Saturday, August 8, 2009

နှုတ်ဆက်ခရေ ချစ်သောအေအမ်ပီ


နှုတ်ဆက်ခရေ ချစ်သောအေအမ်ပီ
----------------------
ယောင်လို့တောင်က
မတွေးတောမိခ
မင်းကိုနှုတ်ဆက်စကားဆိုမည်လို့
တကြိမ်တခါမျှ
အိမ်မက်တောင်မမက်ခ
မင်းကိုဒေပိုင်ခွဲခွါဝံ့ဖို့လို့ --။

မင်းကို ချစ်လိုက်ရစွာ
အရာရာ ပုံအောလို့
အိပ်ချိန် အလုပ်ချိန်
ကျန်ရေအချိန်အားလုံး
မင်းအတွက်ငါပီးဆပ်ခစွာ
အခုအခါမှာတော့
သဘောထားတင်းမာ
အာဏာသျှင်ဆန်ဆန်
မင်းအဖအပြုအမူကြောင့်
အနစ်နာခံမှုကိုအရင်းခံ
ကြာမြင့်စွာတည်ဆောက်ခရေ
ငါရို့နှစ်ယောက်အချစ်
ပျက်သုဉ်းရဖို့ဗျာယ် --။

မင်းနာမည်ကခန့်ညားလို့
လူတိုင်းကမင်းအပါးမှာ
အခစားဝင်နီကတ်စွာ
မင်းအဖကိုကြိုက်လို့မဟုတ်။

ကမ္ဘာ့ထောင့်ပေါင်းစုံက
ကိုယ့်အမျိုးကိုဆုံဆည်းပီးနိုင်လို့
မင်းဘက်မှာ အနွံတာခံနီစွာ
မင်းအဖသဘောထားကို
ခွင့်လွှတ်လို့မဟုတ် --။

မင်းအဖရွာသူကြီးက
ယမ်းထောင့်သေနတ်ကိုကိုင်
ရွာစဉ်လှည့်ကေလည်း
ဒေလူတိကြောက်စွာမဟုတ်
အသည်းနှလုံးတိုင်းကို
လှုပ်ခါနိုင်စွမ်းဟိရေ
မင်းကို မစွန့်ခွါနိုင်လို့
လူတိုင်းက သည်းခံနီကတ်စွာ --။

မင်းအကူအညီနန့်
စုတ်ပြတ်သတ်နီရေ
ငါရို့ဆွီမျိုးဘဝတိ
အိပ်မောကျနီရေ
ရခိုင့်လူ့ဘောင်ကို
ငါ နှိုးထစီဖို့လို့
ရည်မှန်းချက် တသီတတန်းနန့်
အခုတော့
ညှာတာမှုကင်းမဲ့ရေမင်းအဖက
ငါရို့နှစ်ဦးကြား
ခိုင်မာရေသံယောဇဉ်ကို
ဘလိတ်ဓားပါးပါးချေနန့်
သွီးအီးစွာဖြတ်တောက်ပစ်လိုက်ပျာယ် --။

ငါသာလျှင် ငါသခင်
ငါလုပ်လျှင် အမှန်ထင်
သွီးနထင်ရောက်နီရေ
မုတ်ဆိုးဖို အဖမျိုးကိုမှ
ရတတ်တေ မင်းအတွက်
ငါ ရင်နာမဆုံးချစ်သူ--။

မက်ခသမျှ အိပ်မက်
လီထဲမှာပျောက်ကွယ်
ထားခသမျှရည်မှန်းချက်
စိတ်ကူးထဲမှာ ပျောက်ဆုံး
မင်းအဖအနိုင်ကျင့်မှုတိ
ငါ သည်းမခံနိုင်ပျာယ် ချစ်သူ --။

မင်းကိုရင်နင့်အောင်ချစ်ကေလည်း
မင်းအဖချုပ်ချယ်မှုအောက်မှာ
ရုးန်းမထွက်နိုင်ရေမင်းအတွက်
ငါ.. နှုတ်ဆက်စကားဆိုရေ
ချစ်သော.. ချစ်သော.. အေအမ်ပီ --။

(မျိုးမြတ်လင်း)

No comments:

Post a Comment