Thursday, April 2, 2009

ရခိုင်တော်လှန်ရေးနိဒါန်း


ရခိုင်တော်လှန်ရေးနိဒါန်း
------------------------------
မဟာဝိဟိံက မော်ကွန်းလင်္ကာ
------------------------------
မဟိရန်သူ၊ ဖက်မပြူသား၊ သုံးလူထွဋ်ထား၊ မြတ်ဘုရား၏၊ ကိုယ်စားရုပ်ဝါ၊ ခြောက်ရောင်ဖြာ၍၊ မဟာမုနိ၊ ဘုရားကြီးကို၊ ညွတ်ပြီးကော်ရော်၊ ရှိပူဇော်၍၊ ပင့်ခေါ်ပြီးမှ၊ ရက္ခပူရ၊ နန်းမဒေ၀ီ၊ မဟေသီနှင့်၊ အညီယဿ၊ ရံမောင်းမကို၊ ယူကြစုပြီ၊ ဆောင်ယူလီ၏။ သင့်နီဌာန၊ ရပ်ဒေသ၌၊ စောင့်ထပြီးခိုင်၊ လက်နက်ကိုင်ရို့၊ အနိုင်ပြုလျှင်း၊ ရဲမက်ချင်း၏၊ မြို့တွင်းမှန်သား၊ မြို့ပြင်များနှင့်၊ တိုင်းကားရပ်ဌံ၊ နာဂရံဟု၊ နိုင်ငံအပေါင်း၊ တောမြို့ကောင်း၌၊ ပုန်းအောင်းနီငြား၊ ရခိုင်သားကို၊ ယောက်ျားမိမ္မ၊ မလွတ်ရအောင်၊ ချိုင်နှောင်တန်းလန်း၊ ကျွဲနွားဖမ်းသို့၊ လိုင်ဂုတ်ကိုဖြတ်၊ အသီသတ်၏၊ ချောမွတ်ရူပ၊ မိမ္မလှကို၊ ပဉ္စအာရုံ၊ ကာမဂုဏ်ဖြင့်၊ မြူးတူးစိမ့်ငှာ၊ ယူကြပါ၏။ သူနာသူအို၊ ကျိုးကန်းကိုကား၊ မလိုပိတ်ထား၊ တိုက်လုပ်ငြား၍၊ သွင်းထားအပြည့်၊ ယမ်းဆီးထည့်လျှက်၊ မြိမြေ့ညက်ကြီ၊ မီးတိုက်စီ၏၊ သီလီမကြွင်း၊ လူခပင်းရို့၊ ချင်းချင်းနွီးနွီး၊ ကနိမွီးသား၊ သားထွီးသားငယ်။ အပုချေရို့၊ ပြုံးရယ်ရွှင်ဘိ၊ မှည်မသိကို၊ မွီးမိထံက၊ ယူပြီးမှလျှင်၊ လက်နှင့်ကိုင်မြှောက်၊ ကောင်းခင်ရောက်က၊ အောက်ကတဖန်၊ ဓါးကိုလှန်၍၊ ခံပြန်ပြီးခါ၊ ပြုသည်မှာကြောင့်၊ ကျကာမလွဲ၊ ရဲရဲသွီးစက်၊ အအူထွက်၏၊ တချက်မြီ၌၊ လှံကိုစိုက်၍၊ ခံလိုက်တံကျင်၊ ရင်က၀င်၏။ နှစ်လိုပျော်ပါး၊ သားမယားကို၊ ပေါင်းကြအတူ၊ မထားမူဘဲ၊ ဆွဲယူရိုက်သတ်၊ နားကြိုးတပ်လျှက်၊ ပူးပြွတ်ချိုင်နှောင်၊ ကြက်ကိုလှောင်သို့၊ ပုံဆောင်ပမာ၊ ယူကြပါ၏၊ များစွာခွတ်ထစ်၊ သတ်၍ပစ်လျှက်၊ အချစ်ဝါသနာ၊ မဟိပါငြား၊ ပျူအောက်သားသည်။ စကားမုသာဝါဒီတည်း --။

ပုံဘိတောင်နှယ်၊ ကောင်ပုတ်ဝယ်ကား၊ လူငယ်တသောင်း၊ လူကြီးပေါင်းမူ၊ သျှစ်သောင်းအစွန်၊ တသိန်းလွန်၏၊ အမှန်ယင်းခါ၊ သီလီပါ၏၊ သိမ်းကာယူထ၊ ပြည်အင်းဝသို့၊ ပါရလီငြား၊ လူယောက်ျားနှင့်၊ မပြားမှန်ထ၊ လူမိမ္မကို၊ တွက်ချရွီသော်၊ နှစ်သိန်းကျော်၏၊ ကြားသော်မြင်ခါ၊ ကြောက်ဖွယ်သာတည်း၊ ဒွါရာသံတွဲ၊ မြို့ရမ်းဗြဲနှင့်၊ မြစ်တဲဝန်းမြောင်၊ ကျွန်မာန်အောင်၌၊ ဖမ်းနှောင်ချိုင်လျှင်း၊ ယူလီခြင်းကို၊ သတင်းစကား၊ နားသာကြား၏၊ မှတ်သားတထစ်၊ ရွီတွက်စစ်၍၊ တစ်နှစ်သုံးလေး၊ စာနှင့်ရေးပြီး၊ ပီးသူမဟိ၊ ဖြစ်လီဘိခြင်း၊ ဇိဝင်္သခါ၊ ယုံမှားစွာဖြင့်၊ ဆိုရာစကား၊ ကျယ်ဝန်းလျှား၏၊ သီလားအကောင်၊ ဖူးဖူးရောင်၍၊ ပုပ်ဟောင်နံစော်၊ ရုပ်ခန္ဓာကို၊ ကာကာလင်းတ၊ သိန်းစွန်မှသည်၊ ခွီးကစလျှက်၊ ကျားသစ်ဝက်ရို့၊ လုယက်ဖန်ဖန်၊ ကိုက်စားဟန်ကို၊ ကျန်လူအများ၊ မြင်လီငြားမူ၊ ဘုရားတရား၊ သံဃာများကို၊ အားကိုးပြီးခါ၊ မြည်တမ်းပါ၍၊ ငိုခါရွီရွတ်၊ နဖူးသတ်သည်၊ ရင်ဖတ်လက်တင်ခတ်တီးတည်း --။

ရခိုင့်တော်လှန်ရေးနိဒါန်း (ပထမပိုင်း)

(ရခိုင်ရာဇ၀င်သစ်ကျမ်းမှ ကောက်နှုတ်ဖော်ပြပါသည်။)

ကုန်းဘောင်မင်းဆက် မြန်မာဘုရင်ဘိုးတော်င၀ိုင်း၏သားတော် အိမ်ရှိငဥပရာဇာဦးစီး၍ ရာမရကန်ငတိုးလိုက်ပါသော မြန်မာကျူးကျော်သူနယ်ချဲ့ရို့သည် လွတ်လပ်သော အချုပ်အချာအာဏာလက်နက်ပိုင် ရခိုင်နိုင်ငံတော်ကြီးအား ရခိုင်သက္ကရာဇ် (၁၁၄၆) ခု ပြာသိုလဆုတ် (၇) ရက် စနီနိ။ ခရာဇ်သက္ကရာဇ် (၁၇၈၄) ခု ဒီဇင်ဘာလ (၃၁) ရက်နိတွင် မတရားကျူးကျော်သိမ်းပိုက်လိုက်သဖြင့် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးရို့သည် မြန်မာကိုလိုနီကျွန်ဘ၀သို့ ရောက်ခြင်းမလှရောက်လားရသည်။

ရခိုင်နိုင်ငံတော်၏နောက်ဆုံးဘုရင်မဟာသမတရာဇာ (နံတော်စနီသား၊ သက်တော် ၄၂ နှစ်၊ နန်းစံ (၂) နှစ်အား) ရခိုင်သက္ကရာဇ် (၁၁၄၆) ခု ပြာသိုလဆုတ် (၁၅) ရက် တလဂုင်္နီနိ။ ခရာဇ်သက္ကရာဇ် ၁၇၈၄ ခု ဇန္န၀ါရီလတွင် မြန်မာကျူးကျော်သူရို့သည် မတရားဖမ်းဆီးသံခြီချင်းခတ်၍ မြန်မာပြည်သို့ အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်လားကာ အမရပူရမြို့တွင် ကွပ်မျက်စီရင်လိုက်သည်။

မြန်မာကျူးကျော်သူရို့သည် ရခိုင်နိုင်ငံတော်အားသိမ်းပိုက်ပြီးနောက် ရခိုင်နိုင်ငံတော်၏မြို့တော် မြောက်ဦးတွင် မြန်မာနန္ဒငပကျန်အား မြို့ဝန်ထား၍အုပ်ချုပ်ခိုင်း၏။ သို့သော် ရခိုင်ရို့သည် မြန်မာ့သူ့ကျွန်မခံဘဲ (၁၁၄၆) ခု တပေါင်းလကစ၍ ဒါးပိုင်ကြီး၏ယောက်ဖတော်ကျော်ပုံ၏ဦးဆောင်မှုကိုခံယူကာ မြန်မာကျူးကျော်သူများအား စတင်တော်လှန်သည်။

တောင်မင်းကြီးကျော်ထွီး၊ ယင်း၏နောင်တော် မုဇုန္တတ်ကြီးဘရွေး၊ ဒါးပြန်စီးရို့အမှုးပြုသော ရခိုင်တပ်များသည်လည်း မြန်မာကျူးသော်သူရို့အား အနောက်အရပ်က တော်လှန်တိုက်ပွဲဝင်သည်။

မြန်မာနန္ဒငပကျန်သည် ရခိုင်ရို့၏တော်လှန်မှုကိုအကြောင်းပြုပြီး အပြစ်မဟိသော ရခိုင်ပြည်သူရို့အား လက်နက်ချရန်ဟုအကြောင်းပြကာ ပေါင်းတုန်အရပ်၌တထောင်၊ သရက်အုပ်အရပ်၌တထောင်၊ စံကားတောင်အရပ်၌နှစ်ထောင်၊ မြို့တော်ပရိစ္ဆေဒ၌ သုံးသောင်းခုနှစ်ထောင်၊ ပုခက်တွင်းသားအသူငယ်ရို့အား ဒါးကဇတ်သည်ကတသောင်း၊ ဘုရားပေါ်အရပ်၊ ဒိုင်းကျီအရပ်၊ မောင်းဆွဲအရပ်၊ ငရကောက်အရပ်၊ ဂေါင်းပြိုတောင်အရပ်၊ ပုရိန်အရပ်၊ ပေါင်းတုတ်အရပ်၊ ရတနာပြည်အရပ်၊ လက်မဖက်အရပ်၊ တောတန်းအရပ်၊ ကိုးဆယ့်ကိုးတောင်အရပ်၊ သံတွဲ၊ ရမ်းပြည့်၊ မာန်အောင်အရပ်ရို့၌ လူပေါင်း တသိန်းသျှစ်သောင်းလေးထောင်ရို့ကို ယင်းနှစ်အတွင်းမှာပင် အဆုံးစီရင်လိုက်သည်။

ထို့အပြင် မြန်မာနန္ဒငပကျန်သည် ဒါးပိုင်ကြီးကျော်ပုံ၏မယား ကောင်းကျော်ထင်မကိုလည်း ကာမပိုင်လင်ယောက်ကျားဟိယင့်သားနှင့် ဗလက္ကာယယုတ်မာရိုင်းပြစွာ စော်ကားခသည်။

တောင်မင်းကြီးကျော်ထွီးသည် စစ်တကောင်းအင်္ဂလိပ်မြို့ဝန်ထံမှ စစ်ရေးအကူအညီရယူရန် ကြိုးစားသည်။ အင်္ဂလိပ်ဗိုလ်ချုပ်နှင့် တွိဆုံဆွေးနွေးရာတွင် ဒါးပြန်စီး၏သမက် သာမကောင်းစံရွှီကို ဘာသာပြန်ခိုင်းသည်။ သို့သော် မပြည်လည်သောကြောင့် မြို့သစ်ချောင်းညာဖက်သို့ခိုဝင်ကာ မြန်မာကျူးကျော်သူများအား ရရာလက်နက်စွဲကိုင် တော်လှန်သည်။

အားမတန်သဖြင့် လက်ဝဲမြန်ကုန်းဖောင်သည်၊ မုဇုန္ဒာတ်ကြီးဘရွေး၊ ဒါးပြန်စီးရို့သည် အနောက်စစ်တကောင်းနယ်သို့ခိုဝင်ရောက်လာ၍ အင်္ဂလိပ်မြို့ဝန်က ကျွန်းရွာများပီးသနားထား၏။

(၁၁၄၆) ခု ကဆုန်လတွင် တောင်မင်းကြီးကျော်ထွီးသည် အနောက်စစ်တကောင်းအရပ်၌ တပ်စွဲ၍ မြန်မာကျူးကျော်သူရို့အား ခုခံတော်လှန်ယင်း လက်နက်ထိမှန်ကျဆုံးသည်။

မြန်မာနန္ဒငကျန်၏တပ်များသည် တောင်မင်းကြီးကျော်ထွီး တော်လှန်သည်ကိုအကြောင်းပြု၍ မြို့သစ်ချောင်းအရပ်မှ မိမ္မအသူငယ်ရို့အား ကြိုးတုတ်ချိုင်နှောင်ကာ မြစ်ဝတွင်ပစ်ချ၍ သတ်ဖြတ်လိုက်သည်။ အနောက်စစ်တကောင်းအရပ်မှ ရောက်လာသူ လူအပေါင်းရို့ကိုလည်း တောင်မင်းကြီးကျော်ထွီး၏လူဟုစွပ်စွဲကာ များစွာသတ်ဖြတ်လိုက်သည်။

ရခိုင်ပြည်တောင်ပိုင်း အနောက်ခုနှစ်ရိုင် တောင်စိုင်အရပ်၌ စနည်းရွာသားရို့သည်လည်း မြန်မာ့သူ့ကျွန်မခံဘဲ ရမ်းပြည့်စားဗိုလ်ပေါလုံး၊ လမုစားဗိုလ်လာခိုင်ရို့နှင့်ပေါင်းဖက်ကာ မြန်မာကျူးကျော်သူရို့အား တော်လှန်တိုက်ပွဲဝင်သည်။ ဤသည်ကိုအကြောင်းပြု၍ သံတွဲမြို့ကို ကျူးကျော်သိမ်းပိုက်ထားသော မြန်မာရာဇငသင်္ကြန်သည် သူ၏စစ်ကဲငလှကို လွှတ်ကာ စနည်းရွာသူရွာသားများအားလုံးကို အစတုန်းခြီမှုန်းလိုက်သည်။

မြန်မာကျူးကျော်သူရို့သည် ၁၁၄၉ ခု တပေါင်းလတွင် ရခိုင်ပြည်မှ ဘုန်းကြီးရဟန်း၊ မင်းသားမင်းသမီးစုစုပေါင်း ခုနှစ်ထောင့်ခုနှစ်ရာကို အမရပူရမြို့သို့ ဖမ်းဆီးခေါ်ဆောင်လားသည့်အပြင် သက္ကရာဇ် (၁၁၅၁) ခု နံယုန်လတွင် မြောက်ဦး၊ သံတွဲ၊ ရမ်းပြည့်၊ မာန်အောင်၊ လေးမြို့စသည်အရပ်ရို့က လူပေါင်းခြောက်ထောင်ကိုလည်း ယိုးဒယားသို့စစ်တိုက်ရန် ဖမ်းဆီးခေါ်ဆောင်လား၏။

သက္ကရာဇ် (၁၁၅၀) ပြည့် နတ်တော်လဆန်း (၉) ရက်နိတွင် မြန်မာအနောက်ဖက်ငတိုက်ဝန်သည် ရခိုင်နိုင်ငံတော်မြောက်ဦးမြို့သို့ ၀န်ပြုလာပြီး (၂) နှစ်ကြာလျှင် ရာထူးမှ ပြုတ်ကျ၏။ မြန်မာပုသိမ်ငသခင်သည် ငသီဟဘွဲ့နာမည်ကိုခံလျှက် ၁၁၅၂ ခု တပေါင်းလတွင် ရခိုင်နိုင်ငံမြောက်ဦးမြို့၌ ၀န်ပြုလာပြန်၏။ တနှစ်ဟိလျှင် သီ၏။

ပုသိမ်ငသခင်စုတေ့ပြီးလျှင် မြန်မာတိုင်းတာဝန်သည် အာကာကငကျော်ထင်ဟူသောနာမည်ကိုခံယူလျှက် ရခိုင်သက္ကရာဇ် (၁၁၅၃) ခု တန်းခူးလတွင် ရခိုင်နိုင်ငံမြောက်ဦးကို ၀န်ပြုလာပြန်၏။ ယင်း အာကာငကျော်ထင်သည်လည်း (၂) နှစ်ဟိလျှင် ရာထူးမှချောကျ၏။ အာကာငကျော်ထင်ရာထူးမှချောကျပြီးလျှင် မြန်မာငကျော်လှသည် ငလှရာဇာဘွဲ့ကိုခံယူ၍ ရခိုင်သက္ကရာဇ် (၁၁၅၅) ခု တပိုးထွဲလဆန်း (၉) ရက် စနီနိတွင် ရခိုင်နိုင်ငံမြောက်ဦးမြို့သို့ ၀န်လုပ်လာပြန်၏။

ငကျော်လှလက်ထက်တွင် ရမ်းပြည့်စားဗိုလ်ပေါလုံး၊ ဗိုလ်ခွင်းပေါက်၊ ဗိုလ်ကျွဲတကောင်နိုင်ရို့သည် အနောက်စစ်တကောင်းနယ်ကို ခြီကုတ်ယူကာ မြန်မာကျူးကျော်သူများအား တော်လှန်တိုက်ပွဲ၏။ နေမျိုးငကုန်ဒရာ၊ ငပေါတလီစသော မြန်မာတပ်မှုးရို့သည် အင်္ဂလိပ်စစ်တကောင်းမြို့ဝန်နှင့်ပေါင်းဖက်ပြီး ရခိုင်ဗိုလ်ပေါလုံး၊ ဗိုလ်ခွင်းပေါက်၊ ဗိုလ်ကျွဲတကောင်နိုင်ရို့အား ဖမ်းဆီးပီးရန်တောင်းဆို၏။

မြန်မာသူယုတ်ရို့သည် ရမ်းပြည့်၊ မာန်အောင်၊ မြောက်ဦး၊ လေးမြို့အရပ်အသီးသီးမှ လင်မယားအိမ်ထောင်စုံတအိမ်ကို ငွေဒင်္ဂါး (၅) ပြားစီကောက်ယူပြီးလျှင် စုစုပေါင်းငွေဒင်္ဂါး တသိန်းနှစ်သောင်းကို အင်္ဂလိပ်စစ်တကောင်းမြို့ဝန်အား လဘ်ထိုး၏။ စစ်တကောင်းအင်္ဂလိပ်မြို့ဝန်သည်လည်း ရခိုင်ဗိုလ်ပေါလုံး၊ ဗိုလ်ခွင်းပေါက်၊ ကျွဲတကောင်နိုင်ရို့အား ဖမ်းဆီး၍ (၁၁၅၆) ခု ပြာသိုလပြည့်ကျော် (၂) ရက် တလဂုင်္နီနိတွင် ပင်းဝါ (ရာမူး) ရာဇဖက်အရပ်၌ မြန်မာတပ်များအား လွှဲအပ်ပီးလိုက်၏။ အင်္ဂလိပ်မြို့ဝန်ကိုယ်တိုင် ကုလားဆင်ချောင်းဖျားတိုင်အောင် လိုက်ပို့ပီး၏။

သို့သော် ရခိုင့်ဂေါင်းဆောင်များဖြစ်ကြသော ဗိုလ်စိန်ရောင်၊ ဗိုလ်မြရောင်၊ ဗိုလ်ပက်လက်၊ ဗိုလ်ကိုးခွက်စား၊ ဗိုလ်ထွန်းဦး၊ ဗိုလ်မျက်တောင်ဖြူ၊ ဗိုလ်တိုင်းချစ်ပရံ၊ နတ်တောင်စားဗိုလ်ရွှေကျော်၊ ဗိုလ်ဆယ်ခင်းစီးစသော သွီးသောက်ရဲဗိုလ်ကိုးဦးကား အင်္ဂလိပ်ရို့၏အဖမ်းအဆီးကိုတိမ်းယှောင်ကာ မြန်မာကျူးကျော်သူများအား အယာမခံ စွမ်းမာန်တရဲ ဆက်လက်တော်လှန်တိုက်ပွဲဝင်ခကတ်ပါသည်။

ဤသည်မှာ ပထမအကြိမ် (ရခိုင့်တော်လှန်ရေးနိဒါန်း) ပင်ဖြစ်ပါသည်။

ရခိုင်တော်လှန်ရေးနိဒါန်း (ဒုတိယပိုင်း)

မြန်မာမြို့ဝန် ငလှရာဇာ (ခေါ်) ငကျော်လှသည် နှစ်နှစ်ခန့်ကြာသော် ရာထူးမှပြုတ်ကျ၏။ မြန်မာငစိန်ဘူးသည် ငလှကျော်ထင်နာမည်ကိုခံ၍ ရခိုင်သက္ကရာဇ် (၁၁၅၆) ခု နတ်တော်လတွင် ရခိုင်နိုင်ငံ မြောက်ဦးမြို့တွင် ၀န်ပြုလာ၏။ ထို့အပြင် ဘိုးတော်င၀ိုင်းလည်း မင်းကွန်းစေတီတည်ရန် ရခိုင်လူမျိုးနှစ်ထောင်ပီးရမည်ဟု တောင်းလာပြန်၏။ ရခိုင်နိုင်ငံတ၀ှမ်း လေးမြို့၊ မြောက်ဦး၊ သံတွဲ၊ ရမ်းပြည်။ မာန်အောင်ရို့မှ အုတ်ဖုတ်ရန်အတွက် လူပေါင်းနှစ်ထောင်ကို စုရုံးကောက်ခံလာသောကြောင့် မခံမရပ်နိုင်သော ရခိုင်ပြည်သူပြည်သားများသည် လက်ယာမြန်ရွာအုပ် ဗိုလ်ထုံးစံ၊ ဗိုလ်ကောစွေ၊ င်္ဒဂါးတောင်စား ဗိုလ်တုံးစံရွှီရို့၏ ဦးဆောင်မှုကိုခံယူကာ ရခိုင်သက္ကရာဇ် (၁၁၆၀) ပြည့် တန်းဆောင်ဘုန်းလဆန်း င်္အဂါနိတွင် မြန်မာကျူးကျော်သူများအား ထပ်မံတော်လှန်ပါသည်။

မြို့စောင့်မြန်မာတပ်ရို့လည်း ရခိုင်ရို့၏တော်လှန်မှုကိုတိုက်ဖျက်ရန် သူရဲလက်နက်များစွာနှင့် မြို့သူကြီးငသံတွေ၏သား စိုင်းတင်စားဗိုလ်ချင်းပြန်ကို စေလွှတ်လိုက်၏။ မယူကမ်းအောင်တပ်သို့ရောက်လျှင် သစ္စာစောင့်သိသော ဗိုလ်ချင်းပြန်သည် မြန်မာမြို့ဝန် သီရိငကျော်ထင်နှင့် အခွန်စာရွီး ဇေယျငကျော်ရို့အား အစတုန်းသတ်ပစ်လိုက်၏။ ဗိုလ်ချင်းပြန်သည် အောင်တပ်အရပ်က စတင်တော်လှန်၍ လက်ရုံးဗိုလ်နှင့်ပူးပေါင်းကာ မယူကမ်းအောင်တပ်တွင် တပ်တည်၍နီ၏။ ရခိုင်နိုင်ငံ သံတွဲမြို့ကို ကျူးကျော်အုပ်ချုပ်နီသော မြန်မာကျော်ထင် ငသီဟသည် ဤသတင်းကိုကြားသောအခါ ရဲမက်ဗိုလ်ပါအပေါင်းဖြင့် မြောက်ဦးသို့ချီလာ၍ ရမ်းပြည့်၊ မာန်အောင်၊ လေးမြို့ဝန်ရို့အား ဗိုလ်ချင်းပြန်အားတိုက်ခိုက်ရန် မယူကမ်းသို့ချီတက်ခိုင်း၏။

ရခိုင်သက္ကရာဇ် (၁၁၆၀) ပြည့် ပြာသိုလတွင် မယူကမ်းကျွဲရိုင်းခုံ၌ တပ်တည်၍နီသော ရခိုင်ဂေါင်းဆောင်ဗိုလ်ချင်းပြန်၊ လက်ရုံးဗိုလ်၊ ပလက်စားဗိုလ်စံအမှုးပြုသော ရခိုင်တပ်များနှင့် ကျူးကျော်လာသော မြန်မာတပ်ရို့ အကြီးအကျယ်တိုက်ပွဲဖြစ်ပွား၏။ ဗိုလ်ချင်းပြန်ရို့တပ်သည် အနောက်စစ်တကောင်းနယ်သို့ ဆုတ်ခွာပီးရ၏။ မြန်မာတပ်ရို့သည် နောက်ကလိုက်၍ ပင်းဝါဂေါ်တောပလ္လင်တွင် တပ်တည်လာ၏။ ထိုအကြောင်းကို စစ်တကောင်း အင်္ဂလိပ်မြို့ဝန်ကြားသော် အင်္ဂလိပ်စစ်တပ်အားချီတက်ခိုင်း၍ ဂေါ်တောပလ္လင်တွင် တပ်ပြိုင်ချထား၏။ ထိုအကြောင်းကို ဘိုးတောင်င၀ိုင်းကြားသောအခါ ပင်းတလဲငဗိုလ်ကို တောင်ကြောင်းခရီး၊ အရှိဝင်းမှုးငတာကို ရီကြောင်းခရီး၊ အသီးသီးလွှတ်၍ အင်အားဖြည့်တင်းလာ၏။

ရခိုင်သို့ရောက်သောအခါ မြန်မာကျူးကျော်သူများသည် ရခိုင်တော်လှန်ရေးဂေါင်းဆောင်ကြီးများဖြစ်ကြသော ဗိုလ်ချင်းပြန်၊ လက်ရုံးဗိုလ်၊ ပလက်စားဗိုလ်စံ၊ ဗိုလ်ကောစွေ၊ ဗိုလ်တုံးစံရွှေရို့အားဖမ်းပီးရန် အင်္ဂလိပ်အစိုးရထံ တောင်းခံ၏။ အင်္ဂလိပ်ကမပီးဘဲငြင်းဆန်သောအခါ ရခိုင်သက္ကရာဇ် (၁၁၆၀) ပြည့် တပိုးထွဲလပြည့်နိတွင် မြန်မာကျူးကျော်တပ်နှင့် အင်္ဂလိပ်တပ် စစ်ဖြစ်ပွား၏။ အင်္ဂလိပ်ဖက်မှ အင်္ဂလိပ်ဗိုလ်မှုးနှစ်ဦးကျဆုံး၍ ကုလားစစ်သည် (၁၀၀) ကျော် သီဆုံး၏။ ကျူးကျော်သူမြန်မာတပ်ရို့သည် ဗိုလ်ချင်းပြန်၏တော်လှန်မှုကိုအကြောင်းပြု၍ ရခိုင်နိုင်ငံအ၀ှမ်း ရခိုင်သားအမြောက်အမြားကို သတ်ပစ်လိုက်၏။

ဤသည်မှာ ရခိုင်သက္ကရာဇ် (၁၁၅၇) ခုနှစ်မှ (၁၁၆၀) ပြည့်နှစ်အထိ “ဒုတိယပိုင်း ရခိုင်တော်လှန်ရေးနိဒါန်း” စိုင်းတင်မြို့စားဗိုလ်ချင်းပြန်၏ ပထမအကြိမ် မြန်မာတော်လှန်ရေးဖြစ်သည်။

ရခိုင့်တော်လှန်ရေးနိဒါန်း (တတိယပိုင်း)

ရခိုင်သက္ကရာဇ် ၁၁၆၀ မှ ၁၁၇၃ ခုအထိ “ဒုတိယပိုင်း ရခိုင့်တော်လှန်ရေးနိဒါန်း”
ဗိုလ်ချင်းပြန်၏ ဒုတိယအကြိမ် မြန်မာတော်လှန်ရေး

မြန်မာရို့သည် ရခိုင်တော်လှန်ရေးဂေါင်းဆောင်များဖြစ်ကြသော ဗိုလ်ချင်းပြန်၊ လက်ရုံးဗိုလ်၊ ပလက်စားဗိုလ်စံ၊ ဗိုလ်တုံးစံရွှေ၊ အရှိဝင်းမှူး၊ လက်ဝဲမြန်ဖောင်သာရို့အားဖမ်းဆီးပီးရန် အင်္ဂလိပ်အစိုးရထံ အကြိမ်ကြိမ်တောင်းဆို၏။ အိန္ဒိယတိုင်းမင်းကြီးလည်း အကောက်ဝန်ဧရကောက်ကိုသံပြု၍ မြန်မာဝန်များဖြစ်ကြသော ကျော်ထင်ငသီဟ၊ ရမ်းပြည့်ဝန် ငလယ်ကိုင်းစား၊ မာန်အောင်ဝန်ရို့နှင့် ရခိုင်သက္ကရာဇ် (၁၁၆၁) ခု နတ်တော်လတွင် မြောက်ဦးမြို့ ဗားဗူတောင်ထိပ်၌ မျက်နှာစုံညီအစည်းအဝေးပြု၏။

သက္ကရာဇ် ၁၁၆၈ ခု နံယုန်လတွင် ယိုးဒယားထိုင်းနိုင်ငံသို့ စစ်တိုက်ရန် ရခိုင်လေးမြို့တွင်နီသော လူပေါင်းများစွာကို မြန်မာရို့သည် အတင်းအဓမ္မသိမ်းရုံးဆောင်ယူလား၏။ ဗိုလ်ချင်းပြန်သည် စစ်တကောင်းနယ်မှ ယှောင်ထွက်လာပြီးလျှင် များစွာသောသူရဲအပေါင်းနှင့် နတ်မြစ်လက်ယာဖက်၌အစောင့်ချထားသော မြန်မာတပ်မှူးမုံတောစားကို ခြီမှုန်းပြီးလျှင် မယူကမ်းအောင်တပ်၌ အောင်တပ်တည်၍နီ၏။

သက္ကရာဇ် ၁၁၇၃ ခု ကဆုန်လတွင် မြောက်ဦးမြို့ကို အကြီးအကျယ်ထိုးနှက်တိုက်ခိုက်၍ မြန်မာကျူးကျော်သူများထံမှ ပြန်လည်သိမ်းပိုက်ရယူလိုက်၏။ ဤသည်ကိုကြားလျှင် မာန်အောင်၊ ရမ်းပြည်၌တပ်စွဲထားသော မြန်မာတပ်များလာ၍တိုက်၏။ ဗိုလ်ချင်းပြန်၏တပ်များသည် လက်နက်အင်အားမမျှသဖြင့် ဆုတ်ခွာကာ ဆည်တိုင်ကန်တွင် တပ်တည်၍နီ၏။

မာန်အောင်ဝန် ငရန်တိုင်၊ ရမ်းပြည့်ဝန် လက်ယာစည်သူ ငနော်ရထာ၊ သံတွဲဝန်ငရွှေပန်းစသော မြန်မာကျူးကျော်သူများသည် ဗိုလ်ချင်းပြန်တပ်စွဲရာသို့ လာ၍တိုက်၏။ သို့သော် မာန်အောင်ဝန်အစဟိသော မြန်မာကျူးကျော်သူများသည် တယောက်မကျန် ခြီမှုန်းခြင်းခံရ၏။ ထိုအခါ မြန်မာတပ်မှူး ဗိုလ်မှူးရို့သည် ရှိဆက်မတိုက်ဝံ့ဘဲ ကြောက်ရွံ့ကာ လောင်းကိုပစ်၍ ကုန်းကြောင်းထွက်ပြီးကြကုန်၏။

မြန်မာငရွှေပန်း၊ ရမ်းပြည့်မြန်မာဝန် လက်ယာစည်သူ ငနော်ရထာရို့သည် သူရဲဘောကြောင်စွာ ထွက်ပြီးကြကုန်၏။ ထိုအခါ ဗိုလ်ချင်းပြန်နှင့် လက်ရုံးဗိုလ်ရို့သည် မြန်မာလူမျိုးအများအပြားကိုသတ်၍ လက်နက်အမြောက်အများကို သိမ်းပိုက်ရယူလိုက်၏။ ဗိုလ်ချင်းပြန်လည်း ဗိုလ်ချုပ်မျက်တောင်ရှည်ကို “နန္ဒိသေနဗန္ဓုလ”ဘွဲ့အပ်နှင်း၍ စစ်သူကြီးအရာပီးသနားတော်မူ၏။ ဗိုလ်ချင်းပြန်။ လက်ရုံးဗိုလ်၊ ဗိုလ်ချုပ်မျက်တောင်ရှည်ရို့ဦးဆောင်သော ရခိုင်တပ်ရို့သည် ဆက်လက်ချီတက်ကာ ရမ်းပြည့်၊ မာန်အောင်၊ သံတွဲနယ်အားလုံးကို မြန်မာကျူးကျော်သူများလက်ထဲမှ ပြန်လည်သိမ်းပိုက်ရယူလိုက်၏။

ရခိုင်နိုင်ငံတော်၏ပြည်မဖက်တွင် ဗိုလ်ချင်းပြန်သည် လက်ယာမြန်အရပ်၌ ပလက်စားဗိုလ်စံ၊ တပ်မှူးဗိုလ်မောင်ရွှေရို့ကို၎င်း၊ ငရကောက်အရပ်၌ နောင်တော်လေးမြို့စားကျော်အောင်ကို၎င်း၊ ရွှေနတ်ပင်အရပ်၌ ဗိုလ်အောင်ကျော်ရွှီကို၎င်း၊ လောင်းကြက်မြို့ဟောင်း၌ ဗိုလ်စော်ကဲ၊ တပ်မှူးသောက်ကြာအောင်ကို၎င်း၊ ရန်းဝမြစ်က ဗိုလ်နန်းရွှီ၊ တပ်မှူးသာရကန္တ၊ ဗိုလ်တိုးအောင်ကျော်ရို့ကို၎င်း၊ ခုနှစ်ခရိုင်တောင်စိုင်တွင် မြန်မာရို့လာလမ်းဖြစ်သော မအီအရပ်က တောင်စားဗိုလ်မှူးမောင်ညို၊ တပ်မှူးညိုရောင်ဖြူရို့အား အသီးသီးတပ်စောင့်ချထား၏။

ဤသို့အသီးသီးတပ်စောင့်ချထားပြီး ဗိုလ်ချင်းပြန်သည် ဂစ္ဆပနဒီမြန်အနောက်ဖက်ကမ်း ရိုးငူအရပ်၌ တပ်စီးတပ်နင်းပြု၍နီသည်ကို ဘိုးတော်င၀ိုင်းကြားသောအခါ ရခိုင်နိုင်ငံတော်တွင်ကျန်ဟိနီသော အကြွင်းအကျန်မြန်မာတပ်ရို့အား အင်အားဖြည့်တင်းရန် ငလှစည်သူကို စေလွှတ်လိုက်၏။ ထိုနှစ်တွင် ဗိုလ်ချုပ်မျက်တောင်ရှည်၊ လမ္မုစားရို့ဦးစီးသော ရခိုင်တပ်များနှင့် ရမ်းပြည့်မြို့တွင်ဟိသော မြန်မာတပ်များ အကြီးအကျယ်တိုက်ပွဲဖြစ်ပွား၏။ ရခိုင်တပ်များသည် အင်အားဖြည့်တင်းထားသော မြန်မာတပ်များနှင့်တိုက်ခိုက်ရာ အင်အားမမျှသဖြင့် လက်ဖန်အညာအရပ်သို့ဆုတ်ခွာပီးရကာ ရခိုင်သက္ကရာဇ် ၁၁၇၃ ခု ၀ါခေါင်လဆန်း (၂) ရက် စနီနိတွင် စနည်းချောင်း၌ လှီတပ်တည်၍နီ၏။

သံတွဲမြို့ကိုဝိုင်းရံထားသော ရခိုင်ဗိုလ် မြို့သစ်စားမောင်ငယ်၊ ဗိုလ်ဘချစ်ရည်ရို့လည်း စစ်ရေးမသာသောကြောင့် ထိုသက္ကရာဇ် ၀ါခေါင်လတွင် လမ္မုချောင်းဝ၌ တပ်တည်၍နီရကုန်၏။ မာန်အောင်မြို့ကို ၀ိုင်းရံထားသော လက်ရုံးဗိုလ်၊ တိမ်ကြားဗိုလ်ရို့လည်း စစ်ရေးမမျှသဖြင့် မာန်အောင်မြို့ အုန်းချောင်းဝ၌ တပ်တည်၍နီရ၏။

ဤသို့ ရမ်းပြည့်၊ သံတွဲ၊ မာန်အောင်ရို့၌ ရခိုင်တပ်ရို့ အင်အားမသာကြောင်းကြားသိရလျှင် မြန်မာမြို့ဝန် ငလှစည်သူသည် အသစ်ခန့်ထားသော မာန်အောင်ဝန်ကို အရှိခုနှစ်ခရိုင်ကိုတိုက်ရန် လွှတ်လိုက်၏။ မြန်မာမာန်အောင်ဝန် သူရဲတထောင်နှင်ချီလာပြီး ရခိုင်သက္ကရာဇ် ၁၁၇၃ ခု ၀ါခေါင်လပြည့်နိ၌ မအီချောင်းဝတွင် တပ်တည်လာ၏။ ယင်းသို့ တပ်တည်လာသော မာန်အောင်ဝန်သစ်တပ်အား ရခိုင်ဗိုလ်လမ္မုစားရွှေလူလား၍တိုက်သော် မြန်မာမာန်အောင်ဝန်သစ်တပ်တည် တယောက်မကြွင်းပြုန်း၏။

ထိုအခါ မြန်မာဆင်ဖြူကျွန်းဗိုလ်သည် အရေးမလှသောမြန်မာတပ်ရို့အား အင်အားဖြည့်တင်းရန် လူတထောင်နှင့် စစ်ကူရောက်လာ၏။ ၄င်းသက္ကရာဇ် တော်သလင်းလတွင် ဒါးလချောင်းဝ၌ တပ်တည်လာပြန်၏။ ထိုသတင်းကိုကြားသောအခါ မြန်မာဆင်ဖြူကျွန်းဗိုလ်တပ်အား ရခိုင်တိမ်ကြားဗိုလ်တပ်လား၍တိုက်သော် မြန်မာတပ်ရို့ အတုန်းအရုံးသီကြီပျက်စီး၏။ ယင်းနှစ်တွင် မြောက်ဦးဝန် မြန်မာငကျော်ထင်သည် မြို့သူကြီးငရကောက်ကို ဗိုလ်ချုပ်ခန့်ပြီးလျှင် ကုန်းအားရီအားချီလာပြီး လောင်းကြက်မြို့ဟောင်း၌ တပ်စောင့်ချ၍နီသော ရခိုင်ဗိုလ်စော်ကဲ၊ ဗိုလ်မှူးသောက်ကြာအောင်ရို့တပ်အား အကြီးအကျယ်ထိုးနှက်တိုက်ခိုက်၏။ တပ်မှူးသောက်ကြာအောင်သည် လက်နက်ထိမှန်သီဆုံး၏။

၎င်းသက္ကရာဇ် တန်းဆောင်ဘုန်းလဆုတ် (၅) ရက် တလင်းလာနိတွင် လက်ယာမြန်အရပ်၌ တပ်စောင့်နီသော ပလက်စားဗိုလ်စံ၊ တပ်မှူးမောင်ရွှေရို့ဦးစီးသောရခိုင်တပ်ရို့အား မြန်မာတပ်ရို့လာတိုက်သဖြင့် အင်အားနည်းသော ရခိုင်တပ်များသည် ကုန်းကြောင်းအားဖြင့် ဆုတ်ခွာပီးရ၏။ ငရကောက်အရပ်၌ တပ်စွဲထားသော ဗိုလ်အောင်ကျော်၊ ရွှေနတ်ပင်တပ်စောင့် ဗိုလ်အောင်ကျော်ရွှီရို့လည်း ဗိုလ်ချင်းပြန်နီသော ဇေယျဝတီမြို့သို့ဆုတ်ခွာပီးရ၏။

အရေးမသာသောအခြင်းအရာများကို ကြားရသောအခါ ဗိုလ်ချင်းပြန်သည် ဇေယျဝတီမြို့၌ဟိသော တပ်မှူးဗိုလ်မှူးရို့နှင့်တိုင်ပင်၍ စစ်ယှုံးသော ဗိုလ်မျက်တောင်ရှည်၊ လမ္မုစားဗိုလ်ရွှေလူ၊ ဗိုလ်တလိုင်းရှည်၊ ဒင်္ဂါးတောင်စား တုံးစံရွှီ၊ ဗိုလ်စော်ကဲအစဟိသော သုံးရာ့ခုနှစ်ကျိတ်သောလူရို့ကို မြန်မာနှင့်စစ်ပြီးသောအခါ အကုန်သူအား သတ်ပစ်မည်ဟု မှားယွင်းစွာတိုင်ပင်၏။

ထိုအခိုက် မြန်မာတိုင်းတာဝန် အာကာငကျော်ထင်သည် နဂါးရစ်မော်တင်လမ်းက ချီလာ၏။ မကျည်းကျွန်းအနားသို့ရောက်သောအခါ စတုကျွန်း၌တပ်စောင့်ချနီသော ရခိုင်ဗိုလ် တိုးအောင်ကျော်တပ် ဆီးကြိုတိုက်ခိုက်သဖြင့် မြန်မာတိုင်းတာဝန် အာကာငကျော်ထင်သည် မခံမရပ်နိုင်ဖြစ်ပြီး ထွက်ပြီး၍ သံတွဲမြို့ထဲသို့ခိုဝင်ကာ သံတွဲဝန်နှင့်ပေါင်းဖက်၍နီ၏။ တခါ ဗိုလ်ကျားကြီး၊ မြို့သစ်စား ငဝေစသော မြန်မာတပ်များပေါင်းဖက်၍ စတုမြစ်သို့ချီလာပြန်၏။

မြန်မာဗိုလ်ကျားကြီးတပ်နှင့် စတုကျွန်း၌တပ်စွဲနီသော ရခိုင်တပ်ရို့သည် ရီကြောင်းတိုက်ပွဲဖြစ်ပွားရာ စစ်ကူမရသော ရခိုင်တပ်များ အရေးမလှဆုတ်ခွာပီးရ၏။ ၄င်းရခိုင်စတုတပ်လည်း ရမ်းပြည့်စနည်းဖက်သို့ခိုဝင်ကာ ဗိုလ်မျက်တောင်ရှည်တပ်နှင့် ပေါင်းဖက်၍နီ၏။

ထိုအခါ မြန်မာတိုင်းတာဝန်အာကာငကျော်ထင်နှင့် မြင်းဝန်ငမှိုင်းရို့သည် ကုန်းရီအားချီလာပြီး သံစစ်မြစ်သို့ရောက်လျှင် စနည်းတွင်တပ်ချ၍နီသော ဗိုလ်ချုပ်မျက်တောင်ရှည်တပ်နှင့်တွိဆုံ၍ တိုက်ပွဲဖြစ်ပွား၏။ ဗိုလ်ချင်းပြန်ပြောဆိုသောစကားကိုကြားနှင့်ပြီးသော ဗိုလ်ချုပ်မျက်တောင်ရှည်သည် အနည်းငယ်မျှ ရင်ဆိုင်တိုက်ခိုက်ပြီး ယှောင်ထွက်လားလီ၏။

မြန်မာတိုင်းတာဝန်ငကျော်ထင်လည်း ရမ်းပြည့်၊ မာန်အောင်၊ သံတွဲမြို့ကို အစောင့်ချထားခပြီးလျှင် မြောက်ဦးမြို့တော်သို့ ချီတက်လာ၏။ ကျောက်ငနွားအရပ်သို့ရောက်သောအခါ ရခိုင်တပ်များနှင့်တွိဆုံ၏။ သို့သော် ရခိုင်တပ်မှူးရို့သည် ဗိုလ်ချင်းပြန်၏စကားကို ကြားနှင့်ပြီးဖြစ်သောကြောင့် တိုက်ခိုက်လိုသည့်ဆန္ဒမဟိဘဲ တိမ်းယှောင်၍ နီကုန်၏။

ဗိုလ်ချင်းပြန်လည်း ကျူးကျော်လာသောမြန်မာတပ်ရို့အားတိုက်ခိုက်ရန် လမ္မုစားရွှေဗိုလ်၊ မြုံထောင်စားရို့ကို ထပ်လောင်း၍ ချီတက်ခိုင်း၏။ ရခိုင်တပ်မှူးဗိုလ်မှူးရို့သည် ဗိုလ်ချင်းပြန်၏အကြံကို သိရင်းစွဲဟိကြသည်နှင့် ထိုသို့ဤသို့ရာ တိမ်းယှောင်လားကြကုန်၏။ ဗိုလ်ချင်းပြန်သည် ဤအခြင်းအရာကို ကြားသိရသောအခါ မတည်မရပ်နိုင်ဘဲ နောင်တပူပန်ယူကျုံးမရဖြစ်ကာ လေးမြို့နီ ရခိုင်လူဦးရေစုစုပေါင်း ကိုးသောင်းကိုးထောင်ကို သိမ်းကျုံးပြီး ရခိုင်သက္ကရာဇ် ၁၁၇၃ ခု ပြာသိုလပြည့် ဗုဒ္ဓူးနိတွင် ဇေယျဝတီမြို့မှ အင်္ဂလိပ်ပိုင် အနောက်ဘင်္ဂလားနယ်သို့ တိမ်းယှောင်ထွက်ခွာလာရ၏။

မြန်မာတိုင်းတာဝန် အာကာငကျော်ထင်သည် တပ်အလုံးအရင်းဖြင့် အနောက်ဘင်္ဂလားဖက်သို့ချီတက်လာပြီး မုံတောတွင် တပ်စခန်းချလာပြန်၏။ ဤသို့ မြန်မာတိုင်းတာဝန်တပ်ချီလာကြောင်းကို အင်္ဂလိပ်စစ်တကောင်းမြို့ဝန် ကြားသိလျှင် အင်္ဂလိပ်တပ်များသည်လည်း အင်အားများစွာနှင့် နတ်မြစ်လက်ယာဖက်ကမ်းအရပ်၌ တပ်တည်လာ၏။ ဤသို့ ဗိုလ်ချင်းပြန်နှင့် လက်ရို့ဗိုလ်ရို့သည် ရခိုင်နိုင်ငံတ၀ှမ်းလုံးအား မြန်မာကျူးကျော်သူများလက်ထဲမှ ပြန်လည်သိမ်းပိုက်ထိမ်းချုပ်နိုင်ပြီးခါမှ မြန်မာစစ်အင်အားဖြည့်တင်းလာသည်ကို မခုခံနိုင်ဘဲ ပြန်လည်ဆုတ်ခွာ ပီးလိုက်ရကုန်၏။

(ဤသည်မှာ ရခိုင်သက္ကရာဇ် ၁၁၆၀ မှ ၁၁၇၃ ခုအထိ “ဒုတိယပိုင်း ရခိုင့်တော်လှန်ရေးနိဒါန်း” စိုင်းတင်မြို့စား ရခိုင်ဗိုလ်ချင်းပြန်၏ “ဒုတိယအကြိမ် မြန်မာတော်လှန်ရေး” ဖြစ်ပါသည်)

ရခိုင့်တော်လှန်ရေးနိဒါန်း (တတိယပိုင်း)

ရခိုင်သက္ကရာဇ် ၁၁၇၄ မှ ၁၁၈၅ အထိ “ဒုတိယပိုင်း ရခိုင့်တော်လှန်ရေးနိဒါန်း”
ဗိုလ်ချင်းပြန်၏ “တတိယအကြိမ် မြန်မာတော်လှန်ရေး”

ဗိုလ်ချင်းပြန်သည် အနောက်ဘင်္ဂလားနယ်သို့ ခိုလှုံလာရပြီးနောက် ယောက်ဖတော်လက်ရုံးဗိုလ်နှင့် စွမ်းရည်ဟိသော တပ်မှုးဗိုလ်မှုးရိုအား ပြန်လည်စုရုံးပြီးလျှင် သူရဲလက်နက်ကိုင်များကိုလွှတ်၍ ရခိုင်သက္ကရာဇ် ၁၁၇၄ ခုနှစ် ကဆုန်လတွင် မြန်မာရို့တပ်စွဲထားသော ငကြည်းတောင်တပ်ကို တိုက်ခိုင်း၏။ မြန်မာတပ်မှုးငလွန်းသည် အရေးမလှ ယှုံးနိမ့်ထွက်ပြီးရ၏။

ထိုအကြောင်းကို မြန်မာဝန်ငကျော်ထင်ကြားသော် ဗိုလ်မှုးတပ်မှုးသူရဲလက်နက်ကိုင်များကို စေလွှတ်၍ ရခိုင်တပ်များအား တိုက်ခိုင်းစီသော် ရခိုင်ဗိုလ်ချင်းပြန်တပ်သားများသည် မခံမရပ်နိုင်၍ ဘင်္ဂလားနယ်သို့ ဆုတ်ခွာပီးရ၏။ အင်္ဂလိပ်အစိုးရလည်း လမ္ဗုစားဗိုလ်ရွှေလူနှင့် ဗိုလ်ချင်းပြန်မယား (မိမင်း) ရို့အား လှည့်ဖျားခေါ်ယူပြီးလျှင် ဒေလီပဆာသို့ပို့ဆောင်ကာ အစောင့်အယှောက်ဖြင့်ထား၏။ ဗိုလ်ချင်းပြန်ယောက်ဖ လက်ရုံးဗိုလ်သည် အင်္ဂလိပ်၏အဖမ်းအဆီးခံရ၍ စစ်တကောင်း၌အကျဉ်းချထားလီရာ အကျဉ်းထောင်၌ပင် ကွယ်လွန်အနိစ္စရောက်၏။

သို့တိုင်အောင် အယာမခံ ဗိုလ်ချင်းပြန်သည် တပ်မှုးဗိုလ်မှုးလူသူလက်နက်ရို့အား စုရုံးပြီးလျှင် ဘင်္ဂလားမှပြန်ထွက်ခွာကာ နတ်မြစ်လက်ယာဖက် မင်္ဂလာကြီးအရပ်၌တပ်တည်၍ မြန်မာကျူးကျော်သူရို့အား ထပ်မံတော်လှန်၏။ ဗိုလ်ချင်းပြန်သည် သူ၏အစ်ကို လေးမြို့စားအောင်ကျော်၊ ဒင်္ဂါးတောင်စား တုံးစရွှီ၊ ဗိုလ်စော်ကဲနှင့် တပ်မှုးဗိုလ်မှုးရို့အားရုံးစု၍ သူ၏ယောက်ဖအသက်နှံကို ဗိုလ်ချုပ်ခန့်ကာ မြန်မာဝန်ငကျော်ထင်ကို ရီကြောင်းကုန်းကြောင်းချီ၍ တိုက်၏။ ဤအကြောင်းကို မြန်မာဝန်ငကျော်ထင်ကြားသိသော် ရမ်းဗြဲမှ မြန်မာသူရဲများနှင့် ရမ်းဗြဲဝန် လက်ယာငစည်သူကို ဗိုလ်ချုပ်ခန့်၍ ချီတက်ခိုင်းရာ ရခိုင်သက္ကရာဇ် ၁၁၇၄ ခု ပြာသိုလတွင် ရခိုင်ဗိုလ်ချင်းပြန်၏တပ်နှင့် မိုးစည်းမြစ်တွင်တွိဆုံ၍ ရင်ဆိုင်တိုက်ပွဲဖြစ်ပွား၏။ ဗိုလ်ချင်းပျံ၏တပ်များ လက်နက်အင်အားမမျှသဖြင့် မိုးစည်းကျွန်းသို့ ဆုတ်ခွာပီးရ၏။ ထိုအခါ မြန်မာတပ်ရို့သည် မိုးစည်းကျွန်း၌ဟိသော ရခိုင်ပြည်သူအပေါင်းအား ဗိုလ်ချင်းပြန်၏လူဟုစွပ်စွဲပြီး မြီလှန်သတ်ဖြတ်လိုက်၏။

ထိုအကြောင်းကို နောက်ချီလာသော ဗိုလ်အောင်ကျော်၊ ဗိုလ်ချင်းပြန်၏ယောက်ဖ ဗိုလ်ချုပ်အသက်နှံကြားသိရလျှင် တပ်ရပ်နီပြီး ဗိုလ်ချင်းပြန်သည် မင်္ဂလာကြီးအရပ်ကပြောင်း၍ ရှောက်ချောင်းဖျား၌ ရခိုင်သက္ကရာဇ် ၁၁၇၄ ခု၊ တပိုးထွဲလတွင် သရက်ချိုမြို့ကို တည်၍နီ၏။ မြန်မာစိန်ဘူးငကျော်ထင်သည် အများမကြာသီလွန်၏။

စိန်ဘူးငကျော်ထင်သီလွန်ပြီးနောက် မြန်မာ မဟာငနော်ရထာသည် ရခိုင်သက္ကရာဇ် ၁၁၇၅ ခုနှစ် နတ်တော်လတွင် ရခိုင်ဝန်ပြုလာ၏။ ဗိုလ်ချင်းပြန်လည်း သမက်တော် တိမ်ကြားဗိုလ်နှင့် တပ်မှုးဗိုလ်မှုးရို့အား အသီးသီးခန့်၍ သူရဲတထောင်နှင့် မြန်မာမြို့ဝန် မဟာငနော်ရထာကို တိုက်ရန်စေလွှတ်လိုက်၏။ ဗိုလ်ချင်းပြန်၏တပ်မှုးဗိုလ်မှုရို့လည်း တပ်ချီတက်လာ၍ ဂစ္ဆပနဒီမြစ်ညှာဝသို့ရောက်သောအခါ မြန်မာငနော်ရထာသတင်းရပြီး မြန်မာမြို့သူကြီး ငရန်ကင်းကို ဗိုလ်ချုပ်ခန့်၍ များစွာသော လက်နက်ကိုင်ရို့နှင့် ချီတက်ခိုင်း၏။ ထိုအခါ ရခိုင်သက္ကရာဇ် ၁၁၇၅ ခု ပြာသိုလတွင် ဂစ္ဆပနဒီ (ကုလားတန်) မြစ်ညှာကူးဝတွင် ရခိုင်ဗိုလ်ချင်းပြန်၏တပ်နှင့် မြန်မာတပ်များ ရခိုင်တိုက်ပွဲဖြစ်ပွား၏။ ဗိုလ်ချင်းပြန်တပ်များ များစွာထိခိုက်နစ်နာ ဆုံးယှုံး၏။ ထိုအခါ ဗိုလ်ချင်းပြန်လည်း သရက်ချိုမြို့မှ ပြောင်းရွှိကာ ပင်းဝါ (ရာမူး) ဘင်္ဂလားနယ်သို့ ဆုတ်ခွာလာ၏။ ကြွင်းကျန်သော ရခိုင်တပ်ရို့သည်လည်း မြန်မာတပ်ရို့၏၀ိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခြင်းခံရ၏။ သို့သော် ရခိုင်သူရဲရို့သည်ကား မြန်မာကျူးကျော်သူများအား အယာမခံ စွမ်းမံတရဲ အလံမလှဲ တော်လှန်တိုက်ပွဲဝင်ခကတ်ပါသည်။

ဗိုလ်ချင်းပြန်သည် ပင်းဝါရာမူးနယ်သို့ ၀င်ရောက်လာကြောင်းကို စစ်တကောင်းအင်္ဂလိပ်မြို့ဝန်ကြားသိလျှင် ဗိုလ်ချင်းပြန်အားဖမ်းဆီးစီပြန်၏။ ဗိုလ်ချင်းပြန်သည် တောနက်ထဲသို့ ၀င်ပုနုးနီရ၏။ မြန်မာဝန် မဟာငနော်ရထာလည်း ရခိုင်သက္ကရာဇ် တပေါင်းလမှစ၍ အနောက်ပြည်မှလာသော ရခိုင်သားရို့အား၎င်း၊ ရခိုင်ပြည်၌ကြွင်းကျန်ရစ်သောလူသန်လူမြန်အားလုံးအား ဗိုလ်ချင်းပြန်၏လူဟုစာရင်းသွင်းကာ အစတုံး ခြီမှုန်းပစ်လိုက်၏။

၁၁၇၄ ခုနှစ်မစ၍ (၅) နှစ်တိုင်တိုင် ရခိုင်ပြည်၌ စပါးဆန်ရီယှားပါးကာ အငတ်ဘေးကြောင့် လူပေါင်းမြောက်များစွာ သီကြီပျက်စီး၏။ ထိုနောက် ရခိုင်သက္ကရာဇ် ၁၁၇၇ ခု၊ တပိုးထွဲလ ခရစ်သက္ကရာဇ် ၁၈၁၅ ခု ဇန္န၀ါရီလ (၂၄) ရက်နိတွင် ဗိုလ်ချင်းပြန်သည် ပင်းဝါ ဖလောင်းဆူအရပ်၌ ဆုံဆို့နာဖြင့် ကွယ်လွန်အနိစ္စရောက်၏။ ဇန္န၀ါရီ (၂၈) ရက်နိတွင် ကောင်းမွန်စွာသဂြိုဟ်ခြင်းပြီးစီး၏။

(ဤသည်မှာ “ဒုတိယပိုင်းရခိုင်တော်လှန်ရေးနိဒါန်း” စိုင်းတင်မြို့စားဗိုလ်ချင်းပြန်၏ “တတိအကြိမ်မြောက် မြန်မာတော်လှန်ရေး” ဖြစ်သည်။)

သိန်ကန်မိန်တွင်ရတု (မူရင်း)


သိန်ကန်မိန်တွင်ရတု (မူရင်း)
-----------------------------
အပိုဒ် (၁)

သိန်ကန်မိန်တွင်၊ ဆယ့်နှစ်ခွင်ကို၊ လွန်ပင်မြင့်စည်၊ ကြာရှည်တာအကူး၊ တပေါင်းမင်လွင်၊ ရွက်ကျင်တောင်လီမြူးက၊ ပြစ်သွယ်နူးစီးသွယ်ဖြာ၊ မတတ်သာပြီ၊ မှိုင်းလို့ရီကေ၊ ကြည့်လီသမျှသာတည်း။ ပင်တိုင်းမှာညှာရွက်ကြွီ၊ လီပြင်းခတ်လိုက်၊ ပရစ်ဝီ၀ီနှင့်၊ ငှက်ရွှီမောင်နှံစုံ၊ လိုင်ချင်းတွဲယှက်၊ ပန်းနုခက်ကို၊ ယူလျက်နှုတ်ဝယ်မုံရယ့်၊ စာခွန့်တုံရွှင်နှစ်လို့၊ တထူးထွေလာ၊ ဘာသာလူလို၊ မကိုနှုတ်ဖြင့်တို့ရယ့်၊ ဧးယ်သို့ချစ်ဖွယ်ဆင်။ ရာသီခွင်ဆယ့်နှစ်လမ်း၊ ငြမ်းနှင့်အညီ၊ မိဂသီပင်၊ ရှိယ့်ကမြင်သော်၊ စက်ခွင်မှာယောင်ယမ်းခယ့်။ ထောက်လှမ်းမစာနာ၊ ပညာအထု၊ မြတ်သူ့ကြည့်မှန်၊ ကြာလီဟန်မူ၊ သူရတန်ရင်သွီး၊ ဒန်ရမာဇာလီ၊ ဒူရဘီနှင့်၊ ချစ်ညီတူခရီးကို၊ နောက်မီးမလျှောက်လို။ နီလဲ့နှစ်ဆင့်၊ နှစ်ပွင့်စုံညီ၊ မဒ္ဒီရှိယ့်အဟိုရို့၊ တောင်ကျွန်းညိုလောကဓါတ်၊ တိုင်းမိဇ္ဈိမာ၊ ယင်းကဖြာကေ၊ ရာဇာအမျိုးမြတ်အယ့်။ ဆက်မပြတ်သိမ်းယူပြန်၊ သာကီအဆက်၊ နွယ်မပျက်ကေ၊ ကနက်ဖြန့်ကာစံအယ့်။ သျှစ်တန်ပလ္လင်ရိုး၊ ဘိုးကဆက်ခံ၊ ဘနန်းစံကေ၊ နန်းရံကိုယ့်အမျိုးတည်း။ ကတိုးနံ့ဥဒဟို၊ သင်းပျံ့မွှီးကြိုင်၊ သျှစ်ရပ်လှိုင်ကေ၊ မဏ္ဍိုင်ချက်မြုပ်သိုထက်၊ ပြည်နဂိုရ်ဝေသာလီ၊ ဓညနှစ်ခန်း၊ နှစ်ပြည်လွှမ်းကေ၊ ထီးနန်းအစီရီတည်း။ မျိုးသာကီစိုင်မပျက်၊ နှစ်ပေါင်းရှည်ကြာ၊ မဟာနွယ်မျိုးတက်အယ့်။ မယှက်မနှောပြီ၊ သျှစ်သောင်းအချာ၊ ဆက်ကာစိုးစံ၊ နန်းရံမယ့်ဌာနီသို့၊ ရာသီခွင်မစွန်းခင်၊ အောင်စည်ရွှန်းလို့၊ စက်ပန်းဖြန့်စိယ်ချင်ရေ၊ နောက်ခွင်ကြာလွန်းစွတကားလည်။

အပိုဒ် (၂)

နောက်ခွင်ကြာလွန်း၊ ရာသီစွန်းလျှင်၊ ရစ်သန်းလှည့်ခါ၊ သျှစ်ဖြာအုံးလာကြိုး၊ အာကာတိမ်းညွတ်၊ ပြိုလတ်ဘိသွင်၊ မယ်လျှင်လက်စုံမိုးရယ့်၊ ကြောက်ရွံ့စိုးညှိုးမျက်နှာ၊ လက်ရွှီဖြန့်ထား၊ သိကြားကိုလျှောက်ထားပါအယ့်။ တောင်ညာမဟေရင်သွီး၊ နှစ်ပါးမောင်နှံစုံ၊ ဘုန်းရိပ်လှုံကေ၊ ပဒုံကြာနံ့မွှီးအယ့်။ ချစ်ကြွီးမတင်ခင်၊ ဆယ့်သုံးနှစ်ဝယ်၊ ငယ်ရွယ်စိုင်ကပင်တည့်။ ဘနတ်သျှင်လောင်းဘုရား၊ ခြားဝမ်းမကွာ၊ ရင်းချာမောင်မယ်နှစ်ပါးကို၊ ပီးမြားစုလျားတင်၊ လက်ထပ်ရီသွန်း၊ ဆယ့်နှစ်ခန်းမူ၊ ထူးဆန်းသဘင်ဆင်ရယ့်၊ ချစ်ကြိုးမျှင်သွယ်ရစ်ပတ်၊ န၀ရတ်စီ၊ သိင်ဂီအိမ်ရှိယ့်နတ်နှင့်၊ စိန်ခြယ်သတ်အလယ်တွင်၊ မောင်းမများမြောင်၊ တထောင်မက၊ စံကြတုံးကိုပင်တည့်။ သုံးနှစ်ရာသီမှာ၊ ကုလားနီပြန်၊ သူရတန်က၊ အားအန်ပြတုံလာရယ့်၊ ခွန်ဘဏ္ဍာဆက်မသွင်း၊ ဥပရာဇ်သျှင်၊ မယ့်ထိပ်တင်ကို၊ အလျှင်ချီစိယ်လျှင်းဟု၊ သောင်းတွင်းဇမ္ဗူပိုင်၊ အာဏာမိန့်မြတ်၊ ဘခင်နတ်က၊ အမတ်တထောင်၊ မြားမြောင်လက်နက်ကိုင်နှင့်၊ တောင်မဏ္ဍိုင်ပြိုမခန်း၊ ဆင်မြင်းစစ်ချီ၊ ပဲ့တင်ဝီကေ၊ ဧးယ်မြီသိမ့်သိမ့်ကျန်းမျှ၊ နန်းအိမ်ရှိသိခင်၊ နံတော်ကမူ၊ စတူရပါဒ်၊ နက္ခတ်အထွန်း၊ ကျီးကန်းတာရာ၊ ဟင်္သာအထွက်၊ စစ်ချီတက်လျှင်တည့်။ နောက်ခွင်မောက်သူဇာ၊ ခရိုင်တလွှား၊ အပိုင်စားကေ၊ စံကားသုံးကြိမ်ကြာခယ့်။ တောင်တာကိုချင့်တွက်ပြန်၊ မယ်ရို့စံမြန်း၊ ရွှီဘုံနန်းနှင့်၊ ဂဏန်းသင်္ချာ၊ ယူဇနာမူ၊ န၀ါဒသမှန်အယ့်။ အလျှင်အမြန်ပြန်စိယ်ကြောင်း၊ ဆုတောင်းဆုယူ၊ သိမ့်သိမ့်ဆူကေ၊ သျှင်လူများအပေါင်းတည့်။ နန်းလောင်းမယ့်သိခင်၊ အောင်ပန်းစိုက်ဆောင်၊ ဘုန်းခေါင်ပြန်စိယ်ချင်ရေ၊ လျှောက်တင်ခါပန်းစွတကားလည်း။

အပိုဒ် (၃)

လျောက်တင်ခါပန်း၊ ရာသီဆန်းလျှင်၊ နန်းမြင့်အောင်မြီ၊ ဆယ့်နှစ်လီရစ်သန်းမြူး၊ မောက်သူဇာကေ၊ ဒက္ကာဆိပ်ကမ်းဦးက၊ ကျေးဇူးဂုဏ်သျှစ်တန်၊ အမတ်လိမ္မာ၊ ထိုမြို့ရွာတွင်၊ အာဏာသုံးခယ့်ပြန်မှ၊ ပြောင်ဆဒ္ဒန်မာတင်ရိုး၊ ထွက်လျှင်မပြန်၊ မလှန်ရို့မင်းမျိုးတည့်။ ဆိုးကောင်းနှစ်ပါးတွင်၊ ရိပ်ခြည်အမျှင်၊ အသျှင်သိလျှင်းပင်တည့်။ ပညာသျှင်အုပ်ထိန်းမှ၊ မြို့ပြပြည်ရွာ၊ သာယာစည်ကားလှအယ့်။ မင်းယောက်ျားဓမ္မတာ၊ ပညာမဲ့ကွက်၊ ညာဏ်မစွက်သော်၊ ပြည်ထက်မထားရာတည့်။ ရှိယ့်ကျမ်းလာ ထုံးစာဟောင်း၊ ကျိုးကြောင်းသိပြန်၊ ဘွဲ့မွန်အမတ်ကောင်းကို၊ နောက်တကြောင်းကုလားရွာ၊ အပိုင်အပ်ပြီး၊ စစ်သူကြီးဟု၊ စောထီးထားခယ့်မှာအယ့်။ ဘရာဇာမိန့်တော်မြတ်၊ ဦးထိပ်ရွက်ပန်၊ နန်းရံအိမ်ရှိယ့်နတ်ကို၊ ရိုညွတ်လျှောက်ထားတင်၊ ရာသီပြောင်းရယ့်၊ မိုးနှောင်းဝါလ၊ ဆောင်းစအကူးတွင်နှိုက်၊ များဖျင်စစ်ဗိုလ်ခြီ၊ ထိုမြီတ၀က်၊ လက်နက်ထားခယ့်စိယ်ဟု၊ မြောက်လီဖြူးလာလျှင်၊ ဘရာဇာမိန့်မြတ်ထူး၊ ဦးထိပ်ပန်ရွက်ဆင်ရယ့်၊ ရှိယ့်လာလျှင်နောက်လည်းကောင်း၊ ရုံးပေါင်းရှုမျှော်၊ ညာဏ်တော်သာအကြောင်းတည့်။ မင်းလောင်းရာဇာ၊ ကြည်းရီတင်းကျန်း၊ မြစ်လမ်းနှစ်ဘက်မှာလည်း၊ နိယ့်မကြာအထပ်ထပ်၊ ရက်စပ်စိယ်ကျွန်၊ ရောက်လတ်ပြန်သော်၊ အမှန်မယုံလတ်ခယ့်။ နောက်ရပ်ပိုင်သိခင်၊ ဟေမန်အကူး၊ ရဲမှုးစစ်အောင်မြင်ရေ၊ ရောက်ထင်ကြာနန်းကတကားလည်။

သုဝဏ္ဏဒေ၀ီ (စောပြည့်ညို)


လူမျိုးခြားကို လက်ငါးချောင်းမပီးလီကဲ့


လူမျိုးခြားကို လက်ငါးချောင်းမပီးလီကဲ့
--------------------------------------
ဒေဟင့်က အကျွန်တော် (၂၀၀၁) နှစ် ဧပြီလက ရန်ကုန်သို့လာဖို့ခါ အဘောင်သျှင်မှာလိုက်တေ စကားတခွန်းပါ။ အကျွန်တော် ရန်ကုန်သို့လားဖို့အတွက် ရွာကနီပနာ စစ်တွေသို့ မထွက်ခင် မိုးထက်ဘက်မှာ အဘောင်သျှင်က ကျွန်တော့ကိုခေါ်ပြီးကေ ငါ့မြီးချေ ငါ့မြီးချေအတွက် အဘောင်သျှင် လူကြီးသူမတိ လက်ဆင့်ကမ်းခရေ စကားတခွန်းကို မှာလိုက်ချင်ရေဆိုပနာ ဒေစကားကိုပြောလိုက်စွာပါ။ အဘောင်သျှင်က ဇာပြောလဲဆိုကေ “လူတိုင်းလူပြည်မှာ ဘ၀ကြီးပွါးရေးအတွက် လားရောက်နီထိုင်ရကေလည်းသော့ လူမျိုးခြားကို လက်ငါးချောင်း မပီးလီကဲ့” လို့ အဘောင်သျှင်က ပြောပါရေ။

ကျွန်တော်လည်း အဘောင်သျှင်ပြောစွာကို နားမလည်လို့ လက်ငါးချောင်းကို မပီးလီကဲ့ဆိုစွာ ဇာအဓိပ္ပါယ်ပါလဲလို့ ပြန်မီးကြည့်လိုက်တေ။ ယေခါ အဘောင်သျှင်က ကွမ်းတစ်ယာယာပနာ အကျွန်တော့ကို ယှင်းပြပါရေ။ ငါ့မြီးချေ လူ့ဘ၀မှာ တိုးတက်အောင်မြင်ဖို့အတွက် အရိုအသေပီးသင့်ရေလူကို အရိုအသေပီးရဖို့။ ယင်းပိုင် အရိုအသေပီးရေခါ ငါ့မြီးချေ လက်ဆယ်ချောင်းကို အသုံးပြုလို့ အရိုအသေပီးလီ။ ငါ့မြီးချေ တိုးတက်အောင်မြင်လိမ့်မေ။

လူတယောက်မှာ လက်ချောင်းချေ ဆယ်ခုစီပါရေမလား၊ လူကြီးသူမတိကို အရိုအသေပြုရေခါ ဆယ်ချောင်းလုံးကို အသုံးပြုရရေ။ လူ့သဘာအရ အချိန်တန်အရွယ်ရောက်လို့ အိမ်ထောင်ယာသားပြုရေခါ သမက်တက်ပွဲမှာ ယောက်ျားဘက်က လက်ငါးချောင်းနန့် မမဘက်က လက်ငါးချောင်းကို ပေါင်းစပ်ပီးကတ်တေ။ ယင်းချင့်ကို အိမ်ထောင်ပြုရေလို့ ခေါ်ရေ။ ယင်းပိုင် အိမ်ထောင်ပြုရေခါ ငါ့မြီးချေရေ ရခိုင်မဟုတ်တေ လူမျိုးခြားနန့် အိမ်ထောင်မပြုလီကဲ့လို့ အဘောင်သျှင်က ပြောချင်စွာ။

လူမျိုးခြားကို လက်ငါးချောင်းပီးလိုက်ကေ ကိုယ့်ဘ၀နစ်နာရေ။ ကိုယ့်လူမျိုး၊ ကိုယ့်ယိုင်ကျေးမှု၊ ကိုယ့်အစိုင်အလာတိ ဆုံးယှုံးတက်တေ။ ငါ့မြီးချေကို အဘောင်သျှင်ရို့ ထိန်းသိမ်းခရေ အမွီအနှစ်တိကို ဆက်လက်ထိမ်းသိမ်းစီချင်ရေ။ အဘောင်သျှင်က ယင်းပိုင်ပြောပနာ အဆုံးသတ်လိုက်ပါရေ။ အကျွန်တော်လည်း အဘောင်သျှင်နားမှာ တနားထိုင်ပျာ ရှိသုံးကြိမ်ခိုးပနာ ပြန်ထပါလတ်တေ။

အကျွန်တော့် အဘောင်သျှင်စကားကို ရခိုင်သူ၊ ရခိုင်သားရို့အားလုံး စောင့်ထိန်းနိုင်ပါစီ။

(ရန်နိုင်စိုး)

အခွင့်အရေး


အခွင့်အရေး
----------------
ညက အိမ်မက်ကို
သင် ပြန်မက်ခွင့်ဟိပါ၏ --။

အနာဂါတ်၌ ပျံသန်းသူ ငါ့အား
တားဆီးပိုင်ခွင့် သင့်၌ မဟိ --။

ဝါဒမှိုင်းကပ်နီသော သင့်ခေါင်မိုးအား
အတ္တအရောင်သုတ်ခွင့် သင့်၌ ဟိ၏ --။

မြူမှုံကင်းသော ငါ့ပြတင်းပေါက်ကို
ကျင့်ဝတ်လိုက်ကာ လာချခွင့် သင့်၌မဟိ --။

အိုးတွင်ထွင်းထားသော သင့် ရှိရိုးပန်းသဏ္ဍန်၌
သင်နှစ်သက်ခွင့် ဟိ၏ --။

ကွဲပြားဆန်းသစ်သော ငါ့ဒီဇိုင်းများအား
ပြစ်တင်ပယ်ဖျက်ခွင့် သင့်၌မဟိ --။

ဆင်၏နှာမောင်းကို ကိုင်မိသော
သင့်အသိကို အမှန်တရားဟု မှတ်ယူနိုင်၏ --။

ခြီထောက်ကိုကိုင်မိသော ငါ့အား
မှားသည်ဟုယိုးစွပ်ခွင့် သင့်၌ မဟိ --။

(နတ်မောင်)

ရွာတရွာမှာ


ရွာတရွာမှာ
------------
ုရွာတရွာမှာ ဘုန်းကြီးကျောင်းတကျောင်းဟိရေ။ ရွာမှာ တရားနာဖို့ဆိုကေ ယင်းကျောင်းက ဘုန်းကြီးလားပင့်ရရေ။ ယင်းဘုန်းကြီးကျောင်းမှာ အလွန်တရားဟောချင်ရေ ဘုန်းကြီးတပါးဟိရေ။ ဘုန်းကြီးလာပင့်ရေထဲမှာ သူတခါလည်းမလိုက်ရ။ ဘုန်းကြီးမှာ တရားဟောချင်ရေစိတ်ကို မျိုထားရရေ။ ယင်းရွာမှာ မောင်သာလှဆိုရေ ငပျင်းတယောက်ဟိရေ။ သူ့အလုပ်က စားလိုက်အိပ်လိုက်နန့် အချိန်ကုန်ရေ။ တရက်နိ သူ့အိမ်သျှင်မကပြောရေ "ဒေနိ ထမင်းချက်ဖို့ထင်းရှာခီ။ ပါမလာကေ အိမ်ပြန်မလာကဲ့" ဆိုပြီးကေ ခိုင်းလိုက်တေ။ ငပျင်းလည်း ထင်းရှာဖို့ လားရေ။

တချက်တီးကျော်လောက်မှာ ငပျင်းက လယ်ကွင်းထဲကိုရောက်လားခရေ။ လယ်ကွင်းထဲမှာ လူတိ အညောင်းဖြေနီကတ်တေ။ ယင်းအချိန်မှာ တရားဟောချင်ရေဘုန်းကြီးကြွပါလတ်တေ။ ယေခါ ဘုန်းကြီးလည်း ၀မ်းသာလားခပြီးကေ ငါ့တော့ ဒေမှာတရားဟောလို့ရပျာဆိုပြီးကေ လယ်ကွင်းမှာဟိရေ လူတိအားလုံးကို တရားစဟောရေ။

ငပျင်းလည်းထင်းရှာဖို့ပျင်းရေခါ တရားဟောစွာ ၀င်နားထောင်ရေ။ (၁၁) ချက်တီးလောက်ကျော်ရေခါ လူတိအားလုံး ထွက်ပြီးလားခကတ်တေ။ ငပျင်းတယောက်တည်းရာကျန်ရေ။ ဘုန်းကြီးမျက်စိဖွင့်ကြည့်လိုက်တေခါ ငပျင်းထွက်ပြီးစွာကိုမြင်ရေ။ ဘုန်းကြီးလည်းနောက်ကလိုက်တေ။ ငပျင်းလည်းပြီး၊ ဘုန်းကြီးကလိုက်၊ လိုက်ကတ်တေခါ ငပျင်းရီတွင်းထဲကို လူးကျလားခရေ။ ယေလည်း ဘုန်းကြီးကတရားဟောစွာမတန့်။ ဆက်ဟောရေ။ ယေခါ ငပျင်းက အော်လိုက်တေ။

"ရတနာ (၂) ပါးကယ်တော်မူပါ"

ယေခါ ဘုန်းကြီးက မီးရေ -

"ရတနာ (၃) ပါးမဟုတ်လား တကာ"

ငပျင်းက ရီတွင်းထဲကနီ ပြန်အော်ရေ -

"ရတနာ (၃) ပါးမှာ (၁) ပါး ကောင်းဒုက္ခပီးနီပါရေ"

ဘုန်းကြီးလည်း ရှက်အားကြီးလို့ ကျောင်းကိုသင်္ကန်းဖုံးပနာ ပြန်လားခရေ။ ငပျင်းအိမ်ကိုရောက်ကေ ဇာဖြစ်ဖို့လဲဆိုစွာ သူငယ်ချင်းတိစဉ်းစားကြည့်ကတ်ပါလီဖိ။

(ငြိမ်းငြိမ်း)

ပိုးမီးစုန်း


ပိုးမီးစုန်း
-----------
တန်းဆောင်ဘုန်းလပြည့်နိ
အာကာထက်မှာ ကြယ်ချေလက်လက်
ဝင်းခြံဒေါင့်မှာ
ပိုးမီးစုန်းလည်းအရောင်ထွက်
မီးပုံးချေပိုင် ပျံလို့တက်
တဖြက်ဖြက် တဖြက်ဖြက် --။

(ပိုးမီးစုန်း)

အသျှင်


အသျှင်
-----------
ပန်းအပေါင်းရို့သည်
ညီညာစွာတန်းစီ၍
သစ္စာအဓိဌာန်ကို
သံပြိုင်ရွတ်ဆိုကက်လီ၏ --။

အကျွန်ုပ်ရို့သည်
သခင်မအလိုကျ
ခယ၀ပ်တွား၍
အသျှင့်ထံပသို့
သိင်္ဂါရတရားကို
ဆောင်ကြည်းပီးပါမည်ဟု
အဓိဌာန်ပြုပါ၏ --။

(အောင်သာဖြူ)

မြောက်ဦးဝေဒနာ


မြောက်ဦးဝေဒနာ
============


မကြာပါသိမ့် ထိုတနိက
အမိသောက်ရှူး မြို့မြောက်ဦးသို့
လည်ဇောင်တခေါက် ရောက်ခီယင့် ---။

တံတိုင်းကပျက် အုတ်ချပ်ထွက်ပျာ
အသက်မပါ မြို့သူနာကို
အကျွန်စလို့ တွိခယင့် ---။

ကျောင်းတော်အပြို ဘုရားအိုလည်း
ငိုလို့ယိုလို့ မြင်ခယင့် ---။

စေတီပုထိုး ထီးတော်ကျိုးလည်း
မျက်ရည်မိုးကြီး ရွာနီယင့်

မပီဝိုးဝါး ကျောက်စာများလည်း
တေားများအတိ ဖုန်းလီယင့်

သြော် ---
ဌာနီအပြန် မြို့အလွန်မှာ
နောက်ပြန်ပျာကြည့် တံတိုင်းပဲ့ကို
ဦးတည့်ရှိခိုး လက်စုံမိုးခိုက်
အမှတ်မထင် ကျွန့်ပါးပြင်မှာ
မျက်ရည်သွင်သွင်ကျမိရေ ---။

(လူခိုင်)

(စာကြောင်းတိ ကျကျန်ခရေလို့ ပြောပါရေ။ မူရင်းမဂ္ဂဇိင်းပါကဗျာနှင့် တိုက်ဆိုက်ပြီး ပြန်ပျင်ပီးကတ်ပါ။)

ဝမ်နည်းဝမ်းသာ


ဝမ်နည်းဝမ်းသာ
-------------------
မမျှော်လင့်စွာ ဆုံတွိလာလို့
ရင်မှာပီတိ ဂွမ်းဆီထိပမာ
ဝမ်းသာအားရ ပျော်ရွှင်ခရေ --။

ယေကေလည်းသင့်
တချက်ချေဆုံတွိ ခွဲဖို့နိမှာ
ရင်မှာမချိ ဝမ်းနည်းမိရေ --။

ကိုယ်တော် ဣန္ဒောဘာသ
(15/05/2007)

မှတ်ချက်။ ( ရွှင် ) ကို (ချွင်) ဟု မြန်မာပိုင်ယှောင်အသံမထွက်ဘဲ ( ရွှင် ) ဟု ရခိုင်လီသံထွက်ဖတ်ပါ။

မြောက်ဦးနတ်သ္မီးသိုက်


မြောက်ဦးနတ်သ္မီးသိုက်
------------------
ရခိုင်မျိုးသား သတိထားလော့
လိမ္မာမြင်ပြင်း ဆင်းရဲအားရ
ကြွယ်ဝမနာလို ကိုယ့်ထက်သာမကြိုက်
အမိုက်တရား ဤလေးပါးကြောင့်
ရခိုင်သားမှာ တိမ်ကောလာသည်
နောင်လာနောင်သား သိစီသောဝ် --။

ရခိုင်မျိုးသား သတိထားလော့
ဗာဗူနာနုံ ခေါ်ကျင်တုံငြား
ကုလားများကို သနားပိုရန်
မလိုအပ်ကြောင်း ခမောင်းပင်မှာ
ညောင်လျှင်ကပ်ရောက် အမျိုးပျောက်လိမ့် --။

(နာမည်မသိ စာဆို)

ပူဆိပူဆာ


ပူဆိပူဆာ
---------------
ကိုင်းလီကိုင်းလိုင်း
သစ်ကိုင်းထက်မှာ ဗျိုင်း --။

ဗျိုင်းကားဇာဖို့ နားရုံ
ငါးပေါ်လို့ နားရေရာ --။

ငါးကဇာဖို့ ပေါ်ရုံ
ရီနောက်လို့ ပေါ်ရေရာ --။

ရီကဇာဖို့ နောက်ရုံ
ကျွဲစိမ်လို့ နောက်တေရာ --။

ကျွဲကဇာဖို့ စိမ်ရုံ
ပိုးကိုက်လို့ စိမ်ရေရာ --။

ပိုးကဇာဖို့ ကိုက်ရုံ
မိုးရွာလို့ ကိုက်တေရာ --။

မိုးကဇာဖို့ ရွာရုံ
ဖားအော်လို့ ရွာရေရာ --။

ဖားကဇာဖို့ အော်ရုံ
မြီမျိုလို့ အော်ရေရာ --။

မြီကဇာဖို့ မျိုရုံ
ပူဆိပူဆာ မနီသာလို့ မျိုရေရာ --။

(ဗိုလ်မင်းထောင်မှ ဇမ်းကဗျာ)

ဥသြရီသောက် မုနိပျောက်


ဥသြရီသောက် မုနိပျောက်
-------------------------
(၁၁၄၆) ဥသြရီသောက် မုနိပျောက်
ထိုသည်ခုနှစ် ရောက်သောခါ
မုနိမြတ်မဟာ --။

ပြည်မြန်မာ ပါလို့လား
ယင်းမှာ ထောင်ချထား --။

တန်းဆောင်ဘုန်းလဆန်း (၁၃)
ရက်က ကဠုံပါ --။

ဆောင်ယူလားရာ ထိုရက်နိ
ဤသို့ မှတ်လို့သိ --။

(နာမည်မသိ စာဆို)

ရခိုင်ရက်သတ္တတပါတ်


ရခိုင်ရက်သတ္တတပါတ်
---------------------
တလင်္လဂုနီ၊ တလင်္လာ
နိမြတ်ရက်ရာဇာ --။

င်္အဂါ ဗုဒ္ဓူး
ရွှီမြို့မြောက်ဦး အောင်သံကျူး --။

ကြသားပတီး၊ သောက်ကြာ
စည်တော်လည်းတီး မင်္ဂလာ --။

စနီ နဂါးမောက်
အခေါင်မိုးသို့ရောက် --။

(စိုင်းဒြားမင်းခွာ)


မင်္ဂလာပါ


မင်္ဂလာပါ
----------------
မင်္ဂလာပါ မိုးထက်စောစောအချိန်ခါ
ဘုရားတရားမြတ်သင်္ဃာ မိဘဆရာရတနာ
လက်အုပ်ချီပျာ ကန်တော့ပါ --။

ညီတူညီညာ ၀တ်ဆင်ကာ
ကျောင်းသင်ခန်းစာ စာပညာ
တတ်အောင်ကျွမ်းအောင် သင်ယူပါ --။

သားကောင်းသမီးကောင်း ရတနာ
နိုင်ငံတေးကို သီဆိုပျာ
အောင်လံတော်ကို ထမ်းချီပါ --။

ကျက်သရည်ဂုဏ် အဖြာဖြာ
ရက်မြတ်ချိန်ခါ မင်္ဂလာပါ --။

ခိုင်မြသိန်း (ချောင်းသာကြီး)
ဂျူလိုင်လ (၃) ရက်နိ၊ ၂၀၀၆။

ဇာကိုလားလို့ ဖြေရမည်


ဇာကိုလားလို့ ဖြေရမည် (What Shall I Do?)
----------------------------------------
ဆီးနှင်းစိုစို ပြာသိုလည်းလွန်
လက်ပံပွင့်ဖူး ရာသီပြောင်း၍
တပေါင်းကူးသော် --။

ဝမ်းနူးစဖွယ် တောမြိုင်လယ်မှာ
တွန်မြည်ယင့်ယင့် ရင်ကိုဖွင့်လျှက်
ပင်မြင့်ထိပ်ချာ ကိုင်းအညှာမှာ
နားကာလှမ်းထောက် မြကန်သာကို
ဝဲလာရောက်ကာ ရီသောက်လာသော
ဥသြရွယ်ပျို သာခြင်းဆိုကေ
ဇာကိုလားလို့ဖြေရမည် --။

တောင်ကမူမှာ ဂူလည်းပြိုပျက်
နွယ်မြက်ဆောင်းဆောင်း တရောင်းရောင်းဖြင့်
ရှိဟောင်းဘုရား ဥက္ခောင်းကျိုးမှာ
ဂြိုးညိုနားကေ ဇာကိုလားလို့ဖြေရမည် --။

ညောင်ကြက်မြီမျို ဇာတီအိုလည်း
ပြိုပျက်ယိုယွင်း ကိုးကွယ်သူလေ
လူသျှင်ကင်းလို့ သတင်းနီဝင်
လပပြင်မှာ ဟင်းလင်းမြင်ကေ
ဇာကိုလားလို့ဖြေရမည် --။

(သာလှဦး)

(မည်) ကို (မေ) ဟု အသံထွက်ဖတ်ပါ။

ပန်ချင်သူ


ပန်ချင်သူ
---------
ရက်ပြတ် လှည့်မကြည့်ပါကဲ့
မျှော်လူရင်ကျိုးအောင်
သရော်စွာလာ --။

မင်းမျက်ဝန်းက
ရင်ကိုလန်းစီလို့
တော်ဝင်ပန်းကိုမှ
တမ်းတလိုချင် --။

ပန်းမြတ် အထွဋ်သဇင်
အာကာမှာ ယဉ်ယိမ်းလို့
ကြိုင်မွှီးရေအသျှင် --။

ရွှီတူငွေတူ သရဖူဖြစ်လို့
ချစ်လွန်းရကြင် --။

(သာလှဦး)


ရခိုင်သားတိ မယား ၁၀၀ ရစီဖို့


ရခိုင်သားတိ မယား ၁၀၀ ရစီဖို့
--------------------------------
AMP က discussion တိမှာ ရခိုင်သားတိ မယားသုံးယောက် ယူသင့်မယူသင့် ဆွေးနွေးနီကတ်စွာကို အမြဲတမ်း မြင်နီရပါရေ။ မယားသုံးယောက်ရဖို့ထားလို့ တယောက်တောင်ရှာလို့မရရေလူတိ အများကြီး။ တချို့ကလည်း ရခိုင်သမတိ ရခိုင်သားကို မကြိုက်စွာ ဇာဖြစ်လို့လဲဆိုပြီးကေ မီးနီကတ်တေ။ သေချာစွာကတော့ခါ ရခိုင်သမတိုင်း တတ်နိုင်ကေ ရခိုင်သားကိုပဲ ယူချင်ရေဆိုစွာပါ။ ယေကေလည်း ဇာဖြစ်လို့ တချို.က လူမျိုးခြားတိနောက်ကို လိုက်လားခရရေလဲ။ တချို.ကလည်း အဖြေမရှာပဲနန့် မမချေတိကိုပဲ အပြစ်ပုံချကတ်တေ။ လူတိုင်းမှာကိုယ့်အားနည်း၊ အားသာချက်တိ ကိုယ်စီဟိကတ်တေ။ အခု ရွီးပြချင်စွာကတော့ ရခိုင်သားအများစုမှာ Common ဖြစ်တေ အားသာချက်၊ အားနည်းချက်တိနန့် မမချေတိရွီးချယ်ရေအခါ ဇာအချက်တိကို ထည့်စဉ်းစားရေလဲဆိုစွာ အချက်အလက်တိပါ။

အားနည်းချက် (ကိုယ့်စိတ်ထင်) တိကို အယင်ပြောပြပါမေ။ တိုက်ဆိုင်မှုဟိကေ ခွင့်လွှတ်ကတ်ပါ။

၁။ ရခိုင်သားတိစွာ အနည်းနန့်အများ ဘဝင်မြင့်ပါရေ။

ရခိုင်ဆိုပြီးကေ အမျိုးမာန်တက်စွာထက် တချို.ကလွန်ကဲပြီးကေ ဘဝင်ကိုင်ရေအဆင့်ကိုရောက်လားခရေခါ မမချေတိကို ဖွင့်မပြောဖြစ်ပဲနန့် ဝါးလုံးခေါင်းထဲမှာပဲ လပပြီးကေ အခါလွန်မိုးဖြစ်လားခစွာများပါရေ။ အချေခါကပင် gender ကို ကောင်းကောင်းအလေးပီးပြီးကေ ခွဲခြားထားကတ်စွာလည်းး ပါပါဖို့။ ကိုယ့် ရခိုင်ပြည်မှာက မမချေတယောက်မှာ ကလေချေသူငယ်ချင်း (၃၊ ၄) ယောက်ဟိကေ ယှုပ်တေဆိုပြီးကေ အပြောခံရရေ။ ယင်းချင့်တိက တကယ်တမ်း relationship တခုအတွက် approach လုပ်တေအခါ smooth ဖြစ်အောင်မပြောတတ် မဆိုတတ်ဖြစ်စီရေလို့ ထင်ပါရေ။ ငြင်းလိုက်ဖို့စွာကို ကြောက်လို့လည်း ဟိပါဖို.။

၂။ ရခိုင်သားတိစွာ စိတ်ထဲမှာ ဟိစွာခံစားချက်ကို ဖွင့်မပြောတတ်။

ရည်းစားကိုချစ်လို့ တပိုင်းသီဖို့ပျာယ်။ ယေကေလည်း ပါးစက သူငယ်ချင်းတိကိုပြောကေ မိုးလားကဲလား၊ အားနာလို့ လက်ခံထားရရေဆိုရေ ပုံစံမျိုး အသံကောင်းဟစ်တတ်တေ။ အထူးသဖြင့် ယောက်ျားအချင်းချင်းကြားမှာ မယားနိုင် ကောင်းကောင်းဖြစ်ချင်ကတ်တေ။ ချစ်ကေလည်း ချစ်တေလို့မပြော။ ယင်းအပိုင်းမှာက ကိုယ့်စိတ်မှာ (၁) ဆချစ်ကေ (၁၀) ဆချစ်တေလို့ပြောတတ်တေ မြန်မာတိနှင့် အမှတ်ကွာလားပါပျာယ်။ မမချေဆိုစွာက ယင်းပိုင်ပြောမှ သဘောကျရေ။ ယူပြီးခါ ဖျာပိုင်ခင်းပြီးနင်းထား နင်းထား၊ မရခင်ကတော့ ထိပ်မှာတင်ထားမှ။ အဓိကက ပြောဆိုဆက်ဆံရေးမှာ ကောင်းကောင်းလိုသိမ့်ရေ ဆိုစွာပါ။

၃။ တော်တော်များများ ရခိုင်သားတိစွာ သိက္ခာဟိဟိ မရူးဝံ့ကတ်။

ကိုယ်ယှုံးကေ၊ ငြင်းခံရကေ ခါးခါးသီးသီးတုန့်ပြန်ရေ။ အငြင်းပယ်ခံနိုင်ရေသတ္တိမဟိ။ တဖက်သားကိုအပြစ်ပုံချပြီးကေ ကိုယ့်အပြစ်ကို ဝန်မခံတတ်။ စွပ်စွဲစွာ ပြင်းထန်ချင်ကေလည်း ပြင်းထန်လီပါဖို့။ လူတိုင်းမဟုတ်ကေလည်း တော်တော်များများမှာ တွိရလို့ စိတ်မကောင်းပါ။ အထူးသဖြင့် ရည်းစားစကားပြောလို့ မမချေဖက်က လက်မခံနိုင်လို့ငြင်းလိုက်ကေ သပုတ်လီလွှတ်ပြောစွာကို အမြဲတမ်းတွိရရေ။

၎။ တော်တော်များများ ရခိုင်သားတိစွာ gentleman ဆိုစွာဇာလဲဆိုစွာ နားမလည်။

အပြစ်ဆိုဖို့တော့ နည်းနည်းခက်ပါရေ။ ရခိုင်စွာ male dominant ဖြစ်တေ society တခုပါ။ ထမင်းစားတိုင်း လင်ကို အယင်ဦးချရရေနီရာက လာလူတိဆိုခါ အနောက်တိုင်းကိုရောက်လာရေအခါမှာ lady first ဆိုပြီးကေ ထမင်းဝိုင်းမှာ မမချေကို အယင်ဦးစားပီးထည့်ပီးရေ စနစ်နန့် မရင်းနှီစွာ အဆန်းတော့ မဟုတ်ပါ။ ယေကေလည်း အခု oversea ကိုရောက်နီရေလူတိကတော့ သိသင့်ရေလို့ ထင်ပါရေ။ မမတိက အားမနာလုပ်လို့ရရေလို့ ပြောစွာမဟုတ်ပါ။ နှစ်ဦးနှစ်ဘက် respect ဟိရဖို့လို့ ဆိုလိုစွာပါ။ Gender Discrimination တိကို လျှော့ဖို့လိုပါပျာယ်။

၅။ ရခိုင်သားတိစွာ အမြင်ကျဉ်းမြောင်းရေ။

ဟုတ်ပါယင့်။ အဆဲခံလိုက်ပါအုံးမယ်။ တချို.ရခိုင်သားတိက ပြောပါရေ။ ရခိုင်သမတိဖော်စွာကို ကြည့်လို့မရလတ်။ ယင်းချင့်ကိုတော့ နားမလည်။ ကိုယ့်အရပ်နန့် ကိုယ့်ဇာတ်ဆိုစွာ ဟိပါရေ။ ကိုယ်နီရေ နီရာဒေသနန့် လိုက်လျောညီထွေဖြစ်ဖို့ အရေးကြီးပါရေ။ စစ်တွေမြို့ကိုလားပြီးကေ မီနီစကပ်နန့် ဗန်းပြနီလို့ကတော့ ဇာဖြစ်ပါဖို့လဲ။ ကမ်းခြီမှာ ဘီက်ီနီဝတ်စွာ အဆန်းမဟုတ်။ ရခိုင်သမ ဖော်စွာမကြည့်ဝံ့ကေ မျက်စိရာမှိတ်ထားကတ်ပါဖိ။ အတိုအကပ် (နိုင်ငံခြားမှာ) ဝတ်တိုင်း ပျက်စီးနီရေလို့ထင်နီစွာကတော့ ကောင်းကောင်းရယ်ရစွာ အယူအဆပါရာ။ လူတယောက်၏စိတ်ဓါတ်နန့် အကျင့်စာရိတ္တကို ဝတ်ထားရေ အဝတ်အစားနန့် ဆုံးဖြတ်တေဆိုကေတော့ သဘောပါ။

၆။ ရခိုင်သားတိစော် စိတ်မရှည်၊ ခွင့်လွှတ်သည်းခံစိတ်နည်းပါရေ။

စလို့လိုက်တေ ဆိုခါကပင် ကြုံလိုက်တိများရေ။ တနားချေလိုက်လို့မရကေ နောက်တယောက်ကို ချက်ချင်းပြောင်းတတ်တေ။ ကုသ ပပဝတီကိုရစွာ ကုသက ဖုရားလောင်းဖြစ်လို့ မဟုတ်ပါ။ ဇွဲဟိလို့။ ယင်းပိုင်ဇွဲမဟိကတ်ပါ။ ရည်းစားဖြစ်ကေလည်းသင့် ကိုယ်ရာ တလုံးချိုင့် ဖြစ်ချင်ဖြစ်ဖို့၊ မမချေကို ငါးဆင့်ချိုင့်လောက်နန့် perfect ဖြစ်ဖို့ မျှော်လင့်ကတ်တေ။ အမှားတခုလုပ်မိကေ ခွင့်မလွှတ်တတ်။ အားလုံးတော့ မဟုတ်ကေလည်း ရခိုင်သမတိုင်းလိုလိုပါးက ပြန်ကြားရစွာ စကားပါ။

တခြားအချက်တိကိုတော့ minor လို့ထင်ပါရေ။ relationship တခုတည်ဆောက်တေနီရာမှာ အခုအားနည်းချက်တိကိုကြည့်လိုက်ကေ အားလုံး အပြောအဆို၊ အမူအကျင့်နန့်သက်ဆိုက်နီစွာကို တွိပါဖို့။ ရခိုင်သားတိ အရက်သောက်လို့ မယားမရဆိုစွာကို လက်မခံပါ။ ရခိုင်သားတိက အရက်သမားဖြစ်ရစွာ ဂုဏ်ယူနီကတ်စွာကိုတော့ တွိပါရေ။ ထားလိုက်ပါဖိ ယင်းချင့်ကို။ ကောင်းရေအချက်တခုက ရခိုင်သားတိစွာ သစ္စာဟိရေလို့ ထင်ပါရေ။ မပြောတတ် မဆိုတတ်ဆိုစွာက opposite gender နန့်တွိကေ ပြောစွာပါ။ လူကြီးသူမကိုတော့ အားလုံးသူသိတတ်ကတ်တေ။ ဖြောင့်ဖြောင့်မှန်မှန်ဟိရေ။ အားနာတတ်တေ။ စိတ်ရင်းကောင်ပြီးသားပါ။ အပြောမတတ်စွာ၊ Manner မဟိစွာချေတခုကို ပျင်လိုက်ကေတော့ခါ မယားသုံးယောက်ကပြောကဲ့ အယောက် (၁၀၀) လောက်ရဖို့သေချာပါယင့်။ ကိုယ့်ကို ဝယ်နိုးဝယ်နိုးစောင့်နီကေတော့ မပြောတတ်။

(ခိုင်ဝေဇံ)

အချစ်တိလွန်ပြီးကေ အပြစ်မတင်ကတ်စီချင်


အချစ်တိလွန်ပြီးကေ အပြစ်မတင်ကတ်စီချင်
----------------------------------------------
ရခိုင်သားတိုင်းမှာ အမျိုးချစ်စိတ်က ခေတ်အဆက်ဆက် သန္ဓေတည်ဖြတ်သန်းလာပနာ ခိုင်ခိုင်မာမာဟိနီပြီးသားပင်ဖြစ်တေ။ ဒေအချက်က ငြင်းစရာမလိုရေ အားလုံးသူက သဘောတူထားကတ်တေ ဘုံယုံကြည်မှုလို့ ပြောကတ်ရဖို့ ထင်ရေ။ ယေကေလည်း
ဒေနိကာလ ရခိုင်သားတိ ရင်ဆိုင်နီကတ်ရရေ ပြဿနာတိက ဒေအမျိုးချစ်စိတ်ဆိုရေ ခံယူချက်ချေတခုတည်းနန့် ဖြေယှင်းလို့မရနိုင်ရေ မလုံလောက်တေ စိန်ခေါ်မှုအသစ်တိ ဖြစ်နီကတ်တေ။ အမျိုးချစ်စိတ်ကြီးပြီးကေ မျှော်မှန်းထားကတ်တေ စည်းလုံးညီညွတ်မှုတိမဖြစ်လာရေခါ အချင်းချင်းလက်ညိုးထိုး အပြစ်တင်ခြင်းနန့်စီ အဆုံးသတ်လားကတ်စွာကို တွိမြင်နီကတ်ရရေ။ ပုဂ္ဂလိကပဋိပက္ခတိဖြစ်ပနာ ညှိလို့မရ ကွဲပြဲလားရကတ်တေ။ ဒေပိုင်နန့် စုကွဲပြဲသံသရာလည်နီကတ်ရစွာ အေနိထက်ထိလို့ပြောကေ လွန်လီဖို့ မထင်ပါ။

ဒေကမ္ဘာကြီးမှာ လူတိရင်ဆိုင်နီကတ်ရရေပြဿနာပေါင်းစုံကို တထိုင်တည်းနန့် ဖြေယှင်းနိုင်ရေ ဆီးကြိမ်လုံးမဟိရေပိုင် နှစ်ပေါင်းနှစ်ရာကျော် အဖျက်ခံလာရရေ ရခိုင်ရို့လူ့ဘောင်ကို ပြန်ပနာတည်ဆောက်ဖို့နန့် ဆုံးယှုံးနီကတ်ရရေ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ အခွင့်အရေးတိအားလုံးကို ပြန်ရဖို့အတွက် အချိန်ကာလတခုကိုပီးပနာ တဆင့်ပြီးကေတဆင့်တက်လို့ အဖြေရှာလားကတ်ရဖို့စွာက လွန်ဆန်လို့မရနိုင်ရေ သဘာဝတရားတခု ဖြစ်နီရေ။ ပထမဆုံးလုပ်သင့်ရေ အချက်တခုကတော့ကေ ငါရို့ ဇာဖြစ်လို့ အချူပ်အချာအာဏာဆုံးယှုံးပနာ ထီးနန်းပျောက်ပြီးကေ တိုင်းပြည်ပျက်လားခရလဲဆိုစွာကို စနစ်တကျ ရှုထောင့်အမြင်ပေါင်းစုံက လေ့လာသင့်ရေလို့ ထင်ရေ။ ကိုယ်ရို့အထဲက အမျိုးသားသစ္စာဖောက်တိဟိခလို့ ၀င်တိုက်ခလို့၊ အချင်းချင်းကြားမှာ ညီညွတ်မှုမဟိလို့၊ စစ်တကောင်းဆိပ်ကမ်းကို လက်လွှတ်ဆုံးယှုံးလိုက်ရပနာ ရခိုင်ပြည်စီးပွါးရေးတခုလုံး နာလန်ပြန်မထူနိုင်လောက်အောင် အကျပ်အတည်းတိနန့်  ရင်ဆိုင်နီခရလို့ စရေအချက်အလက်တိအများကြီးတွိကတ်ရဖို့စွာက ကျိန်းသီနီပါရေ။ နောက်ပြီးကေ ၀ံလက်ရို့အားမာန်ကို အောင်လံထူဆုပ်ကိုင်ပနာ ခေတ်အဆက်ဆက်တော်လှန်ပါလတ်တေ အမျိုးသားတော်လှန်ရေးလမ်းကြောင်းနန့် လက်ဟိအခင်းအကျင်း၊ အားနည်းချက်၊ အားသာချက်တိကို လေ့လာသင့်ပါရေ။ အဓိကပြောချင်စွာက နိုင်ငံရေးပြဿနာစွာ လူ့ဘောင်၏ထောင့်ပေါင်းစုံကလာတတ်ပြီးကေ ဒေပြဿနာကိုဖြေယှင်းဖို့ ထောင့်ပေါင်းစုံက အဖြေရှာရခြင်းပင်ဖြစ်တေ။ ယင်းအတွက်နန့် ကွဲပြားခြားနားရေအမြင်ရှုထောင့်ပေါင်းစုံက ချဉ်းကပ်ပနာ နိုင်ငံရေးပြဿနာကို ဆွေးနွေးအဖြေရှာရစွာက ပိုပြီးကေ အနှစ်သာရနန့် ပြည့်စုံလက်တွိကျဖို့လို့ ထင်ရေ။

ပြောရဖို့ဆိုကေ ရခိုင်သားတိစွာ disorder ဖြစ်နီကတ်တေ။ ယင်းအတွက်နန့် order အသစ်တခု ရခိုင်ရို့လူဘောင်ကို ဖြတ်သန်းစီးဆင်းလားပစ်လိုက်ရဖို့။ soft-order သို့မဟုတ် hard-order နှစ်ခုထဲက တခုကို ရွီးချယ်ပနာ ကျင့်သုံးလည်ပတ်ရဖို့။ ကမ္ဘာမှာဟိရေ နိုင်ငံလူ့အဖွဲ့ အစည်းတိုင်းမှာ order ဟိရေ။ လူ့အဖွဲ့အစည်းတိုင်းမှာ Policy-making လုပ်တေအလွှာနန့် implementing လုပ်တေအလွှာဆိုပြီးကေ အလွှာနှစ်ခုစီဟိရေ။ ဒေအလွှာအထပ်နှစ်ခုကို အော်ဒါက ဆက်စပ်ချိုင်ပီးထားရေ။ ၀ါးလုံးတရာကို ချိုင်ပီးထားရေ ကြိုးပိုင်ဖြစ်တေလို့ ဥပမာပီးရဖို့ထင်ရေ။ အထက်ကအောက်ကို စီးဆင်းရေ အော်ဒါ (Authoritarian state တိမှာ တွိကတ်ရရေ) နန့် အောက်ကအထက်ကိုဆန်တက်တေ အော်ဒါ (Democratic state တိမှာ တွိကတ်ရရေ) နှစ်ခုရာ ခြားဖို့ထင်ရေ။ ဒေပိုင် အော်ဒါကိုသွင်းဖို့  အင်အားကောင်းရေ အဖွဲ့အစည်း (သို့မဟုတ်) အုပ်စုတစုဟိဖို့လိုအပ်တေ။ ဒေအုပ်စုရေ subjective ဖြစ်တေ ယေဘုယအမျိုးသားရေးစိတ်ဓါတ်ထက် objective ဖြစ်တေ နိုင်ငံရေးယုံကြည်ချက်တခုခုဟိရေ အင်အားစုတစု ဖြစ်သင့်ရေ။ ဥပမာ- ရခိုင်ပြည်မှာ ဇာပိုင်နိုင်ငံရေးစနစ် စီးပွါးရေးပေါ်လစီတိကျင့်သုံးဖို့လဲ။ လာဖို့နှစ်ပေါင်း (၅၀) မှာ ရခိုင်ပြည်၏အခြေအနေ ဇာဖြစ်လာနိုင်ဖို့လဲ အစဟိရေ အနာဂါတ်အမြင်တိပါဟိနီရေ အဖွဲ့မျိုးဖြစ်နီရပါဖို့။ အဓိကရန်သူဖြစ်တေ မြန်မာတိ၏အားနည်းချက်၊ အားသာချက်၊ မဟာဗျူဟာအနာဂါတ်ခြီလှမ်းပရိယာယ်တိကိုသုံးသပ်ပနာ နိုင်ငံရေးအရ အာဏာချိန်သီးကို ဇာပိုင်ညှိယူနိုင်ဖို့လဲဆိုရေ နိုင်ငံရေးပြည့်ဝရေ အဖွဲ့မျိုးဖြစ်သင့်ရေ။

နိုင်ငံရေးစွာ ရေရှည်လားရရေ ဖြစ်စဉ်တခုဖြစ်တေပိုင် ရက်ပြတ်ကဇတ်ရရေ ဂိမ်းတခု (Repeated Game) လည်းဖြစ်တေ။ ယင်းအတွက်နန့် နိုင်ငံရေးသမားဂေါင်းဆောင်တိလုပ်ချင်ရေ လူတိရေ နိုင်ငံရေးလောကစည်းဝိုင်းထဲကိုဝင်ဖို့ဆိုကေ စိတ်ကူးယိုင်မှုတိကို အိမ်မှာအယင်သိမ်းပနာထားပစ်ခသင့်ရေ။ အမျိုးသားရေးစိတ်ဓါတ်အမြင်စွာ အခြေခံဟိထားဖို့လိုအပ်ကေလည်း လက်တွိနိုင်ငံရေးလုပ်တေခါ အေထက်ပိုပြီးကေ ခိုင်မာရေနိုင်ငံရေးအယူအဆ ၀ါဒတိဟိသင့်ရေ။ ယေပြီးကေ တိုက်ပစ်လိုက်ဖို့၊ ခွပ်ပစ်လိုက်ဖို့၊ ထိုးပစ်လိုက်ဖို့ဆိုရေ ပြောလို့ဆိုလို့၊ စည်းရုံးလို့ကောင်းရေ ယေဘုယျအမျိုးသားရေးစကားလုံးတိကိုပြောနီရေလူတိထက်ပိုပြီးကေ လက်တွိကျ လိမ်မာပါးနပ်ပနာ အမြင်ကျယ်ရေ မဟာဗျူဟာနည်းဗျူဟာနန့် ဒီပလိုမေစီတိ ကျင့်သုံးတတ်တေ ဂေါင်းဆောင်အရည်အချင်းတိနန့်ပြည့်စုံရေ နိုင်ငံရေးသမားကောင်းတိအများကြီးဟိလာဖို့ လိုအပ်နီရေ။

နောက်တခုက ရခိုင်သားတိရက်ပြတ်ပြောနီကတ်တေ စည်းလုံးညီညွတ်ရေးကိစ္စ။ ဒေနိ ရခိုင်သားတိပြောနီကတ်တေ ဖြစ်ချင်နီကတ်တေ စည်းလုံးညီညွတ်ရေးကို ပဒေသရာဇ်စည်းလုံးညီညွတ်ရေးလို့ အဓိပ္ပါယ်ဖွင့်ဆိုပနာ နာမည်ပီးကတ်ရဖို့ထင်ရေ။ ရခိုင်သားမှာ အဖွဲ့တခုတည်းဖြစ်ရဖို့။ ယင်းပိုင်အဖွဲ့တခုတည်းဖြစ်လာကေ ရခိုင်ခေတ်သစ်ပဒေသရာဇ်တယောက်နှစ်ယောက်က လက်ဝါးကြီးအုပ်ပနာ ဆရာကြီးလုပ်နီဖို့။ ရာသက်ပန်နာယက၊ ထာဝရဥက္ကဌလုပ်လားဖို့။ ဒေနီရာမှာ ပြဿနာက အေပိုင် ပဒေသရာဇ်စည်းလုံးညီညွတ်ရေးကို ယုံကြည်လက်ခံကျင့်သုံးနီကတ်လို့ ပုဂ္ဂလိကကိုးကွယ်မှုတိပေါ်လာပနာ ရခိုင်သားတဦးချင်းစီ၏လွတ်လပ်တေတွေးခေါ်မှု၊ ကိုယ်စွမ်းကိုယ်စ၊ ကိုယ့်ခြီထောက်မှာရပ်ပနာ တီထွင်ကြံဆချင်စိတ်တိအားလုံး ပျောက်လားခရရေ။

ဖြစ်သင့်စွာက နိုင်ငံရေးဆိုကေ နိုင်ငံရေးလိုင်းကိုလားကတ်ပနာ ပရိုဖက်ရှင်းနယ် နိုင်ငံရေးပါတီ၊ စွမ်းရည်ဟိရေ လက်နက်ကိုင်အဖွဲ့တိ သူ့လမ်းကြောင်းနန့်သူ လားကတ်စွာက ပိုလို့ကောင်းဖို့လို့မြင်ရေ။ လူမှုရေးအဖွဲ့ဆိုကေ ထိရောက်တေလူမှုရေးအလုပ်တိကို လုပ်လာနိုင်အောင် ကြိုးစားအားထုတ်လုပ်ဆောင်လားကတ်စွာက ရခိုင်ရို့လူ့ဘောင်ကို ပိုလို့အထောက်အကူဖြစ်စီဖို့လို့ ထင်ရေ။ အိမ်တဆောင်ကို လိုအပ်တေတိုင်တိနန့် အောက်ခြီဖောင်ဒေးချန်းချပနာ တည်ဆောက်ရရေပိုင် လူ့အဖွဲ့အစည်းမှာလည်း အရေးကြီးရေ မဏ္ဍိုင်တိ (Pillars) ဟိဖို့ လိုအပ်တေ။ လူမှုအထောက်အကူပြု ပညာရေးအထောက်အကူပြု အစဟိရေအသင်းအဖွဲ့ချေတိ အများကြီးပေါ်လာပနာ ကိုယ်နိုင်ရေတာဝန်ကို ထမ်းဆောင်လားကတ်ခြင်းက ပိုပြီးကေ လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်းစီပါဖို့။ ပညာရေးအကျိုးဆောင်လုပ်ငန်းချေတိ အများကြီးလုပ်ပနာ အနာဂါတ်ဂေါင်းဆောင်သစ်တိကို ပြုစုပျိုးထောင်မွီးထုတ်ပီးခြင်းက အားလုံးသူစုပနာ အဖွဲ့တခုထောင်ပြီးကေ တခုလည်းအကျိုးရလဒ်ကောင်းထွက်တေ အလုပ်တိကို မလုပ်နိုင်ခြင်းထက် ပိုပြီးကေ သွီးစစ်တေအမျိုးချစ်ခြင်းလို့ ပြောကတ်ရပါဖို့လို့ ယူဆမိရေ။

ကျဆုံးလားခရရေ ဗိုလ်ခိုင်ရာဇာလက်ထက်မှာ ဖဲသာတောင့်ရေ။ အနည်းဆုံး အမေရိကန်ဒေါ်လာ သန်းဆယ်ဂဏန်းကျော်လောက်ကိုကိုင်ပနာ ဦးဆောင်လုပ်နိုင်ခလို့ ရခိုင်ပြည်ခေတ်သစ်တော်လှန်ရေးသမိုင်းမှာ အင်အားအကောင်းဆုံးရခိုင်တပ်မတော်ကို ထူထောင်နိုင်ခရေ။ ဟိဟိသမျှရခိုင်တော်လှန်ရေးနိုင်ငံရေးအဖွဲ့ချေတိအားလုံး ခိုင်ရာဇာနန့် ပူးပေါင်းခကတ်တေ။ ယင်းအတွက်နန့် ဒေနိကာလ ရခိုင်တော်လှန်ရေးနိုင်ငံရေးလောကမှာ အင်အားကောင်းရေ ဖဲသာတောင့်ရေ အုပ်စုတစုပေါ်ပါလတ်ကေ ဇာသူကို ဇာပိုင်အယင်တိုက်ရဖို့လဲဆိုစွာကို ငြင်းနီဆွေးနွေးနီစရာမလိုပဲ အေနိပေါ်လစီချ အေနိလားတိုက်လို့ရရေ။

ဝမ်းနည်းဖို့ကောင်းစွာက အေနိကာလ ရခိုင့်နိုင်ငံရေးတော်လှန်ရေးလောကစွာ အင်အားအနိမ့်ဆုံးအချိန်ကို ရင်ဆိုင်နီကတ်ရရေလို့ ပြောရဖို့ထင်ရေ။ ရခိုင်လူမှုရေးနိုင်ငံရေးအဖွဲ့အစည်းတိအားလုံးက စည်းစနစ်ကျရေ အဖွဲ့အစည်းတည်ဆောက်ထားမှုတိမဟိခြင်း (Structural deficiencies) နန့် အတွင်းပဋိပက္ခ (inner conflicts) တိကို ရင်ဆိုင်နီကတ်ရရေ။

နိဂုံးချူပ်ပြောရဖို့ဆိုကေ ငါရို့တိ အခုခေတ်ရခိုင်သား၊ ရခိုင်သမချေတိ အယင်ကထက် နှစ်ဆပိုတိုးပနာ ကြိုးစားကတ်ရပါဖို့ ။ လူစွမ်းလူစမြင့်လာအောင်လုပ်ကတ်ရဖို့။ ထူးချွန်ထက်မြက်လာအောင် ပီးအပ်လာရေအမျိုးသားရေးတာဝန်ကို ကိုယ်နိုင်ရေဖက်က ထမ်းဆောင်နိုင်အောင်လုပ်ကတ်ရပါဖို့။ ယင်းအတွက်နန့် ငါရို့နန့်အနီးဆုံးမှာဟိနီရေ ရန်သူ (Ignorance and illiteracy) ကို အရင်ဆုံးတိုက်ပစ်လိုက်ရဖို့လို့ ထင်မြင်မိပါယင့်။ အမျိုးသားရေး အချစ်တိလွန်ပြီးကေ ထိုလူကိုအပြစ်တင် ဒေလူကို ဝေဖန်နီစွာထက် မိမိကိုယ်ကို ဇာလုပ်နိုင်ဖို့လဲ။ ဇာလောက်ပီးဆပ်နိုင်ဖို့လဲလို့ ဆင်ခြင်သုံးသပ်နှလုံးသွင်းပနာ တာဝန်ယူနိုင်ခြင်းက ပိုပြီးကေကောင်းဖို့လို့ ပြောချင်ပါရေ။

ခိုင်အောင်အောင်
(29/03/2009)


တောပန်း


တောပန်း
----------
လောကမှာကိုယ်လုပ်ချင်စွာကို လွတ်လွတ်လပ် လပ်လုပ်ရရေဘဝမျိုးကို ကျနော်လိုချင်ပါသည်။ အခုကျနော့်မှာ ကောင်းခက်ပါယင့်။ ပဇာကြောင့်လဲ။ ပဇာကြောင့်လဲဆိုသော် ကျနော်ကျောင်းကအပြန် အိမ်ကိုရောက်မဆိုက် ဖခင်ကြီးထံမှ စာတစောင်ရောက်လာသည်။ စာပါအကြောင်းအရာမှာ ရခိုင်ပြည်ကိုတပါတ်အတွင်းအရောက်ပြန်လာရန်နှင့် ကျနော့်အတွက် သမက်တက်ပီးရန် သင့်တော်သောကုလိမ္မေချေတယောက်အား ရှာထားပြီးဖြစ်ကြောင်းနှင့် အကယ်၍မရောက်လာပါက နောက်နောင်ငွေကြေးပံပို့ပီးလိမ့်မည်မဟုတ်ကြောင်း ရွီးထားသည်။ ထိုစာနှင့်အတူ ငွေတသိန်းလည်းပါလာသည်။ ရှိလူကြီးများ ကကောင်းခက်သည်။

ယင်းပိုင်နှင့် မော်ဒန်လောက၊ Internet လောက၊ Globalization လောကထဲက လူကိုမှ တခုဆိုတခုလည်းမဟိပဲ အရာရာမှာ မတိုးတက်မဖွံ့ဖြိုးသိမ့်ရေ မင်းပြားမြို့ကိုပြန်ခေါ်ပျာယ် ကျွန်းသမချေတယောက်နှင့်ရာ ပီးစပ်ဖို့ဟုဆိုသည်။
ကျနော်တခုလည်းပြောလို့မရ။ မခက်လားယေ။ ဘဇောင်လုပ်ရပါဖို့လဲ။ ယင်း ကုလိမ္မေချေကတော့ကြိုက်ဖို့ပ။ ကျနော်က မြို့ကြီးမှာ ကျောင်းတက်နီရေ တက္ကသိုလ်ကျောင်းသားလေ။ နောက်ပြီးကေ စကေလောက် နာမည်ထွက်စပြုနီရေ Model ချေတယောက်။ ယင်းပိုင်လူကို ဇာကုလိမ္မေချေက မကြိုက်ဘဲနီဖို့လဲ။ ကျနော်ကတော့ မကျေနပ်။ ကျနော့်ဖခင်စွာ မစိုင်းစားမဆင်ခြင်ဘဲ ရခိုင်ရိုးရာသမက်တက်ဓလေ့ကို အသုံးချပြီး မိဖပါဝါပြရေဟု ထင်သည်။

ကျနော့်အထင် သူရို့ဖေးသာမပို့ပီးချင်လို့ မယားပီးစပ်ဖို့လုပ်တေဟု ထင်သည်။ ကျနော် ဖေးသာတန်ဖိုးကိုနားလည်ပါသည်။ ယေကေလည်း သိရေအတိုင်း မော်ဒန်လောကဆိုစွာက ဖေးသာသုံးရသည်။ အေလောကမှာ ဖေးသာမသုံးဘဲအောင်မြင်ရေလူ ဇာသူဟိလို့လဲ။ နောက်ပြီး သူရို့ကပြောသည် ကျနော် ကုလိမ္မေချေတိနှင့် ထိုတို့ဒေတို့ လုပ်ဖို့အရွယ်မဟုတ်ပျာယ်လတ်။ မခက်လား။ ဒေလောကမှာက တပျင်းလှပါရေဆိုရေစွတိက များမှများမဟုတ်လား။

ကျနော်က ဇာအသားနှင့်ထုထားလို့ ခံနိုင်ဖို့လဲ။ ကျနော်က သူရို့ကိုချစ်လားဆိုကေ မချစ်၊ ယေကေလည်း အိုင်တွိကေ ခြီဆီးချင်ရေစိတ် ကျနော့်မှာဟိရေ။ လူငယ်ရာမနား။ ဟိဖို့ပ။ ယင်းချင့်ကို လူကြီးလုပ်တေလူတိက နားလည်ပီးရဖို့ပ။ အခု လုံးဝနားလည်မှုမပီး။ သူရို့ကို အာခံရအောင်လည်း ကျနော်ကဖေးသာ မရှာနိုင်။ ကိုယ့်စွာကို ရပ်တည်နိုင်စွမ်းမဟိ။ နောက်ဖြစ်လာဖို့ ငတ်ပြတ်မှုနှင့် ဆင်းရဲဒုက္ခတိကိုလည်း ခံနိုင်ဖို့မဟုတ်။ သူရို့ ဇာလောက်ဂေါင်းမာရေဆိုစွာ ကျနော်သိသည်။ ကျနော်က သူရို့သားကို။ ကျနော်က သူရို့ပိုင် ခေါင်းမမာနိုင်ရေအတွက် ငြိမ်ခံလိုက်ရသည်။

ကျနော့်မိဖများ ကြည့်ရှုပျာယ် သဘောကျရှာထားရေ မိမ္မချေမှာ မင်းပြားမြို့မြောက်ဘက် (၁၅) မိုင် အကွာတွင်ဟိသည့် “မေလွမ်း” ရွာကပါ။ ကကောင်းလှရေ မိန်းမချေပေါင်းမြောက်များစွာထွက်တေရွာဖြစ်လို့ “မိမ္မလှရွာ” ဟုလည်းခေါ်သည်။ ထိုအယင်ခေတ်က ရခိုင်ဘုရင် မိဖုရားတော်ကောက်တေ မိမ္မလှကျွန်း (၄) ကျွန်းတွင် အေနီရာလည်းပါသည်။

ယေကေလည်း ဒေနိုင်ငံ၏အလှဆုံး model တိနှင့် တွဲခုတ်လာရေ ကျနော့်အတွက် အေအနီးအနားပတ်ဝန်းကျင်မှာ ကျနော့် စိတ်ထဲက လှပါရေလို့အသိအမှတ်ပြုခံရလောက်အောင် မိမ္မချေတိဟိလီဖို့ကား မထင်။ နောက်ပြီး ရခိုင်သမဆိုစွာ မြန်မာနိုင်ငံမှာ ရုပ်အဆိုးဆုံးမဟုတ်လား။ ယေကေလည်း ကျနော့်မိဖတိကတော့ခါ မေလွမ်းရွာသူမှာ အလွန်တရာချောမောလှပကြောင်း၊ “ငါ့သားမောင် မယားရကံကောင်းရေ” ဆိုစွာစကားကို ရက်ပြတ်ပြောနီလီကတ်ပါပျာယ်။ ကုလိမ္မေချေ၏အရုပ်ကိုကားမမြင်ဖူး။ သူမ၏နာမည်ကတောခါ့ နုနု။

မင်းပြားမြို့တွင်း မင်းကန်ကြီးဘေးတနီရာမှာပါ။ မိုးစုန်းစုန်းမလင်းသိမ့်ရေ မိုးထက်အာရုဏ်ချေမှာ နှင်းထူထူထပ်ထပ်ကျနီလို့ မြို့ကို ၀ိုးတိုးဝါးတားမြင်ရသည်။ ယေပြီးကေ မြို့ရေမလှုပ်လျှား ကျောက်ရုပ်အလား ငြိမ်သက်လျှက်ဟိသည်။ ယေကေလည်း ကျနော့်အိမ်ရှိ မြီကွက်လပ်တွင်ကား ဆူညံလှုပ်လျှားနီသည်။ ထိုလူတိကား တခြားလူတိမဟုတ်။ ကျွန်တော့်ငယ်ပေါင်းသူငယ်ချင်းများဖြစ်သည်။

မိုးကာစ၊ ၀ါးလုံးတိနှင့် ကျယ်ကျယ်လောင်လောင်အော်၍ မဏ္ဍပ်ဆောက်နီခြင်းဖြစ်သည်။ သူရို့ဆောက်လုပ်သမျှမှာလည်း ပျက်စီးဖို့အကြောင်းက ဖန်လာပါသည်။ ရုတ်တရက် အာကာပြင်သည် မတည်မြဲခြင်းသဘောကိုဆောင်၍ ပြိုကျလတ်သည်။ ကောင်းခင်အာကာပြင်တခုလုံးသည် မိုးကြိုးသန်လျက်ဖြင့်ပိုင်းဖြတ်ခံလိုက်ရပြီး မိုးရီစက်များသည် ကမ္ဘာမြီပြင်ပေါ်သို့ အတားအဆီးမဟိ ကျဆင်းလာသည်။ ထိုမိုးစက်မိုးကြိုးနှင့်အတူ လီမင်းလည်းဝင်ရောက်လာသည်။ မဏ္ဍပ်တခုလုံးကို ယူဆောင်တိုက်စားပစ်လိုက်သည်။

နီမင်းလည်း ကျိန်းတောင်တန်းကို လွန်မြောက်လာသောအခါ မှုန်ဝါးဝါး မှောင်မိုက်မိုက်မြို့သည် လင်းကျင်းလာသည်။ သင့်အောင်ချေလောက်က ငှားထားသောကားရောက်လာသောအခါ လိုအပ်သောပစ္စည်းများကိုဆောင်၍ မေလွမ်းရွာသို့ ထွက်ခွာလာလတ်ကတ်သည်။ မိုးကလည်းကြီးသထက်ကြီးလာခါ ကားစီးရစွာမှာလည်း ကားရီကားရားကျသည်။ နီရာကကျဉ်းစွာမှာ မိုးကလည်းယိုသည်။ လီနှင့်အတူ မိုးတိုးဝင်လာသည်။ ထို့ကြောင့် ကျနော့်ပါးတွင်း သွားအချင်းချင်းရိုက်ပနာ တဆပ်ဆပ်တုန်နီသည်။

သူ့အိမ်ရှိတွင် မဏ္ဍပ်ထိုးထားစွာကို တွိရသည်။ သူ့မိဘတိက ကျနော့်ကို အခန်းတခန်းပီးပြီး အပြင်သို့ထွက်လားကတ်သည်။ ကျနော်အခန်းထဲသို့ဝင်လိုက်စွာနှင့် မေလွမ်းရွာသူကို တွိရသည်။ မြို့ကြီးပြကြီးများ၏ ဖိနှိပ်မှုအောက်တွင် လှပရေမိန်းမပျိုတိမှာ ဖြူဖြူဖတ်ဖတ် ပိန်ပိန်ညှပ်ညှပ် လီဟပ်စွာနှင့်လဲဖို့။ အေကျွန်းရွာ မေလွမ်းရွာသူချေမှာကား တောင့်တောင့်တင်းတင်း၊ ၀င်းဝင်းစက်စက်အလှကို ပိုင်ဆိုင်ထားသည်။

ကြက်သွီးရောင်ထပိန်အား ရင်ကန့်ပျာယ် သနပ်ခါးနှိမ်းထားသည်။ သနပ်ခါးရနံ့တိကဆိုစွာက သူရို့ကျည်းသက်သက်ဆိုကေ မွှီးရုံရာမွှီးပြီး ညှို့အားမဟိ။ အေမေလွမ်းရွာသူ၏ ခန္ဓာကိုယ်က ထွက်လာရေသနပ်ခါးရနံ့ကား ကျနော့်အား သူ့အနားကိုတိုးကပ်လာအောင် သူ့ပါးက ကျနော့်မျက်လုံးအား လွှဲဖယ်မလားအောင် ဆွဲဆောင်ထားသည်။ ရီချိုးပြီးခါစဖြစ်လို့ ပါးလွှာသော ထပိန်အသားရို့မှာလည်း သူ့ခန္ဓာကိုယ်တွင် ပိပြားကပ်နီလို့ သူမ၏စွဲမက်ဖွယ် ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ကြင်းကြင်းလင်းလင်းမြင်ရသည်။ လီကလည်းတအုန်းအုန်းနှင့် ထရံအားတိုက်ခတ်နီသည်။ ကျနော့်တသက်တကိုယ် အေလောက်လှရေအလှမျိုး မမြင်ဖူးခပါ။ သူမ၏ ရှက်ကွန့်တကို့မျက်နှာထားချေက ကျနော့်နှလုံးသွီးကို ပွက်ပွက်ဆူစီသည်။

မိမ္မချေတယောက်သည် ယောက်ျားတယောက်၏ခန္ဓာကိုယ်အား နွီးအောင်လုပ်ပီးနိုင်သည်။ နောက်ပြီး သူ့ခန္ဓာကိုယ်ကထွက်နီသည့် သနပ်ခါးရနံ့သည် ကျနော်၏ ထိုင်းမှိုင်းသောစိတ်အာရုံအား လန်းဆန်းစီသည်။ အခုအချိန်မှာ ကျနော့်နှလုံးသားထဲမှာ ကိန်းအောင်းခရေ မေလွမ်းရွာသူနှင့်ပတ်သက်တေ သဘောတရားဟူသမျှရို့သည်လည်း အရည်ပျော်ကျလားခပျာ။ ကျနော်လည်း သူမကို ဖက်နမ်းမိသည်။ ထိလိုက်တိုင်းအိနီရေ သူ့ပါးပြင်ချေဖောဌဗ္ဗာအာရုံမှာ နစ်မြုပ်လားသည်။ ဖေးသာပီးဝယ်လို့ရရေ မိန်းမရို့၏အထိအတွိကား ဖေးသာကုန်စွာရာ အဖတ်တင်သည်။ သေသေချာချာသိပါပျာယ်။ မြို့ကြီးသူတိနှင့်ထိတွိခရပုံတိကိုတွေးမိတိုင်း အံချင်လာသည်။ မော်ဒန်အလှတိနှင့်ပျော်ပါးခရစွာကို မသထီနှလုံးပျို့လာသည်။

မြို့သမတိမှာဆိုကေ lotion နှင့် မိတ်ကပ်ထူထူအောက်မှာ အသားအရောင်တိ မသာကောင်ပိုင်။ သူရို့၏အထိအတွိ အဓိပ္ပါယ်ကင်းမဲ့ပုံကိုခံစားယင်း ကျနော့်မျက်ရည် တပေါက်ပေါက်စီးကျလာသည်။ မေလွမ်းရွာသူမချေမှာ ကျနော့်အဖြစ်ကို ရိပ်မိပုံမပေါက်။ အေဒေသ၏အရိုးကွဲအောင်အီးရေ ကျီးမ,လီဒါဏ်မခံနိုင်လို့ မျက်ရည်ကျသည်ဟုထင်သည်။ မင်္ဂလာဦးမွိရာထက်သို့ရောက်သောအခါ ကျနော့်အချစ်၏ရင်ခုန်သံသည် အပြင်အိမ်ထရံသို့တိုက်ခတ်နီသောကျီးမလီနှင့်အပြိုင် တအုန်းအုန်းအော်မြည်လျှက်ဟိသည်။

(ပန်းလှအောင်)

ကျောက်ဖြူမြို့ ကံ့ကော်တောဘုရားသမိုင်းအကျဉ်းချုပ်


ကျောက်ဖြူမြို့ ကံ့ကော်တောဘုရားသမိုင်း အကျဉ်းချုပ်
-----------------------------------------------------
နမောတဿ ဘဂ၀တော အရဟတော သမ္မာ သမ္ဗုဒဿ ပဉ္စဂုဏာ အဟံ ၀န္တာမိ။

ဘုရားသမိုင်းလင်္ကာ
---------------------
ဇမ္ဗူဒီပါ၊ ကျွန်းတောင်ယာဝယ်၊ ရတနာထူပြော၊ စဉ်ပင်ပေါသည်၊ မနောရမ္မာ၊ ကျွန်းအောင်ချာထက်၊ ရှိကလူပေါင်း၊ ရှိလူဟောင်းရို့၊ ပျော်ကောင်းလူ့ဘောင်၊ သေလာတောင်ဝယ်၊ ခေါ်ဆောင်မှန်ကူ၊ ရွာကျောက်ဖြူထက်၊ ရှိမူမော်ကွန်း၊ တည်ထွန်းစဉ်လာ၊ ရွာချခါဝယ်၊ ခေါ်ရာပရေ။ ရပ်ဝယ်လူများ၊ အရပ်သားနှင့်၊ အောင်သားမည်ခါ၊ ငသထာဟု၊ ခေါ်မှုမှန်စွာ၊ ကွန်ဆရာသည်၊ လင်းခါချိန်ထေက်၊ မိုးလင်းရောက်က၊ မြစ်စယောင်ယောင်၊ ငပြီတောင်နား၊ ကွန်ပစ်လားရာ၊ ငသထာဟု၊ ခေါ်ရာထိုသူ၊ ပစ်သည်ဟူက၊ ကွန်မူထွီးယှက်၊ ငြိလျှက်ဟိရာ၊ စမ်းကြည့်ပါသော်၊ မြတ်စွာရုပ်ပွား၊ ဆင်းတုအားကို၊ တွိပြီးသောခါ၊ ရွာပြန်လာရောက်၊ ကြောက်မက်စဖွယ်၊ မြစ်ပင်လယ်မှာ၊ ဇာနှယ်ကဲ့သို့၊ ဖြစ်ဖို့သနည်း၊ ပုထိုးတဆူ၊ ဟိသည်ဟူ၍၊ လူများသိစီ၊ ပြောကြားလီသော်၊ ကြီးသူမောင်ဝမ်း၊ ရွာဆော်ရွန်း၍၊ ရွှင်လန်းအားရ၊ ရပ်သားရွာသူ၊ ကျွက်ကျွက်ဆူမျှ၊ ပင့်ယူလတ်သော်၊ ခုမူတည်ရာ၊ ရက်ခံသာက၊ ပြောင်းကာတတိတ်၊ ပင့်ဖိတ်ကြရာ၊ မရပါသော်၊ လွန်သာထယ်ဆွဲ၊ ကြိုးစားပေလည်း၊ လွန်ကြိုးပြတ်ကျ၊ ပင့်မရတည်း။

မြတ်ဗုဒ္ဓ၏၊ တေဇတောက်ထွန်း၊ ဘုန်းရောင်လျှမ်းသည်၊ ထွန်းနီပမာ၊ စောမြတ်စွာကို၊ တကာပရေ၊ တည်သည်သက္ကရာဇ်၊ နှစ်၏ကောဇာ၊ တရာ့လေးဆယ်၊ စွန်းဝယ်ခုနှစ်၊ ရတုဟေမာန်၊ တပို့တွဲလ၊ ဆန်းစပုဏ္ဏမီ၊ တိထီခြောက်ရက် ဇီဝါရက်တွင်၊ တည်ရက်မှန်လှ၊ မြတ်ဗုဒ္ဓကို၊ ခေါ်ထမိန့်မော၊ ကန့်ကော်တောဝယ်၊ မနောကြေငြာ၊ တည်ထားပါသည်။ ရောင်ဝါခြောက်သွယ်ဝင်းစီသောဝ်။

(ဤကား မြောက်ဘက်ဘုရား ရုပ်ပွားတော်ကြီး အကြောင်းအရာများပေတည်း။)

၁။ တကာပရေ = ရွာကို ကြီးကြပ်အုပ်ချုပ်သူ။
၂။ မောင်ဝမ်း(ရွာသူကြီး) = ရွာတွင် ဆော်သြသူ။
၃။ သထာ(ကွန်ဆရာ) = ကွန်ပစ်သူ (ဘုရားတွိသူ)

ဤလင်္ကာအရလည်း ကံ့ကော်တောဘုရားရုပ်ပွားတော်များမှာ ကောဇာ (၁၄၇) ခုနှစ် တပို့တွဲလဆန်း ခြောက်ရက်နိ ကိုးကွယ်သည်ဟု မှတ်ယူရပါသည်။

မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးအချိန်အခါမှစ၍ ပေါ်ပေါက်လျက်ဟိသော စကားရပ်များမှာ ကံ့ကော်တောဘုရား ရုပ်ပွားတော်များနှင့် ဆက်စပ်လျှက်ဟိသော စကားတရပ်ပင်ဖြစ်သည်။

ရှိသရောအခါ၌ ကောတုံတရစ်တိုင်းဟု၍ တိုင်းကြီးတတိုင်းမှာ ထင်ရှားစွာဟိသည်။ ၄င်းတိုင်း၏အကျယ်အ၀န်းမှာ ရှိဘက်သို့ မော်တင်စွန်းအထိနှင့် အနောက်ဘက်သို့ ဘင်္ဂလားအော်အထိ ကျယ်ပြန့်သည်။ အဆိုပါတိုင်းပြည်တွင် မဒ္ဒရာဇ်မင်းကြီးစိုးစံအုပ်ချုပ်ပြီး သားတော် (၃) ပါး ထွန်းကားသည်။ နောင်တော်ကြီး၊ နောင်တော်ချေနှင့် အာဝဟူ၍ အသီးသီးခေါ်တွင်၏။ အခါတပါးသောနိ၌ ဘခမည်းတော်မဒ္ဒရာဇ်မင်းကြီး နတ်ရွာလားသော် သားကြီးဖြစ်သော နောင်တော်ကြီးမင်းသားအား ထီးနန်းအပ်နှင်းသည်။ ညီတော်အလတ် နောင်တော်ချေက အိမ်ရှိစံအဖြစ်လည်းကောင်း၊ ညီတော်အာဝမင်းသားအား စစ်သူကြီးရာထူးဖြင့် အသီးသီးဝီမျှအုပ်ချုပ်သည်။ ထိုသို့ ညီနောင်(၃) ဦး စီးမံအုပ်ချုပ်မင်းလုပ်နီစဉ်တွင် ပြည့်သျှင်မင်းဖြစ်သော နောင်တော်ကြီးသည် ဥပုသ်ဝင်လိုလှသော အာသီသစိတ်ပြင်းပြလာသဖြင့် ညီတော်လတ်ဖြစ်သည့် နောင်တော်ချေအိမ်ရှိမင်းသားအား ထီးနန်းအပ်နှင်းတော်မူပြီး တောအရပ်သို့ ထွက်ခွာလားတော်မူသည်။ ထိုသို့ နောင်တော်ကြီးဘုရားတောထွက်၍ နှစ်များအတန်ကြာညောင်းသော် ပြည့်သျှင်မင်းနောင်တော်ချေသည်လည်း အစ်ကိုနောင်တော်ကြီးနည်းတူပင် အညရ၀ါသီတောရပ်မှီးလီတော့သည်။

ထီးနန်းအရိပ်အရာအား ညီတော်အငယ်ဆုံး အာဝမင်းအုပ်ချုပ်သည်။ သို့နှင့် နောင်တော်ချေမင်းကြီးသည် ထီးနန်းစွန့်ပြီး နောင်တော်ကြီးလားရာအရပ်ဘက်သို့ ရှိရှုပြီးလိုက်လီသော် တိုင်းပြည်တော်နှင့်အလွန်ဝီးကွာသော တောတန်းတခုတွင် တွိဆုံသည်။ ထို့သို့ တွိဆုံရာတွင် တိုင်းပြည်ရေးရာအကျိုးအကြောင်းနှင့်စပ်လျဉ်း၍ပြောဆိုပြီးသော် မိမိအားလည်း နောင်တော်နှင့်အတူတကွ တရားအားထုတ်ခွင့်ပြုပါရန် လျှောက်တောင်းပန်သော် နောင်တော်ကြီးက ငါ့ညီတော်တရားအားထုတ်လိုသော် ထိုဘက်တောင်တန်းမှာ နီလီလော့ဟုညွှန်ကြားသည်။ ညီနောင်နှစ်ဦးလည်း မိမိနီရပ်၌ပင် တရားအားထုတ်၍ အသက်ထက်ဆုံးနီလီကုန်၏။

၎င်းအရပ်သည် ရမ်းဗြဲကျွန်းမြောက်ဘက်ကျသည့် ပင်လယ်ထဲတွင်ဟိ၏။ ထိုနီရာအား နောင်တော်ကြီးတောင်နှင့် နောင်တော်ချေတောင်ဟူ၍ ယခုထက်တိုင်ခေါ်ဝေါ်လျှက်ဟိ၏။ ထိုစဉ်အခါ ကောတုံတရာဇ်တိုင်းပြည်၌ ညီငယ်တော်အာဝမင်းသားသည် မင်းကျင့်တရားဆယ်ပါး၊ နာယကဂုဏ်ခြောက်ပါးနှင့် ညီညွတ်မှုမဟိသောကြောင့် တိုင်းပြည်တွင် ခိုးသားဓားမြသောင်းကျန်း၍ အငတ်ဖီးဆိုက်၍ မငြိမ်မသက်ဖြစ်လတ်၏။

တိုင်းပြည်တွင် တန်းခိုးကြီးရုပ်ပွားတဆူဟိ၏။ (တချို့က နှစ်ဆူဟိသည်ဟူ၍လည်း ပြော၏။) ထိုတန်းခိုးကြီးရုပ်ပွားတော်ကြီးအား မရိုသေမကိုင်းညွတ်ပဲ မသင့်လျှော်သောအမှုကို ပြည်သူမျာ ပြုကျင့်ကြကုန်၏။ ထိုတိုင်းပြည်၌ သီလသမာဓိမြဲသော ငပုအမည်ဟိသော အဘိုးအိုလင်မယားနှစ်ဦးကိုးကွယ်သော တန်းခိုးကြီးဘုရားအား ဤသို့ပြုကျင့်နီခြင်းမှာ မသင့်လျှော်ကြောင်း ပြောဆိုဟန့်တားသော်လည်းမရ။ ငပုလင်မယားမှလွဲ၍ ၄င်း၏သားသမီးများပင်လျှင် မကောင်းသောအမှုပြုကျင့်ကြကုန်၏။ (တချို့က ငပုနှင့် ငလာ ညီအစ်ကိုနှစ်ယောက်ဟိကြောင်းဆို၏။)

နတ်များအိမ်မက်လာပီးခြင်း။

တညသောအခါ၌ ငပုလင်မယားအိပ်နီစဉ် သမာဒေ၀နတ်များလာပြီး ဤကောတုံတရာဇ်တိုင်းအား ရက်သတ္တပါတ်အတွင်း နဂါးရီနှစ်ကဇတ်တော့မည်ဖြစ်၍ သင်ရို့လင်မယားလွတ်ရာသို့ ပြီးလီကုန်လော့။ ထိုသို့လားသောအခါ၌ သင်ရို့နှစ်ဦးမှလွဲ၍ မည်သူ့အားမှ အသိမပီးလီနှင့် အိပ်မက်ပီး၏။ ငပုအဘိုးအို အိပ်ရာမှလန့်နိုးလတ်သော် အနီးတွင် ငွေအသပြာတထောင်ထုပ်ကို တွိ၏။ မိုးသောက်အလင်းရောက်သော် အဘိုးကြီးသည် မယားသည်ဝါကြီးမအား အိမ်မက်အကြောင်းပြောကြား၍ ငွေထုပ်အားပီးပြီး တယောက်သောသူကိုမျှ မပြောရန်မှာကြား၏။ ၀ါကြီးမက မိခင်ဖြစ်ခြင်းကြောင့် သားသမီးနှစ်ဦးအား တိတ်တဆိတ်ပြောရာ လားချိန်နီးတွင် ငပုအဘိုးကြီးဘုရားလားပင့်သော် ပင့်မရဘဲဟိ၏။

ထိုအခါ ငပုအဘိုးသည် ဘုရားရုပ်ပွားတော်အား အကြိမ်ကြိမ်ပင့်သော်လည်း အချီးအနှီးဖြစ်နီလီသောကြောင့် ၀ါကြီးမအား မှန်ရာပြောရန်မီးမြန်းရာ ၀ါကြီးမက သားသမီးများအားထုတ်ဖော်ပြောမိကြောင်းဝန်ခံ၏။

ထို့ကြောင့် ဘုရားအားပင့်မရခြင်းဖြစ်ကြောင်း အမှန်သိသဖြင့် အဆိုပါ နိရက်တွင်မလားတော့ဘဲ နောင်တွင် မည်သူမျှအသိမပီးဘဲ တိတ်တဆိတ်ဘုရားအားလားရောက်ပင့်ယူရာ လွယ်ကူစွာရခြင်းကြောင့် ၀ါကြီးမအား နတ်ပီးသော ရွှေထုပ်အားရွက်စီကာ ကောတုံတရာဇ်တိုင်းပြည်မှ တိတ်တဆိတ်ထွက်ခွာလားကြလီ၏။ ထိုသို့ထွက်လားယင်းပင် ယခုအခေါ် လိပ်ခမော် ရွာဟောင်းအနီး တောင်ငယ်တခုသို့ရောက်၍ အညောင်းဖြေရပ်နား၏။ ၄င်းတောင်ငယ်ကို ယခုထက်တိုင် “ငပုတောင်မော်” ဟု ခေါ်တွင်လျှက်ဟိ၏။

ရှာမတွိသော မဟာမြတ်မုနိအရပ်

အဘိုးငပုလင်မယားသည် ၄င်းတောင်ငယ်၌ အညောင်းအညာဖြီနီကြပြီး မိမိရို့လာရာလမ်းအတိုင်း အနောက်ဘက်သို့မျှော်၍ကြည့်လီသော် ကောတုံတရာဇ်တိုင်းပြည် သမုဒ္ဒရာပင်လယ်ရီပြင်အတိဖြစ်နီသည်ကို တွိမြင်ရ၏။ ထိုပင်လယ်ကမ်းစပ်တွင် ယခု ဂေါ်တူခေါ်ရွာငယ်တခုဟိ၏။ တခါတရံ ဖြားစစ်ချိန်တွင် ပင်လယ်သမုဒ္ဒရာထဲဟိ နန်းခေါင်တိုင်အား မြင်ရကြောင်းဆို၏။

ငပုလင်မယားကား ခရီးတထောက်ဆက်လျှောက်ရပြန်သော် အလွန်ပင်ပန်းနွမ်းရိလာခြင်းကြောင့် ၀ါကြီးမက ဤဘုရားရုပ်ပွားတော်နှင့် ငွေထုပ်အားထားခရန်ပြောသော်လည်း ငပုအဘိုးအိုကား ရှိသို့ဆက်၍ယူရန်သာပြောပြီး ခရီးဆက်၏။ သို့နှင့် ယခုကျောင်းအနီး သရက်တောအုပ်ကြီးထဲသို့ ရောက်လာ၏။ ဤနီရာတွင် ရပ်တန့်အညောင်းဖြေပြီးလျှင် ငွေထုပ်အား သရက်ပင်များအောက်တွင် မြှုပ်နှံ၍၄င်း၊ ဘုရားရုပ်ပွားတော်မြတ်အား သင့်လျှော်သောနီရာတွင်ထား၍ ပူဇော်ကန်တော့ပြီး မဟာမုနိအရပ်ဘက်သို့ ထွက်လားလီ၏။ မဟာမုနိအရပ်ကား ပဇာအရပ်ကိုခေါ်သနည်း။ ကျောက်တော်ဘက် မဟာမုနိဘုရားအရပ်ကိုခေါ်လီလား ယခုတိုင် အတိအကျမသိရပေ။

“ကံ့ကော်တောဘုရား” ခေါ်တွင်ခြင်း

ရှိလွန်လီပြီးသောအခါက လူနီအိမ်ခြီ လှီကားတထောင်ဟိသော ရွာကြီးတရွာသည် ကျောက်ဖြူတောင်အနီးတွင်တည်၍ ကျောက်ဖြူရွာဟုခေါ်တွင်သည်။ ယခုတိုင် ကျောက်ဖြူတောင်ခြီရင်းတွင် အင်တန်ကြီးသော ကျောက်ဖြူလုံးကြီးနှစ်လုံးဟိသည်။ အချို့က ၄င်းကို ကျောက်မောင်နှစ်မ၊ အချို့က ကျောက်လင်မယားဟုပြောဆိုသည်။ ၄င်းကျောက်ဖြူနှစ်လုံးကိုအစွဲပြု၍ ကျောက်ဖြူတောင်၊ ကျောက်ဖြူရွာဟုခေါ်သည်။ ထိုရွာတွင် လူကြီးဖြစ်သော ငပုချေဆိုသူ တောသို့လား၍ ငပုလင်မယားထားခသော ရုပ်ပွားတော်အားတွိ၍ မိမိနီရပ်သို့ပင့်ယူလာရာ ကျောက်ဖြူရွာအနီး ချောင်းကမ်းထိပ်သို့ရောက်သော် အညောင်းအညာဖြီရပ်နားရာတွင် ဘုရားရုပ်ပွားတော်အား ပြန်လည်ပင့်ဆောင်မရဖြစ်လီ၏။ ထိုအခါရွာသားများအားခေါ်ယူပြီး ရထားပြုလုပ်၍ဆွဲလီသော် လွန်ကြိုးရအလီလီပြတ်၍ ပင့်မရခြင်းကြောင့် ထိုနီရာတွင်ပင် ကျောင်းတော်ဆောက်၍ တည်ထားကိုးကွယ်၏။ ဘုရားပင့်မရခြင်းအကြောင်းသော်ကား ထိုချောင်းငယ်သည် ရွာသားများမစင်စွန့်ရာချောင်းဖြစ်၍ မဖြတ်လိုခြင်းကြောင့်လည်းကောင်း၊ ယခုတိုင် ၄င်းချောင်းနီရာကို ချီးတောချောင်းဟုခေါ်သည်။ ဘုရားရုပ်ပွားတော် သီတင်းသုံးတော်မူရန် သင့်လျှော်လျှောက်ပတ်သော မြီသန့်မြီမြတ်သို့ရောက်တော်မူ၍လည်းကောင်း၊ ထိုနီရာမှ ပင့်ဆောင်မရခြင်းဖြစ်သည်။ ထိုနီရာတွင် ကံ့ကော်ပင်များ တောအုပ်သဖွယ် ပေါက်ခြင်းကိုအစွဲပြု၍ “ကံ့ကော်တောဘုရား” ဟု ခေါ်တွင်ခြင်းဖြစ်သည်။ ဤကား တောင်ဘက်မှ သီးတင်းသုံးနီတော်မူသော ရုပ်ပွားတော်ငယ်၏ သမိုင်းအကြောင်းတည်း။ ထို့ကြောင့် ရုပ်ပွားတော်ငယ်မှာ ကံ့ကော်တောအုပ်သို့ ဦးစွာရောက်ကြောင်းထင်ရှားသည်။

မြောက်ဘက်မှ သီတင်းသုံးတော်မူသော ရုပ်ပွားတော်ကြီးအကြောင်း

ဤရုပ်ပွားတော်ကြီးအား ကျောက်ဖြူရွာသားတံငါသည် ငသထာသည် ငပြီတောင်မော်စွန်းအနီး ပင်လယ်ကမ်းစပ်တွင် လားရောက်ငါးဖမ်းရာ ပိုက်ကွန်အတွင်း၌ အဆိုပါရုပ်ပွားတော်ကြီး ငြိတွယ်ပါလာ၏။ ငသထာသည် ကြောက်လန့်ကြီးစွာ သူ၏ပိုက်ကွန်၌ ဘုရားပုထိုးတဆူပါလာကြောင်း ရွာသားများအားပြောကြားသော် ရွာသူကြီး ငပချေနှင့် ရွာဆော်မောင်ဝန်းသည် ရွာသားများအားခေါ်ယူပြီး ဘုရားရုပ်ပွားတော်အားပင့်ဆောင်ရာ ကံ့ကော်တောအုပ်အနီး ချောင်းကမ်းစပ်တွင်ရပ်နားစဉ် ယခင်ရုပ်ပွားတော်ကဲ့သို့ပင် ပင့်ယူမရဖြစ်ပြန်သည်။

ဘုရားရုပ်ပွားတော်ကြီးသည်လည်း ဤမစင်ချောင်းကို မဖြတ်လိုခြင်းကြောင့်လည်းကောင်း၊ မြီထွက်မြီမြတ်တွင် ယခင်ရုပ်ပွားတော်နှင့်အတူ သီတင်းသုံးတော်မူလိုခြင်းကြောင့် ပင့်ဆောင်မရခြင်းဖြစ်သည်။ ထိုရုပ်ပွားတော်ကြီးအား တချို့သောသူများက သီဟိုဌ်ကျွန်းမှ ကြွလာတော်မူသည်ဟုပြောသည်။ အချို့အချို့သောသူများကမူ ကောတုံကရာဇ်တိုင်းမှ ငပုညီ ငလာဆိုသူ ပင့်ယူလာခသောဘုရားဖြစ်ပြီး လောင်းလှီမှောက်၍ ရီထဲသို့ကျလားခြင်းဖြစ်ကြောင်း အချို့သောသက်ကြီးဝါကြီးများက ပြောသည်။ ငလာနီခသဖြင့် ယခုထက်တိုင် ငပြီတောင်တဘက်တွင် ငလာကုန်းဘောင်မှာ ထင်ရှားစွာဟိသည်။

နှစ်ဆန်းတရက်နိ ဘုရားပွဲပြုလုပ်ရခြင်းအကြောင်း

ဤတန်ခိုးကြီးရုပ်ပွားတော်မြတ်နှစ်ဆူအား သမ္မာဒေ၀နတ်ကောင်းနတ်မြတ်များ အစဉ်စောင့်လျှောက်လျှက်ဟိသည်။ တခုသောနှစ်ဆန်းတရက်နိတွင် နတ်သဘင်ပေါင်းစုံ စည်းဝေးရန်ကြုံသောကြောင့် ဤဘုရားတွင် ထိုနိထိုရက်၌ အစောင့်အယှောက်များကင်းမဲ့နီမည်ဖြစ်၍ မသူတော်များလာရောက်ဖျက်ဆီးခြင်းမခံရစီရန် နှိုးဆော်စောင့်ယှောက်စီခြင်းဖြစ်သည်။

ပွဲတော်ချရန်ရေးအခက်အခဲ၊ ဟင်းအခက်အခဲများတွိရစဉ် ရီကို ဘုရားအနီးတွင်တူးဖော်ရဟိပြီး ဤပြိန်းတောကြီးမှ ခူးယူချက်ပြုတ်ခြင်းဖြင့် ဟင်းအဖြစ်ပြုလုပ်၍ ပွဲတော်ချနိုင်ကြောင်း အိပ်မက်ပီး၍ ဘုရားတန်ခိုးတော်အား ယုံကြည်ခြင်းဖြင့် ပွဲတော်ပြုလုပ်လာလတ်သည်မှာ ယခုတိုင်ဖြစ်သတည်း။ မည်သည့်အချိန်ကာလသက္ကရာဇ်တွင် ဘုရားပွဲတော်စတင်ပြုလုပ်သည် အမှတ်အသားလည်းမထားခချေ။

ရှိနှစ်ပေါင်းများစွာကပင် ထင်ပေါ်ကြော်ကြားလျှက်ရှိခလီသော ကံ့ကော်တောဘုရားဟု ခေါ်ဝေါ်သမုတ်လျှက်ဟိသော ရှိဟောင်းပေါ်တော်မူမြတ်စွာဘုရား ရုပ်ပွားတော်နှစ်ဆူသည်ကား ရခိုင်ပြည်ရမ်းဗြဲကျွန်းရှိ ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ်၏ ဂုံးချိန်ကျွန်းရွာတောင်ဘက် ကံ့ကော်ပင်များဟိရာအရပ်၌ တည်ဟိသည်။ အဆိုပါ တန်ခိုးကြီးရှိဟောင်း ပေါ်တော်မူရုပ်ပွားတော်မြတ်ကြီးနှစ်ဆူ သီတင်းသုံးကိန်းဝပ်တော်မူရာသိမ်တော်မှာ ကျောက်ဖြူမြို့နှင့် (၅) မိုင်ကျော်ခန့် အကွာဝီးတွင်တည်ဟိပြီး ဂုံးချိန်ကျွန်းရွာနှင့်မူ (၂) ဖာလုံခန့်လောက်ဝီးသည်။ ထိုတန်းခိုးကြီး ရှိဟောင်းရုပ်ပွားတော်မြတ်နှစ်ဆူ၏ဘုရားပူဇော်ပွဲတော်မှာ နှစ်စဉ်နှစ်ဆန်း တရက်နိတွင်သာလျှင် ပြုလုပ်ကျင်းပလေ့ဟိသည်။ ဤကဲ့သို့ သင်္ကြံန်လွန်စ ထူးမြတ်သောနှစ်ဆန်းတစ်ရက်နိတွင် ကျင်းပပြုလုပ်သော ဘုရားပူဇော်ပွဲမျိုးကား မဟိသလောက် အလွန်ပင်ယှားပါးသည်။ ဤကံ့ကော်တော်ဘုရားပွဲတော်သည်ကား ကျောက်ဖြူမြို့နယ်တခုလုံးတွင် အထူးထင်ပေါ်ကျော်ကြားသော ဘုရားပွဲတော်ကြီးဖြစ်သည်။ ရှိဟောင်းရုပ်ပွားတော်မြတ် (၂) ဆူ၏ တန်ခိုးတော်သတင်းစကားများကြောင့်လည်း အရပ်ရပ်မှ လာရောက်ဖူးမျှော်ကန်တော့ကြသည်။ ရခိုင်သက္ကရာဇ် နှစ်ဆန်း (၁) ရက်နိသည်ကား ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးများအတွက် အလွန်ထူးမြတ်သော နိကောင်းနိမြတ်တရက်ဖြစ်သည်။ ထို့ကြောင့် နှစ်ဟောင်းမှ မကောင်းသောဖီးဒါဏ်၊ ရန်မာန်အပေါင်းကင်းဝီးစီကြောင်းအလို့ငှာ သင်္ကြန်အခါတွင်း၌ အိမ်ဦးခန်းတွင် အန္တရာယ်ကင်းအဖြစ် သပြီပန်းနှင့် ရီချမ်းအိုးများတည်ခြင်း၊ တချို့လူကြီးမိဘများသည် မိမိရို့သားသမီးများအား ရွှေရည်ငွေရည်၊ တရော်ကင်မွန်းရည်များဖြင့် ဂေါင်းဆီးမင်္ဂလာ ဆံလျှော်ပီးခြင်းများပြုလုပ်ပြီး အန္တရယ်အပေါင်းကင်းဝီး ကျန်းမာချမ်းသာဆုတောင်းမိတ္တာပို့ခြင်းများပြုလုပ်ပေသည်။

ဤသို့ထူးမြတ်သော နှစ်ဆန်း (၁) ရက်နိတွင် ကံ့ကော်တောဘုရားပွဲပြုလုပ်ရန်အတွက် သင်္ကြန်အတက်နောက်ဆုံးရက်တွင် လူအပေါင်းသည် မခေါ်မဖိတ်ပဲလျှက်နှင့် မိမိရို့စိတ်ဆန္ဒအလျှောက် မြို့ရောကျွန်းပါ ရွာပေါင်းများစွာမှ လူကြီးလူငယ်၊ ယောင်္ကျားမိန်းမ၊ အချေသူငယ်များပါမကျန်၊ အပျိုလူပျိုများအားလုံး စုပေါင်းပြီးလျှင် သီဆိုကခုန်တီးမှုတ်၍ ဆီမီးပန်းနံ့သာအမျိုးမျိုးဖြင့်လည်းကောင်း၊ ရီချမ်းအိုးများကိုယ်စီရွက်ကာ လာရောက်ရီသပ္ပါယ် ကန့်တော့ကတ်သည်မှာ ပွဲတော်တမျှစည်ကားလှပေသည်။

ဤကံ့ကော်တောဘုရားပွဲတော် ဖြစ်မြောက်ရေးအတွက် ဂုံချိန်ရွာမှ ဘုရားဂေါပကအဖွဲ့ဝင် ဥပသကာလူကြီးများမှာ ကြာသားပတီးနိတိုင်း ငါးခရီးဝီးကွာသော ကျောက်ဖြူမြို့ပေါ်သို့ အပါတ်စဉ်မှန်မှန်တက်ရောက် အလှူခံပေသည်။ အမျိုးသမီးကြီးများအဖွဲ့ကလည်း ပွဲတော်ရက်မတိုင်မှီ တစ်လခန့်အလို တပေါင်းလမှပင် မြို့ပေါ်သို့လားရောက်ပြီး အိမ်တိုင်းစိဝင်ကာ ဆန်နှင့်အလှူငွေများကို စေတနာပေါက် တတ်အားသမျှ ပါဝင်လှူဒါန်းရန် ပြောဆိုအလှူခံယူသည်။ ၄င်းမှရသော အလှူငွေများဖြင့် ပွဲတော်လာပရိတ်သတ်အား စတုဒီသာ နိလုံးပေါက်ထမင်းကျွေးနိုင်ရေးအတွက် လိုအပ်သောငါးပိငါးခြောက်မှအစ ပစ္စည်းများကို ပြည့်စုံစွာဝယ်ယူပေသည်။ ကျောက်ဖြူမြို့နယ်တခုလုံးနှင့် အရပ်ရပ်မှ အလှူသျှင်များကလည်း ဤကံ့ကော်တောဘုရားပွဲတော်အတွက် စေတနာထက်သန်စွာဖြင့်
ပါဝင်လှူဒါန်းပေသည်။ ဤသို့ဖြင့် တန်ခိုးတော်အပေါင်းနှင့်ပြည့်စုံတော်မူသော ကံ့ကော်တော ပေါ်တော်မူဘုရားပွဲတော်သည် မိုးထက် (၄) ချက်တီး အာရုံဆွမ်းတော်ကပ်လှူချိန်ကပင် စတင်ကျင်းပရာ ညဇာသား (၄) ချက်တီးအထိ တနိတာမျှပြုလုပ်သော ဘုရားပွဲတော်ဖြစ်သည်။

ဤသို့ တနိတရက်တည်းပြုလုပ်သော ဘုရားပွဲတော်ဖြစ်ခြင်းကြောင့်လည်း တခြားဘုရားပွဲတော်များကဲ့သို့ အငြိမ့်ဇတ်ပွဲများ လုံးဝမပါပေ။ သို့သော် မိုးထက်သားဆွမ်းပို့ချိန်တွင်မူ ရွာပေါင်းများစွာမှ မိမိရပ်ရွာဓလေ့ထုံးစံအလိုက် အမျိုးမျိုးသော ကခုန်သီဆိုတီးမှုတ်ခြင်းများဖြင့် လှူဒါန်းဖွယ်ရာများနှင့် ဆွမ်းအိုးများကိုယ်စီရွက်၍ ဘုရားသိမ်တော်အား သုံးခေါက်ပတ်၍ တချို့ရွာများမှ ငါးခေါက်လှည့်ပတ်၍လည်းကောင်း၊ တချို့သောရွာများမှ ခုနှစ်ခေါက်လှည့်ပတ်၍လည်းကောင်း ဘုရားသိမ်တော်အား လှည့်ပတ်ဦးခိုက် ပူဇော်ကန်တော့သိမ်ပတ်ပွဲမှာ ကြည့်ဝမဆုံးအောင် အလွန်ကြည်နူးဖွယ်ဖြစ်သည်။

ပွဲတော်နိခြင်းပိုင်းတွင် ကျင်ကိုင်ပွဲနှစ်စဉ်ပါဝင်သည်။ ကျင်ကိုင်ပွဲတွင် ပထမရသောသူသည် ရွှေမောင်း (ရွှေခွက်)၊ ဒုတိယရရှိသောသူသည် ငွေမောင်း (ငွေခွက်) ရသည်။ ရွှေမောင်းငွေမောင်းဆွဲချိတ်ပြီး အိမ်အပြန်လှလိုသော ကျင်သန်များမှာ တဦးနှင့်တဦးအကြိတ်အနှယ် ဗိုလ်လုရ၏။ ဤပွဲတော်မှာ အထူးစည်ကားသည်။ ထို့ပြင် နိလုံးပေါက်ကျွေးသော စတုဒီသာမဏ္ဏပ်ကြီး၌လည်း နာမည်ကျော်ပြိန်းဟင်းအား တိုးဝှေ့တောင်းယူစားသောက်ရသည်မှာလည်း ပျော်စရာတမျိုးဖြစ်သည်။ ဤသို့ဖြင့် ကံ့ကော်တောရှင်ရုပ်ပွားတော်မြတ်နှစ်ဆူ၏တန်းခိုးမှာ အံ့သြ၍မကုန်နိုင်လောက်အောင် များပြားခြင်းကြောင့် မိဘဘိုးဖီးအစဉ်အဆက်ဆက်ကိုးကွယ်လာကြသည်မှာ ယခုတိုင်ဖြစ်သည်။ ထို့ကြောင့်လည်း ကံ့ကော်တောဘုရားခေါ် ရှိဟောင်းရုပ်ပွားတော်နှစ်ဆူ၏ အံ့ဖွယ်ရာတန်ခိုးသတင်းများအား ရပ်နီးရပ်ဝီးနီကုန်သော ရဟန်းသျှင်လူ သူတော်စင်များအားလုံး သိဟိကုသိုလ်ပွားများနိုင်စီရန် ရွီးသားဖော်ပြလိုက်ပါသည်.။

အသက်အတိုအရှည် တိုင်းတာခြင်းနှင့် လိုရာဆုများဓိဌာန်ခြင်း

ဤကံ့ကော်ရှင်မြတ်နှစ်ဆူတွင် တောင်ဘက်မှ သီတင်းသုံးနီတော်မူသော ရုပ်ပွာတော်ငယ်အား တန်ခိုးပို၍ ထင်ရှားတော်မူသည်ဟု ယုံကြည်မှုဟိသည်။ ထိုသို့ယုံကြည်ခြင်းကြောင့် အသက်တိုင်းတာ အဓိဌာန်ပြုကြရာတွင်လည်း ရုပ်ပွားတော်ငယ်ထံတွင်၌သာ ဆုတောင်းဓိဌာန်ပြုခြင်းကိုတွိရသည်။ မည့်သည့်အချိန်အခါမဆို မိမိရို့အသက်ရှည်ခြင်း တိုခြင်းများနှင့် လိုရာဆုများတောင်းလျှင် အချိန်အနည်းငယ်အတွင်း၌ ထင်ရှားစွာ ပြတော်မူသည်။ အသက်တိုမည် ရှည်မည်သိနိုင်ရန် အသက်တိုင်းတာခြင်းများပြုလုပ်ရန် လုံးဝမသင့်တော်ပေ။ ရှိအယင်က တချို့သောသူငယ်များမှာ ဤကဲ့သို့ အသက်တိုင်းတာခြင်းပြုလုပ်ရာတွင် အသက်တိုမည်သိရသောအခါ စိတ်ဓါတ်ကျ၍ ရက်မကြာသီဆုံးလားတတ်သည်ကို တွိကြုံရ၍ အသက်တိုင်းတာပြုလုပ်ခြင်းကို လူကြီးမိဘများက ဟန့်တားထားပေသည်။

သို့ကြောင့် တခြားသောလိုလားရာဆုများကိုရာတောင်းရန်သာ မှာကြားသည်။ ဓိဌာန်ဆုတောင်းနည်းမှာကား အလွန်လွယ်ကူသည်။ ၀ါခြမ်းနှီးပြားစငယ် တခုခုကို တန်းတောင်ဆစ်မှ လက်ခလယ်ထိပ်ဖျားအထိ တိုင်းတာပိုင်းဖြတ်ပြီး ရီဖြင့်စင်ကြယ်စွာ ဆီးကြောရသည်။ ထို့နောက် ရုပ်ပွားတော်ငယ်ရှိတွင် ယုံကြည်သောစိတ်ဖြင့် ငါးပါးသီလခံယူလျှက် လိုရာဆုတောင်း၍ အသျှင်ဘုရား၏တန်ခိုးတော်အား ပြတော်မူပါဘုရားဟု ရှိခိုးကန်တော့ကာ ရုပ်ပွားတော်ငယ်၏ရင်ခွင်ပေါ်တွင်
ဝါးခြမ်းစငယ်အား ကပ်လှူရသည်။ အချိန်အနည်းငယ်ခန့်ကြာသော် ပြန်ယူပြီး မိမိလက်ဖြင့် တိုင်းတာကြည့်ရသည်။ အသက်ရှည်၍ အလိုပြည့်မည်ဆိုလျှင် ထိုဝါးခြမ်းစမှာ သိသိသာသာကြီးရှည်နီခြင်းကို တွိရပြီး၊ အသက်တို၍ အလိုမပြည့်သူများအတွက်မူ နဂိုထက် တိုနီကြောင်း ထင်ထင်ရှားရှားတွိရသည်။ ယခုခေတ်နှင့်လျှော်ညီစွာ ဤကဲ့သို့တိုင်းတာပြုလုပ်ခြင်းများ နည်းပါးလားပြီးဖြစ်သည်။ သို့သော် အကုန်စင်ကား မပျောက်သိမ့်ပေ။ ဤသို့ထူးခြားချက်များမှာ ကံ့ကော်တောဘုရား၏ အံ့သြဖွယ်ရာများပင်ဖြစ်သည်။

သိုက်ဘုရားဟု ထင်မှတ်ခံရခြင်း

ရှိအယင်က ဂုံးချိန်ကျွန်းရွာတွင် အချိန်ကာလမဟုတ်ဘဲလျှက် လီကြီးမိုးကြီးလိုက်ခြင်း၊ လျှပ်စိမ်းမိုးကြိုးပစ်ခြင်းဖြစ်ပေါ်ရာ ရွာသားများစုရုံးပြီး ဒုတ်ဒါးများကိုင်ဆောင်၍ ကံ့ကော်တောဘုရားရှိရာသို့ ပြီးလိုက်ရာ ဘုရားသိမ်တော်အတွင်း၌ သိုက်တူးသမားများ အထည်မရအထုပ်မရ ကြောက်ကြောက်ဖြင့် ထွက်ပြီးကြရသည်။ ထိုသို့သိုက်တူးရန်ကြံစဉ်ခြင်းမှာ ဘုရားငယ်အား သိုက်ဘုရားဟု ထင်မှတ်ခြင်းကြောင့်ဖြစ်သည်။ ဤအကြောင်းများကို နောင်တွင်လုပ်ကြံရာ၌ပါဝင်သူများက ဖွင့်ပြောပြ၍သိရပေသည်။ ဤသည်မှာလည်း အလွန်အံ့သြဖွယ်ရာဖြစ်ပါတော့သည်။

ဘုရားအနီး အသက်သတ်မှုယှေင်ကြည်ရခြင်း

ကံ့ကော်တော ပေါ်တော်မူဘုရားပွဲတော်တွင် မည်မျှပင် စတုဒီသာကျွေးသော အလှူမဏ္ဍပ်ဟိစီကာမူ ပွဲတော်လာပရိတ်သတ်များပြားလွန်းခြင်းကြောင့် မြို့ရောကျွန်းပါမကျန် အပိုထမင်းဆိုင်များလာရောက် ရောင်းချရသည်။ တချို့မိသားစု၊ ဆွီမျိုးစုများမှာ အိမ်မှပင် စုပေါင်းချက်ပြုတ်ယူလာကြသည်။ တချို့မှာလည်း စုပေါင်းဝယ်ခြမ်းယူလားပြီး သစ်ရိပ်ကောင်းနီရာများတွင် တပျော်တပါးချက်ပြုတ်စားသောက်ကြသည်။ မည်သို့ပင် ရောင်းချစားသောက်စီကာမူ အမဲကြက်ငှက်အစဟိသော သတ္တ၀ါများ၏အသက် သတ်ဖြတ်ခြင်းကို ဘုရားအနီးဝန်းကျင်တွင် လုံးဝမပြုလုပ်ဘဲ ယှောင်ကြည်ရသည်။ တခါတရံ မသိ၍သော်လည်းကောင်း၊ မထီမဲ့မြင်ပြု၍ အသက်သတ်ခြင်းကြုံလျှင် ပွဲတော်နိတွင် မိုးကြီးပြင်းစွာရွာခြင်းများဖြစ်ပေါ်တတ်သည်။ ဤသို့ မိုးရွာခြင်းနှင့်ကြုံတွိရလျှင် ဘုရားအနီးအသက်သတ်ခြင်းကြောင့် သွီးဆီးမိုးရွာခြင်းဖြစ်သည်ဟု လူကြီးသူမများက ပြောဆိုတတ်ကြပေသည်။

ပွဲတော်အတွင်း အန္တရာယ်ကင်းဝီးခြင်း

ဘုရားပွဲတော်ကျင်းပပြုလုပ်သော နှစ်ဆန်းတရက်နိနှင့် သင်္ကြန်အတက်နောက်ဆုံးနိ ဘုရားရီသပ္ပါယ်သောအချိန်များတွင်ကား လူထုပရိတ်သတ် အလွန်များပြားလှပေသည်။ ဤကံ့ကော်တောဘုရား ရီသပ္ပါယ်ရာတွင်လည်း အခြားဘုရားများကဲ့သို့ ရောက်လျှင်ရောက်ချင်း ရီသပ္ပါယ်ခြင်း ထုံးစိုင်မဟိပေ။ ရွာပေါင်းများစွာမှ တရွာပြီးတရွာ သီဆိုကခုန်တီးမှုတ်ပြီး အမွှီးနံ့သာရီချမ်းအိုးများ ကိုယ်စီရွက်၍ ဘုရားသိမ်တော်အား မိမိစိတ်ကြိုက် လှည့်ပတ်ပူဇော်ပြီးမှ ရီပ္ပါယ်ခြင်းပြုလုပ်လေ့ဟိသည်။ ဤသို့ ရီသပ္ပါယ်ရာတွင်လည်း စိတ်ဟိသလောက် တဦးလျှင် (၃) အိုး ၊ (၅) အိုး၊ (၉) အိုးထိလည်းကောင်း၊ တချို့ သက်စိအဖြစ်ဖြင့်လည်းကောင်း၊ ဘုရားအနီး နတ်ရီကန်ဟုခေါ်တွင်သော ရီကန်ငယ်မှခပ်ယူပြီး ရီသပ္ပါယ်နီသော ယောက်ျားများအားပီး၍ ရီသပ္ပါယ်ခြင်းပြုလုပ်သည်။ ဤသို့ဖြင့် နိခြင်း (၁) ချက်တီးလောက်မှ ညဇာသား (၅) ချက်တီးကျော် (၆) ချက်တီးရောက်မှ ရီသပ္ပါယ်ခြင်းပြီးစီးသည်။ မိမိရပ်ရွာသို့ နီဝင်ချိန်မှပင်ပြန်ကြရသည်။ လားရမည့်ခရီးမှာလည်း မနီးလှပေ။ အနီးဆုံးခရီးမှာ (၂) ဖာလုံ (၃) ဖာလုံ (၅) ဖာလုံခန့်ဟိပြီး အ၀ီးခရီးမှာ မိုင်အင်တန်ဝီးသော ခရီးကို ခြီကျင်လျှောက်ပြန်ရသည်။ ရွှေငွေလက်ဝတ်လက်စား မည်မျှပင်ဝတ်ဆင်စီကာမူ လုယက်ခြင်းများလုံးဝမဟိ။ အချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်းလည်းမဟိ။ ပကတိအီးအီးချမ်းချမ်းပွဲတော်ပြီးမြောက်သည်မှာ အလွန်အံ့သြဖွယ်ကောင်းသော ဘုရား၏တန်ခိုးတော်များပင်ဖြစ်သည်။

နိမိတ်တော်ပြခြင်း

တိုင်းပြည်ရေး၊ရပ်ရွာရေးများ ထိခိုက်ပျက်စီးမည့်အကြောင်းများပေါ်ပေါက်မည်ဆိုလျှင် ဤကံ့ကော်တောဘုရား ရုပ်ပွားတော်များမှ ချွေးတော်ကျခြင်း၊ မျက်လုံးတော်နီမြန်းခြင်း၊ မျက်နှာတော်အက်ကွဲကြောင်းထင်ခြင်းစသည့် မကောင်းသော အမင်္ဂလာနိမိတ်များ ပြတော်မူသည်။ ပထမကမ္ဘာစစ်ကြီးအတွင်းနှင့် ထီးကျိုးစည်ပေါက်သောအချိန်များတွင်လည်း အထက်ဖော်ပြပါ အတိတ်နိမိတ်များဖြစ်ပေါ်ကြောင်းကြားဖူးပေသည်။ ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးပြီးချိန်တွင်လည်း ဤကဲ့သို့ နိမိတ်ပြတော်မူ၍ မြို့ရောကျွန်းပါမကျန် အုံးအုံးကျက်ကျက် လားရောက်ကြည့်ရှုသည်ကို တွိမြင်ဖူးပါသည်။ ဤသည်မှာလည်း ထူးဆန်းအံ့သြဖွယ်သော ဖြစ်ရပ်များပေတည်း။

ဥာဏ်တော်ငယ်သော်လည်း ၀ါစဉ်တော်ကြီးခြင်း

ဤရှိဟောင်းပေါ်တော်မူ ကံ့ကော်တောဘုရားရုပ်ပွားတော်နှစ်ဆူမှာ ဥာဏ်တော်အကြီးတဆူနှင့် ဥာဏ်တော်အငယ်တဆူဖြစ်သည်။ ရှိအယင် မိဘဘိုးဘောင်များလက်ထက်ကတည်းကပင် ဤရုပ်ပွားတော်နှစ်ဆူတွင် မည်သည့်ရုပ်ပွားတော်က ဥာဏ်တော်ကြီးသည်၊ ငယ်သည်ဟူ၍ အတိအကျမသိပေ။ သတိမမူမိကြခြင်းကြောင့်ဖြစ်သည်။ ယခုကား ထူးခြားချက်ဟိခြင်းကြောင့် သတိပြုမိကြ၍ ဥာဏ်တော်ငယ်သော ရုပ်ပွားတော်ငယ်မှာ ၀ါတော်ကြီးကြောင်းသိရပေသည်။ အကြောင်းသော်ကား ကောဇာသက္ကရာဇ် (၁၃၃၃) ခုနှစ်တွင် မှန်စီရွှေချ ဖန်မှန်ပလ္လင်တော်ကြီး ပြုလုပ်ဆက်ကပ်လှူဒါန်းရန်အတွက် ယာယီပလ္လင်ပေါ်သို့ ရုပ်ပွားတော်ကြီးအား ဦးစွာပင့်ယူလာရန် သေချာစွာမှာကြားပြောဆိုသော်လည်း ရုပ်ပွားတော်အငယ်သာလျှင် ယာယီပလ္လင်ပေါ်သို့ ဦးစွာပင့်ယူလာခြင်းကို တွိရသည်။ ယင်းသို့ ပထမအကြိမ် ထူးခြားချက်ကိုတွိရခြင်းကြောင့် နောက်ထပ်ပြုလုပ်ရန်များကို အထူးဂရုစိုက်သတိထား၍ လုပ်ဆောင်ကြသည်။ မုခ်ဆောင် (၂) ခုနှင့် မှန်စီချယ်သော ပလ္လင်တော်မြတ်ကြီးပြုလုပ်ရာတွင် ရန်ကုန်မြို့မှ ပန်းရံကျွမ်းကျင်သောဆရာကြီးများအဖွဲ့နှင့် ကျောက်ဖြူမြို့မှ လက်သမားဆရာကြီးများကိုယ်တိုင်ပါဝင်၍ ပလ္လင်တော်မုခ်ပေါက်နှစ်ခုအား အနိမ့်အမြင့်တူညီရန် အထူးသတိထားတိုင်းတာ၍လုပ်ကိုင်စီကာမူ တောင်ဘက်ရုပ်ပွားတော်ငယ်၏ပလ္လင်တော်နှင့်မုခ်မှာ မြောက်ဘက်ပလ္လင်တော်ထက် သိသာစွာမြင့်နီကြောင်းတွိရသည်။ အကြိမ်ကြိမ်ချိန်ချတိုင်းတာပြုလုပ်ပါသော်လည်း အနည်းငယ်ခန့်သော်လည်းမြင့်နီ၍ လက်သမားများနှင့် ပန်းရံဆရာကြီးများမှာ လက်လျှော့၍ ဤအတိုင်းပြုလုပ်ရပေတော့သည်။ မှန်ပလ္လင်တော်ကြီးပြီးစီးသည့်အခါတွင်လည်း ရုပ်ပွားတော်ကြီးအား ပလ္လင်ပေါ်သို့ ဦးစွာပင့်ခိုင်းပြန်ရာ ပင့်ယူသူကလည်း ရုပ်ပွားတော်ကြီးကိုပင့်ယူသည်ဟုထင်သော်လည်း ရုပ်ပွားတော်ငယ်သာလျှင် မှန်ပလ္လင်အသစ်ကြီးအထက် ဦးစွာကြွရောက်တော်မူခြင်းကို တွိရပြန်သည်။ ဤသည်များကြောင့် ကံ့ကော်တောရုပ်ပွားတော် (၂) ဆူတွင် အငယ်ရုပ်ပွားတော်သည် အမှန်ပင် ၀ါတော်ကြီးမည်ဖြစ်ကြောင်းသိရသည်။ ဤအရာများမှာကား အလွန်ထူးဆန်းအံ့သြဖွယ်ရာများဖြစ်သည်။

နာမည်ကျော်ပြိန်းဟင်းအကြောင်း

ပြိန်းဟင်းများသည် ယားယံတတ်သော ဟင်းမျိုးဖြစ်၍ လူတိုင်းမစားဝံ့။ အလွန်ကောင်းသော ပြိန်းယဉ်မျိုးပင်လျှင် တခါတရံသွီးနှင့်မတည့်လျှင် ယားယံတတ်သည်။ ထို့ကြောင့် ပြိန်းဟင်းကို လူကြောက်ဟင်းဟုခေါ်သည်။ သို့သော် ဤကံ့ကော်တော်ဘုရားပွဲတော်တွင် ချက်ကျွေးသော ပြိန်းဟင်းမှာကား လုံးဝယားယံခြင်းမဟိ။ ဤသည်မှာ ကံ့ကော်တောဘုရား၏ ထင်ရှားသောအံ့ဖွယ်တည်း။ ဤဘုရားပွဲတော်တွင် ရှိအစဉ်အလာ ပြိန်းဟင်းမှလွဲ၍ မည်သည့်ဟင်းနှင့်မျှ ပြောင်း၍မကျွေး။ ဤဟင်းသည်သာ ပွဲတော်လက်စွဲဟင်းဖြစ်သည်။ ထောင်ပေါင်းများစွာသော ပွဲတော်လာပရိတ်သတ်များအတွက် ပြိန်းမျိုးကောင်း ပြိန်းယဉ်ဟင်းပင်များကို ပဇာအရပ်တွင် ရနိုင်ပါမည်နည်း။ ယင်းကြောင့် ပွဲတော်မလုပ်မှီ တပါတ်ခန့်ကြိုတင်၍ အရပ်တကာပေါက်သော ပြိန်းများအား လားရောက်ရှာဖွေကြရသည်။

ရှိအယင်က ဘုရားအနီးတွင် ပိန်းတောကြီးများဟိ၍ တခြားသို့ တကူးတကရှာဖွေရန်မလို။ ထိုသို့ အရပ်ရပ်မှရှာဖွေ၍ရသော ပြိန်းပင်များအားပိုင်းဖြတ်ပြီး ဒယ်အိုးကြီးများဖြင့် ဖိသိပ်ချက်ပြုတ်ထားသည်မှာ စားဝံ့စရာမဟိ။ သို့သော် ပြိန်းအိုးကျက်သည်နှင့် တအိုးပြီးတအိုးကုန်ကျလား၍ စောင့်ဆိုင်းနီရသည်။ ဤသည်တို့ကြောင့် ကံ့ကော်တောဘုရားဖူးဇောင်လားခြင်းကို ပြိန်ဟင်းစားရန်လားသည်ဟု တင်စားပြောဆိုသည်။ ကံ့ကော်တောဘုရား၏တန်ခိုးတော်ကား ထင်ရှားပေ၏တကား။

အံ့သြဖွယ်ရီကန်ငယ်

ဘုရားပွဲတော်များ ပြုလုပ်ကျင်းပရာတွင် ရီသည်အလွန်ကြီးသည်။ ရီမဟိသောအရပ်တွင်လည်းကောင်း၊ ရီနှင့်ဝီးလွန်းသောနီရာတွင်လည်းကောင်း ပွဲတော်လုပ်ရန် အလွန်ခက်ခဲသည်။ ယခုကံ့ကော်တောဘုရားရှိရာ ဂုံးချိန်ရွာနှင့် (၂) ဖာလုံ (၃) ဖာလုံခန့်ဝီးလေသည်။ အယင်ခါက ထိုရွာတွင်လည်း ရီတွင်းရီကန်များ မဟိသလောက်နည်းလှပေသည်။ မိမိအိမ်သုံးလက်ယက်သဲတွင်းငယ်များကိုသာ အသုံးပြုလေ့ဟိသည်။ နွီရာသီတန်းခူးလဆိုလျှင် ရီယှားချိန်ဖြစ်သည်။ ထို့ကြောင့် ကံ့ကော်တောဘုရားပွဲတော်တွင်လည်း ရီဒုက္ခဖြစ်မည်ထင်ရသော်လည်း ဘုရားတန်ခိုးတော်ကြောင့် ရီဒုက္ခကင်းသည်။ အကြောင်းသော်ကား သိမ်တော်အနီးမှ (၄) ပေခန့် အနက်ဟိသော ရီကန်ငယ်မှ အချိန်မရွီးခပ်ယူနိုင်ခြင်းကြောင့်ဖြစ်သည်။

ထိုရီကန်ငယ်အား လူတိုင်းက နတ်ရီကန်ဟုခေါ်သည်။ ၄င်းရီကန်ငယ်မှာ တခြားသောရီတွင်းရီကန်များကဲ့သို့ လူသူအများခပ်ယူနိုင်ခြင်းမဟိ။ တဦးတယောက်တည်းသာ ၀င်ရောက်ခပ်ယူနိုင်သော အလွန်ထူးဆန်းစွာပြုလုပ်ထားသော ရီကန်ငယ်မျိုးဖြစ်သည်။ ရီကန်ငယ်၏ပုံသဏ္ဏန်မှာလည်း လေးထောင့်ကျကျဆီထည့်သောကန်တော့ပုံကဲ့သို့ အထက်ကျယ် အောက်ကျိုင်းပြီး ရီအိုးတလုံးသာသာကန်ရုံ ဆန်းကြယ်စွာပြုလုပ်ထားသည်။ အတွင်းသို့ဆင်းနိုင်ရန် တန်းခါးငယ်နှစ်ပေါက်ဟိသည်။ ကန်တွင်းပတ်ပတ်လည် အုတ်ဟောင်းများကို လှီကားထစ်သဖွယ် ရီခပ်ဆင်းနိုင်ရန် ပြုလုပ်ထားသည်။ မည်မျှပင်ခပ်ယူစီကာမူ ကုန်ခမ်းခြင်း၊ နောက်ကျိခြင်းမဟိ။ ဤရီကန်ငယ်မှရီဖြင့် တပွဲလုံးလုံလောက်သည်။ မိန်းမများ ရီမခပ်ရ။ ယခုနောက်ထပ် လူအများခပ်ယူနိုင်သော ရီတွင်းကြီးနှစ်တွင်းနှင့် သံပိုက်လုံးတင် ရီလှောင်ကန်ကြီးများပါ ပြုလုပ်လှူဒါန်းထားကြပေသည်။

ကံ့ကော်တောဟုခေါ်တွင်ခြင်းနှင့် ကံ့ကော်ပင်များဦးခိုက်ခြင်း

ရှိအယင်က ဤနီရာတ၀ိုက် ကံ့ကော်ပင်များမှလွဲ၍ တခြားမည့်သည့်အပင်မျှမပေါက်။ ရာပေါင်းများစွာသော ကံ့ကော်ပင်များပေါက်ရောက်ပြီး အလွန်မွှီးကြိုင်သာယာသော တောအုပ်ဖြစ်ခြင်းကြောင့် ကံ့ကော်တောဟု ရှိအယင်ခါကပင် ခေါ်ဝေါ်သမုတ်ခြင်းဖြစ်သည်။

ဤပေါ်တော်မူဘုရားရုပ်ပွားတော်များအား သိမ်တော်ဆောက်၍ ကိုးကွယ်ကြသည့် အချိန်မှစ၍ ဟိသမျှသောကံ့ကော်ပင်များအားလုံးမှာ ဘုရားသိမ်တော်ဘက်သို့ ထူးဆန်းစွာ ကိုင်းညွတ်ဦးခိုက်ကြောင်းကြားဖူးသည်။ ယခုအခါ လီပြင်းမုန်တိုင်းဒါဏ် အကြိမ်ကြိမ်ခံရခြင်းအားဖြင့်လည်းကောင်း၊ ထို့ပြင် ထင်းခြွီသော တောခွတ်သမားများ၏ လက်ချက်ကြောင့် အပင်အနည်းငယ်ခန့်ကျန်ပြီးဖြစ်သည်။ ယခုကျန်ဟိနီသော ကံ့ကော်ပင် (၇) ပင်မှာလည်း သိမ်တော်ဘက်သို့ ကိုင်ညွတ်လျှက်ဟိသည်။ တိပြင်တရပ်မှာကား ကံ့ကော်သျှင်မြတ်နှစ်ဆူ၏ဘုရားပူဇော်ပွဲတော်သည် ကံ့ကော်ရနံ့ မွှီးထုံပြန့်သည့် ပန်းပွင့်ချိန်နှင့်တိုက်ဆိုင်နီခြင်းဖြစ်သည်။

ထူးထူးခြားခြား ဘုရားညီနောင် ပွဲညီနောင်။

ဘုရားညီနောင်ဟုခေါ်ဆိုအပ်သော ဤကံ့ကော်တော ပေါ်တော်မူရုပ်ပွားနှစ်ဆူ၏ တန်ခိုးတော်ထူးခြားမှုများမှာကား လွန်စွာများပြားလှပေသည်။ ဘုရားသိမ်တော်သည် ရွာနှင့်အင်တန်ဝီးသောတောထဲတွင်ဟိသော်လည်း မီးမသီ၊ ရီမခမ်း၊ ပန်းမညှိုး။ အချို့အချို့သောကုသိုလ်သျှင်များက ပွဲတော်နိတွင် စောစီးစွာထ၍ အာရုဏ်ဆွမ်းကပ်သော်လည်း ဆွမ်းဦးလျှက်ဟိကြောင်းပြောသည်။ ထို့ပြင် ထူးခြားချက်တရပ်မှာကား ပလ္လင်တော်တခုတည်းတွင် မုခ် (၂) ခုဖြင့် စံမြန်းတော်မူခြင်းဖြစ်သည်။ နောက်တကြောင်းအံ့ဖွယ်မှာ ကံ့ကော်တောဘုရားပူဇော်ပွဲကျင်းပသော နှစ်ဆန်း (၁) ရက်နိမှာပင် ကျောက်ဖြူမြို့မှ (၃) မိုင် (၂) ဖာလုံ ကွာဝီးသောနီရာတွင် ရှိဟောင်းကျောက်တလုံးဂူဘုရားပွဲတော်ကိုလည်း ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ကံ့ကော်တောဘုရားပွဲတော်ကဲ့သို့ မိုးထက် (၄) ချက်တီးမှ ညဇာသား (၄) ချက်တီးသည်အထိ တနိတာပွဲတော်ဖြစ်ပြီး စတုဒီသာကျွေးခြင်း၊ ရိုးရာကျင်ကိုင်ပွဲများဖြင့် စည်ကားသည်။ ထိုနိတွင် ကျောက်ဖြူမြို့တနယ်လုံးမှ ပွဲတော်နှစ်ခုလုံးသို့ ခေါက်တုံ့ခေါက်ပြန် လားရောက်ဖူးမျှော်ကန်တော့ခြင်းဖြင့် အလွန်စည်ကားပျော်ဖို့ကောင်းသည်။ ဤသည်မှာလည်း ကံ့ကော်တောသျှင်မြတ်များ၏အံဖွယ်များဖြစ်သည်။ ကျောက်တလုံးဂူဘုရားမှာလည်း အလွန်ထူးဆန်းစွာ ကျောက်တလုံးတည်းတွင် ဂူပေါင်းများစွာ၊ ဘုရားပေါင်းများစွာဖြင့် ရခိုင်ဘုရင်မင်းဘာကြီးလက်ထက် တည်ထားခခြင်းဖြစ်သည်။ ဤသို့တန်ခိုးတော်များအပေါင်းနှင့်ပြည့်စုံတော်မူသော ကံ့ကော်တောရှိဟောင်းပေါ်တော်မူဘုရားနှစ်ဆူ၏ ထူးခြားသောဖြစ်ရပ်အကြောင်းအရာများမှာ ပီထက်အက္ခရာ၊ ကျောက်ထက်အက္ခရာမဟိသော်ငြားလည်း အစဉ်အဆက် မိဘဘိုးဖီးဘီဘင်များပြောကြားခသောစကားများသည် ယခုတိုင် သမိုင်းတွင်လျှက်ဟိသည်။

နတ်လူသာဓုခေါ်စီသတည်း၊ သာသနာတော်အဓွန့်ရှည်ပါစီသောဝ်။

ဤကား ကံ့ကော်တောဘုရားသမိုင်းအကျဉ်းတည်း။

ကိုကားချက်။ ။ ရွှေဖြူခင်မြလတ်(အရီးဒေါ်မြလတ်) ကျောက်ဖြူမြို့ ကံ့ကော်တောဘုရားသမိုင်း။

လပြာသိုနန့် ဒီဇင်ဘာ


လပြာသိုနန့် ဒီဇင်ဘာ
-------------------------
အီးမြရေ လပြာသို မအီးနိုင် ငါ့ရင်ထဲမှာ
ဘီစီ (၃၀၀၀) ကျော်အတိတ်က
ကိုယ့်ပြည်ကိုယ့်မင်း ကိုယ့်ထီးနန်းကို
လွမ်းတမ်းတယင်း ရင်ကွဲပက်လက်
ငါဖြစ်လတ်တေ ဒီဇင်ဘာ --။

နှစ်ပေါင်း (၅၀၀၀) ကျော်အကြာ
ခိုင်မာခရေ မင်းအဆက်ဆက်
ဥသြရီသောက် မုနိပျောက်လို့ 
ထီးပျောက်နန်းပျောက် စည်ကြီးပေါက်တေ
ဒီဇင်ဘာ (၃၁) ရက် ဆုတ်လပြာသို --။

မမိနိုင် ယင်းအချိန်အတိတ်က
မီးတိုက်ခံရ ထီးနန်းလှနန့် 
စေတီပုထိုး ဘုရားကျောင်းကန်
ကျမ်းဂန်စာပီ ဗုဒ္ဓအမွီနန့် 
များပညာသျှင် အရှင်လတ်လတ်
သီအောင်သတ်ဖြတ် မောင်ဝိုင်းလက်မှာ
ကူပါကယ်ပါ လက်ထောင်ကာနန့် 
မြစ်နားကမ်းစပ် ရီမြှုပ်သတ်တေ --။

လူသားဒိုင်းကာ လိုသုံးရာဟု
ဗမာယိုးဒယား စစ်ပွဲကြားမှာ
(၆၀၀၀) ကျော်ရခိုင် တဖြိုင်ဖြိုင်လဲ
ရက်ရက်စက်စက် သူရို့သတ်တေ --။

တင်းဝါးပန်းခိုင် တမြိုင်မြိုင်
ရခိုင်အလောင်း စုစုပေါင်းရို့
အစုလိုက်အပုံလိုက် မသာဖြစ်ခ
ထိုဘ၀ကို ဇာပိုင်မိထားနိုင်ဖို့ လဲ --။

အခုချိန်ခါ များဗမာက
လက်ဟိရခိုင် ပြည်မဏ္ဍိုင်ကို
ဘယ်ကနှုတ်ယူ ညာဖဲ့ယူနန့်
မြီပေါ်မြီအောက် ခြုံပေါက်မကျန်
ရီနံဓါတ်ငွေ့ လိုပိုင်ဖဲ့ပနာ
သယံဇာတ အ၀၀နန့် 
ဆန်ရီစပါး သားငါးမကျန်
ဂေါင်းပုံဖြတ်ထုတ် ခဲဝါယုတ်ပိုင်
မြန်မာဗမာဖြစ်ဖို့ရာဟု
လူမျိုးသွီးနှော အရောင်ဆိုးရေ --။

တိုင်းခြားရောက်လာ မျိုးလေးဖြာနန့့်
ပြည်တွင်းရခိုင် စည်းလုံးနိုင်မှ
လခြမ်းရခိုင် မယိုင်လဲအောင်
တော်လှန်တိုက်ထုတ် အမျိုးယုတ်ကို
နိုင်မည်မုချ အောင်ပွဲလှနန့် 
ကမ္ဘာအလယ် ၀င်ဆန့်မည် --။

(မောင်ဂစ္ဆပ)

ရောင်နီကိုတမ်းတခြင်း


ရောင်နီကိုတမ်းတခြင်း
----------------------
မည်းနက်အမှောင်ကျနီရေ
မဟူရာညတည၏
သန်းခေါင်ယံမှာ
တရီးနိုးထအော်လိုက်တေအသံ
အိပ်မှုန်စုံမွှား
ထလို့ယောင်စွာလား
ကြောက်စရာအိမ်မက်ထဲက
လန့်နိုးလာစွာလား
မှုန်တိမှုန်ဝါး
မျက်လုံးအစုံက မှေးစင်း
အားတင်းပျာယ် ဖွင့်ကြည့်မိရေ
စူးစူးဝါးဝါးနန့် 
ညီးသံတိ
ကြိုင်းသံတိ
အော်သံတိ
ကူပါကယ်ပါ တစာစာနန့် 
လောကငရဲမှာ
ကျိန်စာသင့်
ဒုက္ခအပေါင်းနန့် 
ခညောင်းနီကတ်ရရေ --။

ရောင်စိုင်မဟိရေညမှာ
မှုန်ပျပျကြယ်ရောင်နန့် 
အမှောင်ကို အံတု
ရောင်နီဦးကို ဆန္ဒပြုယင်းခရီးဆက်
လမ်းပြပီးပါ
အို....လမ်းပြကြယ် --။

စောမြဇံ (ရခိုင်ပြည်)


ရခိုင်ပန်းဝှက်စကားထာများ (၁)


ရခိုင်ပန်းဝှက်စကားထာများ (၁)
--------------------------------
ပန်းဝှက်တမ်း အမီး (နှင့်) အဖြေ

၁) ကြက်ဖနီနီ၊ သားတရွီ။ (ဘုန်းကြီး)
၂) ငါ့နွားကြံစုံ၊ ပြည်ကိုမြုံ၊ အစာကုန်ခါ၊ ပြန်လို့လာ။ (မီးပုံး၊ မီးပုံးပျံ)
၃) ဆင်မတရာ၊ ရီသောက်လာ၊ ခြီရာလည်းပျောက်၊ ရီလည်းနောက်။ (ဆန်ဆီးရည်)
၎) ကန်၊ ကန်ထက်က ပြွန်၊ ပြွန်ထက်ပတ္တမြား၊ ပတ္တမြားထက်က ပုံးဆိုးကြီး၊ ပုံးဆိုးကြီးထဲက ကျား။ (ပါးစ၊ နှခေါင်း၊ မျက်စိ၊ ဆံပင်၊ သန်း)
၅) အကိုင်းကိုလျှောက် မျောက်လည်းမဟုတ်၊ ပတ်ပတ်ခြွီ မြီလည်းမဟုတ်၊ စပါးကိုစား နွားလည်းမဟုတ်။ (ခြာချေ၊ နွားလံကြိုး၊ တန်းစွယ်)
၆) အထပ်အထပ် ကြာကလပ်၊ အပွင့်မတူ ပန်းကြာဖြူ။ (စာအုပ်)
၇) ဘဒ္ဒကမ္ဘာ လူ့ပြည်ရွာမှာ၊ ပွင့်ပြီးပါယင့် ကြာ (၄) ပွင့်။ (ဘုရားလေးဆူ)
၈) ပေါင်နှစ်ချောင်းကို ခါးမှာတင်၊ မဝင်လည်းထိုး ဝင်လည်းထိုး။ (မျှိုင်ထိုးသည်။ ရင်းတားထိုးသည်။)
၉) တောင်ယာသခွါး ရွက်ဖားဖား၊ ဟင်းချက်စားဖို့ ကောင်းယင့်လား။ (အပျိုမချေ တယောက်လမ်းမှာလား ရည်းစားစကားပြောဖို့ ကောင်းရေလား။)
၁၀) အသီးတရာ အညှာတခု။ (ရီအုံးသီးခိုင်)
၁၁) ကျောက်ဖျာကြီးအောက် မှိုကြီးပေါက်၊ အောက်ကဖလာ မနှုတ်သာ။ (လျှာ)
၁၂) ကသစ်ပင် တက်ချင်ရေနန့် စူးရေနန့်။ (ထိုအပျိုကို လိုချင်ရေနန့် ရှက်တေနန့်။)
၁၃) ကြက်လည်းမတွန် လူလည်းမနိုး၊ လူ့ပြည်ကျွန်းမှာ ရွာတမျိုး။ (သင်းချိုင်း)
၁၅) အိမ်တိုင်းအိမ်တိုင်း ဒိုင်းတချပ်။ (စံဂိုး)
၁၆) ငါ့နွားငပြောက် ရီမသောက်။ (တောက်တဲ)
၁၇) ဘီလူးလိုင်တို၊ လူကိုမျို။ (အင်းကျီ)
၁၈) အပြင်ကချချော၊ အထဲမှာ ကျောက်စရစ်ကေတော။ (ဂေါ်ယံသီး၊ ကယိုင်သီး)
၁၉) အခြီ (၈) ချောင်း၊ အဂေါင်းမပါ၊ သန်ညှပ်ကြီးကို ထမ်းလို့လာ။ (ကဏန်း)
၂၀) သံတွဲက မီးလောင်၊ မာန်အောင်က မီးခိုးထွက်။ (ပန်းတူ)
၂၁) အဖကတောင်ရိုးသား၊ အမိကမြီရိုးသား၊ ပေါက်တေသားမှာ ဈာန်နန့်လား။ (ပန်းတူ၊ ဆီး၊ မီးခိုး)
၂၂) အပတ်ကိုလှန်၊ အမွီးကိုနှုတ်၊ အစိကိုစား၊ အရိုးကိုပစ်။ (မောက်ကာဖူး၊ ပြောင်းဖူး)
၂၃) ရှိမှာလည်းမနီ နောက်ကလည်းမလိုက်၊ ဘေးမာမျှောင် ဇိမ်နန့်လိုက်။ (လွယ်အိတ်)
၂၄) မတိုမရှည်တမိတ်လောက်၊ အနားပတ်လည် အမွှီးပေါက်။ (နွားနားရွက်)
၂၅) မင်းသားမောင်ဖြူ ထွက်တော်မူ၊ ရန်သူငါးယောက် ဖမ်းဖို့ရောက်။ (နှပ်ညှိပ်သည်။)
၂၆) ငါ့နွားတကောင် ဗို့တထောင်။ (ဂြင့်ခါးသီး)
၂၇) ငှက်ဝါချေ မြီမှာဥ။ (နနွှင်း)
၂၈) အခြီဝါဝါ လှသန္တာ၊ အလှမျိုးစုံ ဂေါင်းမြီးခြုံ၊ နာရီသိတတ် ယောက်ျားမြတ်။ (ကြက်ဖ)
၂၉) မန်းကျည်းပင်ပျို မထွက်လို၊ ရီတချက်လောင်းလိုက်ပါ။ (ကျောင်းကလူပျို မထွက်လို၊ စာတချက်ကမ်းလိုက်ပါ။)
၃၀) ပျံရေခါအတောင်နန့်၊ နားရေခါ နှသွီးနန့်။ (မှုတ်စူး)
၃၁) အချေခါ ဘောင်းဘီဝတ်၊ ကြီးလာခါ ဘောင်းဘီချွတ်။ (ဝါးတုတ်)
၃၂) ငါ့ရို့အိမ်အောက် ကြက်သွန်ဖြူ လူမကောက်။ (ကြက်ချီး)
၃၃) ငါ့ရို့အိမ်အောက် လောင်းကြီးမှောက်။ (အိမ်ရိပ်)
၃၄) နှီးနန့်လည်းမချိုင်၊ ကြိမ်နန့်လည်းမကွပ်၊ တပင်တိုင် နန်းပြသာဒ်။ (ဇာတီ)
၃၅) တကွန်တိုင် ဝါးတဖျား။ (မဖော်နိုင်လူ ငါ့မယား)
၃၆) ပရွက်စိကေ တင်ကကောက်၊ အချိန်အချိန် ကျောင်းကိုရောက်။ (ပပေါက်၊ ပေါက်ပေါက်)
၃၇) အာကာပြင်မှာ ကြယ်ချေသုံး လုံးရုန်းလာရေ၊ ရွာသားပြည်သား ကြည့်ကတ်တေ။ (နတ်ကသည်။)
၃၈) နွားမလားဘဲ ကြိုးလားရေ။ (ပြိန်းစွယ်)
၃၉) မဖွတ်ဘဲဖြူ မဖြည့်ဘဲပြည့်။ (အုန်းသီး)
၄၀) နတ်သမီးအိမ်တိုင် ပိုးမဖောက်နိုင်၊ ဖောက်နိုင်သော်လည်း တပေါက်တည်း။ (အပ်)
၄၁) မျက်နှာမဲကြီး ငိုလိမ့်မည်၊ ကမ္ဘာ့စည်ကြီး တီးလိမ့်မည်၊ ပျောက်နီသူလည်း ပေါ်လိမ့်မည်၊ သီနီသူလည်း ရှင်လိမ့်မည်။(မိုးရိပ်တက်ပြီးမိုးရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ ဖား၊ မြက်ပင်)
၄၁) အာကာပြင်မှာ ကြယ်စိကေပပြိန့် လမဟိ။ (ဆန်ခါ)
၄၂) အပင်ထက်က အသီး။ အသီးထက်က အပင်(နန္ဒြာသီး)
၄၃) အခြီ (၄) ချောင်းသတ္တဝါ ဆီမစားရ မလားပါ။ (ထွေလာ၊ ဂါရီ)
၄၄) ချောင်းမာနီ၊ ကုန်းမာဥ။ (ပြင်သာလိပ်)
၄၅) အနွယ်တရာ ရုံလို့လာ၊ သီးခါတလုံးတည်း။ (လူပျိုချေတရာ ရွာလည်လာ၊ ရခါတယောက်တည်း။)
၄၆) ထိုးရေသူဆောင့်ခြောင်၊ ခံရေသူပက်လက်၊ တနားထိုးကေ အကျိထွက်။ (သနပ်ခါးသွီးသည်။)
၄၇) တနှစ်တခါ ပေါ်လို့လာ၊ ငါရာမင်းလောင်း ထီးဖြူဆောင်း။ (တောင်ပုတ်မှို)
၄၈) ပင်လယ်ဇီးသီး၊ ဆုံလောက်ကြီး၊ အသီးကြွီကျ ရှာမရ။ (ပျိုင်ထောင်အိမ်ကြီး အဟိတ်ကြီး သမီးဂုဏ်ပြ လင်မရ)
၄၉) ဘူးလို့ကြွီကျ ရှာမရ။(လီစုံသည်။)
၅၀) ဇာတီပုန်းဆိုး ရှိမခိုး။ (ကောက်ရှိုးတိုင်)
၅၁) ညိုညိုချေမှာ ဖြူဖြူချေကွက်၊ လုံးလုံးချေနန့်နှက်၊ သွီးစက်စက်ထွက်။ (ကွမ်းရွက်၊ ထုံး၊ ကွမ်းသီး၊ ကွမ်းရည်)
၅၂) အဖိုးချီးတုံး၊ ပြင်တဆုံး။ (ကမ်းသင်း)
၅၃) အဖိုးမုဆိတ်ဖြူ၊ ပန်းတူသောက်ယင်း၊ အိုင်သို့ဆင်း။ (စပါးကောက်ညှောက်။ စပါးများ ကောက်ညှောက်ထွက်လာသောအခါ လယ်ကွင်းထဲတွင် စပါးကြဲချခြင်းကို ဆိုလိုသည်။)
၅၄) တောင်ထက်က မှိုင်းဇလီ လီထလို့မကြွီ။ (ဆံပင်)
၅၅) အ၀ီးကလာကေ မဲမဲ၊ အိမ်ကိုရောက်ကေ ရဲရဲ။ (ကဏန်း)
၅၆) အ၀ီးကလာကေ ရဲရဲ၊ အိမ်ကိုရောက်ကေ မဲမဲ။ (မြီအိုး)
၅၇) ဆင်မ၀မ်းခေါင်း လောက်သောင်း။ (ထမင်းအိုး)
၅၈) မဲမဖင် နီမယက်။ (မီးနှင့် ထမင်းအိုး)
၅၉) အဘာက အောက်က၊ သားက အထက်က။ (ပိတကာသီး)
၆၀) ရှင်ခါ ထလန်းကား၊ သီခါမှောက်ခုံ။ (လောင်း)
(၆၁) ကြည့်လီ ၀ီးလီ။ (နားရွက်)
(၆၂) ငါးစရိုင်းသျှေ ၀မ်းပူ၊ အအူမဟိ။ (ရီအိုးခွက်)
(၆၃) ထိုဖက်ဒေဖက် လှော်တက်နန့်၊ အလယ်ဂေါင်မှာ ရွက်တိုင်နန့်။ (ငါးစရိုင့်)
(၆၅) ငါးယောက်ကချီ၊ သုံးဆယ်ကကြိတ်၊ ဖျာကြီးနန့်လိပ်၊ ဂူကြီးထဲသွင်း။ (ထမင်းစားသည်။)
(၆၆) အမွှီးအတောင် စုံအောင်ပေါက်ယင့်၊ မပျံတက်ငှက် ကျောက်ကျပ် (ကျောက်ကြားမှာညှပ်)။ (သင်္ဘောဥ)
(၆၇) သမီးအပျို၊ လိုင်တိုတို၊ အမိသတ်လို့ အဖသတ်လို့ ငို။ (သံစည်)
(၆၈) အခြီသျှစ်ချောင်းမြီမှာထောက်၊ နားရွက်ချေလေးဘက် မိုးကိုထောင်၊ အဂေါင်းနှစ်လုံး၊ တောင်တလုံး မြောက်တစ်လုံး။ (----)(အဖြေတက်မလာသိမ့်)
(၆၉) (ရ) သော်လည်း မကောင်းသော (ရ) သုံးမျိုး။ (၁) ဆောင်းမိုးရ၊ (၂) ပဂန္တရ၊ (၃) ဒူလာပါဒရ။

ပန်းဖော်နိုင်သူကို ပန်းပီးသောကဗျာများ။
(၁) ရရေထိုပန်း ရည်းစားနမ်း၊ ပွင့်ပန်းညှာတံ။ မချေဂေါင်းမှာ၊ တဇောင်းပန်။
(၂) ရရေထိုပန်း၊ သဇင်ပန်း၊ သဇင်ပန်းဖြူ၊ အထွဋ်ထားကေ၊ မြတ်ဘုရားမှာ၊ ပန်းကပ်လှူ။
(၃) ရရေထိုပန်း၊ ကံ့ကော်ပန်း၊ ကံ့ကော်မုံအင်၊ အထွဋ်ထားကေ။ မြတ်ဘုရားမှာ၊ ပန်းတော်တင်။

ပန်းမဖော်နိုင်သောအခါ ပန်းဖော်သူက ပန်းဝှက်သူကို ပန်းပီးရပါသည်။

(စုစုပေါင်းပန်း (၆၉) မျိုး ဖော်ပြပီးလိုက်ပါသည်။ နံပါတ် (၆၈) မှာ အဖြေမတက်လာပါသိမ့်။ ပန်းအများစုကို ကိုယ်တော် Eindobasa က ကောင်းမှုပြုပါသည်။ ဤပန်းဝှက်စကားထာများတွင် ရခိုင်ဝေါဟာရအများကြီးပါသဖြင့် ရခိုင်ဝေါဟာရအဘိဓါန်တွင် မဖြစ်မနီ စုပေါင်းဖော်ပြအပ်သည်။)

(၀ှက်) လျှင် (ဖော်) သည်။ (ချိုင်) လျှင် (ဖြီ) သည်။ (မီး) လျှင် (ဖြေ) သည်။ (Hide, Unhide), (Tie, Untie) (Question, Answer) များသည် ဆန့်ကျင်ဖက် စုံတွဲဝေါဟာရများဖြစ်သဖြင့် (အမီး) (အဖြေ) သာလျှင် အသင့်တော်ဆုံးဖြစ်မည်ဟုယူဆသဖြင့် ဂေါင်းစဉ်ကို “ပန်းဝှက်တမ်း အမီး (နှင့်) အဖြေ” ဟု ဖော်ပြပီးလိုက်ပါသည်။

နံပါတ် (၉၊ ၁၂၊ ၂၉) မှာ ကာရံလိုက်ပြီးဖော်နိုင်သော ပန်းများဖြစ်သည်။


တပေါင်းလ


တပေါင်းလ
---------------
ဟေမာန်ကုန်ပြောင်း၊ လတပေါင်းသည်၊ ချမ်းဆောင်းနွီကာလ
တပေါင်းမင်းလွင်၊ ရွက်ကျင်တောင်လီထက
ကြွီကျပင်တကာ ဖူးရစ်နုဆောင်၊ သီကုံးယောင်သို့
ခြောက်ရောင်စိမ်းညိုပြာလျှက်
ရှုခီသော်လွှမ်းဖွယ်တိ၊ သီးပွင့်တကာ
ပင်တိုင်းမှာလျှင်၊ ချိန်ခါအညီညှိသို့
ကြည့်သရိ လွမ်းအောင်ဖန်၊ ရွက်ကျင်ဆွတ်ခြီ
တပေါင်းလီတိုက်ပြန်က
ကုံးသီဟန်ပုံမခြား၊ ညှာစိမ်းရွှီတူ၊ ငွေတူပန်းကြွက်နားတည့် --။

ဒေါန ချတ္တရာ၊ အဝေယာ ကြက်ရုံး
ဂမုန်း စံကား ၊ ဆပ်သွား ဇီဇ၀ါနှင့်
နော်ဇာသည် ဇော်ဂျီပန်း၊ ပုန်းညက် ကြန်ဇာ
ဇလတ္တာကေ၊ ခတ္တာ ပန်းခေါက်ရမ်းနှင့်
ပြိုင်းပန်းမြင့် တ၀ီဝီလူ၊ လီညှင်းဆွတ်ယူ
တောလုံးမွှီးနံ့ကြူလျှက်
မဉ္စူသည် ပန်းထင်ရှား၊ ကွမ်းဘဲ ဆင်ဝီ၊ ငုံးရွှီ ပန်းချရားနှင့်
ကုံးသီထားပုံအတူ၊ ဟေမန်ကုန်ပြောင်း
လတပေါင်းသည်၊ ချမ်းဆောင်းအကုန်ယူ၍
သာမြို့ဟူ ကံ့ကော်ပန်း၊ ပွင့်မျိုးစုံကေ၊ ဂိမာန်တပေါင်းယွန်းမှာ
စွန်းစွန်းဆွတ်ယူ၊ ဆယ်ချောင်းထိပ်မိုး၊ ဘုန်းလျှံဖြိုးကို၊ ရှိခိုးပန်းတင်လှူ၏လေ --။

(ဥက္ကာပျံ)


ကျောင်းလားပါဝေ အိုအဘုချေ


ကျောင်းလားပါဝေ အိုအဘုချေ
------------------------------
အို အဘုချေ 'အဘာ ၀ါ"
အဘာ ငါးဖမ်းလားခယင့်
အမင်ဝါ အမင် ရီခပ်လားခယင့်
အဘောင်ဝါ အဘောင်
ဆန်ဖွတ်ဟိလီယင့်
အဖိုးဝါ အဖိုးဟင်းရှာလားလီယင့်
အဘုချေဝါ အဘုချေ
ကမ်းနားယောင်ဗျာ ၀ါးဖောင်ဆင်းတက်လုပ်နီယင့်
ဝါးဖောင်ဝါ ၀ါဖောင်ကမ်းနား ဟိလီယင့်
ကမ်းနားဝါ ကမ်းနားမှာ ကျောင်းဆောက်ထားလီယင့်
ကျောင်းဝါ ကျောင်းမှာ ကျောင်းစောင့်ဟိလီယင့်
ကျောင်းစောင့်ဝါ ကျောင်းစောင့်အိမ်မှာ အိပ်နီယင့်
အိမ်ဝါ အိမ်မှာ ဘုရားဟိလီယင့်
ဘုရားဝါ ဘုရားပန်းအိုး ညှိုးနီယင့်
ပန်းဝါ ပန်းကို ပိုးဖျက်ပျက်လီယင့်
ပိုးဝါ ပိုးကို နွားအိုစားလီယင့်
နွားအိုဝါ နွားအို အဘုချေ ကျောင်းနီယင့်
အဘုချေဝါ အဘုချေ ရခိုင်းသားဖြစ်လီယင့်
ရခိုင်ဝါ ရခိုင်အမျိုး ချစ်လီယင့်
အမျိုးဝါ အမျိုးအဆက်တုံးလီယင့် --။

အိုအဘုချေ
ဖွဲပုံမှာမှောက် ကိုယ်ကားဗလာ ဗိုက်ပူကားဖြင့်
ဆလျာသတ်တေ ကျောင်းခေါင်းလောင်းသံ မကြားလားဝေ --။

အိုအဘုချေ
နွားကျောင်း ကျွဲကျောင်း အိမ်လုပ်ကူလို့
လှောက်လှေးခွတလက် လက်တည့်စမ်းပျာယ် ငှက်ပစ်ပျော်ရေ
အရိုင်းစိုင်းချေ ကျောင်းခေါင်းလောင်းသံ မကြားလာဝေ --။

အိုအဘုချေ
အဖိုးအစိုင် လူယဉ်ကျေးက သားဆိုးတဖြာ
ဂုဏ်ငယ်မွဲလို့ ငါရို့လက်မှာ မျိုးညံ့ခရေ
တယောက်အကောင် လူရောင်တင့်လို့ အရာမရောက်ဝေ
နှစ်ယောက်အကောင် လူရာရောက်လည်း ခရီးမရောက်ဝေ --။

ငါ့အမျိုးက စာရွက်မကိုင် ဓါးကိုကိုင်လို့ ထင်းခွတ်လားတုံး
ငါ့အနွယ်က ဘောပင်မကိုင် တက်မကိုင်ကို ငါးဖမ်းလားတုံး
ငါ့မိသားစု ပြောင်းဂျီကိုင်လို့ မီးမွှီးတုံးဆို
ငါ့လက် စက်ပေါ် တင်နီရလည်း ကြောမအီးဝေ --။

အိုအဘုချေ
ငါရို့အမျိုး သာဂီမျိုးလို့ လူကြားထုတ်ပြ ဂုဏ်ယူဝင့်ဖို့
ငါ့ရို့အနွယ် အာရီယန်လို့ လူသူရှိမှောက် မာန်ဂုဏ်တင့်ဖို့
သမိုင်းအဆက် ငါရို့လက်ကျန် အမွီဟောင်းကို မင်းလက်ခံဖို့ --။

အိုအဘုချေ
အမင်ဆဲသံ စာမတတ်လို့ ရိုင်းစွာရာပါ
အဘာဆဲသံ စာမတတ်လို့ နားခါးစွာပါ
သားချေအလှည့် အဘာဖြစ်ကေ
သမီးချေအလှည့် အမင်ဖြစ်ကေ ဆုံးမစီဖို့
ကျောင်းခေါင်းလောင်းသံ ခေါ်နီပျာယ်ဝေ
ကျောင်းလားပါဝေ အိုအဘုချေ --။

(မစန္ဒာ)

အိမ်မက်ဆိုး


အိမ်မက်ဆိုး
----------------
ပျိုမြစ်နုသစ်တေ ခံစားမူတိနန့် 
အနက်ချိုင်းဆုံးတနီရာမှာ
အသည်းဆူနာမီကြီးလှုပ်ခတ်ယင်း
လရောင်ရွှမ်းလို့ 
ကြည်နူးမဆုံးခရေ ရက်စွဲတိ
မိုးမမြင် လီမမြင်
အရာအားလုံးကို သတိမရလောက်အောင်ပင်
အနာဂါတ်အိမ်မက်လည်းမဲ့လို့ 
ပစ္စုပ္ပန်နန့်  ပြီးပြည့်စုံလင်းလက်လို့ 
ကျိန်းတောင်ထက်မှာ
ဂရင်ဂျိုင်မှာ
လီခံပေါက်မှာ .......
သမာသမတ်တော့ ကျခကတ်ပါရေ --။

ဇာလောက်ဝီးဝီး ၀ီးစွာကို ငါမကြောက်
တောင်အလုံးတရာ တသန်းခြားပတ်စီ
ပင်လယ် သမုဒ္ဒရာ
အခုတရာလောက် ခြားပတ်စီ
နောက်ဆုံး တကမ္ဘာစီခြားလီပတ်စီ
ငါအရောက်လာဖို့ 
ယေကေလည်း
လုံးဝ...လုံးဝ လာလို့မရရေ အတားအဆီးက
အနားမှာ ကာဆီးလားခပျာယ်မဟုတ်လား --။

ချုစ်ဦးကမ်းပါးက လူးကျ
အကျနာခရေငါ
ခွင့်လွတ်ခြင်းလား
ပီးဆပ်ခြင်းတော့ မဖြစ်နိုင်
အိမ်မက်တိုင်းမှာ
ဆယ်တန်းကို အခါခါကျယှုံးခကေလည်း
အိမ်မက်တိုင်းမှာ
အမြဲတမ်း ဖူးစာဖက်ဖြစ်ခရေ
ဒေ အိမ်မက်ဆိုးက နိုးထတိုင်း ဒေါသဖြစ်ရရေ --။

သစ္စာစကား
မိတ္တာတရား
ချစ်တေစကား
မပြည့်ခရေ တောင်းဆု --။

ကမ္ဘာမြီကြီးလည်း သက်သီမလိုပျာယ်
အိမ်မက်ဆိုးနန့်ရာ အယင်ဝီးပါစီ --။

(သျှင်စိုး)

လိပ်ပြာမှတ်တမ်း


လိပ်ပြာမှတ်တမ်း
----------------
နင်မသိကေလည်း
ငါဟိရေ လွန်ခရေတနှစ်မှာ
အကြည့်တခုအတွက်
ခြီလှမ်းတလှမ်း သဂြိုဟ်ဖူးရေ --။

မနိတနိကပိုင်နန့်
တနှစ် နှစ်နှစ်မကပျာယ်
ပြန်အတွိမှာ မယိမ်းမယိုင်ဘဲ
အလဲပြိုကျဖူးရေ --။

တိမ်တခုအဆုံးမှာ
မှုန်ဝါးရေ ပြက္ခဒိန်တခု
နင်ဟိရေ အေနှစ်မှာ
ကုန်ခရေ အလွမ်းချေတခု
မသိမသာ မျက်ရည်နန့်
အစဖျောက်ဖူးရေ --။

ပကာသန မပါရေ
လိပ်ပြာတကောင် အလှမှာ
နှလုံးသားတခု ရီစုန်မျှောဖူးရေ --။

ငိုသံမဟိရေ အေနှစ်မှာ
ရယ်သံတခုအတွက်
အတ္တတိ အဆုံးခံပီးလိုက်တေ --။

(သဇင်ဖြူ)


အိမ်မက်ထဲက လက်တဖက်


အိမ်မက်ထဲက လက်တဖက်
----------------------------
ကံတရား၏ကျေးဇူးပေါင်းများစွာနန့်
မင်းနန့်ငါ တထပ်တည်းကျဖူးရေ --။

“တခါလည်း ခွဲမလားပါ” လို့
ငါချစ်တေ နှခွမ်းအစုံက
ပြီးစလွယ် ပြောခလီသမျှ
အေကောင်က အရူးချော့ခံရပိုင်
အတ္တလက်ကျန် မဟိလောက်အောင်
အရည်ပျော်ဆင်းလို့
အငွေ့ပျံသန်းလို့ --။

လက်ဆုပ်လက်ကိုင်မရနိုင်ရေ
မင်းဆစ်ထုပုံဖော်ခရေ အိမ်မက်တိကြားမှာ
တချက်ချေ မင်းပြောဖူးရေ ပုံပြင်တုချေတိကြောင့်
သတၱိအစစ္တိကို မြီးဖြား
ငါ့ကိုငါ ရှင်သန်အောင်တည့်မတ်ယင်း
မင်းတတွတ်တွတ်ပြောဖူးခရေ “နက်ဖန်ခါ” တိအတွက်
တလောကလုံးကို နောက်ခိုင်း
ငါ့နိတိ မြုံဆိုင်းနီစွာတောင်
မင်းကမ်းလာဖို့ လက်တဖက်ကို
အခုထက်ထိ ငါ... ငတ်မွတ်နီတုန်းရာ --။

(ညီစု)


ချစ်စွာအပြစ်လား


ချစ်စွာအပြစ်လား
-----------------
ခင်ရုံပါဆိုပြီးကေ
ရင်ခုန်စရာတိကို
ဇာဖြစ်တွေးနီလဲ --။

ရိုးရိုးသိရုံဆို
ခိုးကြည့်ဖို့ လိုလား --။

ဖုံးဖိထားကေလည်း
အပြုံးတိက သက်သီ --။

အကြင်နာ မပိုသိမ့်ကေ
နဂိုရ်အတိုင်း နီကတ်မေ --။

တမင် ရှိလျှောက်လို့
ရင်မှာ မီးတောက်လာကေတော့
ကို့ကို အပြစ်မဆိုကဲ့နန်း --။

(မြတ်မင်းသူ)

အသဲကွဲနွီရာသီ


အသဲကွဲနွီရာသီ
----------------
အနီဝီးလို့ သွီးအီးလားခရစွာလားပန်းနု။ ကျနော့်ရင်ထဲမှာ နွီဦးမှာတိုက်တေ လီပွီလီရူးတိ ပြာပြာလဲ့လဲ့တိုက်ခတ်နီကတ်ပါရေ။ စိတ်ထဲမှာ ခံစားရစွာလောက်ရာ လီလွှင့်ပစ်လိုက်ရဖို့ဆိုကေ ကျနော်ဟာ လူတပိုင်း မီးခိုးတပိုင်းဖြစ်လားပါပျာယ်။ ဒေပိုင်ပါ..တချိန်က ကျနော့်မှာ ပန်းနုဆိုရေ ချစ်သူတယောက်ဟိပါရေ။ နာမေနန့်လိုက်အောင် ကကောင်းအလှပချေဖြစ်တေအတွက်နန့် ကျနော်လည်း ကကောင်းချစ်ခပါရေ။ တချိန်ကစွာယေ ဒေဂုမဟုတ်တေအတွက်နန့် ပန်းနုဆိုရေချစ်သူ ကျနော့်မှာမဟိပါပျာယ်။

မိုးမှုံတိ တုန်ခါဝဲယိုင်ကျပြီးကေ ပိတောက်တိပွင့်ရေ လတလမှာ ပန်းနုကို ကျနော်စတွိခစွာပါ။ ကျေးလက်ဆန်ရေ တောမြို့ချေတမြို့၏ အတိတ်နိစွဲတိမှာ ကျနော်ရို့နှစ်ယောက်၏အချစ်တိစွာ ခိုင်ခိုင်မာမာဖြစ်ပေါ်လာခပါရေ။ အသက် (၁၇၊၁၈) အခါတုန်းက ဆင်းရဲခြင်းချမ်းသာခြင်း၊အဆင့်အတန်းနန့်ဂုဏ်ဒြပ်တိကို နားမလည် မတွေးတတ်ခကတ်ကေလည်း အချစ်အကြောင်းကိုတော့ခါ နားလည်တွေးတတ်ခပါရေ။

ယင်းပိုင်နန့် ကျနော်ရို့နှစ်ယောက် တယောက်ကိုတယောက် ကကောင်းချစ်မိလားခကတ်တေ။ ပန်းနုနာမည်က နှစ်လုံးရာဟိပြီးကေ ကြသားပတီးနံနန့်စပါရေ။ ပန်းနုနာမည်ကို သဲမြီဖုံဖုံမှာ မှုံနီအောင် ကျနော်ရွီးဖူးပါရေ။ ပန်းနုမိဖတိက ကုန်စုံစတိုးဆိုင်ဖွင့်ပြီးကေ တခြားစီးပွားရေးလုပ်ငန်းတိလည်း လုပ်ပါရေ။ ရွာမှာဆိုကေ ပန်းနုမိဖတိက ရွာမျက်နှာဖုံးတိပါရာ။ ကျောင်းအားလပ်တေရက်တိမှာ ပန်းနုကို စတိုးဆိုင်ထဲမှာ အမြဲတမ်းပိုင် တွိရတတ်ပါရေ။ ပန်းနုရို့စတိုးဆိုင်ရှိမှာ မထည်ဝါ မခန့်ညားရေ အုန်းရည်ဆိုင်ချေတဆိုင်ဟိပါရေ။ အုန်းရည်ဆိုင်နာမည်က မူကြိုအုန်းရည်ဆိုင်ဆိုဝါ။ ကျနော်ကနားမလည်လို့ ဆိုင်သျှင်ကို လားမီးကြည့်ရေခါ အရက်မသောက်တတ်သိမ့် လူတိအတွက် အရက်သောက်တတ်အောင်သင်ပီးရေအခါ အုန်းရည်က စသောက်ရစွာဖြစ်လို့ ဆိုင်နာမည်ကို မူကြိုအုန်းရည်ဆိုင်ပြီးကေပီးထားစွာလို့ပြောယင့်။ ပန်းနုနန့်ကျနော် ချစ်ကြိုက်နီကတ်စွာကို မနာလိုပြိုင်ဖက်တိဟိပြီးကေ ကျနော့်ဘ၀ အဆင်မပြေမှုတိကို ပန်းနုကိုတောင် ထုတ်ဖော်မပြောတတ်တေ ကျနော်စွာ ယင်းမူကြိုအုန်းရည်ဆိုင်မှာ ထိုင်ပြီးကေ ပန်းနုအကြောင်းတိကို အုန်းရည်သောက်ယင်း ထိုင်စိုင်းစားဖူးခပါရေ။ ပန်းနုကို ကျနော် ဇာကြောင့်ဒေလောက်ချစ်မိခရစွာလဲ။ ပန်းနုက၀ါ ကျနော့်ပိုင် အဖက်ဖက်ကနိမ့်ကျလှရေ လူတယောက်ကို ဇာကြောင့်ပြန်ချစ်ခစွာလဲ။

ကျနော်ရို့နှစ်ယောက်ဘ၀တိခြားနားနီမှန်းကို ယင်းအချိန်ကပင် ဂဂနန သေသေချာချာ စိုင်းစားဝေဖန်ချင့်ချိန်နိုင်ခဖို့ဆိုကေ ပန်းနုကို ကျနော်ချစ်ချင်မှချစ်မိခဖို့ပါ။ လုံလောက်တေ စိုင်းစားဥာဏ်တိမဟိခသိမ့်ရေအတွက်နန့် ပန်းနုနန့်ကျနော် တယောက်ကိုတယောက်မခွဲနိုင်၊ မခွာနိုင်လောက်အောင် အချစ်တိကို ကိုးကွယ်ထားခကတ်စွာဖြစ်ပါရေ။ ပန်းနုက သူဌီးသမီး၊ဥစ္စာပေါ ရုပ်ချောပြီးကေ အတန်းထဲမှာဆိုကေလည်း ကကောင်းစာတော်ရေ ကျောင်းသူမတယောက်ပါ။ ယင့်အတွက်နန့် တခါတခါ ကိုယ့်ကိုကိုယ် အားငယ်စိတ်တိဝင်ပြီးကေ ၀မ်းနည်းမိခစွာလည်း တကြိမ်တခါထက်မကခပါ။ ယေကေလည်း ယင့်အချိန်က တယောက်နန့်တယောက် အချစ်စိတ်တိမွှမ်နီအောင် ဖုံးလွှမ်းထားကတ်တေအတွက် အချစ်ကလွဲပြီးကေ ကျန်စွာကို ကောင်းကောင်းမစိုင်းစားခကတ်။ ယင့်အချိန်က ပန်းနုနန့်ကျနော့်အချစ်စွာ ကကောင်းဖြူစင်ရိုးသားခပြီးကေ ဟန်ဆောင်ဖုံးကွယ်မှုတိမဟိခကတ်တေ အချစ်မျိုးတိနန့် တယောက်ကိုတယောက် ကကောင်းချစ်ခကတ်စွာပါ။ ဒေအချိန်မှာ ယင့်ချင့်တိကိုပြန်တွေးမိကေ ကိုယ့်ကိုကိုယ် ဂုဏ်ယူကြေနပ်အားရနီမိပါရေ ပန်းနု။ ပန်းနုက ပင့်မြင့်မှာ လှနီရေ ပန်းနုနုချေတပွင့်ပါရာ..ကျနော်မခူးဝံ့ မခြွီဝံ့ပါ ပန်းနု။

ကုန်လွန်လားခရေ အတိတ်တိကို ကွန်ပျူတာထဲက Document ထဲမှာထည့်ထားရေမှတ်တမ်းဖိုင်တိပိုင် ပြန်ပနာထုတ်ကြည့်လို့ရကေ ကကောင်းကောင်းပါဖို့ ပန်းနု။ ရွာဦးက မောင့်ထောင့်တောင်ဘုရားပွဲကျရေခါ ပန်းနုနန့်ကျနော် ကြမ်းတမ်းရေ ကျောက်ခင်းလမ်းထက်မှာ စက်သီးတတူစီးပြီးကေ ဘုရားပွဲလားကြည့်ဖူးပါရေ။ ဇာလောက်ပင်လမ်းကြမ်းကြမ်း ကျနော်ရို့နှစ်ယောက်အတွက်တော့ ကျောက်ခင်းလမ်းစွာ ပန်းခမ်းလမ်းပိုင် ထင်မှတ်မိခကတ်ပါရေ။ ပန်းနုဆိုရေ ကျနော့်ချစ်သူစွာ နာမည်နန့်လိုက်အောင် စိတ်ထားတိလည်း ကကောင်းနုညံ့ပါရေ။ မောင်းထောင့်ဘုရားပွဲမှာ နှလုံးသားထဲကစောမဲကျီဆိုရေအော်ပဒါပြဇာတ်ကိုထည့်ရေခါ မင်းသားမောင်ရွှီသီးနန့်မင်းသမီးစောမဲကျီမရို့တိ၏ ၀မ်းနည်းကြွီကွဲစရာအဖြစ်တိကို မြင်တွိရလို့ လိုက်ပနာမျက်ရည်တိကျတတ်တေအထိ စိတ်ထားနုညံ့ပါရေ။ ပန်းနုပါးပြင်ထက်က တလိမ့်လိမ့်တလိမ့်လိမ့်နန့်စီးကျလာရေ မျက်ရည်တိကို ကျနော့်လက်ကိုင်ပုဝါနန့်သုတ်ပီးဖူးခပါရေ။ ယင်းလက်ကိုင်ပုဝါစွာ ဒေဂုထက်ထိ ကျနော်အမှတ်တရသိမ်းထားလို့ဟိပါသိမ့်ရေ ပန်းနု။

"မောင်စာရွီးဆရာဖြစ်လို့ဟိကေ ပျော်စရာကောင်းရေ ဇာတ်လမ်းတိကိုရာ ရွီးရဖို့နန်း၊ ၀မ်းနည်းစရာကောင်းရေ ဇာတ်လမ်းတိကို မရွီးပါကဲ့"

"ဇာတ်လမ်းတပိုဒ်ကို ပျော်စီလွမ်းစီဆိုပြီးကေ ပုံသီတွက်ထားလို့က မရ ပန်းနု၊ ပျော်စရာ လွမ်းစရာတိစွာရေ ကာလံဒေသံ အချိန်အခါနန့် အကြောင်းကြောင်းတိကြောင့် ဖြစ်ပေါ်လာရရေ အကျိုးသက်ရောက်မှုတိရာဖြစ်တေမနားယေ"

ယင်းအချိန်က ပန်းနုနန့်ကျနော့်ဇာတ်လမ်းက၀ါ...ပျော်စရာတိနန့်ဆုံးဖို့လား၊ ၀မ်းနည်းစရာတိနန့်ဆုံးဖို့လားမသိနှမ်းဆိုပြီးကေ တယောက်တည်း ကြိတ်ပနာ စိုင်စားကြည့်ခပါရေ။ ပန်းနုနန့်ဝီးဖို့ဆိုရေအတွေးထက် နီးရဖို့ဆိုရေ စိတ်ကူးတိကရာ အနိုင်ယူထားခပါရေ။ ကြိုမသိနိုင်ရေကြောင်းအရာတိက အနာဂါတ်ကာလမှာ ကကောင်းဟိနီခပါရေမနား။

ကံကြမ္မာလီရိုင်းနန့်လောကဓံမုန်တိုင်းတိက နာဂိစ်မုန်တိုင်းတိုက်တေပိုင် ကျနော်ကို တိုက်ခတ်လားခပါပျာယ်။ ဘ၀ရီစီးကြောင်းထဲမှာ စီးမျောလိုက်ပါယင်း ကျနော်ဟာ လုံးဝအံဝင်ဂွင်ကျ လွဲချော်လားခပါယာ။

"ပန်းနုနန့်ကျနော် ဇာခါကပင် ၀ီးကွာလားခရစွာလဲ"

"ဇာခါတုန်းကပင် သွီးအီးလားခရကတ်စွာလဲ"

"ဇာကြောင့်ဝီးလားခရကတ်စွာလဲ"

"ဇာကြောင့်သွီးအီးလားခရကတ်စွာလဲ"

ကိုယ့်ဖာသာကိုယ်လည်း မီးယင်း၊ ဖြေယင်း

ထပ်မီးယင်း၊ ထပ်ဖြေယင်း

မသဲကွဲခပါဝါ ပန်းနု။

ပန်းနုက မကွေးဆီးတက္ကသိုလ်မှာ ဆီးကျောင်းတက်နီခရေ။ ကျနော်က ပြည်ပမှာ ပန်းနုကိုလွမ်းယင်းနန့် ဘ၀အတွက် ရန်းကုန်ကြိုးစားနီခရရေ ဘ၀သမားတယောက်ပါရာ။ တယောက်နန့်တယောက် ယင်းပိုင် အလှမ်းကွာဝီးနီရရေအချိန်မှာ တတူတူတွိဆုံဖြစ်ဖို့ဆိုရေကိစ္စက လုံးဝမဖြစ်နိုင်ခပါ။ သူကဆီးတက္ကသိုလ်နောက်ဆုံးနှစ်ရောက်ပါလတ်တေခါ အွန်လိုင်းမှာလည်း တခါတရီမှရာ တွိဖြစ်ကတ်ခပါရေ။ ကကောင်းအလုပ်တိများလို့ မကြာမကြာမတွိနိုင်ကတ်စွာလို့ထင်ပါရေ။ အွန်လိုင်းမှာတွိရေအခါလည်း ပန်းနု၏အလေးထားမှု၊ဖော်ဖော်ရွေရွေဆက်ဆံမှု၊ အကြင်နာယုယမှုတိကို မရနိုင်လိုက်ပါပျာယ်။ ပန်းနုက ငွေရေးကြေးရေး၊ စီးပွားရေးနန့်အလုပ်အကိုင်အကြောင်းတိကိုရာ အချစ်နီရာမှာ အစားထိုးပနာ ပြောပြောလာစွာတိကို တွိရပါရေ။ အချစ်အကြောင်းကို ပြောရစွာလောက် ဇာမှာ အရသာဟိနီပါဖို့လဲ ပန်းနု။ ကုန်ခရေအပါတ်က ပန်းနုနန့် အွန်လိုင်းမှာတွိရစွာလောက် ဇာခါတုန်းကမှ ၀မ်းနည်းကြီကွဲစရာမကောင်းလို့ ကျနော်ထင်လိုက်ရပါရေ။ ပန်းနု၏လီစိမ်းတိုက်မှုတိကိုတွိရစွာရေ ကျနော့်အတွက် သီမိန့်ချခံရရေ လူတယောက်ပိုင် တုန်လှုပ်မှုတိဖြစ်ရပါရေ။

ပြည်ပမှာ မိဝီးဖ၀ီး ဆွီဝီးမျိုးဝီးနန့် ကြမ်းတမ်းရေ ဘ၀စိန်ခေါ်မှုတိကို နိစိုင်ရင်ဆိုင်ဖြတ်သန်းနီရရေကျနော့်ကို ပန်းနုက အယင်ကပိုင်မဟုတ်ပါပျာယ်ကာလတ်။ ကကောင်းနီနိုင်ရေ၀ါလတ်။ ပြောင်းလဲလားခစွာက ကျနော်မဟုတ်ပါ ပန်းနု။ ပန်းနုရာ အစစ အရာရာ ပြောင်းလဲလားခစွာပါရာ။ ပန်းနုက အရင်ကထက် စာတိတတ်လာပျာယ်။ M.B.B.S ဆရာဝန်ဘွဲ့ကိုလည်း ရလားခယာ။

"အိမ်က ဘာဘာနန့် အီးယောင်ရို့တိ သဘောတူပီးစပ်ဖို့လုပ်နီကတ်တေ အိန်ဂျိန်နီယာစစ်ဗိုလ်တယောက်ကို ပန်းနုလက်ခံလိုက်ရဖို့လား" လတ်။ အကျိုးအကြောင်းကို ကျနော်ကို ဆွေးနွေးတိုင်ပင်စွာမဟုတ်ပဲနန့် အသိပီးခစွာလောက်ရာဖြစ်တေဆိုစွာကို ကျနော် နားလည်သဘောပေါက်လိုက်ပါပျာယ် ဆရာဝန်မကြီး ဒေါ်ပန်းနု။ ကျနော် ပန်းနုကို ကကောင်းချစ်ပါရေ ပန်းနု။ ယေကေလည်း ပန်းနုရို့မှာ ဒေအခြေအနေတိကိုရောက်ပြီးခါမှ ကျနော် ဇာတခုမှ စောတကတိမတက်ချင်ပါပျာယ်။ ကျနော့်ကို ထားပစ်ခပါ ပန်းနု။ ပန်းနုလားချင်စွာကို ဆက်လားပါ။ ကျနော်က အချစ်ဆိုစွာကို စွန့်လွှတ်အနစ်နာခံခြင်းပါရာဆိုပြီးကေ ပန်းနုကို လွတ်လပ်ခွင့်ပီးလိုက်ပါရေ။ ဒေါက်တာ ဒေါ်ပန်းနုတယောက် ရောက်လီရာ နီရာမှာ ပျော်နိုင်ပါစီလို့ ကျနော်ဆုတောင်းပီးလိုက်ပါရေ။ ကျနော်ကတော့ သင်္ကြန်လီတိနန့်တတူ ရူးမတတ်ခံစားရပါဖို့သိမ့်။

(ခိုင်မျိုးသူရိန်)

ရခိုင်ပညာကျော်များ


ရခိုင်ပညာကျော်များ
-------------------
ရခိုင်ဆိုရေနာမည်စွာ နက္ခတ်ကောင်းနိမိတ်ကောင်းတိဟိရေအတွက်နန့် ရခိုင်ပြည်ဆိုစွာ ပညာတတ်လူတော်တိထွန်းမြတ်တေ အရပ်ဒေသတခုလည်းဖြစ်ပါရေ။

အနောက်ကိုကြည့်လိုက်တေခါ ဒေါက်တာအေးကျော်၊ ဒေါက်တာနာယက အစဟိရေပညာသျှင်တိကိုတွိရပါဖို့။
အရှိဖက်ကိုကြည့်လိုက်တေခါ ဒေါက်တာအေးချမ်းကိုတွိပါလိမ့်မေ။ သမိုင်းကိုလှန်လို့ကြည့်ကေ ယင်းထက်အများကြီးတွိပါဖို့ဆိုစွာကို ငြင်းပါယ်ကတ်ဖို့မထင်။ မီဒီယာကဏ္ဍကိုကြည့်ကေ ဦးကျော်ဇံသာစွာကကောင်းတော်ရေလို့ အားလုံးကလက်ခံထားယင့်။

ယေကေလည်းသော့ အခုတင်ပြဖို့ပညာသျှင်တိက ရခိုင်ပြည်ကပြိုင်ဖက်ကင်းပညာသျှင်တိပါ။ တသက်မှာတယောက်ပေါ်ဖို့ဆိုစွာခက်ခဲရေပညာသျှင်မျိုးပါ။ ကမ္ဘာမှာ ပညာရပ်မျိုးစုံဟိရေပိုင် ရခိုင်ပြည်မှာလည်း ပညာသျှင်မျိုးစုံဟိယင့်။

ပထမဆုံးတင်ပြဖို့ပုဂ္ဂိုလ်က သိပ္ပံနန့်သဘာဝကိုစူးစမ်လေ့လာရေဖက်မှာ ပြိုင်ဖက်ကင်း အကျွန်ုပ်ရို့ရွာက အဖိုးသျှင်ဝေဇံဖြူပါ။ အဖိုးသျှင်ဝေဇံဖြူစွာ ဇာလောက်တော်လီဖို့လဲ။ တရက်နိမှာ အကျွန်ုပ်ရို့ရွာကျောင်းမှာ လူစုလူဝေးချေတခုဖြစ်ပါရေ။ ယင်းအထဲမှာ ဗဟုသုတမျိုးစုံကို ကိုယ့်အမြင်သူ့အမြင်ကိုတင်ပြကတ်တေခါ အငြင်းခုံချေတခုဖြစ်ပါရေ။

အကြောင်းက ကမ္ဘာလည်ပတ်တေဆိုစွာ ဖြစ်နိုင်၊ မဖြစ်နိုင်။ တယောက်လည်မဆုံးဖြတ်နိုင်ဖြစ်နီယင့်။ ယင်းအချိန်မှာ အဖိုးသျှင်ဝေဇံဖြူဝင်လာယင့်။ ဝင်လာစွာနန့်တပြိုင်နက် အဖြေတန်းလို့ပီးလိုက်ယင့်။ မင်းရို့စိုင်းစားကြည့်ကတ်ဝေ ... ကမ္ဘာလယ်ကေ ငါ့ရို့ကျောင်းရှိကအုန်းပင် ကျောင်းနောက်သို့ တခါလည်းမရောက်လားကာဝေ။ "ကမ္ဘာလယ်ပတ်ရေဆိုစွာ လုံးဝမဖြစ်နိုင်" ကာ။

အဆုံးမှာ အားလုံး ဟဟဟဟဟဟဟဟ..... နန့် ဟားပစ်လိုက်ကတ်ယင့်။

နောက်တယောက်ကတော မီဒီယာလို့ခေါ်ရေ ဝေဖန်ရေးသမားတယောက်ပါ။

ထွန်းသာအောင်နန့် လှဖေ ရေဒီယိုတလုံးကိုအလယ်ကချပနာ ဝေဖန်နီကတ်စွာ (၄) ချက်တီးလောက်ပင်ကြာပါပျာယ် မပြီးနိုင်သိမ့်။ အကြောင်းက ကျူးဘားဒုံပျံစခန်းကိစ္စပါ။ အမေရိကန်ကတားလို့နိုင်ဖို့လား ...... ရုသျှကတော့ အလျှော့လုံးဝပီးဖို့မထင်။ စကားလုံးတိက လုံးဝ special ဖြစ်ပါရေ။ အငယ်ချေတလုံးလည်းမပါ။ အကြီးမသန်တိကျည်း။ နောက်ပြီးကေ ကုလသမဂ္ဂက ဒေပြဿနာဇာပိုင်ဖြေယှင်းဖို့လဲ၊ မျိုးစုံဆွေးနွေးနီရေအချိန်ခါ လှဖေမယား ဒန်အိုးတလုံးကိုကိုင်လို့ မီးဖိုဂျောင်ကထွက်လာပျာယ် "ယော ...ယော...ဒေစွာကို အယင်ဖြေယှင်း၊ ကနိအိုးမှာထည့်ဖို့ဆန်တစိလည်းမဟိဒေ" လို့ဆိုပနာ ဒန်အိုးကိုတိုင်မှာ (၄/၅) ချိန်းလောက်ထုပစ်လိုက်ယင့်။ မီဒီကဏ္ဍကတော့ ယင်းမှာပင် အဆုံးသတ်လိုက်ယင့်။

နောက်ပညာသျှင်တိကိုလည်း ဆက်ပြီးတင်ပြလားပါဖို့။

အသျှင် (Ashun)

သစ္စာ


သစ္စာ
----------
ရခိုင်ရို့တွက်
တန်ဖိုးအဟိဆုံးရတနာ
ရခိုင်စာ --။

ရခိုင်ရို့တွက်
တန်ဖိုးတန်ဆုံးပတ္တမြား
ရခိုင်စကား --။

စာပီပျောက်ကေ စကားပျောက်ဖို့
စကားပျေက်ကေ လူမျိုးပျောက်ဖို့ --။

ငါသည် ရခိုင်မျိုး
ငါ့ရခိုင်မျိုးတွက်
စာပီနန့်စကားကိုဖျက်
အမျိုးပျက် တရားခံ
ငါခံလီဖို့မဟုတ် --။

ငါ့မျိုးရိုးတွက်
စာပီကိုခင် စကားကိုကြိုက်
မျိုးချစ်တယောက်အနီနန့်
ငါ့မွီးရပ်ကို ကျေးဇူးဆပ်ဖို့ "သစ္စာ" ပြုယင်း --။

အသျှင် (Ashun)

ထပိန်တထည် (၀တ္ထုတို)


ထပိန်တထည် (၀တ္ထုတို)

အကျွန်ုပ်တရက်နိ ဖျားနီလို့ ကျောင်းမတက်ဖြစ်၊၊ တခါတရီ ကျောင်းမတက်ချင်လို့ ဖျားကွန်ဆောင်ဖူးပါသည်၊၊ အခုက အသည်းအသန်အဆင့်အထိ မရောက်ကေတောင်က ဂေါင်းသင့်အောင်ကိုက်နီရေဆိုခါ အေနိတရက် ခွင့်တိုင်လိုက်ပါသည်၊၊ ရာသီဥတုကလည်း အယင်နှင့်မတူ၊၊ အခုလည်းသွင့်ကြည့် အပြင်မှာ မိုးကြီးလီကြီးလိုက်နီသည်၊၊ သာမန်ဆိုကေ အေအချိန် မိုးရွာရဖို့ အချိန်မဟုတ်၊၊ လူကြီးတိကစီ ရိုးမတောင်က အပင်တိပြုန်းလားခလို့ ရာသီဥတုဖောက်ပြန်စွာလို့ ပြောပါသည်၊၊ တောင်မှာအပင်မဟိစွာနှင့် ရာသီဥတုဖောက်ပြန်စွာ ပဇာဆိုင်ရေလဲမသိ၊၊ တောင်ကအပင်တိပြုန်းလားခစွာမဟုတ်ဘဲ တမင်ဖြုန်းပစ်လိုက်ကတ်စွာလို့ အကျွန်ုပ်ထင်ပါသည်၊၊

အနောက်တောင်မုတ်သုံလီက တပျင်းတိုက်နီလို့ အိမ်ဘေးကစိုက်ထားရေကွမ်းသီးပင်တိ၊ အုန်းပင်တိ သံဖြူခေါင်ကို တဘုန်းဘုန်းသတ်နီလို့ စာအုပ်ကို ကောင်းကောင်းဖတ်ဖို့မရပါ၊၊ တော်သိမ့်ယင့်။ အိမ်ရှိကသရက်ပင်ကို လမ်းချယ်ဖို့အတွက် ခွတ်ရဖို့ဆိုလို့ ခွတ်ပစ်လိုက်ရဖို့၊၊ လက်ထဲကစာအုပ်ကလည်း ကောင်းခန်းရောက်နီသည်၊၊ နှစ်ထောင်ပေါင်းအများကြီးကပင် အခက်အခဲတိကိုကျော်ဖြတ်လို့ အေမြီကြီးမှာ သူများနိုင်ငံနှင့်တန်းတူ ရပ်တည်နိုင်ခသည့် မျိုးနွယ်စုတခုအကြောင်းဖြစ်သည်၊၊

သူရို့တိရင်ဆိုင်ခရရေတိုက်ပွဲ၊ ခံစားခရရေဒုက္ခသုခတိနှင့် ဇတ်သျှိန်ကလည်းမြင့်တက်လာသည်၊၊ စာဖတ်နီယင်း ဘေးနားကတင်ထားရေ ခွင်ခလောက်ခုံထက်ခွက်ထဲက လက်ဖက်သုတ်တဇွန်းယူစားပြီးကေ အဖန်ရည်တတုတ်သောက်လိုက်သည်၊၊ လက်ဖက်သုတ်ကိုပဲဆီနှင့် သုတ်ထားလို့ အိပြီးကေမွှီးရေအရသာက ကကောင်းကောင်းပါသည်၊၊

အကျွန်ုပ်သည် လက်ဖက်သုတ်လျှင် ဆီတိအိုင်ပြီးကေစီထည့်တတ်လို့ အဘောင်သျှင်ကစီ (ဟေး ဆီတိ ယင်းလောက်ဈီးကြီးစွာမှာ ချွေချွေတာတာသုံးပလင်။ သူများတိ ပဲဆီအစစ်တောင်မစားနိုင်ကတ်ပျာယ်) အသိပီးပါလေ့ဟိပါသည်၊၊

ခြီဖျားတိအီးလာလို့ သိုးမွှီးပုဆိုးတထူကြီးကို ခြီမှာပတ်လိုက်သည်၊၊ အရာအိမ်ထက်မှာ အဘောင်သျှင်အိပ်နီလို့ တော်သိမ့်သည်၊၊ တချက်ရာမြင်ကေ သူများတိချမ်းလို့ ချုံဖို့ပုဆိုးတောင်မဟိစွာမှာ (နင်က ထိုချင့်၊ ဒေချင့်) ဟု ပြောလိမ့်မည်။

(အော် အိမ်ကလူတိမဟိကတ်ပါလာ။)

တုန်တုန်ယင်ယင်နှင့်အသံတသံ အိမ်ရှိခြံဝကထွက်ပါလတ်သည်။ အိမ်ထဲကနီ တချက်လှမ်းကြည့်လိုက်သောအခါ အိမ်အပြင်မှာထီးဆောင်းလို့ မိမ္မတယောက်ရပ်နီသည်။ လက်ထဲတွင်လည်း အထုပ်တထုပ်ဖက်ထားသည်။ အိမ်ခြံဝနှင့် သုံးပေလောက်ရာဝီးသောကြောင့် ကြင်းကြင်းလင်းလင်းမြင်ရသည်။ အယင်ခေါက်ကဆိုကေ အေထက်ဝီးသိမ့်သည်။ လမ်းချယ်ဖို့အတွက် ခြံဖျက်ပီးလိုက်ရလို့ အခု ပိုနီးလားသည်။ အိမ်ကိုဖျက်ပီးလိုက်ရဖို့ တားတားချေလိုသည်။

အကျွန်ုပ် ယင်းမမကိုမြင်သောအခါ အဘောင်မကိုခေါ်ဖို့ အိမ်ထက်ကိုပြီးတက်လိုက်သည်။ စိတ်ထဲမှာ ပဇာကိစ္စလဲလို့ တထင့်ထင့်ဖြစ်နီသည်။ အခုပိုင် မိုးကြီးလီကြီးထဲမှာ လုပ်အားပီးလာခေါ်စွာတော့မဖြစ်နိုင်။ လုပ်အားပီးဖို့လာခေါ်ကေ ရပ်ကွက်ကောင်စီက စစ်သားလူထွက် စံထွန်းအေးမျက်နှာကို အယင်မြင်ရဖို့။

အဘောင်မ အိမ်အောက်သို့ရောက်သောအခါ ဓမြရန်ကိုကြောက်လို့ခတ်ထားရေ လက်ခုတ်သီးကို အယင်ဖွင့်ပီးလိုက်သည်။

ယင်းမမသည် အိမ်ထဲသို့ မ၀င်ဝံ့ဝင်ဝံ့ဝင်လာပြီး သမံတလင်းမှာထိုင်ချလိုက်သည်။ တခန္ဓာလုံး မိုးရီဘဘုတ်စွတ်နီသည်။ ဆောင်းလာရေထီးက မြို့မကျောင်းဆွမ်းတကာမောင်စိန်ထီးလောက်မကောင်း။ ထီးချာက ဂျီသရီးကျည်ဆံကျထားရေပိုင် အပေါက်တရာနှင့် လက်ကိုင်လည်းမဟိ။ ၀တ်ထားရေချန်သားအင်းကျီက ပဇာလောက်ကြာပျာယ်လဲမသိ အရောင်မတောက်။ မီုးရီစွတ်လို့ မြင်မကောင်းဖြစ်နီသည်။

ပိုဆိုးစွာ သူ့ထပိန်။ ၀တ်ထားရေလို့ပြောစွာထက် ပတ်ထားရေဆိုကေ ပိုမှန်ပါလိမ့်မည်။ ပင့်ကူအိမ်ပိုင် အထပ်တရာခြုပ်ထားသည်။ မိုးရီစွတ်ဖန်များလို့ ဆွီးပျာယ် ထိုတစဒေတစ အနားလန်နီသည်။ မသကာကေ အချိန်မရွီးစုတ်လားနိုင်သည်။

ခြီမှာလည်း ဖိနပ်စီးမထား။ ရီနူးလို့ ခြီတဖ၀ါးလုံး ဖြူဖတ်ဖတ်အထွင်းထွင်းဖြစ်နီသည်။ လက်ထဲကအထုပ်ကို ဘေးသို့ အသာချေချလိုက်သောအခါ သမံတလင်းမှာရပ်နီသော အကျွန်ုပ်၏ခြီထောက် အအီးဓါတ်ကိုစုပ်ယူလိုက်ယှောင် ခံစားလားရသည်။

တခန္ဓာလုံး ကြက်သီးဖြိန့်ပနာ မျက်စိမှာမြင်ရစွာ အဂယင့်လားလို့ ကိုယ့်စွာကိုယ်တောင်မယုံနိုင်ဖြစ်လားသည်။ ဟုတ်ပါသည်။ အဂယင့်ဟုတ်ပါသည်။ လသားအရွယ်အဘုချေတယောက်။ အသက်ဟိသိမ့်ယင့်လားမသိ။ ယင်းမမသည် အဘောင်မခြီကိုကိုင်ပျာယ် တပျင်းငိုပါသည်။ အဘောင်သျှင်ကလည်း အိပ်မွှားဆံထ (ဟေး ထထ) ဆိုပျာယ် အနားမှာ ထိုင်ခိုင်းပါသည်။

(အရီး အကျွန်ဝါပိုကပါ။ ရွာပျက်လို့ထွက်ပြီးလာစွာပါ။ အကျွန့်အိမ်သျှင်လည်း ပေါ်တာပါလားခလို့ ငှက်ဖျားနန့် သီကျလားပါယာ။ အားကိုးဖို့လူလည်းမဟိပါ။ အချေကလည်းတဖက်။ တောင်းလို့တာဖြစ်စားဖို့ပျာယ်ဆိုပျာ စစ်တွေကိုတက်လာစွာပါ။ အခု လားတောင်းစားဖို့ ၀တ်ဖို့ထပိန်မဟိလို့ မိုးရွာလို့ အရီးရို့အိမ်ကိုဝင်လာစွာပါ။ ထပိန်တထည်လောက်ဟိကေသနားပါ။) ဟု ပြောပါသည်။ ပြီးကေ ချိတ်၍ငိုပါသည်။

(ဟေး တပိန်ကအရေးမကြီး၊ အချေဝါ) ဆိုပျာယ် အဘောင်သျှင်က အချေကို တချက်ငုံကြည့်လိုက်သည်။ ကံကောင်းသိမ့်ယင့်။ အချေမသီသိမ့်။ ယင်းလောက်မိုးရွာစွာမှာ သားကိုရင်နှင့်အုပ်ပျာယ် ဖိနပ်မပါလားနီရေ မိခင်တယောက်မိတ္တာကို နားလည်ခံစားမိပါသည်။

(အကျွန် ကံကကောင်းဆိုးပါရေ) မျက်နှာကို လက်နှင့်အုပ်ထားသည်။ ဆက်ပြောဖို့စကား ငိုသံနှင့်ထွီးနီသည်။ အဘောင်သျှင် ပြင်တန်းခါးကိုပိတ်လိုက်သည်။ ယင်းမမကို စောင့်ဖို့ခိုင်းပနာ အိမ်ထက်ကိုတက်လားသည်။ ပါးစကလည်း (အော် ဒုက္ခ၊ ဒုက္ခ) လို့ မကြားတကြားပြောသည်။

ထပိန်ပီးဖို့လူ ခံစားနီရရေဒုက္ခလား။ ထပိန်မဟိရေလူ ခံစားနီရရေဒုက္ခလား။ အသေအချာ အကျွန်ုပ်မပြောတတ်။ အကျွန်ုပ်ရို့တိမှာ ဒုက္ခကကောင်းများပါသည်။ ပဲဆီကို ချွေတာရရေဒုက္ခ။ အပင်ခွတ်ခိုင်းလို့ အပင်ခွတ်ပီးရရေဒုက္ခ။ လမ်းချယ်ဖို့အတွက် အိမ်ဖျက်ပီးရရေဒုက္ခ။ ဈီးဆောက်ဖို့အတွက် အိမ်ရွှိပီးရရေဒုက္ခ။ ယောက်ဖနွားကို အလကားကျောင်းပီးရရေဒုက္ခ။ ကန်ကမကန်ပါ။

အဘောင်မ အိမ်ထက်ကဆင်းလာရေအခါ ထပိန်တထည် လက်ထဲတွင်ပါလာပါသည်။ ယင်းမမသားချေအတွက် အကျွန်ုပ်၏ညီ အင်းကျီတလုံးကိုပါထည့်ပီးလိုက်သည်။ သူ့မျက်နှာသည် ဆောင်းမှာပရေလလောက် မတောက်ကေလည်း မိုးခါလျှပ်စိမ်းပြယှောင် ၀င်းလားပါသည်။ အဘောင်သျှင်ခြီကိုရှိခိုးလို့ (အရီး ကောင်းကောင်းကျေးဇူးဟိပါရေ) ဟု ဆုပီးပါသည်။

မိုးလည်းသင့်အောင်ချေစဲလားပျာယ်ဆိုခါ ပြန်ထွက်လားပါသည်။ အရှက်နှင့်သိက္ခာကိုဖုံးဖို့ ထပိန်တထည်တော့ရလားခပျာယ်။ ထပိန်ကို အသာချေကိုင်ပျာယ် မိုးရီထဲမှာပျောက်လားရေ ယင်းမမကိုကြည့်ယင်း အကျွန်ုပ်သက်ပြင်းချမိပါသည်။

မောင်မောင် (စစ်တွေ)
(09/06/1998)

အမှောင်ကျလားရေမြို့


အမှောင်ကျလားရေမြို့
----------------------
တားမြစ်ထားရေ အသီးကို
မစားမိဖို့
ဂါထာတပုဒ်ပိုင်
အခါခါရွတ်ဆိုနီယင်းက
ဒြပ်မဲ့ရွာချေထဲက
နတ်သမီးထောင်ချောက်မှာ
အမှတ်တမဲ့ ကျွံယင်း
နံရိုးတချောင်းထပ်ကျိုး
အစိုးမရခ စိတ်ခန္ဓာနန့် ငါ --။

ပြက္ခဒိန် အဟောင်းထဲမှာ
အပွဲပွဲအောင်ခသမျှ
အခုတခေါက်မှ
စာမီးပွဲဝင်မဖြေရဲရေ လူတယောက်
သြော်…
ငါကြောက်တတ်မှန်း
ယင်းနိကမှ သိရေ --။

ဆုံးဖြတ်ချက် တဖက်တချက်စီမှာ
ငါ နန့် ငါ ရန်ဖြစ်လို့
ဂနာမငြိမ်တတ်တေ စိတ်က
အခုမှ ...
အမက်မောဆုံး အပြုံးနန့်
မပျက်မသုံး ပြုံးနီရေ ပုံရိပ်ချေကို
အိပ်ရီးပျက်ခံ စိုက်ကြည့်နီတတ်ပျာယ် --။

ဒုတိယအကြိမ်
အသစ်ပြန်မက်လာရေ
(၁၆) နှစ်အရွယ် အိပ်မက်က
အေတခါ လေးနက်ပြောင်မြောက်လွန်းလို့
ရင်ဖတ်တည်ဆောက်ပုံကို ညွှန်းဖွဲ့ကေ
(၂၁) ရာစု ရာဇဝင်မှာ
ငါရာ စာတင်ကျန်ခဖို့ ယုံကြည်ယင့် --။

ယင်းရင်ဖတ်ထဲမှာ
ပျို့ထုတ်မရရေ
ဝေဒနာတစက တစ်ဆို့
ငါ့မြို့တခုလုံး မီးအမှောင်ကျလို့
ညချေပီးဖို့ အလင်းနန့်
အသက်ဆက်ဖို့ လူတယောက်ကို
အစမ်းသုံးတာဖြစ် သုံးကြည့်ပလင် ညချေ --။

(ညီစု)
(24/03/2009)

သူငယ်ချင်းသို့


သူငယ်ချင်းသို့
---------------
သူငယ်ချင်း
သူများနိုင်ငံ မင်းကျွန်ခံလို့ 
ရုန်းကန်လှုပ်လျှား မင်းလုပ်အားကို
မင်းကားဖြုန်းတီး အပျော်ကြီးပျာယ်
အီးချမ်းတချက် လိုရမ္မက်ကြောင့်
မိဘထံပါး ငွေတပြားမျှ
မင်းကားမပို့ ဤသို့ဆိုက
မင်းဘ၀မှာ အချိန်ကုန်ခမ်း
လူလည်းနွမ်းလို့ အစွမ်းလည်းပျောက်
အရောင်နောက်ပျာယ် ခြောက်ကပ်အသိ
မဟိတန်ဖိုး အကျိုးသုည
ဤလောက၌ ဗလာနတ္ထိ
မင်းဟိနီကေ ကမ္ဘာမြီကြီး
ဝန်လီးရေ --။

သူငယ်ချင်း
မင်း၏လုပ်ရပ် မင်းကြပ်မတ်ယင့်
သင့်ကြံတွေးဆ နဖူးလက်တင်
ပျင်ဆင်ဆန်းစစ်၊ ဇာဖြစ်သင့်လေ
ဆုံးဖြတ်ဝေ --။

သူငယ်ချင်း
မင်းကားရခိုင် စိုင်လာမညှိုး
ကိုယ့်လူမျိုးရေး မင်းမှာတွေးဆ
သတိရလို့ ရခိုင်လူမျိုး
ကျွန်ဖြစ်ဆိုးက ကြိုးပမ်းရာလမ်း
မင်းစွမ်းအစ အုတ်တချပ်မျှ
ပေါင်းစပ်ခကေ အဖပြည်သူ
ကြည်ဖြူလေးစား မျိုးကောင်းသားဟု
အားထားယုံကြည် အော်မြည်အားပီး
လက်ခုတ်တီးလျှက် ပီးဆပ်သူမင်း
ထိန်ရောင်ဝင်းလက် ဂုဏ်လည်းတက်လို့ 
ရက္ခမျိုးချစ် ထုဆစ်သွီးသား
မင်းသည်ကား
အာဂယောက်ကျား
ရခိုင်သားပေတကား --။

(သဇင်ခိုင်)

အဘာ


အဘာ
-------
အဘာ
သွီးထွက်တေ ဒေအသဲ
မိုးရွာရေပိုင် မျက်ရည်
ရမ်းပေါက်လီလောက် ပြင်းရေ --။

လွမ်းခြင်း
တပေါင်းလမှာ အရွက်တိကြွီစွာ
ဖြုတ်စိချေရာ အဘာ --။

ဒေပိုင်
တပြည်တရွာမှာ ရောက်နီရေ
သားချေအတွက်
အဘာကို လွမ်းစွာတိကို
အသူကလာလို့ နှစ်သိမ့်ဖို့လဲ...???

အဘာ
သက္ကရာဇ်တိ အယှုပ်အထွီး
စက္ကန့်အပြောင်းအလဲ
မာယာများရေ နိရက်တိနန့်
သရော်နီကတ်တေ
လောကဓံတိကြားက
အဘာ
ထွက်ပြီးလားရေ မနားယေ --။

အဘာ
လူတိက ပြောကတ်လိမ့်မေ
အဝေး... မင်းရူးနီလားလို့ --။

ယေကေလည်း အဘာ
ကြပ်ခိုးလိုက်နီရေ
အဘာကိုချစ်စွာ အချစ်တိ
ပဇောင်ပိုင်လို့
သားချေခွာချဝံ့ဖို့လဲ --။

အေးမောင် (ရင်အုံတော်ဓါတ်)

"အေ ကဗျာကို (13/10/2008) နိရက် ဂျာမဏီသို့လားခါ လီယာဉ်ထက်မှာရွီးစပ်ပါသည်။"

ဘ၀ချေနီမ၀င်ခင်


ဘ၀ချေနီမ၀င်ခင်
-----------------
ဝမ်းခေါင်းချေဗလာကျင်းပနာ
စားစရာမဟိခါမှရာ
ကိုယ့်ကိုယ်ကို ဆင်းရဲတွင်းနက်မှန်းအသိ
ကြွီးမြီတိ တခရွီနန့် --။

ဒေကြားထဲ
အချေတွဲလီတွဲလောင်းနန့်
ဆန်နှစ်သိုက်လာတောင်းရေ လယ်သမား။
အခေါင်မိုးယိုလို့ဆိုပနာ
အုန်းပျစ်လာတောင်းရေ လက်သမား။
စားစရာမဟိလို့လတ်
ဟင်းရွက်ချေဆွတ်ခွင့်တောင်းရေ ကိုင်းသမား။
အစားမခြီလို့ဆိုပျာယ်
ငါးတခွက်လာတောင်းရေ ပိုက်သမား။

ထိုတယောက် ဒေတယောက်နန့်
ဒုက္ခချေရောက်လိုက်ကတ်ပုံတိ
ကြုံရေလူတိုင်းသိရေ --။

ယေနန့်ရာ…
ကိုယ့်အပူနန့် ကိုယ်လို့ပြောပြောယင်း
မိုးလင်းက နီတ၀င်ထိ
ဒုက္ခကို လွှတ်ထားမိကတ်စွာ --။

ဖောင်စီးယင်း ရီငတ်ယင်းနန့်
ကုဋေ သျှစ်ဆယ်ကြွယ်သူဌီးသားပိုင်
လပ်ယျားလပ်ယျားနီခပြီးရေဘဝ
ထည်ကြီးပျက် နာမည်ခံလျှက်
င်္သခါရတွင်းနက်ထဲက အဖပြည်
ဇာပယှောင် ဖြေသာဖို့လဲယေ --။

အတိတ်က ကြွယ်ဝခရေတိုင်းပြည်
အတိတ်က ပေါများခရေ တိုင်းပြည်
အတိတ်က ထိတ်ဆုံးဖြစ်တေ တိုင်းပြည်
အခု... နှိုင်းလီကေ ဘိတ်ကျ
အိပ်စက်ခြင်းက မထနိုင်ပျာယ်လားလို့
လက်မှိုင်ချတွေးတောနီဖို့အစား
ထထိုင်လျှက် သွီးစကားပြောပါပလင်
သူငယ်ချင်း...
ဘ၀ချေ နီဝင်မလားခင် --။

(ပန်းနုဇံ)