Thursday, April 2, 2009

မင်းနားလည်လာရေ တနိ


မင်းနားလည်လာရေ တနိ
------------------------
ပိုးကိုက်လို့ကြွီ
မုန်တိုင်းတိုက်လို့ကြွီ
အခ်ိန္မတန္ဘဲႄကြီ
သစ်ရွက်တိ၏ကြွီခြင်းရာဇ၀င် --။

ညဥ့်နက်သန်းခေါင်မှာ ထွက်တေနီ
အနောက်ကမ္ဘာမှာဟိကေလည်း
အရှိကမ္ဘာက ရခိုင်မှာ
မိုးမသောက်ခင်ကပင် ၀င်ရေနီ
မွန်းမတည့်ခင်ကပင် ၀င်ရေနီတိအကြောင်း
မင်းသိဖို့လိုလိမ့်မည် သူငယ်ချင်း --။

လျှပ်စစ်ကို (၂၁) ရာစုထိ
မမြင်ဖူးသိမ့်ရေ ရခိုင်မသား
ဟိရေဆိုရေအကြောင်းကို
မင်းသိဖို့လိုလိမ့်မည် သူငယ်ချင်း --။

အောက်ဆုံးအလွှာ ရခိုင်ပြည်သူထဲကို
မင်းမရောက်ဖူးသိမ့်ကေလည်း
သူရို့၏နိစိုင် မသီရုံတမယ်
ဘ၀ကြမ်းကို မင်းခံစားတတ်ဖို့လိုလိမ့်မည် --။

မညီညွတ်ခြင်း၏ဓါးစာခံအဖြစ်
ဘေးကိုယှောင်ထွက်မပြီးဘဲ
အဖရခိုင်ပြည်အတွက် အသက်ပီးလားရေ
မရွီမတွက်နိုင်ရေ ရဲဖော်တိ၏အကြောင်း
ဘီယာတစိမ့်စိမ့်စုပ်သောက်လို့
မင်းကောင်းကောင်းနားလည်ရေဆိုရေ စကားမျိုးကား
ကောင်းကောင်းရယ်စရာကောင်းရေ
ပုံပြင်တပုဒ်ရာဖြစ်လိမ့်မည် သူငယ်ချင်း --။

မင်းနားလည်သင့်စွာက
ရခိုင်တိ၏ပကဓိပြဿနာရေ
ပုဂ္ဂိုလ်ရေးကိုးကွယ်ရေး ၀ါဒလား
မူကိုလိုက်နာနိုင်ရေ ပျိုးတခင်းကိုမွီးထုတ်ခြင်းလား
မင်းနားလည်ဖို့ ကြိုးစားရလိမ့်မည် --။

မိုးမလင်းခင်ကပင် နီဝင်လားခရေ
ရခိုင်မသားတိအကြောင်း
မင်းအသေအချာနားလည်ကေ..

သူရို့၏အနာဂါတ်၊ တာဂတ်ရေ
ဇာမှာပျောက်ဆုံးလားရေအကြောင်း
မင်းကောင်းကောင်းသဘောပေါက်ကေ..

မင်း၏မာန တဖက်စောင်းနင်းတိရေ
နိဝါဒဂုဏ်ချပြီးကေ..

ငါအချိန်မရွီး မသီခင်
တပိုင်တနိုင် ဇာလုပ်သင့်လဲဆိုစွာကို
နားလည်လာလိမ့်မည် သူငယ်ချင်း --။

မင်း၏...

(ခိုင်ရိုးမ)

No comments:

Post a Comment