Monday, May 25, 2009

ဒေးဝန်းကြီးအောင်ကျော်ရွှီရတု


ဒေးဝန်းကြီးအောင်ကျော်ရွှီရတု
-------------------------------
နောက်သားနောင်လာ နောက်ထပ်ပါရို့
ဆရာသုံးလက် ရှိကံဖက်၍
အသက်ခန္ဓာ လူရို့မှာကား
တခါတရံ အဘိုးတန်၏ ---။

တရံတခါ ဆိုတုံပါလည်း
သူသာလာလျှက်၊ ဖိနှိပ်စက်က
အသက်ထိုခါ ဆုံးတတ်ရာ၏ ---။

ပြည်ရွာတိုင်းဖွား မျိုးလေးပါးရို့
တရားလမ်းမှန် ကျင့်ကြောင်းကြံလျှက်
အမှန်မုက္ချ သက်စွန့်ကြလော့ ---။

ဓမ္မတာလမ်းမမှန် ဆိုးကြောင်းကြံလျှက်
တန်စိုးကိုစား လိမ်လှည့်ဖျားသော်
နောင်သားတဖန် သည်းမခံနှင့် ---။

နိုင်ငံတကာ ဟူရာရာ၌
ပညာနှင့်ညာဏ် သင့်စွာဖန်၍
တာဝန်မပျက် သစ္စာရွက်လျှက်
အသက်ကိုလှီး သွီးချောင်းစီးမှ
အပြီးကြံ့ခိုင် နိုင်ငံတိုင်းမြို့
အစို့စို့နှင့် ကိုယ့်ရို့ရပ်စည်
ကိုယ့်တိုင်းပြည်ကို ရမည်မုက္ချ
ဤလောကသည်
အောက်ကျမခံချင်သောကြောင့် ---။

(ဒေးဝန်းကြီးအောင်ကျော်ရွှီ)

No comments:

Post a Comment