အနာသိကေလည်း
=============
ကိုယ်ရို့အချင်းချင်း
ယုံကြည်မှုကင်းနီသရိ
ညီညာမှု မတည်ဆောက်နိုင် --။
သမိုင်းကိုမကြည့်
လက်ဝါးကြီး အုပ်ချင်စွာရာသိရေ
ပကတိ တိုင်းပြည်
တင်ပြကေလည်း မယုံ
တစ္ဆီပူး အကြောက်သန်နီရေပိုင် --။
သူများကိုလည်း မယုံ
သူရို့ကိုလည်း ယုံလို့မရ
ပေါင်းမိခါမှ
ထိုဖဲ့ပီး ဒေဖဲ့ပီးနန့်
ကြာကေ (ဗျ) ရာကျန်ယင့် --။
ကုလားမနိုင်
ရခိုင်ကိုမီး
အခုက
မီးဖို့အစား
မဲထားလာစွာ ဇာလောက်ကြာဗျာယ်လဲ --။
ကြည့် - - - ပင်လယ်ပင်စွပ်တိကိုပင်
လက်ဝါးထက်တင်ဖို့ကိန်း ဆိုက်နီဗျာယ်
ယကေလည်း
ဒေနိထိ အတွက်မခံကတ်သိမ့်
ညောင်မြစ်ကို နှုတ်ဖို့တက်စား
ညောင်ရွက်ကို လိုက်ကောက်နီရေ
ကောက် - - - ကောက်
ဇာလောက်မကြာ ရင်ဆာဆာနန့်
အနာသိကေလည်း
ကုထုံးဆီး မပီးမိရေအတွက်
အနာကပြန်
သမိုင်းပီးဒါဏ်နန့်
ပက်လက်လန်ရေဘ၀ ရောက်ဖို့
စဉ်းစားထား
စဉ်းစားထား --။
သိန်းနောင် (ရခိုင်တန်ဆောင်မဂ္ဂဇင်း၊ အမှတ် (၂၀))
Subscribe to:
Post Comments (Atom)
No comments:
Post a Comment