Saturday, May 2, 2015

အဖမြီ

အဖမြီ
===

( က )
အထင်ကရသမိုင်း
ဖျောက်ဖျက်မရရေ သမိုင်း
ဂန္တဝင် သမိုင်းများကို
ရင်ဖက်တိထဲမှာ
ကိုယ်စီကိုယ်ငှ
ထိုးထွင်းထားကတ်တေ --။

သမိုင်းဆိုရေ စကားလုံးတိစွာ
ရိုးအီနီကေလည်းသော့
သမိုင်းဆိုစွာ "ဇာတိမာန်"
ယင်းဇာတိမာန်ကို
သမိုင်းက မွီးပီးလိုက်တေ....။

( ခ )
မြီဖုံးခရေ မြို့ပြများ
ပြာဖုံးခရေ မြို့ပြများ
သွီးစွန်းခရေ မြို့ပြများ
ယင်းမြို့ပြတိစွာ
လူးလှိမ့်ပနာ လှုပ်လျှား
ဒါးသွီးရေ အသံတိ
ဘဝဂ်ညံဖို့ဒေ...။

( ဂ )
အစဉ်အလာကြီးမားခြင်း
ရွှီရောင်လွှမ်းရေ မြို့ပြများ၏
ယဉ်ကျေးမှု ပြယုဂ်တိစွာ
ငါရို့ နှလုံးသားထဲမှာ
ငါရို့ သွီးသားထဲမှာ
ခိုင်မာစွာ တည်ဟိ
ခြွီဖျက်မရရေ သမိုင်းခွန်းအား
ဒေမြီစွာ
ငါရို့ အဖမြီ --။

( ဃ )
ပြာဖြစ်လားရေ ရခိုင့်ရွှီနန်းတော်
ဒေမြီမှာ ပြန်ပနာ ကျရောက်ခ
ငါရို့ သွီးများစွာ
နှလုံးသွီးသားတိနန့် တသားတည်းဖြစ်
ယုံကြည်သူရို့
အသက်နန့် ထုဆစ်ခကတ်တေ
အတောက်ပဆုံး သမိုင်း
အခမ်းနားဆုံးသော သမိုင်းအဖြစ်
ရဲရင့်ရေ ရက္ခိတ သွီးတိနန့် ထုဆစ်ကတ်
ဖျောက်ဖျက်မရရေ သမိုင်းတွန်းအား
ဒေမြီစွာ
ငါရို့ အဖမြီ --။

( င )
တော်လှန်သူရို့၏
သွီးတိ
ချွေးတိ
ဘဝတိ
အသက်တိနန့် ထုဆစ်ကတ်ကေ
ရွှီရောင်နိသစ်တိစွာ
ဂန္တဝင်သစ်၏ အမှတ်တရ
ဂန္တဝင်သစ်၏ အထင်ကရ သမိုင်းဖြစ်ရဖို့ဒေ
မမိနိုင်ရေ သမိုင်းစွမ်းအား
ဒေမြီစွာ
ငါရို့ အဖမြီ...။

( စ )
ဒေမြီစွာ ရက္ခိတမြီ
အဖမြီ
ဘူမိ ရက္ခိတ ပုတ္တရမြီ
ဂန္တဝင်မြီ
ငါရို့မြီ
အို.......အဖမြီ ---။ ။

ခိုင်လင်း (မေဃ၀တီ)
10/6/2005

No comments:

Post a Comment