Thursday, May 7, 2009

မြို့သူကြီးအောင်ကျော်ဇံရတု


မြို့သူကြီးအောင်ကျော်ဇံရတု
-----------------------------
ဥဒါန်းမကြီ၊ ဖြစ်ရလီခြင်း
ဇာနီအမှန်၊ အောင်ကျော်ဇံကို
ကြံကာမွှီနှောက်၊ တကျိပ်ခြောက်ရို့
ယွင်းဖောက်သစ္စာ၊ သူရို့မှာလျှင်
ဝမ်းစာစားခွက်၊ တထပ်တွက်ကို
တသက်စာထင်၊ ခွီးအမြင်ကြောင့်
တိုင်းခွင်သာစည်၊ ငါရို့ပြည်လည်း
သူ့ပြည်ဖြစ်ရ၊ ၀မ်းနည်းစွတည်း --။

မိဘဆရာ၊ ပေါရဏာရို့
ဝေါဟာထုံးဟောင်း၊ လူဗူးတောင်းကို
မပေါင်းဖော်ရာ၊ ဆိုတုံပါလည်း
ယွင်းကာသတိ၊ ပေါင်းဖော်မိ၍
လက်ဟိဒုက္ခ ငါကြုံရ၏ --။

ဘ၀တဇစ်၊ လူပြန်ဖြစ်က
အသစ်ခုပင်၊ ကြံစည်ချင်သည်
ဇာတွင်မမိနိုင်သောကြောင့် --။

(မြို့သူကြီးအောင်ကျော်ဇံ)

No comments:

Post a Comment