Friday, May 8, 2009

အသစ်စက်စက်ရက်


အသစ်စက်စက်ရက်
-----------------------
မိုးထ ရောင်ဖြူလာပျာယ်
ငါရို့တိအားလုံးအတွက်
အသစ်စက်စက် ရက်တရက် --။

ညကငိုထားရေ အမိမျက်လုံး
တတွတ်ရဲပျာ မျက်ရည်တိ စိုနီတုန်း --။

“အားတင်းထားပါအမိ” လို့
ဖြေသိမ့်စကားက လွဲ
တခုလည်းမတတ်နိုင်ရေသားတိကိုယ်စား
ခွင့်လွှတ်ဖို့ တောင်းဆိုပါယင့်။

နီပူဒါဏ်ကြောင့်
နီကြံကြံဆံပင်နန့် ငါ့အစ်မ
ဝမ်းနည်းစရာတိများရေခါ
ဇာကိုဝမ်းနည်းရဖို့လဲမသိလို့
“အကျွန်မငိုအောင် ကျင့်ထားရေ” လတ် --။

မတော်မတရား စော်စော်ကားကား
ယုတ်ကန်းတိ အနိုင်ကျင့်ခံရတိုင်း
တက်ခေါက်အံကြိတ်စွာများလွန်းလို့
ပြုံးလိုက်တေအခါပင်
တင်းနီရေမျက်ကြောနန့်
ငါ့အဘာ ငါ့အစ်ကို --။

ရောင်ဖြူလာရေ
အသစ်စက်စက် ရက်တရက်ကို
ငါရို့ ပဇောင်ကြိုဖို့ရောင်--။

(ဇုန်ဒတ်)

No comments:

Post a Comment