့ရောက်သောအခါ သမက်သျှင်ကို ရီတခွက်တိုက်ရသည်။ ထို့နောက် သမက်သျှင်ကို သမီးသျှင်၏ညာဘက်တွင် နီရာယူစီပြီး သျှောင်ဆောင်းပီးရသည်။ ထိမ်းမြားပီးသူများက မင်္ဂလာစားပွဲပေါ်ဟိ မင်္ဂလာထမင်းပွဲကိုလည်းကောင်း၊ ရီစင်အိုးများကိုလည်းကောင်း (၇) ပတ်၊ (၉) ပတ်ပတ်ထားသော ပရိတ်ခြည်မျှင်ကွင်းများဖြင့် တမျိုးတစုံကျစီ ရစ်ပတ်ပီးရသည်။ ထို့နောက် မောင်နှံအစုံအပါအ၀င် မင်္ဂလာစားပွဲ၊ အိပ်ရာလိပ်၊ တေတ္တာများအားလုံးကို ပရိတ်ခြည်မျှင်များဖြင့်ရစ်ပတ်ပီးရသည်။ ထို့နောက် သမက်သျှင်၏ညာလက်နှင့် သမီးသျှင်၏ညာလက်ကိုပေါင်း၍ ခြည်မျှင်များဖြင့် ရစ်ပတ်ပီးရသည်။
လက်ထပ်ပီးသည့်အမျိုးသမီးကြီးများက မောင်နှံစုံကို အောင်သပြီခက်ဖြင့် ရီစင်အိုးနှစ်စုံပေါင်းစပ်ထားသော ရီစင်များဖြန်းကာ ဆုတောင်းမိတ္တာပို့ရသည်။ ဆက်လက်၍ သမတ်သျှင်နှင့်သမီးသျှင်လက်များကိုပေါင်းပြီး ရီစင်သွန်းလောင်းရသည်။ သမီးသျှင်လက်ကိုအောက်တွင်ထားပြီး သမက်သျှင်လက်ကိုအပေါ်မှာ ထားရသည်။ အချို့မှာ သမက်သျှင်လက်ကိုအောက်ကလှန်ပြီး သမီးသျှင်လက်ကို အထက်ကမှောက်သည်။ အဓိပ္ပါယ်မှာ သမက်သျှင်က သမီးသျှင်ကို ညာလက်ဖြင့်တောင်းဆိုခြင်းကို သမီးသျှင်က ညာလက်ဖြင့်လက်ခံခြင်းသဘော၊ သမက်သျှင်က သမီးသျှင်ကို တသက်လုံးစောင့်ယှောက် ထောက်ပံတာဝန်ယူလားမည်ဟူသော သဘောကိုဆောင်သည်။
မိဘကန်တော့ခြင်း
သမီးသျှင်ရှိတွင် သမက်သျှင်ဖခင်၊ သမက်သျှင်ရှိတွင် သမီးသျှင်ဖခင်ရို့က နီရာယူရသည်။ သမီးသျှင်သမက်သျှင်ရို့က ဖခင်နှစ်ဦးရုံလာသောတဘက်ဖြူထဲသို့ ထမင်းခုနှစ်ဆုပ်တပြိုင်တည်းထည့်ပီးခြင်း၊ မိခင်များအားလည်း ထမင်းခုနှစ်ဆုပ် တပြိုင်တည်းထည့်ပီးခြင်းသည် မိဘနှစ်ပါးကိုကန်တော့ခြင်းသဘောဖြစ်သည်။
လက်ဆုံစားခြင်း
မိဘများကိုကန်တော့ပြီးနောက် မောင်နှံစုံက မင်္ဂလာထမင်းကို ခုနှစ်ဆုပ်စီလက်ဆုံစားရသည်။ စားသောက်ပြီး ငွေဖလားတွင်အတူလက်ဆီးရသည်။
လက်ဖွဲ့ခြင်း
ထမင်းလက်ဆုံစားပြီးနောက် မိဘဆွီမျိုးမိတ်ဆွီများက သမီးသျှင်သမက်သျှင်ရှိ ငွေဖလားနှစ်ခုထဲသို့ လက်ဖွဲ့ငွေများထည့်ရသည်။ လက်ဖွဲ့လက်ခံပြီးသောဖလားကို သမက်သျှင်က သမီးသျှင်ကိုအပ်ရသည်။ သမီးသျှင်ကကန်တော့၍ လက်ခံယူရသည်။
သျှောင်ချသျှောင်တင်
သမက်သျှင်က မိမိသျှောင်ကိုချွတ်၍ စားပွဲပေါ်တင်ထားပြီးလျှင် သမီးသျှင်၏သျှောင်ကိုချွတ်ယူကာ မိမိ၏သျှောင်ကိုဆောင်းပီးရသည်။ သျှောင်တင်သျှောင်ချပြုလုပ်စဉ် သမီးသျှင်က သမက်သျှင်ကို ရှိခိုးရသည်။ သျှောင်တင်သျှောင်ခအဖြစ် သမက်သျှင်က သမီးသျှင်ကို ငွေလက်ဖွဲ့သဖြင့် သမီးသျှင်ကကန်တော့ပြီး လက်ခံရယူရသည်။ မင်္ဂလာအခမ်းအနားပွဲအပြီးတွင် ထွက်ခွာခွင့်ရရန် သမက်သျှင်က သမီးသျှင်ဘက်မှအပျိုရံလူပျိုရံများက ရွှေကြိုးတားထား၍ ကြိုးတားခပီးရသည်။ နောက်ဆုံးခန်းဝင်ခ ပီးဆောင်ရသည်။
အိမ်ပြန်လည်ခြင်း
သမက်တက်ပြီး (၇) ရက်နိတွင် သမီးသျှင်သမက်သျှင်များသည် သမက်သျှင်၏မိဘအိမ်သို့ မိုးထက်မှစ၍လည်ရသည်။ သမက်သျှင်၏မိဘ၊ အဘိုးအဘောင်များကို သမီးသျှင်၊ သမက်သျှင်ရို့က ကန်တော့ရသည်။ ညဇာစားပြီးမှပြန်ရသည်။ သို့ဖြင့် ကြင်စဦးဇနီးမောင်နှံနှစ်ဦးသည် အိုးအိမ်တည်ထောင်ကာ တလင်တမယားစနစ်ဖြင့် တသက်လုံးပေါင်းဖော်ရတော့သည်။
ရခိုင်လူမျိုးများသည် မင်္ဂလာပွဲကို ၀ါတွင်းနှင့်ပြာသိုလများတွင် ယှောင်ကြည်လေ့ဟိပြီး တပေါင်းတန်ခူးလများတွင် အများဆုံးကျင်းပပြုလုပ်သည်။ ပြာသိုလတွင် မင်္ဂလာဆောင်က အိမ်ထောင်စီးပွားရေးမဖြစ်ဘဲ မွဲပြာကျတတ်သည်ဟု အယူဟိသည်။ ရခိုင်ဓလေ့ထုံးတမ်းစဉ်လာအရ မင်္ဂလာပွဲနှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းချက်များစွာဟိသည်။ ထိုချမှတ်ထားသောစည်းကမ်းချက်များကိုလိုက်နာပြီး လက်ထပ်မင်္ဂလာပွဲသည် ပကာသနမဖက် အရိုးခံသက်သက်ဖြင့် ရိုးရာမပျက်ချစ်မြတ်နိုးစရာဖြစ်သည်။ ရခိုင်လူမျိုးရို့၏ချစ်စရာကောင်းသောဓလေ့၊ တမူထူးခြားသော မင်္ဂလာအယူအဆများဖြစ်သည်။
ကျမ်းကိုးကားစာအုပ်များ
သားချင်းများအကြောင်းတစေ့တစောင်း (မောင်အောင်မွန်)
ပြည်ထောင်စုသားများ၏ရိုးရာလက်ထပ်မင်္ဂလာပွဲဓလေ့များ
(တက္ကသိုလ်သျှင်သီရိ)
မြတ်ပန်းသဇင် ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်)၂၀၀၇ ထုတ်
လူ့ဘောင်ပင်ပျို၏ အသက်သခင်ရီသောက်မြစ်
လူ့ဘောင်ပင်ပျို၏ အသက်သခင်ရီသောက်မြစ်
-----------------------------------------------
လူတိကို အခိုင်ခန့်ဆုံးနန့် ကာလအရှည်ကြာဆုံး ညီညွတ်နိုင်စီစွာက ဘာသာစကားနန့်ချိုင်ထားခြင်းပင် ဖြစ်တေလို့ (၁၉) ရာစု ပြင်သစ်နိုင်ငံရေးနန့် လူမှုတွေးခေါ်ပညာသျှင် (တော့ကွီဗီလာ) က သူ၏အထင်ရှားဆုံးစာအုပ်ဖြစ်တေ အမေရိကန်ဒီမိုကရေစီစာအုပ်မှာ ထောက်ပြရွီးထားခစွာကို ဖတ်ရရေ။ အပင်တပင် အသက်ရှင်ကြီးပါလတ်ဖို့ အဓိကကျရေတာဝန်ကို ထမ်းဆောင်နီစွာက ရီသောက်မြစ်ဖြစ်တေပိုင် ဒေအသက်သွီးကြောရီသောက်မြစ်ရာ အဖြတ်ခံလားရဖို့ဆိုကေ ယင်းအပင် နိဂုံးချူပ်ဇာတ်သိမ်းလားဖို့စွာက ကျိန်းသီနီရေ။ ယင်းပိုင်ပျာယ် တယောက်လည်း ကျွန်းချေတိမဟုတ်၊ လူတယောက်ချင်းစီက လူ့အဖွဲ့ အစည်း၏အစိတ်အပိုင်းတိဖြစ်တေဆိုရေ ဆိုရိုးစကားပိုင် လူ့ဘောင်ထဲက လူတိကို ဆက်သွယ်ပီးထားရေ လမ်းမကြီးက ဘာသာစကားပင်ဖြစ်တေ။ ယင်းအတွက်နန့် လူ့ဘောင်ပင်ပျို အသက်ရှင်ဖို့ထောက်ပံ့နီရေ အဓိကမဏ္ဍိုင်ရီသောက်မြစ်က ဘာသာစကားစာပီပင်ဖြစ်တေဆိုစွာ ကမ္ဘာ့လူ့ဘောင်သမိုင်းတိက သက်သီခံနီပါရေ။
ဘာသာစာပီစကားတိ တိမ်ကောပျောက်ကွယ်လားခခြင်းတိကို လေ့လာကြည့်လိုက်ကေ ပြင်ပဖိအားနန့် အတွင်းဖိအားဆိုရေ အဓိကအကြောင်းရင်းနှစ်ခုကို တွိကတ်ရရေ။ ပြင်ပဖိအားကို ဥပမာပီးရဖို့ဆိုကေ လူမျိုးတမျိုးကို တခြားလူမျိုးတမျိုးက သိမ်းပိုက်လိုက်ပနာ အုပ်ချူပ်တေလူမျိုး၏ဘာသာစကားကို အတင်းအဓမ္မသင်ယူကျင့်သုံးစီခြင်းကြောင့် အသိမ်းပိုက်ခံလူမျိုး၏ဘာသာစကားရေ ပျောက်ကွယ်လားတတ်တေ။ အတွင်းဖိအားကတော့ကေ မိမိရို့ဘာသာစာပီစကားကို မိမိရို့ကိုယ်တိုင်က တန်ဖိုးမထားပဲ ပြင်ပ၀န်းကျင်လောကအပြောင်းအလဲနန့် သဟဇာတဖြစ်အောင် ပြုပျင်ပြောင်းလဲမှုမလုပ်နိုင်ခြင်းကြောင့် တိမ်ကောလားတတ်ခြင်းပင်ဖြစ်ပါရေ။
ရိုမန်အင်ပါယာ၏ယုံးသုံးဘာသာစကားအဖြစ်သုံးစွဲလာပနာ (၁၇) ရာစုတိုင်အောင် နိုင်ငံတကာသိပ္ပံပညာနန့် ပညာသျှင်လောကဘာသာဗေဒအဖြစ် ဥရောပတိုက်အနောက်နန့် အလယ်ပိုင်းနိုင်ငံတိမှာကျင့်သုံးခကတ်တေ လက်တင်ဘာသာစကားရေ အခုအချိန်ကာလမှာ တိမ်ကောပျောက်ကွယ်လားခပါပျာယ်။ အုပ်ချူပ်ရေးစနစ်နန့်အတူတူပါလာလတ်တေ ဘာသာစကားဖြစ်လို့ ရိုမန်အင်ပါယာ နှစ်ခြမ်းပြိုကွဲပြီးကေ အာဏာပါဝါတိ တဖြည်းဖြည်းကျဆုံးနိဂုံးချူပ်နီဝင်လားရေအချိန်မှာ လက်တင်ဘာသားစကားလည်း ကပ်ပါလားခရရေ။
ကမ္ဘာကြီးထက်မှာ ဆိတ်သုဉ်းပျောက်ကွယ်လားခရရေ လူမျိုးတိအကြောင်းကို လေ့လာထားရေ သုတေသနစာတမ်းတိက စာပီပျောက်ကေ လူမျိုးပါပျောက်တတ်ကြောင်းကို ဖော်ပြထားကတ်စွာ ဖတ်ရရေ။ စာပီက လူမျိုးတမျိုး ဇာလောက်ယိုင်ကျေးမှုမြင့်ခရေလဲဆိုစွာကို ဖော်ပြရေ။ စာပီမှာ လူမျိုးတမျိုး၏ကိုယ်ပိုင်လက္ခဏာ၊ အဆင့်အတန်း၊ တွေးခေါ်စိုင်းစားမှု အနာဂါတ်အမြင်သဘောထားတိအားလုံးကို ထင်ဟပ်ပေါ်စီရေ။ ယင်းအတွက်နန့် လူမျိုးတမျိုးအကြောင်းကို အတွင်းကျကျသိချင်လေ့လာချင်ကေ ဘာသာစာပီတန်းခါးပေါက်က အယင်ဆုံးဝင်ကတ်ရရေ။ ဘာသာစကားစာပီက လူ့အဖွဲ့အစည်းတိမှာ ပိတ်ထားရေ လက်ခုပ်သီးတိကိုဖွင့်နိုင်ရေ သော့တချောင်းပင် ဖြစ်တေလို့ ပြောကတ်ရပါဖို့။
ကမ္ဘာကြီးတည်တံ့နီရေအချိန်ကာလထိ ရခိုင်ရို့လူ့ဘောင်ပင်ပျို ရှင်သန်နီစီဖို့ ရခိုင့်စာပီရီသောက်မြစ်ကို ရက်ပြတ်လန်းဆန်းနီအောင် ရီလောင်းပြုစုပီးကတ်ရဖို့စွာက ရခိုင်သားတိုင်းတာဝန်ပင်ဖြစ်ပါရေ။ ရခိုင်သားရို့ရင်ဘတ်ထဲက အသွီးအသားတိနန့် ဖြစ်တည်ပါလတ်တေ ဒေရခိုင့်စာပီကို ရခိုင်သားတိကတန်ဖိုးမထားကေ အရာဇာသူရို့က လာပနာတန်ဖိုးထားကတ်ပါဖို့လဲ။
ရခိုင့်မော်ဒန်ကဗျာဆရာမောင်ခိုင်အောင်က ရွက်နုပြန်ချိန် ရခိုင်ကဗျာသီးသန့်စုစည်းမှုစာအုပ်ထဲက ရခိုင်ကဗျာစာတမ်းမှာ “ရခိုင်စကားကိုမသုံး၊ ရခိုင်လီ ရခိုင်နရီမပါကေ ရခိုင်ကဗျာမဟုတ်။ ရခိုင်ကဗျာမဖြစ်။ ရခိုင်ကဗျာလို့ လုံးဝ (လုံးဝ) မသတ်မှတ်နိုင်ပါ။ ကဗျာဆရာတယောက် စကားလုံးရှာစွာရေ စိန်ကောင်းကျောက်ကောင်းရှာစွာနန့်တူရေ။ ယူရေနီယမ်တူးစွာဖြစ်တေ။ ကိုယ့်ရို့ဘာသာစကားထဲက ရင်ထဲကို၊ သွီးထဲကို၊ ဦးနှောက်ထဲကို၊ အာရုံထဲကို စူးကနန်းဝင်ပြီးကေ ဖြိန်းကနန်းဖြစ်လားနိုင်ရေစကားတိကို ရွီးရစွာပါ။ ရှာရစွာပါ။ ဇာလူသားဖြစ်ဖြစ် စွမ်းအားမြင့်ပြီးတန်ဖိုးဟိရေ ဂီတနန့်ကဗျာကို ကိုယ့်အမိဘာသာစကားနန့်ရာ ရီးလို့ရရေ” လို့  စာပီစကား၏အနှစ်သာရကို ထုဆစ်ပြထားပါရေ။
အမင်ကိုချစ်ကတ်တေပိုင် လူ့အဖွဲ့အစည်း၏အသက်သခင်ဖြစ်တေ ဘာသာစကားစာပီကို တန်ဖိုးထားချစ်မြတ်နိုးခြင်းက မြင့်မြတ်တေလူသားဖြစ်ခြင်း၏ ဂုဏ်အင်္ဂါရပ်ကို ဖော်ညွှန်းပြခြင်းပင်ဖြစ်ပါရေ။ မျိုးဆက်သစ်ညွန့်ဖူးချေတိ ရခိုင်ရို့ လူ့ဘောင်မှာ စိုင်ဆက်မပြတ်ရှင်သန်လာပနာ ကျေးဇူးသျှင်အဘိုးအဖီးရို့ခံစားချက် ရင်ထဲမှာဖြစ်တည်နီခကတ်စွာတိကို လက်ခံယူလားနိုင်ဖို့ ပေါင်းကူးတန်းထားက ရခိုင်ရို့ဘာသာစကားစာပီရာဖြစ်တေလို့ ပြောချင်ပါရေ။ စာပီမဟိကေ နားလည်မှုမဟိရေပိုင် သွီးစစ်တေအမျိုးသားညီညွတ်ရေးကိုလည်း တည်ဆောက်လို့ရဖို့ မဟုတ်ပါ။ ရခိုင်ဘာသာစကားတိုးတက်ဖွံ့ဖြိုးခြင်းကရာ ရခိုင်ရို့ လူ့ဘောင်အနာဂါတ်ကိုလားဖို့  လမ်းမှန်ပြအလင်းရောင်ထွန်းပီးနိုင်ဖို့လို့ ယုံကြည်မိပါယင့်။
ခိုင်အောင်အောင်
(29/03/2009)
(ဗြီး) (ပြီး) (ဂတ်)(ကတ်) (ဗျာယ် ) ( ပျာယ်)(တေ) (ရေ) (ရခိုင်သဒ္ဒါ)
(ဗြီး) (ပြီး) (ဂတ်)(ကတ်) (ဗျာယ် ) ( ပျာယ်)(တေ) (ရေ) (ရခိုင်သဒ္ဒါ)
--------------------------------------------------------------------
ရခိုင်စာမှာ ဗျည်းသုံးဆယ့်သုံးလုံးကို စနစ်တကျ ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။
(ဥပမာ)
(၁) က၊ ခ၊ ဂ၊ ဃ၊ င
(၂) စ၊ ဆ၊ ဇ၊ စ်၊ ည
(၃) တ၊ ထ၊ ဒ၊ ဓ၊ န
(၄) ပ၊ ဖ၊ ဗ၊ ဘ၊ မ
(၅) ယ၊ ရ၊ လ၊ ၀၊ သ
ဆိုသောဖွဲ့စည်းမှုတွင် ပထမအတန်း၌ အစအဆုံး (က) နှင့် (င)၊ ဒုတိယအတန်း၌ အစအဆုံး (စ) နှင့် (ည)၊ တတိယအတန်း အစအဆုံး (တ) နှင့် (န) စတုတအတန်း အစအဆုံး (ပ) နှင့် (မ) ပဉ္စမအတန်း အစအဆုံး (ယ) နှင့် (သ) စာလုံးများသည် အသတ်စာလုံးများဖြစ်ပါသည်။
ဥပမာ- (ကြက်၊ ချောင်း၊ ချစ်၊ ပြည်၊ တတ်၊ ကန်၊ ချပ်၊ လမ်း) ဟု တွိရပါလိမ့်မည်။
ပိုယှင်းအောင် (က၊ စ၊ တ၊ ပ) ကို အကျွန်ုပ် (ရှိတန်းအသတ်) ဟု သုံးပြီး (င၊ ည၊ န၊ မ) ကို (နောက်တန်းအသတ်) ဟု သုံးပါမည်။
(သောက်ပြီး စားပြီးပျာယ်လား) ၀ါကျကိုလေ့လာကြည့်ကတ်ပါမည်။ ပဇာဖြစ်လို့ (သောက်) နောက်က (ပြီး) ဟု အသံထွက်ပြီး (စား) နောက်က (ဗြီး) ဟု အသံထွက်ရပါသနည်း။
(အဖြေက)
(က၊ စ၊ တ၊ ပ) (ရှိတန်းအသတ်) နောက်ကပါလာသော (ပြီး) ကို မူရင်းအတိုင်း (ပြီး) ဟု အသံထွက်ပြီး (င၊ ည၊ န၊ မ) (နောက်တန်းအသတ်) နောက်ကပါလာသော် (ပြီး) ကို (ဗြီး) ဟု အသံထွက်ပါသည်။
ပဇာဖြစ်လို့လဲဆိုသော် (က၊ စ၊ တ၊ ပ) (ရှိတန်းအသတ်) များသည် သံတိုသံပြတ်ဖြစ်ပါသည်။ (င၊ ည၊ န၊ မ) (နောက်တန်းအသတ်) များသည် သံရှည်သံပွားပါသည်။
(က၊ စ၊ တ၊ ပ) သံတိုသံပြတ်အသတ်သည် သုံးသံမပွားပါ။ (င၊ ည၊ န၊ မ) သံရှည်သံပွားအသတ်သည် သုံးသံပွားပါသည်။
(ဥပမာ)
(ကြက်၊ ကြက့်၊ ကြက်း) (ချစ်၊ ချစ့်၊ ချစ်း) (တတ်၊ တတ့်၊ တတ်း) (ချပ်၊ ချပ့်၊ ချပ်း) ဟု သုံးသံပွား၍ မရပါ၊ သို့သော် (င၊ ည၊ န၊ မ) (နောက်တန်းအသတ်) (ချောင်၊ ချောင့်၊ ချောင်း) (ပြည်၊ ပြည့်၊ ပြည့်) (ကန်၊ ကန့်၊ ကန်း) (လမ်၊ လမ့်၊ လမ်း) များသည် သုံးသံပွား၍ရပါသည်။
(သုံးသံပွား၍မရသော) သံတိုသံပြတ် အသတ်များနောက်ကပါလာသော (ပြီး) သည် မူရင်းအတိုင်း (ပြီး) ဟု အသံထွက်ပြီး (သုံးသံပွား၍ရသော) သံရှည်သံပွားအသတ်၊ (သို့မဟုတ်) (အ၊ အိ၊ အု၊ အေ၊ အဲ၊ သြ၊ အံ၊ အို) သရသျှစ်လုံးနှင့် ယင်း၏မူပွားများနောက်ကပါလာသော (ပြီး) သည် (ဗြီး) ဟု အသံပြောင်းထွက်ပါသည်။
ဥပမာ။ (သတ်ပြီး ခွတ်ပြီး သုတ်သင်ဗြီးလို့ စားဗြီး) လားခဗျာယ်။
(သတ်) နှင့် (ခွတ်) သည် သံတိုသံပြတ်အသတ်ဖြစ်သည့်အတွက် (ပြီး) ဟု မူရင်းအတိုင်းအသံထွက်ပြီး (သင်) သည် သံရှည်သံပွား (စား) သည်သရဖြစ်သည့်အတွက် (ဗြီး) ဟု အသံပြောင်းထွက်ပါသည်။
ထို့ကြောင့် စာရွီးသောအခါ အသံထွက်ကိုလိုက်၍ တနီရာတွင် (ပြီး) တခြားတနီရာတွင် (ဗြီး) ဟု ရွီး၍မဖြစ်ပါ။
(၅) (ယ၊ ရ၊ လ၊ ၀၊ သ) အတန်းရာ ချွင်းချက်ဖြစ်ပါသည်။ ပဇာကြောင့်ဆိုသော် (ယ) သည် သံရှည်သံပွားအသတ်ဖြစ်သောကြောင့်ဖြစ်ပါသည်။
အထက်ကပြခသည့် ဥပမာပိုင် (ကတ်) နှင့် (ဂတ်) (ပျာယ်) နှင့် (ဗျာယ်) ပြဿနာကိုလည်း ထိုနည်းအတိုင်း ယှင်း၍ဖြစ်ပါသည်။
(က၊ စ၊ တ၊ ပ) သံတိုသံပြတ် (ရှိတန်းအသတ်) များနောက်ကပါလာသော (ကတ်) ကို (ကတ်)၊ (ပျာယ်) ကို (ပျာယ်) ဟု မူရင်းအတိုင်းအသံထွက်ပြီး (င၊ ည၊ န၊ မ) သံရှည်သံပွား (နောက်တန်းအသတ်) နှင့် (အ အိ အု အေ အဲ သြ အံ အို) သရသျှစ်လုံးနှင့် ယင်း၏မူပွားနောက်ကပါလာသော (ကတ်) ကို (ဂတ်)၊ (ပျာယ်) ကို (ဗျာယ်) ဟု အသံပြောင်းထွက်ပါသည်။
(ဥပမာ)
(စားဂတ် သောက်ကတ်ပါ)
(စား) သည် သရဖြစ်သည့်အတွက် (ဂတ်) ဟု အသံထွက်ပြီး (သောက်) သည် သံတိုသံပြတ် ဖြစ်သည့်အတွက် (သောက်) နောက်ကပါလာသော (ကတ်) ကို မူရင်းအသံထွက်အတိုင်း (ကတ်) ဟု အမှန်အသံထွက်ပါသည်။
ထို့ကြောင့် စာရွီးသောအခါ ပင်ရင်း (က) အက္ခရာကိုပုံသီထားပြီး (စားကတ် သောက်ကတ်ပါ) ဟု ရွီးရခြင်းဖြစ်ပါသည်။ တနီရာတွင် (ကတ်) နောက်တနီရာတွင် (ဂတ်) ဟု စာရွီးသောအခါ အသံထွက်ကိုလိုက်၍ ရွီး၍မဖြစ်။
ထိုနည်း၎င်း (စားဗျာယ် သောက်ပျာယ် အိပ်နီဂတ်ပျာယ်) ဆိုသောစကားတွင်လည်း (စား) သည် သရဖြစ်၍ (ဗျာယ်) ဟု အသံထွက်ပြီး (သောက်) သည် သံတိုသံပြတ်ဖြစ်သည့်အတွက် (ပျာယ်) ဟု မူရင်းအတိုင်း အသံထွက်ရခြင်းဖြစ်ပါသည်။
(အိပ်နီကတ်ပျာယ်) ဟူသော စကားတွင် (နီ) သည် သရဖြစ်၍ နီနောက်ကပါလာသော (ကတ်) ကို (ဂတ်) ဟု အသံပြောင်းထွက်ပါသည်။
(ကတ်) သည် သံတိုသံပြတ်ဖြစ်သည့်အတွက် (ကတ်) နောက်က (ပျာယ်) သည် မူရင်းအတိုင်း (ပျာယ်) ဟု အသံထွက်ရခြင်းဖြစ်ပါသည်။
ထို့ကြောင့် စာရွီးသောအခါ
(စားပျာယ် သောက်ပျာယ် အိပ်နီကတ်ပျာယ်) ဟု ပင်ရင်းအက္ခရာများနှင့် ရွီးရခြင်းဖြစ်ပါသည်။
ဖတ်သောအခါ (စားဗျာယ် သောက်ပျာယ် အိပ်နီဂတ်ပျာယ်) ဟု အသံထွက်လားပါလိမ့်မည်။ (အသံထွက်အတိုင်းလိုက်ရွီးနီလျှင် မသင့်တော်ပါ။)
(ကတ်) အရွီးအသားနှင့်ပတ်သက်၍ ဓည၀တီနိဂုံးရွာများသာမိုင်းသာခြင်းမှ ဥပမာပြရပါသော်
(၁) (မချွတ်ဧကန်၊ လူများစွာ၏၊ ကျမ္မာမှုကို၊ ပြုကတ်ပြန်ဟု) ဆိုသော ၀ါကျ၌ (ကတ်) သည် (ဂတ်) ဟု အသံထွက်ပါသည်။ ပဇာကြောင့်ဆိုသော် (ကတ်) ရှိက (ပြု) သည် သရဖြစ်သောကြောင့်ဖြစ်ပါသည်။
(၂) (အများခင်မှာ၊ နားဆင်လတ်ကေ၊ မှတ်ကတ်ပေနှောင်း) ဆိုသောဝါကျ၌ (ကတ်) သည် (ကတ်) ဟု မူရင်းအတိုင်း အသံထွက်ပါသည်။ ပဇာကြောင့်ဆိုသော (ကတ်) ရှိက (မှတ်) သည် သံတိုသံပြတ်ဖြစ်သောကြောင့်ဖြစ်ပါသည်။
(၃) (ဆီးမရသော်၊ အစာများနှင့်၊ ကုစားကတ်ပါ) ဆိုသည့်ဝါကျ၌ (ကတ်) သည် (ဂတ်) ဟု အသံထွက်ပါသည်။ (ကတ်) ရှိက (စား) သည် သရဖြစ်သောကြောင့်ဖြစ်ပါသည်။
(၄) (မျိုးရခိုင်ရို့၊ စိုင်မပြတ်လျှင်၊ သင်ကတ်ပေ၍) ဆိုသောနီရာတွင်လည်း (ကတ်) သည် (ဂတ်) ဟု အသံထွက်ပါသည်။ (ကတ်) ရှိက (သင်) သည် သံရှည်သံပွားဖြစ်သောကြောင့်ဖြစ်ပါသည်။
ယလောက်ဆိုလျှင် (ဂတ်) ပြဿနာနှင့်ပတ်သက်၍ လုံလောက်မည်ဟုထင်ပါသည်။
စာရွီးသောအခါ (ကတ်) ဟု ပင်ရင်းသံဖြင့် ရွီးကတ်ရမည်ဖြစ်ပါသည်။ (ဂတ်) ဟု မရွီးအပ်ပါ။
(နောက်တခု သိရန်တချက်မှာ)
ရခိုင်စကားတွင် စကားပြောသောအခါ ရိုးရိုးဝါကျများ၌ (တေ) သို့မဟုတ် (ရေ) နှင့် အဆုံးသတ်သည်ကို သတိပြုမိပါလိမ့်မည်။
ဥပဒေသက အထက်ကပြခသည့်အတိုင်း သံတိုသံပြတ်အသတ်နှင့်ဆုံးသောဝါကျသည် (တေ) နှင့်ဆုံးပြီးလျှင် သံရှည်သံပွားအသတ် (သို့မဟုတ်) သရသျှစ်လုံး၊ ယင်း၏မူပွားများနှင့် ဆုံးသောဝါကျများသည် (ရေ) နှင့် အဆုံးသတ်ပါသည်။
(ဥပမာ)
ဓည၀တီနိဂုံးရွာများသမိုင်းသာခြင်း (တတိယပိုင်း) မှ (ရေ) နှင့်ဆုံးသော ၀ါကျများကို တင်ပြပါမည်။
(၁) ကိုးပါးဂုဏ်ကို၊ အာရုံမှတ်လို့၊ ခိုးအပ်ပါရေ။
(၂) စိတ်ဘ၀င်မှာ၊ ထင်အောင်ပွားကေ၊ ထားသင့်ပေရေ။
(၃) လက်ဆယ်ဖြာကို၊ ထိပ်မှာမိုးကေ၊ ရှိခိုးကောင်းရေ။
(၄) ဘ၀ကွယ်၍၊ သင်္ချေခြားလည်း၊ ဖော်စားနိုင်ရေ။
(၅) ရုပ်နှင့်နာမ်လျှင်၊ ဖန်ဖန်ထပ်လို့၊ ဖြစ်တတ်ပါရေ။
(၆) မလွဲရန်ကေ၊ နည်းမှန်ကျဖို့၊ ပြောရရေနှောင်း။
(၇) ယုံကြည်လက်ခံ၊ သက်ဝင်သူရို့၊ အယူမှတ်ကေ၊ ဟိကတ်ပြန်ရေ။
(၈) ကြီးမြင့်ချမ်းသာ၊ အလီလီကေ၊ စည်းစိမ်မြတ်ကို၊ ရအပ်ပါရေ။
(၉) စောဗုဒ္ဓာက၊ မြွက်ခါကြားကေ၊ ဟောထားရေလေ။
(၁၀) အယူမှန်ကို၊ တဖန်လိုက်လို့၊ လုပ်ထိုက်ပေရေ။
(၁၁) ကျမ္မာမှုသည်၊ မှန်မချွတ်ကေ၊ ဖြစ်တတ်ပေရေ။
(၁၂) ရှိဟောင်းပီစာ၊ မြဒိုးဝေ၏၊ ရွီးသည့်ကျမ်းမှာ၊ ညွှန်းလို့ပါရေ။
(၁၃) ရှည်ဝီးကြာတင်၊ ရှိဆရာရို့၊ သညာထားကေ၊ ငှက်ဖျားတွင်ရေ။
(၁၄) သိန်းသောင်းချီ၍၊ ခြင်ရွီများမှာ၊ ငါးမျိုးတွိရေ။
(၁၅) ကျမ္မာသူလေ၊ လူတယောက်ကို၊ ကိုက်ဖောက်သောခါ၊ ငှက်ဖျားနာလျှင်၊ ဖြစ်တတ်ပါရေ။
(၁၆) ရှိသူမွန်ရို့၊ ကျမ်းဂန်များမှာ၊ ညွှန်းထားရေလေး။
(၁၇) ရှည်လျှားကာလ၊ မပျက်နိုင်ဘဲ၊ စိုင်မပြတ်ကေ၊ သိမှတ်ရရေ။
(၁၈) ကောင်းမွန်စိတ်ကေ၊ စာရိတ္တနှင့်၊ ပြည့်ဝညီစွာ၊ ကြီးတသွယ်လေ၊ ငယ်အလတ်ရို့၊ လုပ်အပ်ပါရေ။
(၁၉) မွီးဖဘုန်းမို၊ နန်းမညိုက၊ အလိုစမ်းကြ၊ ပမာဆိုကေ၊ ထိုအခဏ်းနှင့်၊ တူလွန်းလှရေ။
(၂၀) ဆီးကွမ်းယာကို၊ လှမ်းကာစားကေ၊ ရပ်နားရေလေး။
(၂၁) နောက်နောင်လာကေ၊ ပညာဟိရို့၊ တွိသောခါတွင်၊ ပြန်ကာဖာထီး၊ ပြုပျင်ရန်ကို၊ ကျွန်ခွင့်ပီးရေ။
စုစုပေါင်း (၂၁) ကြောင်းကို တွိရပါသည်။
(တေ) ကို သုံးသော ၀ါကျများကို ထုတ်ပြရလျှင်
(၁) ကမ္ဘာပြင်ကို၊ အသျှင်မြတ်မှာ၊ စိုးလတ်တေဟု၊
(၂) ယင်ကြောင့်သာလျှင်၊ ရောဂါညှက်မှာ၊ ကူးစက်တေနှောင်း။
(၃) လူသားအန္တရာယ်၊ ခြင်ကိုက်မူလျှင်၊ အပူများ၍၊ ဖျားတတ်တေဇု၊
(၄) ကျားထက်ပင်လေ၊ ခြင်ရန်ဖီးမှာ၊ ကြီးလတ်တေဟု၊
(၅) အနည်းငယ်လျှင်၊ သံခေပဖြင့်၊ ပြောပြလိုက်တေ။
(၆) အမှိုက်ပုံနှင့်၊ တောခြုံများလည်း၊ ခြင်ပွားတတ်တေ။
(၇) တခြားပြည်ရွာ၊ လူများစွာ၏၊ ဘာသာစကား၊ အက္ခရာနှင့်၊ ပညာများပါ၊ သင်ကြားအပ်တေ။
စုစုပေါင်း (၇) ကြောင်းကို တွိရပါသည်။
သုံးသပ်ရမည်ဆိုပါသော် (ရေ) နှင့်ဆုံးသော ၀ါကျများမှာ (ရေ) ရှိကပါလာသော (၁) ပါ (၂) ပေ (၃) ကောင်း (၄) နိုင် (၅) ပါ (၆) ရ (၇) ပြန် (၈) ပါ (၉) ထား (၁၀) ပေ (၁၁) ပေ (၁၂) ပါ (၁၃) တွင် (၁၄) တွိ (၁၅) ပါ (၁၆) ထား (၁၇) ရ (၁၈) ပါ (၁၉) လှ (၂၀) နား (၂၁) ပီး ဆိုသောစကားလုံးများကို သတိထားမိပါလိမ့်မည်။
(ပါ၊ ပေ၊ ရ၊ ပါ၊ ထား၊ တွိ၊ လှ၊ နား၊ ပီး) ဆိုသောစကားလုံးများသည် သရဖြစ်ပြီး (ကောင်း၊ နိုင်၊ ပြန်၊ တွင်) ဆိုသောစကားလုံးများသည် သံရှည်သံပွားအသတ်များဖြစ်သည့်အတွက် ၄င်းဝါကျများသည် (ရေ) နှင့် အဆုံးသတ်ရခြင်းဖြစ်ပါသည်။
(တေ) နှင့်ဆုံးသော ၀ါကျများတွင် (တေ) ရှိကပါလာသော
ဝါကျ (၁) လတ် (၂) စက် (၃) တတ် (၄) လတ် (၅) လိုက် (၆) တတ် (၇) အပ် ဆိုသော စကားလုံးများကို တွိရပါလိမ့်မည်။
(လတ်၊ စက်၊ တတ်၊ လိုက်၊ အပ်) ဆိုသောစကားလုံးများသည် သံတိုသံပြတ်ဖြစ်သည့်အတွက် ၄င်းဝါကျများသည် (တေ) နှင့် အဆုံးသတ်ရခြင်းဖြစ်ပါသည်။
ဇာဖြစ်လို့ (တေ) နှင့် (ရေ) မှာ (တေ) အသုံးနည်းရေလဲဆိုပါသော် (တေ) သည် သံတိုသံပြတ်နောက်တွင် သုံးသဖြင့် ဦးရေတွက်စစ်သော် သံတိုသံပြတ်အသတ်သည် သံရှည်သံပွားကဲ့သို့ သုံးသံပွားမရသဖြင့် ဦးရေသုံးဆနည်းရခြင်းဖြစ်ပါသည်။
နောက်တချက်က (ရေ) ကို သရစာလုံးနောက်က တွဲသုံးသည့်အတွက် (ရေ) မှာ (တေ) ထက် ဦးရေပိုများခြင်းဖြစ်ပါသည်။
ယင်းလောက်ဆိုလျှင် ရခိုင်စာတွင် (ပြီး) (ကတ်) (ပျာယ်) (တေ) (ရေ) ဆိုသောအသုံးများကို ယှင်းပြီးဖြစ်ပါလိမ့်မည်။
(ဂတ်၊ ဗျာယ်) လက်တွိကြုံနီရသောပြဿနာ (နှစ်ပါး) ကိုလည်း ဖြေယှင်ပြီးဖြစ်ပါလိမ့်မည်။
(အဖိုးသျှင်)
အလွန်လှပသော ရခိုင်နာမည်များ
အလွန်လှပသော ရခိုင်နာမည်များ
-------------------------------------
အိမ်နားပါးချင်း အချေခါအမြဲတမ်းရန်ဖြစ်တေ ညီအစ်မနှစ်ယောက်ဟိပါရေ။ ရန်ဖြစ်ရေဆိုစွာမှာ သူရို့ညီအစ်မနှစ်ယောက်ရန်ဖြစ်သည်ကိုမဆိုလိုပါ။ အကျွန်ုပ်နှင့်ရန်ဖြစ်သည်ကိုဆိုလိုပါသည်။ အကြီးသူက (လှမေကြီး) (Hla May Gree)၊ အငယ်သူက (လှဘုမ) (Hla Bu Ma). တအိမ်ကျော်မှာ ရခိုင်မုန့်တီရောင်းရေ အရီးတယောက်ဟိပါရေ။ (အိမ်စိုးဖြူ) (Ein Zo Pru)၊ ၀ချေတန်းကပင် ကျောင်းနီဖက်သူငယ်ချင်းတယောက် (မကြိုင်ဖြူ) (Ma Krai Pru) ပဇောင်လှရေ နာမည်ချေတိပါလဲ။
သီကျလားကတ်တေ သူငယ်ချင်းနာမည်တိကိုလည်းပြောပါမည်။ (သန္တာအေး) (Thanda Aye)၊ အောင်မင်းကျော် (Aung Munn Gyaw)၊ နုအောင်ကျော် (Nu Aung Gyaw)၊ ရွှေခိုင်လင်း (Shoay Khine Lunn)၊ ဦးဥာဏ်ထွန်း (Oo Nyan Twann). အားလုံးသီကျလားခကတ်ပါယာ။ ပဇောင်လှရေ နာမည်ချေတိပါလဲဂု။
ထူးခြားရေ နာမည်ချေတခုဟိပါရေ။ (ဦးသန်းတင်)၊ (တင်) ကတော့ခါ မြန်မာလွှမ်းမိုးခြင်းခံရရေ ရခိုင်နာမည်ပါ။ ရန်ကုန်တက္ကသိုလ်တက်လို့ နာမည်ခေါ်ခါ ဆရာတိက (ဦးသန်းတင်) ဆိုကေ အသက်ကြီးကြီး ၀ါကြီးလို့ထင်ရေ။ နာမည်ထူးခါ ဂျောင်ချေမှာကုတ်ပျာ ပိန်ပိန်ညှောင်ညှောင် မမချေ။ ကောင်းကောင်းရယ်ရပါရေ။ ၀မ်းကွဲအစ်မတယောက်ဟိပါရေ။ (ဦးမြသိန်း)၊ (Oo Mra Thein)၊ ၀မ်းကွဲ အစ်ကိုတယောက် ညီတယောက်ဟိပါရေ၊ (ဦးဝင်းမောင်) (Oo Wunn Maung) (ဦးထွန်းဝင်း) (Oo Twan Wunn)။ ဆွီမျိုးဖြစ်လို့ ပြောစွာတော့မဟုတ်ပါ။ ပဇောင်လှရေ နာမည်ချေတိပါလဲဂု။
ဘင်္ဂလားကိုရောက်ခါ ဘုန်းကြီးကျောင်းတကျောင်းမှာ ကောင်းကောင်းလှရေ ရခိုင်သမနာမည်ချေတခုကို လားတွိခီပါရေ။ (အလှသျှင်မေ) (Ahla Shun May). တိုက်တိုက်ဆိုင်ဆိုင် (AMP) မှာ ယင်းနာမည်နှင့် အလားသဏ္ဍန်တူရေ မမချေတယေက်လားတွိခီပါရေ။ (စောသျှင်မေ)။ သို့သော် အင်္ဂလိပ်ပိုင်စာလုံးပေါင်းခါ (Saw Shin May) ဆိုပျာ အလယ်နာမည်မှာ မြန်မာပိုင်ယှောင်ဖြစ်နီလို့ မုန်းကေလည်းမုန်းပါတ်စီ၊ ကောင်းစီချင်ကေတော့ အမုန်းခံရဖို့နန်းရာဆိုပျာ (မချေ မချေနာမည် ကကောင်းလှရေ၊ ရခိုင်နာမည်ပေါက်ပေါက်၊ သို့သော် အလယ်မှာ မြန်မာနာမည်ဖြစ်နီရေ) အကြံပြုဖြစ်ပါရေ။ မချေက မာန်မပါပါ။ သဘောထားကြီးမြတ်စွာဖြင့် ပြန်ပျင်လိုက်တေအတွက် သူ့နာမည်ရေ (စောသျှင်မေ) (Saw Shun May) ဆိုပျာ ရခိုင်ဟန် ရခိုင့်အသံစစ်စစ်ဖြင့် ကကောင်းလှလားပါရေ။ (AMP) မှာ နာမည်အလှဆုံး ရခိုင်သမ (လှယိုင်ကျေးမယ်ပြိုင်ပွဲ) လုပ်ကေ သူ့နာမည်ကို အယင်ဆုံး (တစ်) ပီးပါဖို့။ ပြီးကေ (နုလှသန္တာ) ပါ။ ကကောင်းလှရေ နာမည်ချေပါ။ ပြီးကေ (ပန်းနုဇံ)၊ ပန်းနုဇံက နာမည်ချေလည်းလှရေပိုင် ကဗျာအရွီးအသားလည်း ကောင်းကောင်းပြောင်မြောက်ပါရေ။ ကျန်ရေ နာမည်လှရေ ရခိုင်သမတိ (AMP) မှာ အများကြီးဟိပါသိမ့်ရေ။ (ခိုင်ဝေဇံ)။ မှတ်မိသလောက်ရာ ဖော်ပြခြင်းဖြစ်ပါရေ။ ကျန်ရေလူတိကို နာမည်မလှလို့ပြောစွာမဟုတ်ပါ။
ထိုင်းက ရခိုင်သမချေ ဘလော့ခ်တခုမှာ ကောင်းကောင်းလှရေ ရခိုင်သမချေတယောက်နာမည်ကို လားတွိခီပါရေ။ (ရိုးလှသန္တာ)၊ ပဇောင်လှရေ နာမည်ပါလဲဂု။ သို့သော် အင်္ဂလိပ်ပိုင်နာမည်ပေါင်းခါ (Ro Hla Thanda) မဟုတ်ဘဲ (Yo Hla Thanda) ဖြစ်နီလို့ ကကောင်းအရုပ်ဆိုးလားပါရေ။ ပြောတော့ပြောဖြစ်ပါရေ။ ရလီလား မရလီလားမသိ။ နဂိုရ်အတိုင်း First Name မှာ မြန်မာနာမည်နှင့် ဟိလီပါယင့်။
နောက်တခုပြောချင်စွာက ရခိုင်သားနာမည်မှာ (ဦး) (ဒေါ်) တပ်တေကိစ္စပါ။ ကျွန်တော်ရို့ရခိုင်မှာ နာမည် (မောင်ဘသိန်း) ဆိုကေ အသက်ဇာလောက်ပင်ကြီးလီ (မောင်ဘသိန်း) လို့ရာခေါ်ပါရေ။ အသက်ကိုလိုက်ပြီးကေ (ဦးဘသိန်း) ပြောင်းမလားပါ။ (ဆရာမောင်ဘသိန်း၊ အခင်မောင်ဘသိန်း) လို့ရာခေါ်ပါရေ။ (ဆရာဦးဘသိန်း) ဆိုပျာ ပြောင်းမခေါ်ပါ။ နာမည်ရှိမှာ (ဦး) (ဒေါ်) တပ်စွာရေ ရခိုင်မှာ ထုံးစိုင်ဟိရေလား။ မီးခွန်းဖြစ်လာပါရေ။ စာစောင်ပီစောင်တိမှာလည်း တခုမှာလည်းမတွိဖူးပါ။ ယင်းပြဿနာကို အဖြေရှာမရဖြစ်နီဆိုက် ကံနှင့်ကံ ဘင်္ဂလားဒေ့ခ်ျ ရခိုင်လမားဘုန်းကြီးကျောင်း မျက်နှာကြက်မှာ (မိအောင်ကြွဇံ၊ ဘသာတိုးအောင်) ကောင်းမှုဆိုပျာ လားတွိခီပါရေ။ အော် ရခိုင်မှာ (ဦး) (ဒေါ်) အစား (မိ) (ဘ) ဆိုရေ ရတနာကို အထွဋ်တင်သုံးရေမနားဂုလည်း သဘောပေါက်မိပါရေ။ သိရေလူလည်းဟိပိုင် မသိရေလူလည်းဟိပါဖို့။ အတွက်မရရေလူလည်းဟိပါဖို့။
နောက်ထပ်နာမည်လှရေ ရခိုင်သမချေနှစ်ယောက်တွိပါသိမ့်ရေ။ (နန်းဦးကြိုင်)(Nann Oo Krai) နှင့် (မြအိမ်ဇံ) (Mra Ein Zan) ဖြစ်ပါရေ။ (နန်းဦးကြိုင်) ကို အေနိမှ AMP မှာ တွိစွာပါ။ (မြအိမ်ဇံ) ကိုက တွိဖူးမြင်ဖူးစွာကြာပါပျာ။ အေ Blog Post စရွီးရေနိက အတွက်မရလို့ မဖော်ပြလိုက်ရခြင်းဖြစ်ပါရေ။ ခေတ်ဆန်ဆန်ချေနှင့် အခြားနာမည်လှရေ မမချေတိလည်းဟိပါသိမ့်ရေ။ သူရို့နာမည်ကို နောက်မှ ဖော်ပြပီးပါမည်။
နောက်လှရေနာမည်တခုက (သဇင်ဖြူ) ပါ။ သူက အင်္ဂလိပ်ပိုင်စာလုံးပေါင်းခါ (Thazon Phru) လို့ပေါင်းပါရေ။ အကျွန်ုပ်က (Thazun Phru) လို့စာလုံးပေါင်းစွာ ပိုသဘောကျပါရေ။ ဇာဖြစ်လို့လဲဆိုကေ (Thazon) လို့စာလုံးပေါင်းခါ (ပါးစကို ပိတ်ရလို့ပါ။) (Thazun) ဆိုကေ (ပါးစကိုပိတ်နီစရာမလိုပါ။ အကျွန်ုပ်ရို့ပြောရေပုံစံအတိုင်းထက်စိကျပါရေ။) သဇင်ဖြူ (Thazun Phru) ရွီးရေကပျာချေတိကကောင်းကောင်းပါရေ။ (နဲ့) ဆိုရေ မြန်မာတလုံးဖျက်နီစွာပါ။ ပိုကောင်းစီချင်လို့ လက်ခုပ်အားရပါးရတီးပစ်ချင်လို့ (နန့်) နှင့်အစားထိုးသင့်ကြောင်း အဆိုပြုလီပါရေ။ (ချစ်) နှင့် (ရှစ်) ကို ရခိုင်မှာ အသံအတူတူထွက်လို့ (နဲ့) ကို (နန့်) လို့ပြောင်းကေ (ချစ်) ကို (ရှစ်) လို့ပြောင်းရဖို့ဆိုပျာ မဆီမဆိုင် အကြောင်းပြလာပါရေ။ ရခိုင်မှာ (ချ) နှင့် (ရှ) အသံထွက်မတူစွာကို (ဆံတော်ရှင်) (Rhun) ဘုရားနှင့် ဥပမာပီးလီပါရေ။ မြန်မာမှာလည်း (ကြည့်) နှင့် (ကျိ) ကို မကွဲပါ။ ရခိုင်မှာ ကွဲပါရေ။ အသံထွက်တူကေလည်း အဓိပ္ပါယ်မတူရအောင် စာမှာခွဲခြား၍ ရွီးရပါသည်။ သို့သော် ယင်းဥပမာကိုတော့ မပီးဖြစ်လီပါ။ ကိုယ့်အဆိုကိုလက်မခံလို့ သူ့နာမည်ကို မလှဆိုလို့ကားမဖြစ်။ နာမည်လှကေတော့ လှရေလို့ ပြောရပါဖို့။ သူနှင့်တူရေ နာမည်ချေတလုံးက (သဇင်ခိုင်) (Thazun Khine) ပါ။ ယင်းနာမည်ချေလည်း လှပါရေ။
အခြားလှရေနာမည်တိက (အစောချေ) (Ah Saw Chay)၊ (အေးချေ) (Aye Chay)၊ (ပန်းသဇင်) (Pan Thazun) စောမြဇံ (Saw Mra Zan) ပါ။ စောမြဇံကဗျာ “ရောင်နီကိုတမ်းတခြင်း” လည်း ကကောင်းကောင်းပါရေ။ နောက်ခေတ်လည်းဆန်ရေ၊ ရခိုင်ဘောင်အတွင်းကလည်း မလွတ်လို့ပြောလို့ရရေနာမည်တိက (စံမိုးသူ) (San Mo Thu), (နုနုအေးသူ) (Nu Nu Aye Thu), (မျိုးမြတ်သူ) (Myo Mrat Thu) ရို့ဖြစ်ပါရေ။ အဓိကတော့ ခေတ်ဆန်ကေလည်းဆန် ရခိုင်ဘောင်အတွင်းက မလွတ်ဖို့အရေးကြီးပါရေ။ ဘောင်ကျော်မလားမသင့်ပါ။ (နန်းဦးကြိုင်) (Nann Oo Krai) နာမည်က ခေတ်လည်းဆန်ရေပိုင် ရခိုင်ဟန်၊ ရခိုင်စတိုင် ပစ်ပစ်နစ်နစ်လည်းကျပါရေ။ ခေတ်ဆန်ချင်ရေလူတိအတွက် (နန်းဦးကြိုင်) (Nann Oo Krai) ကို စံနမူနာယူစီချင်ပါသည်။ ရခိုင်ပေါက်ပေါက်နာမည်နှင့်လည်း ခေတ်ဆန်အောင်၊ ခေတ်မှီအောင်၊ (ခေတ်ထက်သာလွန်အောင်လုပ်နိုင်၏) ဆိုရေ သက်သီသာဓကပါ။ (နန်းဦးကြိုင်) (Nann Oo Krai) နာမည်ရေ ခေတ်မှီရေတောင်မက (ခေတ်ထက်သာလွန်ပါသည်)။ အေနာမည်ချေနှင့်ရာ ၀တ္တုတပုဒ်ရွီးကြည့်ပါ။ မြန်မာစာပီလောကမှာ ဟိုးဟိုးကျော်လားဖို့စွာ သေချာပါသည်။ မြှောက်ပီးစွာမဟုတ်ပါ။ အေနာမည်မျိုးကို အကျွန်ုပ်တခါလည်း မစိုင်းစားမိဖူးပါ။ နာမည်ကိုမြင်မှ အံ့အားသင့်ရပါသည်။ သူ့ကိုယ်သူ ပီးရေနာမည်လား။ သူ့အမိအဖက ပီးရေနာမည်လား။ အကယ်၍ သူ့အမိအဖက ပီးရေနာမည်ဆိုကေ သူ့အမိအဖကို ကောင်းကောင်းကျေးဇူးတင်ရပါဖို့။ အကယ်၍ သူ့ကိုယ်သူပီးရေနာမည်ဆိုကေ သူ့ကို ကောင်းကောင်းကျေးဇူးတင်ရပါဖို့။
နောက်ရုပ်ပျက်ဆင်းပျက် သရုပ်ပျက်နာမည်တိကို ဝေဖန်ပါမည်။ ယင်းနာမည်တိက (ရခိုင်သားတိုင်းကြည့်သင့်ရေ) ဆိုရေ ကိုအေးမောင်တင်ပီးလိုက်ရေ Video ထဲက ရခိုင်သရုပ်ဆောင်မော်ဒယ်လ် ရခိုင်အ၀တ်အစားနှင့် ရခိုင်အက,ကနီကတ်တေ ရခိုင်သမချေတိနာမည်ပါ။ နာမည်တိကို ဗီဒီယိုမှာလည်း မြင်နိုင်ပါသည်။ မည်သည်လောက် အနီအထားဆိုးဝါးနီရေလဲ ခန့်မှန်းလို့ရပါသည်။ (နန္ဒာထွေး၊ ခင်သက်သက်စံ၊ ဒီချိုလွင်) ဟုခေါ်သည်။ ရခိုင့်ယိုင်ကျေးမှုကို ဖော်ထုတ်နီသူများက ဤသို့ဆိုးဆိုးဝါးဝါးဖြစ်နီသည်ဆိုလျှင်မူကား ရခိုင်ညွန့်ဖူးများ၏အနာဂါတ်မှာ မတွေးဝံ့စရာဖြစ်ပါသည်။ ချစ်ဖို့ကောင်းရေ အေရခိုင်သမချေတိမှာ အပြစ်မဟိပါ။ မြန်မာနာမည်ကိုမှ ကိုယ့်သားသမီးတိနဖူးထက်မှာ တံဆိပ်ကပ်ဝံ့ရေ (ဟာရီ) အမိအဖတိမှာ ကောင်းကောင်းတာဝန်ဟိပါသည်။ တနိတရက် ကိုယ်လည်းအမိအဖနီရာ ရောက်လာရေခါ အေပိုင် (ဟာရီ) အမိအဖတိမဖြစ်ကတ်စီဖို့ သတိထားဆင်ခြင်ကတ်ဖို့ စေတနာဖြင့်ဆော်သြလိုက်ရပါသည်။ ဝေဖန်သည်မှာ လွန်ကျွံ့မှုဟိသည်ဆိုပါက Comment Box ကဆင့် တန်ပြန်ဝေဖန်နိုင်ပါသည်။ အေပိုင်လက်ဆင့်ကမ်းအမွီမျိုးက ရခိုင်သားတိစုန်းစုန်းမြုတ်ဖို့ လက္ခဏာဖြစ်သည်။
နောက်ချစ်ဖို့ကောင်းရေ နာမည်ချေတခုက (လုံးလုံး) (Lone Lone)။ မိကျန်လိုက်တေ နာမည်ချေတခုက (စောသဇင်ခိုင်) (Saw Thazun Khine) ဖြစ်ပါရေ။ (ခိုင်ချေ) (Khine Chay) နာမည်လည်း လှပါရေ။ (ခိုင်ခိုင်ချေ) (Khine Khine Chay) ဆိုကေ ပိုလို့လှပါဖို့။
ခေတ်ဆန်ပြီးကေ ရခိုင်ဘောင်လည်းမကျော်လို့ပြောလို့ရရေ နောက်တယောက်က (မြနန်းနွယ်) (Mra Nan Nwe) ပါ။ အေနာမည်ချေက လှလည်းလှရေ ခေတ်လည်းဆန်ပါရေ။ သင်္ကြန်မဏ္ဍပ်နာမည်ပီးလို့တောင်ရပါရေ။ ပြဿနာက (မြ) ကို စာလုံးပေါင်းခါ (Mra) လို့ ကိုယ့်ရခိုင်သံနှင့်မပေါင်းဘဲ (Mya) ဆိုပျာ မြန်မာအသံနှင့် စာလုံးပေါင်းခြင်းဖြစ်ပါရေ။ အထက်မှာပြောခရေပိုင် (ရိုးလှသန္တာ) ကို အင်္ဂလိပ်ပိုင်စာလုံးပေါင်းခါ (Ro Hla Thanda) လို့မပေါင်းဘဲ (Yo Hla Thanda) လို့ပေါင်းလိုက်တေအတွက် ယလောက်လှရေ (ပန်းသန္တာ) နာမည်ရေ (ဇီးယိုထုပ်) ဖြစ်လားရပါရေ။ ထိုနည်းလည်းကောင်း (Mra) ကို (Mya) လို့ စာလုံးပေါင်းလိုက်သောအခါ (မြ) ၏တန်ဘိုးမှာ ယုဂ်ဆင်းလားပါသည်။ နောက် လှလည်းလှ ခေတ်ဆန်ပြီးကေ ဘောင်မကျော်လို့ပြောလို့ရရေနာမည်ချေက (စောနှင်းဇီခိုင်) (Saw Nhunze Khine) ဖြစ်ပါရေ။ (ဖြိုးချေ)(Phro Chay) နာမည်လည်း မဆိုးပါ။ အထူးအဆန်းချေဖြစ်ပါရေ။
စင်္ကာပူမှ မမသန်းရွှေ Comments မှာ ရွီးပို့လိုက်သော လှပသော ရခိုင်နာမည်များအထဲက (စောယိုင်ဖြူ) (Saw Yai Pru) နှင့် (သျှင်ထွီးမေ) (Shun Htwee May)၊ (နှင်းအေးခိုင်) (Nhun Aye Khine) နာမည်များက ပိုလှသည်ဟု ယူဆရ၍ လည်းကောင်းနာမည်များကို ရွီးချယ်လိုက်ပါသည်။ (စောယိုင်ဖြူ) ဆိုသောနာမည်ကိုမြင်မှ အကျွန်ုပ်ရို့မြို့က အစ်မကြီး (ဧယိုင်ဖြူ) ကို သတိရပါသည်။ သူ့နာမည်ကို သတိရခြင်းအကြောင်းက တိုက်ဆိုက်မှုဟိ၍ဖြစ်သည်။ အစ်မ (ဧယိုင်ဖြူ) သည် (မဆလ) ခေတ်မှာ အလွန်တက်ကြွသော အဓိကအမာခံဒေါက်တိုင်ဖြစ်သည်။ အသက်အရွယ်နှင့်မမျှ အရည်အခြင်းဟိသည်။ အပျိုကြီးပါ။ တိုက်ဆိုင်မှုက အစ်မသူက မဆလအမာခံဒေါက်တိုင်လုပ်နီချိန်တွင် သူ့မောင်အရင်းက ပြောက်ကျားခေါင်းဆောင်ဥက္ကဌဖြစ်နီသောကြောင့်ဖြစ်သည်။ အခုသီကျလားပါယာ။ သီမှ ကောင်းကောင်းချီးမွှမ်းကတ်ပါရေ။ အစ်မ (ဧယိုင်ဖြူ) သတင်းကိုတော့ တခုလည်းမကြားသိရပါ။ (ဧယိုင်ဖြူ) နာမည်သည်လည်း ကောင်းကောင်းလှပသော ရခိုင်နာမတခုဖြစ်သောကြောင့် ဤနီရာတွင် ဖော်ပြအပ်ပါသည်။
နောက်ထူးခြားသောနာမည်တခုမှာ အကျွန်ုပ်ရို့အိမ်ရှိ အဘောင်မ (သြဇာဖြူ) ဖြစ်ပါသည်။ (သြဇာဖြူ) ဆိုသောနာမည်မှာ အလွန်ထူးခြားသော ရခိုင်နာမည်ဖြစ်ပါသည်။ ဤနာမည်မျိုးကို ယခုအခါ မကြားဖူးပါယာ။
ဤဆောင်းပါးရွီးနီစိုင်တွင် (အေး) သည်ရခိုင်နာမည်လား၊ မြန်မာနာမည်လားဟူသည့်မီးခွန်းတက်လာပါသည်။ (အေး) အစား (အီး) ကိုအစားထိုးသင့်သည်ဟုဆိုသည်။ ပဇာကြောင့်ဆိုသော် (အေး) ဟူသော မြန်မာစကားကို ရခိုင်တွင် (အီး) ဟူ၍ သုံးသောကြောင့်ဖြစ်သည်ဟု ဆိုသည်။ အမှန်မှာ ရခိုင် (အေး) ၏အဓိပ္ပါယ်မှာ မြန်မာကဲ့သို့ (အေး) ချမ်းသည်ဟုအဓိပ္ပါယ်မရဘဲ (သာယာသည်၊ နာသာသည်) ဟူ၍ အဓိပ္ပါယ်ရပါသည်။ ယခု အကျွန်ုပ်ရို့သုံးနီသော (အေး) ကို ရှိလူကြီးများက (ဧ) ဟု စာလုံးပေါင်းသည်ကို တွိရပါသည်။ (တေးခြင်းဆိုသည် သာခြင်းဆိုသည်) ကို ယခုထိ အနောက်ဘင်္ဂလား၊ ဘိုမင်းထောင်၊ ဖလံထောင်၊ ထရိပူရ ရခိုင်သားများက (ဧ) ဆိုသည်ဟု ပြောဆိုလျှက်ပင်ဟိပါသည်။ တစုံတယောက်သောသူက သာခြင်းဆို၊ တေးခြင်းဆိုတတ်လျှင် “အေသူချေ ကောင်းကောင်း (ဧ) ဆိုတတ်တေ” ဟူ၍ ပြောပါသည်။ ထို့ကြောင့် ရခိုင်နာမည်များ၌တွိရသော (အေး) ၏ အဓိပ္ပါယ်မှာ (သာယာသော၊ နာပျော်စရာကောင်းသော၊ နားဝင်ချိုစီသော) ဟူ၍ အဓိပ္ပါယ်ရပါသည်။
နောက်မိကျန်ခရေနာမည်ချေတိ တွိသိမ့်ရေဆိုကေ ပြန်လည်ဖော်ပြပီးပါမည်။
ကျမ္မာချမ်းသာကတ်ပါစီ။ ဖီးဘယာဝီးကွာလို့ လုပ်တိုင်းအောင် ကြံတိုင်းမြောက်နိုင်ကတ်ပါစီ။
(သာလှဦး)
မြောက်ဦးနန်းတော်ကုန်း
မြောက်ဦးနန်းတော်ကုန်း
-----------------------
မြောက်ဦးမြို့တော် နန်းတော်ကုန်းကို မင်းစောမွန်တည်ဆောက်ခသည်မှာကား မူလနဂိုရ်အားဖြင့် ကုက္ကားတောင်နှင့် တောင်ညိုတောင်နှစ်ခုကို တူးဖြိုညှိလျှက်တည်ခသော ကျောက်ဆောင်ကျောက်သားမြီခံမြီများဖြစ်သည်။ နန်းတော်ကုန်းပတ်လည် စတုရန်းပုံသဏ္ဍာန်ကို ကျောက်အုတ်များဖြင့်တံတိုင်းပြုကာ အမာခံလျှက် ကေဇာသက္ကရာဇ် (၇၉၂) ခု တော်သလင်းလဆန်း (၁) ရက်တလဂုင်္နီနိ၊ ခရစ်သက္ကရာဇ် (၁၄၃၀) ခုနှစ်တွင် မြောက်ဦးခေတ်ထီးနန်းကို စတင်တည်ထောင်သည်။
ပထမဆုံးမြောက်ဦးခေတ်ထီးနန်းတော်ကို မင်းစောမွန်မင်းများလက်ထက် အုတ်တံတိုင်းများဖြင့်သာ အောက်ခြီချလျှက် တည်ဆောက်ခခြင်းဖြစ်သည်။ မြောက်ဦးဒုတိယခေတ် မင်းဗာဘုရင်လက်ထက်ရောက်သောအခါ၌ကား ကျောက်အမာခံတံတိုင်းများဖြင့်ထပ်မံပြီးသော် ခိုင်ခံ့ကြီးကျယ်စွာတည်ဆောက်သည်။
သို့ဖြစ်ပါ၍ ရခိုင်မဟာရာဇဝင်တော်ကြီးလင်္ကာတွင် (စောမွန်ပျင်ပြု၊ မင်းဗာတည်ကေ၊ ရွှေမြောက်ဦး) ဟုလည်းကောင်း။ (မြောက်ဦးမည်သာ၊ မြို့အောင်ချာကို၊ တည်လှာပြုလစ်၊ သက္ကရာဇ်ကား၊ ဒွေးဖြစ်နဝါ၊ သတ္တသာတည်း) ဟူ၍လည်းကောင်း တွိရသည်။
နန်းတော်ကုန်း၏အဆင့်မှာ သုံးဆင့်ဖြစ်သည်။ ထိပ်ဆုံးအမြင့်မှ အောက်ဆုံးအဆင့်ထိပေပေါင်း (၅၀) မြင့်သည်။ တတိယအဆင့်၏ တောင်မှမြောက်သို့ ပေပေါင်း (၁၆၀၆) ပေဟိသည်။ အရှိမှအနောက်သို့ ပေပေါင်း (၁၇၄၀) ပေ ဟိသည်။ တံတိုင်းများအောက်ခြီတွင် ကျောက်သား (၇) ပေထုထည်ဟိသည်။ တံတိုင်းများ၏အထက်ပိုင်းထုထည်မှာ (၄) ပေဖြစ်သည်။ ပထမနှင့် ဒုတိယတံတိုင်းအကွာအဝီးမှာ ပေပေါင်း (၂၃၇) ပေ ရှည်သည်။ အပေါ်ဆုံးအထက် နန်းရင်ပြင်၏အကျယ်အဝန်းမှာ (၆၅၆) ပေကျယ်ဝန်းသည်။ အရှိဘက်အဆင့်တန်းခါးမှ ဒုတိယအဆင့်တန်းခါးသို့ ပေပေါင်း (၂၃၃) ပေဟိသည်။ ၎င်းမှ တတိယအဆင့်တန်းခါးသို့ (၁၆၆) ပေဟိသည်။
အပေါ်ဆုံးအထက်နန်းရင်ပြင်၏ မြောက်မှတောင်သို့ အလျားပေပေါင်း (၆၇၉) ပေ ကျယ်သည်။ တောင်ဘက် တတိယအဆင့်တန်းခါးမှ ဒုတိယအဆင့်တန်းခါးသို့ ပေပေါင်း (၁၃၈) ပေဟိသည်။ ၎င်းမှ ပထမအဆင့်တန်းခါးသို့ ပေပေါင်း (၄၅၀) ကွာဝီးသည်။ တန်းခါးများ၏ဝင်ပေါက်မှာ (၁၀) ပေစီကျယ်ဝန်းသည်။ တံခါးတဘက်တချက်စီ၏ တန်းခါးဘောင်များမှာ
(ဂ) ပေစီ ရှိသို့ထိုးထွက်လျှက် တည်ဟိသည်။ တံတိုင်းများထုထည်အထူမှာ (၇) ပေ (၆) လက်မစီဟိပြီး (၁၂) ပေစီ မြင့်သည်။ တန်းခါးများ၏အတွင်းဘက်နံရံများ၌ မြီကြီးသည် တပေခန့်အကွာ ကျောက်တုံးကြီးများနှင့် (၈) ပေအမြင့်ဟိသော ကျောက်တုံးကြီးတွင် (၅)လက်မဟိသော အပေါက်တပေါက်စီကို ထွင်းလုပ်ပြုပျင်တပ်ဆင်ထားသည်။
ထိုတန်းခါးပေါက်များကို ပိတ်ဖွင့်နိုင်ရန်အတွက် အရှင်တန်းခါးတပ်ဆင်ထားခြင်းဖြစ်သည်။ နန်းတော်၏အနောက်ဘက် ဒုတိယနှင့် တတိယတံတိုင်းအကြားတွင် ကျုံးများဟိသည်။ အရှိတောင်ဘက်တွင် ဗဟိုရ်စည်တော်ထားဟိသော စည်တော်ကိုအချိန်မှန်ယွန်းသော(ယွန်းထောင်) ခေါ် (ရွန်းတောင်) တည်ဟိသည်။ တောင်ဘက်တွင် (ဝယိုင်သာ) ခေါ် (ဥယျာဉ်တော်) ဟိသည်။
နန်းတော်၏အရှိဘက် ဒုတိယအဆင့်တွင် နန်းတွင်းသူနန်းတွင်းသားများသောက်သုံးကုန်သော သောက်ရီကန် (နန်းသားကန်) တည်ဟိသည်။ ယခုအခါ ထိုကန်ကို (နံသာကန်) ဟုခေါ်ဆိုသည်။ ယခုနန်းတော်ကုန်း၏အရှိဘက်ဆင်းလမ်း (နန်းကျောက်လှီကား) နှင့် အနောက်ဘက် နန်းကုန်းအဆင်းလှီကားရို့မှာ ဗြိတိသျှအင်္ဂလိပ်အုပ်ချုပ်စဉ်ကာလ (မြောက်ဦးနန်းတော်ကုန်းအားဖောက်ပြီးသော် ရှိနောက်တောက်လျှောက်ပိုင်းပြီး လမ်းလုပ်ရန်စီစဉ်ခသည်။ တမြို့လုံးကကန့်ကွက်ဆန္ဒပြသဖြင့် လမ်းမဖောက်လုပ်ဘဲရပ်တန့်ကာ ယခင်မင်းဆင်းလမ်းလှီကားကိုပတ်၍ အရှိအနောက်တဖြောင့်တည်း ကျောက်လှီကား (၂) ခုကို တပ်ဆင်ထားခခြင်းဖြစ်သည်။
ရခိုင်မင်းများလက်ထက် နန်းတော်ကုန်းသို့အဆင်းအတက်ကျောက်လှီကား အစစ်အမှန်နီရာများသည်ကား အနောက်ဘက်၌ ယခုပါတီယူနစ်ယုံးဟောင်းအရှိဘက် ကျောက်လှေကားဆင်းလမ်းတခု၊ ၎င်းနှင့် အရှိဘက်သို့တဖြောင့်တည်း နန်းသားကန်တော်ဘက်သို့ဆင်းလမ်း ကျောက်လှီကားတခုဖြစ်သည်။
ရှိမင်းများသည် ဤနန်းတော်ကုန်းသို့ အရပ်လေးမျက်နှာမှ ဆင်းတက်နိုင်စီရန်အတွက် အရပ်လေးမျက်နှာတွင် ကျောက်လှီကားတန်းခါးပေါက် (၄) ခုကို တွိမြင်ကတ်ရမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ရခိုင်မြို့တည် ဗိသုကာကျမ်း၌ဖော်ပြထားသည်မှာ-
(ခုနစ်ရာကိုးဆယ်၊ စွန်းဝယ်နှစ်ဖော်၊ လတော်သလင်း၊ လျှံဝင်းထွန်းညီး၊ ထွက်ပြီးနီတက်၊ ဆန်းတရက်၌၊ မြောက်ဦးမြို့သာ၊ တည်ခြင်းရာကား၊ တောင်ညိုကုက္ကား၊ နှစ်ပါးတူညီ၊ ဘုမ္မိနက်သန်၊ မြီကြန်သင့်ရာ၊ ယင်းသည်မှာလည်း၊ အကာအင်းသီး၊ ထားတုံပြီးမှ၊ တည်ထမြို့နန်း၊ ကန်စန်းကန်လဂ်၊ တထောင်ဘက်ကို၊ မပျက်ထိုရော်၊ ဆက်တက်သော်ကား၊ အရာထောင်သောင်း၊ ကျိန်းခန်းအောင်း၏) ဟူ၍ပင်လျှင် ပါဟိသည်။ ဤမြောက်ဦးမြို့နန်းတော်ကုန်းကို တံတိုင်းသုံးတန် ဝိုင်းကာရံလျှက် ထိုတံတိုင်းများအကြားတွင်လည်း ကျုံးတော်များထားဟိသည်။
မြို့တံတိုင်းများအထက်ဝယ်လည်း မြင်းစီးသူရဲဗိုလ်ပါများစီးနင်းလားလာလှုပ်လျှားနိုင်အောင် စီမံပြုလုပ်ထားသည်။ မြို့ကျောက်တန်းခါးများကိုလည်း ခိုင်လုံစွာဖြင့် ခမ်းနားကြီးကျယ်စွာ တည်ဆောက်စီမံထားခသည်။ ထို့ကြောင့် မြောက်ဦးမြို့တော်ကြီးသည် ထိုအချိန်ထိုအခါက အိမ်ခြီပေါင်းများစွာနှင့် ကြက်ပျံမကျစည်ကားခသည်။ သို့ဖြစ်ပါ၍ ခရစ်အေဒီ (၁၅) ရာစုမှ (၁၆) ရာစုထိကာလအတွင်း အလွန်ချမ်းသာကြွယ်ဝသော ကမ္ဘာ့အဆင့်မှီ သမိုင်းတွင်ထင်ရှားသော (The City Of MraukK Oo) မြို့ကြီးတမြို့ဖြစ်ပေတော့သည်။
ဓညဝတီဦးအောင်ဇေယျ
(သမိုင်းသုတေသီ)
အငြိမ်းစားကျောင်းဆရာကြီး
မြောက်ဦးမြို့
ဘုံပန်းတိုင်
ဘုံပန်းတိုင်
----------------
အကျွန်တော် ရခိုင်လူမျိုးပါ။ ဂိုးချေ ရခိုင်လူမျိုးပါ။ မေးချေ ရခိုင်သမပါ။ အကျွန်တော် မြောက်ဦးမှာနီပါရေ။ ဂိုးချေ ရမ်းဗြဲမှနီပါရေ။ မေးချေ မာန်အောင်မှာနီပါရေ။ အကျွန်တော်ရို့ မြောက်ဦးမှာပင်နီနီ၊ သံတွဲမှာပင်နီနီ၊ ရမ်းဗြဲမှာနီနီ၊ မန်အောင်မှာနီနီ၊ ကျိန္တလီမှာနီနီ၊ ရခိုင်သားတိုင်း ရခိုင်ပြည်ကိုချစ်ပါရေ။ ရခိုင်ပြည်၊ ရခိုင်မြီ၊ ရခိုင်ရီ၊ ရခိုင်သား၊ ရခိုင်သမတိကို အကျွန်တော်ရို့အားလုံး ချစ်ကတ်ပါရေ။
အကျွန်တော်စာရွီးပါရေ။ ဂိုးချေ ပိုက်ချပါရေ။ ဘေးဘေ လယ်ထွန်ပါရေ။ မေးချေ ထမင်းချက်ပါရေ။ ထိုကုလေချေ ခြံချပါရေ။ အသူက ဇာအလုပ်ပင်လုပ်လုပ် အားလုံးရခိုင်သားတိပါ။ အားလုံးရခိုင်ပြည်၊ ရခိုင်မြီ၊ ရခိုင်ရီ၊ ရခိုင်သွီးကို ချစ်ကတ်ပါရေ။
လယ်သမားဂိုးချေက လယ်ထွန်ပါရေ။ လယ်သမားတယောက်၏မျှော်မှန်းချက်ရေ စပါးအများကြီးထွက်ဖို့။ ဖေသာအများကြီးရဖို့။ မိသားစုပြေလည်ဖို့ဖြစ်ပါဖို့။ ပိုက်သမားဘေးဘေး ပိုက်ချပါရေ။ ရည်ရွယ်ချက်က ငါးအများကြီးရဖို့။ ဖေသာအများကြီးရဖို့။ သူ့မိသားစု ပြေလည်ဖို့ဖြစ်ပါရေ။
ယင်းပိုင်ယှောင်ပင် ကျောင်းဆရာတိ၊ ပန်းရံဆရာတိ၊ လက်သမားဆရာတိ၊ ကူလီထမ်းနီရေလူတိ စရေအားလုံးမှာ ကိုယ်စီရည်မှန်းချက်တိ ဟိကတ်ပါဖို့။ ယင်းချင့်ရေ သဘာဝလည်းကျ၊ အဓိပ္ပါယ်လည်းဟိပါရေ။ ဘ၀အစိတ်အပိုင်းချေတိဖြစ်ပါရေ။ ယေတာလည်း လက်ဟိ အကျွန်တော်ရို့ ရခိုင်သားတိမှာ ရခိုင်လူမျိုးရို့၏ လက်ဟိလူမှုရေး၊ နိုင်ငံရေး၊ စီးပွါးရေး၊ အနီအထားအရပ်ရပ်အရ ယင်းဆန္ဒတိ၊ မျှော်မှန်းချက်တိကို အသက်ရှင်သန်ရေးလိုအပ်ချက်၊ သာမန်မျှော်မှန်းချက်ချေတိရာ ဖြစ်သင့်ပါရေ။ မိမိရို့မိသားစုတစု ယင်းဆန္ဒချေ မျှော်လင့်ချက်ချေတိပြည့်စုံရုံနန့် အကျွန်တော်ရို့ချစ်ပါရေဆိုရေ ရခိုင်ပြည်၊ ရခိုင်မြီ၊ ရခိုင်ရီ၊ ရခိုင်အမျိုးသားရေးတိအတွက် မပြည့်စုံနိုင်ပါ။
ယေကေ ဂိုးချေက မီးချင်ပါဖို့။ လယ်သမားတိအားလုံးထပနာ ပညာရေးဖောင်းဒေးချန်း ထောင်ရဖို့လား။ လက်သမားဆရာတိ မိသားစု ထမင်းအငတ်ခံပနာ လူမှုရေးလုပ်ရဖို့လား။ နိုင်ငံရေးလုပ်ရဖို့လား။ တော်လှန်ရေးလုပ်ရဖို့လား။ ပါတီထောင်ရဖို့လား စသည်ဖြင့် မီးချင်ကတ်ပါလိမ့်မည်။ ယင်းပိုင်မီးကေ ကျေးဇူးကောင်းကောင်းတင်ပါရေ။ ယင်းမီးခွန်းကိုဖြေချင်လို့ အကျွန်တော် စကားခေါ်စွာပါယေ။
ရခိုင်လယ်သမား စပါးရဟိရေးရည်မှန်းစွာ မှန်ပါရေ။ ယေတာလည်း ယင်းရည်မှန်းချက်ရေ လယ်သမားတယောက်၏ ရည်မှန်းချက်ရာ ဖြစ်ပါရေ။ ယင်းရည်မှန်းချက်အပြင် ရခိုင်သားတယောက်အနီနန့် ဘုံရည်မှန်းချက်တခု ဟိကတ်ရပါဖို့။
ရခိုင်တံငါသည် ဂိုးချေအတွက် ငါးအများကြီးရဟိရေးရေ မှန်ပါရေ။ ယေတာလည်း ယင်းရည်မှန်းချက်ရေ တံငါသည်ဂိုးချေတယောက်အနီနန့် ရည်မှန်းချက်ရာဖြစ်ပါရေ။ ယင်းရည်မှန်းချက်အပြင် ရခိုင်သားတယောက်အနီနန့် ဘုံရည်မှန်းချက်တခု ဂိုးချေမှာ ဟိရပါဖို့။ ရခိုင်သား ဘေးဘေဆရာဝန်တယေက်ရေ ဆီးများများကုရဖို့။ လူများများကယ်နိုင်ရဖို့။ ဖေသာများများစုမိဖို့ဆိုရေ ရည်မှန်းချက်ရေ ဆရာဝန်တယောက်အနီနန့်ထားရဖို့ ရည်ရွယ်ချက်ချေတခုရာဖြစ်ပါရေ။ ယင်းရည်မှန်းချက်အပြင် ရခိုင်သားတယောက်အနီနန့် ရည်မှန်းချက်တခု ဟိကတ်ရပါဖို့။
အကျွန်တော်အတွိအကြုံချေတခုကို အေနီရာမှာ ဥပမာအဖြစ်တင်ပြချင်ပါရေ။ တခါက အကျွန်တော်မြောက်ဦးကို ရောက်ပါရေ။ မြောက်ဦးမှာ သျှစ်သောင်း၊ ကိုးသောင်းစရေ ဘုရားတိမရွီနိုင်အောင် ဟိရေနီရာမှာ ကိုးသောင်းပုထိုးတော်ကြီးမှာ လွန်ခရေနှစ်ပေါင်းများစွာကပင်ပြိုကျပနာ တောင်ကုန်းပိုင်ဖြစ်နီစွာ နှစ်ပေါင်းရာချီဟိပါပျာ။ အခု ကိုးသောင်းကိုပြန်ပျင်ဖို့ ဗိသုကာအဖွဲ့တချို့ ကြိုးပန်းနီကတ်ပါရေ။ တချို့ ပန်းရံလုပ်နီကတ်ပါရေ။ အချို့ ကျောက်ဆတ်နီကတ်ပါရေ။ တချို့ သဲဗန်းထမ်းနီကတ်ပါရေ။ ယင်းပိုင်ဆိုင်ရာဆိုင်ရာလုပ်နီရေ လုပ်သား (၂၀) လောက်ဟိပါရေ။
အကျွန်တော် လေ့လာစူးစမ်းချင်လို့ ကျောက်ဆတ်နီရေလူအနားကိုကပ်ပနာ (ဂိုးချေ အစွာလုပ်နီရောင်) လို့ မီကြည့်ပါရေ။ သူအဖြေက (အကျွန်တော် ကျောက်ဆတ်နီပါရေ) လို့ ဖြေပါရေ။ ယင်းနည်းလည်းကောင်း ပန်းရံဆရာကို မီးကြည့်မှာလည်း (ကျောက်စီနီရေ) လို့ ဖြေပါရေ။
ယင်းအဖြေတိရေ မမှန်လားဆိုကေ ကျောက်ဆတ်သမားတယောက်အတွက် ပန်းရံဆရာတယောက်အတွက် သွီးထွက်အောင်မှန်ပါရေ။ ယေတာလည်း ဘုရားတည်ဆောက်နီရေ ဗိသုကာအဖွဲ့ဝင်တယောက်အနီနန့်ဆိုကေ ယင်းထက်မျှော်မှန်းချက်ကြီးရေအဖြေမျိုးကို ပီးစီချင်ပါရေ။ အကျွန်တော်လိုချင်ခရေ အဖြေက (အကျွန်တော် ကိုးသောင်းပုထိုးတော်ကြီးကို ပြန်လည်တည်ဆောက်နီပါရေ) ဆိုရေအဖြမျိုးဖြစ်ပါရေ။
ကျောက်ဆတ်သမား ကျောက်ဆတ်စွာပင်ဖြစ်ဖြစ်၊ ပန်းရံဆရာ ပန်းရံလုပ်စွာဖြစ်ဖြစ်၊ ရခိုင်သမချေဂေါင်းမှာ ဗန်းတင်ပြီးကေ သဲထမ်းနီစွာပင်ဖြစ်ဖြစ် ဗိသုကာအဖွဲ့ဝင်တိုင်း၏ဘုံရည်မှန်းချက်တခု ဟိရပါဖို့။ ယင်းချင့်ကတော့ခါ ကိုးသောင်းပုထိုးတော်ကြီး ပြန်လည်တည်ဆောက်ခြင်းဖြစ်ပါရေ။
အေနီရာမှာ အကျွန်တော်တင်ပြချင်စွာက ကျောက်ဆတ်သမားရေ မိမိကိုယ်ကို ကျောက်ဆတ်နီရေလို့မမြင်ဘဲ ကိုးသောင်းပုထိုးတော်ကြီးကို ပြန်လည်တည်ဆောက်နီရေလို့ ခံယူထားစီချင်ပါရေ။ ထို့အတူ ပန်းရံဆရာကိုလည်း ခံယူစီချင်ပါရေ။ သဲဗန်းထမ်းနီရေ ရခိုင်သမချေကိုလည်း ငါ ကိုးသောင်းပုထိုးတော်ကြီးကို ပြန်လည်တည်ဆောက်နီရေလို့ ခံယူထားစီချင်ပါရေ။ ကိုးသောင်းပုထိုးတော်ကြီး ပြန်လည်တည်ဆောက်ရေးသည်ပင် ဗိသုကာအဖွဲ့ဝင်တိုင်း၏ဘုံပန်းတိုင်ဖြစ်ပါရေ။
အခြားဥပမာတခုပီးပါမည်။ အကျွန်တော်ရို့ဘုန်းကြီးကျောင်မှာ ကုသိုလ်လုပ်တေခါ ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထဘာနာကုသိုလ်စသဖြင့် ကုသိုလ်အမျိုးမျိုးလုပ်ကတ်တေနီရာမှာ ဒါနမျိုးစိအလိုက်၊ သီလမျိုးစိအလိုက်၊ ဘာဝနာအင်အားအလိုက် လူချမ်းသာ၊ နတ်ချမ်းသာစရေ ကိုယ်လိုချင်ရေဘ၀ချမ်းသာအမျိုးမျိုးကို လိုချင်ဆန္ဒနန့် ဆုအမျိုးမျိုးတောင်းကတ်ပါရေ၊ ယင်းချင့်ရေ အလှူသျှင်တဦး၏ သာမန်ဆုတောင်းမျိုးဖြစ်ပါရေ။ သို့သော် အလှူသျှင်တဦးအနီနန့် ဇာဆုပင်တောင်းတောင်း ဗုဒ္ဓဘာသာဝင်တယောက်အနီနန့် အဆုံးစွန်သောဆုမှာ နိဗ္ဗာန်ဆုဖြစ်ပါရေ ဇာပင်လှူလှူ နိဗ္ဗာန်ဆိုရေပန်းတိုင်ကိုမျှော်မှန်းပြီးကေ လှူနီရေလို့ခံယူထားမှ ဗုဒ္ဒဘာသာဝင်ဖြစ်နိုင်ပါဖို့။ နိဗ္ဗာန်ရေ ဗုဒ္ဓဘာသာဝင်တိုင်း၏ ဘုံပန်းတိုင်ဖြစ်ပါရေ။
ယေတွက်တာနန့် အကျွန်တော်ရို့ ရခိုင်သူရခိုင်သားတိရေ-
လယ်ပင်ထွန်ထွန်၊ ပိုက်ပင်ချချ၊ နွားပင်ကျောင်းကျောင်း၊ ကျောင်းဆရာဖြစ်ဖြစ်၊ အင်ဂျင်နီယာဖြစ်ဖြစ်၊ ဘုန်းကြီးဖြစ်ဖြစ်၊ စက်ခြုပ်သမဖြစ်ဖြစ်၊ ဆရာဝန်ဖြစ်ဖြစ်၊ လက်သမားဖြစ်ဖြစ်၊ လူမှုရေးပင်လုပ်လုပ်၊ မိမိ၏လုပ်ငန်းတိုးတက်အောင်မြင်ရေး၊ မိသားစုဘ၀ရည်မှန်းချက်ပန်းတိုင်ပြည့်ဝရေးအပြင် ရခိုင်သားတယောက်အနီနန့် ရခိုင်လူမျိုးရို့၏ဘုံပန်းတိုင်တခုကိုလည်း ဦးတည်ထားကတ်ဖို့ တင်ပြလိုက်ပါရေ။
ထွန်းအောင်ကျော် (မလေးသျှား)
(27/12/2008)
သျှင်မြ၀ါ
သျှင်မြ၀ါ
---------------------
မြောက်ဦးနန်းစံ၊ ဘုရင်မင်းဗာဘုရင်ကြီးသည် မင်းဆရာဖြစ်သော သျှင်မြဝါအား ရည်မှန်းလျှက်ထိုဆရာမြတ်၏အရိုးကို မြီအောက်ဌာပနာထားတော်မူလျှက် တောင်ထွဋ္ဋ်တခုပေါ်၌ ကြီးစွာသော စေတီကြီးတဆူကို တည်ထားတော်မူသည်။ ထိုဆရာကြီးဦးမြဝါ၏ကျန်ရစ်သောပစ္စည်းများနှင့် ရွှေငွေရတနာများကို ဌာပနာထည့်ကာတည်ထားခသဖြင့် ထိုတောင်ကို ကနိထိတိုင် မြဝါတောင်ဟုလည်းကောင်း၊ မြဝါစေတီဟုလည်းကောင်းခေါ်တွင်သည်။
ဆရာကြီးသျှင်မြဝါမှာ ရသေ့ယောဂီတဦးဖြစ်သည်။ ရခိုင်ရာဇဝင်သမိုင်းတွင် ထင်ရှားသော မင်းမျိုးမင်းနွယ်မှ ပုဂ္ဂိုလ်တဦးဖြစ်သည်။ မဇ္ဈိမဒေသ၌ လောကီပညာအမျိုးစုံကို ဗာရဏသီမြို့တော်၌လည်းကောင်း၊ မိဂတာဝုန်တောဟိ ဆရာဗိဿနိုးထံတွင်လည်းကောင်း၊ နှစ်ပေါင်း(၂၀) တိုင်အောင်လောကီပညာရပ်များကို တတ်မြောက်ပြီးသော် မိမိရခိုင်ပြည်ကြီးသို့ပြန်လာကာ မြောက်ဦးမြို့၏မြောက်ဘက် တောင်ညိုကျောင်းတိုက်ဝယ် (နမန္တာ ဓားကျမ်း) ကြီးကို ပြုစုရွီးသားခသော ပုဂ္ဂိုလ်ထူးတဦးဖြစ်သည်။
သျှင်မြဝါ၏ဖခင်မှာ စိုင်းတင်မြို့စား (မဟာနန္ဒသင်္ကြန်) ဖြစ်သည်။ မယ်တော်မှာ (ဆင်ကဲကြီး ဦးအောင်ထင်နှင့် စောသန္တာ) ရို့၏သမီးတော် (ဇေယျခေမာ) ပင်ဖြစ်သည်။ သျှင်မြ၀ါ၏မွီးဖွားသက္ကရာဇ်မှာ (၈၅၄) ခု၊ ဝါခေါင်လပြည့် ကြသားပတီးနိ၊ မိုးထက် အချိန် (၄) ဗဟိုရ်တွင် ဖွားမြင်တော်မူသည်။ ငယ်စဉ်အခါက (မောင်မြဝါ) ဟုခေါ်တွင်သည်။ မယ်တော်ကြီး ဇေယျခေမာ၏အစ်မတော် (စေနန္ဒီ) နှင့် (မင်းရာဇာ) ရို့မှ သက္ကရာဇ် (၈၅၄) ခုနှစ် ဝါခေါင်လပြည့်ကျော် (၃) ရက် စနီနိတွင် (မင်းဗာဘုရင်) ကိုဖွားမြင်တော်မူသည်။ ထို့ကြောင့် (သျှင်မြဝါ) နှင့် (မင်းဗာ) ဘုရင်မှာ ညီအစ်ကိုတော်စပ်သည်။
မဟာပညာကျော်အမတ်၏ငယ်နာမည်မှာကား (မြတ်သာထွန်း) ဖြစ်သည်။ ၎င်းကို သက္ကရာဇ် (၈၅၀) ခုနှစ်တွင် ဖွားမြင်သည်။ သို့ကြောင့် သျှင်မြဝါ၊ မင်းဗာကြီး၊ မဟာပညာကျော်ရို့မှာ ငယ်သူငယ်ချင်းများဖြစ်သည်။ ထိုသုံးဦးစလုံးသည် ငယ်စဉ်အခါက မြောက်ဦးမြို့တော် တောင်ညိုကျောင်းတိုက် (အဂ္ဂစိန္တေယျ) ဆရာတော်ထံတွင် ပညာသင်ကြားပြီးနောက် အသက် (၁၆) နှစ်လွန်သောအခါ မဇ္ဈိမဒေသသို့လားရောက်ပြီး (ဗာရာဏသီ) မြို့တွင် ပညာအတူသင်ကြားသည်။ မင်းဗာကြီးနှင့် မဟာပညာကျော်ရို့မှာကား ပညာသင်ကြားကြပြီးနောက် ရခိုင်ပြည်မြောက်ဦးမြို့တော်သို့ ပြန်လာလတ်ကတ်သည်။
သျှင်မြဝါမှာမူကား မပြန်နိုင်သိမ့်ဘဲ ဗာရာဏသီမြို့တော်မှတဆင့် မိဂတာဝုန်တောဟိ သီရိဗိဿနိုးရသေ့ကြီးထံတွင် ရသေ့ဘဝအဖြစ်ဝင်ရောက်ကာ ထက်မံလျှက် ပညာသင်ကြားနီလီသည်။ သျှင်မြဝါမှာ အင်းအိုင်မန္တာန်နှင့် အမျိုးမျိုးသော လောကီပညာရပ်များကိုတတ်မြောက်ကာ ရသေ့အဝတ်ဖြင့် ရခိုင်ပြည်မြောက်ဦးမြို့တော်သို့ ပြန်ရောက်လာသည်။
မြို့တော်သို့ပြန်ရောက်ပြီးသည်နောက် တနိသောအခါ နန်းတော်ညီလာခံသို့ဝင်လီပြီးသော် မင်းဗာဘုရင်အား လက်ကိုင်တုတ်တော်ဖြင့်ချိန်ရွယ်လျှက် (သင်မင်းကြီး ယောက်ျားလော၊ မိမ္မလော၊ ငါကားအမှန် မိမ္မမြင်သည်) ဟုသုံးကြိမ်ဆိုကာ နန်းတော်မှ ထွက်ခွာလားသည်။ ဘုရင်မင်းမြတ်သည်လည်း အရှက်ရ၍ အမတ်အပေါင်းနှင့်တိုင်ပင်လတ်သော် မဟာပညာကျော်အမတ်ကြီးက လျှောက်ထားသည်မှာ သျှင်မြဝါ၏ဆိုလိုရင်းစကားအကြောင်းရင်းကား ယောက်ျားပီပီ ဘီးလောင်းတော်များလက်ထက်က သူရတန်မင်းအား ပီးအပ်ခရသည့် ဘင်္ဂလားနယ်ကို ပြည်လည်တိုက်ခိုက်သိမ်းယူထိုက်ကြောင်း မဟာပညာကျော်အမတ်ကြီးက လျှောက်တင်လီသော် မင်းကြီးလည်းအားရတော်မူ၍ မဟာပညာကျော်အား စစ်အင်္ဂါရပ်များကိုစီမံစီကာ ကုန်းတပ်ရီတပ်ခိုင်စွာဖွဲ့လျှက် မြောက်ဦးမြို့တော်ကြီးကိုလည်း တံတိုင်း၊ကျုံးမြောင်းခိုင်စွာတည်ဆောက်ပြီးစီးစီပြီးသော် ရီတပ်ဗိုလ်ချုပ်အဖြစ် သားတော်မင်းဖလောင်းအား ခန့်အပ်လျှက် မယုံခြုံစား ဝိမလပညာဟိအား ကြည်းတပ်နှင့်တကွ စစ်ချီထွက်ဦးစီးတော်မူသည်။
ထိုအခါ သျှင်မြဝါလည်းဝမ်းမြောက်စွာဖြင့် သေနင်္ဂဗျူဟာခင်းစီကာ စီမံပီးလီသဖြင့် လူတဦးတယောက်မျှမသီကုန်ဘဲ ကုလား၏စစ်ကို အလွယ်တကူအောင်နိုင်တော်မူသည်။ ထိုကဲ့သို့ စစ်အောင်မြင်ပြီးနောက် ကုလားမင်း၏သမီးတော် (ပဲသီတာ) အားဆက်သလီသဖြင့် အနောက်မိဖုရားအဖြစ်မြှောက်စားတော်မူကာ စစ်ကိုတန့်ထားရာနီရာဒေသဖြစ်သော (စစ်တန့်ကောင်း) ယခုအခါ (စစ်တကောင်း) ၌ ထီးနန်းဆောက်ကာ စိုးစံတော်မူသည်။ သက်တော် (၄၁) နှစ်တွင် မင်းဗာဘုရင်လည်း ဗုဒ္ဓဂယာ၌ ဗုဒ္ဓရုပ်ပွားတော်ပတ်လည် (၄၁) ဆူဖြင့် (သက်တော်စိဘုရား) စေတီတော်တဆူတည်တော်မူသည်ဟူ၏။
မင်းဗာဘုရင်မင်းမြတ်သည် မဇ္ဈိမဒေသတွင် စေတီပုထိုးကျိုးပျက်စီးများမှရရှိသော ဘုရားရဟန္တာရို့၏ဓာတ်တော်သျှစ်သောင်းကို ရွှေငွေပတ္တမြားစီသော ရတနာကြုတ်ကို မင်္ဂလာအုတ်တော်၌ထည့်လျှက် ရခိုင်ပြည်မြောက်ဦးနန်းတော်သို့ ဆောင်ယူလာလတ်ပြီးလျှင် နန်းတော်အတွင်း ဘုရားနန်းပြဿဒ်ဆောင်ဖြင့် ကိုးကွယ်ထားဟိသည်။ မကြာမှီ ဓာတ်တော်များကွန့်မြူး၍ နန်းမီးလောင်သကဲ့သို့ လူများစွာရို့သည် အဝီးကမြင်ကတ်ရ၍ ဟိုးဟိုးကျော်ကျော်ဖြစ်ကုန်သည်။ သို့နှင့် ဆရာကြီးသျှင်မြဝါ၏အစီအမံဖြင့် နန်းတော်မြောက်ဘက် ဖိုးခေါင်တောင်ကလပ်ဝယ် သျှစ်သောင်းသောဓာတ်မွီတော်ရို့အားဌာပနာ၍ ကြီးစွာသောပုထိုးတော်ကြီးတဆူတည်တော်မူ၍ ရန်အောင်ဇေယျ (ခေါ်) သျှစ်သောင်းပုထိုးတော်ကြီးဟုခေါ်တွင်သည်။
ဆရာကြီးသျှင်မြဝါသည် မြောက်ဦးမြို့သက်ကို အနှစ် (၁၀၀၀) ရှည်စီခြင်းငှာရည်ရွယ်လျှက် အတိတ်နိမိတ်ခန်းရို့အားတွက်ချက်၍ ဓာတ်လားဓာတ်လာသင့်စီပြီးသော် အင်းအိုင်မန္တရားစီမံလျှက် ပြီးစီးသောအခါ ကြသားပတီးနံတခု အလောလောလိုနီသဖြင့် ရှာဖွေကကြန့်ကြာမည်ဖြစ်သောကြောင့် ငါပင်လျှင် (ကြသပတီးသားတည်း) ဟုဆိုကာ မိမိရင်အုံတော်အား ဓားနှင့်ခွဲကာ အူကိုထုတ်လျှက် မြို့ကွန်ချာတိုင်တွင်ရစ်ပတ်စီပြီးသော် ငါ့အား (သီဆုံးသည့်နီရာ၌ပင် မြှပ်ကုန်လော့) ဟု မိန့်မှာလျှက် သီဆုံးလားသည်။
ဘုရင်မင်းဗာကြီးသည် ထိုစကားကိုနားမထောင်ဘဲ ငါ၏ဆရာကို ခွီး၊ ဝက်ကဲ့သို့ မမြှုပ်နိုင်၊ ပွဲသဘင်ကျင်းပပြီး ရထားပန်းယာဉ်ဆွဲလျှက် သင်းဂြိုဟ်လီသောကြောင့် ရခိုင်ပြည်သည် ယိမ်းယိုင်ပျက်စီးခြင်းသို့ရောက်ရသည်ဟု ဆိုစမှတ်ပြုလတ်သည်။
ဆရာကြီးသျှင်မြဝါသီဆုံးလားသောနီရာမှာ (မြို့ကွန်ချာတိုင်စိုက်ထူရာ မြင့်မြတ်သောမြီ၊ ယခုအခါ ရွှေဂူတောင်ရွာထဲတွင်ဟိသည်။ ထိုနီရာတွင် သျှင်မြဝါစီမံထားသော အင်းတချပ်ထားဟိသည်။ ၎င်းအပြင် သျှင်မြဝါ၏ရုပ်ထုကိုလည်း ထုထစ်ထားဟိသည်။
ထိုနီရာ၏မြောက်ဘက်တောင်ထိပ်တွင် သျှင်မြဝါစေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်သည်။
(မည်သည့်ကျမ်းကိုအကိုးအကားပြုသည်ကို ဖော်ပြထားခြင်းမဟိ။ သို့သော် ဖတ်၍ကောင်းသဖြင့် ဖော်ပြပီးလိုက်ပါသည်။)
ရခိုင်တော်လှန်ရေးနိဒါန်း
ရခိုင်တော်လှန်ရေးနိဒါန်း
------------------------------
မဟာဝိဟိံက မော်ကွန်းလင်္ကာ
------------------------------
မဟိရန်သူ၊ ဖက်မပြူသား၊ သုံးလူထွဋ်ထား၊ မြတ်ဘုရား၏၊ ကိုယ်စားရုပ်ဝါ၊ ခြောက်ရောင်ဖြာ၍၊ မဟာမုနိ၊ ဘုရားကြီးကို၊ ညွတ်ပြီးကော်ရော်၊ ရှိပူဇော်၍၊ ပင့်ခေါ်ပြီးမှ၊ ရက္ခပူရ၊ နန်းမဒေ၀ီ၊ မဟေသီနှင့်၊ အညီယဿ၊ ရံမောင်းမကို၊ ယူကြစုပြီ၊ ဆောင်ယူလီ၏။ သင့်နီဌာန၊ ရပ်ဒေသ၌၊ စောင့်ထပြီးခိုင်၊ လက်နက်ကိုင်ရို့၊ အနိုင်ပြုလျှင်း၊ ရဲမက်ချင်း၏၊ မြို့တွင်းမှန်သား၊ မြို့ပြင်များနှင့်၊ တိုင်းကားရပ်ဌံ၊ နာဂရံဟု၊ နိုင်ငံအပေါင်း၊ တောမြို့ကောင်း၌၊ ပုန်းအောင်းနီငြား၊ ရခိုင်သားကို၊ ယောက်ျားမိမ္မ၊ မလွတ်ရအောင်၊ ချိုင်နှောင်တန်းလန်း၊ ကျွဲနွားဖမ်းသို့၊ လိုင်ဂုတ်ကိုဖြတ်၊ အသီသတ်၏၊ ချောမွတ်ရူပ၊ မိမ္မလှကို၊ ပဉ္စအာရုံ၊ ကာမဂုဏ်ဖြင့်၊ မြူးတူးစိမ့်ငှာ၊ ယူကြပါ၏။ သူနာသူအို၊ ကျိုးကန်းကိုကား၊ မလိုပိတ်ထား၊ တိုက်လုပ်ငြား၍၊ သွင်းထားအပြည့်၊ ယမ်းဆီးထည့်လျှက်၊ မြိမြေ့ညက်ကြီ၊ မီးတိုက်စီ၏၊ သီလီမကြွင်း၊ လူခပင်းရို့၊ ချင်းချင်းနွီးနွီး၊ ကနိမွီးသား၊ သားထွီးသားငယ်။ အပုချေရို့၊ ပြုံးရယ်ရွှင်ဘိ၊ မှည်မသိကို၊ မွီးမိထံက၊ ယူပြီးမှလျှင်၊ လက်နှင့်ကိုင်မြှောက်၊ ကောင်းခင်ရောက်က၊ အောက်ကတဖန်၊ ဓါးကိုလှန်၍၊ ခံပြန်ပြီးခါ၊ ပြုသည်မှာကြောင့်၊ ကျကာမလွဲ၊ ရဲရဲသွီးစက်၊ အအူထွက်၏၊ တချက်မြီ၌၊ လှံကိုစိုက်၍၊ ခံလိုက်တံကျင်၊ ရင်က၀င်၏။ နှစ်လိုပျော်ပါး၊ သားမယားကို၊ ပေါင်းကြအတူ၊ မထားမူဘဲ၊ ဆွဲယူရိုက်သတ်၊ နားကြိုးတပ်လျှက်၊ ပူးပြွတ်ချိုင်နှောင်၊ ကြက်ကိုလှောင်သို့၊ ပုံဆောင်ပမာ၊ ယူကြပါ၏၊ များစွာခွတ်ထစ်၊ သတ်၍ပစ်လျှက်၊ အချစ်ဝါသနာ၊ မဟိပါငြား၊ ပျူအောက်သားသည်။ စကားမုသာဝါဒီတည်း --။
ပုံဘိတောင်နှယ်၊ ကောင်ပုတ်ဝယ်ကား၊ လူငယ်တသောင်း၊ လူကြီးပေါင်းမူ၊ သျှစ်သောင်းအစွန်၊ တသိန်းလွန်၏၊ အမှန်ယင်းခါ၊ သီလီပါ၏၊ သိမ်းကာယူထ၊ ပြည်အင်းဝသို့၊ ပါရလီငြား၊ လူယောက်ျားနှင့်၊ မပြားမှန်ထ၊ လူမိမ္မကို၊ တွက်ချရွီသော်၊ နှစ်သိန်းကျော်၏၊ ကြားသော်မြင်ခါ၊ ကြောက်ဖွယ်သာတည်း၊ ဒွါရာသံတွဲ၊ မြို့ရမ်းဗြဲနှင့်၊ မြစ်တဲဝန်းမြောင်၊ ကျွန်မာန်အောင်၌၊ ဖမ်းနှောင်ချိုင်လျှင်း၊ ယူလီခြင်းကို၊ သတင်းစကား၊ နားသာကြား၏၊ မှတ်သားတထစ်၊ ရွီတွက်စစ်၍၊ တစ်နှစ်သုံးလေး၊ စာနှင့်ရေးပြီး၊ ပီးသူမဟိ၊ ဖြစ်လီဘိခြင်း၊ ဇိဝင်္သခါ၊ ယုံမှားစွာဖြင့်၊ ဆိုရာစကား၊ ကျယ်ဝန်းလျှား၏၊ သီလားအကောင်၊ ဖူးဖူးရောင်၍၊ ပုပ်ဟောင်နံစော်၊ ရုပ်ခန္ဓာကို၊ ကာကာလင်းတ၊ သိန်းစွန်မှသည်၊ ခွီးကစလျှက်၊ ကျားသစ်ဝက်ရို့၊ လုယက်ဖန်ဖန်၊ ကိုက်စားဟန်ကို၊ ကျန်လူအများ၊ မြင်လီငြားမူ၊ ဘုရားတရား၊ သံဃာများကို၊ အားကိုးပြီးခါ၊ မြည်တမ်းပါ၍၊ ငိုခါရွီရွတ်၊ နဖူးသတ်သည်၊ ရင်ဖတ်လက်တင်ခတ်တီးတည်း --။
ရခိုင့်တော်လှန်ရေးနိဒါန်း (ပထမပိုင်း)
(ရခိုင်ရာဇ၀င်သစ်ကျမ်းမှ ကောက်နှုတ်ဖော်ပြပါသည်။)
ကုန်းဘောင်မင်းဆက် မြန်မာဘုရင်ဘိုးတော်င၀ိုင်း၏သားတော် အိမ်ရှိငဥပရာဇာဦးစီး၍ ရာမရကန်ငတိုးလိုက်ပါသော မြန်မာကျူးကျော်သူနယ်ချဲ့ရို့သည် လွတ်လပ်သော အချုပ်အချာအာဏာလက်နက်ပိုင် ရခိုင်နိုင်ငံတော်ကြီးအား ရခိုင်သက္ကရာဇ် (၁၁၄၆) ခု ပြာသိုလဆုတ် (၇) ရက် စနီနိ။ ခရာဇ်သက္ကရာဇ် (၁၇၈၄) ခု ဒီဇင်ဘာလ (၃၁) ရက်နိတွင် မတရားကျူးကျော်သိမ်းပိုက်လိုက်သဖြင့် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးရို့သည် မြန်မာကိုလိုနီကျွန်ဘ၀သို့ ရောက်ခြင်းမလှရောက်လားရသည်။
ရခိုင်နိုင်ငံတော်၏နောက်ဆုံးဘုရင်မဟာသမတရာဇာ (နံတော်စနီသား၊ သက်တော် ၄၂ နှစ်၊ နန်းစံ (၂) နှစ်အား) ရခိုင်သက္ကရာဇ် (၁၁၄၆) ခု ပြာသိုလဆုတ် (၁၅) ရက် တလဂုင်္နီနိ။ ခရာဇ်သက္ကရာဇ် ၁၇၈၄ ခု ဇန္န၀ါရီလတွင် မြန်မာကျူးကျော်သူရို့သည် မတရားဖမ်းဆီးသံခြီချင်းခတ်၍ မြန်မာပြည်သို့ အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်လားကာ အမရပူရမြို့တွင် ကွပ်မျက်စီရင်လိုက်သည်။
မြန်မာကျူးကျော်သူရို့သည် ရခိုင်နိုင်ငံတော်အားသိမ်းပိုက်ပြီးနောက် ရခိုင်နိုင်ငံတော်၏မြို့တော် မြောက်ဦးတွင် မြန်မာနန္ဒငပကျန်အား မြို့ဝန်ထား၍အုပ်ချုပ်ခိုင်း၏။ သို့သော် ရခိုင်ရို့သည် မြန်မာ့သူ့ကျွန်မခံဘဲ (၁၁၄၆) ခု တပေါင်းလကစ၍ ဒါးပိုင်ကြီး၏ယောက်ဖတော်ကျော်ပုံ၏ဦးဆောင်မှုကိုခံယူကာ မြန်မာကျူးကျော်သူများအား စတင်တော်လှန်သည်။
တောင်မင်းကြီးကျော်ထွီး၊ ယင်း၏နောင်တော် မုဇုန္တတ်ကြီးဘရွေး၊ ဒါးပြန်စီးရို့အမှုးပြုသော ရခိုင်တပ်များသည်လည်း မြန်မာကျူးသော်သူရို့အား အနောက်အရပ်က တော်လှန်တိုက်ပွဲဝင်သည်။
မြန်မာနန္ဒငပကျန်သည် ရခိုင်ရို့၏တော်လှန်မှုကိုအကြောင်းပြုပြီး အပြစ်မဟိသော ရခိုင်ပြည်သူရို့အား လက်နက်ချရန်ဟုအကြောင်းပြကာ ပေါင်းတုန်အရပ်၌တထောင်၊ သရက်အုပ်အရပ်၌တထောင်၊ စံကားတောင်အရပ်၌နှစ်ထောင်၊ မြို့တော်ပရိစ္ဆေဒ၌ သုံးသောင်းခုနှစ်ထောင်၊ ပုခက်တွင်းသားအသူငယ်ရို့အား ဒါးကဇတ်သည်ကတသောင်း၊ ဘုရားပေါ်အရပ်၊ ဒိုင်းကျီအရပ်၊ မောင်းဆွဲအရပ်၊ ငရကောက်အရပ်၊ ဂေါင်းပြိုတောင်အရပ်၊ ပုရိန်အရပ်၊ ပေါင်းတုတ်အရပ်၊ ရတနာပြည်အရပ်၊ လက်မဖက်အရပ်၊ တောတန်းအရပ်၊ ကိုးဆယ့်ကိုးတောင်အရပ်၊ သံတွဲ၊ ရမ်းပြည့်၊ မာန်အောင်အရပ်ရို့၌ လူပေါင်း တသိန်းသျှစ်သောင်းလေးထောင်ရို့ကို ယင်းနှစ်အတွင်းမှာပင် အဆုံးစီရင်လိုက်သည်။
ထို့အပြင် မြန်မာနန္ဒငပကျန်သည် ဒါးပိုင်ကြီးကျော်ပုံ၏မယား ကောင်းကျော်ထင်မကိုလည်း ကာမပိုင်လင်ယောက်ကျားဟိယင့်သားနှင့် ဗလက္ကာယယုတ်မာရိုင်းပြစွာ စော်ကားခသည်။
တောင်မင်းကြီးကျော်ထွီးသည် စစ်တကောင်းအင်္ဂလိပ်မြို့ဝန်ထံမှ စစ်ရေးအကူအညီရယူရန် ကြိုးစားသည်။ အင်္ဂလိပ်ဗိုလ်ချုပ်နှင့် တွိဆုံဆွေးနွေးရာတွင် ဒါးပြန်စီး၏သမက် သာမကောင်းစံရွှီကို ဘာသာပြန်ခိုင်းသည်။ သို့သော် မပြည်လည်သောကြောင့် မြို့သစ်ချောင်းညာဖက်သို့ခိုဝင်ကာ မြန်မာကျူးကျော်သူများအား ရရာလက်နက်စွဲကိုင် တော်လှန်သည်။
အားမတန်သဖြင့် လက်ဝဲမြန်ကုန်းဖောင်သည်၊ မုဇုန္ဒာတ်ကြီးဘရွေး၊ ဒါးပြန်စီးရို့သည် အနောက်စစ်တကောင်းနယ်သို့ခိုဝင်ရောက်လာ၍ အင်္ဂလိပ်မြို့ဝန်က ကျွန်းရွာများပီးသနားထား၏။
(၁၁၄၆) ခု ကဆုန်လတွင် တောင်မင်းကြီးကျော်ထွီးသည် အနောက်စစ်တကောင်းအရပ်၌ တပ်စွဲ၍ မြန်မာကျူးကျော်သူရို့အား ခုခံတော်လှန်ယင်း လက်နက်ထိမှန်ကျဆုံးသည်။
မြန်မာနန္ဒငကျန်၏တပ်များသည် တောင်မင်းကြီးကျော်ထွီး တော်လှန်သည်ကိုအကြောင်းပြု၍ မြို့သစ်ချောင်းအရပ်မှ မိမ္မအသူငယ်ရို့အား ကြိုးတုတ်ချိုင်နှောင်ကာ မြစ်ဝတွင်ပစ်ချ၍ သတ်ဖြတ်လိုက်သည်။ အနောက်စစ်တကောင်းအရပ်မှ ရောက်လာသူ လူအပေါင်းရို့ကိုလည်း တောင်မင်းကြီးကျော်ထွီး၏လူဟုစွပ်စွဲကာ များစွာသတ်ဖြတ်လိုက်သည်။
ရခိုင်ပြည်တောင်ပိုင်း အနောက်ခုနှစ်ရိုင် တောင်စိုင်အရပ်၌ စနည်းရွာသားရို့သည်လည်း မြန်မာ့သူ့ကျွန်မခံဘဲ ရမ်းပြည့်စားဗိုလ်ပေါလုံး၊ လမုစားဗိုလ်လာခိုင်ရို့နှင့်ပေါင်းဖက်ကာ မြန်မာကျူးကျော်သူရို့အား တော်လှန်တိုက်ပွဲဝင်သည်။ ဤသည်ကိုအကြောင်းပြု၍ သံတွဲမြို့ကို ကျူးကျော်သိမ်းပိုက်ထားသော မြန်မာရာဇငသင်္ကြန်သည် သူ၏စစ်ကဲငလှကို လွှတ်ကာ စနည်းရွာသူရွာသားများအားလုံးကို အစတုန်းခြီမှုန်းလိုက်သည်။
မြန်မာကျူးကျော်သူရို့သည် ၁၁၄၉ ခု တပေါင်းလတွင် ရခိုင်ပြည်မှ ဘုန်းကြီးရဟန်း၊ မင်းသားမင်းသမီးစုစုပေါင်း ခုနှစ်ထောင့်ခုနှစ်ရာကို အမရပူရမြို့သို့ ဖမ်းဆီးခေါ်ဆောင်လားသည့်အပြင် သက္ကရာဇ် (၁၁၅၁) ခု နံယုန်လတွင် မြောက်ဦး၊ သံတွဲ၊ ရမ်းပြည့်၊ မာန်အောင်၊ လေးမြို့စသည်အရပ်ရို့က လူပေါင်းခြောက်ထောင်ကိုလည်း ယိုးဒယားသို့စစ်တိုက်ရန် ဖမ်းဆီးခေါ်ဆောင်လား၏။
သက္ကရာဇ် (၁၁၅၀) ပြည့် နတ်တော်လဆန်း (၉) ရက်နိတွင် မြန်မာအနောက်ဖက်ငတိုက်ဝန်သည် ရခိုင်နိုင်ငံတော်မြောက်ဦးမြို့သို့ ၀န်ပြုလာပြီး (၂) နှစ်ကြာလျှင် ရာထူးမှ ပြုတ်ကျ၏။ မြန်မာပုသိမ်ငသခင်သည် ငသီဟဘွဲ့နာမည်ကိုခံလျှက် ၁၁၅၂ ခု တပေါင်းလတွင် ရခိုင်နိုင်ငံမြောက်ဦးမြို့၌ ၀န်ပြုလာပြန်၏။ တနှစ်ဟိလျှင် သီ၏။
ပုသိမ်ငသခင်စုတေ့ပြီးလျှင် မြန်မာတိုင်းတာဝန်သည် အာကာကငကျော်ထင်ဟူသောနာမည်ကိုခံယူလျှက် ရခိုင်သက္ကရာဇ် (၁၁၅၃) ခု တန်းခူးလတွင် ရခိုင်နိုင်ငံမြောက်ဦးကို ၀န်ပြုလာပြန်၏။ ယင်း အာကာငကျော်ထင်သည်လည်း (၂) နှစ်ဟိလျှင် ရာထူးမှချောကျ၏။ အာကာငကျော်ထင်ရာထူးမှချောကျပြီးလျှင် မြန်မာငကျော်လှသည် ငလှရာဇာဘွဲ့ကိုခံယူ၍ ရခိုင်သက္ကရာဇ် (၁၁၅၅) ခု တပိုးထွဲလဆန်း (၉) ရက် စနီနိတွင် ရခိုင်နိုင်ငံမြောက်ဦးမြို့သို့ ၀န်လုပ်လာပြန်၏။
ငကျော်လှလက်ထက်တွင် ရမ်းပြည့်စားဗိုလ်ပေါလုံး၊ ဗိုလ်ခွင်းပေါက်၊ ဗိုလ်ကျွဲတကောင်နိုင်ရို့သည် အနောက်စစ်တကောင်းနယ်ကို ခြီကုတ်ယူကာ မြန်မာကျူးကျော်သူများအား တော်လှန်တိုက်ပွဲ၏။ နေမျိုးငကုန်ဒရာ၊ ငပေါတလီစသော မြန်မာတပ်မှုးရို့သည် အင်္ဂလိပ်စစ်တကောင်းမြို့ဝန်နှင့်ပေါင်းဖက်ပြီး ရခိုင်ဗိုလ်ပေါလုံး၊ ဗိုလ်ခွင်းပေါက်၊ ဗိုလ်ကျွဲတကောင်နိုင်ရို့အား ဖမ်းဆီးပီးရန်တောင်းဆို၏။
မြန်မာသူယုတ်ရို့သည် ရမ်းပြည့်၊ မာန်အောင်၊ မြောက်ဦး၊ လေးမြို့အရပ်အသီးသီးမှ လင်မယားအိမ်ထောင်စုံတအိမ်ကို ငွေဒင်္ဂါး (၅) ပြားစီကောက်ယူပြီးလျှင် စုစုပေါင်းငွေဒင်္ဂါး တသိန်းနှစ်သောင်းကို အင်္ဂလိပ်စစ်တကောင်းမြို့ဝန်အား လဘ်ထိုး၏။ စစ်တကောင်းအင်္ဂလိပ်မြို့ဝန်သည်လည်း ရခိုင်ဗိုလ်ပေါလုံး၊ ဗိုလ်ခွင်းပေါက်၊ ကျွဲတကောင်နိုင်ရို့အား ဖမ်းဆီး၍ (၁၁၅၆) ခု ပြာသိုလပြည့်ကျော် (၂) ရက် တလဂုင်္နီနိတွင် ပင်းဝါ (ရာမူး) ရာဇဖက်အရပ်၌ မြန်မာတပ်များအား လွှဲအပ်ပီးလိုက်၏။ အင်္ဂလိပ်မြို့ဝန်ကိုယ်တိုင် ကုလားဆင်ချောင်းဖျားတိုင်အောင် လိုက်ပို့ပီး၏။
သို့သော် ရခိုင့်ဂေါင်းဆောင်များဖြစ်ကြသော ဗိုလ်စိန်ရောင်၊ ဗိုလ်မြရောင်၊ ဗိုလ်ပက်လက်၊ ဗိုလ်ကိုးခွက်စား၊ ဗိုလ်ထွန်းဦး၊ ဗိုလ်မျက်တောင်ဖြူ၊ ဗိုလ်တိုင်းချစ်ပရံ၊ နတ်တောင်စားဗိုလ်ရွှေကျော်၊ ဗိုလ်ဆယ်ခင်းစီးစသော သွီးသောက်ရဲဗိုလ်ကိုးဦးကား အင်္ဂလိပ်ရို့၏အဖမ်းအဆီးကိုတိမ်းယှောင်ကာ မြန်မာကျူးကျော်သူများအား အယာမခံ စွမ်းမာန်တရဲ ဆက်လက်တော်လှန်တိုက်ပွဲဝင်ခကတ်ပါသည်။
ဤသည်မှာ ပထမအကြိမ် (ရခိုင့်တော်လှန်ရေးနိဒါန်း) ပင်ဖြစ်ပါသည်။
ရခိုင်တော်လှန်ရေးနိဒါန်း (ဒုတိယပိုင်း)
မြန်မာမြို့ဝန် ငလှရာဇာ (ခေါ်) ငကျော်လှသည် နှစ်နှစ်ခန့်ကြာသော် ရာထူးမှပြုတ်ကျ၏။ မြန်မာငစိန်ဘူးသည် ငလှကျော်ထင်နာမည်ကိုခံ၍ ရခိုင်သက္ကရာဇ် (၁၁၅၆) ခု နတ်တော်လတွင် ရခိုင်နိုင်ငံ မြောက်ဦးမြို့တွင် ၀န်ပြုလာ၏။ ထို့အပြင် ဘိုးတော်င၀ိုင်းလည်း မင်းကွန်းစေတီတည်ရန် ရခိုင်လူမျိုးနှစ်ထောင်ပီးရမည်ဟု တောင်းလာပြန်၏။ ရခိုင်နိုင်ငံတ၀ှမ်း လေးမြို့၊ မြောက်ဦး၊ သံတွဲ၊ ရမ်းပြည်။ မာန်အောင်ရို့မှ အုတ်ဖုတ်ရန်အတွက် လူပေါင်းနှစ်ထောင်ကို စုရုံးကောက်ခံလာသောကြောင့် မခံမရပ်နိုင်သော ရခိုင်ပြည်သူပြည်သားများသည် လက်ယာမြန်ရွာအုပ် ဗိုလ်ထုံးစံ၊ ဗိုလ်ကောစွေ၊ င်္ဒဂါးတောင်စား ဗိုလ်တုံးစံရွှီရို့၏ ဦးဆောင်မှုကိုခံယူကာ ရခိုင်သက္ကရာဇ် (၁၁၆၀) ပြည့် တန်းဆောင်ဘုန်းလဆန်း င်္အဂါနိတွင် မြန်မာကျူးကျော်သူများအား ထပ်မံတော်လှန်ပါသည်။
မြို့စောင့်မြန်မာတပ်ရို့လည်း ရခိုင်ရို့၏တော်လှန်မှုကိုတိုက်ဖျက်ရန် သူရဲလက်နက်များစွာနှင့် မြို့သူကြီးငသံတွေ၏သား စိုင်းတင်စားဗိုလ်ချင်းပြန်ကို စေလွှတ်လိုက်၏။ မယူကမ်းအောင်တပ်သို့ရောက်လျှင် သစ္စာစောင့်သိသော ဗိုလ်ချင်းပြန်သည် မြန်မာမြို့ဝန် သီရိငကျော်ထင်နှင့် အခွန်စာရွီး ဇေယျငကျော်ရို့အား အစတုန်းသတ်ပစ်လိုက်၏။ ဗိုလ်ချင်းပြန်သည် အောင်တပ်အရပ်က စတင်တော်လှန်၍ လက်ရုံးဗိုလ်နှင့်ပူးပေါင်းကာ မယူကမ်းအောင်တပ်တွင် တပ်တည်၍နီ၏။ ရခိုင်နိုင်ငံ သံတွဲမြို့ကို ကျူးကျော်အုပ်ချုပ်နီသော မြန်မာကျော်ထင် ငသီဟသည် ဤသတင်းကိုကြားသောအခါ ရဲမက်ဗိုလ်ပါအပေါင်းဖြင့် မြောက်ဦးသို့ချီလာ၍ ရမ်းပြည့်၊ မာန်အောင်၊ လေးမြို့ဝန်ရို့အား ဗိုလ်ချင်းပြန်အားတိုက်ခိုက်ရန် မယူကမ်းသို့ချီတက်ခိုင်း၏။
ရခိုင်သက္ကရာဇ် (၁၁၆၀) ပြည့် ပြာသိုလတွင် မယူကမ်းကျွဲရိုင်းခုံ၌ တပ်တည်၍နီသော ရခိုင်ဂေါင်းဆောင်ဗိုလ်ချင်းပြန်၊ လက်ရုံးဗိုလ်၊ ပလက်စားဗိုလ်စံအမှုးပြုသော ရခိုင်တပ်များနှင့် ကျူးကျော်လာသော မြန်မာတပ်ရို့ အကြီးအကျယ်တိုက်ပွဲဖြစ်ပွား၏။ ဗိုလ်ချင်းပြန်ရို့တပ်သည် အနောက်စစ်တကောင်းနယ်သို့ ဆုတ်ခွာပီးရ၏။ မြန်မာတပ်ရို့သည် နောက်ကလိုက်၍ ပင်းဝါဂေါ်တောပလ္လင်တွင် တပ်တည်လာ၏။ ထိုအကြောင်းကို စစ်တကောင်း အင်္ဂလိပ်မြို့ဝန်ကြားသော် အင်္ဂလိပ်စစ်တပ်အားချီတက်ခိုင်း၍ ဂေါ်တောပလ္လင်တွင် တပ်ပြိုင်ချထား၏။ ထိုအကြောင်းကို ဘိုးတောင်င၀ိုင်းကြားသောအခါ ပင်းတလဲငဗိုလ်ကို တောင်ကြောင်းခရီး၊ အရှိဝင်းမှုးငတာကို ရီကြောင်းခရီး၊ အသီးသီးလွှတ်၍ အင်အားဖြည့်တင်းလာ၏။
ရခိုင်သို့ရောက်သောအခါ မြန်မာကျူးကျော်သူများသည် ရခိုင်တော်လှန်ရေးဂေါင်းဆောင်ကြီးများဖြစ်ကြသော ဗိုလ်ချင်းပြန်၊ လက်ရုံးဗိုလ်၊ ပလက်စားဗိုလ်စံ၊ ဗိုလ်ကောစွေ၊ ဗိုလ်တုံးစံရွှေရို့အားဖမ်းပီးရန် အင်္ဂလိပ်အစိုးရထံ တောင်းခံ၏။ အင်္ဂလိပ်ကမပီးဘဲငြင်းဆန်သောအခါ ရခိုင်သက္ကရာဇ် (၁၁၆၀) ပြည့် တပိုးထွဲလပြည့်နိတွင် မြန်မာကျူးကျော်တပ်နှင့် အင်္ဂလိပ်တပ် စစ်ဖြစ်ပွား၏။ အင်္ဂလိပ်ဖက်မှ အင်္ဂလိပ်ဗိုလ်မှုးနှစ်ဦးကျဆုံး၍ ကုလားစစ်သည် (၁၀၀) ကျော် သီဆုံး၏။ ကျူးကျော်သူမြန်မာတပ်ရို့သည် ဗိုလ်ချင်းပြန်၏တော်လှန်မှုကိုအကြောင်းပြု၍ ရခိုင်နိုင်ငံအ၀ှမ်း ရခိုင်သားအမြောက်အမြားကို သတ်ပစ်လိုက်၏။
ဤသည်မှာ ရခိုင်သက္ကရာဇ် (၁၁၅၇) ခုနှစ်မှ (၁၁၆၀) ပြည့်နှစ်အထိ “ဒုတိယပိုင်း ရခိုင်တော်လှန်ရေးနိဒါန်း” စိုင်းတင်မြို့စားဗိုလ်ချင်းပြန်၏ ပထမအကြိမ် မြန်မာတော်လှန်ရေးဖြစ်သည်။
ရခိုင့်တော်လှန်ရေးနိဒါန်း (တတိယပိုင်း)
ရခိုင်သက္ကရာဇ် ၁၁၆၀ မှ ၁၁၇၃ ခုအထိ “ဒုတိယပိုင်း ရခိုင့်တော်လှန်ရေးနိဒါန်း”
ဗိုလ်ချင်းပြန်၏ ဒုတိယအကြိမ် မြန်မာတော်လှန်ရေး
မြန်မာရို့သည် ရခိုင်တော်လှန်ရေးဂေါင်းဆောင်များဖြစ်ကြသော ဗိုလ်ချင်းပြန်၊ လက်ရုံးဗိုလ်၊ ပလက်စားဗိုလ်စံ၊ ဗိုလ်တုံးစံရွှေ၊ အရှိဝင်းမှူး၊ လက်ဝဲမြန်ဖောင်သာရို့အားဖမ်းဆီးပီးရန် အင်္ဂလိပ်အစိုးရထံ အကြိမ်ကြိမ်တောင်းဆို၏။ အိန္ဒိယတိုင်းမင်းကြီးလည်း အကောက်ဝန်ဧရကောက်ကိုသံပြု၍ မြန်မာဝန်များဖြစ်ကြသော ကျော်ထင်ငသီဟ၊ ရမ်းပြည့်ဝန် ငလယ်ကိုင်းစား၊ မာန်အောင်ဝန်ရို့နှင့် ရခိုင်သက္ကရာဇ် (၁၁၆၁) ခု နတ်တော်လတွင် မြောက်ဦးမြို့ ဗားဗူတောင်ထိပ်၌ မျက်နှာစုံညီအစည်းအဝေးပြု၏။
သက္ကရာဇ် ၁၁၆၈ ခု နံယုန်လတွင် ယိုးဒယားထိုင်းနိုင်ငံသို့ စစ်တိုက်ရန် ရခိုင်လေးမြို့တွင်နီသော လူပေါင်းများစွာကို မြန်မာရို့သည် အတင်းအဓမ္မသိမ်းရုံးဆောင်ယူလား၏။ ဗိုလ်ချင်းပြန်သည် စစ်တကောင်းနယ်မှ ယှောင်ထွက်လာပြီးလျှင် များစွာသောသူရဲအပေါင်းနှင့် နတ်မြစ်လက်ယာဖက်၌အစောင့်ချထားသော မြန်မာတပ်မှူးမုံတောစားကို ခြီမှုန်းပြီးလျှင် မယူကမ်းအောင်တပ်၌ အောင်တပ်တည်၍နီ၏။
သက္ကရာဇ် ၁၁၇၃ ခု ကဆုန်လတွင် မြောက်ဦးမြို့ကို အကြီးအကျယ်ထိုးနှက်တိုက်ခိုက်၍ မြန်မာကျူးကျော်သူများထံမှ ပြန်လည်သိမ်းပိုက်ရယူလိုက်၏။ ဤသည်ကိုကြားလျှင် မာန်အောင်၊ ရမ်းပြည်၌တပ်စွဲထားသော မြန်မာတပ်များလာ၍တိုက်၏။ ဗိုလ်ချင်းပြန်၏တပ်များသည် လက်နက်အင်အားမမျှသဖြင့် ဆုတ်ခွာကာ ဆည်တိုင်ကန်တွင် တပ်တည်၍နီ၏။
မာန်အောင်ဝန် ငရန်တိုင်၊ ရမ်းပြည့်ဝန် လက်ယာစည်သူ ငနော်ရထာ၊ သံတွဲဝန်ငရွှေပန်းစသော မြန်မာကျူးကျော်သူများသည် ဗိုလ်ချင်းပြန်တပ်စွဲရာသို့ လာ၍တိုက်၏။ သို့သော် မာန်အောင်ဝန်အစဟိသော မြန်မာကျူးကျော်သူများသည် တယောက်မကျန် ခြီမှုန်းခြင်းခံရ၏။ ထိုအခါ မြန်မာတပ်မှူး ဗိုလ်မှူးရို့သည် ရှိဆက်မတိုက်ဝံ့ဘဲ ကြောက်ရွံ့ကာ လောင်းကိုပစ်၍ ကုန်းကြောင်းထွက်ပြီးကြကုန်၏။
မြန်မာငရွှေပန်း၊ ရမ်းပြည့်မြန်မာဝန် လက်ယာစည်သူ ငနော်ရထာရို့သည် သူရဲဘောကြောင်စွာ ထွက်ပြီးကြကုန်၏။ ထိုအခါ ဗိုလ်ချင်းပြန်နှင့် လက်ရုံးဗိုလ်ရို့သည် မြန်မာလူမျိုးအများအပြားကိုသတ်၍ လက်နက်အမြောက်အများကို သိမ်းပိုက်ရယူလိုက်၏။ ဗိုလ်ချင်းပြန်လည်း ဗိုလ်ချုပ်မျက်တောင်ရှည်ကို “နန္ဒိသေနဗန္ဓုလ”ဘွဲ့အပ်နှင်း၍ စစ်သူကြီးအရာပီးသနားတော်မူ၏။ ဗိုလ်ချင်းပြန်။ လက်ရုံးဗိုလ်၊ ဗိုလ်ချုပ်မျက်တောင်ရှည်ရို့ဦးဆောင်သော ရခိုင်တပ်ရို့သည် ဆက်လက်ချီတက်ကာ ရမ်းပြည့်၊ မာန်အောင်၊ သံတွဲနယ်အားလုံးကို မြန်မာကျူးကျော်သူများလက်ထဲမှ ပြန်လည်သိမ်းပိုက်ရယူလိုက်၏။
ရခိုင်နိုင်ငံတော်၏ပြည်မဖက်တွင် ဗိုလ်ချင်းပြန်သည် လက်ယာမြန်အရပ်၌ ပလက်စားဗိုလ်စံ၊ တပ်မှူးဗိုလ်မောင်ရွှေရို့ကို၎င်း၊ ငရကောက်အရပ်၌ နောင်တော်လေးမြို့စားကျော်အောင်ကို၎င်း၊ ရွှေနတ်ပင်အရပ်၌ ဗိုလ်အောင်ကျော်ရွှီကို၎င်း၊ လောင်းကြက်မြို့ဟောင်း၌ ဗိုလ်စော်ကဲ၊ တပ်မှူးသောက်ကြာအောင်ကို၎င်း၊ ရန်းဝမြစ်က ဗိုလ်နန်းရွှီ၊ တပ်မှူးသာရကန္တ၊ ဗိုလ်တိုးအောင်ကျော်ရို့ကို၎င်း၊ ခုနှစ်ခရိုင်တောင်စိုင်တွင် မြန်မာရို့လာလမ်းဖြစ်သော မအီအရပ်က တောင်စားဗိုလ်မှူးမောင်ညို၊ တပ်မှူးညိုရောင်ဖြူရို့အား အသီးသီးတပ်စောင့်ချထား၏။
ဤသို့အသီးသီးတပ်စောင့်ချထားပြီး ဗိုလ်ချင်းပြန်သည် ဂစ္ဆပနဒီမြန်အနောက်ဖက်ကမ်း ရိုးငူအရပ်၌ တပ်စီးတပ်နင်းပြု၍နီသည်ကို ဘိုးတော်င၀ိုင်းကြားသောအခါ ရခိုင်နိုင်ငံတော်တွင်ကျန်ဟိနီသော အကြွင်းအကျန်မြန်မာတပ်ရို့အား အင်အားဖြည့်တင်းရန် ငလှစည်သူကို စေလွှတ်လိုက်၏။ ထိုနှစ်တွင် ဗိုလ်ချုပ်မျက်တောင်ရှည်၊ လမ္မုစားရို့ဦးစီးသော ရခိုင်တပ်များနှင့် ရမ်းပြည့်မြို့တွင်ဟိသော မြန်မာတပ်များ အကြီးအကျယ်တိုက်ပွဲဖြစ်ပွား၏။ ရခိုင်တပ်များသည် အင်အားဖြည့်တင်းထားသော မြန်မာတပ်များနှင့်တိုက်ခိုက်ရာ အင်အားမမျှသဖြင့် လက်ဖန်အညာအရပ်သို့ဆုတ်ခွာပီးရကာ ရခိုင်သက္ကရာဇ် ၁၁၇၃ ခု ၀ါခေါင်လဆန်း (၂) ရက် စနီနိတွင် စနည်းချောင်း၌ လှီတပ်တည်၍နီ၏။
သံတွဲမြို့ကိုဝိုင်းရံထားသော ရခိုင်ဗိုလ် မြို့သစ်စားမောင်ငယ်၊ ဗိုလ်ဘချစ်ရည်ရို့လည်း စစ်ရေးမသာသောကြောင့် ထိုသက္ကရာဇ် ၀ါခေါင်လတွင် လမ္မုချောင်းဝ၌ တပ်တည်၍နီရကုန်၏။ မာန်အောင်မြို့ကို ၀ိုင်းရံထားသော လက်ရုံးဗိုလ်၊ တိမ်ကြားဗိုလ်ရို့လည်း စစ်ရေးမမျှသဖြင့် မာန်အောင်မြို့ အုန်းချောင်းဝ၌ တပ်တည်၍နီရ၏။
ဤသို့ ရမ်းပြည့်၊ သံတွဲ၊ မာန်အောင်ရို့၌ ရခိုင်တပ်ရို့ အင်အားမသာကြောင်းကြားသိရလျှင် မြန်မာမြို့ဝန် ငလှစည်သူသည် အသစ်ခန့်ထားသော မာန်အောင်ဝန်ကို အရှိခုနှစ်ခရိုင်ကိုတိုက်ရန် လွှတ်လိုက်၏။ မြန်မာမာန်အောင်ဝန် သူရဲတထောင်နှင်ချီလာပြီး ရခိုင်သက္ကရာဇ် ၁၁၇၃ ခု ၀ါခေါင်လပြည့်နိ၌ မအီချောင်းဝတွင် တပ်တည်လာ၏။ ယင်းသို့ တပ်တည်လာသော မာန်အောင်ဝန်သစ်တပ်အား ရခိုင်ဗိုလ်လမ္မုစားရွှေလူလား၍တိုက်သော် မြန်မာမာန်အောင်ဝန်သစ်တပ်တည် တယောက်မကြွင်းပြုန်း၏။
ထိုအခါ မြန်မာဆင်ဖြူကျွန်းဗိုလ်သည် အရေးမလှသောမြန်မာတပ်ရို့အား အင်အားဖြည့်တင်းရန် လူတထောင်နှင့် စစ်ကူရောက်လာ၏။ ၄င်းသက္ကရာဇ် တော်သလင်းလတွင် ဒါးလချောင်းဝ၌ တပ်တည်လာပြန်၏။ ထိုသတင်းကိုကြားသောအခါ မြန်မာဆင်ဖြူကျွန်းဗိုလ်တပ်အား ရခိုင်တိမ်ကြားဗိုလ်တပ်လား၍တိုက်သော် မြန်မာတပ်ရို့ အတုန်းအရုံးသီကြီပျက်စီး၏။ ယင်းနှစ်တွင် မြောက်ဦးဝန် မြန်မာငကျော်ထင်သည် မြို့သူကြီးငရကောက်ကို ဗိုလ်ချုပ်ခန့်ပြီးလျှင် ကုန်းအားရီအားချီလာပြီး လောင်းကြက်မြို့ဟောင်း၌ တပ်စောင့်ချ၍နီသော ရခိုင်ဗိုလ်စော်ကဲ၊ ဗိုလ်မှူးသောက်ကြာအောင်ရို့တပ်အား အကြီးအကျယ်ထိုးနှက်တိုက်ခိုက်၏။ တပ်မှူးသောက်ကြာအောင်သည် လက်နက်ထိမှန်သီဆုံး၏။
၎င်းသက္ကရာဇ် တန်းဆောင်ဘုန်းလဆုတ် (၅) ရက် တလင်းလာနိတွင် လက်ယာမြန်အရပ်၌ တပ်စောင့်နီသော ပလက်စားဗိုလ်စံ၊ တပ်မှူးမောင်ရွှေရို့ဦးစီးသောရခိုင်တပ်ရို့အား မြန်မာတပ်ရို့လာတိုက်သဖြင့် အင်အားနည်းသော ရခိုင်တပ်များသည် ကုန်းကြောင်းအားဖြင့် ဆုတ်ခွာပီးရ၏။ ငရကောက်အရပ်၌ တပ်စွဲထားသော ဗိုလ်အောင်ကျော်၊ ရွှေနတ်ပင်တပ်စောင့် ဗိုလ်အောင်ကျော်ရွှီရို့လည်း ဗိုလ်ချင်းပြန်နီသော ဇေယျဝတီမြို့သို့ဆုတ်ခွာပီးရ၏။
အရေးမသာသောအခြင်းအရာများကို ကြားရသောအခါ ဗိုလ်ချင်းပြန်သည် ဇေယျဝတီမြို့၌ဟိသော တပ်မှူးဗိုလ်မှူးရို့နှင့်တိုင်ပင်၍ စစ်ယှုံးသော ဗိုလ်မျက်တောင်ရှည်၊ လမ္မုစားဗိုလ်ရွှေလူ၊ ဗိုလ်တလိုင်းရှည်၊ ဒင်္ဂါးတောင်စား တုံးစံရွှီ၊ ဗိုလ်စော်ကဲအစဟိသော သုံးရာ့ခုနှစ်ကျိတ်သောလူရို့ကို မြန်မာနှင့်စစ်ပြီးသောအခါ အကုန်သူအား သတ်ပစ်မည်ဟု မှားယွင်းစွာတိုင်ပင်၏။
ထိုအခိုက် မြန်မာတိုင်းတာဝန် အာကာငကျော်ထင်သည် နဂါးရစ်မော်တင်လမ်းက ချီလာ၏။ မကျည်းကျွန်းအနားသို့ရောက်သောအခါ စတုကျွန်း၌တပ်စောင့်ချနီသော ရခိုင်ဗိုလ် တိုးအောင်ကျော်တပ် ဆီးကြိုတိုက်ခိုက်သဖြင့် မြန်မာတိုင်းတာဝန် အာကာငကျော်ထင်သည် မခံမရပ်နိုင်ဖြစ်ပြီး ထွက်ပြီး၍ သံတွဲမြို့ထဲသို့ခိုဝင်ကာ သံတွဲဝန်နှင့်ပေါင်းဖက်၍နီ၏။ တခါ ဗိုလ်ကျားကြီး၊ မြို့သစ်စား ငဝေစသော မြန်မာတပ်များပေါင်းဖက်၍ စတုမြစ်သို့ချီလာပြန်၏။
မြန်မာဗိုလ်ကျားကြီးတပ်နှင့် စတုကျွန်း၌တပ်စွဲနီသော ရခိုင်တပ်ရို့သည် ရီကြောင်းတိုက်ပွဲဖြစ်ပွားရာ စစ်ကူမရသော ရခိုင်တပ်များ အရေးမလှဆုတ်ခွာပီးရ၏။ ၄င်းရခိုင်စတုတပ်လည်း ရမ်းပြည့်စနည်းဖက်သို့ခိုဝင်ကာ ဗိုလ်မျက်တောင်ရှည်တပ်နှင့် ပေါင်းဖက်၍နီ၏။
ထိုအခါ မြန်မာတိုင်းတာဝန်အာကာငကျော်ထင်နှင့် မြင်းဝန်ငမှိုင်းရို့သည် ကုန်းရီအားချီလာပြီး သံစစ်မြစ်သို့ရောက်လျှင် စနည်းတွင်တပ်ချ၍နီသော ဗိုလ်ချုပ်မျက်တောင်ရှည်တပ်နှင့်တွိဆုံ၍ တိုက်ပွဲဖြစ်ပွား၏။ ဗိုလ်ချင်းပြန်ပြောဆိုသောစကားကိုကြားနှင့်ပြီးသော ဗိုလ်ချုပ်မျက်တောင်ရှည်သည် အနည်းငယ်မျှ ရင်ဆိုင်တိုက်ခိုက်ပြီး ယှောင်ထွက်လားလီ၏။
မြန်မာတိုင်းတာဝန်ငကျော်ထင်လည်း ရမ်းပြည့်၊ မာန်အောင်၊ သံတွဲမြို့ကို အစောင့်ချထားခပြီးလျှင် မြောက်ဦးမြို့တော်သို့ ချီတက်လာ၏။ ကျောက်ငနွားအရပ်သို့ရောက်သောအခါ ရခိုင်တပ်များနှင့်တွိဆုံ၏။ သို့သော် ရခိုင်တပ်မှူးရို့သည် ဗိုလ်ချင်းပြန်၏စကားကို ကြားနှင့်ပြီးဖြစ်သောကြောင့် တိုက်ခိုက်လိုသည့်ဆန္ဒမဟိဘဲ တိမ်းယှောင်၍ နီကုန်၏။
ဗိုလ်ချင်းပြန်လည်း ကျူးကျော်လာသောမြန်မာတပ်ရို့အားတိုက်ခိုက်ရန် လမ္မုစားရွှေဗိုလ်၊ မြုံထောင်စားရို့ကို ထပ်လောင်း၍ ချီတက်ခိုင်း၏။ ရခိုင်တပ်မှူးဗိုလ်မှူးရို့သည် ဗိုလ်ချင်းပြန်၏အကြံကို သိရင်းစွဲဟိကြသည်နှင့် ထိုသို့ဤသို့ရာ တိမ်းယှောင်လားကြကုန်၏။ ဗိုလ်ချင်းပြန်သည် ဤအခြင်းအရာကို ကြားသိရသောအခါ မတည်မရပ်နိုင်ဘဲ နောင်တပူပန်ယူကျုံးမရဖြစ်ကာ လေးမြို့နီ ရခိုင်လူဦးရေစုစုပေါင်း ကိုးသောင်းကိုးထောင်ကို သိမ်းကျုံးပြီး ရခိုင်သက္ကရာဇ် ၁၁၇၃ ခု ပြာသိုလပြည့် ဗုဒ္ဓူးနိတွင် ဇေယျဝတီမြို့မှ အင်္ဂလိပ်ပိုင် အနောက်ဘင်္ဂလားနယ်သို့ တိမ်းယှောင်ထွက်ခွာလာရ၏။
မြန်မာတိုင်းတာဝန် အာကာငကျော်ထင်သည် တပ်အလုံးအရင်းဖြင့် အနောက်ဘင်္ဂလားဖက်သို့ချီတက်လာပြီး မုံတောတွင် တပ်စခန်းချလာပြန်၏။ ဤသို့ မြန်မာတိုင်းတာဝန်တပ်ချီလာကြောင်းကို အင်္ဂလိပ်စစ်တကောင်းမြို့ဝန် ကြားသိလျှင် အင်္ဂလိပ်တပ်များသည်လည်း အင်အားများစွာနှင့် နတ်မြစ်လက်ယာဖက်ကမ်းအရပ်၌ တပ်တည်လာ၏။ ဤသို့ ဗိုလ်ချင်းပြန်နှင့် လက်ရို့ဗိုလ်ရို့သည် ရခိုင်နိုင်ငံတ၀ှမ်းလုံးအား မြန်မာကျူးကျော်သူများလက်ထဲမှ ပြန်လည်သိမ်းပိုက်ထိမ်းချုပ်နိုင်ပြီးခါမှ မြန်မာစစ်အင်အားဖြည့်တင်းလာသည်ကို မခုခံနိုင်ဘဲ ပြန်လည်ဆုတ်ခွာ ပီးလိုက်ရကုန်၏။
(ဤသည်မှာ ရခိုင်သက္ကရာဇ် ၁၁၆၀ မှ ၁၁၇၃ ခုအထိ “ဒုတိယပိုင်း ရခိုင့်တော်လှန်ရေးနိဒါန်း” စိုင်းတင်မြို့စား ရခိုင်ဗိုလ်ချင်းပြန်၏ “ဒုတိယအကြိမ် မြန်မာတော်လှန်ရေး” ဖြစ်ပါသည်)
ရခိုင့်တော်လှန်ရေးနိဒါန်း (တတိယပိုင်း)
ရခိုင်သက္ကရာဇ် ၁၁၇၄ မှ ၁၁၈၅ အထိ “ဒုတိယပိုင်း ရခိုင့်တော်လှန်ရေးနိဒါန်း”
ဗိုလ်ချင်းပြန်၏ “တတိယအကြိမ် မြန်မာတော်လှန်ရေး”
ဗိုလ်ချင်းပြန်သည် အနောက်ဘင်္ဂလားနယ်သို့ ခိုလှုံလာရပြီးနောက် ယောက်ဖတော်လက်ရုံးဗိုလ်နှင့် စွမ်းရည်ဟိသော တပ်မှုးဗိုလ်မှုးရိုအား ပြန်လည်စုရုံးပြီးလျှင် သူရဲလက်နက်ကိုင်များကိုလွှတ်၍ ရခိုင်သက္ကရာဇ် ၁၁၇၄ ခုနှစ် ကဆုန်လတွင် မြန်မာရို့တပ်စွဲထားသော ငကြည်းတောင်တပ်ကို တိုက်ခိုင်း၏။ မြန်မာတပ်မှုးငလွန်းသည် အရေးမလှ ယှုံးနိမ့်ထွက်ပြီးရ၏။
ထိုအကြောင်းကို မြန်မာဝန်ငကျော်ထင်ကြားသော် ဗိုလ်မှုးတပ်မှုးသူရဲလက်နက်ကိုင်များကို စေလွှတ်၍ ရခိုင်တပ်များအား တိုက်ခိုင်းစီသော် ရခိုင်ဗိုလ်ချင်းပြန်တပ်သားများသည် မခံမရပ်နိုင်၍ ဘင်္ဂလားနယ်သို့ ဆုတ်ခွာပီးရ၏။ အင်္ဂလိပ်အစိုးရလည်း လမ္ဗုစားဗိုလ်ရွှေလူနှင့် ဗိုလ်ချင်းပြန်မယား (မိမင်း) ရို့အား လှည့်ဖျားခေါ်ယူပြီးလျှင် ဒေလီပဆာသို့ပို့ဆောင်ကာ အစောင့်အယှောက်ဖြင့်ထား၏။ ဗိုလ်ချင်းပြန်ယောက်ဖ လက်ရုံးဗိုလ်သည် အင်္ဂလိပ်၏အဖမ်းအဆီးခံရ၍ စစ်တကောင်း၌အကျဉ်းချထားလီရာ အကျဉ်းထောင်၌ပင် ကွယ်လွန်အနိစ္စရောက်၏။
သို့တိုင်အောင် အယာမခံ ဗိုလ်ချင်းပြန်သည် တပ်မှုးဗိုလ်မှုးလူသူလက်နက်ရို့အား စုရုံးပြီးလျှင် ဘင်္ဂလားမှပြန်ထွက်ခွာကာ နတ်မြစ်လက်ယာဖက် မင်္ဂလာကြီးအရပ်၌တပ်တည်၍ မြန်မာကျူးကျော်သူရို့အား ထပ်မံတော်လှန်၏။ ဗိုလ်ချင်းပြန်သည် သူ၏အစ်ကို လေးမြို့စားအောင်ကျော်၊ ဒင်္ဂါးတောင်စား တုံးစရွှီ၊ ဗိုလ်စော်ကဲနှင့် တပ်မှုးဗိုလ်မှုးရို့အားရုံးစု၍ သူ၏ယောက်ဖအသက်နှံကို ဗိုလ်ချုပ်ခန့်ကာ မြန်မာဝန်ငကျော်ထင်ကို ရီကြောင်းကုန်းကြောင်းချီ၍ တိုက်၏။ ဤအကြောင်းကို မြန်မာဝန်ငကျော်ထင်ကြားသိသော် ရမ်းဗြဲမှ မြန်မာသူရဲများနှင့် ရမ်းဗြဲဝန် လက်ယာငစည်သူကို ဗိုလ်ချုပ်ခန့်၍ ချီတက်ခိုင်းရာ ရခိုင်သက္ကရာဇ် ၁၁၇၄ ခု ပြာသိုလတွင် ရခိုင်ဗိုလ်ချင်းပြန်၏တပ်နှင့် မိုးစည်းမြစ်တွင်တွိဆုံ၍ ရင်ဆိုင်တိုက်ပွဲဖြစ်ပွား၏။ ဗိုလ်ချင်းပျံ၏တပ်များ လက်နက်အင်အားမမျှသဖြင့် မိုးစည်းကျွန်းသို့ ဆုတ်ခွာပီးရ၏။ ထိုအခါ မြန်မာတပ်ရို့သည် မိုးစည်းကျွန်း၌ဟိသော ရခိုင်ပြည်သူအပေါင်းအား ဗိုလ်ချင်းပြန်၏လူဟုစွပ်စွဲပြီး မြီလှန်သတ်ဖြတ်လိုက်၏။
ထိုအကြောင်းကို နောက်ချီလာသော ဗိုလ်အောင်ကျော်၊ ဗိုလ်ချင်းပြန်၏ယောက်ဖ ဗိုလ်ချုပ်အသက်နှံကြားသိရလျှင် တပ်ရပ်နီပြီး ဗိုလ်ချင်းပြန်သည် မင်္ဂလာကြီးအရပ်ကပြောင်း၍ ရှောက်ချောင်းဖျား၌ ရခိုင်သက္ကရာဇ် ၁၁၇၄ ခု၊ တပိုးထွဲလတွင် သရက်ချိုမြို့ကို တည်၍နီ၏။ မြန်မာစိန်ဘူးငကျော်ထင်သည် အများမကြာသီလွန်၏။
စိန်ဘူးငကျော်ထင်သီလွန်ပြီးနောက် မြန်မာ မဟာငနော်ရထာသည် ရခိုင်သက္ကရာဇ် ၁၁၇၅ ခုနှစ် နတ်တော်လတွင် ရခိုင်ဝန်ပြုလာ၏။ ဗိုလ်ချင်းပြန်လည်း သမက်တော် တိမ်ကြားဗိုလ်နှင့် တပ်မှုးဗိုလ်မှုးရို့အား အသီးသီးခန့်၍ သူရဲတထောင်နှင့် မြန်မာမြို့ဝန် မဟာငနော်ရထာကို တိုက်ရန်စေလွှတ်လိုက်၏။ ဗိုလ်ချင်းပြန်၏တပ်မှုးဗိုလ်မှုရို့လည်း တပ်ချီတက်လာ၍ ဂစ္ဆပနဒီမြစ်ညှာဝသို့ရောက်သောအခါ မြန်မာငနော်ရထာသတင်းရပြီး မြန်မာမြို့သူကြီး ငရန်ကင်းကို ဗိုလ်ချုပ်ခန့်၍ များစွာသော လက်နက်ကိုင်ရို့နှင့် ချီတက်ခိုင်း၏။ ထိုအခါ ရခိုင်သက္ကရာဇ် ၁၁၇၅ ခု ပြာသိုလတွင် ဂစ္ဆပနဒီ (ကုလားတန်) မြစ်ညှာကူးဝတွင် ရခိုင်ဗိုလ်ချင်းပြန်၏တပ်နှင့် မြန်မာတပ်များ ရခိုင်တိုက်ပွဲဖြစ်ပွား၏။ ဗိုလ်ချင်းပြန်တပ်များ များစွာထိခိုက်နစ်နာ ဆုံးယှုံး၏။ ထိုအခါ ဗိုလ်ချင်းပြန်လည်း သရက်ချိုမြို့မှ ပြောင်းရွှိကာ ပင်းဝါ (ရာမူး) ဘင်္ဂလားနယ်သို့ ဆုတ်ခွာလာ၏။ ကြွင်းကျန်သော ရခိုင်တပ်ရို့သည်လည်း မြန်မာတပ်ရို့၏၀ိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခြင်းခံရ၏။ သို့သော် ရခိုင်သူရဲရို့သည်ကား မြန်မာကျူးကျော်သူများအား အယာမခံ စွမ်းမံတရဲ အလံမလှဲ တော်လှန်တိုက်ပွဲဝင်ခကတ်ပါသည်။
ဗိုလ်ချင်းပြန်သည် ပင်းဝါရာမူးနယ်သို့ ၀င်ရောက်လာကြောင်းကို စစ်တကောင်းအင်္ဂလိပ်မြို့ဝန်ကြားသိလျှင် ဗိုလ်ချင်းပြန်အားဖမ်းဆီးစီပြန်၏။ ဗိုလ်ချင်းပြန်သည် တောနက်ထဲသို့ ၀င်ပုနုးနီရ၏။ မြန်မာဝန် မဟာငနော်ရထာလည်း ရခိုင်သက္ကရာဇ် တပေါင်းလမှစ၍ အနောက်ပြည်မှလာသော ရခိုင်သားရို့အား၎င်း၊ ရခိုင်ပြည်၌ကြွင်းကျန်ရစ်သောလူသန်လူမြန်အားလုံးအား ဗိုလ်ချင်းပြန်၏လူဟုစာရင်းသွင်းကာ အစတုံး ခြီမှုန်းပစ်လိုက်၏။
၁၁၇၄ ခုနှစ်မစ၍ (၅) နှစ်တိုင်တိုင် ရခိုင်ပြည်၌ စပါးဆန်ရီယှားပါးကာ အငတ်ဘေးကြောင့် လူပေါင်းမြောက်များစွာ သီကြီပျက်စီး၏။ ထိုနောက် ရခိုင်သက္ကရာဇ် ၁၁၇၇ ခု၊ တပိုးထွဲလ ခရစ်သက္ကရာဇ် ၁၈၁၅ ခု ဇန္န၀ါရီလ (၂၄) ရက်နိတွင် ဗိုလ်ချင်းပြန်သည် ပင်းဝါ ဖလောင်းဆူအရပ်၌ ဆုံဆို့နာဖြင့် ကွယ်လွန်အနိစ္စရောက်၏။ ဇန္န၀ါရီ (၂၈) ရက်နိတွင် ကောင်းမွန်စွာသဂြိုဟ်ခြင်းပြီးစီး၏။
(ဤသည်မှာ “ဒုတိယပိုင်းရခိုင်တော်လှန်ရေးနိဒါန်း” စိုင်းတင်မြို့စားဗိုလ်ချင်းပြန်၏ “တတိအကြိမ်မြောက် မြန်မာတော်လှန်ရေး” ဖြစ်သည်။)
လူမျိုးခြားကို လက်ငါးချောင်းမပီးလီကဲ့
လူမျိုးခြားကို လက်ငါးချောင်းမပီးလီကဲ့
--------------------------------------
ဒေဟင့်က အကျွန်တော် (၂၀၀၁) နှစ် ဧပြီလက ရန်ကုန်သို့လာဖို့ခါ အဘောင်သျှင်မှာလိုက်တေ စကားတခွန်းပါ။ အကျွန်တော် ရန်ကုန်သို့လားဖို့အတွက် ရွာကနီပနာ စစ်တွေသို့ မထွက်ခင် မိုးထက်ဘက်မှာ အဘောင်သျှင်က ကျွန်တော့ကိုခေါ်ပြီးကေ ငါ့မြီးချေ ငါ့မြီးချေအတွက် အဘောင်သျှင် လူကြီးသူမတိ လက်ဆင့်ကမ်းခရေ စကားတခွန်းကို မှာလိုက်ချင်ရေဆိုပနာ ဒေစကားကိုပြောလိုက်စွာပါ။ အဘောင်သျှင်က ဇာပြောလဲဆိုကေ “လူတိုင်းလူပြည်မှာ ဘ၀ကြီးပွါးရေးအတွက် လားရောက်နီထိုင်ရကေလည်းသော့ လူမျိုးခြားကို လက်ငါးချောင်း မပီးလီကဲ့” လို့ အဘောင်သျှင်က ပြောပါရေ။
ကျွန်တော်လည်း အဘောင်သျှင်ပြောစွာကို နားမလည်လို့ လက်ငါးချောင်းကို မပီးလီကဲ့ဆိုစွာ ဇာအဓိပ္ပါယ်ပါလဲလို့ ပြန်မီးကြည့်လိုက်တေ။ ယေခါ အဘောင်သျှင်က ကွမ်းတစ်ယာယာပနာ အကျွန်တော့ကို ယှင်းပြပါရေ။ ငါ့မြီးချေ လူ့ဘ၀မှာ တိုးတက်အောင်မြင်ဖို့အတွက် အရိုအသေပီးသင့်ရေလူကို အရိုအသေပီးရဖို့။ ယင်းပိုင် အရိုအသေပီးရေခါ ငါ့မြီးချေ လက်ဆယ်ချောင်းကို အသုံးပြုလို့ အရိုအသေပီးလီ။ ငါ့မြီးချေ တိုးတက်အောင်မြင်လိမ့်မေ။
လူတယောက်မှာ လက်ချောင်းချေ ဆယ်ခုစီပါရေမလား၊ လူကြီးသူမတိကို အရိုအသေပြုရေခါ ဆယ်ချောင်းလုံးကို အသုံးပြုရရေ။ လူ့သဘာအရ အချိန်တန်အရွယ်ရောက်လို့ အိမ်ထောင်ယာသားပြုရေခါ သမက်တက်ပွဲမှာ ယောက်ျားဘက်က လက်ငါးချောင်းနန့် မမဘက်က လက်ငါးချောင်းကို ပေါင်းစပ်ပီးကတ်တေ။ ယင်းချင့်ကို အိမ်ထောင်ပြုရေလို့ ခေါ်ရေ။ ယင်းပိုင် အိမ်ထောင်ပြုရေခါ ငါ့မြီးချေရေ ရခိုင်မဟုတ်တေ လူမျိုးခြားနန့် အိမ်ထောင်မပြုလီကဲ့လို့ အဘောင်သျှင်က ပြောချင်စွာ။
လူမျိုးခြားကို လက်ငါးချောင်းပီးလိုက်ကေ ကိုယ့်ဘ၀နစ်နာရေ။ ကိုယ့်လူမျိုး၊ ကိုယ့်ယိုင်ကျေးမှု၊ ကိုယ့်အစိုင်အလာတိ ဆုံးယှုံးတက်တေ။ ငါ့မြီးချေကို အဘောင်သျှင်ရို့ ထိန်းသိမ်းခရေ အမွီအနှစ်တိကို ဆက်လက်ထိမ်းသိမ်းစီချင်ရေ။ အဘောင်သျှင်က ယင်းပိုင်ပြောပနာ အဆုံးသတ်လိုက်ပါရေ။ အကျွန်တော်လည်း အဘောင်သျှင်နားမှာ တနားထိုင်ပျာ ရှိသုံးကြိမ်ခိုးပနာ ပြန်ထပါလတ်တေ။
အကျွန်တော့် အဘောင်သျှင်စကားကို ရခိုင်သူ၊ ရခိုင်သားရို့အားလုံး စောင့်ထိန်းနိုင်ပါစီ။
(ရန်နိုင်စိုး)
ရခိုင်သားတိ မယား ၁၀၀ ရစီဖို့
ရခိုင်သားတိ မယား ၁၀၀ ရစီဖို့
--------------------------------
AMP က discussion တိမှာ ရခိုင်သားတိ မယားသုံးယောက် ယူသင့်မယူသင့် ဆွေးနွေးနီကတ်စွာကို အမြဲတမ်း မြင်နီရပါရေ။ မယားသုံးယောက်ရဖို့ထားလို့ တယောက်တောင်ရှာလို့မရရေလူတိ အများကြီး။ တချို့ကလည်း ရခိုင်သမတိ ရခိုင်သားကို မကြိုက်စွာ ဇာဖြစ်လို့လဲဆိုပြီးကေ မီးနီကတ်တေ။ သေချာစွာကတော့ခါ ရခိုင်သမတိုင်း တတ်နိုင်ကေ ရခိုင်သားကိုပဲ ယူချင်ရေဆိုစွာပါ။ ယေကေလည်း ဇာဖြစ်လို့ တချို.က လူမျိုးခြားတိနောက်ကို လိုက်လားခရရေလဲ။ တချို.ကလည်း အဖြေမရှာပဲနန့် မမချေတိကိုပဲ အပြစ်ပုံချကတ်တေ။ လူတိုင်းမှာကိုယ့်အားနည်း၊ အားသာချက်တိ ကိုယ်စီဟိကတ်တေ။ အခု ရွီးပြချင်စွာကတော့ ရခိုင်သားအများစုမှာ Common ဖြစ်တေ အားသာချက်၊ အားနည်းချက်တိနန့် မမချေတိရွီးချယ်ရေအခါ ဇာအချက်တိကို ထည့်စဉ်းစားရေလဲဆိုစွာ အချက်အလက်တိပါ။
အားနည်းချက် (ကိုယ့်စိတ်ထင်) တိကို အယင်ပြောပြပါမေ။ တိုက်ဆိုင်မှုဟိကေ ခွင့်လွှတ်ကတ်ပါ။
၁။ ရခိုင်သားတိစွာ အနည်းနန့်အများ ဘဝင်မြင့်ပါရေ။
ရခိုင်ဆိုပြီးကေ အမျိုးမာန်တက်စွာထက် တချို.ကလွန်ကဲပြီးကေ ဘဝင်ကိုင်ရေအဆင့်ကိုရောက်လားခရေခါ မမချေတိကို ဖွင့်မပြောဖြစ်ပဲနန့် ဝါးလုံးခေါင်းထဲမှာပဲ လပပြီးကေ အခါလွန်မိုးဖြစ်လားခစွာများပါရေ။ အချေခါကပင် gender ကို ကောင်းကောင်းအလေးပီးပြီးကေ ခွဲခြားထားကတ်စွာလည်းး ပါပါဖို့။ ကိုယ့် ရခိုင်ပြည်မှာက မမချေတယောက်မှာ ကလေချေသူငယ်ချင်း (၃၊ ၄) ယောက်ဟိကေ ယှုပ်တေဆိုပြီးကေ အပြောခံရရေ။ ယင်းချင့်တိက တကယ်တမ်း relationship တခုအတွက် approach လုပ်တေအခါ smooth ဖြစ်အောင်မပြောတတ် မဆိုတတ်ဖြစ်စီရေလို့ ထင်ပါရေ။ ငြင်းလိုက်ဖို့စွာကို ကြောက်လို့လည်း ဟိပါဖို.။
၂။ ရခိုင်သားတိစွာ စိတ်ထဲမှာ ဟိစွာခံစားချက်ကို ဖွင့်မပြောတတ်။
ရည်းစားကိုချစ်လို့ တပိုင်းသီဖို့ပျာယ်။ ယေကေလည်း ပါးစက သူငယ်ချင်းတိကိုပြောကေ မိုးလားကဲလား၊ အားနာလို့ လက်ခံထားရရေဆိုရေ ပုံစံမျိုး အသံကောင်းဟစ်တတ်တေ။ အထူးသဖြင့် ယောက်ျားအချင်းချင်းကြားမှာ မယားနိုင် ကောင်းကောင်းဖြစ်ချင်ကတ်တေ။ ချစ်ကေလည်း ချစ်တေလို့မပြော။ ယင်းအပိုင်းမှာက ကိုယ့်စိတ်မှာ (၁) ဆချစ်ကေ (၁၀) ဆချစ်တေလို့ပြောတတ်တေ မြန်မာတိနှင့် အမှတ်ကွာလားပါပျာယ်။ မမချေဆိုစွာက ယင်းပိုင်ပြောမှ သဘောကျရေ။ ယူပြီးခါ ဖျာပိုင်ခင်းပြီးနင်းထား နင်းထား၊ မရခင်ကတော့ ထိပ်မှာတင်ထားမှ။ အဓိကက ပြောဆိုဆက်ဆံရေးမှာ ကောင်းကောင်းလိုသိမ့်ရေ ဆိုစွာပါ။
၃။ တော်တော်များများ ရခိုင်သားတိစွာ သိက္ခာဟိဟိ မရူးဝံ့ကတ်။
ကိုယ်ယှုံးကေ၊ ငြင်းခံရကေ ခါးခါးသီးသီးတုန့်ပြန်ရေ။ အငြင်းပယ်ခံနိုင်ရေသတ္တိမဟိ။ တဖက်သားကိုအပြစ်ပုံချပြီးကေ ကိုယ့်အပြစ်ကို ဝန်မခံတတ်။ စွပ်စွဲစွာ ပြင်းထန်ချင်ကေလည်း ပြင်းထန်လီပါဖို့။ လူတိုင်းမဟုတ်ကေလည်း တော်တော်များများမှာ တွိရလို့ စိတ်မကောင်းပါ။ အထူးသဖြင့် ရည်းစားစကားပြောလို့ မမချေဖက်က လက်မခံနိုင်လို့ငြင်းလိုက်ကေ သပုတ်လီလွှတ်ပြောစွာကို အမြဲတမ်းတွိရရေ။
၎။ တော်တော်များများ ရခိုင်သားတိစွာ gentleman ဆိုစွာဇာလဲဆိုစွာ နားမလည်။
အပြစ်ဆိုဖို့တော့ နည်းနည်းခက်ပါရေ။ ရခိုင်စွာ male dominant ဖြစ်တေ society တခုပါ။ ထမင်းစားတိုင်း လင်ကို အယင်ဦးချရရေနီရာက လာလူတိဆိုခါ အနောက်တိုင်းကိုရောက်လာရေအခါမှာ lady first ဆိုပြီးကေ ထမင်းဝိုင်းမှာ မမချေကို အယင်ဦးစားပီးထည့်ပီးရေ စနစ်နန့် မရင်းနှီစွာ အဆန်းတော့ မဟုတ်ပါ။ ယေကေလည်း အခု oversea ကိုရောက်နီရေလူတိကတော့ သိသင့်ရေလို့ ထင်ပါရေ။ မမတိက အားမနာလုပ်လို့ရရေလို့ ပြောစွာမဟုတ်ပါ။ နှစ်ဦးနှစ်ဘက် respect ဟိရဖို့လို့ ဆိုလိုစွာပါ။ Gender Discrimination တိကို လျှော့ဖို့လိုပါပျာယ်။
၅။ ရခိုင်သားတိစွာ အမြင်ကျဉ်းမြောင်းရေ။
ဟုတ်ပါယင့်။ အဆဲခံလိုက်ပါအုံးမယ်။ တချို.ရခိုင်သားတိက ပြောပါရေ။ ရခိုင်သမတိဖော်စွာကို ကြည့်လို့မရလတ်။ ယင်းချင့်ကိုတော့ နားမလည်။ ကိုယ့်အရပ်နန့် ကိုယ့်ဇာတ်ဆိုစွာ ဟိပါရေ။ ကိုယ်နီရေ နီရာဒေသနန့် လိုက်လျောညီထွေဖြစ်ဖို့ အရေးကြီးပါရေ။ စစ်တွေမြို့ကိုလားပြီးကေ မီနီစကပ်နန့် ဗန်းပြနီလို့ကတော့ ဇာဖြစ်ပါဖို့လဲ။ ကမ်းခြီမှာ ဘီက်ီနီဝတ်စွာ အဆန်းမဟုတ်။ ရခိုင်သမ ဖော်စွာမကြည့်ဝံ့ကေ မျက်စိရာမှိတ်ထားကတ်ပါဖိ။ အတိုအကပ် (နိုင်ငံခြားမှာ) ဝတ်တိုင်း ပျက်စီးနီရေလို့ထင်နီစွာကတော့ ကောင်းကောင်းရယ်ရစွာ အယူအဆပါရာ။ လူတယောက်၏စိတ်ဓါတ်နန့် အကျင့်စာရိတ္တကို ဝတ်ထားရေ အဝတ်အစားနန့် ဆုံးဖြတ်တေဆိုကေတော့ သဘောပါ။
၆။ ရခိုင်သားတိစော် စိတ်မရှည်၊ ခွင့်လွှတ်သည်းခံစိတ်နည်းပါရေ။
စလို့လိုက်တေ ဆိုခါကပင် ကြုံလိုက်တိများရေ။ တနားချေလိုက်လို့မရကေ နောက်တယောက်ကို ချက်ချင်းပြောင်းတတ်တေ။ ကုသ ပပဝတီကိုရစွာ ကုသက ဖုရားလောင်းဖြစ်လို့ မဟုတ်ပါ။ ဇွဲဟိလို့။ ယင်းပိုင်ဇွဲမဟိကတ်ပါ။ ရည်းစားဖြစ်ကေလည်းသင့် ကိုယ်ရာ တလုံးချိုင့် ဖြစ်ချင်ဖြစ်ဖို့၊ မမချေကို ငါးဆင့်ချိုင့်လောက်နန့် perfect ဖြစ်ဖို့ မျှော်လင့်ကတ်တေ။ အမှားတခုလုပ်မိကေ ခွင့်မလွှတ်တတ်။ အားလုံးတော့ မဟုတ်ကေလည်း ရခိုင်သမတိုင်းလိုလိုပါးက ပြန်ကြားရစွာ စကားပါ။
တခြားအချက်တိကိုတော့ minor လို့ထင်ပါရေ။ relationship တခုတည်ဆောက်တေနီရာမှာ အခုအားနည်းချက်တိကိုကြည့်လိုက်ကေ အားလုံး အပြောအဆို၊ အမူအကျင့်နန့်သက်ဆိုက်နီစွာကို တွိပါဖို့။ ရခိုင်သားတိ အရက်သောက်လို့ မယားမရဆိုစွာကို လက်မခံပါ။ ရခိုင်သားတိက အရက်သမားဖြစ်ရစွာ ဂုဏ်ယူနီကတ်စွာကိုတော့ တွိပါရေ။ ထားလိုက်ပါဖိ ယင်းချင့်ကို။ ကောင်းရေအချက်တခုက ရခိုင်သားတိစွာ သစ္စာဟိရေလို့ ထင်ပါရေ။ မပြောတတ် မဆိုတတ်ဆိုစွာက opposite gender နန့်တွိကေ ပြောစွာပါ။ လူကြီးသူမကိုတော့ အားလုံးသူသိတတ်ကတ်တေ။ ဖြောင့်ဖြောင့်မှန်မှန်ဟိရေ။ အားနာတတ်တေ။ စိတ်ရင်းကောင်ပြီးသားပါ။ အပြောမတတ်စွာ၊ Manner မဟိစွာချေတခုကို ပျင်လိုက်ကေတော့ခါ မယားသုံးယောက်ကပြောကဲ့ အယောက် (၁၀၀) လောက်ရဖို့သေချာပါယင့်။ ကိုယ့်ကို ဝယ်နိုးဝယ်နိုးစောင့်နီကေတော့ မပြောတတ်။
(ခိုင်ဝေဇံ)
အချစ်တိလွန်ပြီးကေ အပြစ်မတင်ကတ်စီချင်
အချစ်တိလွန်ပြီးကေ အပြစ်မတင်ကတ်စီချင်
----------------------------------------------
ရခိုင်သားတိုင်းမှာ အမျိုးချစ်စိတ်က ခေတ်အဆက်ဆက် သန္ဓေတည်ဖြတ်သန်းလာပနာ ခိုင်ခိုင်မာမာဟိနီပြီးသားပင်ဖြစ်တေ။ ဒေအချက်က ငြင်းစရာမလိုရေ အားလုံးသူက သဘောတူထားကတ်တေ ဘုံယုံကြည်မှုလို့ ပြောကတ်ရဖို့ ထင်ရေ။ ယေကေလည်း
ဒေနိကာလ ရခိုင်သားတိ ရင်ဆိုင်နီကတ်ရရေ ပြဿနာတိက ဒေအမျိုးချစ်စိတ်ဆိုရေ ခံယူချက်ချေတခုတည်းနန့် ဖြေယှင်းလို့မရနိုင်ရေ မလုံလောက်တေ စိန်ခေါ်မှုအသစ်တိ ဖြစ်နီကတ်တေ။ အမျိုးချစ်စိတ်ကြီးပြီးကေ မျှော်မှန်းထားကတ်တေ စည်းလုံးညီညွတ်မှုတိမဖြစ်လာရေခါ အချင်းချင်းလက်ညိုးထိုး အပြစ်တင်ခြင်းနန့်စီ အဆုံးသတ်လားကတ်စွာကို တွိမြင်နီကတ်ရရေ။ ပုဂ္ဂလိကပဋိပက္ခတိဖြစ်ပနာ ညှိလို့မရ ကွဲပြဲလားရကတ်တေ။ ဒေပိုင်နန့် စုကွဲပြဲသံသရာလည်နီကတ်ရစွာ အေနိထက်ထိလို့ပြောကေ လွန်လီဖို့ မထင်ပါ။
ဒေကမ္ဘာကြီးမှာ လူတိရင်ဆိုင်နီကတ်ရရေပြဿနာပေါင်းစုံကို တထိုင်တည်းနန့် ဖြေယှင်းနိုင်ရေ ဆီးကြိမ်လုံးမဟိရေပိုင် နှစ်ပေါင်းနှစ်ရာကျော် အဖျက်ခံလာရရေ ရခိုင်ရို့လူ့ဘောင်ကို ပြန်ပနာတည်ဆောက်ဖို့နန့် ဆုံးယှုံးနီကတ်ရရေ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ အခွင့်အရေးတိအားလုံးကို ပြန်ရဖို့အတွက် အချိန်ကာလတခုကိုပီးပနာ တဆင့်ပြီးကေတဆင့်တက်လို့ အဖြေရှာလားကတ်ရဖို့စွာက လွန်ဆန်လို့မရနိုင်ရေ သဘာဝတရားတခု ဖြစ်နီရေ။ ပထမဆုံးလုပ်သင့်ရေ အချက်တခုကတော့ကေ ငါရို့ ဇာဖြစ်လို့ အချူပ်အချာအာဏာဆုံးယှုံးပနာ ထီးနန်းပျောက်ပြီးကေ တိုင်းပြည်ပျက်လားခရလဲဆိုစွာကို စနစ်တကျ ရှုထောင့်အမြင်ပေါင်းစုံက လေ့လာသင့်ရေလို့ ထင်ရေ။ ကိုယ်ရို့အထဲက အမျိုးသားသစ္စာဖောက်တိဟိခလို့ ၀င်တိုက်ခလို့၊ အချင်းချင်းကြားမှာ ညီညွတ်မှုမဟိလို့၊ စစ်တကောင်းဆိပ်ကမ်းကို လက်လွှတ်ဆုံးယှုံးလိုက်ရပနာ ရခိုင်ပြည်စီးပွါးရေးတခုလုံး နာလန်ပြန်မထူနိုင်လောက်အောင် အကျပ်အတည်းတိနန့်  ရင်ဆိုင်နီခရလို့ စရေအချက်အလက်တိအများကြီးတွိကတ်ရဖို့စွာက ကျိန်းသီနီပါရေ။ နောက်ပြီးကေ ၀ံလက်ရို့အားမာန်ကို အောင်လံထူဆုပ်ကိုင်ပနာ ခေတ်အဆက်ဆက်တော်လှန်ပါလတ်တေ အမျိုးသားတော်လှန်ရေးလမ်းကြောင်းနန့် လက်ဟိအခင်းအကျင်း၊ အားနည်းချက်၊ အားသာချက်တိကို လေ့လာသင့်ပါရေ။ အဓိကပြောချင်စွာက နိုင်ငံရေးပြဿနာစွာ လူ့ဘောင်၏ထောင့်ပေါင်းစုံကလာတတ်ပြီးကေ ဒေပြဿနာကိုဖြေယှင်းဖို့ ထောင့်ပေါင်းစုံက အဖြေရှာရခြင်းပင်ဖြစ်တေ။ ယင်းအတွက်နန့် ကွဲပြားခြားနားရေအမြင်ရှုထောင့်ပေါင်းစုံက ချဉ်းကပ်ပနာ နိုင်ငံရေးပြဿနာကို ဆွေးနွေးအဖြေရှာရစွာက ပိုပြီးကေ အနှစ်သာရနန့် ပြည့်စုံလက်တွိကျဖို့လို့ ထင်ရေ။
ပြောရဖို့ဆိုကေ ရခိုင်သားတိစွာ disorder ဖြစ်နီကတ်တေ။ ယင်းအတွက်နန့် order အသစ်တခု ရခိုင်ရို့လူဘောင်ကို ဖြတ်သန်းစီးဆင်းလားပစ်လိုက်ရဖို့။ soft-order သို့မဟုတ် hard-order နှစ်ခုထဲက တခုကို ရွီးချယ်ပနာ ကျင့်သုံးလည်ပတ်ရဖို့။ ကမ္ဘာမှာဟိရေ နိုင်ငံလူ့အဖွဲ့ အစည်းတိုင်းမှာ order ဟိရေ။ လူ့အဖွဲ့အစည်းတိုင်းမှာ Policy-making လုပ်တေအလွှာနန့် implementing လုပ်တေအလွှာဆိုပြီးကေ အလွှာနှစ်ခုစီဟိရေ။ ဒေအလွှာအထပ်နှစ်ခုကို အော်ဒါက ဆက်စပ်ချိုင်ပီးထားရေ။ ၀ါးလုံးတရာကို ချိုင်ပီးထားရေ ကြိုးပိုင်ဖြစ်တေလို့ ဥပမာပီးရဖို့ထင်ရေ။ အထက်ကအောက်ကို စီးဆင်းရေ အော်ဒါ (Authoritarian state တိမှာ တွိကတ်ရရေ) နန့် အောက်ကအထက်ကိုဆန်တက်တေ အော်ဒါ (Democratic state တိမှာ တွိကတ်ရရေ) နှစ်ခုရာ ခြားဖို့ထင်ရေ။ ဒေပိုင် အော်ဒါကိုသွင်းဖို့  အင်အားကောင်းရေ အဖွဲ့အစည်း (သို့မဟုတ်) အုပ်စုတစုဟိဖို့လိုအပ်တေ။ ဒေအုပ်စုရေ subjective ဖြစ်တေ ယေဘုယအမျိုးသားရေးစိတ်ဓါတ်ထက် objective ဖြစ်တေ နိုင်ငံရေးယုံကြည်ချက်တခုခုဟိရေ အင်အားစုတစု ဖြစ်သင့်ရေ။ ဥပမာ- ရခိုင်ပြည်မှာ ဇာပိုင်နိုင်ငံရေးစနစ် စီးပွါးရေးပေါ်လစီတိကျင့်သုံးဖို့လဲ။ လာဖို့နှစ်ပေါင်း (၅၀) မှာ ရခိုင်ပြည်၏အခြေအနေ ဇာဖြစ်လာနိုင်ဖို့လဲ အစဟိရေ အနာဂါတ်အမြင်တိပါဟိနီရေ အဖွဲ့မျိုးဖြစ်နီရပါဖို့။ အဓိကရန်သူဖြစ်တေ မြန်မာတိ၏အားနည်းချက်၊ အားသာချက်၊ မဟာဗျူဟာအနာဂါတ်ခြီလှမ်းပရိယာယ်တိကိုသုံးသပ်ပနာ နိုင်ငံရေးအရ အာဏာချိန်သီးကို ဇာပိုင်ညှိယူနိုင်ဖို့လဲဆိုရေ နိုင်ငံရေးပြည့်ဝရေ အဖွဲ့မျိုးဖြစ်သင့်ရေ။
နိုင်ငံရေးစွာ ရေရှည်လားရရေ ဖြစ်စဉ်တခုဖြစ်တေပိုင် ရက်ပြတ်ကဇတ်ရရေ ဂိမ်းတခု (Repeated Game) လည်းဖြစ်တေ။ ယင်းအတွက်နန့် နိုင်ငံရေးသမားဂေါင်းဆောင်တိလုပ်ချင်ရေ လူတိရေ နိုင်ငံရေးလောကစည်းဝိုင်းထဲကိုဝင်ဖို့ဆိုကေ စိတ်ကူးယိုင်မှုတိကို အိမ်မှာအယင်သိမ်းပနာထားပစ်ခသင့်ရေ။ အမျိုးသားရေးစိတ်ဓါတ်အမြင်စွာ အခြေခံဟိထားဖို့လိုအပ်ကေလည်း လက်တွိနိုင်ငံရေးလုပ်တေခါ အေထက်ပိုပြီးကေ ခိုင်မာရေနိုင်ငံရေးအယူအဆ ၀ါဒတိဟိသင့်ရေ။ ယေပြီးကေ တိုက်ပစ်လိုက်ဖို့၊ ခွပ်ပစ်လိုက်ဖို့၊ ထိုးပစ်လိုက်ဖို့ဆိုရေ ပြောလို့ဆိုလို့၊ စည်းရုံးလို့ကောင်းရေ ယေဘုယျအမျိုးသားရေးစကားလုံးတိကိုပြောနီရေလူတိထက်ပိုပြီးကေ လက်တွိကျ လိမ်မာပါးနပ်ပနာ အမြင်ကျယ်ရေ မဟာဗျူဟာနည်းဗျူဟာနန့် ဒီပလိုမေစီတိ ကျင့်သုံးတတ်တေ ဂေါင်းဆောင်အရည်အချင်းတိနန့်ပြည့်စုံရေ နိုင်ငံရေးသမားကောင်းတိအများကြီးဟိလာဖို့ လိုအပ်နီရေ။
နောက်တခုက ရခိုင်သားတိရက်ပြတ်ပြောနီကတ်တေ စည်းလုံးညီညွတ်ရေးကိစ္စ။ ဒေနိ ရခိုင်သားတိပြောနီကတ်တေ ဖြစ်ချင်နီကတ်တေ စည်းလုံးညီညွတ်ရေးကို ပဒေသရာဇ်စည်းလုံးညီညွတ်ရေးလို့ အဓိပ္ပါယ်ဖွင့်ဆိုပနာ နာမည်ပီးကတ်ရဖို့ထင်ရေ။ ရခိုင်သားမှာ အဖွဲ့တခုတည်းဖြစ်ရဖို့။ ယင်းပိုင်အဖွဲ့တခုတည်းဖြစ်လာကေ ရခိုင်ခေတ်သစ်ပဒေသရာဇ်တယောက်နှစ်ယောက်က လက်ဝါးကြီးအုပ်ပနာ ဆရာကြီးလုပ်နီဖို့။ ရာသက်ပန်နာယက၊ ထာဝရဥက္ကဌလုပ်လားဖို့။ ဒေနီရာမှာ ပြဿနာက အေပိုင် ပဒေသရာဇ်စည်းလုံးညီညွတ်ရေးကို ယုံကြည်လက်ခံကျင့်သုံးနီကတ်လို့ ပုဂ္ဂလိကကိုးကွယ်မှုတိပေါ်လာပနာ ရခိုင်သားတဦးချင်းစီ၏လွတ်လပ်တေတွေးခေါ်မှု၊ ကိုယ်စွမ်းကိုယ်စ၊ ကိုယ့်ခြီထောက်မှာရပ်ပနာ တီထွင်ကြံဆချင်စိတ်တိအားလုံး ပျောက်လားခရရေ။
ဖြစ်သင့်စွာက နိုင်ငံရေးဆိုကေ နိုင်ငံရေးလိုင်းကိုလားကတ်ပနာ ပရိုဖက်ရှင်းနယ် နိုင်ငံရေးပါတီ၊ စွမ်းရည်ဟိရေ လက်နက်ကိုင်အဖွဲ့တိ သူ့လမ်းကြောင်းနန့်သူ လားကတ်စွာက ပိုလို့ကောင်းဖို့လို့မြင်ရေ။ လူမှုရေးအဖွဲ့ဆိုကေ ထိရောက်တေလူမှုရေးအလုပ်တိကို လုပ်လာနိုင်အောင် ကြိုးစားအားထုတ်လုပ်ဆောင်လားကတ်စွာက ရခိုင်ရို့လူ့ဘောင်ကို ပိုလို့အထောက်အကူဖြစ်စီဖို့လို့ ထင်ရေ။ အိမ်တဆောင်ကို လိုအပ်တေတိုင်တိနန့် အောက်ခြီဖောင်ဒေးချန်းချပနာ တည်ဆောက်ရရေပိုင် လူ့အဖွဲ့အစည်းမှာလည်း အရေးကြီးရေ မဏ္ဍိုင်တိ (Pillars) ဟိဖို့ လိုအပ်တေ။ လူမှုအထောက်အကူပြု ပညာရေးအထောက်အကူပြု အစဟိရေအသင်းအဖွဲ့ချေတိ အများကြီးပေါ်လာပနာ ကိုယ်နိုင်ရေတာဝန်ကို ထမ်းဆောင်လားကတ်ခြင်းက ပိုပြီးကေ လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်းစီပါဖို့။ ပညာရေးအကျိုးဆောင်လုပ်ငန်းချေတိ အများကြီးလုပ်ပနာ အနာဂါတ်ဂေါင်းဆောင်သစ်တိကို ပြုစုပျိုးထောင်မွီးထုတ်ပီးခြင်းက အားလုံးသူစုပနာ အဖွဲ့တခုထောင်ပြီးကေ တခုလည်းအကျိုးရလဒ်ကောင်းထွက်တေ အလုပ်တိကို မလုပ်နိုင်ခြင်းထက် ပိုပြီးကေ သွီးစစ်တေအမျိုးချစ်ခြင်းလို့ ပြောကတ်ရပါဖို့လို့ ယူဆမိရေ။
ကျဆုံးလားခရရေ ဗိုလ်ခိုင်ရာဇာလက်ထက်မှာ ဖဲသာတောင့်ရေ။ အနည်းဆုံး အမေရိကန်ဒေါ်လာ သန်းဆယ်ဂဏန်းကျော်လောက်ကိုကိုင်ပနာ ဦးဆောင်လုပ်နိုင်ခလို့ ရခိုင်ပြည်ခေတ်သစ်တော်လှန်ရေးသမိုင်းမှာ အင်အားအကောင်းဆုံးရခိုင်တပ်မတော်ကို ထူထောင်နိုင်ခရေ။ ဟိဟိသမျှရခိုင်တော်လှန်ရေးနိုင်ငံရေးအဖွဲ့ချေတိအားလုံး ခိုင်ရာဇာနန့် ပူးပေါင်းခကတ်တေ။ ယင်းအတွက်နန့် ဒေနိကာလ ရခိုင်တော်လှန်ရေးနိုင်ငံရေးလောကမှာ အင်အားကောင်းရေ ဖဲသာတောင့်ရေ အုပ်စုတစုပေါ်ပါလတ်ကေ ဇာသူကို ဇာပိုင်အယင်တိုက်ရဖို့လဲဆိုစွာကို ငြင်းနီဆွေးနွေးနီစရာမလိုပဲ အေနိပေါ်လစီချ အေနိလားတိုက်လို့ရရေ။
ဝမ်းနည်းဖို့ကောင်းစွာက အေနိကာလ ရခိုင့်နိုင်ငံရေးတော်လှန်ရေးလောကစွာ အင်အားအနိမ့်ဆုံးအချိန်ကို ရင်ဆိုင်နီကတ်ရရေလို့ ပြောရဖို့ထင်ရေ။ ရခိုင်လူမှုရေးနိုင်ငံရေးအဖွဲ့အစည်းတိအားလုံးက စည်းစနစ်ကျရေ အဖွဲ့အစည်းတည်ဆောက်ထားမှုတိမဟိခြင်း (Structural deficiencies) နန့် အတွင်းပဋိပက္ခ (inner conflicts) တိကို ရင်ဆိုင်နီကတ်ရရေ။
နိဂုံးချူပ်ပြောရဖို့ဆိုကေ ငါရို့တိ အခုခေတ်ရခိုင်သား၊ ရခိုင်သမချေတိ အယင်ကထက် နှစ်ဆပိုတိုးပနာ ကြိုးစားကတ်ရပါဖို့ ။ လူစွမ်းလူစမြင့်လာအောင်လုပ်ကတ်ရဖို့။ ထူးချွန်ထက်မြက်လာအောင် ပီးအပ်လာရေအမျိုးသားရေးတာဝန်ကို ကိုယ်နိုင်ရေဖက်က ထမ်းဆောင်နိုင်အောင်လုပ်ကတ်ရပါဖို့။ ယင်းအတွက်နန့် ငါရို့နန့်အနီးဆုံးမှာဟိနီရေ ရန်သူ (Ignorance and illiteracy) ကို အရင်ဆုံးတိုက်ပစ်လိုက်ရဖို့လို့ ထင်မြင်မိပါယင့်။ အမျိုးသားရေး အချစ်တိလွန်ပြီးကေ ထိုလူကိုအပြစ်တင် ဒေလူကို ဝေဖန်နီစွာထက် မိမိကိုယ်ကို ဇာလုပ်နိုင်ဖို့လဲ။ ဇာလောက်ပီးဆပ်နိုင်ဖို့လဲလို့ ဆင်ခြင်သုံးသပ်နှလုံးသွင်းပနာ တာဝန်ယူနိုင်ခြင်းက ပိုပြီးကေကောင်းဖို့လို့ ပြောချင်ပါရေ။
ခိုင်အောင်အောင်
(29/03/2009)
ကျောက်ဖြူမြို့ ကံ့ကော်တောဘုရားသမိုင်းအကျဉ်းချုပ်
ကျောက်ဖြူမြို့ ကံ့ကော်တောဘုရားသမိုင်း အကျဉ်းချုပ်
-----------------------------------------------------
နမောတဿ ဘဂ၀တော အရဟတော သမ္မာ သမ္ဗုဒဿ ပဉ္စဂုဏာ အဟံ ၀န္တာမိ။
ဘုရားသမိုင်းလင်္ကာ
---------------------
ဇမ္ဗူဒီပါ၊ ကျွန်းတောင်ယာဝယ်၊ ရတနာထူပြော၊ စဉ်ပင်ပေါသည်၊ မနောရမ္မာ၊ ကျွန်းအောင်ချာထက်၊ ရှိကလူပေါင်း၊ ရှိလူဟောင်းရို့၊ ပျော်ကောင်းလူ့ဘောင်၊ သေလာတောင်ဝယ်၊ ခေါ်ဆောင်မှန်ကူ၊ ရွာကျောက်ဖြူထက်၊ ရှိမူမော်ကွန်း၊ တည်ထွန်းစဉ်လာ၊ ရွာချခါဝယ်၊ ခေါ်ရာပရေ။ ရပ်ဝယ်လူများ၊ အရပ်သားနှင့်၊ အောင်သားမည်ခါ၊ ငသထာဟု၊ ခေါ်မှုမှန်စွာ၊ ကွန်ဆရာသည်၊ လင်းခါချိန်ထေက်၊ မိုးလင်းရောက်က၊ မြစ်စယောင်ယောင်၊ ငပြီတောင်နား၊ ကွန်ပစ်လားရာ၊ ငသထာဟု၊ ခေါ်ရာထိုသူ၊ ပစ်သည်ဟူက၊ ကွန်မူထွီးယှက်၊ ငြိလျှက်ဟိရာ၊ စမ်းကြည့်ပါသော်၊ မြတ်စွာရုပ်ပွား၊ ဆင်းတုအားကို၊ တွိပြီးသောခါ၊ ရွာပြန်လာရောက်၊ ကြောက်မက်စဖွယ်၊ မြစ်ပင်လယ်မှာ၊ ဇာနှယ်ကဲ့သို့၊ ဖြစ်ဖို့သနည်း၊ ပုထိုးတဆူ၊ ဟိသည်ဟူ၍၊ လူများသိစီ၊ ပြောကြားလီသော်၊ ကြီးသူမောင်ဝမ်း၊ ရွာဆော်ရွန်း၍၊ ရွှင်လန်းအားရ၊ ရပ်သားရွာသူ၊ ကျွက်ကျွက်ဆူမျှ၊ ပင့်ယူလတ်သော်၊ ခုမူတည်ရာ၊ ရက်ခံသာက၊ ပြောင်းကာတတိတ်၊ ပင့်ဖိတ်ကြရာ၊ မရပါသော်၊ လွန်သာထယ်ဆွဲ၊ ကြိုးစားပေလည်း၊ လွန်ကြိုးပြတ်ကျ၊ ပင့်မရတည်း။
မြတ်ဗုဒ္ဓ၏၊ တေဇတောက်ထွန်း၊ ဘုန်းရောင်လျှမ်းသည်၊ ထွန်းနီပမာ၊ စောမြတ်စွာကို၊ တကာပရေ၊ တည်သည်သက္ကရာဇ်၊ နှစ်၏ကောဇာ၊ တရာ့လေးဆယ်၊ စွန်းဝယ်ခုနှစ်၊ ရတုဟေမာန်၊ တပို့တွဲလ၊ ဆန်းစပုဏ္ဏမီ၊ တိထီခြောက်ရက် ဇီဝါရက်တွင်၊ တည်ရက်မှန်လှ၊ မြတ်ဗုဒ္ဓကို၊ ခေါ်ထမိန့်မော၊ ကန့်ကော်တောဝယ်၊ မနောကြေငြာ၊ တည်ထားပါသည်။ ရောင်ဝါခြောက်သွယ်ဝင်းစီသောဝ်။
(ဤကား မြောက်ဘက်ဘုရား ရုပ်ပွားတော်ကြီး အကြောင်းအရာများပေတည်း။)
၁။ တကာပရေ = ရွာကို ကြီးကြပ်အုပ်ချုပ်သူ။
၂။ မောင်ဝမ်း(ရွာသူကြီး) = ရွာတွင် ဆော်သြသူ။
၃။ သထာ(ကွန်ဆရာ) = ကွန်ပစ်သူ (ဘုရားတွိသူ)
ဤလင်္ကာအရလည်း ကံ့ကော်တောဘုရားရုပ်ပွားတော်များမှာ ကောဇာ (၁၄၇) ခုနှစ် တပို့တွဲလဆန်း ခြောက်ရက်နိ ကိုးကွယ်သည်ဟု မှတ်ယူရပါသည်။
မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးအချိန်အခါမှစ၍ ပေါ်ပေါက်လျက်ဟိသော စကားရပ်များမှာ ကံ့ကော်တောဘုရား ရုပ်ပွားတော်များနှင့် ဆက်စပ်လျှက်ဟိသော စကားတရပ်ပင်ဖြစ်သည်။
ရှိသရောအခါ၌ ကောတုံတရစ်တိုင်းဟု၍ တိုင်းကြီးတတိုင်းမှာ ထင်ရှားစွာဟိသည်။ ၄င်းတိုင်း၏အကျယ်အ၀န်းမှာ ရှိဘက်သို့ မော်တင်စွန်းအထိနှင့် အနောက်ဘက်သို့ ဘင်္ဂလားအော်အထိ ကျယ်ပြန့်သည်။ အဆိုပါတိုင်းပြည်တွင် မဒ္ဒရာဇ်မင်းကြီးစိုးစံအုပ်ချုပ်ပြီး သားတော် (၃) ပါး ထွန်းကားသည်။ နောင်တော်ကြီး၊ နောင်တော်ချေနှင့် အာဝဟူ၍ အသီးသီးခေါ်တွင်၏။ အခါတပါးသောနိ၌ ဘခမည်းတော်မဒ္ဒရာဇ်မင်းကြီး နတ်ရွာလားသော် သားကြီးဖြစ်သော နောင်တော်ကြီးမင်းသားအား ထီးနန်းအပ်နှင်းသည်။ ညီတော်အလတ် နောင်တော်ချေက အိမ်ရှိစံအဖြစ်လည်းကောင်း၊ ညီတော်အာဝမင်းသားအား စစ်သူကြီးရာထူးဖြင့် အသီးသီးဝီမျှအုပ်ချုပ်သည်။ ထိုသို့ ညီနောင်(၃) ဦး စီးမံအုပ်ချုပ်မင်းလုပ်နီစဉ်တွင် ပြည့်သျှင်မင်းဖြစ်သော နောင်တော်ကြီးသည် ဥပုသ်ဝင်လိုလှသော အာသီသစိတ်ပြင်းပြလာသဖြင့် ညီတော်လတ်ဖြစ်သည့် နောင်တော်ချေအိမ်ရှိမင်းသားအား ထီးနန်းအပ်နှင်းတော်မူပြီး တောအရပ်သို့ ထွက်ခွာလားတော်မူသည်။ ထိုသို့ နောင်တော်ကြီးဘုရားတောထွက်၍ နှစ်များအတန်ကြာညောင်းသော် ပြည့်သျှင်မင်းနောင်တော်ချေသည်လည်း အစ်ကိုနောင်တော်ကြီးနည်းတူပင် အညရ၀ါသီတောရပ်မှီးလီတော့သည်။
ထီးနန်းအရိပ်အရာအား ညီတော်အငယ်ဆုံး အာဝမင်းအုပ်ချုပ်သည်။ သို့နှင့် နောင်တော်ချေမင်းကြီးသည် ထီးနန်းစွန့်ပြီး နောင်တော်ကြီးလားရာအရပ်ဘက်သို့ ရှိရှုပြီးလိုက်လီသော် တိုင်းပြည်တော်နှင့်အလွန်ဝီးကွာသော တောတန်းတခုတွင် တွိဆုံသည်။ ထို့သို့ တွိဆုံရာတွင် တိုင်းပြည်ရေးရာအကျိုးအကြောင်းနှင့်စပ်လျဉ်း၍ပြောဆိုပြီးသော် မိမိအားလည်း နောင်တော်နှင့်အတူတကွ တရားအားထုတ်ခွင့်ပြုပါရန် လျှောက်တောင်းပန်သော် နောင်တော်ကြီးက ငါ့ညီတော်တရားအားထုတ်လိုသော် ထိုဘက်တောင်တန်းမှာ နီလီလော့ဟုညွှန်ကြားသည်။ ညီနောင်နှစ်ဦးလည်း မိမိနီရပ်၌ပင် တရားအားထုတ်၍ အသက်ထက်ဆုံးနီလီကုန်၏။
၎င်းအရပ်သည် ရမ်းဗြဲကျွန်းမြောက်ဘက်ကျသည့် ပင်လယ်ထဲတွင်ဟိ၏။ ထိုနီရာအား နောင်တော်ကြီးတောင်နှင့် နောင်တော်ချေတောင်ဟူ၍ ယခုထက်တိုင်ခေါ်ဝေါ်လျှက်ဟိ၏။ ထိုစဉ်အခါ ကောတုံတရာဇ်တိုင်းပြည်၌ ညီငယ်တော်အာဝမင်းသားသည် မင်းကျင့်တရားဆယ်ပါး၊ နာယကဂုဏ်ခြောက်ပါးနှင့် ညီညွတ်မှုမဟိသောကြောင့် တိုင်းပြည်တွင် ခိုးသားဓားမြသောင်းကျန်း၍ အငတ်ဖီးဆိုက်၍ မငြိမ်မသက်ဖြစ်လတ်၏။
တိုင်းပြည်တွင် တန်းခိုးကြီးရုပ်ပွားတဆူဟိ၏။ (တချို့က နှစ်ဆူဟိသည်ဟူ၍လည်း ပြော၏။) ထိုတန်းခိုးကြီးရုပ်ပွားတော်ကြီးအား မရိုသေမကိုင်းညွတ်ပဲ မသင့်လျှော်သောအမှုကို ပြည်သူမျာ ပြုကျင့်ကြကုန်၏။ ထိုတိုင်းပြည်၌ သီလသမာဓိမြဲသော ငပုအမည်ဟိသော အဘိုးအိုလင်မယားနှစ်ဦးကိုးကွယ်သော တန်းခိုးကြီးဘုရားအား ဤသို့ပြုကျင့်နီခြင်းမှာ မသင့်လျှော်ကြောင်း ပြောဆိုဟန့်တားသော်လည်းမရ။ ငပုလင်မယားမှလွဲ၍ ၄င်း၏သားသမီးများပင်လျှင် မကောင်းသောအမှုပြုကျင့်ကြကုန်၏။ (တချို့က ငပုနှင့် ငလာ ညီအစ်ကိုနှစ်ယောက်ဟိကြောင်းဆို၏။)
နတ်များအိမ်မက်လာပီးခြင်း။
တညသောအခါ၌ ငပုလင်မယားအိပ်နီစဉ် သမာဒေ၀နတ်များလာပြီး ဤကောတုံတရာဇ်တိုင်းအား ရက်သတ္တပါတ်အတွင်း နဂါးရီနှစ်ကဇတ်တော့မည်ဖြစ်၍ သင်ရို့လင်မယားလွတ်ရာသို့ ပြီးလီကုန်လော့။ ထိုသို့လားသောအခါ၌ သင်ရို့နှစ်ဦးမှလွဲ၍ မည်သူ့အားမှ အသိမပီးလီနှင့် အိပ်မက်ပီး၏။ ငပုအဘိုးအို အိပ်ရာမှလန့်နိုးလတ်သော် အနီးတွင် ငွေအသပြာတထောင်ထုပ်ကို တွိ၏။ မိုးသောက်အလင်းရောက်သော် အဘိုးကြီးသည် မယားသည်ဝါကြီးမအား အိမ်မက်အကြောင်းပြောကြား၍ ငွေထုပ်အားပီးပြီး တယောက်သောသူကိုမျှ မပြောရန်မှာကြား၏။ ၀ါကြီးမက မိခင်ဖြစ်ခြင်းကြောင့် သားသမီးနှစ်ဦးအား တိတ်တဆိတ်ပြောရာ လားချိန်နီးတွင် ငပုအဘိုးကြီးဘုရားလားပင့်သော် ပင့်မရဘဲဟိ၏။
ထိုအခါ ငပုအဘိုးသည် ဘုရားရုပ်ပွားတော်အား အကြိမ်ကြိမ်ပင့်သော်လည်း အချီးအနှီးဖြစ်နီလီသောကြောင့် ၀ါကြီးမအား မှန်ရာပြောရန်မီးမြန်းရာ ၀ါကြီးမက သားသမီးများအားထုတ်ဖော်ပြောမိကြောင်းဝန်ခံ၏။
ထို့ကြောင့် ဘုရားအားပင့်မရခြင်းဖြစ်ကြောင်း အမှန်သိသဖြင့် အဆိုပါ နိရက်တွင်မလားတော့ဘဲ နောင်တွင် မည်သူမျှအသိမပီးဘဲ တိတ်တဆိတ်ဘုရားအားလားရောက်ပင့်ယူရာ လွယ်ကူစွာရခြင်းကြောင့် ၀ါကြီးမအား နတ်ပီးသော ရွှေထုပ်အားရွက်စီကာ ကောတုံတရာဇ်တိုင်းပြည်မှ တိတ်တဆိတ်ထွက်ခွာလားကြလီ၏။ ထိုသို့ထွက်လားယင်းပင် ယခုအခေါ် လိပ်ခမော် ရွာဟောင်းအနီး တောင်ငယ်တခုသို့ရောက်၍ အညောင်းဖြေရပ်နား၏။ ၄င်းတောင်ငယ်ကို ယခုထက်တိုင် “ငပုတောင်မော်” ဟု ခေါ်တွင်လျှက်ဟိ၏။
ရှာမတွိသော မဟာမြတ်မုနိအရပ်
အဘိုးငပုလင်မယားသည် ၄င်းတောင်ငယ်၌ အညောင်းအညာဖြီနီကြပြီး မိမိရို့လာရာလမ်းအတိုင်း အနောက်ဘက်သို့မျှော်၍ကြည့်လီသော် ကောတုံတရာဇ်တိုင်းပြည် သမုဒ္ဒရာပင်လယ်ရီပြင်အတိဖြစ်နီသည်ကို တွိမြင်ရ၏။ ထိုပင်လယ်ကမ်းစပ်တွင် ယခု ဂေါ်တူခေါ်ရွာငယ်တခုဟိ၏။ တခါတရံ ဖြားစစ်ချိန်တွင် ပင်လယ်သမုဒ္ဒရာထဲဟိ နန်းခေါင်တိုင်အား မြင်ရကြောင်းဆို၏။
ငပုလင်မယားကား ခရီးတထောက်ဆက်လျှောက်ရပြန်သော် အလွန်ပင်ပန်းနွမ်းရိလာခြင်းကြောင့် ၀ါကြီးမက ဤဘုရားရုပ်ပွားတော်နှင့် ငွေထုပ်အားထားခရန်ပြောသော်လည်း ငပုအဘိုးအိုကား ရှိသို့ဆက်၍ယူရန်သာပြောပြီး ခရီးဆက်၏။ သို့နှင့် ယခုကျောင်းအနီး သရက်တောအုပ်ကြီးထဲသို့ ရောက်လာ၏။ ဤနီရာတွင် ရပ်တန့်အညောင်းဖြေပြီးလျှင် ငွေထုပ်အား သရက်ပင်များအောက်တွင် မြှုပ်နှံ၍၄င်း၊ ဘုရားရုပ်ပွားတော်မြတ်အား သင့်လျှော်သောနီရာတွင်ထား၍ ပူဇော်ကန်တော့ပြီး မဟာမုနိအရပ်ဘက်သို့ ထွက်လားလီ၏။ မဟာမုနိအရပ်ကား ပဇာအရပ်ကိုခေါ်သနည်း။ ကျောက်တော်ဘက် မဟာမုနိဘုရားအရပ်ကိုခေါ်လီလား ယခုတိုင် အတိအကျမသိရပေ။
“ကံ့ကော်တောဘုရား” ခေါ်တွင်ခြင်း
ရှိလွန်လီပြီးသောအခါက လူနီအိမ်ခြီ လှီကားတထောင်ဟိသော ရွာကြီးတရွာသည် ကျောက်ဖြူတောင်အနီးတွင်တည်၍ ကျောက်ဖြူရွာဟုခေါ်တွင်သည်။ ယခုတိုင် ကျောက်ဖြူတောင်ခြီရင်းတွင် အင်တန်ကြီးသော ကျောက်ဖြူလုံးကြီးနှစ်လုံးဟိသည်။ အချို့က ၄င်းကို ကျောက်မောင်နှစ်မ၊ အချို့က ကျောက်လင်မယားဟုပြောဆိုသည်။ ၄င်းကျောက်ဖြူနှစ်လုံးကိုအစွဲပြု၍ ကျောက်ဖြူတောင်၊ ကျောက်ဖြူရွာဟုခေါ်သည်။ ထိုရွာတွင် လူကြီးဖြစ်သော ငပုချေဆိုသူ တောသို့လား၍ ငပုလင်မယားထားခသော ရုပ်ပွားတော်အားတွိ၍ မိမိနီရပ်သို့ပင့်ယူလာရာ ကျောက်ဖြူရွာအနီး ချောင်းကမ်းထိပ်သို့ရောက်သော် အညောင်းအညာဖြီရပ်နားရာတွင် ဘုရားရုပ်ပွားတော်အား ပြန်လည်ပင့်ဆောင်မရဖြစ်လီ၏။ ထိုအခါရွာသားများအားခေါ်ယူပြီး ရထားပြုလုပ်၍ဆွဲလီသော် လွန်ကြိုးရအလီလီပြတ်၍ ပင့်မရခြင်းကြောင့် ထိုနီရာတွင်ပင် ကျောင်းတော်ဆောက်၍ တည်ထားကိုးကွယ်၏။ ဘုရားပင့်မရခြင်းအကြောင်းသော်ကား ထိုချောင်းငယ်သည် ရွာသားများမစင်စွန့်ရာချောင်းဖြစ်၍ မဖြတ်လိုခြင်းကြောင့်လည်းကောင်း၊ ယခုတိုင် ၄င်းချောင်းနီရာကို ချီးတောချောင်းဟုခေါ်သည်။ ဘုရားရုပ်ပွားတော် သီတင်းသုံးတော်မူရန် သင့်လျှော်လျှောက်ပတ်သော မြီသန့်မြီမြတ်သို့ရောက်တော်မူ၍လည်းကောင်း၊ ထိုနီရာမှ ပင့်ဆောင်မရခြင်းဖြစ်သည်။ ထိုနီရာတွင် ကံ့ကော်ပင်များ တောအုပ်သဖွယ် ပေါက်ခြင်းကိုအစွဲပြု၍ “ကံ့ကော်တောဘုရား” ဟု ခေါ်တွင်ခြင်းဖြစ်သည်။ ဤကား တောင်ဘက်မှ သီးတင်းသုံးနီတော်မူသော ရုပ်ပွားတော်ငယ်၏ သမိုင်းအကြောင်းတည်း။ ထို့ကြောင့် ရုပ်ပွားတော်ငယ်မှာ ကံ့ကော်တောအုပ်သို့ ဦးစွာရောက်ကြောင်းထင်ရှားသည်။
မြောက်ဘက်မှ သီတင်းသုံးတော်မူသော ရုပ်ပွားတော်ကြီးအကြောင်း
ဤရုပ်ပွားတော်ကြီးအား ကျောက်ဖြူရွာသားတံငါသည် ငသထာသည် ငပြီတောင်မော်စွန်းအနီး ပင်လယ်ကမ်းစပ်တွင် လားရောက်ငါးဖမ်းရာ ပိုက်ကွန်အတွင်း၌ အဆိုပါရုပ်ပွားတော်ကြီး ငြိတွယ်ပါလာ၏။ ငသထာသည် ကြောက်လန့်ကြီးစွာ သူ၏ပိုက်ကွန်၌ ဘုရားပုထိုးတဆူပါလာကြောင်း ရွာသားများအားပြောကြားသော် ရွာသူကြီး ငပချေနှင့် ရွာဆော်မောင်ဝန်းသည် ရွာသားများအားခေါ်ယူပြီး ဘုရားရုပ်ပွားတော်အားပင့်ဆောင်ရာ ကံ့ကော်တောအုပ်အနီး ချောင်းကမ်းစပ်တွင်ရပ်နားစဉ် ယခင်ရုပ်ပွားတော်ကဲ့သို့ပင် ပင့်ယူမရဖြစ်ပြန်သည်။
ဘုရားရုပ်ပွားတော်ကြီးသည်လည်း ဤမစင်ချောင်းကို မဖြတ်လိုခြင်းကြောင့်လည်းကောင်း၊ မြီထွက်မြီမြတ်တွင် ယခင်ရုပ်ပွားတော်နှင့်အတူ သီတင်းသုံးတော်မူလိုခြင်းကြောင့် ပင့်ဆောင်မရခြင်းဖြစ်သည်။ ထိုရုပ်ပွားတော်ကြီးအား တချို့သောသူများက သီဟိုဌ်ကျွန်းမှ ကြွလာတော်မူသည်ဟုပြောသည်။ အချို့အချို့သောသူများကမူ ကောတုံကရာဇ်တိုင်းမှ ငပုညီ ငလာဆိုသူ ပင့်ယူလာခသောဘုရားဖြစ်ပြီး လောင်းလှီမှောက်၍ ရီထဲသို့ကျလားခြင်းဖြစ်ကြောင်း အချို့သောသက်ကြီးဝါကြီးများက ပြောသည်။ ငလာနီခသဖြင့် ယခုထက်တိုင် ငပြီတောင်တဘက်တွင် ငလာကုန်းဘောင်မှာ ထင်ရှားစွာဟိသည်။
နှစ်ဆန်းတရက်နိ ဘုရားပွဲပြုလုပ်ရခြင်းအကြောင်း
ဤတန်ခိုးကြီးရုပ်ပွားတော်မြတ်နှစ်ဆူအား သမ္မာဒေ၀နတ်ကောင်းနတ်မြတ်များ အစဉ်စောင့်လျှောက်လျှက်ဟိသည်။ တခုသောနှစ်ဆန်းတရက်နိတွင် နတ်သဘင်ပေါင်းစုံ စည်းဝေးရန်ကြုံသောကြောင့် ဤဘုရားတွင် ထိုနိထိုရက်၌ အစောင့်အယှောက်များကင်းမဲ့နီမည်ဖြစ်၍ မသူတော်များလာရောက်ဖျက်ဆီးခြင်းမခံရစီရန် နှိုးဆော်စောင့်ယှောက်စီခြင်းဖြစ်သည်။
ပွဲတော်ချရန်ရေးအခက်အခဲ၊ ဟင်းအခက်အခဲများတွိရစဉ် ရီကို ဘုရားအနီးတွင်တူးဖော်ရဟိပြီး ဤပြိန်းတောကြီးမှ ခူးယူချက်ပြုတ်ခြင်းဖြင့် ဟင်းအဖြစ်ပြုလုပ်၍ ပွဲတော်ချနိုင်ကြောင်း အိပ်မက်ပီး၍ ဘုရားတန်ခိုးတော်အား ယုံကြည်ခြင်းဖြင့် ပွဲတော်ပြုလုပ်လာလတ်သည်မှာ ယခုတိုင်ဖြစ်သတည်း။ မည်သည့်အချိန်ကာလသက္ကရာဇ်တွင် ဘုရားပွဲတော်စတင်ပြုလုပ်သည် အမှတ်အသားလည်းမထားခချေ။
ရှိနှစ်ပေါင်းများစွာကပင် ထင်ပေါ်ကြော်ကြားလျှက်ရှိခလီသော ကံ့ကော်တောဘုရားဟု ခေါ်ဝေါ်သမုတ်လျှက်ဟိသော ရှိဟောင်းပေါ်တော်မူမြတ်စွာဘုရား ရုပ်ပွားတော်နှစ်ဆူသည်ကား ရခိုင်ပြည်ရမ်းဗြဲကျွန်းရှိ ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ်၏ ဂုံးချိန်ကျွန်းရွာတောင်ဘက် ကံ့ကော်ပင်များဟိရာအရပ်၌ တည်ဟိသည်။ အဆိုပါ တန်ခိုးကြီးရှိဟောင်း ပေါ်တော်မူရုပ်ပွားတော်မြတ်ကြီးနှစ်ဆူ သီတင်းသုံးကိန်းဝပ်တော်မူရာသိမ်တော်မှာ ကျောက်ဖြူမြို့နှင့် (၅) မိုင်ကျော်ခန့် အကွာဝီးတွင်တည်ဟိပြီး ဂုံးချိန်ကျွန်းရွာနှင့်မူ (၂) ဖာလုံခန့်လောက်ဝီးသည်။ ထိုတန်းခိုးကြီး ရှိဟောင်းရုပ်ပွားတော်မြတ်နှစ်ဆူ၏ဘုရားပူဇော်ပွဲတော်မှာ နှစ်စဉ်နှစ်ဆန်း တရက်နိတွင်သာလျှင် ပြုလုပ်ကျင်းပလေ့ဟိသည်။ ဤကဲ့သို့ သင်္ကြံန်လွန်စ ထူးမြတ်သောနှစ်ဆန်းတစ်ရက်နိတွင် ကျင်းပပြုလုပ်သော ဘုရားပူဇော်ပွဲမျိုးကား မဟိသလောက် အလွန်ပင်ယှားပါးသည်။ ဤကံ့ကော်တော်ဘုရားပွဲတော်သည်ကား ကျောက်ဖြူမြို့နယ်တခုလုံးတွင် အထူးထင်ပေါ်ကျော်ကြားသော ဘုရားပွဲတော်ကြီးဖြစ်သည်။ ရှိဟောင်းရုပ်ပွားတော်မြတ် (၂) ဆူ၏ တန်ခိုးတော်သတင်းစကားများကြောင့်လည်း အရပ်ရပ်မှ လာရောက်ဖူးမျှော်ကန်တော့ကြသည်။ ရခိုင်သက္ကရာဇ် နှစ်ဆန်း (၁) ရက်နိသည်ကား ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးများအတွက် အလွန်ထူးမြတ်သော နိကောင်းနိမြတ်တရက်ဖြစ်သည်။ ထို့ကြောင့် နှစ်ဟောင်းမှ မကောင်းသောဖီးဒါဏ်၊ ရန်မာန်အပေါင်းကင်းဝီးစီကြောင်းအလို့ငှာ သင်္ကြန်အခါတွင်း၌ အိမ်ဦးခန်းတွင် အန္တရာယ်ကင်းအဖြစ် သပြီပန်းနှင့် ရီချမ်းအိုးများတည်ခြင်း၊ တချို့လူကြီးမိဘများသည် မိမိရို့သားသမီးများအား ရွှေရည်ငွေရည်၊ တရော်ကင်မွန်းရည်များဖြင့် ဂေါင်းဆီးမင်္ဂလာ ဆံလျှော်ပီးခြင်းများပြုလုပ်ပြီး အန္တရယ်အပေါင်းကင်းဝီး ကျန်းမာချမ်းသာဆုတောင်းမိတ္တာပို့ခြင်းများပြုလုပ်ပေသည်။
ဤသို့ထူးမြတ်သော နှစ်ဆန်း (၁) ရက်နိတွင် ကံ့ကော်တောဘုရားပွဲပြုလုပ်ရန်အတွက် သင်္ကြန်အတက်နောက်ဆုံးရက်တွင် လူအပေါင်းသည် မခေါ်မဖိတ်ပဲလျှက်နှင့် မိမိရို့စိတ်ဆန္ဒအလျှောက် မြို့ရောကျွန်းပါ ရွာပေါင်းများစွာမှ လူကြီးလူငယ်၊ ယောင်္ကျားမိန်းမ၊ အချေသူငယ်များပါမကျန်၊ အပျိုလူပျိုများအားလုံး စုပေါင်းပြီးလျှင် သီဆိုကခုန်တီးမှုတ်၍ ဆီမီးပန်းနံ့သာအမျိုးမျိုးဖြင့်လည်းကောင်း၊ ရီချမ်းအိုးများကိုယ်စီရွက်ကာ လာရောက်ရီသပ္ပါယ် ကန့်တော့ကတ်သည်မှာ ပွဲတော်တမျှစည်ကားလှပေသည်။
ဤကံ့ကော်တောဘုရားပွဲတော် ဖြစ်မြောက်ရေးအတွက် ဂုံချိန်ရွာမှ ဘုရားဂေါပကအဖွဲ့ဝင် ဥပသကာလူကြီးများမှာ ကြာသားပတီးနိတိုင်း ငါးခရီးဝီးကွာသော ကျောက်ဖြူမြို့ပေါ်သို့ အပါတ်စဉ်မှန်မှန်တက်ရောက် အလှူခံပေသည်။ အမျိုးသမီးကြီးများအဖွဲ့ကလည်း ပွဲတော်ရက်မတိုင်မှီ တစ်လခန့်အလို တပေါင်းလမှပင် မြို့ပေါ်သို့လားရောက်ပြီး အိမ်တိုင်းစိဝင်ကာ ဆန်နှင့်အလှူငွေများကို စေတနာပေါက် တတ်အားသမျှ ပါဝင်လှူဒါန်းရန် ပြောဆိုအလှူခံယူသည်။ ၄င်းမှရသော အလှူငွေများဖြင့် ပွဲတော်လာပရိတ်သတ်အား စတုဒီသာ နိလုံးပေါက်ထမင်းကျွေးနိုင်ရေးအတွက် လိုအပ်သောငါးပိငါးခြောက်မှအစ ပစ္စည်းများကို ပြည့်စုံစွာဝယ်ယူပေသည်။ ကျောက်ဖြူမြို့နယ်တခုလုံးနှင့် အရပ်ရပ်မှ အလှူသျှင်များကလည်း ဤကံ့ကော်တောဘုရားပွဲတော်အတွက် စေတနာထက်သန်စွာဖြင့်
ပါဝင်လှူဒါန်းပေသည်။ ဤသို့ဖြင့် တန်ခိုးတော်အပေါင်းနှင့်ပြည့်စုံတော်မူသော ကံ့ကော်တော ပေါ်တော်မူဘုရားပွဲတော်သည် မိုးထက် (၄) ချက်တီး အာရုံဆွမ်းတော်ကပ်လှူချိန်ကပင် စတင်ကျင်းပရာ ညဇာသား (၄) ချက်တီးအထိ တနိတာမျှပြုလုပ်သော ဘုရားပွဲတော်ဖြစ်သည်။
ဤသို့ တနိတရက်တည်းပြုလုပ်သော ဘုရားပွဲတော်ဖြစ်ခြင်းကြောင့်လည်း တခြားဘုရားပွဲတော်များကဲ့သို့ အငြိမ့်ဇတ်ပွဲများ လုံးဝမပါပေ။ သို့သော် မိုးထက်သားဆွမ်းပို့ချိန်တွင်မူ ရွာပေါင်းများစွာမှ မိမိရပ်ရွာဓလေ့ထုံးစံအလိုက် အမျိုးမျိုးသော ကခုန်သီဆိုတီးမှုတ်ခြင်းများဖြင့် လှူဒါန်းဖွယ်ရာများနှင့် ဆွမ်းအိုးများကိုယ်စီရွက်၍ ဘုရားသိမ်တော်အား သုံးခေါက်ပတ်၍ တချို့ရွာများမှ ငါးခေါက်လှည့်ပတ်၍လည်းကောင်း၊ တချို့သောရွာများမှ ခုနှစ်ခေါက်လှည့်ပတ်၍လည်းကောင်း ဘုရားသိမ်တော်အား လှည့်ပတ်ဦးခိုက် ပူဇော်ကန်တော့သိမ်ပတ်ပွဲမှာ ကြည့်ဝမဆုံးအောင် အလွန်ကြည်နူးဖွယ်ဖြစ်သည်။
ပွဲတော်နိခြင်းပိုင်းတွင် ကျင်ကိုင်ပွဲနှစ်စဉ်ပါဝင်သည်။ ကျင်ကိုင်ပွဲတွင် ပထမရသောသူသည် ရွှေမောင်း (ရွှေခွက်)၊ ဒုတိယရရှိသောသူသည် ငွေမောင်း (ငွေခွက်) ရသည်။ ရွှေမောင်းငွေမောင်းဆွဲချိတ်ပြီး အိမ်အပြန်လှလိုသော ကျင်သန်များမှာ တဦးနှင့်တဦးအကြိတ်အနှယ် ဗိုလ်လုရ၏။ ဤပွဲတော်မှာ အထူးစည်ကားသည်။ ထို့ပြင် နိလုံးပေါက်ကျွေးသော စတုဒီသာမဏ္ဏပ်ကြီး၌လည်း နာမည်ကျော်ပြိန်းဟင်းအား တိုးဝှေ့တောင်းယူစားသောက်ရသည်မှာလည်း ပျော်စရာတမျိုးဖြစ်သည်။ ဤသို့ဖြင့် ကံ့ကော်တောရှင်ရုပ်ပွားတော်မြတ်နှစ်ဆူ၏တန်းခိုးမှာ အံ့သြ၍မကုန်နိုင်လောက်အောင် များပြားခြင်းကြောင့် မိဘဘိုးဖီးအစဉ်အဆက်ဆက်ကိုးကွယ်လာကြသည်မှာ ယခုတိုင်ဖြစ်သည်။ ထို့ကြောင့်လည်း ကံ့ကော်တောဘုရားခေါ် ရှိဟောင်းရုပ်ပွားတော်နှစ်ဆူ၏ အံ့ဖွယ်ရာတန်ခိုးသတင်းများအား ရပ်နီးရပ်ဝီးနီကုန်သော ရဟန်းသျှင်လူ သူတော်စင်များအားလုံး သိဟိကုသိုလ်ပွားများနိုင်စီရန် ရွီးသားဖော်ပြလိုက်ပါသည်.။
အသက်အတိုအရှည် တိုင်းတာခြင်းနှင့် လိုရာဆုများဓိဌာန်ခြင်း
ဤကံ့ကော်ရှင်မြတ်နှစ်ဆူတွင် တောင်ဘက်မှ သီတင်းသုံးနီတော်မူသော ရုပ်ပွာတော်ငယ်အား တန်ခိုးပို၍ ထင်ရှားတော်မူသည်ဟု ယုံကြည်မှုဟိသည်။ ထိုသို့ယုံကြည်ခြင်းကြောင့် အသက်တိုင်းတာ အဓိဌာန်ပြုကြရာတွင်လည်း ရုပ်ပွားတော်ငယ်ထံတွင်၌သာ ဆုတောင်းဓိဌာန်ပြုခြင်းကိုတွိရသည်။ မည့်သည့်အချိန်အခါမဆို မိမိရို့အသက်ရှည်ခြင်း တိုခြင်းများနှင့် လိုရာဆုများတောင်းလျှင် အချိန်အနည်းငယ်အတွင်း၌ ထင်ရှားစွာ ပြတော်မူသည်။ အသက်တိုမည် ရှည်မည်သိနိုင်ရန် အသက်တိုင်းတာခြင်းများပြုလုပ်ရန် လုံးဝမသင့်တော်ပေ။ ရှိအယင်က တချို့သောသူငယ်များမှာ ဤကဲ့သို့ အသက်တိုင်းတာခြင်းပြုလုပ်ရာတွင် အသက်တိုမည်သိရသောအခါ စိတ်ဓါတ်ကျ၍ ရက်မကြာသီဆုံးလားတတ်သည်ကို တွိကြုံရ၍ အသက်တိုင်းတာပြုလုပ်ခြင်းကို လူကြီးမိဘများက ဟန့်တားထားပေသည်။
သို့ကြောင့် တခြားသောလိုလားရာဆုများကိုရာတောင်းရန်သာ မှာကြားသည်။ ဓိဌာန်ဆုတောင်းနည်းမှာကား အလွန်လွယ်ကူသည်။ ၀ါခြမ်းနှီးပြားစငယ် တခုခုကို တန်းတောင်ဆစ်မှ လက်ခလယ်ထိပ်ဖျားအထိ တိုင်းတာပိုင်းဖြတ်ပြီး ရီဖြင့်စင်ကြယ်စွာ ဆီးကြောရသည်။ ထို့နောက် ရုပ်ပွားတော်ငယ်ရှိတွင် ယုံကြည်သောစိတ်ဖြင့် ငါးပါးသီလခံယူလျှက် လိုရာဆုတောင်း၍ အသျှင်ဘုရား၏တန်ခိုးတော်အား ပြတော်မူပါဘုရားဟု ရှိခိုးကန်တော့ကာ ရုပ်ပွားတော်ငယ်၏ရင်ခွင်ပေါ်တွင်
ဝါးခြမ်းစငယ်အား ကပ်လှူရသည်။ အချိန်အနည်းငယ်ခန့်ကြာသော် ပြန်ယူပြီး မိမိလက်ဖြင့် တိုင်းတာကြည့်ရသည်။ အသက်ရှည်၍ အလိုပြည့်မည်ဆိုလျှင် ထိုဝါးခြမ်းစမှာ သိသိသာသာကြီးရှည်နီခြင်းကို တွိရပြီး၊ အသက်တို၍ အလိုမပြည့်သူများအတွက်မူ နဂိုထက် တိုနီကြောင်း ထင်ထင်ရှားရှားတွိရသည်။ ယခုခေတ်နှင့်လျှော်ညီစွာ ဤကဲ့သို့တိုင်းတာပြုလုပ်ခြင်းများ နည်းပါးလားပြီးဖြစ်သည်။ သို့သော် အကုန်စင်ကား မပျောက်သိမ့်ပေ။ ဤသို့ထူးခြားချက်များမှာ ကံ့ကော်တောဘုရား၏ အံ့သြဖွယ်ရာများပင်ဖြစ်သည်။
သိုက်ဘုရားဟု ထင်မှတ်ခံရခြင်း
ရှိအယင်က ဂုံးချိန်ကျွန်းရွာတွင် အချိန်ကာလမဟုတ်ဘဲလျှက် လီကြီးမိုးကြီးလိုက်ခြင်း၊ လျှပ်စိမ်းမိုးကြိုးပစ်ခြင်းဖြစ်ပေါ်ရာ ရွာသားများစုရုံးပြီး ဒုတ်ဒါးများကိုင်ဆောင်၍ ကံ့ကော်တောဘုရားရှိရာသို့ ပြီးလိုက်ရာ ဘုရားသိမ်တော်အတွင်း၌ သိုက်တူးသမားများ အထည်မရအထုပ်မရ ကြောက်ကြောက်ဖြင့် ထွက်ပြီးကြရသည်။ ထိုသို့သိုက်တူးရန်ကြံစဉ်ခြင်းမှာ ဘုရားငယ်အား သိုက်ဘုရားဟု ထင်မှတ်ခြင်းကြောင့်ဖြစ်သည်။ ဤအကြောင်းများကို နောင်တွင်လုပ်ကြံရာ၌ပါဝင်သူများက ဖွင့်ပြောပြ၍သိရပေသည်။ ဤသည်မှာလည်း အလွန်အံ့သြဖွယ်ရာဖြစ်ပါတော့သည်။
ဘုရားအနီး အသက်သတ်မှုယှေင်ကြည်ရခြင်း
ကံ့ကော်တော ပေါ်တော်မူဘုရားပွဲတော်တွင် မည်မျှပင် စတုဒီသာကျွေးသော အလှူမဏ္ဍပ်ဟိစီကာမူ ပွဲတော်လာပရိတ်သတ်များပြားလွန်းခြင်းကြောင့် မြို့ရောကျွန်းပါမကျန် အပိုထမင်းဆိုင်များလာရောက် ရောင်းချရသည်။ တချို့မိသားစု၊ ဆွီမျိုးစုများမှာ အိမ်မှပင် စုပေါင်းချက်ပြုတ်ယူလာကြသည်။ တချို့မှာလည်း စုပေါင်းဝယ်ခြမ်းယူလားပြီး သစ်ရိပ်ကောင်းနီရာများတွင် တပျော်တပါးချက်ပြုတ်စားသောက်ကြသည်။ မည်သို့ပင် ရောင်းချစားသောက်စီကာမူ အမဲကြက်ငှက်အစဟိသော သတ္တ၀ါများ၏အသက် သတ်ဖြတ်ခြင်းကို ဘုရားအနီးဝန်းကျင်တွင် လုံးဝမပြုလုပ်ဘဲ ယှောင်ကြည်ရသည်။ တခါတရံ မသိ၍သော်လည်းကောင်း၊ မထီမဲ့မြင်ပြု၍ အသက်သတ်ခြင်းကြုံလျှင် ပွဲတော်နိတွင် မိုးကြီးပြင်းစွာရွာခြင်းများဖြစ်ပေါ်တတ်သည်။ ဤသို့ မိုးရွာခြင်းနှင့်ကြုံတွိရလျှင် ဘုရားအနီးအသက်သတ်ခြင်းကြောင့် သွီးဆီးမိုးရွာခြင်းဖြစ်သည်ဟု လူကြီးသူမများက ပြောဆိုတတ်ကြပေသည်။
ပွဲတော်အတွင်း အန္တရာယ်ကင်းဝီးခြင်း
ဘုရားပွဲတော်ကျင်းပပြုလုပ်သော နှစ်ဆန်းတရက်နိနှင့် သင်္ကြန်အတက်နောက်ဆုံးနိ ဘုရားရီသပ္ပါယ်သောအချိန်များတွင်ကား လူထုပရိတ်သတ် အလွန်များပြားလှပေသည်။ ဤကံ့ကော်တောဘုရား ရီသပ္ပါယ်ရာတွင်လည်း အခြားဘုရားများကဲ့သို့ ရောက်လျှင်ရောက်ချင်း ရီသပ္ပါယ်ခြင်း ထုံးစိုင်မဟိပေ။ ရွာပေါင်းများစွာမှ တရွာပြီးတရွာ သီဆိုကခုန်တီးမှုတ်ပြီး အမွှီးနံ့သာရီချမ်းအိုးများ ကိုယ်စီရွက်၍ ဘုရားသိမ်တော်အား မိမိစိတ်ကြိုက် လှည့်ပတ်ပူဇော်ပြီးမှ ရီပ္ပါယ်ခြင်းပြုလုပ်လေ့ဟိသည်။ ဤသို့ ရီသပ္ပါယ်ရာတွင်လည်း စိတ်ဟိသလောက် တဦးလျှင် (၃) အိုး ၊ (၅) အိုး၊ (၉) အိုးထိလည်းကောင်း၊ တချို့ သက်စိအဖြစ်ဖြင့်လည်းကောင်း၊ ဘုရားအနီး နတ်ရီကန်ဟုခေါ်တွင်သော ရီကန်ငယ်မှခပ်ယူပြီး ရီသပ္ပါယ်နီသော ယောက်ျားများအားပီး၍ ရီသပ္ပါယ်ခြင်းပြုလုပ်သည်။ ဤသို့ဖြင့် နိခြင်း (၁) ချက်တီးလောက်မှ ညဇာသား (၅) ချက်တီးကျော် (၆) ချက်တီးရောက်မှ ရီသပ္ပါယ်ခြင်းပြီးစီးသည်။ မိမိရပ်ရွာသို့ နီဝင်ချိန်မှပင်ပြန်ကြရသည်။ လားရမည့်ခရီးမှာလည်း မနီးလှပေ။ အနီးဆုံးခရီးမှာ (၂) ဖာလုံ (၃) ဖာလုံ (၅) ဖာလုံခန့်ဟိပြီး အ၀ီးခရီးမှာ မိုင်အင်တန်ဝီးသော ခရီးကို ခြီကျင်လျှောက်ပြန်ရသည်။ ရွှေငွေလက်ဝတ်လက်စား မည်မျှပင်ဝတ်ဆင်စီကာမူ လုယက်ခြင်းများလုံးဝမဟိ။ အချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်းလည်းမဟိ။ ပကတိအီးအီးချမ်းချမ်းပွဲတော်ပြီးမြောက်သည်မှာ အလွန်အံ့သြဖွယ်ကောင်းသော ဘုရား၏တန်ခိုးတော်များပင်ဖြစ်သည်။
နိမိတ်တော်ပြခြင်း
တိုင်းပြည်ရေး၊ရပ်ရွာရေးများ ထိခိုက်ပျက်စီးမည့်အကြောင်းများပေါ်ပေါက်မည်ဆိုလျှင် ဤကံ့ကော်တောဘုရား ရုပ်ပွားတော်များမှ ချွေးတော်ကျခြင်း၊ မျက်လုံးတော်နီမြန်းခြင်း၊ မျက်နှာတော်အက်ကွဲကြောင်းထင်ခြင်းစသည့် မကောင်းသော အမင်္ဂလာနိမိတ်များ ပြတော်မူသည်။ ပထမကမ္ဘာစစ်ကြီးအတွင်းနှင့် ထီးကျိုးစည်ပေါက်သောအချိန်များတွင်လည်း အထက်ဖော်ပြပါ အတိတ်နိမိတ်များဖြစ်ပေါ်ကြောင်းကြားဖူးပေသည်။ ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးပြီးချိန်တွင်လည်း ဤကဲ့သို့ နိမိတ်ပြတော်မူ၍ မြို့ရောကျွန်းပါမကျန် အုံးအုံးကျက်ကျက် လားရောက်ကြည့်ရှုသည်ကို တွိမြင်ဖူးပါသည်။ ဤသည်မှာလည်း ထူးဆန်းအံ့သြဖွယ်သော ဖြစ်ရပ်များပေတည်း။
ဥာဏ်တော်ငယ်သော်လည်း ၀ါစဉ်တော်ကြီးခြင်း
ဤရှိဟောင်းပေါ်တော်မူ ကံ့ကော်တောဘုရားရုပ်ပွားတော်နှစ်ဆူမှာ ဥာဏ်တော်အကြီးတဆူနှင့် ဥာဏ်တော်အငယ်တဆူဖြစ်သည်။ ရှိအယင် မိဘဘိုးဘောင်များလက်ထက်ကတည်းကပင် ဤရုပ်ပွားတော်နှစ်ဆူတွင် မည်သည့်ရုပ်ပွားတော်က ဥာဏ်တော်ကြီးသည်၊ ငယ်သည်ဟူ၍ အတိအကျမသိပေ။ သတိမမူမိကြခြင်းကြောင့်ဖြစ်သည်။ ယခုကား ထူးခြားချက်ဟိခြင်းကြောင့် သတိပြုမိကြ၍ ဥာဏ်တော်ငယ်သော ရုပ်ပွားတော်ငယ်မှာ ၀ါတော်ကြီးကြောင်းသိရပေသည်။ အကြောင်းသော်ကား ကောဇာသက္ကရာဇ် (၁၃၃၃) ခုနှစ်တွင် မှန်စီရွှေချ ဖန်မှန်ပလ္လင်တော်ကြီး ပြုလုပ်ဆက်ကပ်လှူဒါန်းရန်အတွက် ယာယီပလ္လင်ပေါ်သို့ ရုပ်ပွားတော်ကြီးအား ဦးစွာပင့်ယူလာရန် သေချာစွာမှာကြားပြောဆိုသော်လည်း ရုပ်ပွားတော်အငယ်သာလျှင် ယာယီပလ္လင်ပေါ်သို့ ဦးစွာပင့်ယူလာခြင်းကို တွိရသည်။ ယင်းသို့ ပထမအကြိမ် ထူးခြားချက်ကိုတွိရခြင်းကြောင့် နောက်ထပ်ပြုလုပ်ရန်များကို အထူးဂရုစိုက်သတိထား၍ လုပ်ဆောင်ကြသည်။ မုခ်ဆောင် (၂) ခုနှင့် မှန်စီချယ်သော ပလ္လင်တော်မြတ်ကြီးပြုလုပ်ရာတွင် ရန်ကုန်မြို့မှ ပန်းရံကျွမ်းကျင်သောဆရာကြီးများအဖွဲ့နှင့် ကျောက်ဖြူမြို့မှ လက်သမားဆရာကြီးများကိုယ်တိုင်ပါဝင်၍ ပလ္လင်တော်မုခ်ပေါက်နှစ်ခုအား အနိမ့်အမြင့်တူညီရန် အထူးသတိထားတိုင်းတာ၍လုပ်ကိုင်စီကာမူ တောင်ဘက်ရုပ်ပွားတော်ငယ်၏ပလ္လင်တော်နှင့်မုခ်မှာ မြောက်ဘက်ပလ္လင်တော်ထက် သိသာစွာမြင့်နီကြောင်းတွိရသည်။ အကြိမ်ကြိမ်ချိန်ချတိုင်းတာပြုလုပ်ပါသော်လည်း အနည်းငယ်ခန့်သော်လည်းမြင့်နီ၍ လက်သမားများနှင့် ပန်းရံဆရာကြီးများမှာ လက်လျှော့၍ ဤအတိုင်းပြုလုပ်ရပေတော့သည်။ မှန်ပလ္လင်တော်ကြီးပြီးစီးသည့်အခါတွင်လည်း ရုပ်ပွားတော်ကြီးအား ပလ္လင်ပေါ်သို့ ဦးစွာပင့်ခိုင်းပြန်ရာ ပင့်ယူသူကလည်း ရုပ်ပွားတော်ကြီးကိုပင့်ယူသည်ဟုထင်သော်လည်း ရုပ်ပွားတော်ငယ်သာလျှင် မှန်ပလ္လင်အသစ်ကြီးအထက် ဦးစွာကြွရောက်တော်မူခြင်းကို တွိရပြန်သည်။ ဤသည်များကြောင့် ကံ့ကော်တောရုပ်ပွားတော် (၂) ဆူတွင် အငယ်ရုပ်ပွားတော်သည် အမှန်ပင် ၀ါတော်ကြီးမည်ဖြစ်ကြောင်းသိရသည်။ ဤအရာများမှာကား အလွန်ထူးဆန်းအံ့သြဖွယ်ရာများဖြစ်သည်။
နာမည်ကျော်ပြိန်းဟင်းအကြောင်း
ပြိန်းဟင်းများသည် ယားယံတတ်သော ဟင်းမျိုးဖြစ်၍ လူတိုင်းမစားဝံ့။ အလွန်ကောင်းသော ပြိန်းယဉ်မျိုးပင်လျှင် တခါတရံသွီးနှင့်မတည့်လျှင် ယားယံတတ်သည်။ ထို့ကြောင့် ပြိန်းဟင်းကို လူကြောက်ဟင်းဟုခေါ်သည်။ သို့သော် ဤကံ့ကော်တော်ဘုရားပွဲတော်တွင် ချက်ကျွေးသော ပြိန်းဟင်းမှာကား လုံးဝယားယံခြင်းမဟိ။ ဤသည်မှာ ကံ့ကော်တောဘုရား၏ ထင်ရှားသောအံ့ဖွယ်တည်း။ ဤဘုရားပွဲတော်တွင် ရှိအစဉ်အလာ ပြိန်းဟင်းမှလွဲ၍ မည်သည့်ဟင်းနှင့်မျှ ပြောင်း၍မကျွေး။ ဤဟင်းသည်သာ ပွဲတော်လက်စွဲဟင်းဖြစ်သည်။ ထောင်ပေါင်းများစွာသော ပွဲတော်လာပရိတ်သတ်များအတွက် ပြိန်းမျိုးကောင်း ပြိန်းယဉ်ဟင်းပင်များကို ပဇာအရပ်တွင် ရနိုင်ပါမည်နည်း။ ယင်းကြောင့် ပွဲတော်မလုပ်မှီ တပါတ်ခန့်ကြိုတင်၍ အရပ်တကာပေါက်သော ပြိန်းများအား လားရောက်ရှာဖွေကြရသည်။
ရှိအယင်က ဘုရားအနီးတွင် ပိန်းတောကြီးများဟိ၍ တခြားသို့ တကူးတကရှာဖွေရန်မလို။ ထိုသို့ အရပ်ရပ်မှရှာဖွေ၍ရသော ပြိန်းပင်များအားပိုင်းဖြတ်ပြီး ဒယ်အိုးကြီးများဖြင့် ဖိသိပ်ချက်ပြုတ်ထားသည်မှာ စားဝံ့စရာမဟိ။ သို့သော် ပြိန်းအိုးကျက်သည်နှင့် တအိုးပြီးတအိုးကုန်ကျလား၍ စောင့်ဆိုင်းနီရသည်။ ဤသည်တို့ကြောင့် ကံ့ကော်တောဘုရားဖူးဇောင်လားခြင်းကို ပြိန်ဟင်းစားရန်လားသည်ဟု တင်စားပြောဆိုသည်။ ကံ့ကော်တောဘုရား၏တန်ခိုးတော်ကား ထင်ရှားပေ၏တကား။
အံ့သြဖွယ်ရီကန်ငယ်
ဘုရားပွဲတော်များ ပြုလုပ်ကျင်းပရာတွင် ရီသည်အလွန်ကြီးသည်။ ရီမဟိသောအရပ်တွင်လည်းကောင်း၊ ရီနှင့်ဝီးလွန်းသောနီရာတွင်လည်းကောင်း ပွဲတော်လုပ်ရန် အလွန်ခက်ခဲသည်။ ယခုကံ့ကော်တောဘုရားရှိရာ ဂုံးချိန်ရွာနှင့် (၂) ဖာလုံ (၃) ဖာလုံခန့်ဝီးလေသည်။ အယင်ခါက ထိုရွာတွင်လည်း ရီတွင်းရီကန်များ မဟိသလောက်နည်းလှပေသည်။ မိမိအိမ်သုံးလက်ယက်သဲတွင်းငယ်များကိုသာ အသုံးပြုလေ့ဟိသည်။ နွီရာသီတန်းခူးလဆိုလျှင် ရီယှားချိန်ဖြစ်သည်။ ထို့ကြောင့် ကံ့ကော်တောဘုရားပွဲတော်တွင်လည်း ရီဒုက္ခဖြစ်မည်ထင်ရသော်လည်း ဘုရားတန်ခိုးတော်ကြောင့် ရီဒုက္ခကင်းသည်။ အကြောင်းသော်ကား သိမ်တော်အနီးမှ (၄) ပေခန့် အနက်ဟိသော ရီကန်ငယ်မှ အချိန်မရွီးခပ်ယူနိုင်ခြင်းကြောင့်ဖြစ်သည်။
ထိုရီကန်ငယ်အား လူတိုင်းက နတ်ရီကန်ဟုခေါ်သည်။ ၄င်းရီကန်ငယ်မှာ တခြားသောရီတွင်းရီကန်များကဲ့သို့ လူသူအများခပ်ယူနိုင်ခြင်းမဟိ။ တဦးတယောက်တည်းသာ ၀င်ရောက်ခပ်ယူနိုင်သော အလွန်ထူးဆန်းစွာပြုလုပ်ထားသော ရီကန်ငယ်မျိုးဖြစ်သည်။ ရီကန်ငယ်၏ပုံသဏ္ဏန်မှာလည်း လေးထောင့်ကျကျဆီထည့်သောကန်တော့ပုံကဲ့သို့ အထက်ကျယ် အောက်ကျိုင်းပြီး ရီအိုးတလုံးသာသာကန်ရုံ ဆန်းကြယ်စွာပြုလုပ်ထားသည်။ အတွင်းသို့ဆင်းနိုင်ရန် တန်းခါးငယ်နှစ်ပေါက်ဟိသည်။ ကန်တွင်းပတ်ပတ်လည် အုတ်ဟောင်းများကို လှီကားထစ်သဖွယ် ရီခပ်ဆင်းနိုင်ရန် ပြုလုပ်ထားသည်။ မည်မျှပင်ခပ်ယူစီကာမူ ကုန်ခမ်းခြင်း၊ နောက်ကျိခြင်းမဟိ။ ဤရီကန်ငယ်မှရီဖြင့် တပွဲလုံးလုံလောက်သည်။ မိန်းမများ ရီမခပ်ရ။ ယခုနောက်ထပ် လူအများခပ်ယူနိုင်သော ရီတွင်းကြီးနှစ်တွင်းနှင့် သံပိုက်လုံးတင် ရီလှောင်ကန်ကြီးများပါ ပြုလုပ်လှူဒါန်းထားကြပေသည်။
ကံ့ကော်တောဟုခေါ်တွင်ခြင်းနှင့် ကံ့ကော်ပင်များဦးခိုက်ခြင်း
ရှိအယင်က ဤနီရာတ၀ိုက် ကံ့ကော်ပင်များမှလွဲ၍ တခြားမည့်သည့်အပင်မျှမပေါက်။ ရာပေါင်းများစွာသော ကံ့ကော်ပင်များပေါက်ရောက်ပြီး အလွန်မွှီးကြိုင်သာယာသော တောအုပ်ဖြစ်ခြင်းကြောင့် ကံ့ကော်တောဟု ရှိအယင်ခါကပင် ခေါ်ဝေါ်သမုတ်ခြင်းဖြစ်သည်။
ဤပေါ်တော်မူဘုရားရုပ်ပွားတော်များအား သိမ်တော်ဆောက်၍ ကိုးကွယ်ကြသည့် အချိန်မှစ၍ ဟိသမျှသောကံ့ကော်ပင်များအားလုံးမှာ ဘုရားသိမ်တော်ဘက်သို့ ထူးဆန်းစွာ ကိုင်းညွတ်ဦးခိုက်ကြောင်းကြားဖူးသည်။ ယခုအခါ လီပြင်းမုန်တိုင်းဒါဏ် အကြိမ်ကြိမ်ခံရခြင်းအားဖြင့်လည်းကောင်း၊ ထို့ပြင် ထင်းခြွီသော တောခွတ်သမားများ၏ လက်ချက်ကြောင့် အပင်အနည်းငယ်ခန့်ကျန်ပြီးဖြစ်သည်။ ယခုကျန်ဟိနီသော ကံ့ကော်ပင် (၇) ပင်မှာလည်း သိမ်တော်ဘက်သို့ ကိုင်ညွတ်လျှက်ဟိသည်။ တိပြင်တရပ်မှာကား ကံ့ကော်သျှင်မြတ်နှစ်ဆူ၏ဘုရားပူဇော်ပွဲတော်သည် ကံ့ကော်ရနံ့ မွှီးထုံပြန့်သည့် ပန်းပွင့်ချိန်နှင့်တိုက်ဆိုင်နီခြင်းဖြစ်သည်။
ထူးထူးခြားခြား ဘုရားညီနောင် ပွဲညီနောင်။
ဘုရားညီနောင်ဟုခေါ်ဆိုအပ်သော ဤကံ့ကော်တော ပေါ်တော်မူရုပ်ပွားနှစ်ဆူ၏ တန်ခိုးတော်ထူးခြားမှုများမှာကား လွန်စွာများပြားလှပေသည်။ ဘုရားသိမ်တော်သည် ရွာနှင့်အင်တန်ဝီးသောတောထဲတွင်ဟိသော်လည်း မီးမသီ၊ ရီမခမ်း၊ ပန်းမညှိုး။ အချို့အချို့သောကုသိုလ်သျှင်များက ပွဲတော်နိတွင် စောစီးစွာထ၍ အာရုဏ်ဆွမ်းကပ်သော်လည်း ဆွမ်းဦးလျှက်ဟိကြောင်းပြောသည်။ ထို့ပြင် ထူးခြားချက်တရပ်မှာကား ပလ္လင်တော်တခုတည်းတွင် မုခ် (၂) ခုဖြင့် စံမြန်းတော်မူခြင်းဖြစ်သည်။ နောက်တကြောင်းအံ့ဖွယ်မှာ ကံ့ကော်တောဘုရားပူဇော်ပွဲကျင်းပသော နှစ်ဆန်း (၁) ရက်နိမှာပင် ကျောက်ဖြူမြို့မှ (၃) မိုင် (၂) ဖာလုံ ကွာဝီးသောနီရာတွင် ရှိဟောင်းကျောက်တလုံးဂူဘုရားပွဲတော်ကိုလည်း ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ကံ့ကော်တောဘုရားပွဲတော်ကဲ့သို့ မိုးထက် (၄) ချက်တီးမှ ညဇာသား (၄) ချက်တီးသည်အထိ တနိတာပွဲတော်ဖြစ်ပြီး စတုဒီသာကျွေးခြင်း၊ ရိုးရာကျင်ကိုင်ပွဲများဖြင့် စည်ကားသည်။ ထိုနိတွင် ကျောက်ဖြူမြို့တနယ်လုံးမှ ပွဲတော်နှစ်ခုလုံးသို့ ခေါက်တုံ့ခေါက်ပြန် လားရောက်ဖူးမျှော်ကန်တော့ခြင်းဖြင့် အလွန်စည်ကားပျော်ဖို့ကောင်းသည်။ ဤသည်မှာလည်း ကံ့ကော်တောသျှင်မြတ်များ၏အံဖွယ်များဖြစ်သည်။ ကျောက်တလုံးဂူဘုရားမှာလည်း အလွန်ထူးဆန်းစွာ ကျောက်တလုံးတည်းတွင် ဂူပေါင်းများစွာ၊ ဘုရားပေါင်းများစွာဖြင့် ရခိုင်ဘုရင်မင်းဘာကြီးလက်ထက် တည်ထားခခြင်းဖြစ်သည်။ ဤသို့တန်ခိုးတော်များအပေါင်းနှင့်ပြည့်စုံတော်မူသော ကံ့ကော်တောရှိဟောင်းပေါ်တော်မူဘုရားနှစ်ဆူ၏ ထူးခြားသောဖြစ်ရပ်အကြောင်းအရာများမှာ ပီထက်အက္ခရာ၊ ကျောက်ထက်အက္ခရာမဟိသော်ငြားလည်း အစဉ်အဆက် မိဘဘိုးဖီးဘီဘင်များပြောကြားခသောစကားများသည် ယခုတိုင် သမိုင်းတွင်လျှက်ဟိသည်။
နတ်လူသာဓုခေါ်စီသတည်း၊ သာသနာတော်အဓွန့်ရှည်ပါစီသောဝ်။
ဤကား ကံ့ကော်တောဘုရားသမိုင်းအကျဉ်းတည်း။
ကိုကားချက်။ ။ ရွှေဖြူခင်မြလတ်(အရီးဒေါ်မြလတ်) ကျောက်ဖြူမြို့ ကံ့ကော်တောဘုရားသမိုင်း။
Subscribe to:
Posts (Atom)