Tuesday, August 11, 2009
ရင်ခုန်ခြင်းစာမျက်နှာ
ရင်ခုန်ခြင်းစာမျက်နှာ
----------------
နှာဖားထိုးရေပိုင်
ချိုင်နှောင်ရင်တွင်း
နာကြင်ကိုက်ခဲ တနိမှာ
လျပ်စီးလိုက်တေနန့်
ကောင်းခင်ထက်မော့ကြည့်
မိုးသောက်ကြယ်အတိ
ပကတိအတိုင်းရာ --။
ချစ်သူနာမည်ချိတ်ထားရေ
ရင်ဖတ်ဒဏ်ရာမလား
ဗုံးပိုင်ပေါက်ကွဲသံတိ
မိုးခြိမ်းညံလား --။
အမုန်းဂယက်ဆောင့်တွန်းခံ
လှိုင်းလီထဲ
ငါ...
စီးမျိုးနီခ
မလှပရေကံတရားလား
နဒီသောင်ယံ
ကမ်းခြီနား
ငါးစာဖြစ်ချင်စွာရာယေ --။
ငါ...မသိ
အသိနောင်တနန့်
ရှိဆက်မိုက်ရူးနီရေငါ့အဖြစ်
အပြစ်မဖုံးကတ်ပါကဲ့ --။
ဆယ်စုနှစ်တခုကျော်ပျာယ်
ငါ့...အချစ်
အမုန်းတွင်းနက်ထဲ
အဆိပ်သင့်ဒဏ်ရာကျိန်စာနန့်
အဟုတ်
ပလုပ်ကျင်းရေထိ
ခါးသက်နီရေ...အချစ်
ဒေအဖြစ်ကိုရာ
သာခြင်းချေနန့်လွမ်း
ဗလီချေတကောင်ပိုင် တဖက်စောင်း --။
လူတိပျော်နီကတ်တေအခိုက်
ငယ်သံပါအောင်ကျွီးအော်
အရူးပိုင် အယောင်ယောင်အမှားမှား
မျက်ရည်ကိုသုတ်ဖယ်
ဖိစီးဒဏ်ရာတိနန့်
ထွက်ပေါက်ချေတခုတောင်
ရှာမတွိနိုင်ရေအထဲ...
ဒုက္ခကိုတွယ်ဖက်
ကမ်းပါးအောက် ဇောက်ထိုးမကျအောင်
ဟန်ဆောင်...
ရပ်စောက်ရပ်နီရယင့် --။
ရင်တွင်းမှာ
နာကြင်နီကေလည်း
သူ့မျက်နှာကိုတွေးမြင်
သူ့စကားသံကိုကြားယောင်
အားအားအဖြစ် ငါ့ရင်တွင်းဟိနီသိမ့်ယင့် --။
တောင်းရင်းမှာစတွိခရေသူ
ဒဏ်ရာကိုပီး
သွီးတစက်ရာဇ၀င်
အမုန်းမြှားနန့်ပစ်ထည့်
ကျစ်ကျစ်ပါအောင်လှည့်ဖျား
မာယာကွင်းဆက်
ငါ...ကိုယ်တိုင်တိုးဝင်
ဂေါင်းမဟိရေလူသားပိုင်
ရုန်းမထွက်နိုင်ကေလည်း --။
အချစ်
ချစ်မိသူရာမှားလား
မှားပတ်စီထားဖိ --။
ခရုသင်းမုတ်လို့
အောင်ပွဲခံ
မာန်အဟုန်နန့်ချီတက်ဖို့ --။
စစ်မှန်ရေအချစ်
စွန့်လွှတ်နိုင်ခြင်းနန့်ရာ
အဆုံးသတ်ရဖို့လား
ငါ...မဆုံးဖြတ်ရသိမ့်
မင်းအတွက်ထာဝရ
ထီး...မဖြစ်ကေလည်း
စိတ်ကူးတိလမ်းပြပီးဖို့
မီးရှုးတိုင်ဝါး...
ဆောင်းနှင်းထဲ စောင်ချေတစောင်ပိုင်
နွီးထွီးလိမ့်မည် --။
အတ္တတိမ်တိုက်ကြား
အိမ်မက်တိလှလာဖို့
အဖြူရောင်လီညှင်း ပါးပြင်ကို
နမ်းလျှူပါဖို့လား --။
သက်ပြင်းတခုချ
ရီလှိုင်းက တောင်စိုင်မိုးပိုင်ပြင်းထန်
ပင်လယ်ဝကို ထွက်ကြည့်မိခါမှ
မုန်းတိုင်းလို့သိလိုက်ရရေ
မင်းရယ်သံက
ငါ့စမ်ချောင်းနားဘေး စီးမျိုး
ပဲ့တင်ဟပ်သံ
ရင်ကို နာကြင်ကိုတ်ခဲ
ချစ်ခြင်းတရားကို ပခုံးထက်ထမ်းပိုး
ခရီးဆက်နီ --။
လှော်ခတ်ယင်း
လမ်းပျောက်ရရေအဖြစ်
ကြယ်စင်ထူထပ်တေ ည
ဝိုးတ၀ါးခြောက်သွိ လွမ်းနီယင့်..ချစ်သူ --။
ဘ၀..ပြဌာန်းချက်တိလွဲချော်
ကြယ်ရောင်တိလင်းပါယင့်
အရောင်ကွဲကြိုးနှစ်ချောင်း၏နိယမ
သတ်မှတ်ချက်အောက်
မျက်တောင်မှိက်ထားရရေ
ဘ၀..
လွတ်ကင်းမှုမဟိခစွာအမှန်
အော်..ဘဝ
တစစီဝီးကွာ
ပြန်ဆုံလမ်းမဟိရေ ငါရို့ 
ဒေမြို့ ကိုတည်ဆောက်
အမုန်းတံတိုင်းကို ထိုးမဖောက်နိုင်ရေနောက်
ပြန်လမ်းမဲ့
သီရွာပြန် ငါ
သက္ကရာဇ်တိပြောင်း
အခါနှောင်းမိုးချေရွာကေတောင်
ခြောက်သွိသစ်ကိုင်း
ပိတောက်ပွင့်နိုင်ဖို့သိမ့်လား --။
နက်ဖန်ဆိုစွာမသေချာကေလည်း
မျှော်လင့်မိရေ
နောက်ဘ၀ကိုရာ
တမ်းတအားကိုးမိရေအခါခါ --။
ခိုင်မြတ်သျှင်(စနီချောင်း)
01.07.2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment