Tuesday, March 31, 2015

လွမ်းရရေ မောင်

လွမ်းရရေ မောင်
=========

အဆောင်ရှိလမ်း
ဂီတာထမ်းလို့ မှောင်ရိပ်သန်းကေ
အလွမ်းသယ်ဖို့
မောင် လာနီကျ --။

မှောင်မဲတိတ်ဆိတ် လရိပ်အောက်မှာ
သာယာငြိမ့်ညောင်း တေးပေါင်းများစွာ
ကြင်နာဖွင့်ဟ
မောင် ဆိုနီကျ --။

ဇာကလာလို့ ဇာမှာနီမှန်း
ခန့်မှန်းမလွယ် တေးဧည့်သည်ကို
နိစဉ်ညများ တွိဖန်များလို့
သနားယိုဖိတ် မသိစိတ်နန့်
တိတ်တိတ်ကြည်နူး တွယ်တာဖူးရေ --။

တွယ်တာဖူးသူ တဦးတယောက်
မောင် မရောက်ကေ
ရင်ဝယ်တမျိုး ညှိုးညှိုးခွီခွီ
နီလို့မရ တသသနန့်
ညတိခြောက်သွိလွန်းလှရေ --။

လမ်းဘေးကာရန် ဂီတာသံတိ
အမှောင်ယံကြား ထပ်လို့ကြားချင်
နားထောင်ချင်လည်း မောင်ကားမလာ
ရက်တိကြာယောင်
ပုန်းယှောင်ထွက်ပြီးလားခဗျာယ် --။

သူမလာမှန်းသိလည်း
အဆောင်နားတ၀ိုက် လူရိပ်တွိကေ
မောင် လာဗျာယ်လား ထင်ယောင်မှားခ
စိတ္တဇခြီရာ ဝေဒနာနန့်
နွမ်းညအမှောင် အဆောင်ငြိမ်သက်
အိပ်ရာထက်မှာ စိတ်လက်မလန်း
မောင့်ကိုလွမ်းလို့
အကျွန့်ရင်တိကျွမ်းရဗျာယ် --။ ။

သဇင်ညို (တန်းလွှဲချောင်း)

No comments:

Post a Comment