Thursday, April 2, 2009

Aesop အီစွတ်ပုံပြင်များ (၁)


တောင်သမင်နှင့် အဂြို

အခါတပါးတွင် တောင်သမင်တကောင်သည် ရီသောက်ဖို့ မြောင်သို့ဆင်းပါလတ်သည်။ ရာသီဥတုကကောင်း ရီကလည်းကြိုင်နီသည့်အတွက် သမင်သည် သူ့အရုပ်ကိုသူ ရီထဲတွင် ကြင်းကြင်းလင်းလင်းမြင်ရသည်။

ရီထဲတွင်မြင်ရသည်တွင် သူ့အဂြိုကို အလှဆုံးဟုထင်မိသည်။ စိတ်ထဲတွင်လည်း “အား လှလိုက်တေ ငါ့အဂြို၊ တခါတည်း ခက်မငါးဖြာထွက်ပနာ၊ ငါ့တခန္ဓာလုံး အဂြိုအလှဆုံး၊ ငါ့ခြီထောက်က သိမ်သိမ်ညောင်ညောင်နှင့် ငယ်ရေအထဲမှာ ရှည်ကလည်းရှည်သိမ့်ရေ၊ ကောင်းကောင်းအရုပ်ဆိုးစွာမနား” ဟု တွေးမိသည်။

ယင်းပိုင်နှင့် ရီထဲတွင်မြင်ရသည့်သူ့အရုပ်ကိုကြည့်ပနာ အဂြိုကိုချီကျူးလိုက်၊ ခြီထောက်ကို အသုံးမကျဟုတွေးလိုက်ဖြင့် သမင်သည် မြောင်ထဲတွင် အချိန်အင်တန်ကြာလားသည်။ ထိုတွင် ခြင်္သေ့တကောင်သည် သမင်ကိုမြင်၍ ဖမ်းရန်ချဉ်းလာသည်။ ခြင်္သေ့အပါးသို့ရောက်မှ သမင်ကမြင်သည်၊ ထိုအခါ ကြောက်ကြောက်ဖြင့် သမင်ထွက်ပြီးလားသည်။ ခြင်္သေ့လည်း သမင်နောက် ထပ်ကြပ်မကွာလိုက်သည်။

သမင်သည် ပြားတွင် ခြင်္သေ့ထက် အပြီးယင်သော်လည်း တောတွင် ကောင်းကောင်းမပြီးနိုင်။ သူ့အဂြိုသည် ထိုခြုံတွင်ငြိ၊ သည်ခြုံတွင်ငြိဖြင့် နောက်ဆုံး ခြင်္သေ့ဖမ်းမိလားသည်၊ ယေခါမှ “ဂြိုနှင့်ခြီမှာ ဂြိုကို အမွှမ်းတင်ပျာ၊ ခြီကိုအသုံးမကျ” ဟု ငါထင်မှတ်မှားခသည်။ မှားလီစွတကားဟု နောင်တကြီးစွာရလီသတည်း။

ထိုနည်းတူစွာ အကျွန်ုပ်ရို့သည်လည်း အဖိုးတန်မှန်း မတန်မှန်းမသိ၊ အမွှမ်းတင်တတ် မှားတတ်ပါသည်။


ဂျူပီတာနတ်ဖုရားနှင့် ပျားဘုရင်မ

အခါတပါးတွင် ပျားဘုရင်မတကောင်သည် ဂျူပီတာနတ်ဖုရားကို ပျားရည်လှူရန် စိတ်ကူးပေါ်လတ်သည်။ ယေဇူးနှင့် ပျားဘုရင်မသည် သူ့ပျားအုံထဲက အချိုဆုံးနှင့် အသန့်ဆုံးပျားရည်များကိုစုပြီးလျှင် ဂျူပီတာနတ်ဖုရားဟိရာ အိုလံပစ်တောင်ထိပ်သို့ အရောက်လားလတ်သည်။

ပျားရည်လက်ဆောင်ရသည့်အတွက် ဂျူပီတာနတ်ဖုရားက ကောင်းကောင်းပျော်သည်။ ပျားဘုရင်မကို “ကိုင်း ပျားဘုရင်မ၊ ငါ့ကိုပီးရေ သင့်ပျားရည်အတွက် သင့်ကိုလည်း ငါတခုပြန်လို့ပီးမည်၊ သင်ပဇာကို အလိုဟိရေလဲပြောပါ” ဟု မီးသည်။ ယေခါ ပျားဘုရင်မက “အို အသျှင်နတ်မင်း၊ ကျွန်တော်မျိုးမ အလိုချင်ဆုံး အတောင့်တဆုံးက ကောင်းကောင်းအဆိပ်ပြင်းရေ မြှားအပ်တစင်းပါ။ အကျွန့်ပျားအုံမှာ ပျားလာခိုးသောက်သူတိကို ယင်းမြှားအပ်နှင့် ထိုးသတ်လိုပါရေအသျှင်” ဟု ပြန်ဖြေသည်။

ပျားဘုရင်မ၏စကားကိုကြားရသောအခါ ဂျူပီတာနတ်ဖုရားမှာ များစွာစိတ်မကောင်းဖြစ်ရသည်။ ယေဒါလည်း သူ့ကတိအတိုင်း “ကိုင်း ပျားဘုရင်မ၊ သင်လိုချင်ရေ အဆိပ်မြှားကို ငါပီးမည်။ အေမြှားနှင့်ထိုးရေခါ အထိုးခံရရေအကောင်တိ ကောင်းကောင်းဒုက္ခရောက်လိမ့်မည်” ဟု မှာလိုက်သည်။

ပျားဘုရင်မကလည်း ဂျူပီတာနတ်ဖုရားကို ကောင်းကောင်းကျေးဇူးဟိကြောင်းပြောသည်။ ယေခါ ဂျူပီတာနတ်ဖုရားက “အေး ပျားဘုရင်မ၊ အေအဆိပ်မြှားနှင့် ငါ့စကားမဆုံးသိမ့်။ အေမြှားနှင့်အထိုးခံရရေ အကောင်တိ ကောင်းကောင်းဒုက္ခရောက်ဖို့စွာမှန်ရေ။ ယေဒါလည်း အေမြှားကို တခါရာသုံးလို့ရရေ။ သုံးပြီးစွာနှင့် သင်လည်းသီရလိမ့်မည်” ဟု မှာလိုက်သည်။

မကောင်းမှုကိုကြံတိုင်း၊ မကောင်းကျိုးကိုခံရတတ်သည်။ အပုချေရို့သိထားကတ်ရဖို့။


ကောက်ရိုးပုံစောင့်ခွီး

တရက်နိခါ ခွီးတကောင်သည် အစာရှာယင်း ညောင်းညောင်းဖြင့် နွားရုံချေတခုအနားသို့ ရောက်ပါလတ်သည်၊ ထိုတွင် ကောက်ရိုးအပြည့်နှင့် နွားစာခွက်တခုကို တွိသည်၊ ခွီးသည် ၀မ်းဆာဆာဖြင့် အိပ်ချင်နီသည်နှင့် နွားစာခွက်ထဲတွင်ပင် ခွီ၍၀င်အိပ်လိုက်သည်၊ ကောက်ရိုးသည်နွီးသဖြင့် ခွီးချေမှာ တခဏအတွင်း ဇိမ်ကျကျအိပ်ပျော်လားပြီး နတ်သမီးငါးရာနှင့် အိမ်မက်မက်နီသည်။

ထိုသို့အိမ်မက်ကောင်းနီဆိုက် နွားချေပေါက်ချလာလတ်သည်။ ၀မ်းဆာဆာဖြင့် သူ့စားခွက်ကို လိုက်ရှာသောအခါ ခွီးချေကို စားခွက်ထဲတွင် အိပ်ပျော်နီသည်ကို တွိရသည်။ ထို့ကြောင့် ခွီးချေကို အိပ်ရာဖယ်ပီးဖို့ နှိုးလိုက်သည်။

“ခွီးချေ ထထ။ ဇာဖြစ်လို့ သူများစားခွက်ထဲမှာ အိပ်နီစွာလဲ။”

ထိုတွင် ခွီးချေအိမ်မက်မက်နီရာမှ လန့်နိုးလာသည်၊။ အပြင်တွင် နတ်သမီးငါးရာကို တွိရဖို့အစား ဂြိုကားကားနှင့် နွားချေကိုရာတွိရသည်။ ခွီးချေမှာ အိပ်မွှားစုံထ နွားချေကို ကိုက်ဖို့ပျင်သည်။ နွားချေကောက်ရိုးစားဖို့ကြံတိုင် ဟောင်လိုက် ကိုက်လိုက်လုပ်နီသည်။
ထိုအခါ နွားချေကပြောသည်။ “အစ်ကိုခွီးချေ ကျွန်တော်အလုပ်ကပြန်ပါလတ်စွာ၊ ကကောင်းပင်ပန်းရေ။ တခုလည်းမစားရသိမ့်။ ၀မ်းလည်းကကောင်းဆာရေ။ ကျွန်တော့်ကောက်ရိုး ကျွန်တော် အီးအီးချမ်းချမ်း စားပါရစီ၊ အစ်ကိုခွီးက ကောက်ရိုးစားစွာလည်းမဟုတ်။ ဇာဖြစ်လို့ဟောင်နီစွာလဲ” ဟု ဆိုသည်။

သို့သော် ခွီးချေမှာ နွားချေစကားကို နားမထောင်။ ဟောင်လိုက်ကိုက်လိုက် လုပ်မြဲလုပ်နီသည်။ ထိုအခါ နွားချေမှာ မာန်ပါပါဖြင့် ခွီးချေဘေးစကို ကျောက်ကန်လိုက်သည်။ ခွီးချေမှာ ၀ါးအပြန်တရာ ရွင့်စိုင်လားသည်။

ကိုယ်လည်းမစား သူများစားစွာလည်းမနာလို ၀န်တိုသောခွီးချေမှာ နံရိုးကျိုး၍ ပြင်းစွာဒါဏ်ရာရလီသတည်း။


ကျီးကန်းနှင့် ရီကတောင်း

အခါတပါးတွင် ရီငတ်နီသော ကျီးကန်းတကောင်သည် ရီကတောင်းတခုကို အိမ်မောင်းကာအောက်တွင် ချလျှက်သားတွိသည်။ ကတောင်းထဲတွင် ရီအလတ်လောက်ရာဟိပြီး ကျီးကန်းသည် ရီကိုလှမ်းမသောက်နိုင် ဖြစ်နီသည်။ ကတောင်းကိုမော့သောက်ကြည့်သော အခါတွင်လည်း ကတောင်းသည် အကြီးမသန်ဖြစ်၍ မြှင့်၍မပါ။

ကျီးကန်းလည်း ဇာလုပ်၍ဇာကိုင်ရမှန်းမသိဖြစ်နီဆိုက် ကတောင်းနားတွင် ကျောက်စရစ်ခဲတပုံကို လှမ်းမြင်သည်။ ကျီးကန်းလည်း အကြံရသည်နှင့် ကျောက်စရစ်ခဲတခဲကို ကတောင်းထဲသို့ ထည့်လိုက်သည်။ ယေခါ ကတောင်းထဲကရီသည် တဖဲ့ချေ မြင့်တက်လတ်သည်။ ကျီးကန်းလည်း ကျောက်စရစ်ခဲနောက်တခဲ ထပ်ထည့်လိုက်သည်။ ကတောင်းထဲကရီသည် နောက်ထပ်တဖဲ့ချေ မြင့်တက်လတ်သည်။

ယင်းပိုင်နှင့် အနားတွင်ဟိသော ကျောက်စရစ်ခဲအားလုံးကို တခဲပြီးတခဲ ကတောင်းထဲသို့ ထည့်လိုက်သည်၊ ကတောင်းထဲကရီသည် ကတောင်းဝသို့တိုင် မြင့်တက်လတ်သည်။ ထိုအခါ ကျီးကန်းသည် ကတောင်းထဲကရီကို အားရပါးရ သောက်ချလိုက်သည်။

“လိုလျှင်ကြံက နည်းလမ်းရ။ ခွန်အားထက် ဥာဏ်အားထက်။”


ဂါရီသမားနှင့် ကူနတ်ကယ်နတ်

တရက်နိခါ ဂါရီသမားတယောက်သည် ဂါရီမောင်းယင်း ကျုပ်ကျွံလားသည်။ ဂါရီသမားသည် စိတ်ပျက်ပျက်နှင့် အောက်သို့ဆင်းပြီးလျှင် ကူနတ်ကယ်နတ်၏အကူအညီရလိုရငြား တိုင်တမ်းလိုက်သည်။

“အို ကူနတ်ကယ်နတ်အပေါင်းရို့ အကျွန်ုပ်၏ဂါရီ ကျုပ်ကျွံနီစွာကို တချက်ချေလောက် ကယ်တင်ပီးပါ။”

ကူနတ်ကယ်နတ် နတ်မင်းကြီးလည်း ဂါရီသမား၏လိုင်ခြောင်းသံဖြင့် ဆယ်အိမ်ကြား လှမ်းအော်အသံကို ကြားသည်နှင့် အောက်သို့တချက် ငုံ့ကြည့်လိုက်သည်။ ထိုအခါ သူကိုယ်တိုင် တခုချေလည်းမရုန်းဘဲ လမ်းဘဲတွင် အေအတိုင်းဆောင့်ခြောင်ထိုင်နီသော ဂါရီသမား ငပျင်းထွေကို လှမ်းမြင်သည်။

ထိုအခါ နတ်မင်းကြီးက “အဝေး နွားဂါရီမောင်း၊ မင်းပက်ခုံးကို ဂါရီအောက်မှာအယင်သွင်း။ ပြီးကေတချက် ရုန်းကြည့်အုံ့။ မရခါမှ ငါ့ကိုခေါ်” ဟု အော်ငေါက်လိုက်သည်။


သားဖနှစ်ယောက်နှင့် မြင်းတကောင်

အယင်ကခါ သားဖနှစ်ယောက် မြင်းရောင်းရန် မြို့သို့တက်လတ်သည်။ သားဖနှစ်ယောက် မြင်းကိုမစီး ကြိုးဆွဲပြီး ခြီကျင်လျှောက်လာသည်။ မြို့ထဲတနီရာရောက်သောအခါ မြင်းကိုမစီးကြိုးဆွဲလာသော သားဖနှစ်ယောက်ကို လူအများမြင်သည်။ ထိုအခါ “ဇာလောက်ရူးလဲ ကြည့်။ မြင်းကိုမစီးကြိုးဆွဲလို့ လမ်းလျှောက်ကတ်တေ။ လကားပင်ပန်းခံရေ၊ အရူးတိ။” ဟုအပြစ်တင်ကတ်သည်။ ထို့ကြောင့် အဖသည်က “မောင်ကြီးမြင်းစီး၊ ငါကြိုးဆွဲမည်” ဟု ဆိုသည်။

သို့ဖြင့် ညောင်တပင်အောက်၌ အလ္လာပသလ္လာပ ပြောဆိုလျှက်ထိုင်နီသောလူတအုပ်နား ဖြတ်လျှောက်လတ်သည်။ သားကမြင်းစီး၊ အဖလမ်းလျှောက်လာသည်ကိုမြင်သောအခါ တယောက်က “အခုခေတ်မှာ လူကြီးကိုလူငယ်အားမနာ၊ အရေးမထား၊ မလေးစား။ အားကောင်းမောင်းသန်သားသည်က မြင်းစီးလို့၊ အဖ၀ါကြီးကျ မြင်းဆွဲခိုင်းထားရေ။ ကောင်းကောင်းဆိုးရေ။ အဖမြင်းစီးလို့ သားကလမ်းလျှောက်ရဖို့ မနား” ဟု ပြောသည်။

ထိုစကားကိုကြားသောအခါ သားမြင်းအောက်ဆင်း၍ အဖကမြင်းစီးသည်။ သို့ဖြင့် ကလိမ့်မေချေတကျိုင် အခြင်းပြောနီသော နီရာနားသို့ရောက်လတ်သည်။ ထိုအခါ တယောက်က “ဇာပိုင်လူကြီးလဲချင့်။ သားကို လမ်းလျှောက်ခိုင်းလို့ ကိုယ်ကျမြင်းစီးပနာ၊ ကကောင်းဟုတ်တေ။ အမှန်ဆို နှစ်ယောက်လုံးမြင်းစီးလားကေ ဇာဖြစ်တေလဲ” ဟု ဆိုသည်။ ထိုအခါ အဖက သားကိုပါ မြင်းထက်တက်စီး ခိုင်းသည်။

တနီရာသို့ရောက်သောအခါ လူတယောက်က “ဒေသားအဖနှစ်ယောက် မြင်းတကောင်ကို နှစ်ယောက်စီးလို့ မြင်းခမာ သနားကောင်းထမန်း၊ မြင်းတကောင်းတည်း၊ လူကနှစ်ယောက်။ အမှန်ဆို မြင်းကိုသူရို့ ထမ်းလားရဖို့” ဟု ဆိုသည်။

ထိုအခါ သားဖနှစ်ယောက် မြင်းကိုအခြီအလက်ပူးချိုင်ပြီး ဘင်းထမ်းထိုး၍ထမ်းသည်။ သို့ဖြင့် တန်းထားတခုထက်သို့ရောက်လတ်သည်။ တန်းထားထက်တွင် ခက်ခက်ခဲခဲမြင်းထမ်းလာသော သားဖနှစ်ယောက်ကို လူအများမြင်သောအခါ “အေပိုင်ရယ်ဖို့ကောင်းစွာ တခါလည်းမမြင်ဖူး၊ အထူးအဆန်း၊ လာကြည့်ကတ်၊ လာကြည့်ကတ်” ဟု ၀ိုင်းရယ်သည်။

ထိုသို့ ၀ိုင်းရယ်သံကိုကြားသောအခါ မြင်းက ကြောက်ကြောက်ဖြင့် ကန်ရုန်းလိုက်ရာ ကြိုးပြတ်၍ ချောင်းထဲသို့ လူးကျလားသည်။ မြင်းရောင်းရန်မြို့တက်လာသော သားဖနှစ်ယောက်လည်း နောက်ဆုံးတွင် မြင်းလည်းဆုံး၊ အရယ်လည်းခံရ ၀မ်းနည်းပက်လက် အိမ်ပြန်လာလတ်ရသည်။

(ရွီးပို့သူ ဇုန္ဒတ်ကြီး)

No comments:

Post a Comment