Thursday, April 2, 2009

သူငယ်ချင်းသို့


သူငယ်ချင်းသို့
---------------
သူငယ်ချင်း
သူများနိုင်ငံ မင်းကျွန်ခံလို့ 
ရုန်းကန်လှုပ်လျှား မင်းလုပ်အားကို
မင်းကားဖြုန်းတီး အပျော်ကြီးပျာယ်
အီးချမ်းတချက် လိုရမ္မက်ကြောင့်
မိဘထံပါး ငွေတပြားမျှ
မင်းကားမပို့ ဤသို့ဆိုက
မင်းဘ၀မှာ အချိန်ကုန်ခမ်း
လူလည်းနွမ်းလို့ အစွမ်းလည်းပျောက်
အရောင်နောက်ပျာယ် ခြောက်ကပ်အသိ
မဟိတန်ဖိုး အကျိုးသုည
ဤလောက၌ ဗလာနတ္ထိ
မင်းဟိနီကေ ကမ္ဘာမြီကြီး
ဝန်လီးရေ --။

သူငယ်ချင်း
မင်း၏လုပ်ရပ် မင်းကြပ်မတ်ယင့်
သင့်ကြံတွေးဆ နဖူးလက်တင်
ပျင်ဆင်ဆန်းစစ်၊ ဇာဖြစ်သင့်လေ
ဆုံးဖြတ်ဝေ --။

သူငယ်ချင်း
မင်းကားရခိုင် စိုင်လာမညှိုး
ကိုယ့်လူမျိုးရေး မင်းမှာတွေးဆ
သတိရလို့ ရခိုင်လူမျိုး
ကျွန်ဖြစ်ဆိုးက ကြိုးပမ်းရာလမ်း
မင်းစွမ်းအစ အုတ်တချပ်မျှ
ပေါင်းစပ်ခကေ အဖပြည်သူ
ကြည်ဖြူလေးစား မျိုးကောင်းသားဟု
အားထားယုံကြည် အော်မြည်အားပီး
လက်ခုတ်တီးလျှက် ပီးဆပ်သူမင်း
ထိန်ရောင်ဝင်းလက် ဂုဏ်လည်းတက်လို့ 
ရက္ခမျိုးချစ် ထုဆစ်သွီးသား
မင်းသည်ကား
အာဂယောက်ကျား
ရခိုင်သားပေတကား --။

(သဇင်ခိုင်)

No comments:

Post a Comment