Monday, August 3, 2009

မမိနိုင်သူရို့၏ကြိမ်းဝါးသံ


မမိနိုင်သူရို့၏ကြိမ်းဝါးသံ
----------------
ကိုယ်မြီကိုယ်စိုး ၊ ဂုဏ်ရောင်မိုးထိ
တန်းခိုးသျှိန်ဝါ ၊ ထွန်းတောက်သာခါ
ငါရို့ပြည်မှာကား --၊၊

ဘားဘူဟိယင့် ဆန်ဟိယင့်
ဒိုင်းကျီဟိယင့် ရီဟိယင့်
စကားရှိလာ ၊ တွင်လီပါသည်
ငါရို့မြီမှာ ၊ ချောင်းမြောင်းတာရိုး
မြီလွှာဆီနှစ် ၊ လေးဖြာမြစ်ကမ်း
ဖြစ်ထွန်းသီးနှံ ၊ ပိုလျှံစပါး
စားမကုန်ထိ ၊ လှူပါဘိလည်း
ပြည့်လျှက်ရိုင်ကျီ ၊ မလျှော့လီခ
အီးချမ်းပျော်စံ ၊ ကျီးငှက်သံမြူး
သာယာကျုးယင့် ၊ အသျှင့်ပြည်ရွာ
ချမ်းမြသာစွ ၊ ဓညတွင်လီ
လခြမ်းမြီတည်း ၊ ဘုမ္မိနက်သံမြီ၊၊

ပျောက်ဆုံးနိုင်ငံ ၊ သူ့ထံလက်အောက်
ရောင်ဝါပျောက်လို့ ၊ ကျွန်ဖြစ်ရောက်ခါ
ငါရို့ပြည်မှာကား ---၊၊

အာဏာဓားမိုး ၊ ချင်တိုင်းဆိုးလျှက်
အုပ်စိုးပြည်ရွာ ၊ ဖိနှိပ်ကာလျှင်
ဝမ်းစာပြည်ထွက် ၊ ပြည့်သွီးသက်ကို
အဓမ္မယူငှင် ၊ ရပ်ခြားတင်ပို့
ကုန်စင်ကျီမှောက် ၊ ဒုက္ခရောက်လူ
ဖပြည်သူမှာ ၊ ဝမ်းစာမဖုံ
မလုံဝမ်းရီး ၊ အငတ်ဖီးဆိုက်
ကပ်ကြီးဖြစ်က ၊ လမ်းမထွက်ပျာယ်
အသက်မငဲ့ ၊ စိတ်ပေါက်ကွဲကေ
“ဆန်ခွဲမစား ရခိုင်သား” လို့
ကြားလီမိုးယံ ၊ ကြွေးကြော်သံလွှင့်
ဆန္ဒပြလူ ၊ ဖပြည်သူကို
စောဖြူရခိုင် ၊ မခိုင်မျိုးဖျက်
အာဏာမက်လျှက် ၊ လောက်ထွက်အသား
ဖောက်ပြားသစ္စာ ၊ ညှာတာမငဲ့
ပြောင်းဝထဲမှာ ၊ သူရဲကောင်းသွီး
မြီမှာစီးကျ ၊ များလှဝဇိန်
မြီခသီဆုံး ၊ (၁၃) သြဂုတ်
မျိုးပြုတ်သတ်ပွဲ ၊ လူစိတ်မဲ့လျှက်
နယ်ချဲ့ရို့ထုံး ၊ သူရို့သုံးခ
ထိုနိရက်ကို
ဇာတွင်မိနိုင်ပါမည်နည်း --၊၊

(သျှင်စိုး)
လာဖို့ (၁၃) သြဂုတ်အတွက်...။

No comments:

Post a Comment