Monday, June 8, 2009

ခွီးချီးနတ်


ခွီးချီးနတ်ရာဇဝင်
-----------
လွန်ခရေ နှစ်ပေါင်းခုနှစ်ဆယ်လောက်က ရခိုင်ပြည်ကလူတိ ဗမာပြည်ကိုခရီးလားရေခါ ရိုးတောင်ကို ခြီကျင်လားကတ်ပါရေလတ်။ ယင်းခါက ကားလမ်းမဟိပါသိမ့်။ ခရီးလားဖို့ လူသုံးယောက်လေးယောက်စုပြီးကေ စီလားကတ်ပါရေ။ ရိုးတောင်မှာလည်း ကျားက
ကကောင်းပေါရေဆိုပါကားယင်းခါ။ ယေခါ ခရီးလားလူတိစွာ ကျားရန်ကိုကြောက်ရစွာတကြောင်း၊ အရောင်းအဝယ်ကောင်းဖို့တကြောင်း ခရီးမလားခင် ရွာဦးကနတ်၊ လမ်းမှာတွိရေ တွိသမျှနတ်တိအားလုံးကို ပသကတ်ပါရေလတ်။ နတ်အနှောင့်အယှက်ပီးကေ မအောင်မြင်လို့ယူဆထားကတ်ပါရေ။

တရက်ခါ ခရီးလားရေလူတစုမှာ ခွီးတကောင်ပါလာပါရေဆိုကား။ ရိုးတောင်ထက်မှာ အမောပြေအနားယူပြီးကေ ပါလာရေအစားအသောက်ချေတိကိုစား၊ ရီချေသောက်ကတ်တေခါ ခွီးကလူအနားမှာပင် ချီးစိုက်ပါရေလတ်။ ယေခါ ခွီးသျှင်က ထမင်းဆုပ်ကိုစားနီးယင်းကနီ ခွီးကို ဟိုင်းခွီးဆိုပြီးကေ ယောင်လို့လက်ထဲကထမင်းဆုပ်နန့် ပစ်မိပါရေ။ ထမင်းဆုပ်က ခွီးကိုမကျဘဲနန့် ခွီးချီးထက်မှာ လားတင်နီပါရေလတ်။ ယေပြီးကေ အေသူရို့တိလားခကတ်ပြီးကေ နောက်တဖွဲ့ခရီးလားလို့လာကတ်ပါရေလတ်။ အေအဖွဲ့တော့ခါ တခါလည်းသင့် အေလမ်းမှာလားဖူးရေလူတိမပါ။ ရှိကလူတိလားခရေလမ်းကိုကြည့်ပြီးကေ နောက်ကနီမျှောင်လိုက်လာရေ။

ယေခါ လားယင်းလာယင်းနန့် ခွီးချီးထက်မှာ ထမင်းဆုပ်တခုကိုလားတွိပါရေလတ်။ ယေခါ တယောက်ကပြောရေ “အဝေရို့ အေမှာ အသျှင်မကို ပသရဖို့သိမ့်တေ” လို့ပြောပါဆိုကား။ တယောက်ကပြောကေ နောက်လူတိကလည်း ပါလာရေမုန့်ပဲသရေစာတိနန့် ခွီးချီးမှာတင်ပြီးကေ “ဖီးကင်းပါစီ၊ အောင်မြင်ပါစီ၊ လားရေလမ်းမှာ ခလုတ်မတိုက်၊ စူးမထိအောင်စောင့်ယှောက်ပါ” ဆိုပနာဆုတောင်းကတ်ရာမဟုတ်လားယေ။

သူရို့ခရီးလားခါနီးမှာ အယင်လားဖူးရေလူက မှာလိုက်စွာကို “လမ်းမှာနတ်တင်ထားစွာတွိကေ နတ်ရာတင်လီ။ မဟုတ်ကေ ကျားကိုက်လိမ့်မယ်" ဆိုခါ ရှိကလူတိလုပ်လားခစွာကိုကြည့်ပြီးကေ နောက်ကလာရေလူတိက လုပ်ကတ်စွာပါယေ။
ယင်းပိုင်နန့် အရာတဖွဲ့လာပြန်ခါလည်း ခွီးချီးနားကိုရောက်ပြန်ကေ “အဝေးပါစော်ကိုတင်ဖိတေ” လို့ဆိုကေ တဖြည်းဖြည်းနန့် လားသမျှလူတိနတ်တင်ယင်း ရိုးတောင်မှာ “ခွီးချီးနတ်” ဆိုပနာ နာမည်ကြီးပါလတ်တေ။ တရက်ခါ ကြက်ရောင်းဖို့လားရေလူတယောက် လမ်းမှာနီမကောင်းဖြစ်လို့ ခွီးချီးနတ်မှာ ကြက်တကောင်လိုင်လှီးပြီး ပ,သကေ ကောင်းလားခလို့ ယင်းနိကစပနာ နတ်ကအဆင့်မြင့်ပြီးကေ ယင်းလမ်းကဖြတ်စွာနန့် မုန်ချေပဲချေနန့်မရဘဲ ကြတ်တစ်ကောင် လိုင်လှီးပီးရပါသိမ့်ရေလတ်။ အေပိုင်နန့် အရာနောက်ဆုံးမှာ “ခွီးချီးနတ်” ဆိုကေ အားလုံးသီအောင်ကြောက်ကတ်ပါဆိုဝါး။

အခုလည်း ရှိကလူကိုအကြောင်းပြုလို့ တင်မှန်းမသိ တင်ပ,လာကတ်စွာ (AMP) လည်းသင့် “ခွီးချီးနတ်” ဖြစ်လားယာထင်ပါရေကား။

(ငစည်မောင်)

No comments:

Post a Comment