Tuesday, September 29, 2009

သဇင်


သဇင်
====
ပန်းဂေါ်သဇင်
နန်းတော်ဝင် --။

ဘ၀င်လီဟပ်
အညှာကျွတ် --။

သဇင်ပိုးထိုး
အညှာကျိုး --။

ပိုးထိုးသဇင်
ဖုန်းဆိုးတောကို
တိုးလို့ဝင် --။

သဇင်ပန်းခြောက်
အနံ့ပျောက်
ဖုန်းဆိုးဘားမှာ
ငါးပါးမှောက် --။

Wednesday, September 16, 2009

လင်းဋ (သို့မဟုတ်) လဒ


လင်းဋ (သို့မဟုတ်) လဒ
=================
အခါတပါးတွင် အလွန်သန်မာဖြတ်လတ်သော ၀ံလက်ငှက်တကောင်သည် ပင်လယ်ကမ်းစပ်နား ကျောက်ဆောင်များကို မင်းမူကျက်စားလျှက်ဟိသည်။ သူသည်မျက်စိအမြင်လည်း အလွန်ကောင်းသည်။ ပင်လယ်ရီပြင်အောက် (၁၂) တောင်အနက်ကို ဖောက်ထွင်းမြင်နိုင်စွမ်းဟိသည်။ ငါးကြီးငါးငယ် ငါးလိပ်ကျောက် ငါးလက်ခွာ တကောင်မကျန် သူ၏စူးချွန်သော ခြီလက်သဲဖြင့် ကုတ်ယူဖမ်းယူနိုင်စွမ်းဟိသည်။ ထို့ကြောင့် သူအား ရီပြင်၊ မြီပြင်၊ လီပြင် သုံးခွင်ပိုင်စိုး ၀ံလက်မျိုးဟု တင်စားခေါ်ဝေါ်သည်။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ အလွန်မြောက်ကြွဂုဏ်ယူသည်။ ငါ့ပိုင်လူ အေကမ္ဘာမှာ မဟိ။

အခါတပါး သူသည် ဈာန်ဝင်၍ လီပြင်အာကာကောင်းခင်၌ လီဟုန်စီးဝဲပျံနီဆိုက် သူမင်းမူကျက်စားရာ ကျောက်ဆောင်အနီးအနားပတ်ဝန်းကျင် တောနက်ထဲတွင် အလွန်လှပသော ဥဒေါင်းတကောင်ကို မမျှော်လင့်ဘဲ ဖူးတွိရလိုက်သည်။ ဥဒေါင်းမင်းသည် နီခြည်အောက်တွင် သူ၏အမွှီးအတောင်များကို ဖြန့်ကားလျှက် ကမြူးနီဆိုက်ဖြစ်သည်။ ပြိုးပြက်သောရောင်ခြည် နီဝါသောရွှီအဆင်းဖြင့် ကတ္တီပါကော်ဇောဖြန့်ကြက်ထားသကဲ့သို့ တောက်ပသောဇာခြည်ဇာကွက်များဖြင့် အလွန်လှပတင့်တယ်သည်ဖြစ်၍ သူ့စိတ်ကူးထဲတွင် ဥဒေါင်းမင်းကဲ့သို့ လှပသောအမွှီးအတောင်များပိုင်ဆိုင်လိုစိတ် တဖွားဖွားဖြစ်ပေါ်လာသည်။

(ငါ့မှာ သံလျှက်ကဲ့သို့ ထက်မြက်သော ခြီသဲလက်သဲတိလည်းဟိဗျာ။ ပတ္တမြားကဲ့သို့ စူးရှတောက်ပသော မျက်လုံးအစုံလည်းဟိဗျာ။ ကမ္ဘာမြီပြင် တော်ငလျှင် သိမ့်သိမ့်တုန်စီလောက်သော ပြင်းပြသော တောင်ဖံတစုံလည်းဟိဗျာ။ ငါ့အမွှီးအမျှင်များသည်ရာ ဥဒေါင်းမင်းကဲ့သို့ ရောင်စုံဇာကွက်များဖြင့် ပြိုးပြက်တောက်ပ လှပသည်ဟိသော် အစာလောက်ကောင်းလိုက်မည်နည်း။ အေကမ္ဘာမှာ ငါ့ပိုင်ယှောင် သတ္တ၀ါဟိခန့်သိမ့်လား။)


သို့သော် ၀ံလက်မင်းသည် သူ့အမွှီးအမျှင်များ အရောင်တောက်ပလာအောင် ပဇောင်လုပ်ရခန့်နည်း အကြံအိုက်လျှက်ဟိသည်။ ငါးသတ္တ၀ါများထဲတွင် ၀မ်းဖောင်းဖောင်းဖြင့် ပကျင်းသတ္တ၀ါများသည် အလွန်ပညာဟိသည်ဟုကြားဖူးသည်။ သူ့အားမီးမြန်းစုံစမ်းကြည့်မှဖြစ်မည်ဟု အကြံရသည်။ သို့ဖြင့် သူသည် သျှစ်မိုင်အကွာ ဖြားရီတက်တွင် ပေါလောမျိုးနီသော ပကျင်းတကောင်အား တဟုန်တည်းဖြင့်ချီကုတ်လိုက်သည်။

(ဟေ ပကျင်း သင်သည် အသက်ရှင်သည်ကို အလိုဟိခန့်၏လော။ သင်သည် အသင်ရှင်ခြင်းကို အလိုဟိခန့်ဖြစ်သည်ဆိုပါက ငါ့အားမှန်ရာကို သံတော်ဦးမြတ်လျှောက်တင်လော့။ ငါ့အမွှီးအမျှင်များ အရောင်တောက်ပလာအောင် ပဇာလုပ်ရခန့်နည်း။)

(အို ကျေးဇူးကြီးလှစွာသော အသက်သခင်ဝံလက်မင်းဘုရား။ အသျှင့်၏အမွှီးအမျှင်များ ရောင်စုံပြိုးပြက်တောက်ပသည်ကို အလိုဟိတော်မူပါက ပင်လယ်ထဲသို့ မိုးထက်တကြိမ်၊ နိခြင်းတကြိမ် ညဇာတကြိမ် တနိသုံးကြိမ် ဒိုင်ပင်ထိုးတော်မူပါဘုရား။ ရက်များမကြာ အသျှင်၏အမွှီးအမျှင်များသည် ပင်လယ်ငွေဇာခြည်လွှာများကဲ့သို့ ပြိုးပြက်တောက်ပလာမည်မှာ အမှန်ဖြစ်ပါသည်ဘုရား။)

(ပညာဟိ ပီသပါပေ၏ အိုအသင်ပကျင်း။ သင်သည် သင်၏ဥပဓိရုပ်ရည်ရူပက ကြန်အင်လက္ခဏာနှင့်အညီ သူတော်သူမြတ်ဖြစ်ပေ၏။ သင့်အသက်ကို ငါချမ်းသာပီးမည်။ ဤနိဤရက်မှစ၍ သင့်အသားစားခြင်းကို ငါယှောင်ကြည်မည်။ ထိုအချိန်မှစ၍ ၀ံလက်ငှက်သည် ပကျင်းသားကို မစားခြင်းဖြစ်သည်။)

ပညာဟိပကျင်း၏အကြံကိုရယူပြီးနောက် ၀ံလက်မင်းသည် တနိသုံးကြိမ် ပင်လယ်ထဲသို့ မပျက်မကွက်ဒိုင်ပင်ထိုးသည်။ အာကာတိမ်စွန်ဖျားသို့ တောင်ဖံကို တဟုန်ချင်းရိုက်ခတ်ပျံတက်ပြီး ပင်လယ်ပြင်သို့ မိုးကြိုးပစ်သကဲ့သို့ ဒိုင်ပင်ထိုးချလိုက်သည်။ အသျှိန်အဟုန်သည် ပြင်းထန်လှသည်ဖြစ်၍ လှိုင်းလုံးကြီးများကျောက်ဆောင်သဲသောင်ပြင်သို့ တဘုန်းဘုန်းတအုံးအုံး ရိုက်ခတ်မြည်ဟီးလားသည်။ ရက်များမကြာ ၀ံလက်မင်း၏နဖူးလိုင်ဖင်းက အမွှီးမျှင်များအားလုံး ကျွတ်ထွက်ကုန်သည်။ အအီးပက်၍ နှာစီးခြောင်းဆိုးသနပတ်လိုက်သည်။ အင်အားများလည်း ချိနည်းလာသည်။ မျက်စိလည်းမှုန်လာသည်။ ငါးအစာများကိုလည်း အယင်ပိုင်ယှောင် ထိုးကုတ်ဖမ်းယူနိုင်ခြင်းမဟိတော့။ ကုတ်ရာတခြား ခြစ်ရာတခြားဖြစ်ကုန်သည်။ အစာဖမ်းမရသောအခါ သောင်ပြင်ကမ်းစပ်က ခွီးသီပုတ်ကောင်များကိုရာ စားကိန်းကြုံသည်။ ခွီးပုတ်နွားပုတ်များကိုစားယင်းသောက်ယင်း အများမကြာ ၀ံလက်မင်းသည် ဥဒေါင်းမင်းဖြစ်မလာဘဲ (လဒမျိုး) ဖြစ်လားရလီပါတော့သည်။

လူအများက လဒများလည်း မိုးထိအောင်ပျံနိုင်သဖြင့် ၀ံလက်ငှက်နှင့်ထင်မှတ်မှားတတ်ပါသည်။ သို့သော် လဒများမှာ လဒအကျင့်ကိုကျင့်၍ လဒစိတ်ဟိသူများဖြစ်သည်။

(သာလှဦး)

ပိတကာသီးခေတ်နှင့် ပညာဟိမောင်ပန်းသီး


ပိတကာသီးခေတ်နှင့် ပညာဟိမောင်ပန်းသီး
===========================
အခါတပါးတွင် ရခိုင်ပြည်တွင် အလွန်နာမည်ကျော်ကြားသော ပညာဟိတဦးဟိသည်။ သူ၏ကလောင်နာမည်မှာ (မောင်ပန်းသီး) ဖြစ်သည်။ သူသည်မျိုးရိုးစိုင်ဆက်ချမ်းသာသော အသိုင်းအ၀ိုင်းမှ မွှီးဖွားလူသူတဦးဖြစ်သည်။ လက်မွှီးမီးမလောင် ခြီမွှီးမီးမလောင်ပြုစုကြီးပြင်းလာသူတဦးလည်းဖြစ်သည်။ အရပ်လည်း (၆) ပေကျော်ရှည်သော အာဃယောက်ကျားလည်းဖြစ်သည်။ ယောက်ကျားပီသသည်ကတကြောင်း၊ မိဘမျိုးရိုးစိုင်ဆက်ချမ်းသာသည်ကတကြောင်း၊ ဥပတိရုပ်ကောင်းပြီး ခန့်ငြားထည်ဝါကျက်သရေဟိသည်ကတကြောင်း၊ ဘက်ပေါင်းစုံပြည့်စုံသောကြောင့် သူ့အားမိမ္မများ အလွန်ကြိုက်နှစ်သက်သည်။

သို့သော်သူသည် အလွန်စာရိတ္တကောင်းမွန်သူတဦးဖြစ်သည်။ မိမ္မလုံးဝမလိုက်စား။ အသောက်စကားကင်းသည်။ သူတပါးအားကူညီရိုင်းပင်းတတ်သည်။ ကြင်နာသနားတတ်သည်။ အငယ်ကပင် သူ့ကျောင်းနီဖက်သူငယ်ချင်းများ ကျောင်းသုံးစာအုပ်မ၀ယ်နိုင်၊ လွယ်အိပ်ကျောက်သင်ပုန်းမ၀ယ်နိုင် ထိုအခါများတွင် သူက မုန့်ဖိုးထဲကငွေကို ပီးကမ်းစွန့်ကြဲလေ့ဟိသည်။ ထို့ကြောင့်သူအားသူငယ်ချင်းများက အချေကပင် (သူတော်ချေ) ဟု ချစ်၍တော့၍ခေါ်ကြသည်။ သို့သော် အကျင့်စာရိတ္တနှင့်ပတ်သက်လာလျှင်ကား ခိုင်မာပြတ်သားသည်။ နှမ်းတစိသားလည်းအလျှော့မပီးတတ်။ နှစ်သစ်ကူးသင်္ကြန်ရက်များတွင်လည်း သူငယ်ချင်းများသောက်စားပျော်ပါးရန်ဖိတ်ခေါ်သောအခါ သူကခါးခါးသီးသီးငြင်းဆန်တတ်တသည်။ ထို့ကြောင့် သူ့သူငယ်ချင်းများက သူအားချစ်လည်းချစ်သည် မုန်းလည်းမုန်းသည်။ ချစ်ရသည့်အကြောင်းရင်းက သူရို့ဒုက္ခရောက်သောအခါ သူက နိမဆိုင်းညမဆိုင်း ကူညီတတ်သောကြောင့်ဖြစ်သည်။ မုန်းရသည့်အကြောင်းက သောက်စားပျော်ပါးအကြံများကို လက်မခံသောကြောင့်ဖြစ်သည်။ သူသည် ၀ါတွင်းဝါဆို အခါကြီးရက်ကြီးသင်္ကြန်ရက်များတွင်လျှင်မဟုတ် ၀ါတွင်းကာလ လပြည့်လကွယ်တရက်မပျက်ဥပုသ်စောင့်သည်။ ၀ါကျွတ်လွန်သော်လည်း ဘုရားကျောင်းကန်လားမြဲလားကာ ဆရာသမားများအား ၀တ်ကြီးဝတ်ငယ်ပူဇော်ကန်တော့လေ့ဟိသည်။ ထို့ကြောင့်သူသည် အချေကပင် (ဘုရားတကာကျောင်းတကာ) ဟူသောဘွဲ့နာမကို ပါရမီဘ၀ကံအကြောင်းအားလျှော်စွာ ပိုင်ဆိုင်ထားသူတဦးလည်းဖြစ်သည်။

သူသည်စာအလွန်တော်သူတဦးလည်းဖြစ်သည်။ စာလည်းအလွန်ကြိုးစားသည်။ ထို့ကြောင့် အတန်းတိုင်းတွင်ပထမအမြဲတမ်းရသည်။ အားကစားလည်းအလွန်ထူးချွန်သည်။ စွယ်စုံရပါရမီသျှင်ဖြစ်သည်။ ထို့ကြောင့် ဆရာဆရာမများက သူ့အားအလွန်ချစ်ခင်အားကိုးသည်။ မြို့မျက်နှာပန်းအဖြစ်တင်စားကြသည်။ နှစ်စဉ်နှစ်တိုင်းလူရည်ချွန်အရွီးခံရပြီး ငပလီ၊ ရွှေဝါကျိုင်စသဖြင့် မြန်မာပြည်အနှမ့် လူရည်ချွန်စခန်းများကိုလည်းရောက်ဖူးသည်။ ဆယ်တန်းတွင်နှစ်ချင်းပေါက် ဂုဏ်ထူး (၄) ဘာသာဖြင့် ထူးထူးချွန်ချွန်အောင်မြင်သည်။ ဆယ်တန်းကို (၄) ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူမှာ သူရို့မြို့သမိုင်းတွင် သူသာလျှင်ပထမဆုံးအကြိမ်ဖြစ်သည်။ ကျန်နှစ်များတွင် ဂုဏ်ထူး (၁) ဘာသာ (၂) ဘာသာဖြင့်အောင်မြင်သူ မဟိသလောက်ဖြစ်သည်။ ဆီးတက္ကသိုလ်ဝင်ခွင့်ရသော်လည်း ဆရာဝန်ဘ၀ကိုစွန့်ပြီး သူဝါသနာပါရာ မြန်မာစာအဓိကဖြင့် တန်းမြင့်မဟာဝိဇ္ဇာဘွဲ့ကို ထူးချွန်စွာဆွတ်ခူးအောင်မြင်ခသည်။ တက္ကသိုလ်နောက်ဆုံးနှစ်တွင် သူ၏ဖူးစာပါရမီသျှင်နှင့်တွိဆုံပြီး အိမ်ထောင်ကျသည်။ ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနတွင် နည်းပြဆရာအဖြစ်စတင်အမှုထမ်း၍ သူ၏ထူးကဲသောအရည်အချင်းကြောင့် နှစ်များမကြာသူသည် မြန်မာစာဌာနတွင် ဂုဏ်ထူးဆောင်ပါမောက္ခတဦးဖြစ်လာသည်။ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ပါမောက္ခဖြစ်လာသူဟူ၍ ရန်ကုန်တက္ကသိုလ်သမိုင်းတွင် ပညာဟိမောင်ပန်းသီးတဦးတည်းသာလျှင်ဟိသည်။ ထို့ကြောင့် ရခိုင်ကျောင်းသားကျောင်းသူများ ရန်ကုန်တက္ကသိုလ်စာပီလောကတွင် မောင်ပန်းသီး၏နာမအသျှိန်အ၀ါကြောင့် မျက်နှာပန်းအလွန်ပွင့်လန်းကြသည်။ ဂုဏ်ယူမြောက်ကြွကြသည်။

ပညာဟိမောင်ပန်းသီးသည် အလွန်မျိုးချစ်စိတ်ထက်သန်သူလည်းဖြစ်သည်။ သူ့တပည့်သားသမီးများအား (အမျိုးသီလ၊ နှစ်ဌာနကို၊ ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်၍၊ ရက္ခိုင်ဝံသ၊ ဘွဲ့မည်လှဖြင့်၊ အနွတ္တသညာ၊ ခေါ်အပ်စွာတည့်။) ဟူသော သူ၏လက်သုံးအသျှင်နာဂိန္ဒမော်ကွန်းလင်္ကာဖြင့် ဆိုဆုံးမလေ့ဟိသည်။ သို့သော် လင်္ကာတပုဒ်လုံးကိုကား သူတခါမှမဖတ်ဖူးပေ။ မြင်လည်းမမြင်ဖူးပေ။ အသျှင်နာဂိန္ဒကား လေးမြို့ခေတ်စာဆိုလား၊ မြောက်ဦးခေတ်စာဆိုလား အတိအကျမသိ။ တခါတွင် လေးမြို့ခေတ်က၊ တခါတွင်၊ မြောက်ဦးခေတ်က၊ တခါတွင် ဝေသလီခေတ်ကစသည်ဖြင့် ယောင်သျွှီးလုပ်တတ်သည်။ သို့သော်သူသည် နဖူးပြောင်ပြောင်ဖြင့် မှင်အလွန်ကောင်းသဖြင့် တပည့်သားသမီးများက သူပြောတိုင်း အားကိုးယုံကြည်သည်။ ဆရာကြီးဖေမောင်တင်ရွီးသောမြန်မာစာပီသမိုင်းကို အစအဆုံးမကြည့်ဘဲ နှုတ်ကျက်ရွတ်ပြနိုင်သူအဖြစ် လေးစားဂုဏ်ယူသည်။

မောင်ပန်းသီးမှာ ယခုအခါအသက်အရွယ်ကြီးရင့်ပြီး ပညာရေးလောကမှ အနားယူလားပြီးဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းဟိ သူ၏သမီးကြီးအိမ်တွင်ချမ်းသားစွာနီထိုင်လျှက်ဟိသည်။ သမီးကြီးတွင် သားကြီးတယောက်၊ သမီးတယောက်ထွန်းကားသည်။ သူ၏မြီးများက သူ့အား (အဖိုးသျှင်၊ အဖိုးသျှင်) ဟုခေါ်လျှင် သူသည်အလွန်ဝမ်းမြောက်ပီတိဖြစ်ရသည်။ သူ့မြီးများအား ပညာအမွှီလက်ဆင့်ကမ်းပီးရသည်ကို ၀မ်းသာမဆုံးဖြစ်သည်။ (၅) နှစ်အရွယ်မြီးထွီးချေမှာ သူငယ်တန်းဖတ်စာသစ်ကို တလုံးမကျန်အဖိုးသျှင်ရှိတွင် အလွတ်ရွတ်ပြနိုင်သည်။ မပီတွတ်တွတ်ပီတွတ်တွတ် အဖိုးသျှင်အား နားမလည်သည်များကိုလည်း မိန်းမြန်းလေ့ဟိသည်။ တခါတရီတွင် လုံးဝအဓိပ္ပါယ်မဟိသောမိန်းခွန်းများဖြစ်သော်လည်း အဖိုးသျှင်က စိတ်ရှည်လက်ရှည်ယှင်းပြတတ်သည်။ ဥပမာအားဖြင့် (အဖိုးသျှင် ဘော်လုံးဇာဖြစ်လုံးရေလဲ) စသည်ဖြင့်ဖြစ်သည်။ ထိုအခါ (ဘော်လုံးဖြစ်လို့ လုံးရေပုချေ) ဟု အသင်္ခတဥာဏ်ဖြင့် မဆိုင်းမတွက်ချက်ချင်း ပြန်ဖြေနိုင်သည်။

မြီးအကြီးသူမှာ လေးတန်းအောင်ပြီးဖြစ်သည်။ အဖိုးသျှင်အိမ်တွင် ရခိုင်ပညာဟိများလာရောက်၍ စာအကြောင်းပီအကြောင်း၊ သမိုင်းကြောင်း၊ ဓည၀တီအကြောင်း၊ ဝေသာလီအကြောင်း၊ သုဝဏ္ဏဒေ၀ီအကြောင်း၊ မင်းထီးမင်းဘာအကြောင်း၊ စသည့်အကြောင်းကြောင်းများကို အာဘောင်အာရင်းသံများဖြင့် ဆွေးနွေးတိုင်ပင်သည်များကို စိတ်ဝင်တစားနားထောင်လေ့ဟိသည်။ ထို့ကြောင့် သူသည်အသက်ငယ်ပင်ငယ်သော်ငြားလည်း ရခိုင်သမိုင်းကြောင်းကို ရင်းနှီးအကျွမ်းဝင်သည်။ (ရခိုင်အစ မာရယုက၊ ဘီစီ (၃၃၂၅) တွင် ရခိုင်သမိုင်းစတင်သည်။ ရခိုင်သားသည် (အာရီယံနွယ်မျိုးဖြစ်သည်၊) အစဟိသည်ဖြင့် သူ၏ကျောင်းနီဖက်သူငယ်ချင်းများအား ဖောက်သည်ချပြောပြနိုင်သည်။

တရက်နိတွင် သူသည်အဖိုးသျှင်အား မိန်းခွန်းတခုမိန်းလတ်သည်။ (အဖိုးသျှင် (ရခိုင်မှာစာမဟိ) ဆိုစွာဟုတ်တေလား။ ကျောင်းကဆရာမက ယင်းပိုင်ယှောင်ပြောပါရေ)။ ထိုအခါ ပညာဟိမောင်ပန်းသီးက သူ့မြီးအား မာန်ပါပါဖြင့် (အဝေး အခုမင်းဖတ်နီရေ မြန်မာစာက ရခိုင်စာချင့်။ မင်းအစာကိုပြောရေလဲ) ဟု အော်ငေါက်လိုက်သည်။ ယေခါ သူ့မြီးက (ယေကေအဖိုးသျှင် (သင်္ဘောသီး) ကို (ပိတကားသီး) လို့ မောင်မောင်ရို့ ရခိုင်မှာခေါ်ပါရေမနား၊ အေမှာက (သင်္ဘောသီး) လို့ရာ ရွီးထားပါရေ။) ဟုဆိုသည်။ ထိုအခါ အဖိုးသျှင်က (အဝေး ယင်းသူရို့တိ ခိုးထားစွာ ခိုးထားစွာ) ဟုအော်သည်။

တရက်နိတွင် မြီးအကြီးသူ မြန်မာစကားပုံများကို အလွတ်ကျက်မှတ်နီသည်။ ထိုတွင် (ပညာဟိ သတိဖြစ်ခဲ) ဟူသောစကားပုံကို နားမလည်နိုင်ဖြစ်နီသည်။ ထို့ကြောင့် အဖိုးသျှင်အား (အဖိုးသျှင် ပညာဟိ သတိဖြစ်ဖြစ်ခဲ) ဆိုစွာ ပဇာကိုပြောစွာပါလဲ။) ဟုမိန်းလိုက်သည်။ ထိုအခါ အဖိုးသျှင်က သူ့ကိုယ်သူလက်ညှိုးထိုးလျှက် (အဝေးမြီးချေ ငါ့ကိုကြည့် ငါ့ကိုကြည့်၊ ပညာဟိဆိုစွာ (အိုပင်အိုကေလည်း သတိမမိ) ဆိုစွာကိုပြောစွာ) ဟု ဖြေသည်။ ယင်းကာလ ငါးနှစ်အရွယ်မြီးထွီးအပုချေက (ဟ ဟာဟ ရယ်လိုက်ရ) ဟု စာဖတ်သံနှင့်လားတိုက်ဆိုင်နီသည်။ ထိုအခါ ပညာဟိမောင်ပန်းသီးက သူ့အားအယွဲ့တိုက်သည်အထင်ဖြင့် (ဟေးကောင်မချေ မဖတ်ကဲ့၊ တန့်တန့်) ဟု ဟန့်တားလိုက်သည်။ ပြီးလျှင် သူသည်ရှက်ရှက်ဖြင့် (အေခုခေတ် အဂယင့် ပိတကာသီးခေတ်အမှန်။ အကြီးကအောက်က အငယ်ကအထက်က) ဟု ဘုပြောပြီးလျှင် ဘုရားခန်းထဲသို့ ပုတီးစိတ်ရန်လှမ်းဝင်လိုက်သည်။

ဤတွင် အကျွန့်ဝတ္ထုလည်းဆုံးပါလီ၏။ မဆုံးသိမ့်ကေ ကျန်ရေလူတိဆက်ပြောပါလီ။

(သာလှဦး)

ပွပွရောင်တိ မျိုးချစ်စိတ်


ပွပွရောင်တိ မျိုးချစ်စိတ်
===============

မင်းရို့တိ
အခြောက်တိုက်
ဘ၀င်ကိုင်နီလို့
ရညှိကပ် ကြာအိုကျ
ကျောက်ခဲတလုံး
သမိုင်းဆိုစွာ
ဂျောင်ထိုးနီရရေ...။

အစိုနံနီရေ
မင်းရို့
ဘ၀င်ပုတ်တိကြောင့်
ရင်းတန်းထိုးနီရေ
ဆားငန်မြစ်ထဲက
ငရို့အဖိုးတယောက်
သီအောင်ထိ
ခြီထောက်မှာ
ကျူပ်မစင်လီခ...။

လောက်ကျနီရေ
မင်းရို့တိ
ဟက္ကရီကျ
အတွေးအခေါ်တိကြောင့်
ထင်းခြွီနီရေ
ငရို့အဘောင်အဖိုးရို့ဘ၀စွာ
ဘုန်းကြီးကျောင်းကို
သီအောင်ထိ မရောက်ခ...။

မင်းရို့တိ
စုတ်ပီစုတ်ပ
ညီညွတ်ရေးကြောင့်
ညာဏ်ကောင်းရေ
အဖအချေတိ
အောက်ကျနောက်ကျနန့်
စာမတတ် ပီမတတ်
ဘ၀ဆုံးလီကတ်ရယင့်...။

တကိုယ်ကောင်းဆန်ရေ
မင်းရို့တိ
လုပ်ရပ်ကြောင့်
အဖတယောက်
ဆင်းရဲတွင်းနက်ပနာ
ကမ္ဘာပေါ်မှာ
မျက်နှာငယ်နီရရေ...။

ဇာမှာလဲ
မင်းရို့တိ အတတ်ပညာ
ဇာမှာလဲ
မင်းရို့တိ အသိပညာ
ဇာမှာလဲ
မင်းရို့တိ သနားကြင်နာမူ
ဇာမှာလဲ
မင်းရို့တိ မျိုးချစ်စိတ်
ဇာမှာလဲ
မင်းရို့တိ ညီညွတ်ရေး
ဇာမှာလဲ
ဇာဂျောင်မှာလဲ...။

လီထက်မှာလား
မင်း မယားတိ ဘက်မှာလား
မင်း အမျိုးတိ ဘက်မှာလား
ဆက်ပြီးကေ မလိမ်ကဲ့ဖိ
ပွပွရောင်
ထမင်းဆုံးတိ တွင်းဆုံးတိ...။

ကြွတ်စူး(ရမ်းဗြဲကျွန်း)

Tuesday, September 15, 2009

ပန်းမြတ်သဇင်


ပန်းမြတ်သဇင်
=========
ပန်းမြတ်သဇင် ပန်းသဇင်
သဇင်ပေါ်စ
နှင်းဝီ၀ီကေ နတ်တော်လ --။

ပြိုင်းတောင်ကျော်လမ်း
ခမောင်းပင်မှာ သဇင်ပန်း --။

ဆွတ်ခီဆွတ်ခီ
မယ်နှမမှာ သဇင်ပန်းကို
ပန်ရစီ --။

နှမပန်ချင်
ပျိုတိုင်းကြိုက်တေ ပန်းသဇင်
မယ်ကြင်မောင်ဝေ တက်လို့ဆွတ်ကေ
ရခရေ --။

ပန်းပွင့်သဇင်
မယ့်ဂေါင်းထက်မှာ လှလို့ပင် --။

တ၀က်ကိုပန် တတန်နောင်ကျိုး
မြတ်စိန္တေလေ ညောင်ရည်အိုးမှာ
အပြည့်ထိုး --။

မောင်နှင့်နှမ
သဇင်ပန်းကို အရင်းတည်
မောင်မယ်နှစ်ဝ
အခါတန် သင်္ကြန်လမှာ
ပေါင်းရပါစီ
ဆံတော်ရှင်လေ စေတီရင်းမှာ
ဆုတောင်းလီလေ ဆုတောင်းလီ --။

(ရှာဖွေတင်ပြသူ ခိုင်ဇေယျ)

မှတ်ချက်။ ။ (ရှင်) ကို (Rhun) ဟု အသံထွက်ဖတ်ပါ။

မိုးသထအာရုဏ်


မိုးသထအာရုဏ်
==========
ညဉ့်သန်းခေါင်လေ အမှောင်လွန်မြောက်
အာရုဏ်ရောက်လို့ ခတက်ခေါက်ကေ
စိတ်ရောက်ရည်မှန်း သဒ္ဓါဆွမ်းကို
လှူဒါန်းဖို့လေ ချက်လတ်တေ --။

ဂြိုးငှက်လူပျို တေးခြင်းဆိုလို့
စိမ်းညိုရွက်နု နှင်းထုဝီ၀ီ
လီချေသွတ်သွတ် တိုက်ကာခတ်ကေ
ရင်ဖတ်အီးရေ ချမ်းလတ်တေ --။

အာရုဏ်ပျိုးလို့ မိုးသထမှာ
နိုးထအားမာန် ဗြိန်းစောင်းသံလေ
တောင်ယံကိုဟပ် ဂလိုင်ထပ်ပျာယ်
ရိုက်ခတ်မြည်ဟိန်း စည်တော်ကြိမ်းကေ
ကြက်သိမ်းထရေ အားရရေ --။

ရောင်နီသန်းကေ ဆွမ်းပန်းရီချမ်း
လှုဒါန်းမျှဝီ မိတ္တာမြီမှာ
ပီတိနှိုးဆော် သာထုခေါ်မိ
မှန်းမျှော်နိဗ္ဗာန် သံစည်သံလည်း
မာန်စွယ်နှိမ့်ချ ငြိမ်းချမ်းစွ --။

မောင်နန်းလှ (မြောက်ဦး)

ဦးရာဇ်တော်ကို ဖူးပါခလိုက်


ဦးရာဇ်တော်ကို ဖူးပါခလိုက်
=================
(၁)
ရက္ခပူရီ တိုင်းဌာနီမှာ
ဇာတီပုထိုး အမျိုးမျိုးလျှင်
ပြည့်ဖြိုးစုံညီ ဟိပါလီငြား
အများလူသျှင် ဦးထိပ်တင်ကေ
သျှင်ပင်ဦးရာဇ် ဓါတ်တော်စစ်ကို
တောင်ထိပ်ချာမှာ မဟာမင်းကောင်း
ဖလောင်းရာဇာ တည်ခပါကေ
မြင်သာလေးရပ်

လွန်ထင်ပေါ်ကေ သပ္ပါယ်လတ်လို့
ရိုညွတ်ဦးတင် မသီခင်လျှင်
အယင်လာလို့ ဖူးပါခလိုက် --။

(၂)
တောင်ထိပ်ချာက ကြည့်ပါလီတိုင်း
မှိုင်းမှိုင်းဝီ၀ီ လီလည်းဖြူးဖြူး
လှိုင်းအူမြူးလို့ ၀မ်းနူးစဖွယ်
မြစ်ပင်လယ်နှင့် ကြီးငယ်လှီလောင်း
သောင်းသောင်းညံညံ
ဘဲဟင်္သာမှာ ၀ဲကာပျံလို့
တကြော်ကြော် ခေါ်သံလည်းကျူး
ကြည်နူးစရာ အသံနားမှာ ကြားရပါသော်
သာယာငြိမ့်ညောင်း နာပျော်ကောင်းရေ
သာယာအီးလေ သာစွလေ
သာယာစွလေ သာစွလေ --။

(၃)
တောင်ထိပ်ချာက ကြည့်ပါလီတိုင်း
မှိုင်းမှိုင်းညို့ညို့ မို့မို့တောတောင်
ပြင်လယ်ကောင်နှင့် ချောင်းမြောင်ဝန်းဝိုက်
မိုးမှောင်သန်းကေ အဆန်းတကြယ် လွမ်းဖွယ်ဖြစ်လို့
နှစ်သက်ကြည်လင် မြင်ရပါသော် 

ရင်မှာအီးချမ်း စိတ်လည်းဝမ်းသာ သာဓုခေါ်ရေ
သာယာအီးလေ သာစွလေ
သာယာစွလေ သာစွလေ --။

(ဓညဦး)

Sunday, September 13, 2009

စောင့်လီမျိုးနွယ်


စောင့်လီမျိုးနွယ်
-----------
အော် ငါ့၏ချစ်သွီး ရခိုင်သူ ရခိုင်သားရို့ နှလုံးသားမှာ စာတင်မှတ်လို့ အတုယူဖို့ ငါ့သွီးငါ့သားရို့ကို အဖိုးပုံပြင်တပုဒ် ထုတ်ကာပြလို့ ပြောပြမယ်ဝေ နားစိုက်ထောင်ကတ် ငါ့ချစ်သွီးရို့။

ထိုးလွန်လီခကာ ပြည်ဗာရာမှာ ဗြဟ္မာဒတ်မင်း မင်းပြုစိုးစံအုပ်ချုပ်လို့ နီရေလတ်ဝေ ငါ့ချစ်သွီးရို့။ ယင်းအချိန်မှာ စိန္တာမယံ ဘုရားလောင်းလည်း တောတောင်အုပ်စိုး ခြင်္သေ့ဖြစ်၍ ဟိမ၀န္တာ ရွှီဂူသာမှာ နီရေလတ်။ ထိုခြင်္သေ့မှာ နှမတကောင် ညီခြောက်ကောင်ဟု သွီးရင်းချစ်လည်း ဟိရေလတ်။ ခြင်္သေ့အုပ်စိုး ရွှီဂူနားဝယ် ငွေတောင်ထွဋ်သာ ဖန်ဂူမှာကား တိရိစ္ဆန်ဖြစ်ငြား မျိုးမစစ်သား ခဲဝါယုတ်လည်း နီရေလတ်ဝေ။ မျိုးမြတ်သခင်ခြင်္သေ့ရို့ကား သဲချစ်နှမ ညီမချေအား ဂူဝယ်ထားကာ အစာရှာထွက်၍ ပြန်လာသောခါ ညီမငယ်အတွက် ၀မ်းစာဖြည့်ဖို့ စားကောင်းမျိုးစုံ ယူဆောင်လာခါ ကျွေးကတ်တေလတ်။

တနိသောခါ မျိုးမစစ်သား ခဲဝါယုတ်သည်ကား ခြင်္သေ့မကို မြင်သောခါဝယ် ချစ်ခင်နှစ်သက် ဖြစ်မိရေလတ်။ ထိုကြောင့်သာပင် အစ်ကို ခုနှစ်ကောင် ခြင်္သေ့မင်းရို့ အစာရှာထွက်ချိန် အခွင့်သာကို စောင့်ယူလတ်၍ မျိုးမြတ်ကိန်းရာ ရွှီဂူသာသို့ လားလတ်ပြီးကေ ခြင်္သေ့မအား...

“အသဲနက်နဲ ဘ၀အပ်၍ ချစ်ခင်ရသော အော်နှမငယ်။ အသျှင်မလည်း ခြီလေးချောင်ဟိ သတ္တ၀ါမျိုး ဖြစ်ဘိလတ်၏။ အကျွန်သည်လည်း သျှင်မပိုင်ယာ ခြီလေးချောင်းဟိ သတ္တ၀ါမျိုး ဖြစ်ဘိလတ်၏ ။ သို့အတွက်ကြောင့် နတ်မျှမက ရုပ်သွင်တင့်ဘိ သျှင်မသည်ကား အကျွန်ုပ်အား ကြိုက်တော်မူခါ ချစ်ခွင့်သာပန်း ပီးလတ်ပါ သျှင်မ။ အကျွန် တူနှစ်ကိုယ် ရွှီရည်ဆင်း၍ အကြင်လင်မယား အဖြစ်ဆောင်ကာ နီကတ်ပါအံ့ အို ချစ်သောနှမ ဘ၀သျှင်။ တူနှစ်ကိုယ်ပေါင်း သာယာအိမ်ထောင် တည်ဆောက်ကတ်မေ အို ချစ်နှမချေ အိမ်မက်သျှင်" လို့ ချစ်ခွင့်ပန်ခါ ပြောရေလတ်ဝေ အော် ချစ်သွီးရို့။

အော် ငါ့ချစ်သွီးရို့

ခြင်္သေ့မကား မျိုးမစစ်သား ခဲဝါစကား ကြားလတ်တေခါ နှလုံးမသာ ကိုယ့်ကိုယ်ကိုပင် ရှက်ကြောက်လတ်၍ ဤကဲ့သို့ပင် ကြံမိရေလတ်။ "ဒေခဲဝါကား ခြီလေးချောင်းဟိ သားကောင်ရို့တွင် အယုတ်ညံ့ဆုံး မျိုးမစစ်၍ စက်ဆုပ်ဖွယ်ပင် ဟိချေ၏တည်း။ ငါ့ရို့သည်ကား မျိုးမြတ်သားနွယ် မင်းမျိုးသျှင်ဟု လောကသားတိုင်း သမုတ်အပ်သော စံဝင်သူများ ဖြစ်ချေဘိ၏ ။ ဒေခဲဝါကား ငါနန့်မထိုက် စကားကိုရာ ဆိုလာဘိ၏။ ငါသည်သာကား မျိုးမစစ်သား ခဲဝါစကား ကြားခါမျှပင် ရှက်လှချေ၏။ အသက်ရှင်လျှက် ငါမနီယာ ကိုယ့်ကိုယ်စတေး သတ်သီလတ်၍ ငါ့အမျိုးအား ငါစောင့်မည်ဟု ကြံစည်ရေလတ်ဝေ ငါ့ချစ်သွီးရို့"

ထိုနောက်မှာကား ကိုယ့်ကိုကိုယ်ထိမ်း တခါဆင်ခြင် စိုင်းစားပြန်ကေ ယုတ်ညံ့စကား ခဲဝါယုတ်ကြောင့် ဒေအကြံကား မသင့်လှပေ။ ငါ၏အစ်ကို မောင်ရို့လာမှ ဖြစ်အင်သနစ် အစုံလှစ်၍ ပြောပြပြီးမှ ငါသီမယ်ဟု ဆုံးဖြတ်ပြီးခါ အစ်ကိုအလာ စောင့်နီရေလတ်။ ခဲဝါယုတ်လည်း ခြင်္သေ့မငယ် နှုတ်ခမ်းလွှာမှ တုံ့ပြန်စကား မကြားသောခါ နှလုံးမသာ စိတ်မရွှင်ပဲ ဖန်ဂူသို့ယာ ပြန်လားပြီးခါ အိပ်နီရေလတ် အို ချစ်သွီးရို့။

ထိုချိန်ခါဝယ် အစ်ကိုငယ်ကား နှမအတွက် အစာချီလျှက် တောမှပြန်လာ ၀မ်းသာစွာဖြင့် အစာကောင်းအား ၀မ်းစာဖြည့်ဖို့ ပီးရေလတ်ဝေ။ ထိုသောခါဝယ် နှမငယ်က "အော် အစ်ကိုငယ် ငါသည်မူကား ဇာအစာမျှ မစားလိုပါ။ ကိုယ့်ကိုကိုယ်ရာ သတ်သီဖို့ယာ အော် အစ်ကိုငယ်" ဟုပြောရေလတ်ဝေ။ အစ်ကိုငယ်ကား နှမစကား ကြားသောခါဝယ် "အော် ငါ့၏ချစ်သွီး ငါ့နှမငယ် စွာအကြောင်းကြောင့် သီချင်လဲဝေ။ ငါ့ကိုပြောပြ ယှင်းပြအုံးဝေ နှမချေ" လို့ ပြန်မီးလိုက်တေလတ်ဝေ။ ယင်းချိန်ခါဝယ် ခြင်္သေ့ညီမ နှမချေလည်း ခဲဝါဆိုလာ စကားဖြာကို ပြန်ပြောင်းပြောပြ သိစီရေလတ်။ ညီမစကား ကြားသောခါဝယ် ခြင်္သေ့ငယ်မှာ ပြင်းစွာဒေါသ ခြောင်းခြောင်းထွက်၍ မစူးစမ်းဘဲ ခဲဝါဟိရာ အရပ်သို့ယာ ပြီးလားရေလတ်။ ဖန်ဂူထဲမှ အိပ်နီသောသူ ခဲဝါယုတ်ကို မြင်သောခါကား ဟင်းလင်းပြင်ထဲ တလင်းထဲဝယ် အိပ်နီရေဟု ထင်မှားမှတ်၍ ကိုက်သတ်မေဟု အချိန်ပြင်းပြင်း တဟုန်ထိုးဖြင့် ပြီးဝင်သောခါ ဖန်ဂူမှာဆောင့် ရင်ကိုထိ၍ ရင်ကွဲခါပင် တောင်ခြီရင်းသို့ လွင့်စိုင်မျောပါး ကျလတ်၍သာ သီရလီ၏ အို ချစ်သွီးရို့။

ကျန်ရစ်ငါးကောင် အစ်ကိုငယ်ရို့ ထိုအတိုင်းပင် ဖန်ဂူနှင့်ဆောင့် ရင်ကိုထိ၍ ရင်ကွဲကာပင် တောင်ခြီသို့ကျ လွင့်စိုင်မျောလို့ သီကတ်ရရေ ငါ့ချစ်သွီးရို့။ နောက်ဆုံးမှာကား အကြီးဖြစ်သူ ရာဇာခြင်္သေ့ ပြန်လာသောခါ နှမငယ်လည်း ခဲဝါစကား ယင်းအတိုင်းသာ အကြောင်းစုံလျှောက် ပြောပြလတ်၏။ ခြင်္သေ့မင်းကား ညီမငယ်အား "အော် ချစ်နှမငယ် မျိုးမစစ်သား ယင်းခဲဝါကား စွာမှာနီလဲ" လို့ မီးလိုက်တေလတ်။ နှမချေလည်း "အော် အစ်ကိုရာဇာ ငွေတောင်ထိပ်သာ ဟင်းလင်းပြင်မှာ အိပ်နီစွာကို မမြင်လား" လို့ လက်ညှိုးညွှန်ထိုး ပြရေလတ်။

ထိုသောခါဝယ် ခြင်္သေ့မင်းကား "ဤ ခဲဝါသည် ဟင်းလင်းပြင်ထဲ အိပ်ဖို့မထင်။ ဖန်ဂူမှာယာ အိပ်နီစွာပင် ဖြစ်ရမည်" ဟု စိတ်မှာစွဲထင် ကြံစည်ပြီး၍ တောင်ခြီရင်းသို့ ဆင်းရေလတ်ဝေ။ တောင်ခြီရင်းသို့ ရောက်သောခါဝယ် ဇီဝိန်ကင်းချုပ် အသက်ပျောက်၍ သီပွဲဝင်လတ် ညီငယ်ရို့ကို တွိလီသော်ကား "ငါ့၏ချစ်သွီး ညီငယ်ရို့ကား စူးစမ်းဆင်ခြင် ပညာညာဏ်မဲ့ မိုက်မဲကြောင့်သာ ဖန်ဂူကိုမမြင် မသိလီဘဲ ရင်ဖြင့်တိုက်ကာ သီကုန်ကတ်” ဟု ဆင်ခြင်ပြီးကာ “ပါးစတွင်းသို့ ထိုးသွင်းအပ်ရေ ပူသောအစာ အာဟာရကား ပါးစကိုရာ ပူလောင်စီသို့ ယင်းကဲ့သို့ပင် ညာဏ်ပညာကင်း မစူးစမ်းပဲ ဆင်ခြင်နည်းမှု ပြုလုပ်လတ်တေ ကိစ္စသည်ကား ပြုလုပ်သူအား ပူလောင်စီသည် မှန်စွာမလွဲ မုချသာတည်း" ဟု ပြောဆိုပြီးကာ ငါ့ညီရို့ကား လိမ္မာမှုကင်း ဆင်ခြင်နည်း၍ သီကတ်ရ၏။ ငါသည်မူကား ငါ့ညီရို့ပိုင် မပြုလီပဲ မျိုးမစစ်သား ခဲဝါယုတ်အား ဖန်ဂူထဲဝယ် အိပ်လျှက်ပင် နှလုံးကွဲကာ သီဆုံးစီအံ့" ကြုံးဝါးရေလတ် ငါ့ချစ်သွီးရို့။ ထိုသို့ပြီးခါ ခဲဝါတက်ရာ ဆင်းသက်ရာဟု လမ်းကိုမှတ်၍ ထိုလမ်းသို့ရာ ရှိရှုပြီး၍ သုံးကြိမ်စွက်စွက် ဟောက်ရေလတ်။ ခြင်္သေ့ဟောက်သံ မိုးကောင်းခင်ထိ ပဲ့တင်ထပ်လို့ မြိုင်လီသောကြောင့် ဖန်ဂူမှာအောင်း ခဲဝါစုတ်လည်း အိပ်လျှက်ပင် နှလုံးကွဲအက် သီလီရေလတ် အော် ချစ်သွီးရို့။

ရာဇာခြင်င်္သေ့ မင်းမဟာလည်း ခဲဝါသီမှန်း သိသောခါဝယ် ညီငယ်သွီးချစ် ခြောက်ကောင်ရို့အား စုကာပေါင်းလို့ တောအုပ်မြိုင်သာ နန်းရိပ်သာဝယ် မြီမြှုပ်သဂြိုဟ် ပြုလီရေလတ်ဝေ။ ထိုပြီးသောခါ နှမဟိရာ ရွှီဂူသာသို့ ပြန်ကာနှင်း၍ နှမချေအား ခဲဝါနှင့်ညီ ခြောက်ကောင်ရို့မှာ သီဆုံးလားကြောင်းပြောပြရေလတ်။ ခြင်္သေ့နှမ ညီမချေလည်း ခဲဝါသီမှန်း သိသောခါဝယ် စိတ်မှာရွှင်လန်း သက်သာရ၍ ရွှီဂူ၌ပင် အသက်ထက်ဆုံးနီလားရေလတ် ချစ်သွီးရို့။

အော်ချစ်သွီးရို့ အဖိုးပြောလတ် ပုံပြင်ဟောင်းလည်း ဒေနီရာမှာပင် ဆုံးယာဝေ။(တဒုကနိပတ် သိင်္ဂါလဇာတ်)

(သျှင်အရိယာဝံသ)

Saturday, September 12, 2009

အဘာလေး မွန်းရေ


အဘာလေး မွန်းရေ
-------------
ဟုတ်ကဲ့ ခင်ဗျား
အမေ ယခိုင်
အဖေ မျန်မာပါ
ကျူပ် ယခိုင်ပျည်ဂျီးကို
ချစ်ပါဒေ...။

(အီးယောင်လေး)

ဟုတ်ကဲ့ ချိန့်
အမေ ယခိုင်
အဖေ ယခိုင်...ပါ
ယန်ကုန်မှာ ကျီးဒါပါ
ယခိုင်လိုဒေါ့ မပျောတက်ဗူး
ယခိုင်ပျည်ကို
မယောက်ဖူးဗူး...။

(ဘားဘာလေး)

ဟုတ်ပါယင့်
အမိ ရခိုင်
အဖ ရခိုင်ပါ
အချေကပင်
မျန်မာစာ သင်လာစွာပါ
ရခိုင်ပိုင်ရွီးဖို့စွာ ရှက်ပါရေ
ရွီးဖို့လည်း မတတ်ပါ...။

(သီဖိယကေ)

ဟုတ်ကဲ့
အမိ ယခိုင်
အဖ ယခိုင်ပါ
ယခိုင်ပြည် သံတွဲကပါ
ယခိုင်အစစ်တွေလို့တော့
မယေး မပျောတတ်ပါ...။

(သီကတ်ရာလူရို.)

ဟုတ်ပါရေ
စစ်တွေကပါ
အမိရခိုင် အဖရခိုင်ပါ
ရခိုင်ပြည်နယ်ကပါ
အဂု စစ်တွေမှာ
တိုက်တိအမြင့်ကြီးဆောက်
ရထားလမ်းတိဖောက်
ကကောင်းတိုးတက်နီပါယာ...။

အဝေးကြွတ်စူး ဈီးကိုပြီးဖိ
မွန်းရေလူရို. ငါ အဂယင့် မွန်းရေ...။

ကြွတ်စူး (ရမ်းဗြဲကျွန်း)

ထော... ကြည့်လိုက်


ထော... ကြည့်လိုက်
--------------
ထော... ကြည့်
ရန်ကုန်ရောက်
ရခိုင်သမချေတယောက်
မျန်မာချေတယောက်နန့်
ဂျောင့်ကြားတိုင်းရောက်...။

ထော....ကြည့်
စင်ကာပူရောက်
ရခိုင်သမချေတယောက်
မျန်မာချေတိနန့်
ဆီးဆောက်ကရောက်...။

ထော.....ကြည့်
နယူးယော့ခ်ရောက်
ရခိုင်သမတယောက်
ဘောက်သာဆိုးနန်.
လှော်လီစည်းဖောက်...။

ထော...ကြည့်
ပြည်ပရောက်
ရခိုင်ခေါင်းဆောင်တယောက်
မျန်မာတိနန့်
ရွှေလမ်းငွေလမ်းဖောက်...။

ထော.....ကြည့်
ရခိုင်အမျိုးသားရီးလုပ်တေ
ရခိုင်သားတယောက်
မျန်မာမနန့်
ဟိဟိဟားဟားဟောက်...။

ကြွတ်စူး(ရမ်းဗြဲကျွန်း)

ဟက္ကရီကျ


ဟက္ကရီကျ
--------
ကျားတော့ကေ ကျားပါရာ
ယေကေလည်း စက္ကူကျား..။

မြွီတော့ကေ မြွီပါရာ
ယေကေလည်း ရီမြွီ...။

ပန်းတော့ကေ ပန်းပါရာ
ယေကေလည်း စက္ကူပန်း...။

ငှက်တော့ကေ ငှက်ပါရာ
ယေကေလည်း လင်းဋ္ဋ...။

ရခိုင်သားတော့ကေ ရခိုင်သားပါရာ
ယေကေလည်း ရခိုင်စာကို မရွီးတတ်...။

ရီမကူးတတ်တေ ငါးပိုင်
ကိုယ့်ဦးနှောဏ်နှလုံးသားထဲက
ကိုယ့်စွမ်းကိုယ်စကိုမိ
အစိုင်အလာကို သတိမပြု
ကိုယ့်အမင်ဘာသာစကားကို ဥပက္ခာပြုပနာ
ကိုယ့်တန်ဖိုးကို ကိုယ်ဖျောက်တေ
ဖက်ခွက်သားကျချေတိ...။

(ခိုင်အောင်အောင်)

Monday, September 7, 2009

နိုးထချိန်


နိုးထချိန်
------
ပုပ်သိုးခြောက်ကပ်
ပူပြင်းမွန်းကျပ်တေ
ညဆိုးတိက
စိမ်းသစ်လတ်ဆတ်တေ
အိမ်မက်ကို
ဖန်တီးပီးတတ်တေ...။

ခံယူတတ်ကေ
အကျပ်အတည်းဆိုစွာ
အခွင့်အလမ်းတမျိုးရာ...။

ရာသီလီပြင်းထဲမှာ
လွတ်လပ်ခြင်းရနံ့တိ
ကပ်ငြိပါလာတတ်စွာက
သဘာဝတရား၏ရိုးသားမှု...။

ခေတ်မျက်နှာစာကိုချယ်သ
သမိုင်းလိုအပ်ချက်ကိုဖြည့်ပီးဖို့
ဦးနှောဏ်တန်းခါးတိ
ဖွင့်ထားကတ်မည်...။

နှစ်နှစ်ရာကျော်က
လက်ကျန်အလှနန့်
အိပ်မောကျနီရေ
ရက္ခိတရို့ပြည်
နှစ်ဆယ့်တစ်ရာစုမှာ
နိုးထချိန်တန်ပျာယ်...။

ခိုင်အောင်အောင်
၀၇၊၀၇၊၂၀၀၉

လမ်းသစ်ထွင်ဖို့


လမ်းသစ်ထွင်ဖို့
----------
ဒုက္ခလမ်းမထက်မှာ
အားနည်းချက်အဖြာဖြာနန့်
ငါရို့ တိ လားနီကတ်ရရေ...။

မုန်တိုင်းကကြမ်း
လီသရမ်းလို့
ပန်းဖူးကပျောက်
တယောက်တပေါက်
ခရီးမရောက်စွာကြာနီပျာယ်...။

သမိုင်းအနာ
ရင်မှာမပျောက်
ဇာပင်ရောက်ရောက်
ရိုးတောင်အောက်က
လခြမ်းမြီ
ငါရို့ချစ်တေ ရခိုင်ပြည်
ပြန်လည်ထွန်းပ
ရှင်သန်ရမည်...။

ရခိုင်အမှန်
နွံမှာမနစ်
အားစိုက်လုံ့လ
ပြန်နိုးထဖို့
အသိကိုဆောင်
အမှောင်ကိုယှင်း
ပညာအလင်းနန့်
ဘ၀ရင်းပနာ
လမ်းသစ်ခင်းကတ်မည်...။

ခိုင်အောင်အောင်
၁၇၊၀၇၊၂၀၀၉

လမ်းချော်နီရေ အိမ်မက်


လမ်းချော်နီရေ အိမ်မက်
----------------
အားနည်းချက်တိနန့်
သွီးအီးနီရေ အမျိုးချစ်ခြင်း
အကြောက်တရားလမ်းမထက်မှာ
ပန်းဖူးမဟိလားနီယင့်...။

ကြယ်တိကြွီကျနီရေ အာကာပြင်မှာ
ဝံလက်ရို့ တောင်ဖံခတ်သံ
မကြားရစွာကြာနီပျာယ်...။

ဆင်ခြင်တုံတရား
ခြစားနိန်ရေ ရပ်ဝန်းမှာ
ပဋိပက္ခမုန်တိုင်းတိတိုက်နီစွာ
အဆန်းကမဟုတ်...။

တန်းခါးတိအားလုံးဖွင့်ပီးထားခါမှ
ပွင့်လင်းခြင်းကို မကြိုက်တေလူ
လမ်းချော်နီလီရဖို့စွာပျာယ်ယေ...။

အ၀ီးကို လှမ်းကြည့်မမြင်ပဲနန့်
အနာဂါတ်တရားလာဟောပြနီကေ
မြီစာမြက်ပင်ချေဖြစ်လားရစွာက
အချိန်ဆိုရေ ခဲဝါချေကောင်ပ...။

စိမ်းစိုနီရေ တောအုပ်ကြီးကို
ဖြတ်လားနီရကေလည်း
ရင်ဖတ်ထဲမှာ ကန္တာရကြီးက
အပူမီးတိတောက်လို့...။

အန်မတုဝံ့မှု အာမခံဝံ့မှု
လွတ်လပ်ခြင်း၏အနှစ်သာရကို မခံစားတတ်မှု
မျိုးရိုးဗီဇ၏ဂုဏ်သိက္ခာကို နားမလည်မှု
ဒေပိုင် တွင်းနက်ကြီးတိထဲမှာ
ဇာနှစ်ခါလူးကျသီနီကတ်ဖို့လဲ မသိလိုက်ပျာယ်...။

ခိုင်အောင်အောင်
၂၀၊၀၇၊၂၀၀၉