Tuesday, August 4, 2009

အမှန်တရားအတွက်


အမှန်တရားအတွက်
------------
မျောက်တိပိုင် လူတိက
ဖြုတ်ဦးနှောက်နန့်စိုင်းစားပြီး
နွားပိုင် ခိုင်းနီစွာကို
ဒေါင်းတိပိုင် မာန်တက်ပနာ
တဆုပ်ချေစားနီရစွာနန့်
မင်းရို့ ခွီးတိပိုင် ကြေနပ်မနီကဲ့ --။

ငါရို့တိ ကျီးကန်းပိုင်
အားအားတိုင်း အာနီစွာမဟုတ်
ခဲဝါပိုင် ကောက်ကျစ်ပြီး
ကျားပိုင် ကိုက်နီလို့
အမှန်တရားအတွက်
ယုန်တိပိုင် ဆုံးဖြတ်စီချင်လို့ရာ --။

ပုရွက်ဆိတ်ချေတိက
ဆင်တိကို အာခံစွာပိုင်ဖြစ်နီကေလည်း
အမှန်တရားတွက်ဆိုကေ
ပိုးဖလံတိပိုင် မီးဆိုကေလည်း တိုးဖို့သိမ့် --။

မင်းရို့တိ ခြသေ့င်္ပိုင်ခြောက်ကေလည်း
စာချေတိပိုင် ကြောက်လားဖို့မထင်ကဲ့
ကြွက်တိပိုင် လူများစွာကိုမတရားယူပနာ
သျှိုင့်တိပိုင် ဝှက်စားပြီး
ဝက်တိပိုင် အဆီဖုံးနီရေစွာ
မပြောကေလည်း လူတိုင်းသိရေ --။

ခြင်တိပိုင် သူများသွီးကိုစုပ်ပြီး
ကြောင်တိပိုင် ဇိမ်ကျကျအိပ်ပနာ
မြွီတိပိုင် ခြွီနီကတ်လို့
ပုရွက်ဆိတ်တိပိုင် တနီကုန်လုပ်
လင်းဆွဲပိုင် အိပ်နီရရေ ဒေလူတိက
အမှန်တရားအတွက်
မိုးဦးကျဖားပူတိပိုင် အော်နီစွာကို
မင်းရို့တိက
ကြက်တိကိုသတ်စွာပိုင်
သတ်ဖို့ဆိုကေလည်း မတတ်နိုင်ဝေး --။

(အမှန်တရားအတွက်)

Arakan Dolphin (ကျောက်တော်)

No comments:

Post a Comment