Sunday, August 2, 2009

အိုအမိသျှင်


အိုအမိသျှင်
---------
သတင်းတိမ်ဖျား ဘုံးဆင့်မြင့်အောက်
အမိစံရိပ် ဓညခေတ်နှင့်
ခေတ်လေးဆက်က ရွှေထီးဆောင်းချိန်
လူမဖြစ်တေ ငါ ရခိုင်သူ
အမိအပါး ကဗျာရတု
သာခြင်းတေးဖွဲ့ စာလောက်ဆောင်ကို
သီကုံးဖွဲ့လို ဆက်သရေသူ
ငါမဖြစ်ခ --။

တိမ်ညိုဖုံးလို့ လရောင်ကွယ်ပျောက်
ရာဟုမျိုကေ အမိငိုသံ
မြို့ရှိမြို့နောက် ရင်စည်တီးပျာယ်
လိုင်စင်းခံချိန် ဓါးရင်းကိုကိုင်
အမိရှိက ရပ်စောက်မတ်မတ်
ငါမဟိခ --။

ဂုဏ်သိမ်ညိုးနွမ်း မျက်နှာမွဲမ
အမိပါးမှာ အမှူးအကျွေး
ခြီဆုပ်လက်နှယ် ဦးခေါင်းကချွေး
ခြီမကျအောင် ငါမဆောင်ခ --။

သမိုင်းဆိုရေ ကျောက်ဖြစ်ရုပ်ကြွင်း
စာမျက်နှာထက် ကျွန်မအဖြစ်
အမိဘ၀ ဆံဖြူဖားလား
ရုပ်အိုကြွင်းက မာန်ကုန်ယွင်းလို့
လှဲပြိုကျချိန် အမိအပါး
ငါမဟိခ --။

ဖေးကူအမှီ ကျောက်တိုင်အဖြစ်
အစိုင်စစ်ကို တည့်ကူမတ်သူ
အမွီဆက်ဖို့ ငါရခိုင်ဟု
တော်လှန်ရဲသူ ငါမဖြစ်ခ --။

သမုဒ္ဒရာ ၀မ်းတထွာအောက်
လက်ပစ်ကူးလို့ ကျွန်စာတတ်ပြီး
ကြီးလာပြင်းလာ ဤရခိုင်သူ
အမိရုပ်ကြွင်း အုတ်ဂူဟောင်းတောင်
မရောက်ဖူးသူ အိမ်ပြိုအောက်က
အနင်းဖတ်ခံ သမီးမွဲမှာ
ပညာယုတ်လတ် နန်းသစ်မြန်းကို
အမိအတွက် အိမ်မက်နန့်ပင်
မဆောက်နိုင်ခ --။

ဒေသမီးချေ ဘုမေကြီးလေ
အမိဝတ်ဖို့ ကြိုးကြီးချိတ်ကို
ရက်လို့ထားမယ် အမိစားဖို့
ဖွယ်ရာမျိုးစုံ ချက်လို့ထားမည်
အမိအတွက် နန်းရင်ပြင်မှာ
ပန်းစုံပန်းလှ ပန်းဥယာဉ်ကို
ကိုယ်တိုင်စိုက်လို့ထားပါမည် --။

အိုအမိသျှင် အချိန်နှောင်းမှာ
လူဖြစ်လာရေ ဒေအမိုက်မ
ရခိုင်သူက ကျောက်ပုံကြားမှာ
မြစ်ဖျားချေမှာ အမိကိုတ
အမိပြန်လာ လွမ်းစာဖွဲ့လို့
ငိုခြင်းစီပျာယ် ငိုခြင်းရွီးကေ
အမိဝိညာဉ် နန်းရာဒေါင့်က
လိပ်ပြာပြန်ကပ် ကုန်းရုန်းထပျာယ်
အမိအသက် သွီးကြောတိုင်းမှာ
ပြန်းပြန်းကြီးတုန် နလုံးခုန်ကေ
အမိပြန်ထနိုင်ပါစီ --။

စောစစ် (ဒေ၀ီ)
၂၉.၇.၂၀၀၉

No comments:

Post a Comment