Thursday, April 2, 2009

ရွာတရွာမှာ


ရွာတရွာမှာ
------------
ုရွာတရွာမှာ ဘုန်းကြီးကျောင်းတကျောင်းဟိရေ။ ရွာမှာ တရားနာဖို့ဆိုကေ ယင်းကျောင်းက ဘုန်းကြီးလားပင့်ရရေ။ ယင်းဘုန်းကြီးကျောင်းမှာ အလွန်တရားဟောချင်ရေ ဘုန်းကြီးတပါးဟိရေ။ ဘုန်းကြီးလာပင့်ရေထဲမှာ သူတခါလည်းမလိုက်ရ။ ဘုန်းကြီးမှာ တရားဟောချင်ရေစိတ်ကို မျိုထားရရေ။ ယင်းရွာမှာ မောင်သာလှဆိုရေ ငပျင်းတယောက်ဟိရေ။ သူ့အလုပ်က စားလိုက်အိပ်လိုက်နန့် အချိန်ကုန်ရေ။ တရက်နိ သူ့အိမ်သျှင်မကပြောရေ "ဒေနိ ထမင်းချက်ဖို့ထင်းရှာခီ။ ပါမလာကေ အိမ်ပြန်မလာကဲ့" ဆိုပြီးကေ ခိုင်းလိုက်တေ။ ငပျင်းလည်း ထင်းရှာဖို့ လားရေ။

တချက်တီးကျော်လောက်မှာ ငပျင်းက လယ်ကွင်းထဲကိုရောက်လားခရေ။ လယ်ကွင်းထဲမှာ လူတိ အညောင်းဖြေနီကတ်တေ။ ယင်းအချိန်မှာ တရားဟောချင်ရေဘုန်းကြီးကြွပါလတ်တေ။ ယေခါ ဘုန်းကြီးလည်း ၀မ်းသာလားခပြီးကေ ငါ့တော့ ဒေမှာတရားဟောလို့ရပျာဆိုပြီးကေ လယ်ကွင်းမှာဟိရေ လူတိအားလုံးကို တရားစဟောရေ။

ငပျင်းလည်းထင်းရှာဖို့ပျင်းရေခါ တရားဟောစွာ ၀င်နားထောင်ရေ။ (၁၁) ချက်တီးလောက်ကျော်ရေခါ လူတိအားလုံး ထွက်ပြီးလားခကတ်တေ။ ငပျင်းတယောက်တည်းရာကျန်ရေ။ ဘုန်းကြီးမျက်စိဖွင့်ကြည့်လိုက်တေခါ ငပျင်းထွက်ပြီးစွာကိုမြင်ရေ။ ဘုန်းကြီးလည်းနောက်ကလိုက်တေ။ ငပျင်းလည်းပြီး၊ ဘုန်းကြီးကလိုက်၊ လိုက်ကတ်တေခါ ငပျင်းရီတွင်းထဲကို လူးကျလားခရေ။ ယေလည်း ဘုန်းကြီးကတရားဟောစွာမတန့်။ ဆက်ဟောရေ။ ယေခါ ငပျင်းက အော်လိုက်တေ။

"ရတနာ (၂) ပါးကယ်တော်မူပါ"

ယေခါ ဘုန်းကြီးက မီးရေ -

"ရတနာ (၃) ပါးမဟုတ်လား တကာ"

ငပျင်းက ရီတွင်းထဲကနီ ပြန်အော်ရေ -

"ရတနာ (၃) ပါးမှာ (၁) ပါး ကောင်းဒုက္ခပီးနီပါရေ"

ဘုန်းကြီးလည်း ရှက်အားကြီးလို့ ကျောင်းကိုသင်္ကန်းဖုံးပနာ ပြန်လားခရေ။ ငပျင်းအိမ်ကိုရောက်ကေ ဇာဖြစ်ဖို့လဲဆိုစွာ သူငယ်ချင်းတိစဉ်းစားကြည့်ကတ်ပါလီဖိ။

(ငြိမ်းငြိမ်း)

No comments:

Post a Comment