Monday, August 17, 2009

ဂုဏ်သတ္တိ


ဂုဏ်သတ္တိ
--------
အမွီမရလိုက်တေ
ပဉ္စလက်ခတ်ဆန်ဆန် အနာဂါတ်ဘဝ
အလှတရားတခုကိုပင်
ဖွဲ့နွဲ့သီကုံးလို့မရ --။

ရှိအဆက်ဆက်ကဟိခရေ
ယဉ်ကျေးမှုအသျှိန်အ၀ါတိလည်း
လက်ဆင့်ကမ်းမှုတိပျောက်ပနာ
တသီးတခြားဖြစ်စီခရေ --။

တွေးခေါ်ကြံဆမှုတိနန့် တည်ဆောက်ခကတ်တေ
မြင့်မြတ်သောအယူအဆတိလည်း
လမ်းပြမဟိရေပိုင်
ထွန်းလင်းတောက်ပြောင်ခွင့်မဟိ --။

ရဟိပိုင်ဆိုင်ခရေ တီထွင်မှုတိကို
ရယူအခြီခံဖို့ မှတ်တမ်းမှတ်ရာ
မဟိစွာက ခြီတလှမ်းနောက်ကျစီရေ --။

ရီမြီဒေသ ကျဉ်းကျဉ်းချေကိုကပင်
လိုက်လျောညီထွေ နားလည်နိုင်ဖို့
ခရီးလားမှတ်တမ်းချေ မတင်နိုင်ခ --။

ခံစားမှုတိ စီးဆင်းလာရေ
နှလုံးသားပုံရိပ်ကို ထုတ်ဖော်ပြဖို့
ဘာသာစကားအငှါး မသုံးချင်ဘဲ
လိုက်နာကျင့်သုံးနီရရေ --။

လက်ချောင်းတိမညီမျှမှုကိုဝန်ခံယင်း
လက်သီးတလုံး၏ပြင်းအားကို
ဝေဖန်ဖို့ အနုပညာဆန်ဆန်
ရှိအဆက်ဆက်က
အစိုင်အလာကို လေ့လာချင်မိရေ --။

ပြောင်းလဲမှုတိအောက်မှာ
ထိန်းသိမ်းမှုနန့် တီထွင်မှုကို
သဟဇာတကျကျ မှတ်တမ်းတင်နိုင်ဖို့
ဂုဏ်သတ္တိတခု လိုနီရေ --။

စတိုး (၉၊၈၊၂၀၀၉)

No comments:

Post a Comment