Friday, August 14, 2009

အံဖို့ကောင်းရေ


အံဖို့ကောင်းရေ
-------------
မတွိချင်ယာဆိုခါမှ
သတိရနီရေ
ငါ့စိတ်တိကို...။

လားဖို့ယာဆိုခါမှ
နှုတ်လို့မရရေ
ငါ့ခြီထောက်တိကို...။

နှုတ်ဆက်ပါရေဆိုခါမှ
ထောင်လို့မရရေ
ငါလက်ချောင်းတိကို...။

ငိုဖို့ကျခါမှရာ
ထွက်မလာရေ
ငါ့မျက်ရည်တိကို...။

အလကားလားရေခါ
ဝါးလုံးကိုထိုးပစ်စွာပိုင်
ပျံရေ ငါ့ခြီထောက်
ပြီးဖို့ကျခါမှ
မ,လို့တောင် မရစွာကို...။

ထမင်းဝ,နီရေခါ
လူများအိမ်မှာ စားလို့ရာ
ခြီခရေ လူတယောက်
စားစရာမဟိရေခါ
တောင်းစားရဖို့စွာကို
ရှက်တေအဖြစ်တိကို...။

မွီးဖွားလာရေခါ
ပြုံးစိစိနန့်
သီဖို့ကျရေခါမှရာ
မျက်ရည်ပါးရည်တိ
စီးရေအဖြစ်တိကို...။

ကိုယ့်လူမျိုးအတွက်
အကျိုးဆောင်ရေလူတိကို
လူ့ဘောင်အသိုင်းအဝိုင်းကဖယ်ထုတ်
အမျိုးယုတ်ကိုကျကေ
ဘုရားပိုင်ကိုးကွယ်နီရေလူတိကို...။

“ကိုယ့်စကား” ကိုပြောကေ
အောက်တေဆိုပနာ
“ယောက်ဖစကား” ကိုကျကေ
ကြွိနီအောင်မွှတ်နီကတ်တေလူတိကို...။

အမျိုးသားရေကို ဗန်းပြပနာ
ကိုယ့်ဝမ်းဝရေးအတွက်ရာ
လုံးနီကတ်တေလူတိကို...။

အမှန်တရားကိုထောက်ပြလို့
ငါ့ရို့အဖွဲ့ကို ထိရေဆိုပနာ
အဝီးသို့ဖယ်ထုတ်..
ဖားပြုတ်ကေပိုင်
Sexy (ဆိတ်ဆီ) ရုပ်ပေါက်နီရေ
ပိန်မချေတိကို
ပူဇော်ပသနီရေလူတိကို...။

ကိုယ့်အမျိုးအတွက်
လုပ်ဖို့စွာကိုမပြောကဲ့
ကိုယ့်ဝမ်းကိုတောင်က
မကျောင်းနိုင်ရေ
ငါ့ဘဝချေကိုလည်း...။

(ကျောက်ဖြူသားချေ)
၎-၇-၂၀၀၉

No comments:

Post a Comment