Thursday, April 2, 2009

ပင်လယ်ဇာကြောင့် ဆားငံလဲ


ပင်လယ်ဇာကြောင့် ဆားငံလဲ
------------------------------
ထိုးအယင်ခေါက်က ရွာချေတရွာမှာ ထင်းခြွီသမားတယောက်ဟိရေလတ်။ ယင်းလူစွာ နိတိုင်းနိတိုင်း တောထဲကိုဝင်ပနာ အပင်ကြီးတိကို ခွတ်တေ။ ခွတ်လို့ရရေအပင်တိကို မီးသွီးဖုတ်တေ။ ရလာရေ မီးသွီးတိကိုရောင်းပနာ အသက်မွီးဝမ်းကျောင်းပြုပါရေလတ်။ ယင်းပိုင်နှင့် တရက်နိခါ အပင်ကြီးတပင်ကို ခွတ်နီရေအချိန်မှာ ယင်းအပင်ကိုစောင့်ရေ အပင်စောင့်နတ်က ကကောင်းမာန်ပါပနာ ထွက်လာပြီးကေ ယင်းထင်းခြွီသမားကို “အဝေး မင်းအစွာဖြစ်လို့ ငါ့အိမ်ကို ဖျက်နီစွာရောင်၊ မင်းမှာ ငါ့အိမ်ကို အခုပိုင်ဖျက်ဆီးဖို့ အခွင့်အာဏာမဟိ။ မင်းဒေအပင်ကိုခွတ်လို့ ဖေ့သာရလား?” ဆိုပြီးကေ မီးလီပါရေ။ ယေခါ ထင်းခွတ်သမားက “ဟုတ်ပါရေ အသျှင်နတ်မင်း၊ အကျွန်က အပင်တိကို ခွတ်ပနာမသွီးဖုတ်ပါရေ၊ ယင်းမီးသွီးကိုရောင်းလို့ရရေ ဖေ့သာနှင့် အသက်မွီးဝမ်းကျောင်းပြုပါရေ” ဖြေပါရေလတ်။ ယေခါ သစ်ပင်စောင့်နတ်က “မင်းဒေအလုပ်လုပ်လို့  ဖေ့သာဇာလောက်ရလဲ၊ ယေပြီးကေ ယင်းဖေ့သာတိနှင့်ကား မင်း ဇာဇာဝယ်ရေလဲ” မီးပါရေ။

ယေခါ ထင်းခြွီသမားက “အကျွန်ဖုတ်လို့ရရေမီးသွီးနှင့် ဆန်စိချေနှင့်ဖပါရေ။ ယင်းရရေဆန်က အကျွန်ရို့ လင်မယားအတွက် လုံလုံလုံလောက် စားလို့ရပါရေ။ ကျန်စွာကို ဒါဒေါင်တိလည်းဆပ်တေ။ ပြန်ပြီးကေလည်း ချီးငှားပါရေ” လို့ ဖြေပါရေလတ်။
ယေခါ အပင်စောင့်နတ်က “မင်းဒေလောက် ဆန်တဖဲ့ချေနှင့် ဇာပိုင်လုပ်လဲ?” ဆိုပြီးကေ မီးပါရေ။ ထင်းခြွီသမား ပြန်ဖြေစွာက “ရလာရေဆန်ကိုချက်ပနာ အကျွန်ရို့လင်မယားနှစ်ယောက် စားပါရေ။ ယေပြီးကေ အကျွန့်အမိလည်းသော့ အကျွန်ရို့နှင့် တတူတူစားကတ်ပါရေ။ ယင်းချင့်ကတော့ခါ အကျွန်ရို့အချေခါ အမိက အကျွန်ရို့တိကိုကျွေးခရေ ထမင်းဒါဒေါင်ကို ပြန်ဆပ်စွာပါ။ ယေပြီးကေ အကျွန့်အချေ (၂) ယောက်လည်း အကျွန်ရို့နှင့်တတူတူ ထမင်းစားကတ်ပါရေ။ ယင်းချင့်ကတော့ အကျွန်ရို့ အသက်ကြီးလာခါ သူရို့ပါးမှာတလှည့် ပြန်စားရဖို့ဖြစ်လို့ ချီးထားရေသဖောဖြစ်ပါရေ” လို့ ယှင်းပြလိုက်ပါရေလတ်။

ယေခါ သစ်ပင်စောင့်နတ်ကြီးက “အော်... မင်းဘ၀ကလည်း ကကောင်းဆင်းရဲရေမလားယေ” ဆိုပနာ ငါ “မင်းကို ပုလင်းချေတလုံးပီးလိုက်မည်။ အိမ်ပြန်ခါ ယင်းချင့်ကို အိမ်ကိုယူလီ။ မင်းတခုခုကို စိတ်မှာလိုချင်ရေခါ ယင်းပုလင်းချေကိုပြောပြီးကေ တောင်းလီ။ မင်းလိုချင်စွာကို ရလိမ့်မည်။ ယေကေလေည်း မင်းလိုချင်စွာကိုရပြီးစွာနှင့် 'တန့်ဖိ' လို့ပြောဖို့ မမိစီကဲ့။ မင်း ယင်းပိုင်ရာ 'တန့်ဖိ' လို့မပြောကေ မင်းအတွက်အသက်အန္တရာယ်တောင် ဟိရေ” ဆိုပြီးကေလည်း မှာလိုက်ပါရေလတ်။

ထင်းခြွီသမားရေ အိမ်ပြန်လားခပြီးကေ ယင်းပုလင်းချေပါးမှာ သူအလိုဟိသမျှ ဆန်နှင့်ဆားကို နိစိုင်နိစိုင်တောင်းယူပါရေလတ်။ ယင်းပိုင်တောင်းယူပြီးတိုင်းလည်း သစ်ပင်စောင့်နတ်မင်းကြီးမှာလိုက်တေအတိုင်း “တန့်ဖိ” လို့ လည်း အမြဲတမ်းပြောပါရေလတ်။ ယင်းဇူးနှင့် ထင်းခြွီသမားရေ ကိုယ်လိုချင်စွာဟူသမျှကို လိုချင်ရေ အချိန်မှာရနီရေအတွက်တာကြောင့် ကိုယ်တိုင်စားဖို့သောက်ဖို့စွာကို ပူပင်စရာမလိုတင်မက အိမ်နားပါတ်ဝန်းကျင်က အိမ်တိကိုလည်း ရောင်းစားနိုင်လို့ စီးပွါးတက်လာပနာ အိမ်ကြီးယာသန်တိကိုလည်း ဆောက်လာနိုင်ပါရေလတ်။

ယင်းခါ သူ့အိမ်နားမှာ ဆိုင်သည်တယောက်ဟိပါရေလတ်၊ ယင်းဆိုင်သည်စွာ ထင်းခြွီသမားနှင့် တခြားအိမ်နားပါတ်ဝန်းကျင်ကလူတိ သူ့ဆိုင်မှာ ဆန်တိ၊ ဆားတိမ၀ယ်ကတ်စွာကို သတိပြုမိလာပါရေ။ ယေပြီးကေ ထင်းခြွီသမားကလည်း အိမ်ကြီးယာသန်တိဆောက်စွာကို သတိပြုမိလာရေခါ ဒေသူဇာဖြစ်လို့ ခုပိုင်ချမ်းသာလာစွာလဲ စိုင်းစားမိပါရေလတ်။ နောက်ဆုံးမှာ ယင်းဆိုင်သည်က ထင်းခြွီသမားမှာ ပုလင်းချေတလုံးဟိစွာကို သိလားပနာ ယင်းပုလင်းချေကိုရအောင်ခိုးဖို့ ဆုံးဖြတ်လိုက်ပါရေလတ်။

ဆိုင်သည်ရေ ကုန်ရောင်းကုန်ဝယ်ကိစ္စတိနှင့် တခါတရီ တခြားတိုင်းပြည်တိကိုလည်း ခရီးလားကျင့်ဟိပါရေလတ်။ ယင်းပိုင်လားယင်းနှင့် တခေါက်မှာတော့ ကြောင်ချေတကောင် ရလာလတ်ပါရေ။ ယင်းကြောင်ချေကို အသုံးပြုပနာ ထင်းခြွီသမားပါးက ပုလင်းချေကို ရယောင်ခိုးယူလီပါရေလတ်။ ပုလင်းချေကိုခိုးပနာ လောင်းချေတစီးနှင့် ပင်လယ်ပြင်မှာ အယင်လားနီကျအတိုင်း တခြားတိုင်းပြည်တိကို ခရီးလားလီပါရေ။ ဆိုင်သည်ရေ လားယင်းလာယင်း တခြားတိုင်းပြည်တိကိုရောက်တေအချိန်မှာ ရောင်းဖို့စိတ်ကူးနှင့် ပုလင်းချေကို ဆားတိအများကြီးထုတ်ပီးဖို့ ပြောလိုက်ပါရေ။

ဆိုင်သည်ပြောရေအတိုင်း ပုလင်းချေကလည်းဆားတိကို ထုတ်ပီးလီပါရေ။ ယင်းပိုင် ဆားတိကို အဆက်မပြတ် ထုတ်ပီးနီယင်း တနားကြာရေခါ လောင်းထဲမှာဆားတိပြည့်လာပါရေလတ်။ ဇာအတွက်လဲဆိုကေ ဆိုင်သည်ရေ “တန့်ဖိ” ဆိုရေစကားကို မသင်ခရပါ။ နောက်ဆုံးမှာ ယင်းလောင်းချေစွာ ဆားအလီးကိုမခံနိုင်လို့ ပင်လယ်ထဲမှာ မြုပ်ကျလားခပါရေလတ်။ ယင်းပုလင်းချေလည်း လောင်းမြုပ်စွာမှာ တတူတူပါလားခပြီးကေ ပင်လယ်ကြမ်းပြင်မှာ ကနိထက်ထိ ယင်းဆားတိကို ထုတ်ပီးနီလီပါရေလတ်။

(ခွန်းတိုင်းသက်သီ)

No comments:

Post a Comment