Tuesday, April 7, 2009

ရွှီခိုင်ပြည်အလွမ်း


ရွှီခိုင်ပြည်အလွမ်း
-----------------
နွီရာသီ ဂိမ္မာန်ရာလည်းပြောင်းလို့
တပေါင်းရာလေချိန်ကူး
ရွက်ဟောင်းညှာကြွီ
ရွက်သစ်ဝီကေ နွီရတုမှာ
ပျိုနုလည်းသာယာ
ဟေမ၀ါမှာ ၀ဲကာရာလည်းကျီးငှက်
သီးချက်ပွင့်ချက် တကြိုင်ကြိုင်နှင့်
ဂနိုင်ရာစုံစမ်း
နီညိုညိုကေ ညနီချမ်းမှာ ပျံသန်းကျီးငှက်
တကြော်ကြော် ခေါ်နှုတ်ဆက်လို့
ဇရွက်ကေလေတမာန်
တညံညံကေ ခေါ်သံရာလည်းမစဲ
ဒိုးဒိုးလေ ဒုန်ဒုန် နိုးနိုးနုန်ကေ
ဖိုးခေါင်ရာလည်း ကျူးကျော်
မောင်ရို့ပျော်ကေ ရွှီခိုင်နန်းကို
လွမ်းမစဲဖွယ် ပုယေ --။

(ရမ်းဗြဲကျွန်းမှာ ဇမ်းကဗျာ)

(ပုယေ) ဆိုသည်မှာ အင်္ဂလိပ်ခေါ်အားဖြင့် (Baby) ဟု အဓိပ္ပါယ်ရပါသည်။ ရည်းစားကို ချစ်၍တော့ခေါ်သော ဝေါဟာရဖြစ်သည်။ အင်္ဂလိပ်များလည်း ထိုနည်းလည်းကောင်းပင်သုံးသည်။ များသောအားဖြင့် သခြင်းများတွင်တွိရသည်။

No comments:

Post a Comment