Thursday, May 7, 2009

ရခိုင်ရင်သွီး ကဗျာများ


ရခိုင်ရင်သွီး ကဗျာများ
---------------------------
ပန်းမြတ်သဇင် ဦးထိပ်တင်
မဟာမုနိ ရွှီပလ္လင်
မွီးမိခင် ဆုမွန်တောင်း
ကျမ္မာစီကြောင်း
သာစီကြောင်း --။

သဇင်ပန်းခိုင် တမြိုင်မြိုင်
ဗျာဒိတ်ရရေ ပြည်ရခိုင်
သတင်းမွှီးကြိုင် ကမ္ဘာတလွား
မဟာမုနိ ပြည်ကြီးသား --။

လေးရပ်ဝတီ စုပေါင်းညီ
အာဇာနီများ ထွန်းကားလီ
မျိုးသာဂီ ဇာနီဖွား
ရခိုင်သားဝေ ရခိုင်သား --။

သူ့ကျွန်မခံ ထတော်လှန်
မင်းသားရွှီဘန်း အောင်ကျော်ဇံ
စံရွှီဖွေ သစ္စာဖောက်
တိုင်းပြည် ငါးပါးမှောက် --။

စိုင်းတင်မြို့စား ဗိုလ်ချင်းပြန်
တော်လှန်ရေး၏ ပြည်တန်းခွန်
အောင်ကျော်ဇံ မြို့သူကြီး
တိုင်းပြည်အတွက် အသက်ပီး --။

ဆရာတော် (နာလန္ဒာ)

No comments:

Post a Comment