Sunday, August 2, 2009

ဥပပတ္တိ (သို့) စင်္ကာပူ ပါတိတ်


ဥပပတ္တိ (သို့) စင်္ကာပူ ပါတိတ်
--------------------
ကမ္ဘာကျော် Face book က
ငါ့စာမျက်နှာကို လာဆုတ်စွာ
တခါလည်း မကြားဖူးကာ
စာတမျက်နှာ အကျိုး
မင်း တန်ဖိုးဖြတ်နိုင်လို့လား --။

ငါ့အမျိုးနာမည်
ခေါင်းစဉ်မှာတတ်ထားလို့
ဒေနီရာမှာ လာစုစွာ
မင်းအပြုအမူကို
ကြိုက်လို့ လာစွာမဟုတ် --။

အမျိုးကိုချစ်တေလူတိနန့်
အဖရခိုင်ပြည်
ကျန်းမာချမ်းသာဖို့ရာ
ငါဆုတောင်းရေ --။

ကျီးအာသီးနန့်တူရေ
ဖန်တီးသျှင် ဘုရားသခင်လိုလို
ဘဝင်မြင့်နီလို့
ကျန်းမာပါစီ ငါတခါလည်း
ဆုတောင်းအမျှမဝီပျာယ် --။

ကိုယ့်စွာကိုယ်
ဖန်တီးသျှင် ကျေးဇူးသျှင်
ကျေးပင်ကြီးပေါက်ပိုင်တွိကေ
ကျေးဇူးသျှင်အသိနန့်
ကျေးစွပ်သျှင်မဖြစ်အောင်နီကတ် --။

အိမ်တဆောင်ဆောက်တတ်တိုင်း
တော်ရေလို့ မထင်ကဲ့
အခစားလက်သမား
အဆင့်လောက်ရာဟိရေ
အာဂန္ဓုလာမှ အိမ်သာယာရေ
လာလူကို ကြိုးချိုင်လို့သတ်ကေ
မင်းအိမ် ဇရပ်နန့်တူနီယာ --။

ဖုန်းကြီးကို စာချ
မီးကျောင်းကို ရီးကင်းပြ
ဗလ ဗလ ဗလ
ခဏ ခဏ ခဏ လာမပြောကဲ့
ဘာသာပြန် (plagiarism) အချေဝတ္ထုတပုဒ်နန့်
ဆရာကြီးလာမလုပ်ကဲ့ပလင် --။

မိတ္တာ ဂရုဏာ
မုဒိတာ ဥပေက္ခာ
ဗြဟ္မစိုရ်တရားလေးပါး
ပွါးများမနာယူလျှင်
စင်္ကာပူ ပါတိတ်တအုပ်
အမြဲဝဋ်လို့ ဥပပတ္တိဘဝနန့်
ဟန်လုပ်နီရလိမ့်မည် --။

(မောင်လှကျော်)

No comments:

Post a Comment