ရွှေတူငွေတူ
======
တခွန်းခေါ် ခေါ်လို့မထူး
နှစ်ခွန်းခေါ် ခေါ်လို့မထူး
တရွာနီ တပြည်သားကို စိတ်ခြားလို့လား
မချစ်ဆို မလိုလို့လား --။
ဇာက လာကေ
ဇာရွာသားရောင်
စကားအရာ
ပျားသကာ
ချိုပါရေကား
ပျိုသက်ထားလေ --။
မောင့်လက်ကိုကိုင်
မေ့လက်ကိုဆွဲ
ငွေတူပင်မှာ
ရွှေတူရစ်ယောင်
ရစ်ပစ်ကတ်မည် --။
မျက်စိကမြင် ဝမ်းကကြင်
စိတ်တွင်ကချစ်
ပုချေမောင်ကို မိတ္တာရစ်လို့
အချစ်စွဲကာ ကြားကလူ
အောင်သူဖျက်လို့ ဖျက်ရဖို့လား --။
ဆံစကေညို
လှနဂိုလေ ပျိုနှမမှာ
ကိုယ့်ရပ်ရွာ ကိုယ့်ရွာထက်မှာ
လက်ဖျားတင် ကြင်သူများက
ဟိထားရေလား --။
သခြင်းဆို လူပျိုမောင်ယေ
ကိုယ့်ရပ်ရွာ ကိုယ့်ရွာထက်မှာ
လက်ဖျားတင် ကြင်သူများက
ဟိမထားပါ --။
ဒေတောခေါင် ဒေတောင်ယေကြားမှာ
စကားသာချို ဒေမေဆို ပျိုစကား
ကြားရရေခါ စိတ်ဝမ်းသာ
ထဗျာကလို့ ကြည့်ရဖို့ယာ --။
ဥဒေါင်းယေကြိုးကြာ သာရကာကေ
ဟင်္သာငှက်မ
အခါခါ မောင့်ကိုတမ်းလို့
လွမ်းတငိုခါ မောင်ရောက်ရာ
ထဗျာကလို့ ကြည့်ရဖို့ယာ --။
မှတ်ချက် ။ ။ ကျောက်ဖြူမြို့တည် (၁၈၀) ပြည့်အထိမ်းအမှတ် “ကျောက်ဖြူ” ၂၀၀၉ မဂ္ဂဇင်း “ဇာနီအောင် (ရမ္မာဝတီ)” ရွီးသားပြုစုသည့် “ရမ်းဗြဲကျွန်းက ချစ်ခွန်းတီတာ တေးကဗျာ” ဆောင်းပါးက ဇမ်းကဗျာကို တင်ပြပီးလိုက်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment