Friday, August 14, 2009

ရခိုင်ဆိုစွာ


ရခိုင်ဆိုစွာ
--------
ရခိုင်ဆိုစွာ..
တယောက်တည်းထိုင်
လဒမှိုင်လို့
ပျင်းရေဆိုပနာ
အဖော်ရှာရေ --။

ရခိုင်ဆိုစွာ..
တယောက်က နှစ်ယောက်
စုပြီးအဖော်
ရပြီးသော်ကား
ပျော်ရေဆိုပနာ
ပုလင်းကိုင်လို့
ဇာတိနာကို ထုတ်ပြရေ --။

ရခိုင်ဆိုစွာ..
အယစ်ရည်ဖတ်
ကိုယ့်ခြီထောက်ကို
ကိုယ့်မနိုင်ခါ
“ငါ့ဝေး…ရခိုင်”
ပုလင်းကိုင်းယင်း
အမျိုးချစ်ကြောင်း
ဖင်ဟောင်းလောင်းနန့်
ခတောင်းမပါ
လူတိရှိမှာ ရူးခြင်းပေါ်ရေ --။

ရခိုင်ဆိုစွာ..
ဝိုင်းကာသောက်ကာ
ဇာတိနာကို
ပုလင်းထောင်ယင်း
သောက်နီယင်းမှာ
မဆုံးပါသိမ့်
ရခိုင်အချင်းချင်း
ဓားဆွဲဒုတ်ဆွဲ
ကော်ပနာဆဲကေ
ထိုးကတ်သတ်ကတ်
ခွတ်ကတ်ပြန်ရေ --။

ရခိုင်ဆိုစွာ..
“အမျိုးသီလ နှစ်ဌာနကို
စောင့်နိုင်ခ” လို့
ပိုင်ဆိုင်ခရ
ဒေနာမကို
ဆက်ပြီးကေရာ
မထိမ်းပါကေ
နောင်လာနောက်သား
ရခိုင်များအတွက်
မှတ်တမ်းတင်ခါ
ရခိုင်ဆိုစွာ
ဟောင်ဖွာ ဟောင်ဖွာ --။

ကျောက်ဖြူသားချေ
(၃၀-၆-၂၀၀၉)

No comments:

Post a Comment