Tuesday, May 5, 2009

သင်းကွဲဖိုးခေါင်ငှက်


သင်းကွဲဖိုးခေါင်ငှက်
-------------------
ဝမ်းရေးအတွက်
တနိမှာ အစာရှာထွက်
တောင်အထပ်ထပ်ကျော်
တောအထပ်ထပ်ကိုဖြတ်
တနပ်စာအတွက်
ကကောင်းခက်တေ
ငါ့ရို့ဘဝ --။

ဆွီမျိုးနန့်ဝီးလို့
အမျိုးကိုလွမ်းသံနန့်
ဖိုးခေါင် ဖိုးခေါင်လို့
ပင်မြင့်ကအော်ပနာ
လွမ်းတေးဆိုခ --။

အမျိုးနန့်အဖော်ကိုတ
ဝမ်းနည်းစွာနန့်
လွမ်းဆနီရေခါ
မျိုးမတူငှက်တသိုက်
ငါ့ကိုလာတိုက်ခိုက်
ဆိုးလိုက်တေအဖြစ် --။

မင်းရို့မျိုးကွဲငှက်တိ
ဇာလောက်ပင်တိုက်ခိုက်
အသင်းကွဲငါကား
ဖိုးခေါင်မှာမွီး
ဖိုးခေါင်မှာကြီးခစွာ
ဒေအမျိုး ဒေအနွယ်ကို
ငါကားမိလို့မရ
အသက်ဆုံးတိုင်
ဖိုးခေါင် ဖိုးခေါင်လို့
ဆက်အော်လားဖို့
“ဖိုးခေါင်” “ဖိုးခေါင်” --။

အသျှင် (Ashun)

No comments:

Post a Comment