Thursday, September 9, 2010

မြောက်ဦး


မြောက်ဦး
======

ရိုးမချက်ကြွီ သန္တာမြီဖွား
နဒီကစ္ဆပ အဉ္ဇလွင်ပြင်
ရင်ခွင်မှာကြီး ချစ်သားထွီး --။

သမိုင်းတခေတ် မော်ကွန်းသစ်ကို
ဖွင့်လှစ်ကမ္ဗည်း ထိုးလီဗျာယ် --။

မျိုးဂုဏ်ဖြိုးမောက် ထီးနန်းဆောက်လို့
ထွန်းတောက်ကမ္ဘာ ကျော်လီဗျာယ် --။

ရက္ခိုင့်အောင်လံ ဇာတိမာန်ကို
တိမ်ယံမိုးထိ လွှင့်လီဗျာယ် --။

ရိုးမသားကောင်း ဘဝပြောင်းလည်း
ရှိဟောင်းမွီနှစ်၊ ရတနာစစ်ရို့
ဆန်းသစ်ကြီးကျယ်
ခမ်းနားထည်တုန်း ဝင့်ကြွားတုန်း --။

အို… ချစ်သားထွီး
နင်ကားမသီ ဒေရီမြီမှာ
တည်အံ့ကမ္ဘာ တိုင်လိမ့်တည်း --။

တက်ထွန်းနီ (မြောက်ဦး)

http://www.todayarakan.blogspot.com မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment