Wednesday, June 4, 2014

ဗဟိုရ်စည်တီးလို့ မောင်းထုတ်ကတ်မေ

 ဗဟိုရ်စည်တီးလို့ မောင်းထုတ်ကတ်မေ
============================

အလင်းမဟိ သုညကမ္ဘာထဲက
မောဟလမ်းမတိထက်မှာ
ကိုယ့်သွီးကို ဖောက်ထုတ်စားသုံးယင်း
ကြီးပြင်းလာခရေ လူပါ...။

စမ်းတဝါးဝါး ၀တ္ထုတိကြားမှာ
ယုံမှားသံသယတိနန့်
ဘဝ၏ဖြစ်တန်ရာစွမ်းတိကို
လက်ချိုးရွီတွက်မနီဘဲ
မျိုးဆက်သစ်ရို့အဖို့ အသက်ပီးဆပ်ခရေလူပါ..။

မိစ္ဆာတိ ပူးဝင်စီးထားခြင်းခံရရေ
ဒေ-ဒွိ-ဟ(အမှောင်ကမ္ဘာ)ထဲမှာ
ဖွင့်ရခက်နီရေ အမှောင်တန်းခါးတိ
အချိန်တန်နီပျာယ်ဖြစ်ကေလည်း
သော့ခတ်ခံထားရတုန်း...။

ဒဏ္ဍာရီ သွီးတိစီးဆင်းရာ
ဒေ-နဒီကြောထဲမှာ
ငါ၏ရဲရင့်နီ သွီးတိနန့်ရွီးဆွဲ
လွတ်လပ်စွာ မျောပါခွင့်မရရေ
မျိုးဆက်ရို့၏အားတိ...။

မြစ်ကြောနဒီထဲမှာ အလားတူ
သွီးတိနန့်တတူစိမ့်ဝင်လို့
အနာဂါတ် ရွှီရောင်လွှမ်းဖို့ရာ
ငါ့..နှလုံးသွီးပေါင်းများစွာကို
သောက်သုံးယင်း ... ခရီးဆက်ကတ်ပါ..။

နိုင်ငံအနှံ့ "လ” ကတော့ မိုက်နီတုန်း
ကြယ်ကြွီတချို့၏တိမ်မြုပ်မူတိနန့်
လမ်းတိဖောက်သမျှလည်း
လမ်းတိပျောက်နီရရေ…။

သူရို့က..
အစွမ်းဟိသလောက် "က" ကတ်ဖို့…
မိုးခါးရီသောက်သူတိကတော့
ပွဲကောင်းနီရေလေ…။

တ၀ါးဝါး တဟားဟားရယ်ဟီးသံတိနန့်....
ကမ္ဘာပျက်တေပိုင်
သွီးညှီနံ့တိထပ်လောင်းလို့ 
မကောင်းဆိုးဝါးတိ
တွန်နီကတ်တေ ဒေမြီကြီးကို..
မျိုးဆက်ရို့အား (သွီး) တိ စည်းလုံးပျာယ်
ရက္ခဗဟိုရ်စည်ကြီးတီးလို့..
မောင်း ထုတ်လိုက်ကတ်မေ.. သတ္တိဟိလား..။ ။

(လင်းဆက်ဝတီ)

(ကျဆုံးလီပြီးဖြစ်သော အာဇာနည်ဥက္ကဌကြီးခိုင်မိုးလင်းအား ဤကဗျာဖြင့် ကမ္ဗည်းမော်ကွန်းတင်၍ လေးစားစွာအလေးပြုအပ်သည်။)

No comments:

Post a Comment