Thursday, April 2, 2009

ပူဆိပူဆာ


ပူဆိပူဆာ
---------------
ကိုင်းလီကိုင်းလိုင်း
သစ်ကိုင်းထက်မှာ ဗျိုင်း --။

ဗျိုင်းကားဇာဖို့ နားရုံ
ငါးပေါ်လို့ နားရေရာ --။

ငါးကဇာဖို့ ပေါ်ရုံ
ရီနောက်လို့ ပေါ်ရေရာ --။

ရီကဇာဖို့ နောက်ရုံ
ကျွဲစိမ်လို့ နောက်တေရာ --။

ကျွဲကဇာဖို့ စိမ်ရုံ
ပိုးကိုက်လို့ စိမ်ရေရာ --။

ပိုးကဇာဖို့ ကိုက်ရုံ
မိုးရွာလို့ ကိုက်တေရာ --။

မိုးကဇာဖို့ ရွာရုံ
ဖားအော်လို့ ရွာရေရာ --။

ဖားကဇာဖို့ အော်ရုံ
မြီမျိုလို့ အော်ရေရာ --။

မြီကဇာဖို့ မျိုရုံ
ပူဆိပူဆာ မနီသာလို့ မျိုရေရာ --။

(ဗိုလ်မင်းထောင်မှ ဇမ်းကဗျာ)

No comments:

Post a Comment