Saturday, May 30, 2009

ရွင့်ရာ ရွင့်လီ


ရွင့်ရာ ရွင့်လီ
------------
အစ်ကိုချေ
ချင်းလား
ကရင်လား
သျှမ်းလား
မြန်မာလား --။

ယင်းပိုင်ဆိုကေ
အကျွန့်ကို လာနှုတ်ဆက်ပါ --။

ယေကေလည်း အစ်ကိုချေ
“ယခိုင်” “ယခိ” ဆို
အကျွန့်ကို အဖတ်လုပ်စရာ
မလိုပါ --။

အခင်ကြီး
မွန်လား
ကယားလား
ကုလားလား
တရုတ်လား
ယင်းပိုင်ဆိုကေ
အကျွန်နန့် ပြောဆိုဆွေးနွေးပါ
ယေကေလည်း အခင်ကြီး
“ယခိုင်” “ယခိ” ယာဆို
အကျွန့်ကို ပြောဆိုဆွေးနွေးစရာ
မလိုပါ --။

အရီးချေ
ထိုင်းလား
တိဘက်လား
ဗီယက်နမ်လား
အိမ်ဒိုနီးသျှားလား
ယင်းပိုင်ဆိုကေ အရီးချေ
အကျွန်ရို့အိမ်မှာ လာတည်းပါ --။

ယေကေလည်း အရီးချေ
“ယခိုင်” “ယခိ” ယာဆို
အကျွန့်အိမ်တည်းစရာ
မလိုပါ --။

ဂိုးချေ
ရိုမီးနီးယားလား
ဂျာမန်လား
အမေရိကန်လား
ပြင်သစ်လား
ယင်းပိုင်ဆိုကေ
အကျွန်ရို့ တိုင်းပြည်လာလတ်ပါ
ယေကေလည်း ဂိုးချေ
“ယခိုင်” “ယခိ” ယာဆို
အကျွန့်တိုင်းပြည် လာစရာ
မလိုပါ --။

တမျိုးတော့ခါ
မထင်ကတ်ပါကဲ့
“ယခိုင်” နန့် “ယခိ” ကို
သီအောင်ကြောက်လို့ပါ --။

အေးမောင် (ရင်အုံတော်ဓာတ်)
၃၀၊၀၅၊၂၀၀၉ (၁၈:၄၆)

No comments:

Post a Comment