Sunday, May 3, 2009

ခက်တေ


ခက်တေ
----------
လမ်းလွဲနီရေ လူတယောက်ကို
လမ်းပြမိလိုက်လို့
ဘောက်ကတတ်လုပ်တေဆိုပနာ
အနီကတ်ပြခံလိုက်ရရေဘ၀ --။

ငါ့ရို့အဖီးအဖိုးပိုင်ဆိုင်ထားရေ
တန်းဖိုးကြီးစွာရတနာကို
ပထွီးတိ၏ရတနာအဖြစ်နန့်
မပြောင်းလဲပစ်ချင်လို့
အပြုသဘောနန့်ပြောပစ်လိုက်လို့
အနီကတ်ပြခံရရေဘ၀ --။

ငါ့ဆိုရေအကောင်က
ဇာကောင်လဲ
အသေချာစိုင်းစားလိုက်ကေ
ပထွီးဘားကထမင်းကိုစားပနာ
ဟောင်နီရေ
အကောင်ဆိုဝါ --။

ဟုတ်လည်းဟုတ်ပါယင့်
ပထွီးထမင်းကိုစားပနာ
အစာမဝပိန်ကပ်ကပ်နန့်
အဖရတနာကိုထိမ်းသိမ်း
New Generation အတွက်
လမ်းမမှားအောင် စွမ်းဆောင်ရဖို့စွာက
ငါ့တာဝန်ရာ --။

ပထွီးကျွေးရေ မဝစာထမင်းကိုစားပနာ
ပိန်ညှက်ညှက် ဖြစ်နီကေလည်း
အဖရတနာကို လုဖို့လာရေလူတိကို
အိပ်ရီးပျက်ခံပနာ ညည့်မအိပ်ဘဲ
အသက်ကိုပီးလို့
ဟောင်နီကတ်တေအကောင်တိ
အားမငယ်ကတ်ပါကဲ့ တချက် --။

အဖကျွေးရေထမင်းကိုစားလို့
အမိပီးရေရီကိုသောက်ပနာ
အားကောင်းမောင်းသန်နန့်
လက်မထောင်ပနာ
“ငါ့ ဟေ့
အာဂယောက်ကျား ရခိုင်သား” လို့
ချီးထွက်ပါယောင်အော်
ယေပြီးကေ
အဖရတနာကို ပထွီးရတနာအဖြစ်ပြောင်းရေ
သတ္တဝါကို ဇာပိုင်စိုင်းစားဖို့လဲ --။

(အသျှင် ဣန္ဒောဘာသ)

No comments:

Post a Comment