Thursday, April 2, 2009

အခွင့်အရေး


အခွင့်အရေး
----------------
ညက အိမ်မက်ကို
သင် ပြန်မက်ခွင့်ဟိပါ၏ --။

အနာဂါတ်၌ ပျံသန်းသူ ငါ့အား
တားဆီးပိုင်ခွင့် သင့်၌ မဟိ --။

ဝါဒမှိုင်းကပ်နီသော သင့်ခေါင်မိုးအား
အတ္တအရောင်သုတ်ခွင့် သင့်၌ ဟိ၏ --။

မြူမှုံကင်းသော ငါ့ပြတင်းပေါက်ကို
ကျင့်ဝတ်လိုက်ကာ လာချခွင့် သင့်၌မဟိ --။

အိုးတွင်ထွင်းထားသော သင့် ရှိရိုးပန်းသဏ္ဍန်၌
သင်နှစ်သက်ခွင့် ဟိ၏ --။

ကွဲပြားဆန်းသစ်သော ငါ့ဒီဇိုင်းများအား
ပြစ်တင်ပယ်ဖျက်ခွင့် သင့်၌မဟိ --။

ဆင်၏နှာမောင်းကို ကိုင်မိသော
သင့်အသိကို အမှန်တရားဟု မှတ်ယူနိုင်၏ --။

ခြီထောက်ကိုကိုင်မိသော ငါ့အား
မှားသည်ဟုယိုးစွပ်ခွင့် သင့်၌ မဟိ --။

(နတ်မောင်)

No comments:

Post a Comment