စာ (နှင့်) အက္ခရာ
===========
https://arakanresearchcenter.blogspot.com/2011/11/blog-post_4057.html
မှတဆင့် ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။ 2011 November လကတည်း ပို့တင်ထားခြင်းဖြစ်ပါသည်။ ယခုဆိုလျှင် (၁၅) နှစ်တိတိ ပြည့်မြောက်ပြီးဖြစ်သည်။ မူရင်းကော်ပီ အကျွန်ုပ်လက်ထဲမှာတောင် မဟိလိုက်ပါယာ။ တချိန်တခါက ရခိုင်စာပီလောက၌ ဖြစ်ပျက်နီသည်များကို စိတ်ကူးပေါက်ပေါက်ရွီးခသည့်ဆောင်းပါးတပုဒ်ဖြစ်သဖြင့် စကာလုံးအသုံးအနှုံးတိလည်း စကေလက်လွန်ကောင်း လက်လွန်ပါလိမ့်မည်။ သို့သော် သမိုင်းမှတ်တမ်းတခုအဖြစ် မပြုမပျင်ဘဲ ပြန်လည်ဖော်ပြပီးလိုက်ပါသည်။ ArakanMusic.Com ကိုလည်း ပိတ်လိုက်ပြီးဖြစ်ပါသည်။ ArakanMusic.Com တက်စား http://www.arakan.net တခုတည်းရာ ထားဟိပြီးဖြစ်သည်။ ထို့ကြောင့် ဆောင်းပါးတွင်ပါဟိသော Link တချို့မှာ ဖတ်၍ ရနိုင်တော့မည်မဟုတ်ပါ။ (ဆရာတော်မဟိံသကအဖိုးသျှင်) စာ (နှင့်) အက္ခရာ Post ကို မြင်၍ Internet မှာ လိုက်ရှာကြည့်ရာ ပြန်တွိသဖြင့် ပြန်လည်၍ ဖော်ပြပီးလိုက်ရခြင်းဖြစ်ပါသည်။
===========
https://arakanresearchcenter.blogspot.com/2011/11/blog-post_4057.html
မှတဆင့် ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။ 2011 November လကတည်း ပို့တင်ထားခြင်းဖြစ်ပါသည်။ ယခုဆိုလျှင် (၁၅) နှစ်တိတိ ပြည့်မြောက်ပြီးဖြစ်သည်။ မူရင်းကော်ပီ အကျွန်ုပ်လက်ထဲမှာတောင် မဟိလိုက်ပါယာ။ တချိန်တခါက ရခိုင်စာပီလောက၌ ဖြစ်ပျက်နီသည်များကို စိတ်ကူးပေါက်ပေါက်ရွီးခသည့်ဆောင်းပါးတပုဒ်ဖြစ်သဖြင့် စကာလုံးအသုံးအနှုံးတိလည်း စကေလက်လွန်ကောင်း လက်လွန်ပါလိမ့်မည်။ သို့သော် သမိုင်းမှတ်တမ်းတခုအဖြစ် မပြုမပျင်ဘဲ ပြန်လည်ဖော်ပြပီးလိုက်ပါသည်။ ArakanMusic.Com ကိုလည်း ပိတ်လိုက်ပြီးဖြစ်ပါသည်။ ArakanMusic.Com တက်စား http://www.arakan.net တခုတည်းရာ ထားဟိပြီးဖြစ်သည်။ ထို့ကြောင့် ဆောင်းပါးတွင်ပါဟိသော Link တချို့မှာ ဖတ်၍ ရနိုင်တော့မည်မဟုတ်ပါ။ (ဆရာတော်မဟိံသကအဖိုးသျှင်) စာ (နှင့်) အက္ခရာ Post ကို မြင်၍ Internet မှာ လိုက်ရှာကြည့်ရာ ပြန်တွိသဖြင့် ပြန်လည်၍ ဖော်ပြပီးလိုက်ရခြင်းဖြစ်ပါသည်။
စာ (နှင့်) အက္ခရာ
===============
ရခိုင်အများစုမှာ စာ (နှင့်) အက္ခရာကို မကွဲပါ။ အက္ခရာဆိုသည်မှာ အင်္ဂလိပ်ဝေါဟာရအားဖြင့် (Alphabet) ကို ဆိုလိုပါသည်။ စာဆိုသည်မှာ (Literature) ကို ဆိုလိုပါသည်။
ဥပမာ။ ။ စပိန်နှင့် အင်္ဂလိပ်စာမှာ အက္ခရာ (Alphabet) အတူတူပင်ဖြစ်သည်။ အက္ခရာ (Alphabet) တူသဖြင့် အင်္ဂလိပ်စာနှင့် စပိန်စာမှာ အတူတူဖြစ်သည်ဟုဆို၍ မဖြစ်နိုင်ပါ။
ထိုနည်းတူစွာ မြန်မာစာနှင့် ရခိုင်စာမှာ (Alphabet) အက္ခရာ အတူတူပင်ဖြစ်ပါသည်။ သို့သော် ရခိုင်စကားဖြင့်ရွီးလျှင် ရခိုင်စာဖြစ်ပြီး မြန်မာ (ဗမာ) စကားဖြင့်ရွီးလျှင် မြန်မာစာဖြစ်ပါသည်။
ဥပမာ။ ။ မိုးမိုးအင်းလျှား၊ မောင်စိန်ဝင်းပုတီးကုန်း၊ ဂျူးအစဟိသဖြင့် မြန်မာစာရွီးဆရာများရွီးသော ဝတ္ထုများမှာ မြန်မာစကားဖြင့်ရွီးသဖြင့် မြန်မာစာဖြစ်ပါသည်။
ဥပမာ။ ။ (ဘယ်သွားမလဲ။ နေကောင်းရဲ့လား။ သိပ်သတိရတယ်) စသဖြင့် မြန်မာစကားဖြင့်ရွီးထားသောစာကိုပင် ရခိုင်စာဟု ရခိုင်များက အထင်ရောက်နီပါသည်။ ကကောင်းရှက်ဖို့ကောင်းပါသည်။ ရခိုင်စာဟုအသျှင်ခံချင်လျှင် (ဇာလားပါလဲ၊ နီကောင်းပါယင့်လား၊ ကကောင်းသတိရပါရေ) စသည်ဖြင့် ကိုယ့်ရခိုင်စကားဖြင့် ရွီးကတ်ရဖို့မဟုတ်ပါလား။ ၎င်းကို မျိုးချစ်ပါသည်ဆိုသော သီးခြားလွတ်လပ်ရေး ကယ်တင်သျှင်ကြီးများကိုဘေးဖယ်ထားလိုက်၊ အေနိနက်ဖန်မွီးရေ သူငယ်တန်းအချေများတောင်က မပြောပြဘဲ သဘောပေါက်နိုင်ပါသည်။
မြန်မာစကားဖြင့်ရွီးလျှင် ဥပမာ။ ။ ရခိုင်သားပင်ဖြစ်သော်လည်း ရခိုင်စာမဟုတ်ပါ။ မြန်မာစာရာဖြစ်ပါသည်။ ဥပမာ။ ။ ဖိုးကျော့ရွီးသော ဝတ္ထုတိုများမှာ အလွန်ရသမြောက်ပါသည်။ ကောင်းမွန်ပါသည်။ သို့သော် ကျောက်ဖြူရမ်းဗြဲရခိုင်စကားဖြင့်မရွီးဘဲ ရိုးတောင်တဖက်က မျိုးခြားမြန်မာစကားဖြင့်ရွီးသဖြင့် ၎င်းစာပီများမှာ မြန်မာစာများဖြစ်ပါသည်။
ဥပမာ။ ။ ဆရာကြီးစံသာအောင်သည် (Ancient Arts of Arakan) စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့်ရွီးပါသည်။ ရခိုင်သားရွီးသဖြင့် (အင်္ဂလိပ်စာ) ကိုပင် (ရခိုင်စာ) ဟုအသျှင်ခံပါက သင့်ကိုလူအများရယ်ခြင်းပြုပါလိမ့်မည်။ စကေတပွေ အရှက်ဟိစီချင်ပါသည်။
ရခိုင်မဂ္ဂဇိန်းများ၌ မြန်မာဝတ္ထု မြန်မာကဗျာများကိုပင် ရခိုင်ဝတ္ထု ရခိုင်ကဗျာများဟု နာမည်ကင်းပွန်းပီးထားပါသည်။ ရခိုင်မဂ္ဂဇင်း ငွေရတုအထူး စာမျှက်နှာ (၁၀ရ) တွင် ဖိုးကျော့ရွီးသော ဝတ္ထုတပုဒ်ပါလာပါသည်။ ဇာတ်ဝင်ခန်းတွင် ဇတ်ကောင်စကားပြောသည်ကို စာလုံးကျားနှင့် ရွီးထားပါသည်။
(ဈေးရောင်းဖော်ရောင်းဖက် ဈေးသည်များကလည်း တဥဥနဲ့ ဒီလောက်တောင်ချစ်နေရှာတယ်။ ကိုလှရွှေကြီးခမျာ ကြိုက်မရှက် ဖြစ်နေရှာတယ်)။ အေချင့်ကို ဘဇောင်ပျင်လို့ ရခိုင်စာလို့ဆိုပါဖို့။
ဆရာဖိုးကျော့သည် ကျောက်ဖြူသားဖြစ်ပါသည်။ ကျောက်ဖြူသားဗမာစကားမပြောပါ။ ကျောက်ဖြူသားရခိုင်ရမ်းဗြဲစကားပြောပါသည်။ ထိုကြောင့် ၎င်းစာမှာ ရခိုင်စာမဟုတ်ပါ။ ဗမာစာဖြစ်ပါသည်။ ရခိုင်စာဖြစ်ချင်လျှင်
(ဈီးရောင်းဖော်ရောင်းဖက် ဈီးသည်တိကလည်း တဥဥနန့် ကကောင်းချစ်နီဗျာ။ ကိုလှရွှေတယောက် ကြိုက်မရှက် ချစ်မရှက်ဖြစ်နီဗျာ)
စသဖြင့် ကိုယ့်စကားဖြင့် ရွီးကတ်ရဖို့မဟုတ်ပါလား။
ရခိုင်ကဗျာခေါင်းစဉ်အောက်မှာ မြန်မာကဗျာများကို တွိရပါသည်။ မင်းပြားမောင်ယုနွယ်ရွီးသော ဗမာကဗျာဖြစ်ပါသည်။ မင်းပြားသား ဗမာစကားမပြောသည်ကို လူတိုင်းသိပါသည်။ အောက်တွင် ရခိုင်ဘာသာပြန်ဖြစ်ပါသည်။
သမိုင်း (နှင့်) လူ
(တစ်)
လောကမှာ
ကဗျာရွီးဖို့
အမင် မွီးပီးခရေ ငါ --။
(နှစ်)
ယုံကြည်ချက်
ခံယူချက်တွက်
အသက်သီဖို့ မကြောက်တေ ငါ --။
(သုံး)
ကာလသန်းခေါင်
အမှောင်ထုအောက်
ထိုးဖောက်ရုန်းကန်
ရှင်သန်ထမြောက်
ပန်းတိုင်ရောက်အောင်လားဖို့ ငါ --။
(လေး)
ကဗျာတပုဒ်
စာတအုပ်
ကိုင်ဆုပ်ဖက်လျှက် သွီးအသက်လေ
ချေဂွေဗားရား ဖူးချစ်အားပ
တရားတဖက် ဓါးတလက်နန့်
နက်ဖန်များစွာ မဟာအနာဂါတ်
မြင့်မြတ်သည့်လမ်း ခရီးကြမ်းကို
ဖြတ်သန်းဝံ့ရဲ လျှေက်မြဲငါ --။
(မင်းပြားမောင်ယုနွယ်)
ရခိုင်မဂ္ဂဇိန်းအမှတ် (၂၅) စာမျှက်နှာ (၂၀)
မြန်မာသာသာမူရင်းကို အောက်တွင်ဖတ်ကြည့်ပါ။
သမိုင်းနှင့်လူ (၃)
(တစ်)
လောကမှာ
ကဗျာရေးဖို့
အမေမွေးပေးခဲ့တဲ့ ငါ --။
(နှစ်)
ယုံကြည်ချက်
ခံယူချက်အတွက်
အသက်သေမှာ မကြောက်တဲ့ ငါ --။
(သုံး)
ကာလသန်းခေါင်
အမှောင်ထုအောက်
ထိုးဖောက်ရုန်းကန်
ပန်းတိုင်ရောက်အောင်သွားမဲ့ ငါ --။
(လေး)
ကဗျာတပုဒ်
စာတစ်အုပ်
ကိုင်ဆုပ်ပွေ့ဖက် သွေးအသက်လေ
ချေဂွေဗားရား ဖူးချစ်အာပေါ့
တရားတစ်ဖက် ဓါးတလက်နဲ့
နက်ဖြန်များစွာ မဟာအနာဂတ်
မြင့်မြတ်သည့်လမ်း ခရီးကြမ်းကို
လှမ်းလျှောက်ဝံ့ဆဲဖြတ်ဆဲ ငါ --။
(မင်းပြားမောင်ယုနွယ်)
ရခိုင်မဂ္ဂဇင်းအမှတ် (၂၅) စာမျှက်နှာ (၂၀)
အေကဗျာကို ဘဇောင်ပျင်လို့ ရခိုင်ကဗျာဆိုပါရေလဲ။ အရှက်မဟိ အသရေမဟိ ဘဇောင် အာရီယံမျိုးတိလဲ။ ခွီးပုတ်လောက်ကျ အံဖို့ကောင်း၏။
ဆရာကြီးသျှင်အုံးရွီးရေ (ကြက်ခြီနန့် ခွန်းချိတ်) နှင့် စစ်တွေညိုသန့်၏ (ဇတ်ဝင်ခန်း) ကဗျာနှစ်ပုဒ်ရာ ရခိုင်ကဗျာဖြစ်ပါသည်။ ၎င်းကဗျာများကို ဤနီရာမှာပင် ဖော်ပြပီးလိုက်ပါသည်။
ကြက်ခြီ (နန့်) ခွန်း
အမှားကြက်ခြီ
အမှန်ခွန်းချိတ်
နိမိတ်လက္ခဏာ
ဆရာရို့က
ဖော်ညွှန်းပြ၏ --။
ကြက်ခြီနန့် ခွန်းချိန်
နိမိတ်သင်္ဂေတ
အမှတ်ပြရန် ---။
ကမ္ဘာ့သမိုင်း
အခန်းတိုင်းမှာ
အရိုင်းနန့်အယဉ်
အယဉ်နန့်အရိုင်း
နှိုင်းယှဉ်တင်ပြ
မုသဝါဒ
ဘက်မကျဖို့ --။
မျဉ်းချဆွဲတန်း
သစ္စာလမ်းကို
မျှော်မှန်းကြသော်
တွေးခေါ်ဖြန့်ကား
အမှားဆုံးပြီးအမှန်
အမှန်ဆုံးသော အမှား
ခွဲခြားကြည်လင်
မြင်ပါဖို့ --။
(သျှင်အုန်း)
ဇာတ်ဝင်ခန်း
ကျားက လူကိုနိုင်
လူက ဓါးကိုနိုင်
ဓါးက ကျားကိုနိုင်
သုံးပွင့်ဆိုင်ဇာတ်လမ်း
ဇာတ်ဝင်ခန်းမှာ
ဇာအခန်းက ပါပါ
လောကဇာတ်စင်ထက်မှာ
အကွက်တူကေ
ညံ့လူခံလိုက် --။
(စစ်တွေညိုသန့်)
အလယ်မှာ မောင်နန်းလှ (မြောက်ဦး) ရွီးရေ ကဗျာတပုဒ်ပါပါရေ။ ကဗျာချေက ကောင်းပါရေ။ လူငယ်ကဗျာဆရာဖြစ်ပါဖို့။ စကားလုံးအသုံးအနှုံးမြန်မာဟန် မြန်မာပုံစံလွှမ်းနီပါသဖြင့် အနည်းငယ်ပြုပျင်လို့ ဖော်ပြပီးလိုက်ပါသည်။ မူရင်းကို စာအုပ်ရှာပြီး ဖတ်ကြည့်ကတ်ပါလီ။
မိုးသထအာရုဏ်
ညဉ့်သန်းခေါင်လေ၊ အမှောင်လွန်မြောက်
အာရုဏ်ရောက်လို့၊ ခတက်ခေါက်ကေ
စိတ်ရောက်ရည်မှန်း၊ သဒ္ဓါဆွမ်းကို
လှူဒါန်းဖို့လေ၊ ချက်လတ်တေ --။
ဂြိုးငှက်လူပျို၊ တေးခြင်းဆိုလို့
စိမ်းညိုရွက်နု၊ နှင်းထုဝီဝီ
လီချေသွတ်သွတ်၊ တိုက်ကာခတ်ကေ
ရင်ဖတ်အီးရေ၊ ချမ်းလတ်တေ --။
အာရုဏ်ပျိုးလို့၊ မိုးသထမှာ
နိုးထအားမာန်၊ ဗြိန်းစောင်းသံလေ
တောင်ယံကိုဟပ်၊ ဂလိုင်ထပ်ပျာယ်
ရိုက်ခတ်မြည်ဟိန်း၊ စည်တော်ကြိမ်းကေ
ကြက်သိမ်းထရေ၊ အားရရေ --။
ရောင်နီသန်းကေ၊ ဆွမ်းပန်းရီချမ်း
လှုဒါန်းမျှဝီ၊ မိတ္တာမြီမှာ
ပီတိနှိုးဆော်၊ သာထုခေါ်မိ
မှန်းမျှော်နိဗ္ဗာန်၊ သံစည်သံလည်း
မာန်စွယ်နှိမ့်ချ၊ ငြိမ်းချမ်းစွ --။
မောင်နန်းလှ (မြောက်ဦး)
(ရခိုင်ကဗျာ) ခေါင်းစဉ်အောက် အဖွင့်ကဗျာများထဲက ကျန်ကဗျာများမှာ အားလုံးဗမာကဗျာဖြစ်ပါသည်။ ချစ်ဒါလီ၏ (လူ့ဘဝရဲ့အလှဆုံးအချိန်)၊ ဆရာမနွယ်စစ်တွေ၏ (ငွေသောင်ယံ ခံစားမှုအတွေး) စစ်တွေပွင့်လွှာ၏ (ငွေရတုမှသည်)၊ မောင်ကြင်နွယ်၏ (ရိုးမတဖက်က ငါ)၊ မင်းရွှေစိန် (အင်းစိန်) ၏ (နိုင်ငံရေးမျက်စိဖွင့်ခဲ့သူ) ကဗျာများမှာ ရခိုင်ကဗျာခေါင်းစဉ်တပ်ထားသော မြန်မာ (ဗမာ) ကဗျာများဖြစ်ပါသည်။ နွယ်စစ်တွေကဗျာ ရခိုင်မူကို အောက်တွင်ဖော်ပြပီးလိုက်ပါသည်။ ဗမာမူရင်းကို စာအုပ်ရှာပြီးဖတ်ကြည့်ကတ်ပါလီ။ (ရှက်ဖို့ကောင်းလို့ ဖော်ပြမပီးလိုက်ပါဗျာ)
ငွေသောင်ယံခံစားမှု
ကမ်းရိုးတန်းကို
လွမ်းရေ --။
လှိုင်းကျောက်ဆောင်
ငွေကမ်းသောင်ပြင်က
သဲဖြူစင်တိကို --။
မျက်စိထဲစွဲ
ချစ်ဖို့ကောင်းစွာတိကျည်း
တမ်းတဝမ်းနည်းယင်း
လွမ်းယပင်း ငေးယပင်း --။
ကြည့်မဆုံး
လှိုင်းတိ တလုံးပြီးတလုံး
တဝုန်းဝုန်းရိုက်
မုန်တိုင်းတိုက်သောခါ
ငွေလွှာဖြူစ
သဲရွရွ
ဖုန်မထဘဲ
ကမ်းကလွင့်ပျောက်စဉ်
ကျောက်ဆိုင်တောင်ကြီး
လီဟုန်စီး
ထီးမားတည်ရပ်
ဟားတိုက်ရယ်ကတ်တေ --။
ပင်လယ်တိမ်တင်းခွန်
လီချွန်သံတိုးတိုး
လှုပ်ခတ်နှိုးခါမှ
ဘဝအထောင်းအထု
အဖုအထစ်တိက
အစစ်အမှန်တရားကို
မိကျန်လိုက်ပျာယ်လား
ကဗျာဆရာ
စဉ်းစားယင်း စဉ်းစားယင်း --။
နွယ် (စစ်တွေ)
နွယ်စစ်တွေကဗျာ ရခိုင်ဘာသာပြန်ကို (http://www.arakanmusic.com/APOEMS/message.asp?Id3=629) တွင်၎င်း၊ မောင်ကြင်နွယ်၏ကဗျာ ရခိုင်ဘာသာပြန်ကို (http://www.arakanmusic.com/APOEMS/message.asp?Id3=613) တွင်၎င်း၊ စစ်တွေပွင့်လွှာ၏ကဗျာ ရခိုင်သာသာပြန်ကို (http://www.arakanmusic.com/APOEMS/message.asp?Id3=627) တွင်၎င်း ဖတ်ကြည့်နိုင်ပါ။ စစ်တွေပွင့်လွှာနှင့် နွေစစ်တွေမှာ လုံးဝရခိုင်စကားပြောသော ရခိုင်သမစစ်စစ်ဖြစ်ပါသည်။ မောင်ကြင်နွယ် ရခိုင်စကားပြောလား ဗမာစကားပြောလား အကျွန်ုပ်မသိပါ။ အကျွန်ုပ်ကြားရသလောက် မြောက်ပိုင်းသား (မောင်တောသား) ဟု သိရပါသည်။ သံတွဲသားဆိုလျှင် သူ့ကဗျာကို အကျွန်ုပ်အပြစ်မဆိုလိုပါ။ သံတွဲမှာ ကိုလိုနီစနစ်အောက်တွင် မြန်မာမှုပြုခံလားရပြီးဖြစ်ပါသည်။ ယခုအခါ ကျောက်ဖြူကို တခြမ်းမျိုထားပြီးဖြစ်ပါသည်။
ထိုသို့ဘာသာပြန်ရခြင်းမှာ အနာဂါတ်မျိုးပျောက်မည့် အဆိပ်အတောက်များကို ရခိုင်သားများက ရခိုင်သားမျိုးဆက်သစ်လူငယ်ထုအတွင်း အတင်းအဓမ္မရိုက်သွင်းပီးခြင်းမှ အချိန်မှီတားဆီးကာကွယ်နိုင်ရန်ဖြစ်ပါသည်။ ဤသည်မှာ ရခိုင်သားတိုင်း၏သမိုင်းပီးတာဝန်ဖြစ်ပါသည်။ (မဟိစွာထက် မသိစွာခက်) ဆိုစကား ဟိရေမဟုတ်ပါလား။ သို့မဟုတ် (အသိခေါက်ခက် အနက်ဝင်) ဖြစ်နီကတ်စွာလား တွေးမိပါသည်။ အေပုဂ္ဂိုလ်များ မသိဘဲနီဖို့မဟုတ်ပါ။ ဗမာကဗျာကိုပင်လျှင် (ရခိုင်ကဗျာ) ခေါင်းစဉ်တပ်ခြင်း တနည်းအားဖြင့် (ကျွန်ဇတ်သွင်းခြင်း) မှာ ကကောင်းရှက်ဖို့ကောင်းသော အလုပ်ဖြစ်ပါသည်။ ရခိုင်ခံဖို့တောင် မကောင်းပါယာ။
အချုပ်ဆိုရလျှင် ရခိုင်သားလောကတွင် (ဆီဆွတ်) ကကောင်းများပါသည်။ (ဆီဆွတ်) ဟု ဆိုရာတွင် မြောက်ပိုင်းတောင်ပိုင်း မခွဲခြားပါ။ မြောက်ပိုင်းသားက ပိုဆီဆွတ်ပါသည်။ စစ်တွေမဂ္ဂဇိန်းမှာ စစ်တွေသား (မြောက်ပိုင်းသား) ထုတ် မဂ္ဂဇိန်းဖြစ်ပါသည်။ ဤသည်ကို မြောက်ပိုင်းသား တောင်းပိုင်းသားခွဲသည်ဟုမမြင်ဘဲ (အဟုတ်ကို အဟုတ်အတိုင်း) (အပုပ်ကို အပုပ်အတိုင်း) (အယုတ်ကို အယုတ်အတိုင်း) ယထာဘုတကျကျ ခွဲခြမ်းဖို့လိုပါလိမ့်မည်။ မည်သည့်သူကို နာစီ။ မည်သည့်သူကို သာစီ။ ဝေဖန်ခြင်းမဟုတ်ပါ။ လူငယ်ချေတိမျိုးမတုန်းအောင် ကယ်တင်လိုရင်းဖြစ်ပါသည်။
(ရခိုင်ပေါင်းကူး)
မှတ်ချက်။ ။အောက်ပါ Link ကကူးယူဖော်ပြထားပါသည်။
http://www.arakanmusic.com/UNI/message.asp?id3=773
https://arakanresearchcenter.blogspot.com/2011/11/blog-post_4057.html
.jpg)
.jpg)