Thursday, April 2, 2009

Aesop အီစွတ်ပုံပြင်များ (2)


ကျီးကန်းမိုက်
---------------
အခါတပါး၌ ကျီးကန်းတကောင်သည် ပေါင်မုန့်ဖုတ်စက်ရုံမှ ပေါင်မုန့်တချပ်ကိုက်ချီလာ၏။ ၀မ်းသာဝမ်းမြောက်စွာဖြင့် ပေါင်မုန့်စားရန် သစ်ပင်တပင်ထက်၌နားနီစိုင် ကျီးကန်းနားနီသောသစ်ပင်အောက်သို့ ကောက်ကျစ်စဉ်းလဲသော တောခွီးတကောင် ရောက်လာ၏။ “အဆွေကျီးကန်း သင်ကားအလွန်လှပ၏။ သင့်အသံသည်လည်း ပျားရည်ကဲ့သို့ သာယာချိုမြပါ၏။ ပဇာကြောင်းကြောင့် သာခြင်းမဆိုပါသနည်း။ အဆွေ၏သာယာချိုမြသော သာခြင်းသံကို နာကြားလို၍ အကျွန်ုပ်လာရခြင်းဖြစ်ပါ၏” ဟု မြှောက်ပင့်ပြောဆိုလိုက်၏။ ကျီးကန်းသည် တောခွီး၏မြှောက်ပင့်သံကိုကြားရသောအခါ အလွန်ဝမ်းမြောက်ပီတိဖြစ်လာ၏။ အလွန်ကြည်နူးကျေနပ်လာ၏။ အားရပါးရ သာခြင်းဆိုရန် နှသွီးကိုဟလိုက်သောအခါ ကိုက်ထားသောပေါင်မုန့်သည် အောက်သို့ပြုတ်ကျလား၏။ တောခွီးသည် ပြုတ်ကျလာသော ပေါင်မုန့်ကိုခုန်၍ဖမ်းကိုက်ပြီးလျှင် တောထဲသို့ဝင်ပြီးလားလီ၏။

ဘာသာပြန်

ခိုင်မြသိန်း (ချောင်းသာကြီး)


ကျီးကန်းလိမ္မာ
---------------
တရက်နိသောအခါ ကျီးကန်းတကောင်သည် ပေါင်မုန့်ဖုတ်စက်ရုံမှ ပေါင်မုန့်တချပ်ကို ကိုက်ချီလာ၏။ ၀မ်းသာဝမ်းမြောက်စွာဖြင့် ပေါင်မုန့်စားရန် သစ်ပင်တပင်ထက်၌နားနီစိုင် ကျီးကန်းနားနီသောသစ်ပင်အောက်သို့ ကောက်ကျစ်စဉ်းလဲသော တောခွီးတကောင် ရောက်လာ၏။ “အဆွေကျီးကန်း သင်သည်ကားအလွန်လှပပါ၏။ သင့်၏အသံသည်လည်း ပျားရည်ကဲ့သို့ သာယာချိုမြပါ၏။ ပဇာကြောင်းကြောင့် သာခြင်းမဆိုပါသနည်း။ အဆွေ၏သာယာချိုမြသော သာခြင်းသံကိုနာကြားလို၍ အကျွန်ုပ်လာရခြင်းဖြစ်ပါ၏။” ဟု မြှောက်ပင့်ပြောဆိုလိုက်၏။ ကျီးကန်းသည် တောခွီးမြှောက်ပင့်ပြောဆိုသည်ကို ကောင်းကောင်းသဘောပေါက်လိုက်၏။ လိမ္မာပါးနပ်စွာဖြင့် ပေါင်မုန့်ကို ခြီသည်းဖြင့်ကုတ်နင်းထားပြီး “သျှိန်ဒိုင်” သာခြင်းကို စဆိုလိုက်၏။

ပြုတ်မနုံးမျက်နှာဖြင့် တောခွီးက “ယခုခေတ်ကျီးကန်းရို့သည် အကလည်းကောင်းကောင်းတော်ရေ” ဟု ပြောပြီး “ပဇာကြောင်းကြောင့် မကပါသနည်း အဆွေကျီးကန်း” ဟု မီးလိုက်၏။

ကျီးကန်းသည် ပေါင်မုန့်ကိုနှသွီးနှင့် ပြန်ကိုက်ထားလိုက်ပြီး “ဒုံးယိမ်း” အက ကပြလိုက်၏။

“အယင့်အယင်က ကျီးကန်းတိကို ကောင်းကောင်းလိမ်စားလို့ကောင်းရေ” ဟု အဖိုးသျှင်ပြောပြ၏။ ယခုအခါကား ကျီးကန်းတိ ကောင်းကောင်းလိမ္မာလားခပျာ” ဟု ပြောဆိုပြီး တောခွီးသည် စိတ်ညစ်ညစ်ဖြင့် တောထဲသို့ ပြန်ဝင်လားလီ၏။

ဘာသာပြန်

ခိုင်မြသိန်း (ချောင်းသာကြီး)


No comments:

Post a Comment