Monday, August 17, 2009

အသီးပဒေသာ


အသီးပဒေသာ
----------
နန္ဒြာသီးပိုင် အသီးထက်မှာအပင်ပေါက်
အမျိုးတူချင်း အထက်စီးက
တခါလည်းမဆက်ဆံလီကဲ့ --။

ဂြင့်ခါးသီးပိုင် ခါးခါးသီးသီး
တခါလည်း မပြောလီကဲ့ --။

ကောင်းခင်မျှော်သီး(ချောတောင့်သီး) ပိုင်
အာကာပြိုဖို့အချိန်ကို ထိုင်မစောင့်နီကဲ့ --။

ဂယိုင်သီးမှာ အစိများရေပိုင်
ပဇိပဇတ် မများလီကဲ့ --။

ပတကာသီးပိုင်
အထဲမှာ ဟောင်းလောင်းမဖြစ်စီကဲ့ --။

ပနဲသီးမှာ တမွှာနန့်တမွှာပူးပြီးကေ
ခွှာရခက်တေပိုင်
ရခိုင်အချင်းချင်း စည်းစည်းလုံးလုံး
သွီးခွဲလို့မရအောင် နီထိုင်သင့်ပျာယ် --။

(လပြည့်)

No comments:

Post a Comment