Saturday, May 30, 2009
နှုတ်မဆက်ချင်ပါ ပြန်လတ်ဖို့
နှုတ်မဆက်ချင်ပါ ပြန်လတ်ဖို့
----------------------------
ခရီးဆောင်အိတ်တလုံးကို
ခိုင်မာရေ လက်ချောင်းအစုံနန့် ဆွဲမ
ခွဲရဖို့ အသိချေက မြှားတစင်းပိုင်
ငါ့ရင်စိုင်ကို ဖြတ်ဝင်လားစွာ နင့်ခနန့် --။
ဇာသူမဆို
မွီးရပ်မွီးမြီကို ခွဲရရေအခါ
ဒေပိုင်ရာ ကြုံလာတတ်စွာမျိုး
အဆိုးဆုံးက
အဖရခိုင်ပြည်နန့် ၀ီးနီရရေဘ၀အဖြစ်
လွမ်းရစ်လွမ်းဖြေ လွမ်းမပြေနိုင်စရာမလား --။
တချက် မှင်သက်မိခါပြီးမှ
ကောင်းခင်ပြင်တခုလုံးကို
မျက်ရည်စက်လက်နန့် ပြုံးပြ
ငါပြန်လာမည် စိတ်ချလို့
ငါ့စိတ်က ပြောမိရေစကား
သူကြားရေပိုင် ငါနားလည်
အံကြိတ်ပျာယ် ထွက်လာမိပါရေ --။
အော်...
လွမ်းလိုက်ပါ့မည် တနင့်နင့်
လှမ်းလိုက်ပါမည် တဆင့်ဆင့်
ကြွီလွင့်ပြီးဖြစ်တေ သမိုင်းအပင်အို
ကိုင်းရွက်ညို ကြွီချင်ကြွီပါလီ
သွီးရောင်နီ အလင်းစက်ချေအောက်
အဆင်းတလှ ပြန်ပျာယ်ပေါက်ကေ
ငါ... ပြန်လာလတ်မည်
နှုတ်မဆက်ချင်ပါ ပြန်လတ်ဖို့ --။
(အဖရခိုင်ပြည်နန့်ဝီးကွာနီရရေ သူငယ်ချင်းရဲဘော်အပေါင်းအား ဦးထိပ်ထားလျှက်)
(ပန်းနုဇံ)
ဆန္ဒတခုနန့် ပျံသန်းခြင်း
ဆန္ဒတခုနန့် ပျံသန်းခြင်း
------------------------
မဦးမစိုက်
ဗြုန်းစားကြီး ဆိုက်လာရေ အလင်းအောက်
နမော်နမဲ့ ဖြတ်ပျာယ်လျှောက်ခြင်းမဟုတ် --။
ငါ့ကိုယ်မှာ ပျောက်ဆုံးနီရေ အိမ်မက်တခုကို
ရုတ်ချင်း ကောက်ရလိုက်တေပိုင်မျိုး
ရခိုင်သားဘ၀ဆိုရေ အနှစ်သာရကို
ဝမ်းသာအားရနန့် ဧည့်ခံ
ကျေနပ်စွာ လက်ခံလိုက်ချိန်မှာ
ဘ၀၏အမှောင်ကောင်းခင်က
ပရောမီးသယပ်စ် (Prometheus) လက်ဆောင်ပီးခရေ
နီမင်းလင်းရောင်ခြည်ပိုင်ပျာယ် ငါ့ရှိမှာ
ဖြင်းခနန့်….လင်းလို့ --။
မွီးလာရေအချိန်ကပင်
ဘ၀၏နိဒါန်းတံခါးဝမှာ ရွီးထိုး
“နီထွက်ဘုရင် ကျွန်တော်မျိုး” လို့
ရိုက်ချိုးခံလိုက်ရရေ အသိတခုကို
နိတိုင်းစားသုံးယင်း စားသုံးယင်းနန့်
အဆိပ်လည်း ပြင်းပြင်းလာတတ်တေ
အတိတ်လည်း ယှင်းယှင်းလာလတ်တေ
ယေပိုင်နန့် ရာ
ငါ… ကျွန်ဖြစ်နီခရေ --။
အိမ်မက်တခုထဲက ဗြုန်းဆိုနိုးပြီးမှ
မပျိုးလိုက်ရရေ ပြဇာတ်တခုအတွက်
ပြန်ထွက်ကပြဖို့ကား မရေရာ
သေချာရေ ကျောက်ထွင်းအနုပညာတိက
အဖရခိုင် အသဲပြင်တခုပိုင်ပြောပြ
အခုတိုင် ရင်ကွဲပက်လက်နန့် --။
ငါတွေးကြည့်မိရေ…
ငှက်ချေတကောင်ကို အတောင်ဖြတ်ပျာယ်
လှောင်အိမ်ထဲက လွှတ်ပီးလိုက်စွာပိုင်
ငါချစ်တေ အဖရခိုင်ပြည်ကို
ကြိုးရှရှည်နန့် တွဲလျောင်းချိုင်
မိုင်တိုင် (၂၂၅) အထိ
သူရို့တိ ကျောင်းထားနိုင်ရေဆိုတည်းက
ငါ့ကိုယ်ငါ သတ်သီဖို့ကောင်းယင့် --။
ယေပိုင်နန့်ရာ
ငါလူဖြစ်နီရေ နိရက်တိုင်း
နှလုံးသွီးကို ဖောက်ထုတ်အစားခံ
တခါပြန် တခါပြန်နန့်
ဇာခါအမှန် မလွတ်လပ်နိုင်သရိ
ဆယ်ခါပြန် အကျဉ်းချခံလိုက်မည်
(အဖရခိုင်ပြည်အတွက်) ငါ့ကိုယ်ငါ…
ဒုတိယ ပရောမီးသယပ်စ် (Prometheus) ဖြစ်ချင်ရေ --။
(ပန်းနုဇံ)
ရခိုင်လို့ ခံယူမိရေနိက
ရခိုင်လို့ ခံယူမိရေနိက
---------------------
ဘ၀မှာ
ငါ့စိတ်ငါ လိမ်မရစွာက ဒုက္ခ
ဟုတ်သမျှ အားလုံးကို အစုလိုက်
မီးတိုက် င်္သဂြိုဟ်လိုက်ချင်ရေ...
ရင်ဖတ်ကြီး ဟက်တက်ကွဲနန့်
အသက်လည်း ဆက်မရှင်လိုပါ --။
အားနည်းချက်တခုအတွက်စိုင်းစား
ရိုင်းလားရေ သမိုင်းကြောင်းတခုအတွက်
အခုထိ နီတောင်မထွက်နိုင်သိမ့်
ယေနန့်ရာ.... တလမှာ
သုံးဆယ့်တရက်လကွယ်ခ --။
အချေခါပိုင်
ဝါးနန့်ကျောက်နန့်ထုကတ်လို့
ဝတ္ထုဖြစ်လားကေ ကောင်းယင့်
ပုပ်သိုးဟောင်းနွမ်းပြီးသား အမာရွတ်ကို
မိတ်ကပ်ထူထူနှိမ်းဖို့လည်း
ငါကား သတ္တိမဟိကာ --။
ယေနန့်ရာ
အိပ်မောကျရေနိရက်တိကို ဆုတ်ဖြဲယူ
ဘ၀တူ မောင်နှမတိကြားထဲ
ငါလည်း တေးခြင်းဆိုလိုက်တေ...
(ရခိုင်ပြည် xxx ငါရို့ပြည် xxx ငါရို့ပြည်ကို ငါရို့အုပ်ချုပ်မည် xxxx)
(ပန်းနုဇံ)
သေချာမှုတခု ရွီး
သေချာမှုတခု ရွီး
----------------
ရင်ထဲအသိစိတ်ဟိယင့်နန့်ရာ
ဘောင်ခတ်စည်းတားခံဘ၀မှာပျော်ပိုက်
ရက်ပြတ်.. ငိုက်နီကတ်ဖို့လား --။
ဘ၀၏အနီရောင် တန်းခါးတချပ်ကို
မဖွင့်ဝံ့ ဖွင့်ဝံ့နန့်ရာ တွန့်ဆုတ်
ဂျောင်မှာကုတ်ဖြစ်ခရေ နိရက်တိပင်
ငါရို့ကို ရယ်ချင်ရယ်နီမည် ..ထော --။
ရခိုင်ပြက္ခဒိန်တချပ်ကို ကြည့်လိုက်
အမျိုးသားနိ မဟိ
တော်လှန်ရေးနိလည်း မလာ
လွတ်လပ်ရေနိသစ်လည်း မပါ
ဗလာဗလာ ကွင်လပ်ထက်မှာ
ပြသဒါးရက်တိရာအပြည့် --။
ယင်းနန့်ရာ
ရာဇ၀င်ထဲကရခိုင်ပြည်
ညောင်ပင်သဆီချေပိုင်တွဲလဲလဲ
တစစနန့် လွဲလွဲပါလတ်တေ မိုင်တိုင်အောက်
လူမျိုးလည်း ပျောက်ပျောက်လာလတ်ပျာယ်
အပူဆိုးနန့် ခြောက်ခြောက်လာလတ်ပျာယ် --။
ပန်းမျောက်ကဇတ်တေပိုင်
ဆန့်ကျင်ဖက်မျက်နှာပြင်နှစ်ဘက်
ကျချင်ရေဖက်ကျ လန်ချင်ရေဖက်လန်
ပန်းနန့် မျောက်
အမှန်နန့် အမှား
အဖြူနန့် အမဲ
ကျွန်ဘ၀နန့် လွတ်လပ်ရေး
ဇာကိုအမှန် ရွီးဖို့လဲ --။
တခုတော့ဟိရေ
တနိ... လွတ်ကိုလွတ်မြောက်ဖို့လိုရေ --။
(ပန်းနုဇံ)
ရရိုးချချင်းချေပါ
ရရိုးချချင်းချေပါ
----------------
ပုပ်ထဲကစပါးတိ ရာဆိုကေ
အနင်းခံသမျှ လှလှပါလတ်ဖို့ …။
အိမ်ပြတင်းဖွင့်လျှက်နန့်ပင်
အလင်းတစမျှင် မ၀င်နိုင်ရေ အိပ်ခန်းထဲ
လဲလျောင်းအိပ်စက်မိရေ အဖပြည်ခမျှာ
ခြီလေးချောင်း ရုန်းရွိမရရေ စားပွဲခုံတလုံးပိုင်
အနည်ချေထိုင်နီခစွာ ကြာပျာယ်
ဖုန်တသောနန့် …။
ဗါဒီချေအပေါက်တလုံးနန့်
ရီခတ်မိရေ ဘ၀တိဆိုရေပိုင်
လ္ဘက်ရည်ဆိုင်စကားဝိုင်းမှာ
ဝင်ဆန့်လားရေ နာမည်တခုအတွက်
ဂုဏ်ယူဖို့အင်အား ထွက်လာကတ်စွာအမှား --။
ထော…
မှန်ဘီလူးခုံးထက်မှာ ဖြောင့်စင်းရေဓါးကို
အပြင်မှာ တံဇဉ်တလက်ရာလို့
ဇာသူယုံကြည်နိုင်ဖို့လဲလို့
တွေးလိုက်ကြည့်လိုက်မိတိုင်းမှာ
အပျင်းတချက် ဆန့်တတ်တေစိတ်နန့်
ညချေ… အိပ်အိပ်လားစွာမနည်းပျာယ် --။
ယေပိုင်နန့်
ကျောက်ခဲရော မီးသွီးရော ဒြပ်အရောအနှောထဲ
ပျောက်ပျက်လားရေယိုင်ကျေးမှုတခုကို
အခု…တွိနိုးမြင်နိုးလိုက်ရှာမိသူမှာ
ပွိုင့်ကမ်းမှာ ခရုကောက်ခံစားမှုနန့်မတူမှန်း
(အကျွန်ရို့လူငယ်တိုင်း)
သိဖို့တော့ ကောင်းယင့်ထင်ပါရေ --။
(ပန်းနုဇံ)
သွီးပျက်
သွီးပျက်
--------
ကောက်စရီတခရွီနန့် ပိတ်ဖုံး
တိတ်တိတ်ပုန်း ကန်ရီပြင်ချေမှာလည်း
မိုးငွေ့မိုးလျှံဖြစ်ဖို့ ရီအပြည့်နန့်ရာ
တိမ်ရေကာလို့ ပြောပစ်ဖို့
မြင်ကမမြင်နိုင်မလား --။
အဇ္ဈတ္တကောင်းခင်ပြင်တခုထဲ
ပျံဝဲလိုက်မိရေ စက္ကူစွန်ချေမှာတောင်
ကြောက်တတ်တေအသဲမဟိ
မိုးထိရောက်ချင်ရောက်လီဖိယေ --။
ထော...!
ကတ်ထူစက္ကူပုံးခွံချေတပုံးနန့်
တန်းဗျထက်မှာ ရီခံလို့မဖြစ်တေအခါ
ရီကိုရာ ခဲအောင်လုပ်မိကတ်တေ ဘ၀မှာ
အိမ်မက်ဆိုးရာ ထူထူလာလတ်တေ --။
လူသားဘ၀ဆိုရေ အခန်းတခုမှာ
အတ္တကြပ်ခိုးတိ တွဲလီတွဲလောင်းနန့်
မွန်းကျပ်ပိတ်လှောင်နီကေတောင်က
ဘ၀ကို မလှောင်တတ်စွာထားဖိ
သိသိနန့် ရောင့်ရဲမိသူ နှလုံးသားထဲ
သူ့တကိုယ်စာတည်းကိုဖက်တွယ်
ပြက္ခဒိန်လည်း ရက်ရှည်လားခပျာယ် --။
ယင်းပိုင်နန့်ရာ...
ကျောက်သင်ပုန်းဘောင်ချေအဆုံး
စီးစိုင်တခုလုံးကို တင်ရွီးယင်း
မြင့်မားခြင်းဟူသည်ကို လိုက်ရှာ
သွီးပျက်တေ ဘ၀ကမ္ဘာအဆုံးယေ
ပြာပုံဘေးမှာ ပိတုံးချေကုတ်လို့ --။
(ပန်းနုဇံ)
ပြောင်းလဲခြင်း
ပြောင်းလဲခြင်း
--------------
ပင်လယ်ပျော်လို့ခံယူခပါယင့်
ရီကူးမတတ်တေ ကျွန်းချေပိုင်ပျာယ်
နှုတ်မရရေ ခြီနှစ်ချောင်းကို ဆွဲမယင်း
ကျမွတ်အိုင်က လိုင်ပင်းရောက်လာရေခါ
ပုတ်သမျှလှိုင်း ခတ်သမျှဒဏ်ကို
ခါးစီးခံရကတ်စွာက မဆန်းပျာယ် --။
ယေနန့်…
ညဇာက ရွာချလိုက်တေမိုးတစက်
ရိုးမကို အရည်ဖျော်ချပျာယ်
ကျုပ်ရုပ်လုပ် ကဇတ်ခံလိုက်ရရေ
နဖားကြိုးတန်းလန်းနန့် --။
ယင်ပိုင်နန့်ရာ ဘ၀တိက
နီရိုဘုရင့်တယောတလက်က ကျကျန်ခရေ
မီးတိုက်ခံ သံစဉ်တိကိုအာခံယင်း
ဖနောင့်ပြတ် ဖနပ်ပါးချေကထွက်တေ
စည်းဝါးကျခြီသံချေကို မက်မောတတ်လာရေ --။
ဇာပင်ဆိုဆို...
ပျော့ညံ့နီရေ ကျုတ်အိုင်ချေအဖြစ်နန့်
အနင်းခံလိုက်ရဖန်များလာရေအခါ
ရီချေခမ်းခြောက်ယင်း အသားကျ
ပြန်ပျာယ် မာမာလာကတ်ရရေမလား --။
(ပန်းနုဇံ)
ရွင့်ရာ ရွင့်လီ
ရွင့်ရာ ရွင့်လီ
------------
အစ်ကိုချေ
ချင်းလား
ကရင်လား
သျှမ်းလား
မြန်မာလား --။
ယင်းပိုင်ဆိုကေ
အကျွန့်ကို လာနှုတ်ဆက်ပါ --။
ယေကေလည်း အစ်ကိုချေ
“ယခိုင်” “ယခိ” ဆို
အကျွန့်ကို အဖတ်လုပ်စရာ
မလိုပါ --။
အခင်ကြီး
မွန်လား
ကယားလား
ကုလားလား
တရုတ်လား
ယင်းပိုင်ဆိုကေ
အကျွန်နန့် ပြောဆိုဆွေးနွေးပါ
ယေကေလည်း အခင်ကြီး
“ယခိုင်” “ယခိ” ယာဆို
အကျွန့်ကို ပြောဆိုဆွေးနွေးစရာ
မလိုပါ --။
အရီးချေ
ထိုင်းလား
တိဘက်လား
ဗီယက်နမ်လား
အိမ်ဒိုနီးသျှားလား
ယင်းပိုင်ဆိုကေ အရီးချေ
အကျွန်ရို့အိမ်မှာ လာတည်းပါ --။
ယေကေလည်း အရီးချေ
“ယခိုင်” “ယခိ” ယာဆို
အကျွန့်အိမ်တည်းစရာ
မလိုပါ --။
ဂိုးချေ
ရိုမီးနီးယားလား
ဂျာမန်လား
အမေရိကန်လား
ပြင်သစ်လား
ယင်းပိုင်ဆိုကေ
အကျွန်ရို့ တိုင်းပြည်လာလတ်ပါ
ယေကေလည်း ဂိုးချေ
“ယခိုင်” “ယခိ” ယာဆို
အကျွန့်တိုင်းပြည် လာစရာ
မလိုပါ --။
တမျိုးတော့ခါ
မထင်ကတ်ပါကဲ့
“ယခိုင်” နန့် “ယခိ” ကို
သီအောင်ကြောက်လို့ပါ --။
အေးမောင် (ရင်အုံတော်ဓာတ်)
၃၀၊၀၅၊၂၀၀၉ (၁၈:၄၆)
မြန်မာမ
မြန်မာမ
----------
အနာပြည်ပုတ်တိကို
ဖုန်းအုပ်ထားမရ
ရဲရဲကြီးခွဲထုတ်
မြီမြုတ်ပစ်ရမည် --။
ချစ်ကြည်ရေးဆိုရေ
“မလာဥ” စကားတိနန့်
အတွင်းပြည်နာ လှိုက်စား
တရိရိဝေဒနာ
ခံနီရစွာက ပြည်သူ --။
တနိကျ
အောင့်မရလို့
ပြည်ပုတ်တိ မီးတောင်ပိုင်ပေါက်ကွဲ
မြန်မာပြည်မှာ (၈၈၈၈)
အရေးအခင်းဖြစ်တေ --။
အခုလည်း
ကျန်နီသိမ့်ရေ အနာပြည်ပုတ်တိကို
နှုတ်ပစ်ဖို့
ပြည်မြန်မာမှာ
ဆရာဝန်တိလိုရေ --။
အေနီရာမှာ
(ကြောင်ချီး) တိ မပါ --။
”ပြည်ထောင်စု” လတ်
သကာလူးထားရေ
အာလူးဂါထာနန့်မန်းမှုတ်
ဆီသုတ်ဖို့ ကြိုးစားအားထုတ်သူများစွာ
လက်တွိမှာ
စိန်နားကပ်နန့် ပါးပြောင်
အယောင်ဆောင်တိရာဖြစ်တေ
သူငယ်နာ နှပ်စားတိရာဖြစ်တေ --။
ယင်းပိုင်နန့်
တလင်ကွာ မဆမ
မိခင်မြန်မာမသည်
ဝမ်းတွင်းပါ ”မာဒြာ” ကို ချွတ်မရ
အနိစ္စဖြင့် ဈာန်ကြွ
(မရဏ)
ဘ၀ပြောင်းရလီကုန်သတည်း --။
(မောင်ပေါက်)
မောင်ကြီးသျှင်သို့
မောင်ကြီးသျှင်သို့
-----------
စောင့်နီပါရေ မောင်းမောင်
ဇာခါလာဖို့လဲ
သွီးတောင်ဆုံးလားယာ --။
တိုက်စိုးရို့ပိုင်
လက်နက်ချရစွာကို
မှိုရရေမျက်နှာနန့်
ပြန်ဝင်လာဖို့လား --။
မောင်းမောင်ရို့ကို
တချို့က ပြောကတ်တေ
“လက်နက်ရှာဖွေရေးအဖွဲ့“ ဆို --။
မယုံပါ မောင်းမောင်
မနာလိုလို့ ပြောစွာရာဖြစ်ဖို့ --။
မောင်းမောင်ရို့ အစွာလောက်
မျိုးခြစ်စွာကို သိပါရေ --။
မောင်းမောင်သူရဲကောင်း
မင်းအလောင်းကို
ပန်းကွင်းစွပ်လို့ င်္သဂြိုဟ်ပါဖို့ --။
လာရာလာလတ်
ပြန်မရွှတ်ပါ --။
လက်ရွီးမလှ စာလုံးကျ၍
သတ်ပုံမှားက
သည်းခံ၍ဖတ်ပါ --။
(လက်မှတ်)
ဆရာတော်ဦးဥတ္တမ
ဆရာတော်ဦးဥတ္တမ
-------------------
သူ့ကျွန်သဘောက်၊ နယ်ချဲ့အောက်မှ
လွတ်မြောက်ဖို့ရန်၊ စိတ်အကြံဖြင့်
နိုင်ငံမြောက်မြား၊ ခက်ခဲကြားက
လားရောက်လေ့လာ၊ ကြိုးပမ်းပါသည်
အာဂမျိုးချစ်ဆရာတော် --။
သူ့လူမျိုးခြား၊ စာစကားကို
သင်ကြားတတ်လွယ်၊ သိနားလည်မှ
နယ်ချဲ့အကြံ၊ စိတ်ထားမှန်ကို
အမြန်ဆုံးသိ၊ ခံယူမိ၍
ရောက်ဟိနီရာ၊ ဘာသာစကား
မြောက်အမြားကို၊ သင်ကြားလေ့လာ
တတ်မြောက်ပါသည်၊ အာဂမျိုးချစ် ဆရာတော် --။
ရောက်သည့်နိုင်ငံ၊ ၀ီးရပ်ဌာန်မှ
ဝံသာနုစိတ်၊ မျိုးချစ်စိတ်ကို
ယိုဖိတ်စီရန်၊ စိတ်ထက်သန်လျှက်
မြန်မာပြည်အား၊ စာရွီးသား၍
ကြီးမားစေတနာ၊ သွန်းဖြိုးရွာသည်
အာဂမျိုးချစ်ဖြစ်ပေသတည်း --။
ကျွန်စိတ်ကင်းပျောက်၊ မမှုကြောက်ပဲ
လွတ်မြောက်ခရီး၊ လမ်းညွှန်ပီး၍
ဖမ်းဆီးပြစ်ဒါဏ်၊ များစွာခံလည်း
နိုင်ငံအတွက်၊ ယုံကြည်ချက်ဖြင့်
ထက်မြက်စွမ်းဆောင်၊ ထွန်းလင်းပြောင်သည်
ဂုဏ်ရောင်နီသို့တောက်၏တည်း --။
မင်းရွှေမင်း (အင်းစိန်)
ရခိုင်မဂ္ဂဇင်း အမှတ် (၂၅)
Friday, May 29, 2009
မိုးမျှော်တမ်း လွမ်းခြင်း
မိုးမျှော်တမ်း လွမ်းခြင်း
--------------
(၁)
တက်သီးတချက်
ပြင်းပြင်းခေါက်လိုက်မိသည် --။
ရင်ထဲမှာ မကျေနပ်ချက်တိမွန်းကျပ်
အသက်လျှူမ၀ --။
လက်သီးကို နနောင်းဆုပ်
အကြောင်းမဲ့ ကြမ်းပြင်ကို ထုလိုက်မိရေ --။
ပါးစိကို တင်းတင်းကိုက်ထား
မိတ်ရိုးများ ကားထွက်လာ၏ --။
ဂေါင်းထဲမှာ ထိုအတွေး ဒေအတွေး
အတွေးပေါင်းများစွာ ယောက်ယက်ခတ်
ချုပ်ထွီးလျှက်ဟိရေ --။
မျက်စိကို စစိမှိတ်
ထွက်သက်ကို နခေါင်းထဲက
မှုတ်ထုတ်ပစ်လိုက်တေ --။
ဒေါသအငွေ့ကြောင့်
ထွက်လီ၏အပူရသ
ကြောင်းလို့ ခံစားလိုက်ရရေ --။
နားဂျီနှစ်ဖက်က
စမုတ်ကြောများ ထောင်တက်တင်းမာ
သံချောင်းများပမာ --။
ကုတ်ထားသည်မျက်မှုန်
ရှုန့်တက်လာရေ တွန့်ကြောင်း
အပေါင်းများစွာ --။
ခံစားချက်များပြင်းထန်
အောင့်အည်း သည်းမခံနိုင်ရေအဆုံး
ငါးသလောက်ပြုံး ပြုံးလိုက်မိသည် --။
(၂)
နီရာတကာ မသမာမှုတိကြီးစိုး
ကကောင်း အရုပ်ဆိုး၏ --။
ဒုက္ခကို ဂြင့်ခါးသီးပိုင်
ချိုမြိန်စွာ စွဲလမ်း
တမ်းတမ်းတတ လောဘရမက်
သက်ပြင်းချရ အခါခါ --။
မကောင်းမှုကို ချိုမြိန်စွာသောက်သုံး
ယစ်မှုးနီကတ်သူများ
ဝင်းကြွားမင်းမူ အောင်လံထူလျှက် --။
အဆိုးအညှက် အမှိုက်သရိုက်တိကို
တိုက်စားပစ်ဖို့
တော်လှန်ရေးမြစ်ရီခမ်းခြောက်
မျက်တွင်းဟောက်ပက် လူမမာ --။
နာရီစက်ဝန်း၏မိနစ်စက္ကန့်ရို့သည်
အခိုက်အတန့်လိုက် ကုန်ဆုံး
နီလုံးညိုညို ညရိပ်ခို --။
အတ္တ အတ္တ
အတ္တ အမှောက်ထု တွင်းနက်အောက်
တယောက်ပြီးတယောက်
ဒိုးယိုပေါက် တောက်လျှောက်ကြီးဆင်း
ခွာသံပြင်းပြင်း --။
နောက်ကျိကျိ အမှောင်အတိပြီးသော
ငရဲအိုင်ကြီးထဲက
လွတ်လမ်းမဲ့ ငါးချေတိပိုင်
ကျုပ်ပုတ်ရည် ညစ်ညမ်းသည်ရာ
အသက်ရှင်ရာလား လွတ်မြောက်ရာလား --။
အရောင်နှမ်းနှမ်း မွဲခြောက်ခြောက်
လိုင်တံတို ပျိုင်းအိုတချို့ကလည်း
ပွက်သည့်ငါးကို အလိုက်ချောင်း
အကြောင်းအားလျှော်စွာ --။
ဘုရားသခင် ဖန်တီးထားသည့်
ဤကမ္ဘာမြီကြီးသည်ကား
ဒုက္ခအတိမွှမ်း ဆိုးသွမ်းလှပါဘိတကား --။.
ပူလောင်ထန်ပြင်း
ဆင်းရဲလှပါဘိတကား --။
အပူမီးများချုပ်ငြိမ်း
အီးချမ်းသော အနာဂါတ် မိုးထက်ကောင်းခင်
စက္ကြာဝဠာတခွင်လုံး
လှပသာယာ ကြည်လင်လာဖို့
ရတနာမိုး ပေါက္ခရ၀ဿမိုး
ထိန့်ကြိုးရွာသွန်း လောင်းဖြန်းပီးပါဖိလော့ --။
(သာလှဦး)
29/5/2000
သဇင်သတ္တိ
သဇင်သတ္တိ
-------
နယ်ပယ်တခု၊ ကိုယ်စားပြုလျှက်
နှိုင်းထူပုံထင်၊ မြတ်သဇင်သို့
ပင်ယံမြင့်မြင့်၊ မာန်ချီဝင့်ပြီး
ဖူးပွင့်ဝီဆာ၊ မွှီးကြိုင်စွာလျှင်
မြလွှာတမူ၊ ပန်းမိဉ္စူတည်း ---။
လူမျိုးရခိုင်၊ ပြည်မဏ္ဍိုင်တွင်
သာကီနွယ်မြတ်၊ တိုင်းလေးရပ်၏
ပြုမှတ်တံဆိပ်၊ အောင်နိမိတ်ဖြင့်
ရက္ခိတမည်၊ မျိုးဂုဏ်ရည်ဖြင့်
စည်ပင်သာယာ၊ သာသနာနှင့်
ကမ္ဘာ့အလယ်တွင်
ထည်ဝါရပ်တည် ဟိလတ်၏ ---။
ရပ်တည်ထည်ဝါ၊ မျိုးမဟာကို
မိစ္ဆာဝင်ရောက်၊ သစ္စာဖောက်ကြောင့်
နန်းပျောက်ထီးပျက်၊ စစ်ဒဏ်ချက်နှင့်
သက်ပေါင်းလည်းခ၊ ကျွန်ဖြစ်ရ၏
ဘ၀ယှုံးနစ် ---
သက္ကရာဇ်နှောင်း၊ သမိုင်းကြောင်းကို
သွန်းလောင်းထုဆစ်၊ အားမာန်သစ်ဖြင့်
ဖက်ဆစ်၏ရန်၊ တိုက်တွန်းလှန်မည်
တာဝန်အသိ၊ အားလုံးဟိ၏
ကတိခိုင်မြဲ၊ လက်ချင်းတွဲ၍
အောင်ပွဲတဖန်၊ ကိုယ်ပြန်ရယူ
ပြိုင်တူရှိသို့ လှမ်းချီတက် ---။
အို -- ရက္ခတိုင်းသား၊ မျိုးချစ်များရို့
ရှိသို့တူပြိုင်၊ လှမ်းတက်နိုင်ရေး
ငိုင်ငေးတွေဝေ၊ ထိုင်နီရေလား
နောက်ထားကျန်လိုက်၊ ထိုစနစ်မှ
ကူးပြောင်းသည့်ခေတ်၊ အမှီလိုက်လို့
နည်းသစ်ပညာ၊ ဆည်းပူးကာလျှင်
ပြည်ရွာကောင်းကျိုး၊ ထမ်းပိုးရွက်ဆောင်
မုက္ချအောင်မည်
ရွှီရောင်ဝင်းပ အနာဂါတ် ---။
ဝီဆာခန့်ငြား၊ မာန်ဝင့်ကြွားလျှက်
ထင်ရှားမျိုးမှန်၊ ဇာတိမာန်ဖြင့်
ညှာတံမကျိုး၊ ကြွီမညှိုးအောင်
ပျိုးထောင်ကာလျှင်၊ ခိုင်သဇင်ကား
ရှိတွင်မားမတ်၊ ဦးတည်ရပ်လျှက်
သတ္တိစွမ်းရည်ပြတော့မည် ---။
မောင်သာလောင်းဖြူ (ရမ်းဗြဲ)
ဘုရားကိုကျားကိုက်ခြင်း
ဘုရားကိုကျားကိုက်ခြင်း
------------------------
အယင်ကခါ ဗာလာရွာမှာ
အသေ၀နာဗိုလ်
အုပ်ချုပ်တေ --။
တရက်နိ နဂါးငမိုက်
အသေ၀နာခါးပိုက်က
မရွှေဥကို ကျားကိုက်တေဇာတ်
ကပြလတ် --။
တေမိယဇာတ် ကဖို့စွာ
ချက်ချင်းပြန်ပျင်လိုက်ရရေ --။
ကျားကဖို့လူ
ကျားရီယူဝတ်
ကျားဂေါင်းစွပ်ပျာယ်
အလှည့်ကိုစောင့်
ဇာတ်စင်ဒေါင့်မှာအိပ်နီရေ။
ယလောက်စွာမှာ တယောက်က
ဇာတ်စင်ကိုဓါးနန့်ခွတ်လို့
သိဒ္ဓတ္ထမင်းသား
တောထွက်ခန်း က,ဆိုခါ..
ခန္တိကကို ပရုန်းနရုန်းကြိုးတုတ်
တယောက်က မောင်စံလုပ်ပျာယ်
ဇာတ်ခန်းပျင်လို့
မာရ်နတ်တောင်မတားရသိမ့်
ကျားသမား
ပတ်သံကြားစွာနန့် ယူထည့်လိုက်စွာ
သိဒ္ဓတ္ထ
ကျားကိုက်ခံလိုက်ရရေ --။
ပန် (စစ်တွေ)
ရိုးမမဂ္ဂဇင်း အမှတ် (၃)
မိုးသထအာရုဏ်
မိုးသထအာရုဏ်
----------------
ညဉ့်သန်းခေါင်လေ၊ အမှောင်လွန်မြောက်
အာရုဏ်ရောက်လို့၊ ခတက်ခေါက်ကေ
စိတ်ရောက်ရည်မှန်း၊ သဒ္ဓါဆွမ်းကို
လှူဒါန်းဖို့လေ၊ ချက်လတ်တေ --။
ဂြိုးငှက်လူပျို၊ တေးခြင်းဆိုလို့
စိမ်းညိုရွက်နု၊ နှင်းထုဝီ၀ီ
လီချေသွတ်သွတ်၊ တိုက်ကာခတ်ကေ
ရင်ဖတ်အီးရေ၊ ချမ်းလတ်တေ --။
အာရုဏ်ပျိုးလို့၊ မိုးသထမှာ
နိုးထအားမာန်၊ ဗြိန်းစောင်းသံလေ
တောင်ယံကိုဟပ်၊ ဂလိုင်ထပ်ပျာယ်
ရိုက်ခတ်မြည်ဟိန်း၊ စည်တော်ကြိမ်းကေ
ကြက်သိမ်းထရေ၊ အားရရေ --။
ရောင်နီသန်းကေ၊ ဆွမ်းပန်းရီချမ်း
လှုဒါန်းမျှဝီ၊ မိတ္တာမြီမှာ
ပီတိနှိုးဆော်၊ သာထုခေါ်မိ
မှန်းမျှော်နိဗ္ဗာန်၊ သံစည်သံလည်း
မာန်စွယ်နှိမ့်ချ၊ ငြိမ်းချမ်းစွ --။
မောင်နန်းလှ (မြောက်ဦး)
သင်္ခန်းစာ
သင်္ခန်းစာ
---------
လှပပြိုင်းပင်
ရွက်သစ်ဆင်လည်း
ညောင်ပင်ကဖျက်
ကျီးဘောင်းဖျက်က
မူလသစ်ပင်
သီပွဲဝင်ပနာ
သစ်ပင်လည်းပြုန်း
မျိုးလည်းတုံးရေ --။
(ကိုယ်တော်)
၂၉-၅-၂၀၀၉
Thursday, May 28, 2009
လောကသာရပျို့
လောကသာရပျို့
----------------------
အသက်ရှည်စွာ၊ အနာမဲ့ကြောင်း
ကောင်းလှစီချင်၊ ပဲ့ပျင်နိစ္စ
ကွပ်ဆုံးမသား၊ မိဘဆရာ
စကားနာ၍၊ ကျမ်းစာသိမြင်
တတ်အောင်သင်လော့၊ ပေါ်လွင်မပြု
ကောင်းရာတုလျှက်၊ ကောင်းမှုမြတ်နိုး
ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်စီမင်း --။
မိခင်ဖခင်၊ ကျေးဇူးသျှင်ကို
ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့
ရှိခိုးဦးတင်၊ ကြည်လင်မြတ်လေး
လုပ်ကျွေးခယ၊ ရိုတုပ်ကွလျှက်
ကြီးလှသက်အို၊ မျိုးဆွီကိုလည်း
ကြည်ညိုညွတ်တိမ်း၊ ပိုက်ထုပ်သိမ်း၍
မယိမ်းစင်းလျှင်းငြိမ်းစီမင်း --။
ထုံးမှီးနည်းနာ၊ အဖြာဖြာ၌
ပညာရှာမှီး၊ မကြီးသက်ရွယ်
အငယ်သော်က၊ ကြိုးလုံးလလျှက်
တုပ်ကွပုဆစ်၊ ဆရာစစ်သို့
ကြောက်ချစ်ရိုသီ၊ စာပီတတ်ကြောင်း
တချောင်းချောင်းလျှင်၊ ငြိမ်အောင်းသည်းခံ
ဆရာထံ၌၊ သင်အံမှတ်သိ
တနိတခြား၊ ပွားများစုံစီ
ဝမ်းထဲခွီ၍၊ တလီတထူး
ဂုဏ်ကျေးဇူးကို
ဆည်းပူးသိမြင်ကြွယ်စီမင်း --။
(ရခိုင်သူမြတ်)
မတတ်သာလို့ရာ
မတတ်သာလို့ရာ
-----------------
ခွီးသူတောင်းစားတိက
ငရို့ပြည်ကိုလာအုပ်ချုပ်
လူလုပ်နီကတ်တေ --။
သူရို့တိက
အနူလက်နန့်
ရွှေခွက်ကိုင်ချင်နီကတ်တေ --။
သောက်ပုံမလာရေမျက်နှာနန့်
ခွက်စားတိ --။
အကုသိုလ်ရုပ်နန့်
အယုတ်တမာတိ --။
အခုကျမှ
ငိုပြတတ်ကတ်တေပင်
ကကောင်း
သနားဖို့ကောင်းလှပါ၏ --။
ကွကွကွကွ
မျောက်မအိုနာတိ --။
အားနာပါယင့်
မင်းရို့ပါးစပေါက်ကို
ဂွမ်းဆို့ထားလိုက်ချင်ရေ --။
(ခတ်ကျောက်သီး)
မေလ (၂၅) ရက်၊ ၂၀၀၂ - ခုနှစ်။
Tuesday, May 26, 2009
ငိုခြင်းစီလို့ ငိုလိုက်ချင်
ငိုခြင်းစီလို့ ငိုလိုက်ချင်
---------------------
အဘာလေး အဘာ ... !
အဘာဟိခါက
အဘာသားသမီးတိ
ရွာအလယ်မှာ
မျက်နှာပွင့်ခစွာတိ
ဒေဂုခါမှာ
ခွက်ကိုင်ပျာယ်
ရွာစိုင်လျှောက်မတောင်းရကေလည်း
အရပ်သျှစ်မျက်နှာမှာ
ကျွန်ခံနီကတ်ရပျာယ်ထော
အဘာ... !
အဘာလေး အဘာ ... !
အဘာဟိခါက
အဘာရို့အိမ်မှာ
ဧယိုင်သာခြင်းသံညံလို့
စာပီလင်္ကာ
ထထိန့်ကြိုးခကေလည်း
ဒေဂုခါမှာ
အဘာသားသမီးတချို့
ကိုယ့်စကားကိုမပြောချင်
ကိုယ့်စာကိုတောင် ရွီးဖို့ရှက်နီကတ်ပျာယ်
အဘာ ... !
အဘာလေး အဘာ ... !
အဘာဟိခါက
အဘာသားသမီးတိ
အမျိုးစောင့်ထိန်းရေလို့
ရာဇ၀င်မှာ ထင်ပေါ်ခကေလည်း
ဒေဂုခါမှာ
ရစွာယူလို့
ဘဘောင်းဆုံးနီကတ်ပျာယ်
အဘာ ... !
အဘာလေး အဘာ ... !
အဘာဖိုးဖီးရို့
ဆယ်သက်စားမကုန်
ထားခကတ်ကေလည်း
ရွာလယ်မှာ ပြောစရာဖြစ်လားစွာစကားက
“မ,မ” နန့် “ဗျ” ရာကျန်ပျာယ်လတ်
အဘာလေးးး .... !
အဘာတချက်လာကြည့်ဖိ ... !
(ကိုမင်း) (Ko Mum)
Monday, May 25, 2009
ဒေးဝန်းကြီးအောင်ကျော်ရွှီရတု
ဒေးဝန်းကြီးအောင်ကျော်ရွှီရတု
-------------------------------
နောက်သားနောင်လာ နောက်ထပ်ပါရို့
ဆရာသုံးလက် ရှိကံဖက်၍
အသက်ခန္ဓာ လူရို့မှာကား
တခါတရံ အဘိုးတန်၏ ---။
တရံတခါ ဆိုတုံပါလည်း
သူသာလာလျှက်၊ ဖိနှိပ်စက်က
အသက်ထိုခါ ဆုံးတတ်ရာ၏ ---။
ပြည်ရွာတိုင်းဖွား မျိုးလေးပါးရို့
တရားလမ်းမှန် ကျင့်ကြောင်းကြံလျှက်
အမှန်မုက္ချ သက်စွန့်ကြလော့ ---။
ဓမ္မတာလမ်းမမှန် ဆိုးကြောင်းကြံလျှက်
တန်စိုးကိုစား လိမ်လှည့်ဖျားသော်
နောင်သားတဖန် သည်းမခံနှင့် ---။
နိုင်ငံတကာ ဟူရာရာ၌
ပညာနှင့်ညာဏ် သင့်စွာဖန်၍
တာဝန်မပျက် သစ္စာရွက်လျှက်
အသက်ကိုလှီး သွီးချောင်းစီးမှ
အပြီးကြံ့ခိုင် နိုင်ငံတိုင်းမြို့
အစို့စို့နှင့် ကိုယ့်ရို့ရပ်စည်
ကိုယ့်တိုင်းပြည်ကို ရမည်မုက္ချ
ဤလောကသည်
အောက်ကျမခံချင်သောကြောင့် ---။
(ဒေးဝန်းကြီးအောင်ကျော်ရွှီ)
Thursday, May 14, 2009
ဆရာကြီးဦးသာထွန်း၏သမိုင်းဝင်မိန့်ခွန်းများ
(ALD) ၏ နာယကကြီးလည်းဖြစ်၊ ရခိုင်မြန်မာပဏ္ဍိတ်ကြီးလည်းဖြစ်သော ဆရာကြီးဦးသာထွန်း၏သမိုင်းဝင်မိန့်ခွန်းများ (ပထမပိုင်း)
ကြွရောက်လာကတ်တေ ရခိုင်အမျိုးသားပုဂ္ဂိုလ်များထဲမှာ ကျွန်တော်ထက်အသက်ကြီးရေပုဂ္ဂိုလ်များကို ရှိခိုးပါရေ။ ကျွန်တော်ထက်အသက်ငယ်ရေပုဂ္ဂိုလ်ရို့ကို ကျွန်တော်အလေးအမြတ်ဂါရ၀ပြုပါရေ။ ကျွန်တော်ပြောဖို့စကားက ရခိုင်ပြည်မှာ ရခိုင်လူမျိုးရို့သည် နောင်ကိုဘဇောင်ကံကြမ္မာဖန်တီးပြီး နီကတ်ရဖို့လဲဆိုစွာကိုပြောဖို့စွာပါ။ ကကောင်းအရေးကြီးပါရေ။ အေစကားတိကို ကျွန်တော်ရို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌကြီး လူမျိုးစုများ၏နာယကကြီးဖြစ်တေ ဦးစောမြအောင်က ပြောလားခပါယာ။ တနာရီကျော်လောက်ပြောလားခတောင်မှမ၀သိမ့်။ ဇာဖြစ်လို့လဲဆိုကေ လိုရင်းတိကိုပြောစွာပါ။ ယင်းလိုရင်းတိမှာ တပုဒ်တပုဒ်စီ၏ဖွင့်ဆိုချက်စွာ ကကောင်းအများကြီးပါ။ ယကေ ပြောပြီးနားမလည်လိုက်ကေ ဒုက္ခရောက်ဖို့၊ နားမလည်လိုက်ကေ ဇဝေဇ၀ါဖြစ်ဖို့။ ထိုပုဂ္ဂိုလ်၏ဖွင့်ဆိုချက်တိကို တင်ပြပါဖို့။ ယင်းခါမှ ကျွန်တော်ရို့ရခိုင်သားတိ ဇာလုပ်ရဖို့လဲ နားလည်ကတ်ပါဖို့။ လုပ်ဖို့စွာမှာ ဇာနီရာကစရဖို့လဲ အရေးကြီးပါရေ။ ကွက်ကျော်ကေမှားပါလိမ္မည်။ ရခိုင်သားတိ ကွက်ကျော်တိကိုမြင်လာရပါလိမ္မည်။
နောက် အေလမ်းခရီးမှာ ဇာစူးငုတ်ခလုတ်တိက အတွင်းရန်၊ အပရန်လဲဆိုစွာ အာရုံစိုက်ပြီးကြည့်ရပါဖို့။ အေနိဥက္ကဌကြီးပြောလားခရေပိုင် တခြားတခြားသောလူမျိုးတိမှာ စုပေါင်းပြီး ဘုံရန်သူတည်းဟူသော (တစည) မဆလကိုတိုက်တေနီရာမှာ အင်အားအပြည့်နှင့်တိုက်ရဖို့ဆိုစွာကိုသိထားရေအတွက် အင်အား နောင်းနီကတ်ပါပျာ။ ကျွန်တော်ရို့ရခိုင်သားတိမှာကြည့်လိုက်တေခါ အင်အားက ထထွတ်ကြီးကြီနီပါရေ။ ကကောင်းဝမ်းနည်းဖို့ကောင်းပါရေ။ ဂေါင်းဆောင်တိကလည်း ပြောခီကေ သတိရရေဆိုပါရေ။ ဆိုရေခါ ရခိုင်သားမှာ မျက်စိမဟိပါ။
ကျွန်တော်ရို့ရခိုင်သားတိမှာ ခံနီရစွာဇာကြောင့်လဲ။ တဦးတည်းတယောက်တည်းကောင်းစားရေးကို မ၀သိမ့်ရေဂေါင်းဆောင်တိက တခုလည်းမလိမ္မာမသိနားမလည်ရေရခိုင်ပြည်သူတိကို အမျိုးမျိုးလိမ်စား၊ ၀ါစားနီကတ်တေအတွက် ကျွန်တော်ရို့ရခိုင်ပြည်ကြီးပြိုဖို့ကြံနီပါရေ။ ယေဇူးနှင့် ဥက္ကဌကြီး မိန့်ခွန်းပြောလားခရေပိုင် ကမ္ဘာ့အလယ်မှာ ကကောင်းရှက်ဖို့ကောင်းနီပါပျာ။ ယေကေလည်း သူရို့လူတစု ပျော်တုန်းပါ။ ယင်းကိစ္စကိုသတိထားဖို့ ပြောလိုပါရေ။ ဆိုရေခါ ကျွန်တော်ရို့ဗုဒ္ဓဘာသာရခိုင်လူမျိုးစွာ ဘုရားဟောဒေသနာတော်နှင့် သီလကိုစောင့်ရေအတွက် ရခိုင်လို့ခေါ်ပါရေ။ အမျိုးနှင့်သီလကို ကနိမစောင့်ကေ ကနိရခိုင်မခေါ်ပါပျာ။ (ကပျက်) လို့တောင်ခေါ်ဖို့မရ။ မျိုးဖျက်အဆိုးလို့ခေါ်ရပါဖို့။ ယင်းအတွက်နှင့် ကျွန်တော်ရို့ သတိထားပြီးကေ လူတစိချေကျန်စွာက လားကတ်ရဖို့စွာပါ။ ပထမ ယင်းအကြောင်းကိုမပြောခင် ကျွန်တော်ပြောပါဦးမည်။ ရခိုင်ပြည်လားဖို့အင်အားကို ကြည့်လိုက်တေခါ တော်တော်ခိုင်ခိုင်ခန့်ခန့်နှင့် လားကတ်ရပါဖို့။ ဇာဖြစ်လို့လဲ၊ ကနိလူဦးရေကိုကြည့်လိုက်တေခါ (၂ ဒသမ ၀၆) သန်းဟိပါရေ။ ယင်းအထဲမှာ စပါးကြီးမျိုရေပိုင် အမျိုးမျိုးသောနည်းလမ်းနှင့်ဝင်လို့ ဘူးသီးတောင်၊ မောင်တောကျလားခပါယာ။
ယင်းအထဲမှာ ဘလောက်ပါရေလဲဆိုခါ တဒင်္ဂမသန်မန်လူမျိုးတိ ရိုဟင်ဂျာဆိုပြီး ဟိတ်ဟောနီပါရေ။ ရိုဟင်ဂျာလို့ ရခိုင်ပြည်မှာမဟိမှတ်ထားပါ။ ယင်းအချက်ကိုကြည့်ကေ ဇာဖြစ်လို့လဲ။ မျိုလားခလို့။ ဖြစ်တေနည်းနှင့်မျိုရေ။ ခြောက်လို့ခြိမ်းလို့မျိုရေ။ ငွေနှင့်ပေါက်လို့မျိုရေ။ ကနိဘူးသီးတောင် မောင်တောရောက်ကေ ဥက္ကဌကြီးဦးစောမြအောင်ပြောရေပိုင် နက်ဖန်ခါ ကုလားတန်ကိုရောက်ဖို့။ ရခိုင်သားရို့ အရာ (၅) နှစ်အတွင်းမှာ ကျောက်ဖြူမြို့တဖက် ရခိုင်ရိုးမကိုကျော်လို့ ပြီးဖို့ပျင်ထားကတ်ဖိ။ မိမိယော့ယော့နှင့် (ငါရို့နိုင်ငံရေးလုပ်ဖို့မဆိုင်၊ ထမင်းတဆုပ်စားနီရစွာအဖမ်းခံရဖို့။ ငါရို့နှင့်နိုင်ငံရေးဇာဆိုင်လဲ) လုပ်နီကေတော့ ရခိုင်သားရို့ ပြီးဖို့ပျင်ထားကတ်ဖိ။ အရာမပြောလိုပါယာ။
ကျွန်တော်ပြောရဖို့စကားပြောင့်ပြောင့်ပါ။ ၁၁၄၆ ခု ဘိုးတော်မောင်ဝိုင်း ရခိုင်ကိုသိမ်းရေနိကပင် ကနိမှာ (၂၀၅) နှစ်ပြည့်ပါဖို့။ ကျွန်သားပေါက်ဖြစ်တေ (၂၀၅) နှစ်ကာလမှာ ကျွန်စိတ်ပေါက်နီကတ်တေ။ ရခိုင်သားတိ ကနိ တဒင်္ဂလူမျိုးတိကိုမှီလို့ ကြီးပွားနီရေအတွက် ယင်းအတိုင်းလားဖို့ကြံနီကတ်ပါရေ။ ကနိ ယင်းအခြေအနေမဟုတ်ပါ။ သတိထားကတ်ပါ။ (၂၀၅) နှစ်မျိုသိပ်ထားရေစကားကို ကျွန်တော်ကနိဖွင့်ပါဖို့။ ကျောက်တော်၊ စစ်တွေမှာဖွင့်ခပါပျာ။ ဇာဖြစ်လို့ဖွင့်ရဖို့လဲ။ ကိုယ့်အမျိုးသားအတွက် ကျွန်တော်ရို့ ခုလောက်အသက်အရွယ် (၇၄-၇၅) ဖြစ်နီပျာ။ မတန်ကေလည်း ရခိုင်တိမသိရေအတွက် အေပိုင်ဒုက္ခခံလို့ မဖွင့်ခကေ သမိုင်းကြွီးဆပ်လို့ကုန်ဖို့မဟုတ်။ လူမျိုးအတွက် ဒေ၀ါကြီးတိထွက်လို့ လားနီကတ်စွာပါ။ ကျွန်တော်နှင့် တခြားပါလာကတ်တေပုဂ္ဂိုလ်တိအားလုံး ၀ါကြီးတိပါ။ ထိုင်နီဖို့တန်ရေအချိန်မှာ မထိုင်ဘဲနှင့် ဇာဖြစ်လို့လားနီကတ်တေလဲ။ အယင်က အဖျက်သမားပါတီတိက ဇာပြောလဲ။ (၀ါကြီးတိရာလုပ်ဖို့ တက်လာကတ်တေ) လို့ပြောပါရေ။ ကျွန်တော်မပြောချင်ပါ။ အခုရခိုင်ပြည်မှာ ဇာဖြစ်နီလဲဆိုခါ ကျွန်တော်ရို့ရခိုင်ပြည်သည် သျှမ်းပြည်၊ ချင်း၊ ကရင်၊ ကယား၊ မွန်နှင့်မတူပါ။ အနောက်ဖက်က စပါးကြီးတကောင်မျိုနီပါရေ။ ဒေအထဲမှာ မျိုးဖျက်တိ ကွဲအောင်ဖျက်နီရေ။ အေပိုင် ကိုင်ဖို့မရအောင် ဖြစ်နီစွာကို ကုဖို့လာစွာပါ။ သတိထားကတ်ပါ။
ဆိုခါ ကနိ ဥက္ကဌကြီိးဦးစောမြအောင်ပြောခရေပိုင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို စဖွဲ့ရေနိကပင် ဇာလောက်ရောက်ပျာလဲဆိုခါ မနှစ်ကစဖွဲ့စွာ အခု တနှစ်နှင့် (၃-၄) လရောက်ပါယာ။ သျှမ်း၊ ချင်း၊ ကရင်၊ ကယား၊ မွန်စရေ တခြားတခြားသောလူမျိုးတိမှာ ကကောင်းနောင်းလားပါယာ။ သူရို့တိမှာ တဖွဲ့နှစ်ဖွဲ့ရာဟိရေ။ ရခိုင်မှာ ပါတီဘလောက်ဟိရေလဲ။ (၁၅၅) ဖွဲ့။ ဘလောက်ကြောက်ဖို့ကောင်းပါရေလဲ။ လူကိုကြည့်ကေ (၂) သန်းနှင့် (၆) သိန်း။ ကုလား (၈) သိန်းဟိရေ။ ကျန်စွာအားလုံး ရခိုင်မဟုတ်သိမ့်။ မာရမာကြီးတမျိုးပါရေ၊ ချင်းပါရေ။ မြိုပါရေ။ ခမီးပါရေ။ ယင်းအထဲမှာ ကမန်ဆိုရေလူမျိုးတမျိုးပါသိမ့်ရေ။ ဒိုင်းနက်ပါရေ။ သက်ပါရေ။ တခြားတခြား ကုလား၊ တရုတ်၊ တရုတ်ကပျက်၊ ဗမာပါရေ။ ယေခါ ရခိုင်သားတိက အေလောက်လူနှုတ်လိုက်ကေ ဘလောက်ကျန်ဖို့လဲ။ ရခိုင်သားတိထဲက အေလောက် ကျန်စွာတိထဲက တဆယ်နှင့်သျှစ်သိန်းခွဲနှုတ်လိုက်ကေ ဇာကျန်ဖို့လဲ။ နင်းပြားဖြစ်နီကတ်ဖိ။ တခုလည်းမလိုပါပျာ။ မပြောလိုပါယာ။
ယလောက်စွာကိုဖျက်လို့ မဟောသထာပြဿနာပိုင် အမျိုးမျိုးဖြစ်နီရေ။ တချို့ပါတီတိကလူတိ ရွာတိုင်းဆင်းပြီးကေ အေက မိခင်ရခိုင်လူမျိုးစစ်စစ်ကို ဘေးဖယ်ထားကတ်တေ။ မဟောသထာ ပြဿနာကိုကြည့်ပါ။ ကျန်ရေ ပြည်ဖျက်သစ္စာဖောက်တိက ဘီလူးမကိုအစွယ်ဖြတ်တေပိုင် ဖြစ်နီကတ်တေ။ သတိထားကတ်ပါ။ ကျွန်တော် မြောက်ဦးမြို့နယ်ကလာပြီးကေ အကြောင်းကြောင်းကြောင့် ကျောက်တော်မြို့နယ် မဲဆန္ဒအမှတ် (၂) ကို ရောက်လားခပါရေ။ ကျွန်တော် ကျောက်တော်မြို့ကို စထွက်တေလောက်ကပင် ကျွန်တော်ရို့မရောက်ဖူးရေရွာတိ ကကောင်းအများကြီးပါ။ ဇာပိုင်ပျင်လို့ စည်းရုံးကတ်ဖို့လဲ။ ကျောက်တော်မြို့အကြောင်းပြောရကတ်ဖို့ဆိုကေ ကျောက်တော်မြို့မှာ ရွာပေါင်း (၃၃၅) ရွာဟိပါရေ။ ကျွန်တော်ရို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ့်ဖေသာနှင့်ကိုယ် ထူထောင်ထားရေအတွက် လားဖို့စားစရိတ်၊ ဘုတ်စရိတ် မတတ်နိုင်ပါ။ ခြီကြောင်းလားရပါရေ။ ကျောက်တော်မှာ ရံပုံငွေထည့်မည့်သူဟိပြီးကေ မြောက်ဦးမှာ ဒင်္ဂါး (၁၀၀၊ ၂၀၀) ထည့်မည့်သူမပေါ်။ ထည့်မည့်သူတချို့လည်း ဟိကောင်းဟိပါလိမ္မည်။ ယကေ ဇာနှင့်အလုပ်လုပ်ပါဖို့။ ယင်းအတွက်နှင့် မြောက်ဦးမြို့ညံ့လားပါရေ။ ကျောက်တော်မြို့မှာ ကျွန်တော်လာရေခါ ကကောင်းများကြီးတွိရပါရေ။ (တစည) ပါတီ သူတောင်းစားအလှူခံပိုင် ရံပုံငွေတိလျှံလားပါယာ။ ကကောင်းရလားပါယာ။
ယေခါ ကျွန်တော်ရို့အချေတရွီ ကိုယ့်စွာကိုယ်စားပြီးကေ အငတ်ခံနီလို့ အေအနီထားရောက်စွာ။ ရခိုင်ပြည်မြောက်ပိုင်း ကျောက်ဖြူ၊ တောင်ကုတ် သူရို့ပါတီ သံမဏိပိုင်နောင်းနီယာ။ ကျောက်တော်နယ်မှာ ကျွန်တော်တရားဟောခါ ရွာလိုက်လာပါရေ။ မြောက်ဦးမြို့ကရောက်လာဝေးဆိုခါ မရောက်ပါ။ ကျွန်တော်စိတ်ညစ်ပါရေ။ အခုနားက ဥက္ကဌကြီးဦးစောမြအောင် အခြားလူမျိုးစုတိနှင့်ယှဉ်ပြိုင်ခါ စိတ်ညစ်ရေပိုင် ရခိုင်ပြည် (၁၇) မြို့နယ် အရပ်ရပ်အမြို့မြို့၊ အနယ်နယ်ကို ပါတီတာဝန်နှင့်စည်းရုံးရေခါ ပုဏ္ဏားကျွန်းမှာ ခရမ်းတောင်ကိုရောက်ခီပါရေ။ ကျွန်တော်မြောက်ဦးမြို့သားအနီနှင့် မြောက်ဦးမှာဖြစ်ရစွာကို အားလည်းငယ်၊ ရှက်လည်းရှက်ပါရေ။ ဇာပိုင်ပျင်ကတ်ပါဖို့လဲ။ တောင်ပိုင်းမှာ အားလုံးဝင်လားခယာ။ ရခိုင်သားဆိုစွာ တခါဝင်ကေ ပြန်ထွက်ဖို့မလွယ်။ ရှက်တတ်တေ။ ယင်းအတွက်နှင့် ရခိုင်ပြည်နယ်အတွင်း (၁၇) မြို့နယ် ကတောက်ကရောက်လုပ်နီကတ်တေအထဲမှာ သူရို့မှာ ရမ်းဗြဲမြို့နယ်က ဇာပိုင်လူတိပါလဲကြည့်ပါ။ ကျွန်တော်ရို့မှာလဲ မပါစွာမဟုတ်။ ပါပါရေ။ မြောက်ဦးမြို့ ဇာဖြစ်နီရေလဲ။ ကိုယ့်မြို့ကို အပြစ်တင်စွာပါ။ အေအတိုင်းဖြစ်နီကေ ကျွန်တော်ရို့မြောက်ဦးမြို့ နောက်ဆုံးကျဖို့။ ယေကေလည်း ဟောပြောပုံဟောပြောနည်း လိုပါသိမ့်ရေ။ ထိုကထိုးနှက်ချက်တိကို မိမ္မရန်ဖြစ်နီစွာထက် ဖြေယှင်းပစ်စွာက ကောင်းပါရေ။
ယင်းထိုးနှက်ချက်တိကိုမဖြေယှင်းကေ ဖြီလို့မပြီပါပျာယ်။ ယင်းအတွက်နှင့် ကျွန်တော်ပြောဖို့စွာက ကနိ ကျွန်တော်ရို့ဇာလုပ်ဖို့လဲဆိုခါ အေနိနိုင်ငံရေးမဟုတ်ပါသိမ့်။ နိုင်ငံရေးအတွက်စည်းရုံးရေးပါ။ ဥက္ကဌကြီးမိန့်ခွန်းမှာပါရေပိုင် စည်းရုံးရေးကဏ္ဍမှာ စည်းရုံးရေးမအောင်မြင်ကေ အခု (၁၀) တန်းစာမီးပွဲဖြေရေပိုင် စာမီးပွဲမှာစာမရကေ စာမအောင်လိုက်ကေ ဂေဇက်ထွက်ခါ ကိုယ့်နာမည်မပါ။ ယင်းအတွက်နှင့် ကျွန်တော်ရို့သည် စည်းရုံးရေးမှာ စည်းရုံးရေးကို အောင်မြင်အောင်လုပ်ရပါဖို့။ အလားတူ ကျောင်းသားမှာလည်း စာမီးပွဲမစစ်ခင် စာရအောင်ဖတ်ရပါဖို့။ ဖတ်ရုံလား။ ဘာသာတိုင်း၌ နားလည်အောင်လေ့ကျင့်ရဖို့။ ယင်းနည်းတူစွာ မြောက်ဦးမြို့မှာ စည်းရုံးရေးဆိုစွာ ဇာပိုင် ဇာဘာသာနှင့်လားဖို့လဲ။ ဇာပိုင်လားဖို့လဲဆိုစွာမသိလို့ ကကောင်းစိတ်ဓါတ်ကျပါရေ။ တခြားတခြားမြို့နယ် စည်းရုံးရေးနံပါတ် (၁-၂) အထဲက တက်တက်ကြွကြွမြင်ရလို့ ၀မ်းသာပါရေ။ ဆိုင်းဘုတ်ကြီးတင်လို့ တဟဲဟဲနှင့်လူစုနီလို့ နောက်ဆုံးဂဇက်ထွက်ခါမပါကေ လားပျာလို့မှတ်။ ယေကေ ဇာပိုင်လုပ်ရဖို့လဲဆိုခါ အေနိစည်းရုံးရေးအချိန်။ စည်းရုံးရေးအချိန်မှာ ဇာလုပ်ဖို့လဲ။ စည်းရုံးရေးလုပ်ရဖို့။ လုပ်ခါ ဇာမူနှင့်ဟောဖို့လဲ။ စည်းရုံးရေးမှာ လူထုစိတ်ပါလာအောင် အချက်ကြီးလေးချက်ဟိပါရေ။ အခုသေနားက ဥက္ကဌကြီးပြောရေပိုင် (၁) တန်းတူရေး။ (၂) ဒီမိုကရေစီစစ်မှန်ရေး။ (၃) မူမှန်ရေး။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် မူမှန်ဖို့လည်း အရေးကြီးပါရေ။ မူမမှန်ကေမကြိုက်။ ယင်းမူချထားစွာကိုသုံးသပ်ဆောင်ရွက်ဖို့။ (၄) လူမှန်ရေးလို့ (၄) ချက်ဟိပါရေ။ ယင်းလေးချက်မှာ ရခိုင်ရိုးမတဖက်က (၁၇) မြို့နယ်၊ ရန်ကုန်တမြို့နယ်၊ (၁၈) မြို့နယ်ထဲမှာ ရခိုင်အမျိုးသားကိုယ်စားလှယ်ရို့သည် ဘဇောင်ပိုင်ပုဂ္ဂိုလ်တိပါရေလဲ ရွီးချယ်လို့တင်ပြထားစွာ ဖတ်ကြည့်ကတ်ပါ။ ပါပါယင့်။ ယင်းအချက်မှာ မိုးဦးကျငပြီတက်တေပိုင် (သူတက်ဖို့၊ ငါတက်ဖို့) ဖြစ်နီကတ်တေခါ ရခိုင်ပြည်နယ်မှာ (၂၆) နီမှာ (၁၅၅) ယောက်ဆိုခါ ကျွန်တော်ရင်ဖတ်ဆို့ပါပျာ။ နိုင်ဖို့လား ယင်းသူရို့မနိုင်။ မနိုင်ကေဇာပျင်ဖို့။ မဲဖျက်ကတ်ကေ အေကလျှော့ဖို့။ လျှော့ကေ ကျားသီအသက်ဝင်ပျာ ကိုက်ဖို့။ ကျားသီအသက်ဝင်ကိုက်ကေ အေလူတိ တကောင်လဲမကျန်ပါပျာလို့မှတ်။ ကောင်နှင့်သုံးစွာ ကျွန်တော်လည်းပါပါရေ။ အားမရလို့ပြောစွာပါ။ ယင်းအတွက်နှင့် ယင်းစခန်းကို ကျွန်တော်ရို့ နနောင်းလားကတ်ရပါဖို့။
ကျွန်တော်ရို့သည် တန်းတူရေးကို ဥက္ကဌကြီးပါးစကထွက်လားခရေပိုင် (သျှမ်း၊ ကရင်၊ ကချင်၊ ကယား၊ မွန်၊ ချင်း၊ ရခိုင်) လူမျိုး (၇) မျိုးသည် (၄၂) နှစ်တာကာလပတ်လုံး လွတ်လပ်စွာတန်းတူမရခလို့ ပြောက်ကျားလည်းမကန်၊ ပြည်သူလည်းနှိပ်စက်ခံလို့ တတုတ်သီပျာ။ ကိုယ်တွိပါ။ ထိုခါ တနားက ဥက္ကဌကြီးပြောခရေပိုင်ပါ သဘောပေါက်ပါလိမ္မည်။ ကျွန်တော်ရို့လည်း သဘောပေါက်ပါရေ။ ရခိုင်နှင့်တကွ ကျန်လူမျိုး (၆) မျိုးက သဘောပေါက်သောကြောင့် ရခိုင်သည် ဘဇောင်ဥာဏ်နှင့် ဘဇောင်ပိုင်ပျင်နီလဲဆိုခါ ရိုသေမှုမဟိ။ ကိုယ်ရို့မှာ ခြံပြိုလို့။ အခုခြံပြိုစွာကို ပျင်ဖို့စွာပါ။ လုပ်နိုင်ကေလုပ်၊ ကြားမှာ (၁) လခွဲရာ ဟိယာ။ နောက်စည်းရုံးကေရယင့်။ အခုဆင်းခီကေအခုရယင့်။ ချက်ပြီးသားထမင်းကိုစားဖို့လားစွာယာလို့ မထင်ပါကဲ့။ မြောက်ဦးမြို့ကို အကြိမ်ကြိမ်ကျွန်တော်ပြောလိုပါရေ။ ကိုယ့်လူလို့မှတ်လာ။ မလွယ်ပါ။ လေးမြို့ချောင်း တချောင်းနှင့်အစပိုင်း ဒေဖက်ပိုင်း။ ယင်းအတွက်နှင့် ကကောင်းသတိထားရပါဖို့။ တခြားတခြားမြို့တိမှာ ၀မ်းမြောက်လို့ လက်ခုပ်တီးနီကတ်ပါယာ။ မြောက်ဦးမြို့မှာ မဆင်းရပါသိမ့်လတ်။
ဇာအချိန်စည်းရုံးဖို့စိတ်ကူးရေလဲ။ အခုသေနားကစကားကို ပြန်စပါဖို့။ အေမှာ ညီမျှရေး၊ တန်းတူရေး၊ ဗိုလ်ချုပ်အောင်ဆန်းသည် ပင်လုံကိုလားခီရေ။ လူမျိုးခြောက်မျိုးကိုစည်းရုံးရေ။ ယင်းတိုင်းရင်းသား လူမျိုးတိထဲမှာ ရခိုင်မပါလို့ ရခိုင်ပြည်ကိုချန်လှပ်ထားခရေ။ သူရို့ မြောက်ဦးမှာ ကျွန်တော်ရို့နှင့်တွိလို့ ပြောလို့ဟိပါရေ။ ထိုပုဂ္ဂိုလ်သီလားရေခါ မရလိုက်ပါယာ။ တန်းတူရေးကို ကိုင်ခစွာပါ။ တဒင်္ဂလူမျိုးကို ကိုင်စွာမဟုတ်။ ရလတ်တေခါ (၄၂) နှစ်ကာလပတ်လုံး ရိုးမတောင်ထိုဖက် ရန်ကုန်ကိုလားကေ မြင်ပါလိမ္မည်။ မှန်ကြည့်ဖို့ရရေလမ်းတိ။ တိုက်တကတိုက် တာတကတာ၊ အလုပ်ရုံကြီးတိ၊ စက်ရုံကြီးတိ ဟိန်းလို့။ ဒေဖက်ကိုကျော်ကေ၊ ပြာပြာဟဟောက် ကျွန်းရွာချေတရွာဖြစ်နီရေ။ (၄၂) နှစ် လွတ်လပ်ရေးရစွာ အသူခံစားရေလဲကြည့်လိုက်ပါ။ မျက်စိဖွင့်ကြည့်လိုက်ပါ။ (ပထမပိုင်းပြီး၏)
(ALD) နာယကကြီးလည်းဖြစ်၊ ရခိုင်-မြန်မာပဏ္ဍိတ်ကြီးလည်းဖြစ်သော ဆရာကြီးဦးသာထွန်း၏သမိုင်းဝင်မိန့်ခွန်းများ (ဒုတိယပိုင်း)
ထမင်းထုပ်ကိုပြလို့ မိသားစုစားနီရစွာဝမ်းသာပြီးကေ ကိုယ့်လူမျိုးကို အောက်တွင်းသွင်းပြီး စည်းရုံးနီကတ်တေ။ ကောင်းကောင်းသတိထားကတ်ပါ။ ပြည်ဖျက်လား။ တိုင်းဖျက်လား။ ရခိုင်ပြည်ဖျက်ဖို့ကြံနီကတ်တေလားလို့။ ကကောင်းကြောက်ဖို့ကောင်းပါရေ။ အခု ကျွန်တော်ရို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရေ လူမျိုးစုတိနှင့်စုမိပါပျာယ်။ ၀မ်းသာကတ်ပါ။ တန်းတူရဖို့အရေးဆောင်ရွက်ထားပျာယ်။ ၀မ်းသာကတ်ပါ။ ကိုယ့်လူကိုကိုယ် ပြုစုကတ်ပါလို့ တိုက်တွန်းလိုပါရေ။ (ကိုင်) ဘဇောင်ပျင်ဖို့လဲ။ စစ်တွေမြို့မှာ တပ်ပေါင်းစုဆိုပြီးကေ ကျောင်းသားဂေါင်းကို ရောင်းပြီးကေ ရက္ခိုင်ကျောင်းသားများအဖွဲ့ ငါရို့ဖက်ပါရေဆိုပြီးကေ စာအုပ်တိထုတ်နီကတ်ပါရေ။ စစ်တွေမြို့က ရခိုင်ကျောင်းသားများအဖွဲ့က မခံမရပ်နိုင်လို့ပြောရေ။ ငါရို့မပါကိုး။ အကိုရို့ ဇာလုပ်ကတ်စွာလဲလို့ ပြောပါရေ။ ယင်းပိုင်ရောင်းစားနီကတ်လို့ ပုဏ္ဏားကျွန်းမြို့တမြို့ပြိုလားခရေ။ အေအချက်တိ ဇာလုပ်စွာလဲ။ ကျွန်တော်ရို့ဥက္ကဌကြီးပြောရေအတိုင်း စစ်တွေမြို့မှာ အလီလီ။ ကျောက်တော်မြို့မှာလည်း အလီလီ။ မြောက်ဦးမှာလည်း ကျွန်တော်ရို့ပါးကိုလာကတ်တေ တခုပိုင်လည်း စည်းရုံးလို့မရခပါ။ မရခစွာ အသူ့လက်ညှိုးထိုးလို့လဲ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည် တစည်းတရုံးတည်း အင်အားတခုတည်း လားဖို့စွာကိုမရ။ ရခိုင်တမျိုးသားလုံး၏အဖျက်သမားဆိုပြီးကေ စာတန်းထုတ်ပါရေ။
ယင်းပိုင် ပေါင်းစည်းလို့မရရေအကြောင်းပြောခါ ပေါင်းစည်းရေးကိစ္စနှင့်ပတ်သက်လို့ အစည်းအဝေးချခါ ဟုတ်စွာမဟုတ်စွာ မသိ။ မကြားဖူးခါ ပါလားခစွာမြို့တိဟိပါရေ။ ပေါက်တောမြို့ပါလားရေ။ ကျောက်ဖြူတခြမ်းပါလားရေ။ ယင်းသူရို့နှောက်ယှက်လို့။ အခုယင်းသူရို့နှောက်ယှက်စွာကိုလိုက်ပြီး လုပ်နီရပါရေ။ စည်းရုံးရေးကိုပစ်ခလို့ ဘလောက်နောက်ကျပါလဲ။ လပိုင်းဟိပါပျာ။ ထိုတရက်နိက စစ်တွေ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က စာရွက်ချေတရွက်ထုတ်လိုက်ပြီးမှ အရှက်ရလို့ ငိုသူငို ရယ်သူရယ် ဖြစ်လားခပါရေ။ ဘလောက်နှောက်ယှက်ပါရေလဲ။ စာရွက်ထုတ်ရအောင်ထိဖြစ်လားပါရေ။ ကျွန်တော်ရို့ရခိုင်သားတိထဲက ကျွန်တော်တနားက လူဦးရေပြခရေပိုင် ဒေဖက်ကကျန်ရစ်တေ လူဦးရေ (၁) သန်း (၂) သန်းမျှလောက်နှင့် လားရဖို့စွာပါ။ အားလုံးညီညွတ်နိုင်မှ ဖြစ်ပါဖို့။ သျှမ်းမှာ (၆၂) နီရာရစွာ အပြိုင်အဆိုင်ဆိုကေ (၂) လီတိုး။ ဥပမာအားဖြင့်ဆိုကေ (တစည) (၆၂) နီရာ၊ သျှမ်း (၆၂) နီရာ (၁၂၄) နီရာလားရပါဖို့။ (၁၂၈) နီရာလောက်ရာဝင်ပါရေ။ ယင်းပိုင်စွာမှာ (၂၆) နီရာမှ (၁၅၅) ယောက်။ (ရခိုင်သားရူးလာ) လို့မီးစရာ ဟိပါရေ။ လူမျိုးစုတိက ရယ်နီပါပျာ။ ဘဇောင်စွာလဲဥက္ကဌကြီး ရှက်တေ။ ကျွန်တော်လည်း ရှက်ပါရေ။ တခါတခါ တိုင်ပင်ပါရေ။ (ငါရို့လုပ်စွာမှားပျာယ်ဟန်) လို့။ ကိုယ်စွာကိုယ် လက်ကိုင်မရကား။ (ရခိုင်သားအရူးတိကို) လို့ စဉ်းစားကတ်ပါရေ။ ကျွန်တော်နှင့်တကွ ကျွန်တော်ရို့ရခိုင်သားတိအားလုံး ပါရေလို့မှတ်ပါ။ သို့သော် ကျွန်တော်ရို့မရသိမ့်ကေလည်း သည်းခံလို့နီရဖို့လားဆိုခါ မနီပါ။ ကျွန်တော်ကိုယ်တိုင် ဓိဌာန်ချက်နှင့် သီအောင်လုပ်ပါရေ။ ကျွန်တော်ကိုယ်တိုင် (၁) လနှင့် (၁၀) ရက်လောက် ကုလားတန်တရိုး၊ ပြိန်းချောင်းတရိုးတက်ကေ မတန့်ခပါ။ ထိုမြို့ဒေမြို့က အကူတောင်းလို့ ပုဏ္ဏားကျွန်းမှာ ကူခရပါရေ။ ပိုးရီပြင်ကလာစွာပါ၊ မိုးရွာကေ ထီးဆောင်းလို့။ ဆိုရေခါ ကျွန်တော်ရို့ စိတ်မပျက်ကတ်ပါကဲ့။ ရရေပိုင် တတ်နိုင်သည့်လမ်းကြောင်းက ၀င်ပြီးနီပါ။ မြောက်ဦးမြို့တောင်ခြမ်းနှင့် မြောက်ခြမ်းမှာ (၄) သောင်းကျော်ထိ ဟိပါရေ။ မဲဆန္ဒသျှင် (၂) သောင်းကျော်ရကေ ကျွန်တော်ရို့နိုင်ပါဖို့။ အခြားသူတိ ခွဲချင်ပိုင်ခွဲလီ (၂) သောင်း (၅) ထောင်ရကေ ကျွန်တော်ရို့လက်ခုပ်တီးလို့ ကကတ်ဖိ။ ယင်းအကြံကို ပီးလိုပါရေ။ ထိုင်မနီကတ်ပါကဲ့။
ကျွန်တော်ရို့အားလုံး ကျီလားပါယာ။ ကျောက်တော်မြို့ကို ၀င်လိုက်ကေ ကျောက်တော်မြို့နယ် ကောင်းကောင်း ကြောက်ဖို့ကောင်းပါရေ။ ကုလားရလားဖို့ပျင်ခါ ကျောက်တော်မြို့အတွက် မီးပိုင်ပူပြီးကေ လူကြီးရွယ်တူ (၁၅၀) လောက် ကျွန်တော်ရို့နှင့်တွဲပြီးလိုက်ပါရေ။ လူလတ်တိ၊ လူငယ်တိ အားလုံးတွဲပြီးကေ ဖေသာဟိရေ ဆီစက်ပိုင်သျှင်တိ၊ စက်ရုံပိုင်သျှင်တိ တယောက်တယောက်ကို (၅) ထောင်၊ (၆) ထောင်ထည့်ပြီးကေ လုပ်လိုက်လို့ အဗြင်းအောင်လားခပါရေ။ မြောက်ဦးမြို့မှာပိုင် (၅၀၀) မလှူဝံ့၊ (၁၀၀၀) မလှူဝံ့ကေ ကျောက်တော်မြို့ကျပါရေ။ ကျကေ ဆင်းပါယာ။ တချိန်တည်းနှင့် ပိုင်းဖြတ်နီကတ်ပါရေ။ ဇာဖြစ်လို့လဲဆိုကေ ရွာတိုင်းရွာတိုင်းမှာ ထိုးနှက်ချက်တိ ပြည့်လားခရေအတွက် စည်းရုံးရေးဆိုင်ရာမှာ ကိုယ့်ဖဲသာနှင့်ကိုယ် လိုက်နီရရေ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရေ လှူဖို့သူမဟိကေ စည်းရုံးရေလူမှာ တာဝန်မဟိပါ။ မြောက်ဦးမြို့သားတိမှာ တာဝန်ဟိရေလို့ မှတ်လီပါကတ်။ ကနိ ဖွင့်လို့ပြောပါရေ။ အမျိုးဘာသာအတွက် အေပိုင်လုပ်လို့လဲမရလိုက်ကေ ပြည်ပျက်ဖို့၊ အများ နှစ် (၂၀) မကြာပါပျာယ်။ အကုန်သူတိ နက်ဖန်ခါ တတုတ်ကုန်ဖို့စွာ မှတ်လီပါ။ ပြည်ကိုတည်ထောင်လို့ မရလိုက်ကေ ပြောစွာပါ။ အခုဇာလဲ။ စည်းရုံးရေး။ စည်းရုံးရေးမှာ ဇာလဲ။ တန်းတူညီမျှရေးနှင့်ပြောလို့ စည်းရုံးရပါရေ။ တန်းတူညီမျှရေးကို နက်ဖန်ခါ အစိုးရမှာ ဖွဲ့စည်းလားဖို့။ မရကေ အရာ (၂၅) နှစ်တောင်မကသိမ့်လို့ နှစ် (၅၀) ခံပျာလို့မှတ်လီ။ နောက်ကုန်းမှာ ဖဖြုတ်ရီ ထနီပျာ။ သံခွါရာ အရာလည်း ခံချင်ကတ်သိမ့်ရေ။ (ငါ့အိမ်သားလွတ်ကေကျီ။ ပြည်သူကို နှိပ်စက်ကေ စက်ပတ်စီ) ဆိုစွာ ဇာပိုင်စွာအမျိုးလဲ။ ရခိုင်ပင်ဟုတ်သိမ့်ယင့်လားလို့ ကျွန်တော်ပြောစွာပါ။ တန်းတူရရေးကို ကျွန်တော်ရို့ဥက္ကကြီး အကြံပီးချက်အရ ရခိုင်က အကြံပီးချက်အရ၊ အားလုံးတူညီထားပါပျာ၊။ လူမျိုးများထဲမှာ မြန်မာတမျိုးကိုပယ်ကေ ကျန်လူမျိုးစုတိရေ ဆင်းရဲခံဖက် နှိပ်စက်ခံဖက်ဖြစ်လို့ ကနိ စုရုံးပျာ အင်အားစုတခု ဖြစ်နီပါပျာယ်။ လူမျိုးစုထဲမှာ လူမျိုးချေတိ ဟိပါရေ။ ကချင်မှာ (၃၇) မျိုးလောက်ဟိပါရေ။ သျှမ်းမှာလည်း (၃၀) ကျော်ဟိပါရေ။ ကရင်မှာလည်း ယင်းပိုင်ပါ၊ ကွဲဖို့ဆိုကေ ယင်းလူမျိုးစုတိစွာ ဘာသာမတူ။ အ၀တ်မတူ။ ကွဲဖို့သင့်ပါရေ။ အခု နှစ်ဖွဲ့မဟိပါ၊ ဇူမီးချင်းနှင့် တောင်ပေါ်ချင်းစွာ အမျိုးမတူ။ စကားမတူ၊ သို့သော် တဖွဲ့တည်းပါ။ ဇူမီးချင်းလည်းချင်း။ တောင်ပေါ်ချင်းလည်းချင်း။ သို့သော် ချင်းပြည်ကို (တ-စ-ည) မ၀င်ဝံ့ပါ။ အနည်းငယ်မျှရာ ၀င်ဝံ့ပါရေ။ ခိုင်စွာ တပ်ကောင်းစွာကိုမြင်လို့ မ၀င်ဝံပါ။ ချင်းမှာ အောင်ပြီးသားပါ။ အနီအထားကောင်းပါရေ။ ဒေလူမျိုးစုထဲမှာ ချင်းအတော်ဆုံးပါ။ တနားက ဥက္ကဌကြီးပြောခရေ နောက်မွန်။ ကချင်၊ သျှမ်း၊ အားလုံးတော်ပါရေ။ အေရခိုင်လူမျိုးစုရေ ဇာဖြစ်နီလဲ။ ကျွန်သက်ရှည်လို့ ကျွန်စိတ်ဝင်နီရေ။ ပြောင့်ပြောင့်ပြောဖို့ဆိုကေ အေလူတိအပြစ် မဟုတ်ပါ။ (၁၁၄၆) ခု ရခိုင်ပြည်ကြီးပျက်ပြိုကတည်းကပင် အေနိအထိ (၂၀၅) နှစ်တိုင်တိုင် ကျွန်စိတ်ပေါက်နီရေရခိုင်သားသည်၎င်း၊။ လွတ်လပ်ရေးရလို့ လွတ်လပ်ရေးအရသာ မခံစားရရေ (၄၂) နှစ်ကာလအတွင်း ရခိုင်သားသည်၎င်း၊ အမြတ် (၂) ခုထွက်ပါရေ။ ဇာအမြတ်လဲ။ (တစ်) ကြောက်စွာနှင့် (နှစ်) မွဲစွာ (၂) ခု အမြတ်ထွက်တေမှတ်ပါ။
အရာ အေအမွီကိုယူဖို့ဆိုကေ အေအတိုင်းထိုင်နီကတ်ပါဖိ။ ယင်းအတွက်နှင့် ကျွန်တော်ရို့ရေ ဇာပိုင်စည်းရုံးလားရဖို့လဲ။ တန်းတူရေးကို လူမျိုး (၁၉) မျိုးသဘောတူလို့ ချပြီးဆွဲထားပါပျာ။ ဇာအခါတင်ဖို့လဲ။ ကျွန်တော်ရို့ အခု ဇာပိုင်ထင်မြင်ကတ်တေလဲဆိုကေ ကျွန်တော်ရို့က တခြားတခြားသော အဖွဲ့အစည်းရို့သည် သိလျှက်နှင့်မိုက်နီစွာတမျိုး။ သိလျှက်နှင့် ကိုယ်လူကြီးဖြစ်ပြီးကေ ကိုယ့်မိသားစု ထမင်းတဆုပ်စားရကေ ကျီပျာဆိုရေ ပါတီတိပါပါရေ။ ယင်းချက်က ဇာခါလဲဆိုကေ အယင် (ဖဆပလ) ပါတီ ပါလီမာန်မှာအမတ်ဖြစ်ပြီးကေ တက်ဆွေးနွေးခီရဖို့ပိုင် အလားတူထင်လို့ပါ။
ယလောက်ထိ အထင်သေးသောရခိုင်လူမျိုးသည် ဇာပိုင်လူမျိုးလဲ။ ကနိ ယင်းမျိုး အနီအထားမဟုတ်ပါ။ မဟုတ်ကြောင်းကို ကျွန်တော်ပြောပါမည်။ ရခိုင်ပြည်ကြီးသည် တိုင်းကြီး (၁၂) တိုင်း၊ ၀တီ (၇) ရပ်နှင့် ဖွဲ့စည်းလာရေ ရက္ခပူရနိုင်ငံတော်ကြီးသည် အရှိတောင်အာသျှမှာ နှစ်ပေါင်းငါးထောင်တိတိ ကြီးမားနီခရေနိုင်ငံကြီးပါ။ ကနိဇာဖြစ်လို့ ခွီးဖြစ်လားခရေလဲ။ အေပိုင်သစ္စာဖောက်တိကြောင့်။ ရခိုင်ပြည်ကြီး ခွီးဖြစ်လားခပါရေ။ အေကန္တ ဇာပိုင်ခွီးဖြစ်လားခရေလဲဆိုစွာ ကျွန်တော်ပြန်ပြီး ၀တ္ထုပြောပြပါဖို့။ ရခိုင်ပြည်ကြီးပျက်ပြီးသည်နောက် အသူပိုင်ရေလဲ။ မြန်မာမြို့ဝန် အနှစ် (၄၀) ပိုင်ပါရေ။ စစ်အာဏာနှင့်အုပ်ချုပ်လားခရေအတွက် ကျွန်တော်ရို့ မော်ကြည့်ဖို့ မရ။ နောက် အင်္ဂလိပ်သိမ်းလာလတ်တေ။ အနှစ် (၁၁၂) နှစ်ပိုင်ရေ။ နောက်ဆုံး ဆရာတော်ဦးဥတ္တမအာသျှနီဝန်း အလင်းရောင်ပြလိုက်လို့ တိုင်းပြည်ကြီးလွတ်လပ်လားခရေ။ လွတ်လပ်ပြီးသည့်နောက် (ဖဆပလ) အဖွဲ့ချုပ်ဖွဲ့ရေ။ မဖွဲ့ခင်မှာ အင်္ဂလိပ်အစိုးရလက်ထက်ခါ အေမှာရောက်ဟိနီရေထဲက အသက် (၆၀) ကျော်ဟိရေ လူကြီးတိသိပါလိမ့်မည်။ (၉၁) ဌာနနှင့် ဒိုင်အာခီအုပ်ချုပ်ရေးလို့ တခုလည်း ရခိုင်သားကောင်းစားဖို့စွာမပါ။ အနှစ် (၁၁၂) နှစ်ခံခပါရေ။ သို့သော် ကိုင်တွယ်ပုံသည် ညှင်းပမ်းလို့မအုပ်ချုပ်။ လျှော့ပြီးအုပ်ချုပ်တေအတွက် အစာဝရေ၀က်ပိုင် ပျော်ပါရေ။ (၁၁၂) နှစ် အုပ်ချုပ်ပုံသည် (၉၁) ဌာနနှင့် ဒိုင်အာခီအုပ်ချုပ်ရေး အရေးကြီးစွာတခုလည်းမပါကေလည်း လွတ်လပ်စွာ စပါးတိရောင်းချနိုင်ရေအတွက် ဖဲသာတပြားတချပ်ချမ်းသာလို့ ကျေးဇူးသျှင်လို့ ပြောဖို့ကျပါရေ။ ယင်းပိုင် ဘ၀က နီမ၀င်နိုင်ငံဖြစ်တေ အင်္ဂလိပ်မင်းနိုင်ငံအစိုးရကို အိန္ဒိယပြည်က သန်းပေါင်းထောင်ကိုချီလို့ ဟိရေ။ ပညာဟိအပေါင်းလည်းဟိရေ။ မပြောဝံ့။ ထိုဖက်က ဂျပန်ပြည်မပြောဝံ့။ အေဖက်က ကမ္ဘာမှာ လူဦးရေအများဆုံး တရုတ်ပြည်ကြီး မပြောဝံ့။ မြန်မာပြည် မပြောဝံ့။ ယလောက်ထဲမှာ ရခိုင်မသားထဲက မွီးလာရေ အာဇာနီပုဂ္ဂိုလ်ကြီး ဦးဥတ္တမပေါ်လာပါရေ။
ယင်းအချိန်မှာ ရန်ကုန်မှာဘုရင်ခံမင်းကြီးသည် မစ္စတာကရက်ဒေါက်ပါ။ ကရက်ဒေါက်လွန်ပြီးမှ လွတ်လပ်ရေးရခါ (ဆာကိုပတ္တလာ) လက်ထက်မှာရစွာပါ။ ကရက်ဒေါက်လက်ထက်မှာ မစ္စတာကရက်ဒေါက်ကို မော်မကြည့်ဝံ့ကတ်။ ကျွန်တော်ရို့အရွယ်လောက်ဟိရေ အေပုဂ္ဂိုလ်ရို့သိပါလိမ့်မည်။ မြောက်ဦးမြို့မှာ မြို့ပိုင်ချေတယောက် ရှိကဖြတ်သန်းလားကေတောင်က (ရှိခိုးပါရေအသျှင်ဘုရား) လို့ ရှိခိုးနီရရေအချိန်ပါ။ လျှောက်လွှာမှာလည်း (သနားခံရှိခိုးလျှောက်ထားအပ်ပါ၏) လို့ ရွီးရရေအချိန်ပါ။ ယင်းပိုင်အချိန်မျိုးမှာမှ ရခိုင်အာဇာနီ အာသျှနီဝန်းဆရာတော်ဦးဥတ္တမက မစ္စတာကရက်ဒေါက်ကို (ကရက်ဒေါက်မင်းထွက်လားလီ) လို့ နှင်ပါရေ။ ကမ္ဘာမှာ နာမည်တထွက်ကြီး ထိုးတက်လားခပါရေ။ ယင်းအကြောင်းနှင့် ဆရာတော်ဦးဥတ္တမ စည်းရုံးလိုက်တေခါ အိန္ဒိယမဟာသပအသင်းကြီးမှာ ဥက္ကဌနာယကဖြစ်ပါရေ။ နောက် ဂျပန်ပြည်၊ တိုကျိုမှာ ဥက္ကဌနာယကဖြစ်ပါရေ။ ထိုနည်းတူ တရုတ်ပြည်ကဂေါင်းဆောင်ကြီးဆွန်ယက်ဆင်ခေါ်လို့ လားခီပါရေ။ အာသျှနီဝန်းကြီး ဆရာတော်ဦးဥတ္တမ၏အမြင်ကို ကျွန်တော်ပြောပါမည်။ ရခိုင်ပြည် လူတသန်းချေဟိစွာက ငါရခိုင်သားဖြစ်ယင့်သားနှင့် ဦးဆောင်လိုက်ကေ ကကြွတ်ကြီးချိုးပစ်လိုက်ဖို့ပျာ။ အေအချက်သည် စုပေါင်းလုပ်ဆောင်မှ ဖြစ်ဖို့ဆိုပြီးကေ အာသျှတိုက်တတိုက်လုံးကိုစုပေါင်းပြီး အလင်းရောင်ပြခရေအတွက် ဆရာတော်ဦးဥတ္တမသည် (အာသျှနီဝန်း) ဟူသောစကားကို ရခပါရေ။
ကနိရခိုင်သားတိမသိ။ ကျေးဇူးမသိရေအတွက် အဖကိုပုန်ကန်လို့ အခုပိုင်ဆင်းရဲနီရေလို့မှတ်။ ဆရာတော်ဦးဥတ္တမတရားဟောရေခါ စစ်တွေမြို့မှာ ရွှေပေါင်ခံရေ။ ငွေချီးစားရေ။ လယ်ငှားစားရေ။ စပါးစိုက်တေ။ စားနီရရေခါ လူတိစွာ နိုင်ငံရေးကိုစိတ်မ၀င်စားရေအပြင် ဇာပြောလဲ။ (ဘုန်းကြီးဆိုဝါ နိုင်ငံရေးလုပ်တေ) လို့ဆိုခါ ဆရာတော်ဆွမ်းခံလို့ဆွမ်းမရ။ ရခိုင်သားတိ ရခိုင်သမတိစွာ ယင်းပိုင် ပုန်ကန်ခလီရေအတွက် ဆရာတော်ဦးဥတ္တမရေ ရခိုင်ပြည်ကိုစွန့်လို့ တခါတည်းနှင့် အိန္ဒိယပြည်ကြီးနှင့် ဂျပန်ပြည်မှာနီလီစွာ နောက်မြန်မာပြည်မှာနီပါရေ။ သခင်ကိုယ်တော်မှိုင်းအတုပ္ပတ္တိ သိန်းဖေမြင့်ရွီးရေစာအုပ်ကို ကြည့်ပါလီ။ ယင်းစာအုပ်မှာ ဆရာတော်ဦးဥတ္တမကို ခွီးပိုင်ရွီးထားပါရေ။ ဇာဖြစ်ပါလို့လဲ။ ဆရာတော်ဦးဥတ္တမသည် အာသျှတိုက်ကိုစိုးခလို့ အင်္ဂလန်တိုင်းပြည်မှာ ဟုမ္မရူးကိုတောင်းဖို့လားခီရေ ဦးဘဖေ၊ ဦးရှိန်တည်းဟူသော (၂) ယောက်။ အေဦးဥတ္တမတရားကြောင့်။ သခင်ကိုယ်တော်မှိုင်း သခင်ပါတီကိုထူထောင်ရေ။ မြန်မာပြည်ကြီးမှာ သခင်လို့ပေါ်လီရေ။ အသူ့ကျေးဇူးကြောင့်လဲ။ ဆရာတော်ဦးဥတ္တမကျေးဇူးကြောင့်။ နောက်ဆုံး ဆရာတော်ဦးဥတ္တမကို မန္တလေးအစည်းအရုံးတခုကို ဖိတ်တေဆိုခါ ကမ္ဘာနှင့်အရေးကြီးရေ ကမ္ဘာ့မှာညီလာခံကြီး တရုတ်၊ ဂျပန်၊ အိန္ဒိယပြည်ကြီး သုံးပြည်မှာ အိန္ဒိယမဟာသဗအသင်းကြီးက ဖိတ်ထားစွာယင်လို့ လားခီရေအတွက်ကြောင့် (ငါရို့ကိုအရေးမစိုက်) ဆိုပြီးကေ ခွီးပိုင်ရွီးထားပါရေ။ ဟုတ်ဖို့လားမှန်ဖို့လား ကြည့်ကတ်ပါလီတချက်။ နောက်ဆုံး မြန်မာပြည်သို့ ပြန်လာလတ်တေခါ ဆရာတော်ဦးဥတ္တမကို အရေးမစိုက်သည့်အပြင် တချို့တချို့လူတိ ယှဉ်းကပ်ပလိုက်စွာမှာ ဆရာတော်ဦးဥတ္တမ ရူးလားခပါရေ။ ရန်ကုန်မြို့မှာ နပျိုးသီးခွံကောက်စားလို့။ ဆီးလိပ်ပိုင်းကောက်စားလို့။ နောက်ဆုံး ညောင်တုံးတိုက်မှာ ကွယ်လွန်လားပါရေ။ သတိထား။ ယင်းအတွက် အေလောက် ကျေးဇူးသျှင်ကြီးဖွင့်ခလို့ ကနိမြန်မာပြည်ကြီးလွတ်လပ်ရေးရနီစွာ။ ဆရာတော်ဦးဥတ္တမရုပ်ထုသည် ကမ္ဘာပေါ်မှာတက်လို့မဟိ။ ဦးဝိစာရကတော့ ရွှေတိဂုံဘုရားနောက်က ဟိလီပါယင့်။ သို့သော် ရခိုင်သားတိ ယင်းအချက်တိကို မသိလိုက်ကေ အာသျှတိုက်ကိုအလင်းရောင်ပီးခရေ ဆရာတော်ကို အိန္ဒိယကထုတ်တေ အိန္ဒိယသမိုင်းကြီးမှာ အင်္ဂလိပ်ဘာသာနှင့်ထုတ်တေစာအုပ်မှာ ရွီးထားပါရေ။ ဇာရွီးထားလေ။ ဘုရားရုပ်တော်ပိုင် ရွီးထားပါရေ (The Light of Asia) (အာသျှတိုက် အလင်းရောင်) လို့ ရွီးထားပါရေ။
ကနိ ရခိုင်သားရို့ရေ ကျွန်တော်ရို့အဖမဟိလို့ အေပိုင်ခံနီရရေ။ (ငါရို့၏ ကမ္ဘာကိုဂေါင်းဆောင်ပြီး ဖခင်ပြုလားခရေ ရခိုင့်ဂေါင်းဆောင်ကြီးကို အေနိ မမိခြင်းအားဖြင့် ငါရို့သည်အောင်မြင်အံ့) ဟူ၍ ပထမဆုံး ဆရာတော်ဦးဥတ္တမကို ဂါရ၀ပြုကတ်ပါ။ ကျေနပ်ကတ်ပါ။ ကျောက်တော်မြို့မှာကျခါ အေအချက်ကို လွမ်းလွမ်းဆွီးဆွီး တေးခြင်းချေတပုဒ် (၃) မိနစ်၊ (၃) စက္ကန့်လောက်လုပ်ပြီးကေ ဖွင့်ခပါရေ။ (အိုအသျှင်၊ ကျေးဇူးတော်အသျှင်ဦးဥတ္တမ ရခိုင်သူရခိုင်သားရို့၏မြီးငယ်မြစ်ငယ်ရို့ကို အခုအခါ ဇာဘုံဘ၀မှာပဲဖြစ်ဖြစ် တချက်ချေလာပြီး ကြည့်ပါ။ ကျွန်တော်ရို့ ဦးချပါ၏) လို့ ဦးချခပါရေ။ ဆရာတော် ဦးဥတ္တမအရုပ်နှင့်တကွ ကျွန်တော်ရို့ဦးချစွာပါ။ (ဒုတိယပိုင်းပြီး၏) ဆရာကြီးသည် မီးခွန်းဟောပြောရာ၌ ဆရာတော်ဦးဥတ္တမကဲ့သို့ မကြောက်မရွံ့ ပြတ်ပြတ်သားသား၊ ပွင့်ပွင့်လင်းလင်း ဟောပြောတတ်သဖြင့် (တစည) ပါတီမှ သူရဦးစောဖြူ၊ ဦးညီညီလွင်ရို့သည် သက်သီခံပစ္စည်းများနှင့်အတူ မြန်မာတိုင်းမှူးထံမှာလည်းကောင်း၊ န၀တအကြီးအကဲရို့ထံမှာလည်းကောင်း အရေးယူဖမ်းဆီးရန် လားရောက်တိုင်ကြားကြသောကြောင့် စစ်တွေအကျဉ်းထောင်၌ ဤသို့ မသီသင့်ဘဲ လျှင်မြန်စွာသီဆုံးလားရခြင်းဖြစ်ပါရေ။
(ALD) ၏နာယကကြီးလည်းဖြစ် ရခိုင်-မြန်မာပဏ္ဍိတ်လည်းဖြစ်သော ဆရာကြီးဦးဦးသာထွန်း၏သမိုင်းဝင်မိန့်ခွန်းများ (နောက်ဆုံးပိုင်း)
ကျွန်တော်ရို့၏ကိုယ့်တိုင်းကိုယ့်ဒေသတိမှာ တဒေသနှင့်တဒေသမတူပါ။ တိုင်း (သို့မဟုတ်) ပြည်နယ်တိမှာဆိုကေ ကိုယ့်ဒေသ၏စီးပွားရေး၊ လူမှုရေး၊ တရားစီရင်ရေးတိကိုဆွဲရပါဖို့ မပေါ်ပါသိမ့်လည်း အခုထိုမှာ ဇာပိုင်မျိုးဖြစ်လာမည်ကားမသိ။ ဆိုကေ အသူ့ပါးကတောင်းရဖို့လဲ။ လာဘန်ပျာကား ရခိုင်သား။ ကကောင်းပညာဟိရေကား၊ ယင်းသူရို့ပီးမှ ရမည်နှင့်။ ဥပမာတခုပြောပါမည်။ ဒီမိုကရေစီလမ်းကြောင်းမှာ ဒီမိုကရေစီဆိုစွာကိုပြောပါမည်။ ယင်းပိုင်ပြောနီရေရခိုင်သားလူကြီးတိ စာတတ်တိ အသံချပ်ချပ်နှင့်ပြောနီစွာတိ နိုင်ငံရေးခေါင်းဆောင်တိ ၀ါရင့်တိ တချို့က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကဦးစောမြအောင်ကို မတတ်၊ နိုင်ငံရေးနားမလည်၊ ပလင်စနီတလုံးလတ်။ ကွက်စိတပိုဒ်နိုင်လိမ့်မည်ဆိုပါရေ။ ဆိုပတ်စီ ကိစ္စမဟိပါ။ သူရို့ပြောလိုက်ကေ နိုင်ငံရေးဝါတော်ကြီးတိ နိုင်ငံရေးမှာ အနှစ် (၄၀) လုပ်ခရေ (၃၀) လုပ်ခရေလတ်။ ယင်းချက်ကိုပြောရပါဖို့။ စစီးနားထောင်ကတ်ပါ။ ကနိထမင်းငတ်ပျာယ်မှတ်ပါဖိ။ မစုံကေမကောင်း ပြောရဖို့။ နိုင်ငံရေးဝါတော်ကြီးကို ကျောက်တော်နှင့်စစ်တွေမြို့မှာ ပြောခပါပျာ။ နိုင်ငံရေးဝါတော်ကြီး။ အဝေ ဆရာတော်ကြီးဝါတော် (၄၅) ၀ါရရေ။ ဓမ္မစရိယရွှေထီးဆောင်းလာလတ်စွာ ကနိပါရာဇိကကျကေ အသုံးမကျပျာ။ မင်းရို့နိုင်ငံရေးခေါင်းဆောင်တိ ၀ါတော်ကြီးတိ သွီးစွန်းသောလက်ဖြင့် ပါရာဇိကကျနီပျာ။ ရခိုင်ပြည်ကိုခေါင်းဆောင်ဖို့လာစွာ ဘစောင်မျက်နှာနှင့်လာရေလဲလို့။ ဗြောင်ပြောခပါရေ။ အသာချေပြောလို့ မရပါပျာ။ ယေခါ ကျွန်တော်ရို့ဘဇောင်နည်းနှင့်၊ ဇာဥပဒေပင်ရရ ဖယ်ဒရယ်ပင်ရရ ဖယ်ဒရယ်မဟုတ်ကေ တခြားရချင်စွာကိုရရ ဒီမိုကရေစီအစစ်ရကေ ကျွန်တော်ရို့တန်းတူရေးကိုဆွဲရဖို့။ ယင်းအတွက်နှင့် ဗမာအသုံးအနှုံးကိုဖျောက်လို့ မြန်မာလို့ဆိုရေကား။ အကြောင်းက သူရို့စွာ လူမျိုးစုနှင့်မသင့်မမြတ် ဖြစ်ပါလတ်တေ။ လူမျိုးစုနှင့်မသင့်မမြတ်ကေ ပြည်တွင်းပြည်ပ သူပုန်ထလို့ အစိုးရမှာ ငွေကုန်ကျရေ။ တိုင်းပြည်တည်ဆောက်ရေးကိုလုပ်ဖို့မရ။ ယင်းအတွက်နှင့် တိုင်ပြည်မွဲလားခရေလို့မှတ်ပါ။ ယင်းအချက်ကို ဖက်ခွက်တပ်မတော်က မလိုလားပါ။ မလိုလားရေအတွက် (ပြည်ထောင်စုမပြိုကွဲရေး) လို့ ဟောနီစွာပါ။ ဆိုခါ အေခရီးကလားရေခါ ကျွန်တော်ရို့ကို အနာရှာလို့မရပါ။ စည်းရုံးရေခါ စကားမလွန်ပါစီကဲ့။ လူမျိုးရေးကိုထိခိုက်၍မရပါ။ ဥပဒေနှင့် ဆန့်ကျင်၍လည်းမရပါ။ စည်းရုံးရာမှာ စကားတိမလွန်ပါစီကဲ့။
ယင်းပိုင်လားဖို့ဆိုခါ ရခိုင်ပြည်မှာ ဥက္ကဌနှင့်ဖွဲ့စည်းလို့ရဖို့လား။ ရခိုင်တိုင်းဒေသတခုလုံးမှာ ဥက္ကဌနှင့်ကောင်စီကိုရာ အဆင့်ဆင့်ဖွဲ့ဖို့လား။ လွန်ခရေဆယ်နှစ်လောက်က မေဇူတိသူပုန်ထရေခါ ပလက်ဝကိုကျရေလတ်။ ကြားဖူးကြပါလိမ့်မည်။ အခု ပလက်ဝချောင်းဒေဖက် မကျေးပင်ချောင်း ထိုဖက်ကိုကျော်ခါ မီဇူရမ်ဆိုပြီးကေပြည်နယ်ရလို့ သမ္မတနှင့်ပါ။ အိန္ဒိယအစိုးရကပီးလိုက်စွာ အခုထိုဖက်ကမ်းကိုကြည့်လိုက်တေခါ တိုက်တာအဆောက်အဦးတိ ဟိမ်းနီယင့်။ ရခိုင်သားမျိုးမှာဝါ နှစ်ပေါင်း (၂၀၀) နှစ်ဟိလတ်ပျာ။ ဂန်ဒဂေါက်နှင့်၊ အုန်းထရံနှင့်။ ၀ါးထရံ၊ အုန်းထရံကို ဂန်ဒဂေါက်နှင့် နီချင်တုန်းသိမ့်။ ကနိ ထိုဖက်ကိုကျော်လိုက်ကေ ဟိမ်းလို့မြင်ပါလိမ့်မည်။ ယေကေလည်း ကြေနပ်နီကေ ဇာဖြစ်လားခရေလဲ။ ၀မ်းနည်းဖို့ကောင်းပါရေ။ အေပိုင်မကျချင်လို့ ကျွန်တော်ရို့အသီခံလို့ လုပ်နီကတ်စွာပါ။ သို့သော် ကျွန်တော်မှာကြားချင်စွာက အေလူကြီးတိတော့ခါ သင်းချိုင်းကုန်းတဖက် အိမ်တဖက်ကျနီပါယာ။ ကျန်လိုက်ဖို့အချေတိစွာ ကျွန်တော်ရို့တည်ဆောက်ခရေအုတ်မြစ်တိစွာ အေပိုင်ကြီးကျယ်ဖို့မြင်လို့ အခု ကျွန်တော်တို့ရှိတွင်မှာပင် ပျက်အောင်ဖျက်ပါလိမ့်မည်။ ခိုင်ခန့်အောင်ထားပါလီကတ်။ ခိုင်မြဲစွာထားလို့ဟိကေ တိုင်းရင်းသားလူမျိုးစုတိနှင့်တန်းတူဖို့ဆိုကေ နောက် (၂၄-၂၅) နှစ်အတွင်းမှာ ထိုသူရို့နှင့်တန်းတူ ဖြစ်ပါလိမ့်မည်။ ယင်းအခါမှ ကျွန်တော်ရို့၏စီးပွားရေးကို ဘဇောင်ဆွဲဖို့လဲ၊ ရခိုင်ပြည် နိုင်ငံတကာနှင့် ဆက်ဆံရေး၊ ပြည်တွင်းစီးပွားရေးကို ဘဇောင်ဆွဲဖို့လဲဆိုစွာ လိုပါဖို့သိမ့်။ ယင်းဆွဲဖို့စွာက ရဖို့ပြည်အပေါ်မှာ မူတည်ပါရေ။ ဖယ်ဒရယ်မူကတော့ ပီးဖို့မဟုတ်ပါ။
တဆင့်တဆင့်ပီးကေ ဇာလုပ်ဖို့လဲဆိုစွာလိုပါရေ။ ယင်းအခါ လုပ်လာခါ ယင်းဥပဒေကိုဆွဲဖို့ ပညာတတ်တိ ကကောင်းလိုလာပါရေ။ ဆိုခါ ပြည်တွင်းထဲမှာ ပညာဟိတိမဟိလို့မရ။ ဆွဲဖို့စွာမှာ ကိုယ်စားလှယ်မှရာ ဆွဲရဖို့။ ကိုယ်စားလှယ်မှာ ၀က်ချုပ်နာတိကို မတင်နိုင်ပါ။ သူရို့မှာဇာတိပါလဲ။ ၀က်ချုပ်၊ မာဒရာမစင်စွာတိပါပါရေ။ ကြည့်ပါ၊ မျက်စိဖွင့်လို့။ ယင်းအတွက်နှင့် (၂၆) နှစ်တိုင်တိုင်စားလို့မ၀သိမ့်လို့ အရာလိမ်ပြီးကေ လုပ်နီစွာတိကိုကြည့်ကတ်ပါ။ ဆိုခါ ယခုမျက်မှောက်အမှားပါ။ မျက်မှောက်အမှားနောက်ကပါနီကတ်လို့ ၀မ်းနည်းလို့ ကျွန်တော်ပြောစွာပါ။ သတိထားပါ။ လွန်လီပြီးသောအခါက ဇာမှားခရေလဲ။ အတိတ်က လွန်လီပြီးသောအခါက မှားခစွာကိုမပြောကေ အတိတ်နှင့်ပစ္စုပ္ပန်ကိုမပေါင်းကေ အနာဂါတ်ကို ခြီလှမ်းမလှမ်းနိုင်လို့မှတ်ပါ။ ယင်းအချက်တိကိုသတိမထား ရုပ်ဝါဒီနှင့် ကွန်မျူနစ်ဆန်စွာက ကျွန်ဖြစ်လာသောလူမျိုး။ ရခိုင်သမိုင်းကို မကြားဖူးသူ (၁၀၀) မှာ (၁၀၁) ယောက်ဖြစ်နီပါယာ။
ကျွန်တော်ရို့ ရခိုင်လို့ဇာဖို့ခေါ်ရေလဲ။ နားထောင်ကတ်ပါနန်း။ အမျိုးသီလနှစ်ဌာနကိုစောင့်လို့ ရခိုင်လို့ခေါ်ပါရေ။ အေနိ သီလမဟိ၊ အမျိုးကိုမစောင့်၊ အမျိုးစောင့်တရားမဟိကေ ရခိုင်ပျက်ပါယာ။ သတိပီးပါရေ။ အေနိကပင်စပြီးကေ ရခိုင်ကိုချက် အစစ်လုပ်ပါကတ်မည်။ ရခိုင်ကပျက် ရခိုင်နခေါင်း မဖြစ်ပါကတ်ကဲ့။ ရခိုင်သားနခေါင်း ကောင်းကောင်းများလားခပါယာ။ ဆိုခါ ရှည်လျှားလှစွာသော သမိုင်းကိုထားလိုက်ပါဖိ။ ရခိုင်ဟူ၍ခေါ်သောသမိုင်းကိုပဲ ကျွန်တော်ရို့ပြောပါမည်။ ဇာနိကခေါ်ပါရေလဲ။ လွန်ခရေအနှစ် (၅၀၀၀) ကဖြစ်ခကတ်ပါဖို့ ရခိုင်ခေါ်စွာ။
ကျွန်တော်ရို့သည် လွန်ခရေ အနှစ် (၅၀၀၀)က ကုဿမင်းသက္ကရာဇ် (၅၉၅) ခုမှာ ဘီစီ (၃၃၀၀) ကျော်က ကျွန်တော်ရို့ရခိုင်ပြည်မှာ ပထမဓည၀တီမြို့ကိုတည်ပါရေ။ မာရာယုမင်းကြီးဆိုစွာ လူတိုင်းသိပါလိမ့်မည်။ မာရာယုမင်းကြီးသည် ဇာကလာပါလဲဆိုစွာ ဆန်းစစ်ဖို့လိုပါလိမ့်မည်။ မာရာယုမင်းကြီးသည် အိန္ဒိယပြည် ကပ္ပိလ၀တ်တိုင်းက အသူ့သားလဲဆိုစွာ သိဖို့လိုပါလိမ့်မည်။ သစ္စနမင်းကြီးသားပါ။ ကပ္ပိလတိုင်းနှင့် ကောသလတိုင်းစစ်ဖြစ်ကတ်တေ။ လယ်ထွန်ဖို့ရီကိုလုလို့ ဂင်္ဂါမြစ်ရီကြောင့် စစ်ဖြစ်စွာမှာ သူရို့၏ငြိမ်းချမ်းရေး ဘုရားသခင်တည်းဟူသော ဘူးသီးစောင့်ရေဘုရားသခင်က ကောင်းခင်ကစောင်းတီးလိုက်တေ။ ထိုအခါ ငြိမ်းချမ်းပြီး ငြိမ်းညောင်းသောအသံကိုကြားရ၍ ကောင်းကင်ကိုမော့ကြည့်လိုက်သောခါ ဘုရားသခင်က ကောင်းခင်ကတရားဟောပါရေ။ ဟေး အဇ္ဇုန၊ သင်စစ်ပွဲအောင်လို့ ကောင်းကောင်းပျော်ရေလား။ နောင်ခါ မင်းမျက်ရည်အသွယ်သွယ်စီးကျလိမ့်မည်။ ဇာဖြစ်လို့လဲ။ မင်းမျိုးမင်းအသွီးနှင့် တိုင်းပြည်ကသွီးကိုနင်းပြီး သျှင်ဘုရင်လုပ်တေ။ ကကောင်းကောင်းရေထင်လား၊ ဆိုခါ ကောင်းကောင်းသံဝေဂရပြီးကေ အားလုံးစွာကိုစွန့်ပနာ တောထွက်လာလတ်စွာပါ။ ရခိုင်ပြည် ဂစ္စပနဒီမြစ်၏လက်ဝဲလက်ယာ ကိုးဆယ့်ကိုးမြို့ဟိစွာမှာ ဤအကြောင်းအရာကို ပုဏ္ဏားကျွန်းမြို့မှာဟောရေခါ တယောက်ထပြီးကေ ဇာပြောလည်းဆိုကေ ပုဏ္ဏားကျွန်းဝကနီပြီးကေ ပလက်ဝထိဟိစွာမှာ ရွာချေတောင်မှ ကိုးဆယ့်ကိုးဟိဖို့မဟုတ်ပါဆရာကြီး။ ကျွန်တော်ရို့က မယုံဆိုပါရေ။ မှန်ပါရေ။ ဇာဖြစ်လို့လဲဆိုကေ ရခိုင်ကံမကောင်းလို့ ဆုတ်ယုတ်လာလတ်လို့မှတ်ပါလီ။
ယင်းခါ အဇ္ဇုနသျှင်ရသေ့သည် တောတလျှောက်က ရခိုင်ပြည်ကိုလာရေပလက်ဝကို ရောက်ဖူးလူတိုင်း သိပါလိမ့်မည်။ အရှိဖက်ကို ရက္ခပူရတိုင်း။ ပလက်ဝ၊ မီးဝကပင်အထက်ကို ဥဿလင်းတိုင်းလို့ခေါ်ပါရေ။ တိုင်းတတိုင်းကိုခွဲစွာမှာ အနည်းဆုံး မြို့ဆယ်မြို့ပါပါရေ။ ရခိုင်၏ဖွဲ့စည်းပုံအရပါ။ ရခိုင်စွာ သာမညနိုင်ငံ အနည်းချေကားမဟုတ်။ ပျက်စီးလားခစွာ အခုမျိုးပြုတ်ဖို့ကြံနီပျာ။ ကောင်းကောင်းသတိထားကတ်ပါ။ ယေကေ ဥဿလင်းတိုင်းအရှိဘက်ကိုဆန်လိုက်ခါ ဇာခေါ်လဲဆိုကေ အရှိဘင်္ဂလားတိုင်း။ အခု ဘင်္ဂလားဒေခ်ျနိုင်ငံရေ ကျွန်တော်ရို့ပိုင်စွာပါ။ ယေကေ ၄င်း၏လက်ယာဖက်ကိုကြည့်လိုက်တေအခါ နာဂသေနတိုင်း။ အခု ထရိပူရပြည်ပါ၊ ယင်းဘက်မှာ ရခိုင်သားကိုကြည့်လိုက်ကေ အခုတသန်းခွဲဟိပါသိမ့်ရေ။ မြုံတိ၊ ဖလံတိ ရခိုင်စကားပြောပါရေ။ အခု ကျွန်တော် ဒေကဥဿလင်းတိုင်းအလယ်တရိုးကိုကြည့်လိုက်ကေ ဇာတွိလဲ။ ကာမရူပတိုင်းပါ။ ၄င်း၏အနောက်ဘက်ကိုကြည့်ခါ မဟိံသကတိုင်း။ ရခိုင်ပြည်ပိုင်ရေတိုင်းတိပါ။ အခုဇာသူရို့ဝင်နီလည်းကြည့်ပါ။ အားလုံးအသီးသီးဝင်လားခပါယာ။ ရခိုင်တိတောင်တန်းကပ်လို့ တ၀ိုင်းချေကျန်ပျာ။ အခု ယင်းဖက်ကရခိုင်သားတိ ထိုဘက်ကိုကြည့်လိုက်ကေ လူနှစ်သန်းခွဲလောက် ဟိပါသိမ့်ရေ။ လာချင်နီကတ်ယာ။ ထိုဘက်မှာ အ၀ကျွန်းဆိုစွာ ပပေါ့ချေရွာကြီးတိမဟုတ်ပါ။ အခု ကုလားတိဝင်လာပါယာ။ တဖြည်းဖြည်းစိမ့်ဝင်လို့ စုစုပေါင်းလူနှစ်ထောင်မဟိပါယာ။ အားလုံး ဘုရားစေတီတိနှင့် ကျောင်းတိရာကျန်လိုက်ပါရေ။ ယင်းပိုင်ထိုးဝင်လာရေပိုင် ကျွန်တော်ရို့၏နီရာကို ထိုးဝင်လာရေ။ ဇာခါထိုးဝင်ရေလဲ အင်္ဂလိပ်သက္ကရာဇ် ၁၆၆၆ မှာထိုးဝင်လာစွာပါ။ ဇာဖြစ်လို့လဲ ယင်းအခါ ရခိုင်အင်အားညံ့လာလို့ပါ။
ရခိုင်တိမညံ့ခင် ဂွဖက်မှာ ဟိုင်းကြီးကျွန်းဟိပါရေ။ ထိုဖက်က ကတ္တရာပူရကျွန်း၊ သောင်းကြီးကျွန်း၊ ဒေကအ၀ကျွန်း ကျွန်းစုတိပါ။ ရခိုင်ပြည်၏ကျွန်းကြီးသည် သောင်းကြီးကျွန်း။ ကတ္တရာပူရကျွန်းလို့ခေါ်ရေ။ ကမ္ဘာ့အရပ်ရပ်မှလူတိစွာ အခုရခိုင်ပြည် သံတွဲငပလီသို့ အပန်းဖြေဖို့လာကတ်တေပိုင် ရခိုင်ဘုရင်လုပ်ထားလို့ အကောက်ခွန်ရနီရေကျွန်းစွာ သောင်းကြီးကျွန်းပါ။ ဘဇောင်ရွီးထားကတ်လဲဆိုကေ အင်္ဂလိပ်နှင့်ဟိန္ဒူကျမ်းတိမှာရွီးထားစွာက ကမ္ဘာပေါ်မှာ အလှဆုံးကမ်းခြီပါ။ အခုအသူပိုင်လားခရေလဲ။ ရခိုင်သားတိအကျင့်ပျက်လို့ ဆုတ်လာစွာပါ။ အရာလည်းမလွတ်သိမ့်ဆိုကေ ဥက္ကဌကြီးပြောခရေပိုင် ပျူလူမျိုးပိုင် တခုလည်းမကျန်ပါပျာလို့မှတ်ပါလီ။ ယင်းအတွက်နှင့် ၁၆၆၆ ခုနှစ်လောက်က စစ်တကောင်းထိုဘက်ကို မိုင် (၅၀) ထိပိုင်ခရေ။ အယင် ပထမ၀ါလို့ဆိုကေ ထိုမှာ ဗြမ္မာပုတ္တမြစ်ကြီး ဒေဘက်မှာ ကူကသိမြစ်ဝ။ ယင်းမြစ်ထိုဘက်မှာ လွန်ခရေ (၁၀) နှစ်လောက်က ဘင်္ဂလားဒေ့ခ်ျအစိုးရက တူးဖော်ရေးလုပ်ရေခါ ထိုမှာ စိုင်းဒြားမင်း၏လက်ရာဘုရားနှင့် အနုပညာလက်ရာတိ ကကောင်းပေါ်ထွက်လာလို့ အားလုံးကိုမော်ကွန်းတင်ပျာ ရွီးထားခပါရေ။
ယင်းချင့်တိအားလုံး ရခိုင်သားစွာတိပါ။ ဘလောက် ပိုင်ခရေလဲဆိုခါ အဇ္ဇုနသျှင်ရသေ့တောထွက်ရေခါ ယင်းနားမှာ ထိုဖက်ကအိန္ဒိယ ဒေဖက်ကရခိုင်ပါ။ ခြီတလှမ်းလှမ်းလိုက်စွာနှင့်ရောက်တေအတွက် အနီးချေနှင့် ရခိုင်ဒေသကို ရောက်လာစွာပါ။ တရားအားထုတ်ဖို့ ရီကြိုင်ရာမြက်နုရာကိုရှာရေအခါ ကုလားတန်မြစ်ကို ကျပါရေ။ အဇ္ဇုနသျှင်ရသေ့လည်း ကုလားတန်မြစ်ကိုမှီ၍ တရားဆောက်တည်ပြီးနီပါရေ။ ယင်းအနားမှာ သက်ပြည်တပြည်ဟိပါရေ။ သက်ပြည်ကို သက်မင်းစန္ဒြသိဒ္ဓိဆိုရေမင်းက အုပ်ချုပ်နီပါရေ။ စန္ဒြသိဒ္ဓိဆိုရေ သက်မင်းရေ ထိုသျှင်ရသေ့အဇ္ဇုနကို မြင်တွိဖူးမျှော်ရရေခါ ကြည်ညိုသဒ္ဒါတရားပွား၍ ပစ္စည်းလေးပါးဖြင့် ဆွမ်းကွမ်းယာခုတ်တိကို အမြဲမပြတ်ပူဇော်လျှက်ထားပါရေ။ ထိုအခါ တနိသောအခါ သက်မင်းစန္ဒြရသိဒ္ဓိ၏ သမီးတော်ဣန္ဒာမာရယုကို ဆွမ်းပို့ဖို့ခိုင်းစီပါရေ။ ထိုအခါ ဘ၀အနန္ဒကကုသိုလ်ရီစက်ကြောင့် ရသေ့လူထွက်ပျာ ဣန္ဒာမာရယုနှင့် ရလားခကတ်ပါရေ။ တချို့တချို့သော ရာဇာဝင်က တိရိစ္ဆာန်ဆတ်မနှင့် ရရေလို့ဆိုပါရေ။ မဟုတ်ပါ။ တခါလည်းမရကောင်းပါ။ ဇာဖြစ်လို့လဲဆိုကေ တချို့က ရခိုင်သားကို တိရိစ္ဆာန်ဟု ဆိုလိုချင်သောကြောင့် ရွီးထားသောကျမ်းတိရာဖြစ်ပါရေ။
ရခိုင်ရာဇာဝင်ဆိုတိုင်း မယုံကတ်ပါကဲ့။ ကျွန်ဘ၀မှာ ရွီးပစ်ခရေစာတိ ကောင်းကောင်းဟိပါရေ။ ငါ့အဖိုးသျှင်စာ၊ ငါရို့ဆရာတော်ကြီးစာကိုလည်း ကောင်းကောင်းအားမကိုးကတ်ပါကဲ့။ ကြည့်ကြည့်ချင်း ကျွန်တော်ရို့ကမြင်ပါရေ။ ယင်းအတွက်နှင့် ဣန္ဒာမာရယုမည်သော စန္ဒြသိဒ္ဓိသမီးတော်နှင့် သကျသာဂီဝံသ၊ မဟာဝံသ၊ ခတ္တိယမင်းမျိုးမှဆင်းလာသော သစ္စနနှင့်ထိမ်းမြားလို့ မာရယုမင်းသားကို မွီးပါရေ။ ဥပမာအားဖြင့် ဂေါတမဘုရားသည် ကပ်ကမ္ဘာမှာပွင့်ဖို့ သာသနာစောင့်နတ်များနှင့်တကွ သိကြားဗြဟ္မာရို့ရေ သုသီတာက အလောင်းတော်နတ်သားကို မည်တော်မာယာ၏၀မ်း၌ ပဋိသန္ဓေတည်ပြီးသကဲ့သို့ အခုလည်း အနောက်မဉ္စိမဒေသမှာ ဘုရားပွင့်ရေခါ ရခိုင်ပြည်ဓည၀တီကို ဘုရားသျှင်ကြွတော်မူဖို့ ထိုအခါ ထုံးစဉ်အတိုင်း ပျာတိတ်ပီးရန်အလို့ငှာ ရခိုင်ပြည်မှာ မင်းဆက်ပြုတ်မလားဖို့အတွက် မင်းဆက်ဆက်ပီးစွာလို့မှတ်ပါ။
ထို့ကြောင့် သုတိသာနတ်ပြည်က သောနသိဒ္ဓိယနတ်သားကိုပင့်ပြီးကေ အဇ္ဇုနမင်းကို တောထွက်အောင် လုပ်လိုက်စွာပါ။ ယင်းမှာ သစ္စနနှင့်ဣန္ဒာမာရယုရို့ဇနီးမောင်နှံနှစ်ဦး ပျော်ပါးနီကတ်ကေ တခါလည်းဆုံးဖို့မဟုတ်လို့ ကုလားတန်မြစ်မှာရီချိုးရေခါ မြစ်မှာတယောက်တခြားမျိုးလို့ပါလားခစွာပါ။ လင်သစ္စနက ဇာကိုရောက်လားလဲမသိ၊ ဣန္ဒာမာရယုကလည်း ဇာကိုရောက်လားမှန်းလဲမသိ ဆိုခါ ကျန်ရစ်တေ သုံးနှစ်သားအရွယ် မာရယုမင်းသားငယ်က တငိုငိုနှင့်နီရေလတ်။ ယင်းခါ မြိုတောင်မင်း ငအောင်ကလည်း တောခရီးထွက်လို့လာရေ။ ထိုအခါ အချေတယောက်တောထဲမှာငိုနီရေဆိုကာ လားကြည့်ခါ အမိမဲ့သား ရီမဲ့ငါးပမာ ဒုက္ခသည်မာရယုမင်းသားငယ်ကို မြိုတောင်မင်းက ကောက်ယူမွီးစားထားပါရေ။ မွီးစားထားရေခါ မြိုတောင်မင်းမှာလည်း သမီးချေတယောက်ဟိပါရေ။ နာမည်က မဗညှာလတ်။ ဆိုအခါ မာရယုမင်းသားငယ်ကို ဒါး၊ ဒုတ်၊ လှဲအစဟိသော အဌာရသ (၁၈) ပါးသောယောက်ျားရို့တတ်အပ်သော ပညာရပ်တိကိုသင်ပီးလို့ တောင်မင်းရာထူးကိုပီးလိုက်သဖြင့် ၀ါးအလုံး (၁၀၀) တိုင်အလုံး (၁၀၀) ရို့ဖြင့် မာရယုမင်းသားငယ်ကို နန်းတင်ပါရေလတ်။ ကျွန်တော်စီ မကြာမကြာပြောပါရေ။ ဒေအကြောင်းကို။ ထိုအခါ ဓည၀တီပြည်ကြီးကို တည်ထောင်ပြီး ဗုဒ္ဓဂေါတမပွင့်ဖို့စွာကိုအကြောင်းပြုလို့ သိကြားမင်းဖန်ဆင်းပြီးကေ သံလျှက်တော်ကို ဆက်သက်လီပါရေ။ ဆက်တေခါ ဒေချက်မှာပျော်ပိုက်နီကေမဖြစ်ဆိုရေခါ နောင်မှာ သမီးမဗညှာနှင့် ပေါင်းဖက်လို့ သမီးချေတယောက်မွီးကျန်ရစ်တေ။ နာမည်က (မာရ)။ သူရို့မြို့စကားနှင့် (အမာရ) လို့ခေါ်ပါရေ။ အဖအသူလဲ။ သကျသာဂီဝင်မင်းသား ရခိုင်မင်းမျိုးကဆင်းလာရေ။ အမိဝါ မြိုတောင်မင်းကြီးသမီး မြိုမ။ ရခိုင်သားနှင့်ရကေ ရခိုင်သားကပျက်မချေတယောက်ကျန်ရစ်တေ။ မြိုထက်ဝှက်၊ ရခိုင်ထက်ဝှက်။
ကိုင်ယေကေ မြိုဇာဖို့ခွဲချင်ကတ်လဲ။ မီးကြည့်ကေ ဖေသာမဟိလား၊ ဟိပါရေလတ်၊ နောက် ကျွန်တော်ရို့ မဟာမြတ်မုနိဘုရားကြီးကို သွန်းပြီးရေနောက် မင်း (၁၀၁) ပါးထီးဆောင်းလို့ စန္ဒာသူရိယမင်းအပြန်မှာ လက်ဆောင်ပီးပါရေ။ ဇာပီးလိုက်တေလဲ၊ မြိုမင်းကို နဗက်ကြီး (၉) ရံပီးလိုက်တေ။ ငွေလက်ကောက်နှစ်ရံ ပီးလိုက်တေ။ လောင်ဗွန်းတချပ်ပီးလိုက်တေ။ ကြီးဟင်းဇားနှစ်လုံးပီးလိုက်တေ။ ထိုအခါ ပျော်လို့ မြိုတိကောင်းကောင်းမကကတ်လားဆိုခါ ကပါရေလတ်။ ယင်းလက်ကောက်တိဟိပါသိယင့်လားဆိုခါ ဟိပါရေလတ်။ နားဋောင်းကို တောင်မင်းကဆုံနှင့်ထောင်းလို့လည်းမပျက်လို့ ၀တ္ထုပြောလာပါသိမ့်ရေ။ မြိုတောင်မင်းက ယင်းပိုင် ဘုရားလက်ထက်ကပင် ရခိုင်အမျိုးနှင့်ဆက်ပြီးလာစွာ ဘုရားပွင့်ခါလည်း မြိုနှင့်ဆက်ပြီး ဗုဒ္ဓဘာသာဖြစ်လာစွာပါ။
အခု ကိုယ်ရို့မြိုအမတ်လောင်းကနီပြီး ခရစ်ယာန်ဝင်လာခါ ထားပါဖိ။ မခံချင်ပျာဆိုခါ မြိုလူကြီးခြောက်ယောက်စွာ အ၀တ်ဖြူဝတ်ပြီး ခေါင်းပေါင်းကြီးတိနှင့် ကျွန်တော်ရို့နှင့်တတူ ၀တ်လို့စားလို့ လိုက်လတ်ပါရေ။ ဇာဖြစ်လို့ ဖြစ်ရပါရေလဲဆိုကေ ကျောက်တော်၊ မြောက်ဦးပိုင်းမှာ မဲဆန္ဒသျှင်ငါးသောင်းနှင့် နှစ်ထောင်ဟိပါရေ။ မဲဆန္ဒပီးဖို့လူပါ။ ဆိုခါ ကုလားမောင်မောင်ခင် (လွှတ်တော်တရားယုန်း ဗဟိုရှိနီချုပ်) သူက ကိုယ်စားလှယ်၊ သူ့မှာ ကုလားဘလောက်ဟိရေလဲဆိုကေ (၁၂၇၀၀) ဟိပါရေ။ မြောက်ဦးမော်လဗီနှင့် ကျောက်တော်မြို့မှာ သူရို့ဟိပြီးသားပါ။ ဆိုင်းဘုတ်တင်ဖို့မလို။ ဘလောက်ကောင်းလဲဆိုရေခါ မြိုခေါ်ခမီးအမျိုးသား ကျော်ဇောလှ၊ မြောက်ဦးမြို့မှာ စာသင်ခပါယင့်။ သူ့မှာအားလုံး (၉၇၀၀) ဟိပါရေ။ မဲဆန္ဒသျှင် သူ့မှာလည်း သီးခြားတက်နီရေ။ (၉၇၀၀) နှင့် (၁၂၇၀၀) ပေါင်းလိုက်ကေ (၅၀၀၀) မဲကို နှုတ်လိုက်ပါ။ တစညပါတီမှာ ဘဇောင်မဆို တရားသူကြီးဥက္ကဌ၊ ကောင်စီဥက္ကဌသားသမီး (၃၀) က (၅၀) ရွာတိုင်းရွာတိုင်းမှာ မဟိပါလား၊ ပြိုလို့ ထွက်လို့မလားနိုင်ပါ။ ဟောစရာကလည်းမလို၊ ပြောစရာလည်းမလိုပါ။ သူရို့ ကျော်တော်မြို့နယ်မှာ ရွာပေါင်း (၃၃၅) ရွာဟိစွာမှာ ခွဲပစ်လိုက်ကေ ဘလောက်ဖြစ်လာပါလဲ၊ (၁၇၀) လောက်ဖြစ်ပါရေ။ ယင်းကို တစညလူ (၅၀) နှင့်မြှောက်လိုက်ကေ အလျှော့မဲလို့မှတ်ပါ။ အေအချက်စွာ ကျွန်တော်ရို့ မဲချင့်ချိန်စွာပါ။
မြောက်ဦးမြို့မှာ ယ္ခုထက်ထိမဟိပါသိမ့်။ မဟိကေ ကုလားပါးမှာယှုံးပါဖို့။ စည်းရုံးပုံကမတူပါ။ ဆိုခါ လျှော့မဲဘလောက်ကျန်လိုက်တေ (၂၀၀၀၀) ဆိုလိုက်ပါဖိ၊ (၂) သောင်းကို ကိုယ်စားလှယ် (၄) ယောက်က၀ီပါဖို့။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င်ဆိုခါ တယောက်ကို (၇၀၀) လောက်စီရလိုက်ပါပျာ။ ယေကေ မဲအများဆုံးအသူလဲ။ ကုလား (၁၂၀၀၀) ရပျာဆိုကေ ကျောက်တော်မြို့သားတိပြိုပါယေနှင့်ရာ။ ဆိုခါ အခုဆင်းလို့ ၀ါကျီးတိပါဆင်းလို့စုဖြစ်ကတ်ပါရေ။ ကျောက်တော်မြို့လယ်မှာ တရားဟောရေခါ ကျွန်တော်ဟောခစွာပါ။ ကျောက်တော်မြို့ကိုစည်းရုံးလို့မရ၊ လူတတ်တိ ရေဒီယိုနားထောင်ရေ။ အောင်ဆန်းစုကြည်ကိုကောင်းရေလို့ အထင်ကြီးနီရေ။ တစညပြန်နိုင်ဖို့လားမသိလို့လည်း ကြောက်ကတ်ပါရေ။ ကျွန်တော်ဟောခါမှ ကျောက်တော်မြို့လေးခွဆုံမှ ပြိုထွက်လာပါရေ။ အခုလုပ်ကတ်ရဖို့။ နက်ဖန်ခါဆိုကေ ကုလားအောက်ကိုရောက်လားပါလိမ္မည်လို့ ကျွန်တော်ယှင်းပြခါမှ။ ယကေ ဇာလုပ်ကတ်ရဖို့လဲလတ်။ ကျွန်တော်က ကုလားမဲဆန္ဒသျှင် (၁၂၀၀၀) ဆိုကေ ကျွန်တော်ရို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က မဲပြား (၁၅၀၀၀) ရမှနိုင်ပါဖို့။ ယင်းတွက်နှင့် အခုရောက်ဟိလာကတ်တေ ကျောက်တော်မြို့သားမဲဆန္ဒသျှင်တိစွာ မဲပြား (၁၅၀၀၀) ထက်မနည်းစီဖို့ အိမ်တိုင်းလူတိုင်း အိပ်သွန်ဖာမှောက် ကြိုးကြိုးစားစားနှင့် ကိုယ်စီကိုယ်ငှ ကျွန်တော်ရို့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏သင်္ကေတဖြစ်တေ ဆီမီးခွက်ကို မဲပီးကတ်ဖို့ ကျွန်တော်ပြောကြားလိုက်ပါရေ။
ဆရာကြီးသည် ချမ်းအီးလှရေဆောင်းရာသီမှာ ပုဆိုးပါးချေနှင့် စစ်တွေအကျဉ်းထောင်မှာ အလှူးအလှိမ့်ခံယင်း (၁၉၉၀) ပြည့် သြဂုတ်လ (၁၄) ရက်နိမှာ တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပီး၍ တာဝန်ထမ်းဆောင် လားခပါသည်။ ကျန်ရစ်သူများမှ ဆရာကြီးအားသတိရလျှက် သျှစ်သောင်းဘုရားရှိတွင် အရိုးဇာတီတဆူ တည်ထားကိုးကွယ်ထားပါကြောင်း စာရွီးကာဂုဏ်ပြုလိုက်ရပါသည်။
အသျှင်ဣန္ဒာစက္က (ဗေဒင်နှင့် သမိုင်းသုတေသီ)
ကြောင်ရီဝတ်
ကြောင်ရီဝတ်
--------------------
အယင်ကခါ ခွီးချေတကောင်နှင့်ကြောင်ချေတကောင် အဆွေခင်ပွန်းဖြစ်ကတ်သည်။ ကြောင်ချေအမိအဘက ဆင်းရဲသည်။ ခွီးချေအမိအဘက ချမ်းသာသည်။ ခွီးချေမှာ ချမ်းသာလို့ ခွီးရီဝယ်ဝတ်နိုင်ကေလည်း ကြောင်ချေမှာ ဆင်းရဲလို့ ကြောင်ရီဝယ်မ၀တ်နိုင်။
တရက်နိခါ ကြောင်ချေမှာ ကျောင်းတက်ချင်လို့ ခွီးချေပါးက ခွီးရီတထည်ငှားသည်။ ခွီးချေလည်း ကြည်ကြည်ဖြူဖြူ ပီးလိုက်သည်။ သို့သော် ကြောင်ချေမှာ ဆင်းရဲလို့ ခွီးရီကို ပြန်မပီးလီပျာ။ ယင်းပိုင်နှင့် ခွီးချေနှင့်ကြောင်ချေ ရန်ဖြစ်လီကတ်တေ။ ခွီးချေမှာ ကြောင်ချေတွိတိုင်း ခွီးရီလိုက်တောင်းသည်။ ကြောင်တွိတိုင်းဟောင်သည်မှာ ခွီးရီလိုက်တောင်းခြင်းဖြစ်သည်။
ကြောင်ချေလည်း ကျောင်းပြီးလို့ အလုပ်ချေအကိုင်ချေနှင့် စားနိုင်သောက်နိုင် ဖူဖူလုံလုံဖြစ်လာသည်။ အယင်ခွီးရီကိုလည်း ဝေးပစ်လိုက်သည်။ အသက်လည်းကြီးပါလတ်ပျာ။ ခွီးချေနှင့်ရန်မဖြစ်ချင်လို့ ဖွေသာစုပနာ ခွီးချေကို ကြောင်ရီတထည်ဝယ်ဆပ်လိုက်သည်။ ခွီးချေက ကြောင်ရီရခါ ခွီးရီထင်လို့ ကောင်းကောင်းပျော်သည်။ ကြောင်ရီဝတ်လို့ ပျော်လုံးဆို့နီသည်။
တရက်နိ အိမ်သျှင်ဈီးကအပြန် ကြောင်ရီဝတ်ခွီးကို လှကားရင်းမှာလားတွိသည်။ အိမ်သျှင်လည်းအမြင်ကပ်လို့ ကြောင်ရီဝတ်ကို အိမ်ကနှင်ချလိုက်သည်။ ယင်းနိကစလို့ ကြောင်ရီဝတ်မှာ လမ်းဘေးခွီးဖြစ်လားရပါသည်။ ယင်း (ကြောင်ရီဝတ်) ကို မြန်မာများက (ခွေးဝဲစား) ဟုခေါ်သည်။ ရခိုင်များကမူ (ကြောင်ရီဝတ်) ဟူ၍ပင် နာမည်ရင်းအတိုင်းခေါ်သည်။
(သာလှဦး)
ကားသူဌီးကြီးရွှေစိန်အောင် (ဟာသ)
ကားသူဌီးကြီးရွှေစိန်အောင် (ဟာသ)
------------------------------------
စစ်တွေမြို့ အိုးတန်ရပ်ကွက်က ကားသမားရွှေစိန်အောင်သည် မောလိပ်ကသူငယ်ချင်း သာကျော်အောင်ဘားသို့ လည်ဇောင်ရောက်လာလတ်တေ။
သာကျော်အောင် “ဝေး..သူဌီးကြီးလာလာ၊ ဇာကမျက်စိလည်လမ်းမှား ရောက်လာစွာလဲ?”
ရွှေစိန်အောင် “ထားလိုက်ဝေ… ဇာသူဌီးကြီးလဲ”
သာကျော်အောင် “အခု ကားထောင်ထားရေဆို?”
ရွှေစိန်အောင် “သူဌီးမဟုတ်ဝေး သူငယ်ချင်း၊ ဒေဂု ခွက်ကိုင်တောင်းစားရကိန်းဆိုက်နီပျာယ်။
ကားနှိပ်စက်စွာကို မပြောကဲ့ဖိ”
သာကျော်အောင် “ယင်းလောက်တောင်လားဝေ” (မယုံချင်ယုံချင် ပြောလိုက်၏။)
ရွှေစိန်အောင် “ကိုယ်တွိဖြစ်လို့ ပြောစွာဝေး… အခု ကားစက်နှိုးလိုက်ကေ ချူးချူးချဲချဲ မမြည်ပျာယ်”
သာကျော်အောင် “ယေကေ ဇာပိုင်မြည်ရေလဲ”
ရွှေစိန်အောင် “ချီးခီ ငှားခီ၊ ချီးခီ ငှားခီ” လို့ရာမြည်ပျာယ်။
သာကျော်အောင် “ဟား ဟား ဟား”
ရွှေစိန်အောင် “ကားထွက်ဖို့ ဟွန်းတီးကေ ပီပီ လို့မကြားပျာယ်”
သာကျော်အောင် “ယေကေ ဇာပိုင်ကြားရေလဲ”
ရွှေစိန်အောင် “ပေါင် ပေါင်” လို့ရာမြည်ပျာယ်ဝေး။
(မျိုးသာဂီ)
Wednesday, May 13, 2009
ကဇူးကိုင်းပုံပြင်
ကဇူးကိုင်းပုံပြင်
----------------
"သီချင်ကေ စိန်မစားကဲ့၊ ကဇူးကိုင်းကိုလား" ဆိုရေစကားကို အချေခါကြားဖူးနားဝ ဟိခပါယင့်။ စုန်းပေါသည်ဟုသတင်းကြီးသော ကဇူးကိုင်းရွာသို့ ကိုယ်တိုင်ရောက်သောအခါ...။
လက်ငါးချောင်းရာ
------------------
"ဆရာနတ်မောင်၊ ဆရာနတ်မောင်.... ဆရာထွန်းမောင်ချေ ငြမ်းစင်ထက်ကလူးကျရေ ဆရာ" ဟု ညည့် (၁၀) ချက်တီးလောက်တွင် အလုပ်သမားတယောက်လာပြောသောကြောင့် အကျွန်ုပ် ချက်ချင်းထလိုက်လားပါသည်။ တွိလိုက်ရသောအခါ အကျွန်ုပ်၏ ချစ်လှစွာသောသူငယ်ချင်း ထွန်းမောင်ချေမှာ မျက်စိပြူးလျှက်၊ ပါးစမှ အမြှုပ်များထွက်ကာ ဂေါင်းတွင်သွီးလူးလူးဖြင့် သီဆုံးလျှက်ဟိကြောင်းတွိလိုက်ရသည်။ အလုပ်သမားတချို့က ကိုထွန်းမောင်ချေသည် ယင်းနိက အရက်သောက်ထားသည်။ အရက်ကြောင့် အသက်ပါဆုံးယှုံးရသည်ဟု အမျိုးမျိုးဝေဖန်လျှက် အသုဘကိစ္စကို ပျင်ဆင်ကတ်ရသည်။ အကျွန်ုပ်လည်း အလုပ်သမား (၄) ယောက်နှင့်အတူ သူငယ်ချင်း၏အလောင်းမှ အဝတ်များကိုလှယ်ရန် အင်္ကျီချွတ်လိုက်သောအခါ အလောင်း၏နောက်ကုန်းတွင် လက်ငါးချောင်းရာ ညိုပုတ်ပုတ်အကွက်ကြီးတကွက်ကို တွိလိုက်ရသည်။ ထိုအညိုကွက်ကြီးသည် သွီးဥသကဲ့သို့ စိုထိုင်းထိုင်းဖြစ်နီသည်။ ဤသည်မှာ သဆီ (ဝါ) မိစ္ဆာများ၏လက်ချက်ဖြစ်ကြောင်း ချက်ချင်းသိလိုက်ရသည်နှင့် အလုပ်သမားများအားမပြောဘဲ ထားလိုက်မိသည်။ သို့နှင့် အသုဘကိစ္စကြောင့် အလုပ်ချူတ်နီသည်တွင် ကဇူးကိုင်းရွာသို့မလားဖြစ်ဘဲ (၃-၄) ရက်ကြာလားသည်။ ကဇူးကိုင်းရွာမှာ ဆောက်လုပ်ရေးဝင်းမှ (၁) မိုင်ခန့်ဝီးပြီး အုပ်ဆိုင်းဆိုင်းတောလမ်းအတိုင်း လမ်းလျှောက်ရသည်။ ထွန်းမောင်ချေနှင့် ထိုင်နီကျ ရွာလယ်လဖက်ရည်ဆိုင်မှ ကုလိမ္မေချေတိကို သံသယမကင်းသော်လည်း လွမ်းလျှက်ဟိသည်။
ညီအေးမငါးဖော်
------------
လဖက်ရည်ဆိုင်တွင် ညီအေးမငါးယောက်ဟိသည်။ အငယ်ဆုံးဖြစ်သူ မငယ်မှာ အသက် (၂၀) ဝန်းကျင်ခန့်ဟိပြီး ငါးယောက်လုံးမှာ အသက်ကောင်းမကွာဟုထင်ရသည်။ ရုပ်များမှာ တရုတ်မများ၏မျက်နှာပေါက်ဖြစ်ပြီး မျက်လုံးထောင့်မှာ နီစပ်စပ်နှင့် အကြည့်ရဲရင့်သည်။ အသားအရောင် ဝင်းပစိုပြေသည်။ မှန်အိမ်မှိန်မှိန်ချေရာ ထွန်းထားသော်လည်း ကိုယ်ရောင်ကိုယ်ဝါထွက်သော နတ်သမီးများကဲ့သို့လှသည်ဟုပြောခြင်းထက် ဖိုသတ္တဝါများအား ဆွဲအားဟိသောအသွင်ကိုဆောင်သည်။ လဖက်ရည်ဆိုင်ထဲတွင် မွှီးကြိုင်သောရနံ့တမျိုးဟိသည်။ အကျွန်ုပ်အထင် ထိုကုလိမ္မေချေတိနှိမ်းသော သနပ်ခါးမှ မွှီးခြင်းဖြစ်မည်ဟု မှတ်ချက်ချမိသည်။ အခြားသော လဖက်ရည်လာသောက်သူများအား မတွိရ။ အကျွန်ုပ်ရို့ သူငယ်ချင်းနှစ်ယောက်နှင့် ညီအေးမငါးယောက်ရာဟိသည်။ အကျွန်ုပ်၏မူလဗီဇအတိုင်း ကုလိမ္မေချေများနှင့်တွိက ရယ်စရာများကိုဖောက်သည်ချကာ ပွဲကျလျှက်ဟိသည်။ ကြောက်ရွံ့ခြင်း၊ သံသယဖြစ်ခြင်းအလျှင်းမဟိ။ မြို့ပြနှင့်ဝီးလျှက် အမ်းတောင်တန်း၏အစွန်အဖျား တောင်ဂျိုင်များကြားက ဤဒါးလက်ချောင်းတန်းတားဆောက်လုပ်ရေးတွင် အလုပ်သင်အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းလျှက်ဟိသော ထွန်းမောင်ချေနှင့် အကျွန်ုပ်ရို့၏တခုတည်းသော အပန်းဖြေရာလောကနိဗ္ဗာန်သည်ကား ဤလဖက်ရည်ဆိုင်ပင်တည်း။ အချိန်ပို မဆင်းရသောညဥ့်များတွင် လာထိုင်လေ့ဟိသည်။ မကြာသောအချိန်ကာလအတွင်း မငယ်နှင့်ထွန်းမောင်ချေမှာ အကျီဆိုက်လီကတ်သည်။ ထွန်းမောင်ချေ မသီခင်တရက်မှာ ထူးခြားသောအဖြစ်အပျက်တခု ဖြစ်ပျက်ခသည်။
ချစ်၍သတ်ရသည်
------------------
ညဥ့် (၁၀) ချက်တီးခန့်တွင် ထွန်းမောင်ချေနှင့်မငယ်သည် လဖက်ရည်ဆိုင်နောက်ဖက် အိမ်ခန်းထဲသို့ဝင်လားသည်။ အကျွန်ုပ်မှာလည်း တားရန်မတတ်သာ။ မကြီးကလည်းသဘောတူသည့်အမူအယာပြသည်နှင့် လွှတ်ထားသည်။ သူရို့နှစ်ယောက်တည်း ချစ်ရည်လူးလျှက် (၁) နာရီ ခန့်ကြာသောအခါ ပြန်ထွက်လာကတ်သည်။ ထွန်းမောင်ချေမှာ ညှိုးငယ်သောမျက်နှာနှင့် လဖက်ရည်ဆိုင်တွင်ဆက်မထိုင်ပဲ ချက်ချင်းပြန်ရန်ပြောသည်နှင့် နှုတ်ဆက်ပြီးပြန်လာလတ်ကတ်သည်။ လမ်းတွင်အကျိုးအကြောင်းမီးမြန်းရာ ထွန်းမောင်ချေက မငယ်နှင့်ချစ်ရည်လူးနီစဉ်တွင် အပုတ်နံတထောင်းထောင်းထွက်လျှက်ဟိကြောင်း။ အခန်းထဲသို့ဝင်လားစဉ်က အခန်းထဲတွင် နှစ်ယောက်တည်းဖြစ်သော်လည်း ကျန်အေးမ (၄) ယောက်ပါ လာရောက်ပြုစုသည်ဟု ခံစားရကြောင်း။ အချစ်ရည်လူးပြီးသောအခါ မငယ်မှာ အလွန်နှစ်သက်ကျေနပ်သောအမူအရာကိုပြ၍ တသက်လုံးသူရို့ညီအေးမငါးယောက်နှင့်အတူတူနီရန် ပြောသောအခါမှ သံသယစိတ်ဝင်ကာ ကြောက်ရွံ့မိကြောင်း ယှင်းပြသည်။ နောက်နိတွင် ထွန်းမောင်ချေမှာ မှိုင်တိုင်တိုင်ဖြစ်လျှက် ညဇာဖက် အရက်စကေသောက်ဖြစ်သည်တွင် ညဥ့်အချိန်ပိုဆင်းသောအခါ အလုပ်ခွင်၌ ဤသို့ငြမ်းစင်ထက်မှ လူးကျသီဆုံးရခြင်းဖြစ်သည်။ ဤသည်မှာ ညီမငါးဖော်၏လက်ချက်ရာဖြစ်ရမည်ဟု အကျွန်ုပ်စိတ်ထဲ တပ်အပ်သိနီသည်။
စိန်ခေါ်ခြင်း
-----------
ထွန်းမောင်ချေ၏အသုဘကိစ္စများပြီး၍ နောက်ရက်သတ္တတပတ်ခန့်ကြာသောအခါ ယင်းလဖက်ရည်ဆိုင်သို့ အကျွန်ုပ်တယောက်တည်း ရောက်လားသည်။ ညီမငါးဖော်မှာ အလွန်ပျော်ရွှင်ကျေနပ်၍ တက်ကြွသောမျက်နှာအမူအယာများဖြင့် အကျွန်ုပ်အားဆီးကြိုလျှက်ဟိသည်။ ထွန်းမောင်ချေသီဆုံးလားကြောင်းပြောသောအခါ စိတ်မကောင်းယောင်ပြသည်ကို အကျွန်ုပ် ကောင်းကောင်းရိပ်မိသည်။ ဆိုင်နောက်ဖေးက အိမ်ခန်းထဲလို့လှမ်းကြည့်လိုက်သောအခါ အမှောင်ထဲတွင် ထွန်းမောင်ချေတယောက် ငုတ်စုတ်ထိုင်နီသည်ကို ရုတ်တရက်မြင်လိုက်ရပြီး ချက်ချင်းပျောက်လားသည်။ အကျွန်ုပ်မှာ ကြောက်လည်းကြောက် ဒေါသလည်းထွက်လျှက် သူငယ်ချင်းအတွက် လက်စားချေမည်ဟု ဆုံးဖြတ်လိုက်သည်။ "မငယ်... ကျွန်တော့်သူငယ်ချင်း မကောင်းမိစ္ဆာတိလက်ချက်နန့်သီရစွာ။ ယင်းမိစ္ဆာတိ ကျွန်တော်ရအောင် ပြန်သတ်ဖို့။ စောင့်ကြည့်နီကတ်" ဟုဒေါနှင့်ပြောလျှက် ဆိုင်ထဲမှထွက်လာလတ်သည်။ အိမ်သို့ရောက်သောအခါ ဓါးမျှောင်ကို ဘုရားစင်ညောင်ရီအိုးထဲမှ ရီများဖြင့်ဆီးကြောလျှက် ခေါင်းအုံးအောက်တွင်ထားလိုက်သည်။ အိပ်ရာထက်တွင်လှဲနီယင်း သနားဖို့ကောင်းသော သူငယ်ချင်း၏မျက်နှာကိုမြင်ယောင်ကာ တရားခံကို မည်သို့မည်ပုံဖော်ထုတ်ရမည်ကို စိတ်ကူးကြံစည်လျှက်ဟိသည်။
ဘီလူးစီးခြင်း
------------
အကျွန်ုပ်၏ဘဝတွင် ဤတခါလောက် မိမိ၏အသက်ကို သီခြင်းတရားလက်တွင်းထဲသို့ မျှော်လင့်ချက်ကင်းမဲ့စွာအပ်နှံလိုက်ရသော ဆိုးရွားသောအတွိအကြုံမျိုး တခါလည်းမဟိဖူးပါ။ အိပ်ရာထက်တွင်လှဲနီယင်း အိပ်မွိမကျတကျအချိန်တွင် တန်းခါးဖွင့်လျှက် လူလေးယောက်ဝင်လာသည်။ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ဂျပန်နပန်းသမားများကဲ့သို့ကြီးမားသော အရိပ်မဲမဲကြီးလေးခုသည် အကျွန်ုပ်၏ခြီနှင့်လက်များကို လေးဖက်လေးတန် ချုပ်ကိုင်ထားသည်။ အကျွန်ုပ်လည်း ခြီနှင့်လက်များကို ရုန်းထွက်နိုင်ရန် အစွမ်းကုန်ကြိုးစားသည်။ လှုပ်၍ပင်မရ။ ချွေးပြန်လျှက်ဟိသည်။ သတိဝင်လာ၍ ဘေးအိမ်ကိုအကူအညီတောင်းမည်ဟု ခေါင်းထောင်လိုက်သောအခါ နောက်ထပ်အရိပ်မဲမဲကြီးတခုသည် တန်းခါးပေါက်မှဝင်လာပြီး ထွန်းမောင်ချေမှာလည်း သနားစရာမျက်နှာထားနှင့် နောက်မှမျှောင်၍လိုက်ပါလာသည်။ အော်ချိန်ပင်မရ ထိုအရိပ်မဲကြီးသည် အကျွန်ုပ်၏ခါးကိုခွထိုင်လျှက် လိုင်ဖင်းကိုညှစ်သည်တွင် အော်သော်လည်းအသံမထွက်။ လိုင်ဖင်းပျစ်သောကြောင့် မျက်စိပြူးလျှာထွက်လာသည်။ ကြောက်စိတ်မွှမ်ပြီး အသကုန်ရုန်းသော်လည်း တစိချေလည်း မလှုပ်။ ပကတိ အရိပ်မဲကြီးငါးခု၏ ချုပ်ထားသည့်အတိုင်း ငြိမ်လျှက်ဟိသည်။ ထွန်းမောင်ချေမှာလည်း ကူဖော်မရ။ ဘေးနားကထိုင်၍ ကြောင်တောင်တောင်ကြည့်နီသည်။ အကျွန်ုပ် မည်မျှပင်ရုန်းသော်လည်း မထူး။ လိုင်ဖင်းမှာလည်း ပျစ်သထက်ပျစ်လာသည်။ ပါးစက အမြှပ်များထွက်လာရာ စိတ်ကိုလုံးလုံးလျှော့ချလိုက်ပြီး ဤအတိုင်းငြိမ်ခံလိုက်သည်။ အလိုဟိသမျှ လုပ်ကတ်ဖိ။ သီခြင်းကိုရင်ဆိုင်ရသောအခါ ဗုဒ္ဓမြတ်စွာဘုရားကိုအောက်မိလျှက် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ” စိတ်ထဲ တိုးတိုးချေရွတ်ဆိုလိုက်သည်။
တရားခံသိပျာယ်
---------------
ထိုသို့ ရွတ်ဆိုလိုက်သည်နှင့်တပြိုင်နက် အကျွန်ုပ်၏ခန္ဓာကိုယ်မှာ ပေါ့ပါးလားသည်။ အရိပ်နက်များအားလုံးနှင့် ထွန်းမောင်ချေပါ နီးစပ်ရာပြတင်းပေါက်များမှ ခုန်ထွက်ပြီးလားကတ်သည်။ အကျွန်ုပ်လည်း အလွတ်မပီး ညာဖက်လက်ကို ခေါင်းအုံးအောက်သို့ထည့်၍ ဓါးမြှောင်ကိုဆွဲထုတ်လိုက်ပြီး နောက်ဘိတ်ဆုံးမြင်ရသော အရိပ်မဲမဲကြီးကိုလှမ်းပေါက်လိုက်ရာ လက်မောင်းကိုစိုက်ဝင်လားသည်တွင် ဓါးတန်းလန်းနှင့်ထွက်ပြီးလားသည်။ အရိပ်တွင် ဓါးစိုက်ဝင်နိုင်သည်မှာ မှော်ဆရာတဦးပြောဖူးသည့်အတိုင်းပင် ဘုရားညောင်ရီအိုးမှရီများဖြင့် ဆီးထားသောကြောင့်ဖြစ်သည်နိုင်သည်။ အကျွန်ုပ်လည်း တရားခံကို နောက်နိသိရပျာယ်ဟု ကျေနပ်မိသည်။ ယင်းနိက ကြောက်စိတ်ဖြင့်အိပ်မပျော်ပဲ ညဥ့်လုံးပေါက်ထိုင်၍မိုးလင်းသည်။ မိုးလင်းသောအခါ ကဇူးကိုင်းရွာဖက်သို့ ထွက်လာလတ်သည်။ ရွာလယ်သို့ရောက်သောအခါ လဖက်ရည်ဆိုင်ကိုရှာမတွိပဲ ယင်းနီရာတွင် ဗောဓိပင်ကြီးတပင်နှင့် ရီကန်ပျက်တခုကိုရာ တွိရသည်။ ရွာမှာ အိမ်ပေါင်း (၃၀) ခန့်ဟိပြီး လမ်းတလမ်းရာဟိသောကြောင့် မှားနိုင်စရာအကြောင်းမဟိ။ ဝါကြီးအိုကြီးတလုံး ထိုင်၍ဆီးလိပ်ဖွာသောက်နီသည်ကိုတွိသောကြောင့် လား၍မီးကြည့်သည်။
“အဖိုး ... အေနားက လဖက်ရည်ဆိုင် ဇာသို့ရောက်လားပါရေလဲ”
“အဝေး... မောင်ချေ... အေရွာမှာ လဖက်ရည်ဆိုင်က မဟိကာ”
“အဖိုး ... ကျွန်တော် ညကညဥ့်ခါကတောင် ရောက်ခပါသိမ့်ရေ... ညီအေးမငါးယောက်ဟိပါရေ ယင်းဆိုင်မှာ”
“အဝေး.. မောင်ချေ... ညီမငါးဖော်နန့် မင်းတွိခပျာယ်ထင်ရေ.... ယင်းစုန်းမငါးယောက်ကို တွိဖူးလူ.. အသက်ရှင်ရေလို့မဟိဝေး... မင်းသတိနန့်ရာ နီလီဖိ”
ယင်းပိုင်ပြောသောအခါ အကျွန်ုပ်မှာ ကြက်သိမ်းဖြိမ့်ဖြိမ့်ထလားသည်။ ဆောက်လုပ်ရေးသို့ အယင်ပြန်လာလတ်ပြီး ယင်းနိတွင်းချင်းပင် အလုပ်မှနှုတ်ထွက်ကာ ကြုံရာကားဖြင့် မင်းပြားသို့လိုက်ပါလာလတ်သည်။
ကဇူးကိုင်းသို့ ကိုယ်တိုင်ရောက်ဖူးသောအခါ အသင်သိပါလိမ့်မည်။
(နတ်မောင်)
Monday, May 11, 2009
မမတိနန့် လားမပြိုင်ကဲ့
မမတိနန့် လားမပြိုင်ကဲ့
---------------------
တခါက လင်သယ် ကုန်းထက်ကို တနားတပိုအိပ်ဖို့ တက်လားရေခါ၊ မယားသယ်က ငါးဖမ်းဘုတ်ကို ရီထဲချပနာ ကမ်းနန့် အင်တန်ချေလောက်အ၀ီးမှာ ကျောက်ချပနာ စာဖတ်နီပါရေ။
ရီကန်စောင့် လုံခြုံရေးက ဘုတ်နန့် ရောက်လာပနာ
"ဇာလုပ် နိန်စွာပါရေလဲ" လို့ မီးလိုက်တေ။
"အကျွန် စာဖတ်နီစွာပါ"
"အေချင့် တားမြစ်နယ်မြီဆိုစွာကို သိပါရေလား။"
"အကျွန် ငါးမျှားနီစွာမဟုတ်ပါ။ စာဖတ်နီစွာပါ။"
"ယေကေလည်း ဘုတ်ထဲမှာ ငါးဖမ်းကရိယာ အစုံအလင် ပါနီရေအတွက်နန့် အချိန်မရွီး ငါးဖမ်းနိုင်ပါရေ။ တာဝန်အရ ဒဏ်ရိုက်ရပါဖို့"
"စာဖတ်နီစွာကို ဒဏ်ရိုက်ပါဖို့လား"
"အေချင့် တားမြစ်နယ်မြီ ဖြစ်နီလို့ပါ"
"အကျွန် ငါးမျှားနီစွာ မဟုတ်ပါ။ စာဖတ်နီစွာပါ"
"ယေကေလည်း ဘုတ်ထဲမှာ ငါးဖမ်းကရိယာ အစုံအလင် ပါနီရေအတွက်နန့် အချိန်မရွီး ငါးဖမ်းနိုင်ပါရေ။ တာဝန်အရ ဒဏ်ရိုက်ကို ရိုက်ရပါဖို့"
"ယင်းပိုင်ဆိုကေ အကျွန်လည်း အခင့်ကို ကာမစော်ကားမှုနန့် တိုင်ရပါဖို့"
"ယာ မချေ။ နင့်ကိုငါ တိုက်တောင် မတိုက်သိမ့်ကာ"
"ဟုတ်ပါရေ။ ယေကေလည်း အခင့်မှာ ကရိယာ အစုံအလင် ပါနီပါရေ။ အခင် အချိန်မရွီး စနိုင်ရေဆိုစွာကို အကျွန်သိနီပါရေ"
"ကောင်းယင့် မချေ။ အားလုံးကို ဂရုစိုက်ပါ" ဆိုပနာ ရီကန်စောင့်လုံခြုံရေးစွာ အနားက ချက်ချင်းထွက်ပြီးလားခပါရေ။
(စံဂိုးအောင်)
Sunday, May 10, 2009
လဖက်ရည်ခွက်အထိုင်
အယင် ကွန်ပျူတာတိပေါ်စက မောင်ကောင်းစံရို့ နယ်တကာလှည့်ပနာ ကွန်ပျူတာရောင်းခပါရေ။ တနှစ်အာမခံနန့် ပျင်လည်း ပျင်ပီးပါရေ။ တရက်နိ နယ်ဖောက်သယ်တယောက်က ဖုန်းဆက်လာပါရေ။
ဖောက်သယ်။ ။ ဟဲလို၊ ကျွန်တော် ကွန်ပျူတာပျင်ချင်လို့ပါ။
ကောင်းစံ။ ။ ရပါရေ။ ဇာပိုင် ပျက်စွာလဲ ပြောပြပါ။
ဖောက်သယ်။ ။ ကကောင်း ကြီးကြီးကျယ်ကျယ်တော့ခါ မဟုတ်ပါ။ လဖက်ရည်ခွက်အထိုင် ပျက်လားစွာလောက်ပါရာ။
ကောင်းစံလည်း ခေါင်းနောက်လားပါရေ။ ကွန်ပျူတာမှာ လဖက်ရည်ခွက်အထိုင် ပျက်လားပါရေလတ်။ ဇာခါကများ တပ်ပီးလိုက်ပါရေလဲ။
ကောင်းစံ။ ။ ဇာခါက ၀ယ်စွာပါလဲ။
ဖောက်သယ်။ ။ အယင်နှစ် နတ်တော်လကပါ။
ကောင်းစံ။ ။ ယင်းအချိန်မှာ ကျွန်တော်ရို့ ကွန်ပျူတာမှာ လက်ဆောင်ပစ္စည်းတိ မတပ်ပီးပါ။ ဇာနီရာက ၀ယ်စွာလဲမသိပါ။
ဖောက်သယ်။ ။ ကျွန်တော်ကိုယ်တိုင် အကိုရို့ဆိုင်က လာဝယ်စွာပါ။
ကောင်းစံ။ ။ ကောင်းပါပျာယ်။ ယင်း လဖက်ရည်ခွက်အထိုင်က ဇာနားမှာ တပ်ထားစွာပါလဲ။ ဇာတစိပ် ကပ်ထားပါရေလဲ။
ဖောက်သယ်။ ။ တနားချေပါနန်း။ ကျွန်တော် တချက် ကြည့်လိုက်ပါမည်။
ရပါပျာယ်။ ယင်း လဖက်ရည်ခွက်အထိုင်က လေးထောင့်ဗုံး ရှိဖက် အထက်နားမှာ ဟိပါရေ။ ခလုတ်ချေကိုနှိပ်လိုက်ကေ လဖက်ရည်ခွက်အထိုင်က ရှိဖက်ကို ထွက်လာပါရေ။ အလယ်မှာ လဖက်ရည်ခွက်နန့်ကွက်တိ အပေါက် ဖောက်ထားပါရေ။ လဖက်ရည်ခွက် မထည့်ချင်ဆိုကေ နောက်တခေါက် ယင်းခလုတ်ကို နှိပ်လိုက်ပါ။ ပြန်ဝင်လားပါရေ။ တချက်ချေပါ။ တစိပ်ကို ကြည့်လိုက်ပါမေ။ 4X လို့ ရွီးထားပါရေ။
အဘာလေး သီပျာယ် မလားဂု။ CD Drive ကို လဖက်ရည်ခွက် ထည့်စွာဆိုပနာ အေလူသုံးလာစွာ ဇာလောက်ကြာလားပျာယ်လဲ မသိ။
(စံဂိုးအောင်)
Saturday, May 9, 2009
ရခိုင်စစ်မျက်နှာ အင်္ဂလိပ်မြန်မာပထမစစ်ပွဲ
ရခိုင်စစ်မျက်နှာ အင်္ဂလိပ်မြန်မာပထမစစ်ပွဲ
----------------------------------------------
၁၈၂၄ ခု မေလ (၅) ရက်နိ ဘုရင်ခံချုပ်စစ်မကြေငြာခင်ကပင် ရခိုင်အာသံစစ်မျက်နှာ၌ အနီအထားမှာ တင်းမာလျှက်ဟိသည်။ ၁၈၂၃ ခု စက်တင်ဘာလ (၂၃) ရက်နိတွင် သျှင်မဖြူကျွန်း၌ အင်္ဂလိပ်တပ်စိပ်တစိပ်ကို စခန်းချထားသည်။ ထိုစခန်းကို မြန်မာများသိမ်းပိုက်ပြီး အင်္ဂလိပ်တပ်သားအများအပြားသီဆုံးကတ်ရသည်။ များမကြာ အင်္ဂလိပ်တပ်များက သျှင်မဖြူကျွန်းကို အခုအခံမဟိပြန်သိမ်းနိုင်သော်လည်း အာသံစစ်မျက်နှာ၌ အနီအထားမှာ ဆိုးရွားနီပြီးဖြစ်သည်။ ၁၈၂၄ ခုနှစ် အစောပိုင်းတွင် မြန်မာဗန္ဓုလတပ်များက အင်အားစုဆောင်း၍ သျှင်မဖြူကျွန်းအားပြန်လည်သိမ်းပိုက်လိုက်သည်။ အင်္ဂလိပ်ဖက်က အကျအဆုံးများစွာဟိသည်။ မောင်တောကမ်းဖက်တွင်လည်း အရှိအိန္ဒိယကုမ္ပဏီမှ အရာဟိတဦးနှင့် ဗိုလ်တဦးအလည်ဖိတ်ခေါ်ပြီး ဖမ်းဆီးခြင်းခံရသည်။ ဗန္ဓုလက သဘောမတူသဖြင့် သူရို့နှစ်ဦးအား ချက်ချင်းပြန်လွှတ်လိုက်သည်။ မြန်မာဖက်က တောင်းပန်ခြင်းတစုံတရာမပြုလုပ်ပေ။ စသောစသောအကြောင်းရင်းများမှာ ရခိုင်စစ်မျက်နှာ၌ အင်္ဂလိပ်မြန်မာပထမစစ်ဖြစ်ရခြင်းအကြောင်းရင်းဖြစ်သည်။
မြန်မာများက ဘင်္ဂလားတနယ်လုံးကိုသိမ်းပိုက်ရန် တာစူလျှက်ဟိသည်။ သို့ဖြင့် ဗန္ဓုလသည် မြောက်ဦး၌ အင်အားစုဆောင်းလျှက်ဟိသည်။ ထိုအချိန်တွင် ဗြိတိသျှတပ်အင်အားမှာ ဘင်္ဂလားတပ်ဦး၌ (၃၀၀၀) ကျော်ခန့်ဟိသည်။ ရခိုင်တပ်စိတ်တစိပ်လည်း ရာမူး (ပန်းဝါ) တွင် တပ်စွဲချထားသည်။ ထိုအချိန်၌ ဗန္ဓုလမှာ မြောက်ဦးတွင် တပ်စွဲလျှက်ဟိသည်။ သို့သော် ရှိတန်းတွင် သူ၏တပ်များကို အတွင်းဝန်မောင်ဝအားဦးစီးခိုင်းထားသည်။ သူ၏တပ်များမှာ ဘူးသီးတောင် လက်ဝဲဓါတ်အလွန် အလယ်သံကျော်ဆိပ်ထိတပ်ဖြန့်ထားသည်။ ၁၈၂၄ ခုနှစ်မေလတွင် မြန်မာတပ်များ နတ်မြစ်အားဖြတ်ကူးကြောင်း မြစ်ကမ်းနဖူးတွင်တပ်စွဲထားသော ဗြိတိသျှတပ်စုတစုက သတင်းပီးပို့သည်။ အများမကြာ (ပင်းဝါ) တောင်ဖက် ရတ်နာပလောင်အားမြန်မာတပ်များသိမ်းပိုက်လိုက်သည်။ ထိုအချိန်တွင် ကပ္ပတိန်နိုတင်မှာ ပင်းဝါတွင် တပ်စွဲလျှက်ဟိသည်။ ကပ္ပတိန်နိုတင်က တပ်သားအချို့ကို ရာမူးတွင်ချန်ထားခပြီး ရခိုင်တပ်သား (၁၀၀) ကျော်နှင့် မြန်မာများကိုတိုက်ခိုက်ရန် မေလ (၁၁) ရက်နိညဇာသားတွင် ရတ်နာပလောင်သို့ စတင်ထွက်ခွာသည်။ မြန်မာများက တောင်ကုန်းများထက်တွင် တပ်စွဲထားသည်။ ချီတက်ရာလမ်းကြောင်းကို သေနပ်များပစ်ဖောက်၍ အနှောက်အယှက်ပီးသည်။ ရတ်နာပလောင်အရောက်တွင် ညလုံးပေါက်တိုက်ပွဲဖြစ်သည်။ ဗြိတိသျှဖက်က သယ်ဆောင်လာသော ခဲယမ်းလက်နက်နှင့် သေနပ်ကြီး (၂) လက်ဆုံးယှုံးသည်။ လက်နက်သယ်ဆောင်သော ဆင်မောင်းသမားမကျွမ်းကျင်သောကြောင်းလည်းဖြစ်သည်။ ကပ္ပတိန်နိုတင်က (ရ) ယောက်သီဆုံး၊ (၁၁) ပျောက်ဆုံးဖြင့် နောက်ဆုံးတွင် ရာမူး (ပင်းဝါ) သို့ ဆုတ်ခွာလာရသည်။ တိုအချိန်တွင် ဗြိတိသျှဖက်မှာ တပ်ခွဲသုံးခွဲ ပင်းဝင်တွင်တပ်ဖြည့်လာသည်။
မေလ (၁၃) ရက်နိတွင် မြန်မာများသည် အောင်ပွဲကြောင့်အတင့်ရဲလာပြီး ပင်းဝါတဖက်ကမ်းထိရှိတိုးလာသည်။ ရွာများကိုမီးလျှို့၊ ကျွဲနွားများကိုသတ်ဖြတ်သည်။ မြန်မာအင်အားမှာ လူတသောင်းကျော်ခန့်ဖြစ်သည်။ သို့သော် ကပ္ပတိန်နိုင်တင်အောက် အင်အားမှာ ပုံမှန် (၃၅၀)၊ ဆွဲသုံး (၂၅၀) နှင့် ရခိုင်တပ်သား (၄၅၀) ခန့်ရာဟိသည်။ အင်အားမှာအလွန်အမင်းကွာသော်ငြားလည်း စစ်တကောင်းက စစ်ကူရောက်လာမည်ကိုထောက်၍ ကပ္ပတိန်နိုတင်က နောက်မဆုတ်ဘဲ ပင်းဝါအားဆက်လက်ထိမ်းထားရန် ဆုံးဖြတ်သည်။ မေလ (၁၄) ရက်နိတွင် လက်နက်ကြီး (၆) လုံးဖြင့် မြန်မာတပ်များ ချောင်းကိုမကူးနိုင်အောင် ခံပစ်ထားသည်။ သို့သော် မြန်မာများက ချောင်းဖျားပိုင်းမှနီ၍ မြစ်ကိုဖြတ်ကူးလားနိုင်ပြီး ဗြိတိသျှတပ်များ တပ်စွဲထားရာဝန်းကျင်ထိ ရောက်ဟိလာသည်။ မေလ (၁၆) ရက်နိတွင် မြန်မာတပ်များရှိတိုးလာပြီး တရက်လုံးတိုက်ပွဲဖြစ်သည်။ ကပ္ပတင်နိုတင်က နောက်ဆုတ်ရန်ဆုံးဖြတ်သော်လည်း နောက်နိတွင် တပ်ကူရောက်လာမည်ကိုသိ၍ ဆက်လက်တပ်စွဲထားသည်။ တိုက်ပွဲမှာ တရက်နှင့် တမွန်းတည့်ဖြစ်သည်။ မြန်မာတပ်များကလည်း တပ်ကူရောက်လာပြီး ခံကတုတ်နှင့် ကိုက် (၃၀) အကွာထိရောက်လာသည်။ မိုးထက် (၉) ချက်တီးခန့်တွင် ရခိုင်နှင့် ဆွဲသုံးတပ်များက နောက်ဆုတ်လာလတ်သည်။ ဆင်များလည်းကြောက်ပြီးထွက်ပြီးကုန်သည်။ ကပ္ပတိန်နိုတင်က လူအင်အား (၄၀၀) ဖြင့် ဆက်လက်ထိမ်းထားရန် မဟန်မှန်းသိသောအခါ တပ်ဆုပ်ရန်ဆုံးဖြတ်လိုက်သည်။ လက်နက်များစွာ နောက်ချန်ထားခရသည်။ တမိုင်ခန့်လောက်ရာ စနစ်တကျဆုတ်ခွာနိုင်သော်လည်း ချောင်းအကူးတွင် လွယ်ကူအောင် လက်နက်ခဲယမ်းများစွာကို စွန့်ပစ်လိုက်ရသည်။ မြန်မာတပ်များကလည်း နောက်မှာ ထပ်ကြပ်မကွာလိုက်သည်။ တပ်အားလုံးဖရိုဖရဲဖြစ်ကုန်သည်။ ကျဆုံးအင်အားမှာ (၂၅၀) ခန့်ဖြစ်ပြီး အသားဖြူအရာရှိ (၆) ဦး၊ အန္ဒိယကုလားအရာရှိ (၃) ဦးအနက် (၃) ယောက်ရာအသက်ရှင်သည်။ ထိုသုံးယောက်အသင်ရှင်သည်တွင်လည်း (၂) ယောက်က ဒါဏ်ရာနှင့်ဖြစ်သည်။ မြန်မာများက ပင်းဝါကိုသိမ်းပြီး ရှိသို့မိုင် (၂၀) ခန့်အကွာ စုက္ကရာထိချီတက်လာသည်။ ဒေသခံများက အလွန်အမင်းစိုးရိမ်ပူပင်လျှက်ဟိသည်။
သို့သော် မြန်မာများ ပင်းဝါကိုသိမ်းပိုက်ချိန်တွင် ဗြိတိသျှတပ်များက ရီကြောင်းအားဖြင့် မာန်အောင်ကို ၀င်ရောက်သိမ်းပိုက်သည်။ မေလ (၁၂) ရက်နိတွင် မာန်အောင်မြို့သို့အ၀င်ချောင်းထိ တပ်ထောက်များရောက်လာသည်။ လောင်းသမ္ပာန်တစီးအား ကုန်သည်ယောင်ဆောင်ပြီး မာန်အောင်မြို့ထဲဖက်သို့ ရန်သူမြန်မာတပ်အနီအထားကိုစုံစမ်းရန်လွှတ်လိုက်သည်။ မေလ (၁၄) ရက်နိတွင် လူအင်အား (၃၀၀) ခန့်ဖြင့် ချောင်းအတိုင်းဝင်၍ မာန်အောင်မြို့ကိုတက်သိမ်းသည်။ ပထမ ရှိတန်းစခန်းထောက်ကိုသိမ်းပြီး ဒုတိယ စခန်းကိုပြန်သိမ်းသည်။ မေလ (၁၉) ရက်နိတွင် ကြောက်ပြီးထွက်ပြီးရန်ကြံသော မြန်မာမြို့ဝန်အား လမ်းတွင် ကင်းထောက်တပ်ခွဲက ဖမ်းမိသည်။ ကျွန်းကိုထိမ်းရန် တပ်ရင်း (၂၀) အားချန်ထားခပြီး ကျန်တပ်အင်အားဖြင့် ရန်ကုန်သိမ်းရန် ဆက်လက်ချီတက်သည်။ ဗြိတိသျှတပ်များက ရန်ကုန်ကိုဝင်သိမ်းသဖြင့် ဗန္ဓုလရခိုင်မှ ဆုတ်ခွာရသည်။ မောင်တော၊ လက်ဝဲဓါတ် ရှိတန်းစစ်မျက်နှာတွင် တပ်အင်အားအနည်းငယ်မျှရာချန်ထားခသည်။ ပင်းဝါစစ်ပွဲတွင် မြန်မာဖက်က (၂၀၀) ခန့်ဒါဏ်ရာရသည်။ သို့သော် ဗြိတိသျှ၏အဖမ်းအဆီးခံရကာ သတင်းပေါက်ကြားမည်စိုးသဖြင့် အားလုံးကို အစတုန်းသတ်ဖြတ်လိုက်သည်။ ၁၈၂၄ မိုးရာသီတွင် ရာသီဥတုအနီအထား၊ သဘာဝအနီအထားများကြောင့် စစ်တိုက်ရန်မဖြစ်နိုင်သဖြင့် စစ်ဆင်မှုကို ခေတ္တရပ်ဆိုင်းထားရသည်။ မိုးရာသီကုန်သည်နှင့် ရခိုင်ကိုသိမ်းရန်အမိန့်ရသည်။ အဓိကဦးတည်ချက်မှာ မြောက်ဦးသို့ချီတက်ရန်နှင့် ယင်းတွင်တပ်စွဲထားသော မြန်မာတပ်ကို တိုက်ခိုက်ရန်ဖြစ်သည်။ ဒီဇင်ဘာလတွင် စစ်ဆင်မှုအစပြုသည်။ ရခိုင်သိမ်းမည့်တပ်အင်အားမှာ (၉၉၃၂) အင်အားဟိသည်။ ဘင်္ဂလားမြင်းစီးတပ်သား (၆၀၀) ၊ အမြောက်တပ် (၆၅၀) ၊ ရခိုင်တပ် (၅၅၃) နှင့် ရှိတန်းထိုးဖောက် (၆၄၉) ယောက်အပါအ၀င်ဖြစ်သည်။ တပ်ရင်းစစ်ဆင်မှုကို ဗိုလ်မှုးချုပ် (Brigadier General Morrison) က ဦးစီးသည်။ နိုင်ငံရေးအကြံပီးအဖြစ် စစ်တကောင်းခရိုင်ဝန်တရားသူကြီး (District Magristrate of Chittagong, Robertson) ကလိုက်ပါပြီး ရော်ဘတ်ဆင်နှင့်အတူ ရခိုင်သားအနည်းငယ်လိုက်ပါသည်။ ၁၈၂၅ ခု ဇန္န၀ါရီလ (၁) ရက်နိတွင် စစ်ဆင်မှုစသည်။ ဖေဖ၀ါရီလ (၁) ရက်နိတွင် မောင်တောကိုစသိမ်းသည်။ ရခိုင်သားများက မြန်မာကိုကြောက်၍ ဗြိတိသျှများအားကူညီရန် တွန့်ဆုတ်လျှက်ဟိသည်။ ထို့ကြောင့် မြန်မာများအားအကူအညီမပီးရန်သတိပီးရသည်။ ဖေဖ၀ါရီလ (၁၂) ရက်တွက် ဆက်လက်ချီတက်ရန် လုပ်ငန်းစတင်သည်။ ရာသီဥတုဆိုးဝါးသဖြင့် လက်နက်ခဲယမ်းတင်သင်္ဘောတစီး လက်နက်ခဲယမ်းများစွာဆုံးယှုံးရသည်။ လူသီလူပျောက်မဟိ။ (၂၀) ရက်နိတွင် ကုန်းကြောင်းချီလာသောတပ်များ အငူမော်သို့ရောက်သည်။ သို့သော် ဖေဖ၀ါရီ (၂၇) ရက်နိတိုင်အောင် ရီကြောင်းချီမည့်တပ်များကို စုစည်းမရဖြစ်နီသည်။
ချောင်းဖီလာတွင် ဗြိတိသျှတပ်များအနည်းငယ်အထိနာသည်။ စစ်တွေတဖက်ကမ်း ဆင်တော်မော်တွင်တပ်စွဲထားသော မြန်မာများအား မောင်းထုတ်လိုက်နိုင်သည်။ ရီကြောင်းချီသည့်သင်္ဘောများကို ပိန္နချောင်းရွာသူကြီးက လမ်းပြသည်။ ကုလားတန်မြစ်ကြောင်းအတိုင်းချီ၍ ပုဏ္ဏားကျွန်းတဖက် ကြိမ်ချောင်းဝတွင် တပ်ချသည်။ ဖေဖ၀ါရီလ (၂၁) ရက်နိတွင် ကုလားတန်မြစ်တလျှောက် စစ်သင်္ဘော (၁၀၀) ခန့်နှင့် မြန်မာတပ်အင်အား (၂၀၀၀) ခန့်ဟိကြောင်းသတင်းရသည်။ ဗိုလ်ချုပ်က လူတင်စစ်သင်္ဘော (၈) စီးနှင့် လက်နက်တင် (၅) စီး လူအင်အား (၄၅၀) အား စတင်စေလွှတ်သည်။ စစ်တွေမြောက်ဖက် (၂၈) မိုင်အကွာ ချောင်းဖီလာတွင် မြန်မာများအခိုင်အမာ တပ်စွဲထားကြောင်းသတင်းရဟိသည်။ တပ်အင်အားမှာ (၁၀၀၀) ခန့်မျှဟိမည်ဖြစ်ကြောင်းခန့်မှန်းရသည်။ သို့သော် မြောက်ဦးသို့ချီရာလမ်းကြောင်း နှောင့်အယှက်မဖြစ်စီရန် ချောင်းဖီလာမြန်မာတပ်ကို ဦးစွာပထမခြီမှုန်းပစ်ရမည်ဖြစ်သည်။ ဖေဖ၀ါရီလ (၂၃) ရက်နိတွင် ချောင်းဖီလာမြန်မာတပ်ကို စမြင်ရသည်။ သို့သော် တပ်အင်အားမှာ ခန့်မှန်းသည်ထက် ပိုများနီသည်။ ဗြိတိသျှတပ်များအား မြန်မာကင်းထောက်စခန်းနှစ်ခုမှ သေနပ်များပစ်ဖောက်သည်။ မြန်မာများက သေနပ်များပစ်ဖောက်နီသဖြင့် ကမ်းတက်မရဖြစ်နီသည်။ နှစ်နာရီခန့် အပြန်အလှန်သေနပ်များပစ်ဖောက်ပြီးနောက် တပ်ရင်းဗိုလ်ချုပ်က ချောင်းအတိုင်းစုန်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ဖြားရီတက်တွင် သင်္ဘောသုံးစီးကမ်းကပ်လိုက်သည်။ အချိန်မှာ ညဇာသား (၅) ချက်တီးခန့်ဖြစ်သည်။ ကမ်းကပ်ချိန်မှာ မိုးထက်သား (၅) ချက်တီးထိဖြစ်သည်။ သို့သော် အစောပိုင်းတိုက်ပွဲတွင် မြန်မာဖက်က အထိနာထားသဖြင့် အနှောင့်အယှက်တစုံတရာမဟိ။ ဗြိတိသျှဖက်မှ (၄) ယောက်ကျ၊ (၃၁) ယောက်ဒါဏ်ရာရသည်။ နောက်ပိုင်း ၄င်းတောင်ဖီလာစခန်းအားတက်သိမ်းရန်အစီအစဉ်ကို ဖျက်လိုက်သည်။
ဗိုလ်ချုပ်ရော်ဘတ်ဆင်က ရီကြောင်းချီလျှင် နှေးသည်ကတကြောင်း၊ ချောင်းဖီလာနှင့် အငူမော်တွင်တပ်စွဲထားသော မြန်မာများကကြားဖြတ်အတိုက်ခံရမည်ကိုသတိထား၍ ကုန်းကြောင်းချီရန်ဆုံးဖြတ်ပြီး ဟင်းခရွာချောင်းတောင်ဖက်နှင့် အရှိကမ်းမှ ကုန်းကြောင်းစချီသည်။ သို့သော် ချောင်းမြောင်းအလွန်များသဖြင့် မြောက်ဦးတရောက်ချီတက်ရန်မလွယ်။ တချို့နီရာများတွင် တောတောင်များကလည်း ကန့်လန့်ဖြတ်ထားသည်။ သို့သော် ရာသီဥတုမှာ ပူသော်လည်းကောင်းသည်ဟုဆိုရမည်။ ချောင်းများမှာ အညာရီကြီးခြင်းမဟိ။ ဒေသခံများနှင့်လည်း အဆင်ပြေသည်။ မတ်လ (၂၀) ရက်နိတွင် ဟင်းခရွာချောင်းက စဖြတ်သည်။ (၂၄) ရက်နိ စပါးထားချောင်းကမ်းထောင့်တွင် စခန်းချသည်။ ရန်သူမြန်မာတပ်များက ရှိ (၂) မိုင်အကွာ ပါးတော်တောင်တွင် တပ်စွဲထားသည်။ သို့သော် ကုန်းကြောင်းချီလာသောတပ်များသည် စစ်တကောင်းက စထွက်လာကတည်းက မည်သည့်အခက်အခဲမျှမဟိ။ (၂၅) ရက်နိတွင် ရှိတန်းတပ်ခွဲတခုက စပါးထားချောင်းနှင့် ၀ါးပြိုင်ချောင်းကို စဖြတ်ကူးသည်။ (၂၆) ရက်နိတွင် တပ်ရင်းတခုလုံးကူးဖြတ်သည်။ ချီတက်ရာတွင် လမ်းကြောင်း (၄) ခုခွဲ၍ ချီတက်သည်။ လက်ဝဲဖက်တွင် သင်္ဘောဖြင့်ချီတက်သည်။ အခက်အခဲဟိသည်မှာ ဆင်ဖြူတောင်ချောင်းရီတိမ်သဖြင့် အခက်ကြုံရသည်။ တပ်ရင်းက ချောင်းကမ်းနားယောင် ကုန်းကြောင်းချီသည်။ ပါးတော်တောင်တွင် တနာရီလောက်တိုက်ပွဲဖြစ်ပြီးသည်နှင့် မြန်မာတပ်များထွက်ပြီးလားကတ်သည်။ သို့သော် တောတောင်ထူထပ်သဖြင့် ရှိဆက်ချီတက်ရန် အနည်းငယ်ကြန့်ကြာနီသည်။ ဖြားကျသည်နှင့် ဇီးဇာချောင်းကိုဖြတ်သည်။ ထိုအချိန်တွင် မြန်မာတပ်များက ချောင်းဖီလာစခန်းကို စွန့်ခွာပြီးဖြစ်သည်။ ယခုအခါ မြန်မာတပ်များက မြောက်ဦးတောင်ဖက် (၁၀) မိုင်အကွာ မဟာထီးတွင် တပ်စွဲထားသည်။ လောင်းကြက်ချောင်းက ဘက်သုံးတန်ကာဆီးထားသည်။ ကမ်းထောင်းက စောက်သည်။ တောင်ကုန်းက ခံတပ်ဖြစ်နီသည်။ မြန်မာတပ်စိပ်တစိပ်က ဗြိတိသျှတပ်နှင့်ရှိဆိုင် တဖက်ကမ်းတွင် တပ်စွဲထားသည်။ (၂၇) ရက်နိ မိုးထက်စောစောမြုံစဲသည်နှင့် တပ်မဟာ (၄၄) မှ တပ်ခွဲသုံးခွဲက တဖက်ကမ်းမှ ရန်သူအားစတင်တိုက်ခိုက်သည်။ ပြောင်းအမြောက်များစွာပစ်ဖောက်ပြီးနောက် ဖြားရီကျတွင် ချောင်းကိုဖြတ်သည်။ နောက်ထပ် ပြင်းပြင်းထန်ထန်ခုခံမှု တစုံတရာမဟိဘဲ မဟာထီးကို သိမ်းပစ်နိုင်သည်။ ယခုအခါ မြောက်ဦးနှင့်ခရီးများစွာ မကွာဝီးတော့ပေ။ မြင်းတပ်ဖွဲ့ကလည်း မြန်မာများ တန်းထားများကိုမဖျက်ဆီးမှီ အချိန်မှီမောင်းနှင်ထုတ်နိုင်လိုက်သည်။ မဟာထီးနှင့် မြောက်ဦး ကျောက်ခင်းလမ်းဟိသည်။ မတ်လ (၂၈) ရက်နိတွင် ပရိန်သို့ရောက်သည်။ ပရိန်မှာ မြောက်ဦးသို့ဝင်ရန် အရှိတန်းခါးပေါက်နှင့် အနီးဖြစ်သည်။ မြန်မာများက ပေ (၃၅၀) (၄၅၀) အမြင့်ဟိသော တောင်တန်းတလျှောက် ကွက်ကြားကွက်ကြား ခံတပ်ချထားသည်။ မြောက်ဖက်တွင်လည်း လူ (၃၀၀၀) ဖြင့် တပ်စွဲထားသည်။ မြန်မာတပ်စုစုပေါင်းအင်အားမှာ (၉၀၀၀) ခန့်ဟိမည်ဟု ခန့်မှန်းရသည်။ မတ်လ (၂၉) ရက်နိတွင် ခြီမြန်တပ်ရင်း (၅၄) မှ တပ်ခွဲတခွဲ မြောက်ဖက်ခံတပ်ကို စတိုက်ခိုက်သည်။ ဒုတိယခြီမြန်တပ်မှ တပ်ခွဲ (၄) ခွဲ၊ (M.N.I) တပ်ရင်း (၁၀) နှင့် (၁၆) မှ တပ်ခွဲ (၆) ခွဲ၊ ရခိုင်တပ်ခွဲတစ်ခွဲ ပူးပေါင်းပါဝင်တိုက်ခိုက်သည်။ သို့သော် ပထမပိုင်းတွင် အကျအဆုံးများသည်။ အထိအခိုက်များစွာဟိသည်။ အရာဟိများစွာ အထိနာသည်။ သို့ဖြင့် ရော်ဘင်ဆင်နှင့်အတူလိုက်ပါလာသော ရခိုင်လူကြီးများကိုခေါ်ယူ၍ မည်သို့ဆောင်ရွက်မည်နည်း အကြံများရယူသည်။ ဒေသခံများကပြောသည်မှာ ဗိုလ်ချုပ်ရော်ဘင်ဆင်သည် လူပျိုလူရွယ်ဖြစ်ပြီး အရုပ်လည်းလှသည်။ ပရိန်သျှင်မ မြသွင်က ဗိုလ်ချုပ်ရော်ဘင်ဆင်အားချစ်ကြိုက်နီသည်။ အထိအခိုက်အကျအဆုံးဖြစ်ရခြင်းမှာ ပရိန်သျှင်မ မြသွင်အား ဂရုမစိုက်သောကြောင့်ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် ရခိုင်လူကြီးများအကြံဥာဏ်ရယူပြီး ဗိုလ်ချုပ်ရော်ဘင်ဆင်မှာ ပရိန်သျှင်မမြသွင်နှင့် လက်ထပ်ပွဲပြုလုပ်ရသည်။ ထိုသို့ ပြုလုပ်ရခြင်းမှာ ရခိုင်တပ်သားများအား စိတ်ယုံကြည်မှု ရစီရန်ဖြစ်သည်။ ထိုသတင်းကိုကြားသည်နှင့် မြန်မာများလည်း ကြေက်ရွံ့စီမည်ဖြစ်သည်။ သို့ဖြင့် လက်ထပ်ပွဲကို တရားဝင်ပြုလုပ်ခြင်းဖြစ်သည်။
မြောက်ဦးသို့ဝင်ရန် အဓိက လီသာတောင်ခံတပ်ကိုတိုက်ရမည်ဖြစ်သည်။ မတ်လ (၃၁) ရက်နိ ညဥ့်မှောင်သည်နှင့် လီသာတောင်ခံတပ်ကို စတိုက်သည်။ တဖက်က အကြီးအကျယ်အမြောက်ပြောင်းများပစ်ဖောက်၍ ဖိတိုက်နီစဉ်တွင် တဖက်က ညတွင် တောင်ထက်သို့ချီတက်သည်။ လရောင်ရိပ်ရိပ်ဟိသော်လည်း ရန်သူများမရိပ်မိ။ နောက်နိမိုးထက်တွင် အမြောက်ကြီးတလက်ကို တောင်ထက်သို့ ထမ်းတင်နိုင်ပြီးဖြစ်သည်။ ၄င်းအမြောက်အကူဖြင့် ထိုးစစ်ကိုပိုပြုလုပ်လာနိုင်သည်။ မြန်မာများ စိတ်ဓါတ်ဖရိုဖရဲဖြစ်ပြီး ဒယောမရ ထပိန်မရထွက်ပြီးကတ်ရသည်။ ပရိန်သျှင်မမြသွင်အား ကြောက်သည်လည်းတချက်ဖြစ်နိုင်သည်။
မတ်လ (၂၆) ရက်မှစ၍ ဒါဏ်ရာအနာတရရသည်မှာ (၂၁၃) ဦးဖြစ်၍ (၃၀) သီဆုံးသည်။ သုံးရက်ခန့်မည်သို့မျှမတားဖြစ်သော်လည်း လေးရက်မြောက်တွင် ပြည်သူများထံမှတစုံတရာ လုယက်ခြင်းပြုလုပ်ခြင်း၊ သားမယားများအား ကျူးလွန်ခြင်းပြုလုပ်ပါက ကြီးစွာအပြစ်ပီးမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်သည်။ ထိုသို့အမိန့်ထုတ်ပြန်ပြီးနောက် ကြောက်ရွံ့ပြီးထွက်ပြီးကုန်သောပြည်သူများ ပြန်လာလတ်ကတ်သည်။ မြောက်ဦးကိုသိမ်းပြီးသော် မြန်မာများ အသီးသီးတိမ်းယှောင်ထွက်ပြီးကုန်သည်။ နောက်ကလိုက်တိုက်သော်လည်း လူ (၃၀၀) ခန့်လောက်ရာ သီဆုံးဖမ်းမိရလိုက်သည်။ အမ်း၊ ဒလက်ဖက်သို့တချို့၊ လေးမြို့ချောင်းဖက်မှ မြန်မာပြည်သို့တချို့ အသီးသီးထွက်ပြီးလားကတ်သည်။ မြောက်ဦးကိုသိမ်းပြီးသော် ရမ်းဗြဲကိုဆက်သိမ်းသည်။
ယမန်နှစ် အောက်တိုဘာလတွင်းပိုင်း၌ မာန်အောင်မှ တပ်အင်အား (၂၀၀) ခန့် ရမ်းဗြဲတောင်ပိုင်း အောင်လှပြင်၌ကမ်းတက်၌ မြန်မာတပ်အများကို တိုက်ခိုက်ဖျက်ဆီးလိုက်နိုင်သော်လည်း တကျွန်းလုံးအားသိမ်းပိုင်ခြင်းမပြုလုပ်ခ။ မာန်အောင်၌ ကျောက်ချထားသော ဗြိတိသျှသင်္ဘောမှ ထွက်ပြီးသောမြန်မာ (၂) ယောက်ကိုဖမ်းမိပြီး မြန်မာများအနီအထားကို သတင်းရယူနိုင်လိုက်သည်။ ဇန္န၀ါရီလကုန်ပိုင်း (၂၉) ရက်နိတွင် တပ်ရင် (၄၀) မှ အင်အား (၄၅၀) နှင့် အမြောက်စစ်သား (၄၈) ယောက် မာန်အောင်၌ အင်အားဖြည့်တင်းလာသည်။ လီအလွန်တိုက်သဖြင့် ဖေဖ၀ါရီလ (၂) ရက်နိမှ ရမ်းဗြဲသို့ဆိုက်ကပ်နိုင်သည်။ ချောင်းနဖူး၌တပ်စွဲထားသော မြန်မာတပ်နှင့်တိုက်ပွဲဖြစ်သည်။ ပြင်းပြင်းထန်ထန်ပစ်ခတ်ပြီးသည်နောက် မြန်မာများထွက်ပြီးလားကုန်သည်။ ရမ်းဗြဲမြို့ထဲဖက်မှ မြန်မာများအင်အားဖြည့်တင်းလာသဖြင့် ဗြိတိသျှဖက်မှ ကျဆုံး (၄) ဦး၊ ဒါဏ်ရာရ (၂၄) ဦးဖြင့် သင်္ဘောများဆိုက်ကပ်ထားရာသို့ ဆုတ်ခွာပီးရသည်။ မြောက်ဦးကိုသိမ်းပြီးသည်နောက် ဗိုလ်ချုပ်ရော်ဘတ်ဆင်က ရမ်းဗြဲကိုသိမ်းရန် (Brigadier General MacBean) အား အမိန့်ပီးသည်။ ဧပြီ (၂၂) ရက် ရမ်းဗြဲကျွန်းအားပြန်သိမ်းသောအခါ အခုအခံအနည်းငယ်ရာဟိသည်။ တကျွန်းလုံးကို အလွယ်တကူသိမ်းပိုက်ရယူနိုင်လိုက်သည်။ မြောက်ဦးကျပြီးဖြစ်ကြောင်းသတင်းရသဖြင့် အားလုံးထွက်ပြီးလားခြင်းဖြစ်နိုင်သည်။ သို့ဖြင့် တပ်တချို့ကို သံတွဲသို့စေလွှတ်လိုက်သည်။ မြန်မာများပြန်လည်တိုက်ခိုက်လာမည်ကိုကာကွယ်ရန် ရိုးတောင်တဖက်သို့ချီရန် တပ်အင်အားစုဆောင်းပြီးသော်လည်း မိုးကျလာပြီးဖြစ်သဖြင့် အစီအစဉ်ကို ရပ်ထားလိုက်ရသည်။ မိုးတွင်းတွင် မြောက်ဦး၌ တပ်သားအများအပြားနာမကျန်းဖြစ်ကုန်သည်။ အဓိက အဖျားနှင့် ၀မ်းရောဂါအဖြစ်များသည်။ အင်အား (၁၅၀၀) ခန့်ဟိသော ဥရောပတပ်အင်အား မေနှင့် စက်တင်ဘာလအကြားတွင် လူဦးရေ (၂၅၉) ဦးသီဆုံးသည်။ စက်တင်ဘာကုန်ပိုင်းတွင် လူ (၄၀၀) ခန့် ဆီးရုံတင်ရသည်။ လူ (၈၀၀၀) ထောင်ခန့်အင်အားဟိသော အိန္ဒိယတပ်များက ထိုကာလအတွင်း လူပေါင်း (၈၉၂) ဦးသီဆုံးပြီး စက်တင်ဘာလကုန်ပိုင်းတွင် လူပေါင်း (၃၆၄၈) ယောက် ဆီးရုံတင်ရသည်။ ဗိုလ်ချုပ် (Morrison) လည်း ရခိုင်မှရသောမနာမကျန်းမှုကြောင့် အင်္ဂလန်သို့အပြန် လမ်းတွင်သီဆုံးသည်။
Arakan and The First Anglo-Burmese War, 8124-25 by B. R. Pearn ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြသည်။
Friday, May 8, 2009
အသစ်စက်စက်ရက်
အသစ်စက်စက်ရက်
-----------------------
မိုးထ ရောင်ဖြူလာပျာယ်
ငါရို့တိအားလုံးအတွက်
အသစ်စက်စက် ရက်တရက် --။
ညကငိုထားရေ အမိမျက်လုံး
တတွတ်ရဲပျာ မျက်ရည်တိ စိုနီတုန်း --။
“အားတင်းထားပါအမိ” လို့
ဖြေသိမ့်စကားက လွဲ
တခုလည်းမတတ်နိုင်ရေသားတိကိုယ်စား
ခွင့်လွှတ်ဖို့ တောင်းဆိုပါယင့်။
နီပူဒါဏ်ကြောင့်
နီကြံကြံဆံပင်နန့် ငါ့အစ်မ
ဝမ်းနည်းစရာတိများရေခါ
ဇာကိုဝမ်းနည်းရဖို့လဲမသိလို့
“အကျွန်မငိုအောင် ကျင့်ထားရေ” လတ် --။
မတော်မတရား စော်စော်ကားကား
ယုတ်ကန်းတိ အနိုင်ကျင့်ခံရတိုင်း
တက်ခေါက်အံကြိတ်စွာများလွန်းလို့
ပြုံးလိုက်တေအခါပင်
တင်းနီရေမျက်ကြောနန့်
ငါ့အဘာ ငါ့အစ်ကို --။
ရောင်ဖြူလာရေ
အသစ်စက်စက် ရက်တရက်ကို
ငါရို့ ပဇောင်ကြိုဖို့ရောင်--။
(ဇုန်ဒတ်)
မင်းထီး
မင်းထီး
-----------
ရခိုင်စကားပြောရေ
မိဖနှစ်ပါးကမွီးဖွား
ငါ .. ရခိုင်စာကားပြောရေ --။
စာဟိပါလျှက်
ရခိုင်စာမသင်ဖူးရေ
ငါ့လက်ချောင်းတိ
ကျွန်စာကိုရာ ရွီးတတ်တေ --။
ငါ ...
ငါ့လက်ချောင်းတိကို ဖြတ် --။
ခိုင်မြသိန်း (ချောင်းသာကြီး)
(25/01/2009)
ဂျတ်လူမျိုးများ (၂)
ဂျတ်လူမျိုးများ(၂)
------------------------
ကြာဆိပ်အင်းရွာတရွာလုံး ငြိမ်ဆိတ်လျှက်ဟိသည်။ ပုရစ်ချေ၊ မြွီချေ၊ ဖားချေမြည်သံကလွဲလို့ လူသူတိတ်ဆိတ်နီသည်။ မြောင်ဘက်င်္သချိုင်းတောက ခဲဝါအူသံများ တချက်နှစ်ချက်ကြားနီရသည်။ အဘောင်ကြာဇံသာတယောက် သဘောက်ခင်းအိပ်ဖို့ပျင်နီစဉ်တွင် ခဲဝါအူသံများထွက်ပါလတ်သည်။ ကြားနီကျဖြစ်၍ အဘောင်ကြာဇံသာ ခဲဝါအူသံများကိုဂရုမစိုက်ဘဲ အိပ်ရာတွင် ဂေါင်းချလိုက်သည်။ ကကောင်းမကြာ လူတစု အဘောင်အိမ်ရှိတန်းခါးကို လာခေါက်သည်။ "အသူရို့လဲ ညဥ့်မိုက်သိုင်ခေါင်" ဟု အဘောင်က မီးလိုက်သည်။ “အကျွန်ရို့ ထိုဖက်ရွာကပါ၊ အကျွန့်မယား ကိုယ်ဝန်ကြင်နီလို့။ ကျေးဇူးပြုလို့ ကူညီပါ"
အဘောင်ကြာဇံသာသည် ဗိန္ဓောလက်သည်တယောက်ဖြစ်သည်။ ရွာနီးဝန်းကျင်တွင် သူမ မမွီးပီးခသော လူမဟိ။ အသူပင် ကိုယ်ဝန်ကြင်ကြင် အဘောင်ဘားသို့ အပြီးလာကတ်သည်။ အဘောင်က ဇာချိန်မှာလာခေါ်လာခေါ် ပြီး၍လား၍ ကူညီတတ်သည်။ အခုလည်း အဘောင်တယောက် ပရုန်းနရုန်းထပြီး တန်းခါးလားဖွင့်ပီးလိုက်သည်။ အလွန်လှပခန့်ငြားသော လူလတ်ပိုင်းအရွယ် (၅) ယောက်သည် အဘောင်ကို အပြုံးနှင့်ဆီးကြိုလျှက်ဟိသည်။ "အဘောင် အကျွန်ရို့ အင်္ဂရားချိုင်ရွာကပါ။ အကျွန့်မယား အချေမမွီးနိုင်လို့ အကူအညီလာတောင်းစွာပါ။ အဘောင် လမ်းလျှောက်ကေ ညောင်းဖို့မှန်းသိလို့ အကျွန်ရို့ ထမ်းကုတင်ပါ တခါတည်းယူလာပါရေ" ဟု လူရွယ်တယောက်က ရှိကိုတလှမ်းတိုး၍ပြောသည်။ "အေး ကောင်းယင့်" ဆိုပနာ အဘောင်လည်း ကုတင်ထက် တက်ထိုင်လိုက်သည်။ ထိုရွာသို့ရောက်ဖို့ (၂) ချက်တီးလောက်ကြာသည်။ ထူးဆန်းသည်မှာ ထိုလူရွယ်များသည် တယောက်နှင့်တယောက် စကားလုံးဝမပြော။ အဘောင်စိတ်ထဲတွင် “ကကောင်းစကားနည်းရေ အချေတိရာမလား” ဟု စဉ်းစားနီမိသည်။
(၂) ချက်တီးလောက်အကြာတွင် သူရို့ရွာစကို နင်းမိသည်။ တရွာလုံး တိတ်ဆိတ်နီသည်။ ရွာလယ်ကောင်တည့်တည့် အိမ်တအိမ်မှ မီးရောင်ကိုမြင်ရသည်။ ကျွန်းရွာအတိုင်းအတာအရ ဒေအိမ်သည် လူရတတ်အိမ်ဖြစ်ဖို့များသည်။ လူများသည် အဘောင်ကြာဇံသာအား ထိုအိမ်ထက်သို့ ဆောင်ယူလားကတ်သည်။ အိမ်သည် ပျိုင်စီပျိုင်ထောင် အိမ်ကြီးရခိုင်ဖြစ်သည်။ တန်းပျင်းခန်းကိုဝင်သောအခါ အလွန်တရာမွှီးကြိုင်လန်းဆန်းသော အနံ့တမျိုးကို လျှူလိုက်မိသည်။ အဘောင်ကို အသက် (၅၀) ခန့်အရွယ် အမျိုးသမီးနှစ်ယောက်က ဘယ်လက်ခေါင်အခန်းသို့ ခေါ်ဆောင်လားသည်။ လူရွယ်များကမူ တန်းပျင်းခန်းတွင် ထိုင်လျှက်စောင့်ကြည့်နီသည်။ ဘယ်လက်ခေါင်အခန်းတွင် အသက် (၂၅) ခန့်အရွယ် အလွန်တရာချောမောလှပသော အမျိုးသမီးတယောက် အချေမမွီးနိုင်ဘဲ အော်ညီးလျှက်ဟိသည်။ အများမကြာ "အုံးဝန်၊ အုံးဝန်" ဟု အချေငိုသံထွက်လာသည်။ တန်းပျင်းခန်းတွင်ထိုင်စောင့်နီသော အဖသေလည်း ကောင်းကောင်းပျော်လားသည်။ အချေမှာ တုတ်တုတ်၀၀ချစ်ဖို့ ကကောင်းကောင်းသည်။ တအိမ်လုံးသား အဘောင်ကို ကောင်းကောင်းကျေးဇူးတင်သည်။
မွီးဖွားပြီးသောအခါ အဘောင်က အိမ်ပြန်ပို့ရန် လူရွယ်များကိုပြောသည်။ ထိုအခါ လူရွယ်များက "အဘောင် သန်းခေါင်လည်းကျော်လားပါယာ၊ အိမ်ကို မိုးထခါ ပြန်ပါဖိ၊ အကျွန်ရို့ အဘောင်အတွက် အိပ်ရာခင်းထားပြီးပါယာ၊ အေမှာ တညအိပ်လိုက်ပါ" ဟုဆိုသည်။ အဘောင်လည်း ခရီးညောင်းလာသဖြင့် မိုးထမှပြန်ရန် သဘောတူလိုက်သည်။ ထိုအထဲမှ လူရွယ်တဦးသည် အဘောင်အား အိပ်ခန်းထဲသို့ ခေါ်ဆောင်လားသည်။ အိမ်ကလည်းကြီးရေပိုင် အိပ်ခန်းကလည်း ကျယ်သည်။ အခန်း၏နံရံလေးဖက်တွင် မျိုးစိုင်ဘောင်ဆက်ဟုထင်ရသော ဓာတ်ပုံကြီးများ ချိတ်ဆွဲထားသည်။ အိပ်ကုတင်မွိရာကြီးမှာ အလွန်နုညံ့ညက်ညောလှသည်။ အခန်းထဲမှ စံကားနံ့ကဲ့သို့ မဖော်ပြနိုင်သော အနံ့တမျိုးရသည်။ ထိုအနံ့ကြောင့် အဘောင်သည် အိပ်ရာထက်တွင် လှဲလိုက်သည်နှင့်ချက်ချင်း အိပ်ပျော်လားသည်။
ကြာဆိပ်အင်းရွာမှ အဘိုးသာကျော်ဦးသည် ထုံးစံအတိုင်း မိုးထ (၅) ချက်တီးလောက်တွင် အိပ်ရာမှထလိုက်သည်။ မိုးမလင်းခင် သူများထက် အယင်ထမှ နွားချီးမှိုအများကြီးကောက်လို့ရဖို့။ နွားချီးခြောက်များမှ ဖြူဖြုဆွဆွထွက်နီသောမှိုပွင့်များကို ဆောင်းရာသီတွင် စောစောထ၍ အလုအယက်ကောက်ရသည်။ ယင်းအလုပ်ကို အဘိုးတသက်လုပ်စားပါလတ်စွာ။ ဒေနိလည်း အဘိုးတယောက် ၀မ်းရီးအတွက် ချမ်းချမ်းနှင့် ပုဆိုးကိုခေါင်းကချုံလျှက် မှိုကောက်ထွက်လာသည်။ ရွာတောင်ဖက် နှစ်ခရီးလောက်လျှောက်ပြီးသောအခါ လယ်စွက်အများကြီးဟိသော ချောင်းနားဖက်သို့ရောက်သည်။ အရှိဝါးလေးပြန်လောက်အကွာ လယ်ကန်းသင်းထက်တွင် ထူးထူးဆန်းဆန်း လူတယောက်လဲနီသည်ကို တွိရသည်။ ထိုလူသည် အသက်အားဖြင့် အဘိုးနှင့် ရွယ်တူဟုထင်ရသည်။ အဘိုးသည် ထိုလူနားသို့လားကြည့်သောအခါ သူရို့ရွာက ၀ါကြီးမ အဘောင်ကြာဇံသာဖြစ်နီသည်။ အဘိုးသည် အဘောင်အား သူမလက်မောင်းကိုကိုင်လျှက် "ယော် ၀ါကြီးမ ကန်းသင်းထက်မှာ အိပ်နီရေကာ။ မိုးလင်းယာ ထဖိ" ဟု နှိုးလိုက်သည်။ အဘောင်သည် ဗြုန်းဆို ငေါက်စောက်ထလိုက်သည်။ ပြီးနောက် အဘိုးကိုကြည့်လျှက် "ယော်.. ငါဇာကိုရောက်နီရေလဲ။ ညက မွိရာထက်မှာအိပ်နီစွာ အခု ကန်းသင်းထက်မှာရာ ရောက်နီရေကား" ဟု ယောင်ယမ်းပြီးပြောသည်။ ထိုအခါ အဘိုးသာကျော်ဦးက "ဘလောက်ရယ်ဖို့ကောင်းရေ ၀ါကြီးမလည်းချင့်။ ကန်းသင်းထက်မှာ တုံးစင်းစင်းလို့။ မိုးလင်းကြောင်တောင်ထိ အိပ်နီပြီးကေ" ဟုပြောလျှက် အူဆို့ပါအောင်ရယ်သည်။ ထိုအခါမှ အဘောင်သည် ညကတွိကြုံခရသော အဖြစ်အပျက်ကို အတွက်ရသည်။ ညက ဂျတ်လူမျိုးများခေါ်ဆောင်ခြင်းခံရသည်ကို အဘောင်ကြာဇံသာကလွဲလို့ တခြားမည်သူတယောက်ကလည်း သိနိုင်လိမ့်မည်မဟုတ်။
အေးမောင် (ရင်အုံတော်ဓာတ်)
Thursday, May 7, 2009
ဥစ္စာစောင့်
ဥစ္စာစောင့်
-----------
အကျွန်ုပ်ရို့ရွာတွင် ခန္ဓာကိုယ်ထောင်ထောင်မောင်းမောင်းနှင့် အလွန်သတ္တိကောင်းသော ကိုဝင်းမောင်ဆိုသောလူတယောက်ဟိသည်။ သူသည်မျိုးချစ်စိတ်ထက်သန်သူတဦးလည်းဖြစ်သည်။ မြောက်ဦးမြို့ ဘုရားသမိုင်းအင်တန်များများကို တီးမိခေါက်မိသူတဦးလည်းဖြစ်သည်။ အကျွန်ုပ်ရို့ရွာအရှိဖက်တွင် မြို့ဦးက္ခောင်းတောင်ဟိသည်။ အကျွန်ုပ်ရို့ အငယ်ချေခါကဆိုလျှင် ၄င်မြို့ဦးက္ခောင်းတောင်တခုလုံး ခြုံကြပ်လျှက် မြို့ဦးက္ခောင်းဘုရားမှာ မြင်မကောင်းရှုမကောင်းပျက်စီးလျှက်ဟိသည်။ ကိုဝင်းမောင်အပါအ၀င် ရပ်ကွက်က လူလပ်ပိုင်းအရွယ်များဦးဆောင်လျှက် ခြုံများကို ခွတ်ထုတ်ယှင်းလင်းပြီး ဘုရားကိုပြန်လည်ပြုပျင်မွန်းမံကတ်ပါသည်။ တောရဆရာတော်တပါးအားပင့်ဖိတ်၍ အုံးမိုးဝါးထရံကာ ယာယီတောကျောင်းငယ်တခုဆောက်လုပ်ကာ ကိုးကွယ်ထားဟိသည်။ မြို့ဦးက္ခောင်းတောင်၏သဏ္ဍန်မှာ (ဂ) ငယ်သဏ္ဍန်ဟိသည်။ အလယ်တွင် ယခင်င်္သချိုင်းဟောင်းတခုဟိပြီး င်္သချိုင်းကို မင်းသားကျွန်းသို့ပြောင်းရွှိလိုက်ပြီးဖြစ်သဖြင့် င်္သချိုင်းဟောင်းအရှာ၌ ဥယျာဉ်ခြံစိုက်ပျိုးလျှက်ဟိသည်။ ၀ါကျွတ်လျှင် မြို့ဦးက္ခောင်းတောင်အရောက် ဆီမီးတိုင်များထွန်းညှိပူဇော်လေ့ဟိသည်။ ၀ါကျွတ်တိုင်း မြို့ဦးက္ခောင်းတောင်မှ ၀ါးပြောင်းအမြောက်ဖောက်လေ့ဟိပါသည်။ အသံမှာ အလွန်အောင်သဖြင့် အဂယင့် အမြောက်ဖောက်သည့်အတိုင်းကြားရသည်။ အကျွန်ုပ်ရို့လူငယ်များမှာ ၀ါးပြောင်းအမြောက်ဖောက်တိုင်း မြို့ဦးက္ခောင်းတောင်သို့လားရောက်၍ ၀ိုင်းကြည့်လေ့ဟိသည်။ မြို့ဦးက္ခောင်းတောင်အနောက်ဖက်တွင် အကျွန်ုပ်ရို့ ဘော်လုံးကျောက်လေ့ဟိသော ကွင်းငယ်တခုဟိသည်။ ၄င်းကွင်းငယ်ကို ပန်းနီကွင်းဟုခေါ်သည်။ ထိုကွင်းတွင် နွီရာသီဆိုလျှင် စွန်တင်လေ့ဟိသည်။ အကျွန်ုပ်ရို့စွန်တင်လျှင် ကိုဝင်းမောင်က မြို့ဦးက္ခောင်းတောင်ထက်မှနီ၍ တက်လာသမျှသောစွန်များကို သိမ်းကျုံးဖြတ်လေ့ဟိပါသည်။
ကိုဝင်းမောင်သည် ၄င်းတောကျောင်းဘုန်းကြီးကျောင်းအတွက် ဝေယျာဝစ္စအ၀၀ကို ကူညီပီးလေ့ဟိသည်။ တောင်မြောက်ဖက်တွင် ရီတွင်းတတွင်းဟိသည်။ ကျောက်ထရံဖြင့်ပြုလုပ်ထားသော ရှိဟောင်းရီတွင်းတတွင်းဖြစ်သည်။ ရီမှာ အလွန်အီးပြီးအလွန်ချိုသည်။ ဘုန်းကြီးကျောင်းအတွက် ကိုဝင်းမောင်မှာ အမြဲတမ်းမငြိုမငြင်ဒိုင်ခံ၍ ရီခပ်ပီးလေ့ဟိသည်။ နွီရာသီဆိုလျှင် လီအလွန်တိုက်သဖြင့် ကိုဝင်းမောင်မှာ နွီရာသီရောက်တိုင်း ဘုန်းကြီးကျောင်း၌ သူ၏သူငယ်ချင်းများနှင့်အတူ လားအိပ်လေ့ဟိသည်။ တရက်နိ လပြည့်တညတွင် အလွန်နာသာသော သာခြင်းသံကို ကြားရသည်ဟုဆိုသည်။ အစပထမတွင် လရောင်အောက်တွင် ရီခတ်လာသော အကောင်မချေတိ သခြင်းဆိုသည်ဟုထင်မိသည်။ ၄င်း သာခြင်းသံမှာ ပေါ်လိုက်ပျောက်လိုက်ဖြစ်သည်။ သို့သော် သာခြင်းသံမှာ တခါတရံ ညဥ့်နက်သိုင်ခေါင်တွင်လည်း ပေါ်လာတတ်သဖြင့် တစုံတခုထူးဆန်းနီသည်ကို သတိထားမိသည်။ ဆရာတော်လည်းကြားရသည်ဟုဆိုသည်။ သူ၏သူငယ်ချင်းများကလည်းကြားရသည်။ သို့သော် ဆရာတော်မှာ ညဦးစောစောဘုရားဝတ်ပြုပြီးသည်နှင့် ဘုန်းဘုန်းချအိပ်ပျော်လားသဖြင့် ညဥ့်နက်သိုင်ခေါင်သခြင်းဆိုသံကို သတိမပြုမိ။ ရံဖန်ရံခါ ကြားရဖန်များလာသောအခါ ကိုဝင်းမောင်စိတ်ထဲ၌ စူးစမ်းချင်စိတ်ပေါ်လာသည်။ တရက်နိ သူ၏သူငယ်ချင်းများအိပ်နီဆိုက် တယောက်တည်းအသံကြားရာ လိုက်ပါလားရာ အ၀တ်ဖြူဖြူဖြင့် အမျိုးသမီးတယောက်အား အုတ်ဂူထက်တွင်ထိုင်လျှက် တွိသည်။ မျက်နှာကိုမူကား မမြင်ရ။ မျက်နှာကို လရောင်ဖက်သို့ လှည့်ထားသဖြင့် နောက်ကြောဖက်ကိုရာ မြင်ရသည်။ ဆံဖင်ကို ဖားလျားချထားသည်။ အရွယ်မှာ အသက် (၃၀) အရွယ်ခန့်ဖြစ်သည်။ ကိုဝင်းမောင်မှာ သတ္တိကောင်းသူဖြစ်သဖြင့် တုန်လှုပ်ခြင်းမဖြစ်မိ။ ၄င်းမိမ္မအား မှင်သက်ကြည့်နီယင်း မိမ္မမှာ ရုပ်တရက်ပျောက်ကွယ်လားသည်။ သို့ပြီးမှ ကိုဝင်းမောင်သတိရလာသည်။ သို့သော် ၄င်းအမျိုးသမီးထိုင်နီခသည် အုတ်ဂူသို့တိုင် လားကြည့်ရဲသည်အထိ သတ္တိမဟိ။ အနည်းငယ်တုန်လှုပ်မိသည်ကားအမှန်။ လူကြီးသူမများက ဤနီရာတွင် သိုက်ဟိသည် ဥစ္စာစောင့်ဟိသည်ဟု ပြောဆိုလေ့ဟိသည်။ မိမိမျက်စိနှင့် တပ်အပ်မြင်မှ ယုံသည်။ ဤသို့ ညဥ့်နက်သန်းခေါင်တွင် ဇာအမျိုးသမီးတယောက်ကလည်း ဤနီရာသို့လာ၍ သခြင်းဆိုနိုင်စရာအကြောင်းမဟိ။ ဤကိစ္စကို သူတယောက်တည်းလျှို့ဝှက်ထားသည်။ သူ့သူငယ်ချင်းများကိုလည်း အသိမပီး။ ဆရာတော်အားလည်းမတိုင်ပင်။ သူ့စိတ်ထဲ၌ တဲထားသည်။
အကျွန်ုပ်ရို့ရွာနှင့် မလှမ်းမကမ်းတွင် ကြက်ဈီးရပ်ကွက်ဟိသည်။ ထိုကြက်ဈီးရပ်ကွက်မှာ သျှစ်သောင်းဘုရားသို့ လားရာလမ်းတွင်ဟိသည်။ သျှစ်သောင်းဘုရားသို့မရောက်မှီ ဦးစွာပထမမြင်ရသော စေတီနှင့်တောင်ကို င်္သချီတောင်ဟုခေါ်သည်။ င်္သချီတောင်မှာ သျှင်မြ၀ါတောင်နှင့် နံချင်းပြိုင်ဖြစ်သည်။ ကြားတွင် ဖိုးခေါင်တောင်ဟိသည်။ ထိုဖိုးခေါင်တောင်တလပ်၌သာလျှင် သျှစ်သောင်းဘုရားကို တည်ထားခြင်းဖြစ်သည်။ ၄င်းင်္သချီတောင်မြောက်ဖက်တွင် ဒုက္ကံသိမ်နှင့် လေးမျက်နှာစေတီဟိသည်။ လေးမျှက်နှာစေတီမှာ မြောက်ဦးမြို့တည် ဘုရင်မင်းစောမွန်တည်ခသော စေတီလေးဆူအနက် အထင်ရှားဆုံးစေတီတဆူဖြစ်သည်။ အရပ်လေးမျက်နှာ ဂူလေးပေါက် ဘုရားလေးဆူဖြင့်တည်ထားပြီး ဘုရားပုလ္လင်ခုံနှင့် မုခ်ကနုတ်ပန်းမှာ အလွန်လက်ရာမြောက်သော ကျောက်ဆစ်လက်ရာဖြစ်ပါသည်။ ဒုက္ကံသိမ်နှင့် င်္သချီတောင်အကြား လေးမျက်နှာစေတီသို့လားရာလမ်းအနောက်ဖက်တွင် ရပ်ကွက်ငယ်တခုဟိပါသည်။ ထိုရပ်ကွက်ထဲတွင် ဇီးပင်များစွာဟိသည်။ ထိုနောက် ကြက်ဈီးချောင်းသည် ၄င်းရပ်ကွက်နောက်ဖက်မှနီ၍ ဘားမိဘားကရားဟိရာ ပန်းဈီးမြောင်းဖက်သို့တိုင် စီးဆင်းသည်။ ထိုရပ်ကွက်၏အရှိဖက်တွင်လည်း ကျောက်နံရံဖြင့်ပြုလုပ်ထားသော ရှိဟောင်းရီတွင်းတတွင်းဟိသည်။ ၄င်းရီတွင်းအရှိဖက်ကွင်းတွင် သျှစ်သောင်းဘုရားပွဲကျတိုင်း ကျင်တိုက်သည့်ကွင်းဖြစ်သည်။ ထိုရပ်ကွက်တွင် ဗိန္ဓောဆီးဆရာတဦးဟိသည်။ သူသည် စုန်းမှော်အတတ်ပညာကိုလေ့လာလိုက်စားသည်။ မြန်မာစစ်တပ်အငြိမ်းစားတဦးဖြစ်ပြီး ထိုစုန်းမှော်အတတ်ကို သျှမ်းပြည်မှသင်ယူခသည်ဟုဆိုသည်။ သူသည် ဘိုးတော်ယောင်ယောင် ဗွေတော်ယောင်ယောင်ဖြင့် ယောင်ခြောက်ဆယ်ဖြစ်သည်။ သျှစ်သောင်းဂေါပကအသင်းတွင်လည်း အသင်းဝင်ဖြစ်ဖူးသည်ဟုဆိုသည်။ အသက်မှာ (၆၀) အရွယ်ခန့်ဟိပြီး ဆံပင်ဖြူပြီးဖြစ်သည်။ သမီးတဦးဟိသည်။ သမီးနှင့်အတူနီသည်။ ၄င်းဗွေတော်၏နာမည်မှာ နတ်ကောင်းစံရွှီဖြစ်သည်။ မိုးဦးကျ ချောင်းသျှင်မ ရွာသျှင်မနတ်ပူဇော်သောအခါ သူက ပန်းကျင်းတီးလေ့ဟိသဖြင့် သူ့အားနတ်ကောင်းစံရွှီအဖြစ်အမည်တွင်ခြင်းဖြစ်သည်။ မြောက်ဦးမြို့နန်းရာကုန်းအလယ်တည့်တည့်တွင် နတ်မောင်ရုပ်ထုတခုဟိသည်။ နှစ်စဉ်နှစ်တိုင်း ယင်းရုပ်ထုအား နတ်ပူဇော်လေ့ဟိသည်။ နတ်ကတိုင်း နတ်ကောင်းစံရွှီက ပန်းကျင်းတီးသဖြင့် သူ့အားတမြို့လုံးကသိသည်။
ကိုဝင်းမောင်၏စိတ်တွင် သူနှင့်တိတ်တိတ်ပုန်းတိုင်ပင်မည်ဟု အကြံဟိသည်။ သို့ဖြင့် သူထံလားရောက်၍ အကြံဥာဏ်ရယူသည်။ နတ်ကောင်းစံရွှီက ဥစ္စာစောင့်ဖြစ်ကြောင်းတပ်အပ်ပြောသည်။ ဥစ္စာစောင့်ကိုဖမ်းနိုင်လျှင် ဥစ္စာဟိသည့်နီရာကိုဖော်နိုင်ကြောင်းဆိုသည်။ ထိုသို့ဖမ်းနိုင်ရန် စနီင်္အဂါနိသီဆုံးသူအမျိုးသမီးတဦး၏ဆံကိုရယူပြီး ၄င်းဆံညှော်တိုက်၍ ဖမ်းနိုင်သည်ဟုဆိုသည်။ ထိုဆံညှော်နံ့ရလျှင် ဥစ္စာစောင့်သည် ခေတ္တမူးမိလားပြီးလျှင် ကိုယ်ရောင်မဖျောက်နိုင်ဘဲဟိသည်။ ထိုအချိန်ကို ဂျက်ကောင်းယူပြီး အငိုက်ဖမ်းလျှက် ဥစ္စာဟိရာအရပ်ကိုထုတ်ပြောရန် ခြိမ်းခြောက်တောင်းယူရသည်ဟူ၏။
ကိုဝင်းမောင်တွင် တရပ်ကွက်တည်း အုန်းတပင်စုမှ ကိုသန်းအောင်ဟူသော အရင်းနှီးဆုံးသူငယ်ချင်းတယောက်ဟိသည်။ ကိုသန်းအောင်နှင့် ထိုကိစ္စကိုတိုင်ပင်သည်။ သန်းအောင်ကလည်းသဘောတူသည်။ ထို့ကြောင့် ထိုကိစ္စကို သုံးယောက်သားညှိ၍ စနီင်္အဂါသီဆုံးမည့်အမျိုးသမီးတဦးကိုစောင့်ဆိုင်းရသည်။ ကိုသန်းအောင်၏စကားအရ (၇) လခန့်ကြာသည်ဟုဆိုသည်။ (၇) လကြာပြီးမှ သူရို့စောင့်ဆိုင်းနီသောအခါကြုံသည်။ ရက်လည်ဆွမ်းမသွတ်ခင် ဆံကိုလားဖော်ယူရသည်ဟုဆိုသည်။ ၄င်းဆံကိုရယူပြီးနောက် ၄င်းဥစ္စာစောင့်အမျိုးသမီးထွက်မည့်နိကိုစောင့်ရသည်။ အထူးသဖြင့် လပြည့်လကွယ်ညများတွင်ထွက်လေ့ဟိသဖြင့် လပြည့်လကွယ်ကို စောင့်ဖမ်းရသည်။ ဆရာတော်မရိပ်မိအောင် ၀ါတွင်းကာလ ဥပုသ်စောင့်သည်ကိုအမှည်ပြု၍ ဘုန်းကြီးကျောင်း၌ လားအိပ်ရသည်။ ၀ါခေါင်လပြည့်နိတွင် အခိုက်ကြုံသည်။ သာခြင်းသံကိုကြားရသည်။ သုံးယောက်သားတိတ်တိတ်ပုန်းဆင်းလာလတ်ကတ်သည်။ အုပ်စုကောင်းသဖြင့် ကြောက်စိတ်လုံးဝမဟိ။ သုံးယောက်စလုံး၌ ဒုတ်ဒါးအစုံပါသည်။ ဓါတ်တောင့်အားကောင်းကောင်းတလက်ပါသည်။ ဆံညှော်တိုက်ရန် မီးဆွဲလည်းအဆင့်သင့်။ ၄င်းဥစ္စာစောင့်မအား တွိနီကျအုပ်ဂူထက်တွင် တွိသည်။ အချိန်ဆိုင်း၍မဖြစ်။ ကိုယ်ရောင်မပျောက်ခင် ချက်ချင်းလုပ်ငန်းစရတော့သည်။ နတ်ကောင်းစံရွှီက စ၍ဆံညှော်တိုက်သည်။ လီလည်းလီသင့်ဖြစ်သဖြင့် ဆံညှော်နံ့ရရချင်း ဥစ္စာစောင့်မက သခြင်းဆိုရပ်လိုက်သည်။ ပြီးလျှင် မျက်နှာလှည့်လာသည်။ ထိုအခါမှ ဥစ္စာစောင့်မ၏မျက်နှာကို အသေအချာမြင်ရသည်။ မျက်နှာမှာ ၀၀၀ိုင်းဝိုင်းဖြစ်သည်။ အသက်မှာ ထင်သည်ထက် အနည်းငယ်အိုစာနီသည်။ (၅၀) ကျော်အရွယ်ဖြစ်သည်။ အရုပ်ဆိုးဆိုးဖြစ်သည်။ မျက်နှာတွင် ကြီကွဲဝမ်းနည်းနီသည့်အရိပ်အယောင်မြင်ရသည်။ နီကြန့်ကြန့်ဖြစ်ပြီး ပါးရီများစွာတွန့်လျှက်ဟိသည်။
ဥစ္စာစောင့်မက တလှမ်းချင်းခြီဆောင့်လှမ်းလာပြီး သုံးယောက်သားရှိတွင် ရပ်စောက်ရပ်လိုက်သည်။ ပြီးလျှင် သုံးယောက်စလုံးအား မျက်လုံးနီနီဖြင့် စူးစိုက်ကြည့်သည်။ သူမ၏မျက်လုံးမှာ သပိတ်ရောင်တောက်နီသည်။ မျက်စွန်တွင် သူမ၏ဒေါသကို အထင်းသားမြင်ရသည်။ ပြီးလျှင် ခြီဆောင့်ပြီး တက်သီးတချက် ပြင်းပြင်းခေါက်လိုက်သည်။ တက်သီးခေါက်သံမှာ သံကိုသံချင်းရိုက်သည့်အလား အလွန်စူးပြီး ပြင်းထန်သည်။ အားလုံးလိပ်ပြာလွင့်စိုင်ကုန်သည်။ ပထမဆုံးစပြီးသူမှာ နတ်ကောင်းစံရွှီဖြစ်သည်။ ပြီးလျှင် ကိုသန်းအောင်။ ကိုဝင်းမောင်က မည်သည်လောက်သတ္တိကောင်းသည်ဆိုသော်ငြားလည်း တယောက်တည်းမကျန်ဝံ့။ သူလည်း လိုက်၍ပြီးသည်။ နတ်ကောင်းက နောက်လှည့်မကြည့်ရန် အတန်တန်မှာသည်။ သို့သော် ကိုဝင်းမောင်က အလွန်သတ္တိကောင်းပြီး စူးစမ်းချင်စိတ်လွန်ကဲနီသဖြင့် ရွာအ၀င်တွင် တချက်နောက်လှည့်ကြည့်လိုက်မိသည်။ နောက်လှည့်ကြည့်လိုက်သည်နှင့်ချက်ချင်း ”ဖြောင်း” ဟု လိုင်ရိုးကျိုးသံကြားရသည်။ ပြီးလျှင် မျက်နှာပြန်လှည့်မရဘဲ မျက်နှာနောက်ခိုင်းနှင့် ဆက်ပြီးသည်။ အိမ်ရောက်သည်နှင့် အသက်ကုန်သည်။ မျက်နှာကို လုံးဝတည့်မရ။ မျက်နှာကို သူများမြင်အောင် ခန္ဓာကိုယ်ကိုမှောက်ခုံထားရသည်။ အစိမ်းဖြစ်သဖြင့် နိချင်းညမကူး င်္သဂြိုဟ်လိုက်ရသည်။
ယင်းနိမိုးထက်စောစော ကိုဝင်းမောင်ကောင်ညင်းပေါင်းလာဝယ်သည်ကို မြင်ယောင်နီပါသိမ့်သည်။ ကောက်ညင်းပေါင်းသေမကိုလည်း “နှမ်းစကေချေလောက် အပိုထည့်ပီးပါအရီး“ ဟု နောက်ဆုံးပြောခသံကို ယခုတိုင်အကျွန်ုပ်နားထဲ ကြားယောင်နီတုန်းဖြစ်သည်။
(သာလှဦး)
ဦးက္ခောင်း စာလုံးပေါင်းသတ်ပုံအမှန်မှာ (ဥက္ခောင်း) ဖြစ်ပါသည်။
သျှစ်သောင်းဘုရားသံထီးတင် ရခိုင်သံကျပ်ကြီး
သျှစ်သောင်းဘုရားသံထီးတင် ရခိုင်သံကျပ်ကြီး
----------------------------------------------
မောရပဗ္ဗတာ သေလာကျောက်
ဘဂ၀ါဇိန ရောက်သောခါ --။
ဗြဟ္မာနတ်လူ ပူဇော်ကပ်
မြတ်စွာဗုဒ္ဓ ပြုံ့တော်မူ --။
စွယ်တော်လေးဆူ သွားတော်ပေါင်းမှ
နီမောင်းညိုမြ ရောင်ခြောက်သွယ် --။
တိုင်းမြတ်အလယ် ပြည်ဓညမှာ
ထိန်လင်းတောက်ပ ကူးယှက်လာ --။
ရာဇာသူရိယာ စန္ဒာမင်းမှာ
သဒ္ဓါပြင်းပြ ပီတိဟုန် --။
လက်တော်စုံကို ထိပ်မှာမိုးလို့
ရှိခိုးဝန္ဒန လျှောက်လီခါ --။
ဗုဒ္ဓမြတ်စွာ ဗျာဒိတ်ပန်းကို
ဆင်မြန်းစုံမက် ဦးတင်ချီ --။
ဓည၀တီ ဌာနီတိုင်းဟု
သမိုင်းနာမ ဗျာဒိတ်ဟာ --။
မျိုးမြတ်ရက္ခာ စိုင်လာထွန်း
ကြငှန်းတည်ဆောက် စိုးစံလာ --။
ပြည်ဓညာ တေဇာထူး
မြောက်ဦးရွှီနန်း ရောက်သောခါ --။
မင်းမြတ်ရာဇာ ကျော်သတင်းနှင့်
မင်းဘာမင်းမြတ် စိုးတော်မူ --။
ထီးအဆူဆူ ပိုင်ကာချုပ်
ချွန်းနှယ်အုပ်လို့ ကတုတ်ခံ --။
ဥာဏ်မြတ်အမွန် ပညာဟိ
က၀ိနာမ မြတ်ဆရာ --။
ဦးမြ၀ါ ညွှန်ကာပြ
ဌာနသီရိ ဘုမ္မိမြီ --။
များဗိုလ်ခြီ သျှင်လူပေါင်းရို့
ကောင်းမှုဒါန ပြုသောခါ --။
ရန်အောင်ဇေယျာ ဘွဲ့မည်ပီး
ပုထိုးတော်ကြီး မြတ်မွီတော် --။
သျှစ်သောင်းသျှင်တော် ကျော်သတင်း
ဇမ္ဗူသောင်းတွင်း ထွဋ်မဏ္ဍိုင် --။
မယိမ်းမယိုင် တည်ကာဟိ
ဗုဒ္ဓာဓိပတိ ငါရို့ပြည် --။
ခြောက်ပါးရောင်ခြည် ဖြိုးကြွယ်တောက်
ထက်အောက်အနန္တ စက္က၀ါ --။
ဖီးမျိုးယှင်းကွာ ကင်းစင်ဘိ
မုနိဗုဒ္ဓ အာရဟံ --။
သကျဇိနံ ဥဒိဿကို
ပူဇော်ရဟ ထီးတော်လှု --။
တိုင်းသားပြည်သူ သျှင်လူပေါင်းရို့
သောင်းသောင်းသာဓု ဟစ်အော်ကာ --။
ပူဇပူဇာ ဂါဝရ
ဝန္ဒနာမ ဦးထက်တင် --။
ဗုဒ္ဓအသျှင် ကိုယ်တော်မြတ်
ထီးတော်ကပ်လို့ လွန်သပ္ပါယ် --။
တိုင်းမြတ်အလယ် ပြည်ဓညမှာ
သဂါဝရ ကုသိုလ်ဟုန် --။
ပွားများပြည့်စုံ ထပ်ကာလောင်း
အန္တရာယ်ပေါင်း ကင်းဝီးကွာ --။
ကိုးဆယ့်ခြောက်ဖြာ နာမဟိ
နတ်ရွာအတိ လွန်စည်ပင် --။
ရဟန်းသျှင်လူ ဝေနေယျ
များစွာသတ္တ အီးချမ်းစီ --။
လေးရပ်ဝတီ မာစီကြောင်းကို
ကျမ်းဟောင်းမော်ကွန်း စာအဆို --။
မူလနဂိုရ် ပိုမယွင်း
များလူခပင်း သိလီအောင် --။
ရက္ခတိုင်းဘောင် ဓညာထွန်းက
စာညွှန်းစီကုံး ပီးလိုက်တေ --။
များပြည်သူ သျှင်လူအပေါင်း
သောင်းသောင်းသာဓု ခေါ်ကတ်လီ
သာဓုသာဓု ခေါ်ကတ်လီ --။
(သာဓု သာဓု သာဓု)
(၁၉၅၆-၅၇) ခုနှစ် သျှစ်သောင်းဘုရားသံထီးတင်ရာတွင် သံထီးကို သင်္ဘောဆိပ်မှကြိုလာစဉ်ဆိုသော သံကျပ်ကြီးဖြစ်ပါသည်။ ဆရာကြီးဦးသာထွန်းရွီးစပ်စီကုံးသည်။
Subscribe to:
Posts (Atom)