ရခိုင်စာပီတော်လှန်ရီး
================
ပြည်ထဲမှာ ရခိုင်မဂ္ဂဇင်းတိက မြန်မာပိုင်ယှောင်ရွီးကတ်တေ။ သူရို့၏အကြောင်းပြချက်က မြန်မာတိလည်းနားလည်ယောင်လို့။ တော်လှန်ရီးနယ်မြီထဲသို့ရောက်တေအခါလည်း ရခိုင်ပြည်သီးခြားလွတ်လပ်ရီးလို့ ကျွီးအော်နီကတ်တေပါတီတိကလည်း မြန်မာပိုင်ယှောင်ရွီးကတ်တေ မြန်မာတိလည်းနားလည်ယောင်လို့။ ပြင်ပန်းအားဖြင့်ကြည့်လျှင် ယုတ္တိယုတ္တာဟိရေပိုင် ထင်ရပါသည်။ အတွင်းကျကျလေ့လာကြည့်သောအခါ ရခိုင်ပြည်သီးခြားလွတ်လပ်ရီးသမားအချင်းချင်း အပြန်အလှန်ရွီးစာများ၊ကိုလည်း မြန်မာပိုင်ယှောင်ရွီးနီကတ်စွာကို တွိရပါသည်။ အေနီရာတွင် မြန်မာများလည်းနားလည်ယှောင်ဟူသော ဆင်ခြီဆင်လက်မှာ လုံးဝယုတ္တိမဟိပါ။ အမှန်ကို သုံးသပ်ရလျှင် ရခိုင်သားများ ရခိုင်စာကို ရခိုင်စကားဖြင့် မရွီးတတ်သောကြောင့်ဖြစ်သည်။
ရခိုင်ပြည် ယိုယွင်းပျက်စီးလားရခြင်းအကြောင်းကို ရခိုင်သမိုင်းပညာသျှင်များက ငသံထွေကိုကျည်း အပြစ်ပုံချကတ်ပါသည်။ အမှန်မှာ ရခိုင်ပြည်ဆုတ်ယုတ်ပျက်စီးရခြင်းအကြောင်းမှာ ရခိုင်စာပီယိုယွင်းပျက်စီးလာခြင်းအကြောင်းသည် အဓိကအချက်ဖြစ်သည်ကို မည်သူတဦးတယောက်ချေကလည်း ကနိအချိန်ထိ သတိမထား သဖောမပေါက်သိမ့်ပါ။
ဥပမာအားဖြင့် ကတ္တော်သိမ်ကျောက်စာ၊ တေဇရာမကျောက်စာသည် အားလုံးမြန်မာပိုင်ယှောင်ရွီးထိုးထားခြင်းဖြစ်သည်။
၎င်းကျောက်စာများသည် ရခိုင်ပြည် မြန်မာလက်အောက်မရောက်ခင်ကတည်းက ရွီးထိုးထားခသောကျောက်စာများဖြစ်သည်။ အကယ်၍ ရခိုင်ပြည်ကျဆုံးပြီးနောက်ပိုင်းမှ ရွီးထွင်းထားခသည်ဆိုပါက မြန်မာအုပ်ချုပ်မှုကြောင့် မြန်မာစာအလွှမ်းမိုးခရခြင်းဖြစ်သည်ဟု ယူဆ၍ရပါသည်။ ယခုကား ထိုသို့မဟုတ် ရခိုင်ပြည်မကျခင်ကတည်းက ရခိုင်သားများ ရခိုင်စာကို မြန်မာပိုင်ယှောင်ရွီးနီကတ်သည်ကိုကြည့်ခြင်းအားဖြင့် ရခိုင်သားများ၏စိတ်ဓါတ်အဆင့်အတန်းသည် ရခိုင်ပြည်မကျခင်ကတည်းက မည်သည်မည်မျှလောက် ဆိုးဝါးနီရာလဲ ဆိုစွာကို မီးမောင်းထိုးပြ ဖော်ပြလျှက်ဟိသည်။
ထို့ကြောင့် ရခိုင်သားများစိတ်ဓါတ်ရီးရာ ယိုယွင်းပျက်စီးခြင်းအကြောင်းသည် ရခိုင်ပြည်ပျက်စီးခြင်း၏အဓိကအကြောင်းရင်းဖြစ်သည်။ ငသံထွေတဦးတယောက်ကြောင့်မဟုတ်ပါ။
ရခိုင်သားများစိတ်ဓါတ်ရီးရာ ပျက်စီးခြင်းလက္ခဏာကို ထိုခေတ်ထိုအခါက ရခိုင်သားများ စာတီပုထိုးများ၌ ရွီးထွင်းထားခသော ရခိုင်ကျောက်စာများကို လေ့လာကြည့်ခြင်းအားဖြင့်လည်း အလွန်တရာမှ သိသာထင်ရှားသည်။ ငသံထွေတယောက်တည်းကိုကျည်း အပြစ်ပုံချသည်မှာ မမှန်ကန်ပါ။
ဤအချက်ကို ပဇာအတွက်ကြောင့် ထောက်ပြရသနည်း။ ပဇာကြောင့်ဆိုသော် ရခိုင်ပြည်ကျဆုံးရခြင်းသည် ရခိုင်သားများ၏စိတ်ဓါတ်နိမ့်ကျလာခြင်း အဓိက အကြောင်းရင်းဖြစ်သည်။ ဤအချက်ကိုနားလည်လျှင် ရခိုင်ပြည်ကို ကယ်တင်ရန်မှာလည်း ရခိုင်သားများ၏စိတ်ဓါတ်ကို မြှင့်တင်ပီးရမည့်ကိစ္စသည် အဓိက အကြောင်းရင်းဖြစ်လာသည်။
ဤအချက်ကို သဖောမပေါက်ပဲ ရခိုင့်တော်လှန်ရီးလုပ်လျှင် လုပ်လီ စုန်းစုန်းမြုတ်လီဖြစ်ပါလိမ့်မည်။ မြုတ်လည်းမြုတ်နီကတ်ပါသည်။ မြုတ်လျှက်လည်း ဟိသည်။ တော်လှန်ရီးသက်တမ်း (၆၀) ဟိယာ (၈၀) ဟိယာ ကျွီးအော်လျှက် ကြွားဝါလျှက်ဟိသည်။ သို့သော် တဖ၀ါးမရွိ။ ပဇာအကြောင်းကြောင့် ဒုံရင်းမှာ ဒုံရင်း တိုးမပေါက်ရခြင်းအကြောင်းကို သတိမထားမိကတ်။ ယှင်းယှင်းပြောရလျှင် မသိကတ်။ ယေဇူး ရခိုင့်တော်လှန်ရီးမှာ ကျွန်သက် (၂၃၀) ကျော်လာကေလည်း ထူးခြားမှု တိုးတက်မှု တခုချေလည်းဖြစ်မလာ။
“အကြောင်းရင်းမှာ ရခိုင်တော်လှန်ရီးအောင်မြင်ဖို့အတွက် ရခိုင်စာပီတော်လှန်ရီးလုပ်ရဖို့ မဟိမဖြစ်လိုအပ်တေဆိုစွာကို သဖောမပေါက်သောကြောင့်ဖြစ်သည်။”
“ရခိုင်စာပီတော်လှန်ရီးလုပ်ရကောင်းမှန်း မသိသောကြောင့်ဖြစ်သည်။”
စိတ်ဓါတ်စစ်ဆင်ရီးသည် တော်လှန်ရီးတရပ်အောင်မြင်ဖို့အတွက် အဓိကအကြောင်းရင်းဖြစ်သည်။ စိတ်ဓါတ်မြှင့်တင်ရီးအတွက် စာပီတော်လှန်ရီးသည် အဓိက အကြောင်းရင်းဖြစ်သည်။
ရခိုင်တော်လှန်ရီးသမားများ ရခိုင်စာပီတော်လှန်ရီးလုပ်ရန်လိုအပ်လျှက်ဟိသည်ကို ပဇာအတွက်ကြောင့် သဖောမပေါက်နိုင်ဖြစ်နီရပါသနည်း။ သူရို့တိ၏အမြင်မျက်စိကို ပဇာအတွက်ကြောင့် တိမ်သလ္လာဖုံးအုပ်ထားပါသနည်း။ ဤမီးခွန်း၏အဖြေမှာ ရိုးရိုးယှင်းယှင်းချေဖြစ်သည်။
နံပါတ် (တစ်) အဓိကအကြောင်းရင်း --
(၁) ရခိုင်သားများ ယခု မြန်မာများရွီးသားလျှက်ဟိသော မြန်မာစာကို ရခိုင်စာဟု အထင်လွဲမှားနီခြင်းဖြစ်သည်။
ရခိုင်သားများ၏ဤမိစ္ဆာအမြင်လွှဲမှားမှုသည် ရခိုင်စာပီဆုတ်ယုတ်ပျက်စီးရခြင်း၊ ရခိုင်သားများ၏စိတ်ဓါတ်ရီးရာ ပျက်စီးရခြင်း၊ ရခိုင်လူမျိုးပျောက်ရခြင်း၏အဓိက အကြောင်းရင်းဖြစ်သည်။
ဤအချက်ကို ထောက်ပြချင်၍ (စာ) နှင့် (အက္ခရာ) ဆောင်းပါး၊ (မြန်မာမှုပြုမရသော ရခိုင်ကာရန်များ) ကို ဆောင်းပါးအဖြစ် ရွီးသားဖော်ပြခပြီးဖြစ်သည်။
ရခိုင်စာပီသမိုင်းကိုလေ့လာကြည့်လျှင် ပုံနှိပ်ပြီးသား (ရခိုင်မင်းသမီးဧခြင်း) (ဟံသာဝတီမှု)(ရမ်းဗြဲသရက်ချောင်းမူ) အားလုံးမြန်မာပိုင်ယှောင်ဖြစ်သည်။ ပဇာကြောင့်ဆိုသော် ပီမူရင်းကိုယ်၌က မြန်မာပိုင်ယှောင်ရွီးသားထားသောကြောင့်ဖြစ်သည်။ ဆရာကြီးဦးသာထွန်းက ရခိုင်မူ (မိပန်းရံမူ) ကို စစ်တွေကောလိပ်မဂ္ဂဇင်းတွင် (၂) ပိုဒ် ဖော်ပြပီးဖူးသည်။ ပဇာကြောင့် ဆရာကြီးဦးသာထွန်းဖော်ထုတ်ခသော (မိပန်းရံ) မူသည် အစစ်ဖြစ်ရသနည်း။ ဆရာကြီးဖော်ထုတ်ခသော (နှစ်) ပိုဒ်အနက် ပထမပိုဒ်သည် (ဟံသာဝတီမူ) ၌လည်းကောင်း (သရက်ချောင်းမူ) ၌လည်းကောင်း မပါဟိသောကြောင့် ဆရာကြီးဖော်ထုတ်ခသော (မိပန်းရံမူ)(ရခိုင်မူ) သည် လွန်စွာ ယုတ္တိဟိသည်။
ဆရာကြီးလက်ထဲတွင် ပီမူမဟိလိုက်ပါယာ။ လက်ရွီးမူရာကျန်ခပြီးဖြစ်သည်။ ၄င်းလက်ရွီးမူသည် ယခု ဆရာကြီး၏မြီးလက်ထဲတွင်ဟိသည်။ အကျွန်ုပ်က ရခိုင်မူကိုဖော်ထုတ်ချင်၍ လေ့လာဖတ်ရှုခွင့်ရရန် တောင်းပန်ပါသော်လည်း ကာယကံသျှင်က မျှဝီလိုသောစေတနာမဟိသဖြင့်၊ စာအုပ်ထုတ်ရန်ဟိသည်ဆိုသည့် အကြောင်းပြချက်ဖြင့် (ရခိုင်မင်းသမီးဧခြင်း)(ရခိုင်မူ) ကို အကျွန်ုပ် ဆရာကြီး၏စစ်တွေမဂ္ဂဇင်းတွင်ဖော်ပြပါဟိသော ရခိုင်မူ (နှစ်) မူကို ကိုးကားပြီး မျက်ကန်းလမ်းလျှောက်ဖော်ထုတ်ရပါသည်။ ထိုရခိုင်မူကို (http://www.arakanet.com) တွင် ပို့တင်ပီးထားပါသည်။
အဓိက ရည်ရွယ်ချက်မှာ ယခုလက်ဟိ မြန်မာများရွီးသားလျှက်ဟိသော မြန်မာစာကို ရခိုင်စာဟုအထင်ရောက်လျှက်ဟိသော အထင်မှားလျှက်ဟိသော သက္ကာယစွဲ မိစ္ဆာအယူစွဲလျှက်ဟိသော ရခိုင်သားများ သဖောပေါက်နားလည်စီရန်အတွက်ဖြစ်သည်။
သိန်ကန်မိန်တွင်ရတု (ရခိုင်မူ) ကို ဖော်ထုတ်ပြီးဖြစ်သည်။ (ပီမူရင်း) မှာ ရန်ကုန် အမျိုးသားစာကြည့်တိုက်၌ဟိသည်ဟုဆိုသည်။ (ပီမူရင်း) ကို ရဟိနိုင်ဖို့ လုံးပန်းလျှက်ဟိသည်။ နောက်တခုဖော်ထုတ်ရန်ဟိသည်မှာ ဥက္ကာပျံရတု (ရခိုင်မူရင်း) ကို ဖော်ထုတ်ရန်ဟိသည်။ ၄င်း ဥက္ကာပျံရတု (ပီမူ) ကို ထရိပူရက ရဟိထားပြီးဖြစ်သည်။ စာမျက်နှာ (၁၅) ပျောက်နီသဖြင့် ၄င်းစာမျက်နှာ ရဟိနိုင်ဖို့ လုံးပန်းနီပါသည်။ ဆရာကြီးစံရွှေဘုပုံနှိပ်ခသော ဥက္ကာပျံရတု (ပုံနှိပ်မူ) သည် (ကောင်းခင်) ဟူသော အသုံးအနှုံးတခုကလွဲ အားလုံးမြန်မာပိုင်ယှောင်ဖြစ်သည်။
ရခိုင်စာပီကို ဖော်ထုတ်သည်ဆိုသော ရခိုင်စာပီပညာသျှင်ကြီးများမှာ သတ်ပုံဖျက် (ပါရဂူ) ကြီးများသာဖြစ်သည်။ မြန်မာနှင့်မတူယောင် (မှာ) ကို (မာ) ဟု (ဟထိုး) ဖြုတ်လျှက် တယောက်က (သတ်ပုံဖျက်) လိုက်သည်။ ၄င်းကို (ဘုမသိ ဘမသိ) ရခိုင်ကျောင်းသုံးစာအုပ်ပြုစုရီးကော်မီတီက အတည်ပြုလက်ခံလိုက်သဖြင့် (မာ) အောင်ပွဲခံလျှက် ရခိုင်စာပီအဆင့်အတန်းမှာ ဒုတိယတန်းအဆင့်သို့ ထိုးဆင်းလားခရသည်။
ရခိုင်စာပီအယ်ဒီတာချုပ်တယောက်ကလည်း (မာ) ကို ပြောင်းသုံးလာသောအခါ ရခိုင်စာပီအနီအထားမှာ ပို၍ ဆိုးဝါးလားသည်။ ကံကောင်းသည်မှာ ရခိုင့်တပ်မတော်၏ဒုစစ်ဦးစီးချုပ်လည်ဖြစ် အယ်ဒီတာချုပ်လည်းဖြစ်သူ ဒေါက်တာညိုထွန်းအောင်က (မှာ) ကို လက်ခံသုံးစွဲလျှက် ရခိုင်စာပီအဆင့်အတန်းကို ထိမ်းသိမ်းထားခြင်းဖြစ်သည်။ ဒေါက်တာညိုထွန်းအောင်မှာ လက်ရုံးရည်ပါ နှလုံးရည်ပါ ပြည့်ဝသော ရခိုင်တော်လှန်ရီး စံပြရဲဖော်ကြီးတဦးဖြစ်သည်။ (AA) တော်လှန်ရီးအောင်မြင်ရခြင်းအဓိကအကြောင်းရင်းတချက်မှာ (ရခိုင်စာပီတော်လှန်ရီး) တနည်း (ရခိုင်သားစိတ်ဓါတ်စစ်ဆင်ရီး) အား လျစ်လျူမပြုခြင်း၊ လျစ်လျူမပြုရုံသာမက စာပီဂီတအားဖြင့် ဖော်ထုတ်ခြင်း၊ မြှင်တင်ပီးခြင်းများပြုလုပ်နိုင်သောကြောင့်ဖြစ်သည်။
ဂြာအိုကျများကဲ့သို့ မြန်မာစာကို ရခိုင်စာဟု အထင်ရောက်နီသော မိစ္ဆာအယူလွှဲမှားလျှက်ဟိသော သူများမဟုတ်။ စကားစပ်၍ပြောရလျှင် မြန်မာစာကို ရခိုင်စာဟု အထင်ရောက်လျက်ဟိသော နောက်တယောက်မှာ ဘင်္ဂလားဒေခ်ျက ဘိုးတော်ယောင်ယောင် ဗွေတော်ယောင်ယောင် ပုဂ္ဂိုလ်ကြီးတဦးဖြစ်သည်။ ဆရာကြီးတယောက် စတန့်ထွင်၍ မအောင်မြင်ခသော (န) ကို ကနိထက်ထိ သုံးစွဲလျှက်ဟိသည်။ နောက်အဆိုးရွားဆုံးမှာ ရခိုင်အနုပညာလောကမှ အထင်ကရပုဂ္ဂိုလ်တဦးက ကနိထက်ထိ (နဲ့) ကို သုံးစွဲလျက်ဟိသည်။ နောက်လိုက် အကောင်ချေ အကောင်မချေတိကလည်း ပြောမရဆိုမရ (နဲ့) ကို ခိုးယူသုံးစွဲလျှက်ဟိသည်။
ဤ (နဲ့) တလုံးတည်းကပင်လျှင် ရခိုင်သားများ၏စိတ်ဓါတ်အဆင့်အတန်း မည်သည်လောက် ဆိုးရွားနီရေလဲဆိုစွာကို ထင်ဟပ်ပေါ်လွင်လျှက်ဟိသည်။
(နဲ့) နှင့်ပါတ်သက်၍ (AMP) မှာ (နတ်မောင်) နှင့် အဓိက ရင်ဆိုင်တိုက်ပွဲဝင်ခရပါသည်။ (နဲ့) မသုံးသင့်ကြောင့်ဝေဖန်၍ စိတ်ဆိုးမာန်ပါသဖြင့် အကျွန်ုပ်အား ကဗျာဖြင့် ပြန်လည်တိုက်ခိုက်ပါသည်။ ၄င်းကဗျာအား (AMP) ကဗျာများတွင် သိမ်းဆည်းထားရာ မှတ်တမ်းအဖြစ် ဤနီရာတွင်ဖော်ပြပီးလိုက်ပါသည်။
အခွင့်အရေး
=======
ညက အိမ်မက်ကို
သင် ပြန်မက်ခွင့်ဟိပါ၏ --။
အနာဂါတ်၌ ပျံသန်းသူ ငါ့အား
တားဆီးပိုင်ခွင့် သင့်၌ မဟိ --။
ဝါဒမှိုင်းကပ်နီသော သင့်ခေါင်မိုးအား
အတ္တအရောင်သုတ်ခွင့် သင့်၌ ဟိ၏ --။
မြူမှုံကင်းသော ငါ့ပြတင်းပေါက်ကို
ကျင့်ဝတ်လိုက်ကာ လာချခွင့် သင့်၌မဟိ --။
အိုးတွင်ထွင်းထားသော သင့် ရှိရိုးပန်းသဏ္ဍန်၌
သင်နှစ်သက်ခွင့် ဟိ၏ --။
ကွဲပြားဆန်းသစ်သော ငါ့ဒီဇိုင်းများအား
ပြစ်တင်ပယ်ဖျက်ခွင့် သင့်၌မဟိ --။
ဆင်၏နှာမောင်းကို ကိုင်မိသော
သင့်အသိကို အမှန်တရားဟု မှတ်ယူနိုင်၏ --။
ခြီထောက်ကိုကိုင်မိသော ငါ့အား
မှားသည်ဟုယိုးစွပ်ခွင့် သင့်၌ မဟိ --။
(နတ်မောင်)
အခု (ကိုနတ်မောင်) နာမည် လုံးဝမကြားလိုက်ပါယာ။ တခြားကလောင်နာမည်ပြောင်းလားခစွာလည်းဖြစ်နိုင်သည်။
ရခိုင်စာပီကို စဦးအလျင်ဖော်ထုတ်သူမှာ ဆရာတော်စက္ကိန္ဒဆိုလျှင် မှားမည်မဟုတ်ပါ။ ဆရာတော်ဖော်ထုတ်ခသော ကျောင်းသုံးစာအုပ်ပါ “မောင်တော်တမ်း အလွမ်းပြေ” “ကျွဲကျောင်းသား” ကဗျာများသည် ရခိုင်စာပီအတွက် တန်ဖိုးမဖြတ်နိုင်သော ကဗျာများဖြစ်သည်။ (အလွမ်းပြေ) လား (အလွမ်းပြီ) လား ရခိုင်စာပီလောက၌ လက်ငြင်းကြုံတွိနီရသော (အီ) သရ လွန်ကျွန်မှုပြဿနာကို ဖြီယှင်းပီးထားသည်။ (မှာ) လား (မာ) လား (သတ်ပုံဖျက်) ပြဿနာကိုလည်း ဖြီယှင်းပီးထားသည်။ မြန်မာကျောင်းသုံးစာအုပ်ပါ မူရင်းကဗျာများကို (Scan) ဆွဲ၍ မူရင်းအတိုင်းပြန်လည်ရဟိနိုင်ဖို့ မှာယူထားပါသည်။ လက်ထဲသို့ရောက်လာသောအခါ ပြန်လည်၍ ၀ီငှပီးပါမည်။
ဆရာတော်ရွီးရေ (စကားပြော) အရွီးအသား ရခိုင်ဝတ္ထုချေများကို တပုဒ်စ နှစ်ပုဒ်စ ရခိုင်မဂ္ဂဇင်းများတွင်ဖတ်ရသည်။ (စကားပြင်) အရွီးအသားဖြင့်ရွီးလျှင် မြန်မာပိုင်ယှောင်ရွီးသည်။ ယေဇူး ရခိုင်မှာ (စကားပြင်) အရွီးအသာမဟိလား မီးခွန်းတက်လာသည်။ ရခိုင်ပုံသီဝတ္ထုကို ရခိုင်ပိုင်ယှောင် (စကားပြင်)(စကားပြော) ဖြင့်ရွီးကေ ဇာဖြစ်တေလဲ။ ရခိုင်စာပီကို ဖော်ထုတ်စွာမဟုတ်လား။ မြန်မာစကား မြန်မာစာဖြင့်ရွီးလို့ ရခိုင်စာ တိုးတက်လာဖို့လား မီးခွန်းဖြစ်လာပါသည်။
(ဟိ) ကို ဖော်ထုတ်ခသော ဆရာကြီးမောင်စံဖော်ကို ကောင်းကောင်း ကျေးဇူးတင်ရပါမည်။ ဆရာကြီးမောင်စံဖော်၏စနစ်ကျသော (မှာ) အရွီးအသားကို မြန်မာနှင့် တူရေဆိုပြီးကေ တတိုင်သားက (ဟ) ထိုးဖြုတ်လျှက် ရခိုင်စာပီလောကသည်လည်း ဖောင်ပျက်ဝါးယှောင် ဘရုသုက္ခ ဗြန်းစိကာရ ဖြစ်ချင်တိုင်းဖြစ် ပျက်ချင်တိုင်းပျက်လျှက်ဟိသည်။ အဆိုးဆုံးမှာ တသက်လုံးစားရေကွမ်း သံဖရာတခြမ်း (ဧ့) အလုံးဖြစ်သည်။
ရခိုင်စာပီလောကတွင် အကျွန်ုပ်က (ဧ့) ဆရာကြီးကို ဘုရားတဆူ ဂူတလုံးအဖြစ် တသက်လုံးကိုးကွယ်လာခသူဖြစ်သည်။ (ဧ့) ပေါ်လာပြီးသည့်နောက်ပိုင်း (ဧ့) ဆရာကြီးအား ကြောခိုင်းလိုက်ရပါသည်။
(ဧ့) ဆရာချေတယောက် ဝေဖန်ထောက်ပြရေပိုင် ပျံလွန်လားခပြီးဖြစ်သော ရခိုင်ဝေါဟာရအဘိဓါန်ဆရာတော်မှာလည်း (ယှိ) အသုံးမပြုတ်နိုင်ခ။ ကွယ်လွန်လားပြီးသူများအား မဝေဖန်ကောင်းပါ။ ဆရာတော်ကြီး၏ရခိုင်ဝေါဟာရအဘိဓါန်မှာ ရခိုင်စာပီအတွက် တန်ဖိုးဖြတ်နိုင်မည်မဟုတ်ပါ။ သို့သော် လက်ထဲသို့ မရောက်လာသိမ့်သဖြင့် အမှားအမှန် မမြင်ရသိမ့်။ သို့သော် အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ (မြန်မာ) ပိုင်ယှောင်ဖွင့်ပါသည်။ ရခိုင်အဘိဓါန်ကို ပဇာအတွက်ကြောင့် ရခိုင်ပိုင်ယှောင်မဖွင့်သနည်း။ စကားပြင်အရွီးအသား ရခိုင်စာပီမှာမဟိ၍လား (သို့မဟုတ်) ရခိုင်စကားပြင်အရွီးအသား မရွီးတတ်၍လား မီးခွန်းတက်လာပါသည်။
ဤနီရာ၌ ခေါက်ရိုးကျိုးနီပြီးဖြစ်သော အပ်ကြောင်းထပ်နီပြီးဖြစ်သော (မြန်မာ) များလည်းနားလည်ယောင်ဟူသော အကြောင်းပြချက်မှာ ယုတ္တိမဟိပါ။ ရခိုင်စကားပြင်အရွီးအသားတိုးတက်ဖို့ အီးယောအီးယောလုပ်နီ၍မရယာ၊ ရခိုင်စကားပြင် ဆောင်းပါးဝတ္ထုများရွီးသားကတ်ဖို့လိုအပ်လျှက်ဟိကြောင်း မီးမောင်းထိုးပြလျှက်ဟိသည်။
ဝေဖန်လို့ မာန်ပါကေလည်း မတတ်နိုင်ပါ။ ရခိုင်စာပီတိုးတက်လာရီး၊ သန့်စင်လာရီးအတွက် မဖြင်သင့် မဖြစ်ထိုက်သည်ကို ထောက်ပြဝေဖန်၍ ပြုပျင်လားကတ်ရမည်ဖြစ်သည်။
ယခုလောလောဆယ်တွင် (ဧ့) တလုံး ကောင်းကောင်း သောင်းကျန်းလျှက်ဟိသည်။ ရခိုင်စာသင်ရိုးကလည်းလက်မခံ၊ (AA) ကလည်းလက်မခံ၊ ရခိုင်စာပီယဉ်ကျေးမှုဂျာနယ်ကလည်းလက်မခံ၊ ပြည်တွင်းထုတ်ရခိုင်မဂ္ဂဇင်းများကလည်း လက်မခံ၊ မလေးသျှားသတ်ပုံဟုခေါ်ရမည်ဖြစ်သော ဤ (ဧ့) အလုံးကို (USA) ထုတ် မဂ္ဂဇင်းတခုက လက်ခံဖော်ပြပီးလိုက်သဖြင့် ယခုလောလောဆယ်တွင် အလွန်မြောက်ကြွသောင်းကျန်းလျှက်ဟိသည်။
သို့သော် ငါးမျက်စိကဲ့သို့ အမြစ်ပြုတ် အရင်းပြုတ်လျှင် အကင်းများလည်း အလိုအလျှောက် ကင်းပျောက်လားပါလိမ့်မည်။
(ရခိုင်ပေါင်းကူး သာလှဦး)
July 26, 2017 (Wednesday)(ဗုဒ္ဓူးနိ)
Tuesday, August 8, 2017
Subscribe to:
Posts (Atom)