Tuesday, March 31, 2015

ငြိမ်းချမ်းမှုအတွက် ကျည်တတောင့်

ငြိမ်းချမ်းမှုအတွက် ကျည်တတောင့်
================

အချိန်တိကို မစောင့်ကတ်ပါကဲ့ဖိ
ရက္ခိတဆိုစွာ..
လှည့်စားခံဖို့ သက်သက်ကားမဟုတ်ပါ......။

သည်းခံခြင်းဆိုစွာ
ဘ၀ဒဏ်ခတ်ဖို့. လူသား၏အရင်းအမြစ်တခု....။

လွတ်လပ်ရေးဆိုရေစကား၏
ချိုင်နှောင်ခြင်းကို
စစ်တလင်းမှာ ချခင်းပြရုံနှင့်
ငြိမ်းချမ်းစွာ လွတ်လပ်ခြင်းကို မရနိုင်ပါ....။

ခက်ထန်ကြမ်းတမ်းရေ စစ်မြီတလင်းမှာ
ခလုပ်တချက်နှိပ်မိလို့
တသက်တချောင်းကြွီစွာကို
လွတ်လပ်ရေး.. လို့ ထင်မိရေငါ......။

အမျိုးအစားတူရေ. သွီးစက်တချို့ကို
ငါ.တက်နင်းမိခရေ.......။

နိုင်ငံတကာတိုက်စွာမြင်ကေ
ကဲ့ရဲ့ဖူးရေငါ.....။

အဂုတော့.....
စစ်တလင်းမှာ ငါကိုယ်တိုင်နည်းပြလုပ်လို့....။

ကျည်တတောင့်အတွက်
အဆင်သင့် မောင်းတင်ထားပြီးသား.....။

ပါဏာတိပါတာမှန်း သိယင်းနှင့်
လက်ညိုးကို ကွေးပြီးမှတော့
အစိမ်းသက်သက် အသီခံရုံပ......။

နိဂုံးက. ဇာတ်နာနီပြီးသားဖြစ်လို့.....
ကျည်တတောင့်နှင့် ငါ့..နှလုံးသားတစုံကို
ရက္ခိမြီမှာရာ ရက္ခိတသားရို့အတွက်
ထာဝရမြုပ်နှံထားလိုက်မေ.....။ ။

လွမ်းမိသူ (မင်းပြား )

No comments:

Post a Comment