Tuesday, March 31, 2015

ရခိုင်စိတ်ဓါတ်

ရခိုင်စိတ်ဓါတ်
==========

နွီအပြင်းဓါတ်
နီမင်းသတ်လည်း သတ်တိုင်းမသီ
နွီရာသီပန်း
ပွင့်လန်းခိုင်မြဲ မွှီးကြိုင်ဆဲ --။

ကမ်းရိုးတန်းနား
ရခိုင်သားရို့ စိတ်အားမငယ်
မကြောက်လွယ်ပါ
မုန်တိုင်းလာလည်း ကြိုဆိုရဲ --။

မုန်တိုင်း၏ဒါဏ်
ကြံ့ကြံ့ခံယင်း နက်ဖန်ခရီး
ပင်လယ်ဆီးလည်း ခရီးမတွန့်
မစိုးလန့်ပါ ရှိမှာပန်းတိုင်
မယိမ်းယိုင်ဖို့ ရခိုင်စိတ်ဓါတ်
ယတိပြတ်နှင့် ကျော်ဖြတ်ခကတ်
အနာဂါတ်ဘ၀ လှပဖို့တွက်
အသက်ဝိညာဉ် ရှင်သန်နီ --။

နီ၏ခက်ထန် မုန်တိုင်းဒါဏ်ကို
အံတုဖက်ပြိုင် ကျော်လွှားနိုင်သည့်
ရခိုင်စိတ်ဓါတ် မွန်အမြတ်ကို
စောင့်ကြပ်ထိန်းသိမ်းကတ်ပါ ငရို့
ရခိုင်သားရို့ လွတ်မြောက်ဖို့ --။

(စစ်တွေ ခိုင်သာမိုး)

No comments:

Post a Comment