Thursday, April 2, 2015

ဆရာကြီးဦးသာထွန်းသို့ ဂုဏ်ပြုကဗျာ

ဆရာကြီးဦးသာထွန်းသို့ ဂုဏ်ပြုကဗျာ
============================

ရခိုင်လူမျိုး တိုးတက်ခကြောင်း
မီးမောင်းထိုးပြ လမ်းညွှန်ခရေ
အာဂသမိုင်းဆရာကြီး --။

ရခိုင်လူမျိုး တိုးတက်စီကြောင်း
မီးမောင်းထိုးပြ ဟောပြောခရေ
အာဂသမိုင်းဆရာကြီး --။

ဆရာကြီးရေ
ဒီမိုကရေစီ တန်းတူညီရေး
အရေးတော်အတွက် ရှိကတက်၍
ဆောင်ရွက်ကြိုးပန်းလီခရေ --။

ဆောင်ရွက်လီယင်း  ကြိုးပမ်းယင်းပင်
ထောာင်တွင်းစံရ ကွယ်လွန်ခဗျာယ်
စီးကျမျက်ရည် ဖြေမဆည်နိုင်
ရခိုင်သားရို့အားလုံးတည်း --။

ဆရာကြီးအား
ခြီဖျားဦးတိုက်  ရှိခိုးလိုက်၏
ဖြစ်ရာဘ၀ ဘ၀ဆက်ဆက်
အမျိုးတွက်ကို ဆောင်ရွက်ဦးဆောင်
အောင်မြင်ပါစီ သာကီမျိုးကောင်း
သူတော်ကောင်းကြီး ဆရာကြီးရေ
မ၀ီးနိဗ္ဗာန် စံဝင်နိုင်စီ
ဆုပန်ခြွီယင့် ဇီတင်ယင့် --။

(ဆရာကြီး၏အသုဘတွင် ဖြန့်ဝီခွင့်မရခသောကဗျာ)

No comments:

Post a Comment