Monday, August 3, 2009

မော်ဒန်တော်လှန်ရေး


မော်ဒန်တော်လှန်ရေး
-------------
မဲဆောက်မြို့ ဇိမ်ခန်းထဲက
ထွက်ကျလာရေ
ရခိုင်ပြည်တော်လှန်ရေး
ဘီယာပုလင်းထဲရောက်ပနာ
ပျောက်လားခရရေ --။

ကရင်မြီတောစခန်းမှာ
ရခိုင်ပြည်လွတ်လပ်ရေးအတွက်
နှစ်ပေါင်းနှစ်ဆယ် ၀ါးဒုတ်ချိုးစားလာရေ
ရခိုင်မျိုးချစ်တယောက်
ညဇာက ခြင်ကိုက်လို့
သီကျလားခရေ --။

“ဒိုနာတိလည်း
အယင်ပိုင်မဟုတ်ပျာယ်
ပြည်ထဲကိုရာ လားချင်နီကတ်တေ
တော်လှန်ရေးကို လုပ်စားရစွာ
ကကောင်းမလွယ်လိုက်ပျာယ်
ဒေလမှာ အမြတ်မကျန်ပါထော”
ထာဝရဥက္ကဌ ခိုင်ဆယ်ခိုင် ပြောရေ
ရင်ဖွင့်စကား
ကြားရစွာ
ထွက်လာရေ ချီးတိပါ
ဖင်ထဲကို ပြန်ဝင်လားခရေ --။၊

မကြားဝံ့ မမြင်သာ
မျက်စိပါလို့ရာ ဖတ်လိုက်ရရေ
ဖဲသာတမတ် လူသုံးယောက်နန့်
ရခိုင်စစ်တပ်က
နက်ဖန်ခါ ရခိုင်ပြည်ကို
ဝင်သိမ်းပါဖို့လတ် --။

ခိုင်မုန်တိုင်း (ငရဲပြည်)

ဒိုနာ (Donor) = အလှူသျှင်

No comments:

Post a Comment