Thursday, April 2, 2009

သတိတရားနှင့်နီကတ်ပါ


သတိတရားနှင့်နီကတ်ပါ
-----------------------
တရားထိုင်ဖူးသူတိုင်းသိပါလိမ့်မည်။ သတိတလုံးကိုသုံးကေ အောင်မြင်မူမျိုးစုံရနိုင်ပြီးကေ သတိတလုံးမိကေ ဒုက္ခမျိုးစုံကြုံနိုင်ပါရေ။ တခါတလီ အောင်မြင်မူကြားက သတိလက်လွတ်မူကြောင့် မဖြစ်သင့်စွာတိဖြစ်လားရပါရေ။ ယင်းအတွက်နှင့် မဟာသတိပဌာနသုတ်မှာ ဘုရားသျှင်က သတိကိုဦးစားပီးဟောထားစွာကို အားလုံးအသိပါ။ သတိတရားက လောကကို အလှဆင်နိုင်ရေပိုင် သတိတရားပျက်မှုကြောင့် ဖြစ်ပျက်ပုံ ရခိုင်ပုံပြင်ချေတပုဒ်ကို AMP ပရိဿတ်ကိုပြောပြပါဖို့။

"ငပြာ" ဆိုရေလူတယောက် မိသားစုစားဝတ်နီရေးအတွက် ချောင်းကိုဆင်းပျာ ကွန်ပစ်လားရေခါ မိုးသောက်ဖက်ဖြစ်နီလို့ လူသူကင်းယှင်းနီသိမ့်သောကြောင့် ဒယောကို ပြူးပင်ထက်မှာ ချွတ်တင်ထားခပျာ ကွန်ပစ်ဖို့ဆင်းလားခပါရေ။ တချိန်းနှစ်ချိန်း ကွန်ကိုလက်မောင်းမှာတင်ပနာ တံငါသမားပီပီ ပစ်ဖြန့်လိုက်ကေလည်း ငါးတကောင်လည်းမကျ။

စိတ်ထဲက စဉ်းစားနီရေ...

“နိတိုင်းဆိုကေ ကြောင်မစားတာလည်းတကောင် ကျပျာ။ ဒေကနိ ဇာဖြစ်စွာလဲဂု"

ယေတာလည်း ဇွဲမလျှော့ဘဲ ဆက်ပျာကွန်ကိုဖြန့်ပစ်လိုက်တေခါ မကြုံစဖူး ငသားတိုက်ကြီး (၂) ကောင်းတန်းငြိမ့်စွာပါမလား။ ယေခါ ပျော်ပျော်ရွှင်ရွှင်နှင့် ငါး (၂) ကောင်ကို ပူတုတ်ချေမှာထည့်ကေ ချက်ချင်းအိမ်ပြန်ပါလတ်တေ။ အိမ်ကိုရောက်ခါ မယားသည်ကိုခေါ်ရေ။

“ဟေး... အမိသည်... အမိသည်၊ ငါးသင်ခလိုက်ဒေ၊ ဒေမှာ ငသားတိုက်ကြီး (၂) ကောင်ရလာရေ”

ယေခါ ငပြာမယား ဓါးတချောင်းကိုကိုင်ပနာ ငါးသင်ဖို့ထွက်ပါလတ်တေ။ အနားကိုရောက်ခါ ဆောင့်ခြင်ထိုင်နီရေ လင်ငပြာကို အထက်ကြည့်လိုက်၊ အောက်ကြည့်လိုက်နှင့် “ဟိဟိ” ရယ်လိုက်တေ။ အရာလည်း (၃/၄) ချိန်း ယင်းပိုင်ရယ်ရေခါ ငပြာဒေါသထွက်ပနာ...

“ငါးသင်ဖို့ ကောင်းကောင်းမသင်၊ လား..လား... ငါဓါးနှင့်ထုပစ်လိုက်မည်ဆိုပျာ ယင်းနီရာက နှင်ထုတ်လိုက်တေ။ ပြီးကေ ယောက္ခမဝါကြီးအိုမကို ခေါ်လိုက်တေ။

“အရီး... အရီး... အရီးသမီး ငါးရလာစွာကို ကောင်းကောင်းမသင်၊ 'ဟိဟိဟဟ' လုပ်နီရေ၊ အရီးတာလည်းတချက် သင်ပီးခလိုက်”

ယေခါ ဝါကြီးအိုမက...

“အေး... ဟုတ်စွာမလားယေ၊ ကိုယ့်လင်မှာရလာရေငါးကို ကောင်းကောင်းမသင်၊ ငါတာလည်းသင်ပီးမည်”

ဝါကြီးအိုမ အနားကိုရောက်တေခါ ငပြာကို အထက်ကြည့်၊ အောက်ကြည့်နှင့် “ဟိဟိ” လို့ရယ်ပြန်ရေ။

“ကနိ 'ဟီဟီဟဟ' ဇာဖြစ်နီကတ်တေလဲဂု” စဉ်းစားပျာ ကိုယ့်ကိုတာလည်းသင်ဖို့ ငါးကိုကိုင်လိုက်တေ။ ယေခါ အနားမှာဟိရေ ကြောင်တကောင်က ငပြာကို အထက်ကြည့်၊ အောက်ကြည့် “မိညင်” လို့အော်ပြန်ရေ။

ငပြာက ငါးတောင်းစွာလားမသိထင်ပျာ ငါးတဖဲ့ပီးလိုက်တေ။ ယေကေလည်း ကြောင်က ငါးကိုမစား၊ အထက်ကြည့်လိုက် အောက်ကြည့်လိုက် “မိညင်” လို့အော်ပြန်ရေ။ ယေခါ ငပြာဒေါသထွက်ပျာ ကြောင်ကိုဖမ်းသတ်ဖို့ အောက်ပေါ်ကျိတ်ကေ ဒယောကားမပါ ပြူးပင်ထက်မှာကျန်ခပျာ။

“သတိမမူ ဂူမမြင်” ဆိုရေစကားကို သဘောပေါက်နိုင်ကတ်ပါစီ။

အသျှင် (Ashun)

No comments:

Post a Comment